Chapter 54
Viewers 4k

👨‍❤️‍👨Chapter 54

အား:::::::::::



တစ်ဖက်တွင်လည်း လုရှီက ကိစ္စတစ်ခုလုံးကို ရယ်မြူးရိပ်သန်းနေသော မျက်လုံးများနှင့် ကြည့်နေသည်။ သူက နေကာမျက်မှန်တပ်ထား၍ အိုးတိုးအန်းတန်းဖြစ်နေသည့် လူနှစ်ယောက်က သူ့ကို သတိမထားမိချေ။ 


သုံးယောက်သား အတူတူလျှောက်သွားလိုက်ကြသည်။ လျိုကျစ်ဖေးနှင့် ချန်နင်က ကားဘေးကနေ စောင့်နေကြ၍ သွမ့်ရှူးထုံကို မြင်လိုက်ချိန် နှုတ်ဆက်ရန်ပြင်လိုက်သော်လည်း လုရှီကိုပါ တွေ့လိုက်ရ၍ ဘာပြောရမှန်းမသိတော့သလို ဆွံ့အသွားကြသည်။


လုရှီက သူတို့နှစ်ယောက်ကို ခေါင်းညိမ့်ပြလာသည်။ ထို့နောက် အားလုံးရှေ့တွင် သွမ့်ရှူးထုံကို ယဥ်ယဥ်ကျေးကျေး ပြောလိုက်၏။


 " သခင်လေးသွမ့် ဒီကာလအတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးပါပဲဗျာ....သခင်လေးသွမ့် ယန်မြို့တော်ဆီ ပြန်ရောက်တဲ့အချိန် ကျွန်တော့်ကို လှမ်းပြောရမယ်နော်....ဒါမှ ညစာလိုက်ကျွေးလို့ရမှာ...."


သွမ့်ရှူးထုံက ယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်သည် " ကောင်းပါပြီ....လမ်းမှာ ဂရုစိုက်သွားပါ...." 


လုရှီက သွမ့်ရှူးထုံ၏ အိတ်ကို ကားထဲ ကိုယ်တိုင်ထည့်ပေးနေသည့် ရှီသွမ်းအား ကြည့်လိုက်မိသည်။ ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ရသည့်အတွက် လန်းဆန်းသွားသော ခံစားချက်က ထပ်ပြီး ပေါ်လာပြန်သည်။ 


ကြည့်ရတာ သူက လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည့် ပထမဆုံးလူ ဖြစ်နေဟန် တူသည်။ထိုခံစားချက်က တော်တော်လေး နေလို့ကောင်းသည်။  


ဥက္ကဌရှီက နှလုံးသားမရှိသောသူဟု စီးပွားရေးလောကတွင် လူသိများသည်။ တစ်နေ့ သူလည်း ချစ်မိသွားလိမ့်မည်ဟု မည်သူသိနိုင်မည်နည်း။ ထို့ပြင် ထိုအရာကလည်း တားမြစ်ထားသော ချစ်ခြင်းတရား ဖြစ်နေပြန်သည်။ ထိုအရာက လုရှီကို မျှော်လင့်သလို ခံစားချက်တစ်ခု ပေးနေသည်။  


လုရှီက သွမ့်ရှူးထုံကို လက်ယမ်းပြလိုက်သည်။ သူ့နောက်ကနေ ခရီးဆောင်အိတ်ကို ဆွဲလာရင်း လွတ်လွတ်လပ်လပ် ထွက်သွားလေသည်။


သွမ့်ရှူးထုံက ရှီသွမ်းနှင့်အတူတူ ကားထဲ ဝင်လိုက်သည်။ ရှီသွမ်း အလုပ်လုပ်နေတာကိုလည်း မနှောင့်ယှက်မိအောင် သူ့ကိုယ်သူလည်း ပျင်းမနေစေရန် သွမ့်ရှူးထုံက နားကြပ်တပ်ထားလိုက်သည်။ သူက ခရီးသွားနေသည့်တစ်လျှောက်လုံး ဇာတ်လမ်းနားထောင်ဖို့ စီစဥ်ထားခဲ့သည်။


ကားလေးက ရှန်းချွမ်ကောင်တီကနေ ထွက်ပြီး အဝေးပြေးလမ်းမကြီးပေါ် ရောက်သွားမှသာ ရှီသွမ်းက စကားစလာသည်


 " မင်းမှာ အထုတ််သိပ်မပါဘူး....ပွဲတက်အဝတ်အစားတွေ မယူခဲ့ဘူးလား..."


သွမ်ရှူးထုံက နားကြပ်ချွတ်လိုက်ရင်း ပြန်ဖြေလိုက်သည် 


" ကျွန်တော့်အိမ်မှာ ပွဲတက်အဝတ်အစား သိပ်မရှိဘူး....ပြီးတော့ အချိန်လည်း မရတော့တာနဲ့ ဟိုင်မြို့တော်ဆီ ရောက်မှ အင်္ကျီတစ်စုံ ဝယ်ဖို့ စဥ်းစားထားတယ်..."


သူတို့က ဟိုင်မြို့တော်ကို နေ့လည်ပိုင်းလောက် ရောက်သွားမည်ဟု ခန့်မှန်းထားသည်။ သူ့မှာ အဝတ်အစားဝယ်ဖို့ နေ့တစ်ဝက် ရှိပါသေးသည်။


ရှီသွမ်းက ပြောလာသည် " မင်းရဲ့ sizeကို ပြော..."


သွမ့်ရှူးထုံက မေးလိုက်သည် "...ဘာကိုလဲဗျ..."


ရှီသွမ်းက သွမ့်ရှူးထုံ အခက်အခဲ ဖြစ်သွားသည်ကို နားလည်သွားပုံမရပဲ ဆက်ပြောလာသည် " ကိုယ်လည်း ဝတ်စုံ မပါခဲ့ဘူး...ဟိုမှာ အသိဆိုင်တစ်ဆိုင် ရှိတယ်....သူတို့ကို အခု sizeလှမ်းပို့ထားရင် နောက်ကျ ကိုယ်တို့ တည်းတဲ့ ဟော်တယ်ဆီ လာပို့ပေးထားလိမ့်မယ်...." 


ရှေ့ခုံတွင် ထိုင်နေသည့် ချန်နင်က တွေးမိသည် : ဥက္ကဌရှီ...ဒီလို ကိစ္စသေးသေးလေးတွေကို အမြဲတမ်း ကျွန်တော်ကပဲ လုပ်ပေးခဲ့ရတာပါ...အခု ဥက္ကဌရှီသာ သူတို့ကို ဖုန်းဆက်လိုက်မယ်ဆို ဟိုဘက်ကို ခြောက်လိုက်သလို ဖြစ်မသွားဘူးလား...


သွမ့်ရှူးထုံက အကျိုးသင့်အကြောင်းသင့် မစဥ်းစားတတ်သည့်သူ မဟုတ်ပေ။ သူက ဟိုင်မြို့တော်နှင့် မရင်းနှီးပေ။ ဝတ်စုံရှာဖို့ ဦးတည်ရာမဲ့ ကြောင်ပေါက်လေးလို လျှောက်သွားနေမည့်အစား ရှီသွမ်းကို မှာခိုင်းလိုက်သည်က ပိုကောင်းပေမည်။


သူက တစ်ဖက်လူကို အများကြီး အကြွေးတင်နေတာလေ...တစ်ခုလေးပိုပြီး တင်လိုက်တော့ရော ဘာထူးမှာလဲ... 


“ ကျွန်တော် နောက်ပိုင်းမှာ ငွေလွှဲပေးပါ့မယ်..." သွမ့်ရှူးထုံက တည်တည်ငြိမ်ငြိမ် ပြောလာသည်။


ရှီသွမ်း၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကော့တက်သွားရသည်။ သူ့မျက်ခုံးစွန်းနားက မှဲ့သေးသေးလေးတောင် ခုန်ထွက်လာတော့မည့်အတိုင်းပင်။


 " ကောင်းပြီ...."


ကားလေးက တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားလေသည်။ ရှီသွမ်းက စကားဆက်ပြောမည့်ဟန် မရှိတော့၍ သွမ့်ရှူးထုံကလည်း နားကြပ်တပ်၍ အပျင်းပြေ ဇာတ်လမ်းနားထောင်နေလိုက်သည်။


ရှီသွမ်းနှင့် နေရာကျဥ်းကျဥ်းလေးထဲတွင် အတူတူရှိနေရ၍ မကောင်းသည့် အတွေးများ တွေးနေမိမှာ စိုးရိမ်မိသည်။ 


သူ၏ ဝီချတ်ကနေ ရုတ်တရက် အသံမြည်လာသည်။ သူက ဝင်ကြည့်လိုက်ရာ လုရှီဆီကနေ ssတစ်ပုံ ပို့လာခြင်းပင်။ ပုံပေါ်က ခေါင်းစဥ်ကြောင့် သွမ့်ရှူးထုံက မျက်ခုံးပင့်မိသွားသည်။


#နွေဦးဆောင်းဦးခန်းမက မမျှော်လင့်ပဲ ဖျော်ဖြေရေးနယ်ပယ်ရဲ့ အကြိုက်တွေ့လာခြင်း


သူက ချက်ချင်း ဝေ့ပေါ်ကို သွားပြီး မွှေနှောက်ကြည့်ရာ နောက်ဆုံး ဘာဖြစ်နေလည်း နားလည်သွားရသည်။ သူက ဒေါသထွက်သွားရသလို ရင်ထဲခံစားသွားရသည်။   


နွေဦးပန်းနံပါတ်၂၏ အမာရွတ်ပျောက်စွမ်းရည်က စတင်ပြီး ပြသလာသည်။ လူတိုင်းမှာ အသင်းအဖွဲ့စိတ်ဓါတ်ရှိကြပြီး လူတော်တော်များများက ဤထုတ်ကုန်ကို ဝယ်နေကြ၍ သူတို့လည်း အရည်အသွေးက သေချာပေါက် ကောင်းမှာပဲလို့ ထင်ခဲ့ကြသည်။ ဒါကြောင့် ဘာမှမဟုတ်လည်း တစ်ပုလင်းလောက် ဝယ်ပြီး အိမ်မှာ သိမ်းထားတာ ပိုကောင်းမည်ဟု စဥ်းစားခဲ့ကြသည်။ ထို့အတွက်ကြောင့် နွေဦးပန်းနံပါတ်၂၏ရောင်းအားက တော်တော်လေး မြင့်တက်လာခဲ့သည်။


နွေဦးဆောင်းဦးခန်းမက သိသိသာသာကို ရောင်းကုန်အလုံအလောက် မရှိသည့်အပြင် ဝယ်ချင်ရင်တောင် မဝယ်နိုင်သည့် သူတစ်ချို့ ရှိနေ၍ သူတို့က လိုင်းပေါ်သွားပြီး ငိုနေကြသည်။ စိတ်လှုပ်ရှားစရာကောင်းသည့် အွန်လိုင်းပေါ်က ကိစ္စများကို စောင့်ကြည့်နေကြသော အင်တာနက်သုံးစွဲသူများကလည်း ရှိကြ၍ ဝယ်နိုင်သည့်သူများကလည်း ဓါတ်ပုံရိုက်ပြီး လိုင်းပေါ်တင်ကြသည်။ 


သူတို့ဝယ်ထားသည့် အကြောင်းပြသည့် ပုံစံများက အဆင်ပြေနေသေးသော်လည်း စိတ်အနှောင့်အယှက်ပေးနေသည့် အရာတစ်ခုက တစ်ယောက်ယောက်က နွေဦးပန်းနံပါတ်၂က ကုမ္ပဏီတစ်ခု၏ အကျိုးအမြတ်အတွက် ထုတ်ထားပြီး ထိုကုမ္ပဏီမှ လူတိုင်းမှာလည်း တစ်ပုလင်းစီရှိသည် ဆိုသည့် အကြောင်းပင်။ 


လူတိုင်းက ထိုပို့စ်ကို သေချာစစ်ဆေးကြည့်ရာမှ အရင်ကနဲ့ idအတူတူဖြစ်နေမှန်း တွေ့လိုက်ရသည်။ ရှီလုပ်ငန်းစုက နွေဦးပန်းနံပါတ်၂ကို အများကြီး ဝယ်ခဲ့ပုံပင်။


 á€Ąá€›á€™á€şá€¸ ချမ်းသာပြီး အာဏာရှင်ဆန်လိုက်ပုံများ။


သို့သော်လည်း တဖြေးဖြေးနှင့် အင်တာနက်သုံးစွဲသူများက ရှီလုပ်ငန်းစုတစ်ခုတည်းမဟုတ်ကြောင်း တွေ့သွားကြသည်။


" သောက်ကျိုးနည်း...ဟားဟား....သွမ့်ကုမ္ပဏီကလည်း သြဇာအာဏာတွေ ထုတ်နေပါပြီလား...ပထမတစ်ကြိမ်တုန်းက ရှုံးခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ်တော့ အရှုံးမခံနိုင်ကြတော့ဘူးလေ..."  


[“ဥက္ကဌသွမ့် (စီးကရက် မီးညှိလျက်) : မင်းရဲ့ ဒယ်ဒီက မင်းရဲ့ဒယ်ဒီ ဖြစ်နေတုန်းပဲလေ..."]


[T/N : ဒီနေရာက ဒယ်ဒီဆိုတာကလေ "ဒယ်ဒီကြီး" " အာဏာရှင် စီအီးအိုကြီး" ကိုပြောတာပါ။ ပြီးတော့ သူကိုယ်တိုင်ပြောနေတာ မဟုတ်ပါဘူး။ အင်တာနက်သုံးစွဲသူတစ်ယောက်က သရုပ်ဆောင်နေတာပါ]


["ငါရယ်ပါရစေဦး...ငါတို့က စီးပွားရေးလောကက "ဒယ်ဒီကြီး"တွေ အကြောင်း ပြောနေတာဆိုရင် ကျင်းရှီကျောက်မျက်ရတနာ လုပ်ငန်းကို ဘယ်မေ့ထားလို့ ဖြစ်ပါ့မလဲ...."]


[“ကျင်းရှီကျောက်မျက်ရတနာလုပ်ငန်းက ဘယ်လိုလုပ် ပါလာရတာလဲ...."]


[" ရှီမိသားစုနဲ့ သွမ့်မိသားစုနဲ့က ဆက်စပ်နေတာမို့ သခင်လေးသွမ့်ကို ရှီလုပ်ငန်းစုက အားပေးနေတာက ထားပါတော့....ကျင်းရှီကပါ ဘယ်လိုလုပ် ရောပါလာတာလဲ နားမလည်တော့ဘူး...." ]


သွမ့်ရှူးထုံကလည်း ထိုကောမန့်ကို မြင်သောအခါ နားမလည်သလို ဖြစ်သွားရသည်။ သွမ့်ကုမ္ပဏီက ကူညီပေးတာကို နားလည်သလို ရှီလုပ်ငန်းစုဘက်က ကူညီပေးတာကိုလည်း နားလည်ပေးနိုင်သည်။ သို့သော်ငြား ကျင်းရှီကျောက်မျက်ရတနာလုပ်ငန်းကပါ ပါဝင်လာသည့် အကြောင်းရင်းကို သူမသိချေ။


သူက အင်တာနက်ပေါ်တွင် ကျင်းရှီကျောက်မျက်ရတနာ လုပ်ငန်း ဆိုပြီး ရိုက်ရှာလိုက်ချိန် ဥက္ကဌနာမည်က လုဖြစ်နေမှန်း မြင်လိုက်၍ ချက်ချင်း နားလည်သွားရသည်။


သူက ဝီချတ်ဆီ ပြန်သွားလိုက်ပြီး လုရှီဆီ တိုက်ရိုက်မက်ဆေ့ချ် ပို့လိုက်သည် [: အားပေးတဲ့အတွက် ကျေးဇူးပါဗျာ....]


လုရှီက စာပြန်ပို့လိုက်သည် :[ သေချာပေါက် အားပေးရမှာပေါ့...ဒါပေမယ့် ဥက္ကဌရှီက မင်းကို တကယ် ဂရုစိုက်တာပဲနော်...အင်တာနက်ပေါ်မှာ လူတစ်ယောက် တင်ထားတာ တွေ့လိုက်တာ နွေဦးပန်းနံပါတ်၁ ထွက်တုန်းကလည်း ရှီလုပ်ငန်းစုက အများကြီး ဝယ်ယူအားပေးခဲ့တယ်တဲ့....]


သွမ့်ရှူးထုံက အမှန်ပင် အံ့သြသွားရသည်။ သူက ထိုအကြောင်းကို လုံးလုံးမသိချေ။


သွမ့်ရှူးထုံ :[ အဲ့ဒါကို ဘယ်မှာ တွေ့ခဲ့တာလဲ...]


လုရှီ :[ ဝေ့ပေါ်မှာလေ...ကီးဘုတ်ကနေ ရိုက်ရှာလိုက်လို့ ရတယ်...]


သွမ့်ရှူးထုံက လုရှီပြောသည့်အတိုင်း သွားကြည့်လိုက်ရာ ရှီလုပ်ငန်းစုက ဝန်ထမ်းများကလည်း သူတို့လည်း နွေဦးပန်းနံပါတ်၁ကို ရထားမှန်း ပြလာကြသည်ကို တွေ့လိုက်ရသည်။


သွမ့်ရှူးထုံက မနေနိုင်ပဲ ရှီသွမ်းကို ကြည့်လိုက်မိသည်။ တိုက်တိုက်ဆိုင်ဆိုင် ရှီသွမ်းကလည်း သူ့ကို ကြည့်နေလေသည်။


နှစ်ယောက်သား တောင့်ခဲသွားမိသည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် သွမ့်ရှူးထုံက ရုတ်တရက် ဖုန်းကို မြောက်၍ သူ့ဘေးကလူရှေ့ကို ပြလာသည်။ ဖုန်းမျက်နှာပြင်က ရှီသွမ်းဆီ မျက်နှာမူထား၍ ရှီသွမ်းကို သူမမြင်ရအောင် ကာထားပြီးသား ဖြစ်သွားသည်။ လူငယ်လေးက လိုရင်းသာ မေးလိုက်သည်


 " ဦးလေးရှီ ဒါကို လုပ်ခဲ့တာလား...."


ရှီသွမ်းက တိတ်နေ၏။ 


သွမ့်ရှူးထုံက ဖုန်းနောက်ကနေ မျက်လုံးလေးတစ်ဖက် ချောင်းကြည့်လာသည်။


 " ဦးလေးရှီ မဟုတ်ဘူးလား...."


ရှီသွမ်းက မျက်နှာသေနှင့် ပြန်ဖြေလာသည် " ဖုန်းမျက်နှာပြင်က မည်းနေတယ်..."


သွမ့်ရှူးထုံ " ...."


သူက ဖုန်းကို အမြန် စက်ဖွင့်လိုက်သော်လည်း ရှီသွမ်းကို မကြည့်ခိုင်းတော့ပေ။ ထိုအစား လက်ကို အောက်ပို့၍ ဖုန်းကို ဒူးပေါ်တွင် ထားလိုက်ရင်း တည်ငြိမ်ချင်ယောင်ဆောင်လိုက်ရသည် ။


" ရှီလုပ်ငန်းစုက နွေဦးပန်းစီးရီးကို အများကြီးဝယ်တာ နှစ်ခါရှိပြီတဲ့...အဲ့ဒါကို ဘယ်သူ ဆုံးဖြတ်ခဲ့တာလဲ..." 


“ကိုယ်ပါ...." ရှီသွမ်းက အမှန်တရားကို ဖုံးကွယ်ဖို့မစဥ်းစားဖူးသော်လည်း သူ့ဘက်က စမပြောချင်မိပေ။


သွမ့်ရှူးထုံက မျက်လွှာချလိုက်ရင်း ဖုန်းကာဗာထိပ်နှင့် လက်မကို ပွတ်နေမိရင်း ပြောမိသည်။


 " ကျေးဇူးပါ...ဒါပေမယ့် ဘာလို့...."


" ဒါက ဝန်ထမ်းတွေအတွက်ပါ..." ရှီသွမ်းက စကားစရပ်လိုက်ပြီးမှ ဆက်ပြောလာသည် " သူတို့ အရမ်း ကြိုက်ကြတယ်...."


သူပြောသွားသည့် စကား၏ နောက်ဆုံးတစ်ကြောင်းက ကာဗာယူလိုက်ခြင်းဖြစ်ကြောင်း ပိုပြီးသိသာသွားစေသည်။ သို့သော်လည်း သူကိုယ်တိုင်ကလွဲပြီး အခြားသူက လာပြောရဲလိမ့်မည် မဟုတ်ပေ။ 


သွမ့်ရှူးထုံက ပြုံးပြရင်း စကားပြောရပ်သွားသည်။


" မင်း ဘာတွေ နားထောင်နေတာလဲ...." ထိုလူ၏ သြရှပြီး ညှို့ငင်နေသော အသံက သူ့နားစည်ကနေ နှလုံးသားထဲထိ ဝင်ရောက်လာသည်။


သွမ့်ရှူးထုံက မတ်မတ်ထိုင်လိုက်သည်။ သူ၏ မက်မွန်ပွင့်သဏ္ဍာန် မျက်လုံးများက အနည်းငယ် ဝိုင်းစက်သွားသည်။ " ဇာတ်လမ်းနားထောင်နေတာ...ဦးလေးရှီရော နားထောင်ချင်လား..." သူက ရှီသွမ်းဆီ နားကြပ်လေး ထုတ်ပေးလိုက်သည်။ တစ်ဖက်လူက လက်ဖဝါးဖြူဖြူလေးပေါ်က နားကြပ်လေးကို ကြည့်လိုက်မိသည်။


ရှီသွမ်းက ဇာတ်လမ်းပြောသည့် အကြောင်းကို ကြားဖူးသော်လည်း ကလေးတုန်းကသာ တီဗွီမှာ ကြည့်ဖူးခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း သူ့မှာ ထိုသို့ လုပ်ဖို့ အချိန်လည်း မရှိတော့သလို ကြည့်ချင်စိတ်လည်း မရှိတော့ပေ။


လူငယ်လေး၏ ဖိတ်ခေါ်ချက်နှင့် ရင်ဆိုင်လာရသည့်အချိန် သူက မငြင်းဆန်နိုင်၍ နားကြပ်လေးကို ယူဖို့ လက်လှမ်းလိုက်သည်။


အေးစက်နေသော လက်ချောင်းထိပ်များနှင့် လက်ဖဝါးနွေးနွေးလေးက ပွတ်တိုက်သွား၍ ချက်ချင်းဆိုသလို မီးဖွားလေးများ ထွက်သွားသလိုပင်။ သွမ့်ရှူးထုံ၏ နှလုံးသားလေး ခုန်ပေါက်သွားရသည်။ လက်ကို အလိုလို ရုတ်လိုက်မိသော်လည်း ရှီသွမ်းက နားကြပ်ကို မယူရသေး၍ နားကြပ်လေးက ထိုင်ခုံအောက်ကို ကျသွားလေသည်။


နှစ်ယောက်သား နားကြပ်ကောက်ဖို့ ပြိုင်တူကုန်းလိုက်မိ၍ ခေါင်းချင်းဆုံသွားရသည်။ သွမ့်ရှူးထုံက နည်းနည်း ပိုမြန်သွား၍ သူ့ခေါင်းက ရှီသွမ်းထက် ပိုနိမ့်သွားသည်။ 


အသက်ရှူသံနွေးနွေးလေးက သူ့နားထဲ တိုးဝှေ့လာသည်။


မျက်တောင်ခတ်လိုက်ပြီး ဘာဖြစ်သွားလည်း နားလည်သွားသည့်အချိန် လူငယ်လေး၏ ခေါင်းထဲ ဘန်းခနဲ မြည်သွားပြီး စဥ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားရသည်။ သူက ကူကယ်ရာမဲ့စွာ ဝေဝေဝါးဝါးနှင့် ရပ်တန့်နေမိသည်။ ယခုလေးတင် ထိမိသွားသည့် သူ့နားရွက်က မက်မွန်ဖျော်ရည်ထဲ နစ်ဝင်သွားသလို အနီရောင်သန်းသွားသည်။


အားးးးးးးးးးးး


သွမ့်ရှူးထုံစိတ်ထဲ မြေခွေးတစ်ကောင်လို အော်နေမိသည်။ သူရှူထုတ်လိုက်သည့် လေတို့က ပူပြင်းနေ၏။


သူ့လက်က သူ့ဦးနှောက်ထက် ပိုမြန်လေသည်။ လက်က နားကြပ်ကို အမြန်ကောက်ကိုင်လိုက်ပြီး နားထဲ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် နောက်ကိုမှီထားရင်း ပြတင်းပေါက်ဆီ လှည့်ထားလိုက်သည်။ သူက မျက်လုံးမှိတ်ထားပြီး စိတ်ငြိမ်အောင် လုပ်နေရသည်။


" ဦးလေးရှီမှာ အလုပ်လုပ်စရာတွေ ရှိသေးတာကို မေ့နေတာ.... ကျွန်တော့်ဘာသာပဲ နားထောင်လိုက်ပါတော့မယ်...." 


ရှီသွမ်း "...."


တကယ်က ရှီသွမ်းမှာ သွမ့်ရှူးထုံလောက်နီးနီး ဖြစ်သွားခဲ့သည်။ သူ့စိတ်က အနည်းငယ် ဗလာဖြစ်နေသည်။ ယင်းက သူ့စိတ်ထဲ မီးတောက်တစ်ခု ထလာပြီး သူကြိုးစားပြီး ငြိမ်းလေ ပိုပြီးလောင်ကျွမ်းလာသလိုပင်။


လူငယ်လေးက သူ့ကို အဆိပ်ရှိမြွေတစ်ကောင်လို အဆိပ်ပြင်းသည့် ကင်းမြီးကောက်တစ်ကောင်လို ရှောင်ဖယ်နေသည်။ ထိုအဖြစ်က မျက်နှာပေါ် ရေအေးနှင့်လောင်းခံလိုက်ရသလို စိတ်ဝိဥာဥ်တစ်ခုလုံး အေးစိမ့်သွားရသည်။ 


နောက်ပိုင်းကျန်သည့် ခရီးတစ်လျှောက်လုံး စကားမပြောမိတော့ပေ။


ကားလေးက ဟိုတယ်ဆီ ရောက်သွားသောအခါ သွမ့်ရှူးထုံ၏ စိတ်က ပြန်လည်တည်ငြိမ်သွားပြီ ဖြစ်သည်။ ကားပေါ်က ဆင်းလိုက်ပြီးနောက် သူက ရှီသွမ်းဆီ သွားလိုက်သော်လည်း အရမ်းနီးနီးထိ မသွားလိုက်ပေ။


ယခုပြပွဲတွင် တစ်နိုင်ငံလုံးမှ ကုမ္ပဏီပေါင်း နှစ်ရာကျော် ပါဝင်ကြသည်။


ဟိုင်မြို့တော်၏ ပွဲစီစဥ်သူက တစ်ခြားမြို့မှ လာကြသူများကို ဟိုတယ် စီစဥ်ပေးထားလေသည်။ တစ်မြို့တည်းမှ လာသည့်သူများကို ဟိုတယ်တစ်နေရာတည်းမှာ နေရာချထားပေးသည်။


သွမ့်မိသားစုနှင့် ရှီမိသားစုက ယန်မြို့တော်က ဖြစ်သည့်အပြင် ဆက်ဆံရေးကောင်းမှန်းလည်း သိထား၍ သူတို့အတွက် အခန်းချင်းကပ်လျက်ကို အထူးစီစဥ်ပေးထားသည်။


သွမ့်ရှူးထုံက အခန်းကတ်လေးကို ကိုင်ပြီး အခန်းထဲ ဝင်ရန် ပြင်လိုက်ချိန် ရှီသွမ်းက စကားဆိုလာသည် " ညစာ အတူတူစားကြမလား..."


စင်္ကြန်လမ်းက လူပြတ်နေပြီး ထိုအမျိုးသား၏ အသံက တိုးလျကာ ဖြေးဖြေးလေး ဖြစ်နေ၍ သူ့နှလုံးခုန်သံအောက် ပိုပြီး ညှို့ငင်မှုရှိနေသည်။


အညှို့ခံလိုက်ရသလို သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်သည်။


" ကောင်းပါပြီ..."




👨‍❤️‍👨