Extra 2.2
Viewers 4k

Extra 2.2


လူအများအပြားသည် ကျောင်းအပြင်ဘက်သို့ ဆက်လက် ထွက်ခွာနေကြသည်။

အဲဒီနေ့ ညနေပိုင်းတွင် ကိုယ်ပိုင် စာကျက်ချိန်ရှိခဲ့သည်။

ငိုရှိုက်သံတစ်ခုသည် ပိုင်ယွဲ့၏နားထဲသို့ ကျယ်လောင်စွာဝင်လာသည်။ သူမသည် အရမ်းကြောက်သွားသည်ကြောင့် ဖန်ချန်း၏ ကျောင်းဝတ်စုံစထောင့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ တသွင်သွင် စီးကျလာခဲ့ကာ သူမ၏ အသံသည် တုန်နေခဲ့သည်။

“ဒီကမ္ဘာပေါ်မှာ ဘာတွေရှိလာတာလဲ…”

သူမသည်..မြင်ဖူးခဲ့သော မကောင်းဆိုးဝါးရုပ်ကို တွေးလိုက်မိသည်။ ၎င်းသည် လူသားအသွင်အပြင်ရှိသော်လည်း လူသားနှင့်မတူနေပေ... အလွန်ရွံရှာစရာကောင်းလှသည် !!

ဖန်ချန်း၏နှုတ်ခမ်းများက ဖြူဖျော့သွားခဲ့ကာ အလွန်ကြောက်သွားသလိုမျိုးတုန်တက်သွားခဲ့သည်။

"မသိဘူး... မင်းစာသင်ခန်းထဲကနေ ဆွဲထုတ်လာခဲ့သင့်ဘူး"

"ဒါပေမယ့် လျှပ်စစ်မီးက ပြတ်သွားတာလေ ငါအော်ခေါ်ပေမယ့် ဘယ်သူမှ အဖြေပြန်မပေးဘူး...သူတို့အားလုံး ရုတ်တရက် ပျောက်သွားကြတာ!!"

ဖန်ချန်းကနူးညံ့စွာပြောလိုက်သည်။ "ငါတို့...ဒီအခန်းထဲမှာခဏနေပြီးတစ်ယောက်ယောက်ကိုသွားရှာကြမယ် ကျန်းရှင်းယွီနှင့် တခြားသူတွေကို ရှာကြရအောင်!"

ပိုင်ယွဲ့သည် အမှတ်တမဲ့ ခေါင်းညိတ်လိုက်ပြီး ဖန်ချန်းကို ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။

ခဏအကြာတွင် ထူးဆန်းသော အော်ဟစ်သံများ ပျောက်ကွယ်သွားကာ နှစ်ယောက်သား မတ်တပ်ထရပ်လိုက်ကြသည်။ လူနှစ်ယောက်၏ အရိပ်များသည် မှန်ပြတင်းပေါက်ပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့၏။ ပိုင်ယွဲ့က ထိတ်လန့်တကြား ခြေတစ်လှမ်းဆုတ်ပြီး စားပွဲထောင့်နှင့် ဝင်တိုက်က်မိကာ ညည်းတွားလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ...သတိထားလေ"

 ဖန်ချန်းသည် စိုးရိမ်ဟန်ဖြင့် ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဆက်လက်စစ်ဆေးဖို့ကိုတော့ ရည်ရွယ်ချက်မရှိခဲ့ပေ...

" ပိုင်ယွဲ့...ဒီအခန်းက အရင်ထဲစ စာသင်ခန်းအလွတ်လား "

ပိုင်ယွဲ့သည်နာကျင်လွန်းတာကြောင့် ချွေးအေးများ ထွက်နေခဲ့သည်။ သူမက အချိန်ယူ၍ လှည့်ပတ်ကြည့်လိုက်ပြီးပြောလိုက်သည်။

"ငါသတိမထားမိလိုက်ဘူး..."

ဖန်ချန်းက အပြင်ကိုသတ္တိရှိရှိ ထွက်သွားလိုက်ပြီး "အတန်း 3 A တဲ့...ဒါကစီနီယာတန်းနှစ် စာသင်ခန်းပဲ"

ပိုင်ယွဲ့၏ မျက်နှာက ပိုလို့ပင်ဆိုးသွားခဲ့သည်။

အထက်တန်းကျောင်းသားများသည် သူ့ထက် အများကြီးနောက်ကျမှကျောင်းလွှတ်သည့်အတွက်ကြောင့် ဒီအချိန်မှာ သူတို့ ဒီမှာမရှိနေဖို့က မဖြစ်နိုင်နေပေ...

ရုတ်တရက် ဗလာဖြစ်နေသော စင်္ကြံတွင် လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။ သူမသည် ပါးစပ်ကို အုပ်ထားလိုက်ပြီး ဖန်ချန်းအား မျက်လုံးများပြူးကာ ကြည့်လိုက်သည်။

ဖန်ချန်းသည်လည်း လန့်သွားဟန်ဖြင့် သူ့ခန္ဓာကိုယ်တစ်ဝက်ကို ဘေးတိုက်ရွှေ့လိုက်သည်။ ဘယ်သူတွေ လာနေတာလဲဆိုတာကို သူမြင်လိုက်ရတော့ ခဏလောက် အံ့ဩသွားခဲ့သည်...

"နျဲ့ရှီ..."

သူတို့ထဲက တစ်ယောက်က ရှေ့ကို လှမ်းလာခဲ့ပြီး "မဟုတ်ဘူး" ဟုပြောလာခဲ့သည်။

ဖန်ချန်း: "?"

ပြီးတော့ သူကဆက်ပြောလာသည် "...ကောကောလို့ခေါ်"

"အာ..အင်း"

ဖန်ချန်း၏နှလုံးသားထဲတွင် ညည်းညူလိုက်ကာ သူကဘာလို့ သူ့ကို အခွင့်ကောင်းယူဖို့ အမြဲကြိုးစားနေရတာလဲဟုတွေးလိုက်မိသည်။

သို့တိုင်အောင် သူ့မျက်နှာမှာ ရွှင်ပျနေတုန်းဖြစ်သည်။

"ကော..ဘာလို့ ကျောင်းရောက်လာတာလဲ..." 

နောက်တော့ သူ့နောက်ကလူကိုတွေ့လိုက်ပြီး "အာ...အန်ကယ်လီလည်းရောက်နေတာလား..."

လီရှောင်အန်းက မျက်နှာပေါ်ရှိ ချွေးများကို သုတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် ငါတို့လမ်းမှာ ဘယ်သူမှမရှိတော့ဘူး.. ဒီမှာ တစ်ခုခုတော့မှားနေပြီ!"

နျဲ့ရှီသည် လူတိုင်း၏ထိတ်လန့်မှုကို အခွင့်ကောင်းယူကာ ဖန်ချန်း၏မျက်နှာကိုထိတို့ပြီး တိတ်တဆိတ် ဖိညှစ်လိုက်လေသည်။

ဖန်ချန်း : "..."

ဖန်ချန်းသည် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာသော ဒေါသကို ထိန်းလိုက်ကာမေးလိုက်သည်။

"အန်ကယ်လီ၊ ဟိုမှာ ဘာဖြစ်လာလို့လဲ"

"မကောင်းဆိုးဝါး! မကောင်းဆိုးဝါးတွေရှိနေတယ်! မင်းအစ်ကိုက အဲဒါကို စိတ်နတ်ဆိုးလို့ ခေါ်တယ်ပြောတယ်... ငါတော့ နားမလည်ဘူး... နောက်ပြီးမင်းအစ်ကိုက မင်းကိုရှာဖို့ တွန်းအားပေးခဲ့တာ..."

လီရှောင်အန်းသည် အမှန်တွင်သူ့နောက်ကို လိုက်ရန် မစီစဉ်ထားခဲ့ပေ...

 ဟာသပဲ! အပြင်မှာ လူသားစား မကောင်းဆိုးဝါးတွေရှိနေတာကို အပြင်ထွက်ချင်နေသေးတယ် ပုန်းဖို့နေရာရှာတာကမှ ပိုလုံခြုံအုံးမယ်!!

ကံမကောင်းစွာပဲ.. နျဲ့ရှီက ထိုသို့တွေးဘဲ သူ့ညီလေးကိုရှာဖို့ ကျောင်းကိုသွားရန် တွန်းအားပေးလာခဲ့သည်။ အိမ်မှမထွက်ခွာမီတွင် ထိုလူသားမဆန်သော မျက်လုံးနက်များဖြင့် နျဲ့ရှီက သူ့ကို စိုက်ကြည့်လာပြီး အေးစက်စက်ဖြင့် ပြောလာခဲ့သောကြောင့် လီရှောင်အန်းသည် အိမ်ထဲ၌သာနေရန် စိတ်ကူးကို လုံးဝလက်လွှတ်ခဲ့ရသည်။

နျဲ့ရှီ : “သူတို့က ပြတင်းပေါက်ကနေ တွယ်တက်လာနိုင်တယ်"

ပိုင်ယွဲ့သည် ထိုအရပ်ရှည်ရှည်နှင့်လူက ဖန်ချန်း၏နားရွက်များကို ပွတ်သပ်ကြာ နှာခေါင်းကို ညှစ်လိုက်သည်ကို ကြည့်ပြီး မသိစိတ်အရမေးလိုက်သည်။

"ဖန်ချန်း... အဲ့ဒါက နင့်အစ်ကိုလား..."

ဖန်ချန်းသည် အေးခဲသွားပြန်သည်။ သို့သော် ထို့နောက်တွင် သူက အံကိုတင်းတင်းကြိတ်လိုက်ပြီးပြန်ဖြေလိုက်သည်။

"အိုး...ဟုတ်တယ် သူက ငါ့အစ်ကိုပဲ"

သူတို့က အသက်အတူတူဘဲဆိုတာ ထင်ရှားနေတာကို!!

သူ့အသက် ဆယ့်ခုနစ်နှစ် အရွယ် ခန္ဓာကိုယ်သည် အလွန်သေးငယ်လှပြီး သူသည်လည်း ဤအသက်အပြောင်းအလဲနှင့်ပတ်သတ်ပြီး အကျွမ်းတဝင်မရှိသေးပေ။

ပိုင်ယွဲ့က ချက်ချင်းပြေးလာခဲ့ပြီး ဖန်ချန်း၏လက်မောင်းကို ကိုင်ဖို့ကြိုးစားခဲ့သော်လည်း နျဲ့ရှီက ရိုက်ချလိုက်သည်။

ထိုလူက ဖန်ချန်းကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ လွှတ်ရန် ငြင်းဆန်နေခဲ့သည်။

ကျန်သည့်နှစ်ယောက်က အလွန်အံသြသွားကြသည်။

"အာ... တောင်းပန်ပါတယ်..ငါ့အစ်ကို ငါ့ကို စိတ်ပူလွန်းနေလို့ပါ... ငယ်ငယ်ကငါမတော်တဆမှုတစ်ခုကြောင့် ဒုက္ခရောက်ပြီး သေလုမျောပါး ဖြစ်သွားခဲ့ဖူးလို့" 

သူပြော ယနေတုန်းနောက်ဆုံးစာကြောင်းလောက်တွင် နျဲ့ရှီက သူ့ကို အပြစ်ပေးသလိုမျိုး ခါးကို ဆွဲဖျစ်လာခဲ့သည်။

ဒီ...ငါ့ကိုသတ်နေတာပဲ!

ဖန်ချန်းသည် နျဲ့ရှီကို သူနဲ့တွဲလုပ်ခွင့်ပေးလိုက်မိသည့်အတွက် တကယ်ကို နောင်တရလာတော့သည်။သို့သော် သူသည် နျဲ့ရှီရှေ့တွင်တော့ ဖုံးကွယ်ထားလိုက်သည်။

ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ...ငါ..ငါ အိမ်ပြန်ချင်တယ်... နင် ငါ့ကို အိမ်အရင်လိုက်ပို့ပေးလို့ရမလားဟင်"

ဖန်ချန်းကပြောလိုက်သည်။

"ငါတို့ အရင်ဆုံး နောက်တစ်ယောက်ရှိမရှိရှာကြရအောင်..."

ပိုင်ယွဲ့က နှုတ်ခမ်းကို ဖွဖွကိုက်ရင်းမပီမသပြောလိုက်သည်။

"ဒါပေမယ့်...ငါအိမ်ပြန်ချင်တယ်..."

ထိုအချိန်မှာပဲ တိုက်ဆိုင်စွာဖြင့် သေးငယ်သော တိရိစ္ဆာန်လေးများ၏ အော်ဟစ်သံကဲ့သို့ စူးရှပြီး ပါးလွှာသော အသံသည် ပြန်ပေါ်လာခဲ့သည်။

လီရှောင်အန်းသည် ချက်ချင်း စာသင်ခန်းထဲ ပြေးဝင်သွားပြီး နျဲ့ရှီနှင့် အတူ ထွက်လာခဲ့သည်ကို နောင်တရမိသွားသည်။ အကယ်၍ ထိုလူသာ ကျွမ်းကျင်စွာဖြင့် မကောင်းဆိုးဝါးကို လက်သီးတစ်ချက်ထဲနှင့် ချေမှုန်းလိုက်နိုင်သည်ကို မမြင်မိပါက သူသည်လည်း သူ့နောက်ကို လိုက်ပြီး ကိုယ့်အန္တရာယ်ကိုယ် ရှာမိလိမ့်မည် မဟုတ်ပေ။

"အခု ဘယ်သူမှ အိမ်မပြန်နိုင်တော့ဘူး..."

ဖန်ချန်း၏ မျက်လုံးထဲတွင် ထူးဆန်းသော ငြိမ်သက်မှုအချို့ရှိနေကာ ပြောလာခဲ့သည်။

ပိုင်ယွဲ့က ခေါင်းယမ်းလိုက်ပြီး နောက်ပြန်ဆုတ်သွားကာ စာသင်ခန်းတံခါးကို မှီလိုက်သည့်အချိန်မှာပဲ နောက်ထပ် "အော်သံ" ထွက်လာခဲ့ပြန်သည်။

ထို့နောက်အော်သံက ရုတ်တရက် ရပ်သွားခဲ့သည်။

--ရှာတွေ့ပြီ

သူတို့ကိုရှာတွေ့သွားပြီ...

ဖန်ချန်းကပြောလိုက်သည်။

"တစ်ယောက်ယောက်လာနေပြီ..."

ပိုင်ယွဲ့သည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေကာ သူမ၏ ခြေထောက်များသည် အားနည်းလာသဖြင့် ခြေတစ်လှမ်း တစ်လှမ်းမျှပင်မလှမ်းနိုင်တော့ပေ..... လီရှောင်အန်းသည်လည်း မည်သည့်နေရာတွင် ပုန်းနေသည်ကို မသိပေ။

ထို့နောက် စင်္ကြံထောင့်တွင် ပုံရိပ်များပေါ်လာခဲ့သည်။ အရိုးများ ကောက်ကွေးနေသည့် ပိန်ပိန်ပါးပါး မကောင်းဆိုးဝါးခန္ဓာကိုယ်မဟုတ်နေပေ။ ရောက်ရှိလာသူများကို လှမ်းမြင်လိုက်ရပြီးတော့မှသူတို့လည်း သက်ပြင်းချနိုင်ကြတော့သည်။ သူတို့ နီးကပ်လာသောအခါမှ ကျန်းရှင်းယွီ နှင့် ကျန်းယန် ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

လူနှစ်ယောက်သည် ဤနေရာ၌ တစ်စုံတစ်ဦးကို မြင်လိုက်ရပြီးနောက်တွင် လျင်မြန်စွာ လဲကျသွားကြသည်။ သူတို့သည် ဆယ်ကျော်သက်များသာ ရှိသေးပြီး အလွန်ထိတ်လန့်နေခဲ့သည်မှာ ထင်ရှားလှသည်။ အချိန်အတော်ကြာအောင် မောနေခဲ့ပြီး ကုလားထိုင်ပေါ် ထိုင်ရန်တောင် ခွန်အားမရှိသဖြင့် မြေပေါ်သို့သာ တိုက်ရိုက် လဲကျသွားခဲ့ကြသည်။

ဖန်ချန်းက နျဲ့ရှီကို တံတောင်ဆစ်နဲ့ ပွတ်လိုက်ပြီး နျဲ့ရှီသည် ငယ်ရွယ်ကာထိတ်လန့်ကြောက်ရွံ့နေသည့် မျက်နှာလှလှလေးကို ကြည့်လိုက်သည်။

"မင်းတို့ ဘာလို့ပြေးလာတာလဲ"

"တစ်ခုခု... တစ်ခုခုက ငါတို့နောက် လိုက်ဖမ်းနေတာ... ငါတို့ စားပွဲအောက်မှာ ပုန်းနေရတယ်... သူကပြတင်းပေါက်ကနေ တွားလာပြီးတော့ ပြတင်းပေါက်ကိုခွဲ လာခဲ့တာ..."

ပိုင်ယွဲ့သည် သူတို့နှစ်ယောက် ပြောနေသည်ကို ရပ်လိုက်ချင်သော်လည်း သူမတွင် စကားပြောဖို့ပင် ခွန်အားမရှိတော့ပေ။ ထိုရွံရှာဖွယ်အရာများ ထပ်ပေါ်လာမည်ကို သူမ စိုးရိမ်နေခဲ့သည်။

"ဒါဆို မင်းတို့ဘယ်လိုလွတ်လာတာလဲ"

ဖန်ချန်းက ချက်ချင်းထမေးလိုက်သည်။

ကျန်းရှင်းယွီက တံတွေးမျိုချလိုက်ပြီး "တစ်ယောက်ယောက်က... ရုတ်တရက် ဝင်လာပြီးတော့.. ငါတို့ ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူး...ပြီးတော့..ပြီးတော့..."

ဒီလိုနဲ့ သူတို့လွတ်မြောက်ခဲ့ကြသည်။

သူ့အဖြေကို အဆုံးမသတ်ခဲ့သော်လည်း ဘယ်သူကမှ ထပ်မမေးတော့ပေ

ဖန်ချန်းက တိုးတိုးလေးခေါ်လိုက်သည်... "ကော..."

နျဲ့ရှီသည် သူ့လက်ကိုကိုင်ထားကာ စားပွဲပေါ်တွင်ထိုင်နေပြီး ဖန်ချန်းနှင့် သူ့အနားတွင်မည်သူမျှမရှိသကဲ့သို့ ရင်းနှီးမှုကိုပြသနေခဲ့သည်။ သူက ခေါ်သံကိုကြားသောအခါ ခေါင်းကို အနည်းငယ်လှည့်လာခဲ့သည်။

"ငါတို့ အခု ဘာဆက်လုပ်ကြမလဲ... အဲဒါက ဘာလဲဆိုတာ ငါတို့မသိဘူး... ငါကြောက်တယ်.."

ဖန်ချန်းသည် စာကြောင်းတစ်ခုလုံးကို ပြီးအောင်ပြောပြီးသည်နှင့် ချက်ချင်းပင်အလွန်ရှက်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် နျဲ့ရှီကကောင်းစွာပူးပေါင်းဆောင်ရွက်လာခဲ့သည်။

"မကြောက်ပါနဲ့ ကောက...မင်းနဲ့အတူနေပေးမယ်ဟုတ်ပြီလား"

ဖန်ချန်းက သူ့ကို ကြည့်လိုက်ပြီး "အဲ့ဒါတွေကို စိတ်နတ်ဆိုးလို့ ခေါ်တာမလား... အဲ့တာက အရမ်းကြောက်စရာကောင်းလား.. ငါတို့ အဲ့တာ ဘယ်လို သတ်ကြမလဲ..."

ထို့နောက် နျဲ့ရှီသည် ယခင်အကြိမ်ကဲ့သို့ အတိုချုံးရှင်းပြလာခဲ့သည်။

စာသင်ခန်းထဲက လူများသည် ထိုစကားများကိုကြားပြီးနောက်တွင် ပိုလို့တောင်တိတ်ဆိတ်သွားခဲ့ကြသည်။

"ဘယ်သူက အဲ့တာတွေကို သတ်ရဲမှာလဲ!! ရင်ဘတ်ကို ဘယ်သူကထိုးရဲမှာလဲ!"
 
ကျန်းယန်က ခေါင်းလှည့်ပြီး မေးလာခဲ့ကာ သူ့အမူအရာသည် အနည်းငယ် မှုန်မှိုင်းနေခဲ့ပြီး ထိတ်လန့်နေခဲ့သည် ။

"မင်းကို ကယ်ခဲ့တဲ့လူရော... ဘယ်မှာလဲ၊ သူဆိုရင် သတ်နိုင်လောက်မှာ..."

"သူ အသက်ရှင်နေသေးတယ်ဆိုတာ သေချာပါ့မလား" 

ကျန်းယန်ကပြောလိုက်သည်။

စာသင်ခန်းအတွင်းတွင် တိတ်ဆိတ်သွားကြပြန်သည်။

"အရင်ဆုံး သူ့ကိုသွားရှာကြရအောင်... နောက်တစ်ယောက်ပိုရောက်လာတယ်ဆိုရင် ပိုအားသန်လာမှာပဲ" ဖန်ချန်းက ပြောလိုက်သည်။

"မသွားချင်ဘူး"

"မသွားဘူး"

ဆန့်ကျင်ဘက်လူ သုံးယောက်လုံးသည် တစ်ချိန်တည်းနီးပါး တူညီသောစကားကိုပြောလာခဲ့ကြသည်။

ဖန်ချန်းသည် သူတို့ကို စက္ကန့်အနည်းငယ်လောက် ကြည့်ပြီးနောက်ပြောလိုက်သည်။

"ကောင်းပြီ ဒါဆိုလည်း မေ့လိုက်တော့" 

သူများတွေရှေ့မှာတော့ သူသက်ပြင်းပဲချနိုင်တော့သည်။

"ဒါဆိုလည်း မင်းတို့ဒီမှာနေခဲ့ကြ ငါ့အစ်ကိုနဲ့ ငါသွားကြည့်လိုက်မယ်"