Chapter 72
Viewers 11k

👨‍❤️‍👨Chapter 72




 " နွေဦးပန်းစီးရီးဆိုတာ ဘာလဲ...."



စီရင်စုအုပ်ချုပ်ရေးဥက္ကဌက ရုတ်တရက် သူ့ပေါင်သူ ရိုက်လိုက်သည်။


 " အဲ့ဒီစီးရီးမှာ ဆံပင်အကျွတ်နည်းစေတဲ့ ထုတ်ကုန် ရှိတယ်မို့လား..."


စုန့်ချွေက ဌာနမှူး၏ ကွက်တိကွက်ကျား ဆံပင်များကို ကြည့်လိုက်ရင်း အသံတိတ် ခေါင်းညိမ့်ပြလိုက်သည်။


ဒါရိုက်တာဝူက သူမကိုယ်သူမ တွေးလိုက်မိသည် : အခုတလော ဌာနမှူးရဲ့ ဆံပင်တွေ သိပ်မကျွတ်ပါဘူးလို့ ထင်နေတာ နွေဦးဆောင်းဦးခန်းမက ထုတ်ကုန်တွေ သုံးနေလို့ကိုး။ 


စက္ကန့်အနည်းငယ်ကြာ တိတ်နေပြီးမှ ဝမ်ရုန်ချန်းက ဆုံးဖြတ်ချက်ချပြီး ပြောလာသည် " စစ်ဆေးတာ ပြီးရင် အဲ့ဒီမိတ်ဆွေလေးကို ကိုယ်တိုင် သွားတွေ့ပါဦးမယ်..."


စုန့်ချွေက ထိုစကားကြားသောအခါ မထိန်းနိုင်ပဲ ရယ်လိုက်မိ၏။


ထိုကားလေးထဲက ပုံမှန်လေထုနှင့်စာလျှင် တစ်ဖက်တွင်ရှိ မောင်းသူနေရာက လျိုကျစ်ဖေးနှင့် ဘေးခုံက ချန်နင်တို့မှာ အသံတိတ်နေရသည်။


ဘော့စ်၏ ပုံစံက နည်းနည်း ကြောက်စရာကောင်းနေ၍ပင်။


သွမ့်ရှူးထုံက တစ်ဖက်လူ၏ မျက်နှာမှာ ရေခဲရိုက်ထားသလို အေးခဲမတတ်ဖြစ်နေ၍ တမင်သက်သက် စနောက်လိုက်သည် " ဟပ်ချိုး..." " အေးလိုက်တာ..." 


"အပူပေးစက် ဖွင့်လိုက်..." ရှီသွမ်းက ချက်ချင်း ချန်နင့်ကို အမိန့်ပေးလာသည်။


ချန်နင်က အပူပေးစက်ကို အမြန်ဖွင့်ပေးလိုက်ရပြီး စကားလည်းမဆိုရဲ လှည့်လည်းမကြည့်ရဲပဲ အဝတ်အစားများ အချင်းချင်း ထိမိသည့်အသံကိုသာ နားထောင်နေရသည်။ နောက်ပြီး ဘော့စ်က ပြောလာခဲ့သည်


 " ကံကောင်းလို့ မင်းလက်လေးတွေက အရမ်းကြီး အေးမနေဘူး..."  


ချန်နင် : !!! မစ္စတာရှီခင်ဗျာ...နေ့ခင်းကြောင်တောင်ကြီး ရောက်နေပြီမို့လား...ကားမောင်းနေတဲ့ အစ်ကိုလျိုကို မခြောက်လိုက်ပါနဲ့။


ကံကောင်း၍ လျိုကျစ်ဖေးက သတိထားပြီး ကားမောင်းသည့်နေရာကိုသာ အာရုံစိုက်နေသည်။


အနောက်ခုံက သွမ့်ရှူးထုံက ပြန်ရုတ်သွားမည့် ရှီသွမ်းလက်ကို ဖမ်းလိုက်ပြီး ပြုံးပြလာရင်း စကားမဆိုပေ။


ရှီသွမ်းမှာ လူငယ်လေး၏ ချစ်စရာကောင်းမှုကြောင့် မခံနိုင်တော့ပေ။ ထို့ပြင် စောစောကလည်း သွမ့်ရှူးထုံကြောင့် စိတ်တိုနေခြင်းမဟုတ်ပေ။


သူက လူငယ်လေးကို အခြားသူများ မျက်စိကျနေသည်ကို မြင်လိုက်၍ မပျော်မရွှင်ဖြစ်သွားခြင်းသာ။


ရှီသွမ်းက သူ့လက်ကို ပြန်ဆုပ်ယူလိုက်ပြီး ခေါင်းငုံ့ကာ အရှေ့ခုံက လူများ မမြင်နိုင်သည့် ထောင့်ကွယ်ကနေ လက်ချောင်းထိပ်လေးများကို နမ်းရှိုက်လိုက်သည်။


သူ့စိတ်ပြေသွားမှန်း တွေ့လိုက်၍ သွမ့်ရှူးထုံက လက်ပြန်ရုတ်လိုက်ပြီး ဖုန်းထုတ်ကာ သူ့ဆီ မက်ဆေ့ချ်ပို့လိုက်သည် :[ ကျွန်တော် သူ့ကို တစ်ခါမှ မတွေ့ဖူးတာပါ။ [ခွေးခေါင်းလေးကို ပုတ်ပေးနေသည့် စတစ်ကာလေး]]


ရှီသွမ်းက လက်တစ်ဖက်ကို လွှတ်ပြီး ပြန်ဖြေလာသည်[ : ကိုယ် သိပါတယ်။]


သွမ့်ရှူးထုံ :[ ဒါဆို ဘာလို့ စိတ်ဆိုးနေရတာလဲ။ ]


ရှီသွမ်းက နှုတ်ခမ်းတင်းတင်းစေ့မိသည် : [စိတ်မဆိုးပါဘူး။]


လူငယ်လေးက မျက်မှောင်ကြုပ်လိုက်သည်။ ဒါကြီးက စိတ်ဆိုးနေတဲ့ ရုပ်ကြီး မဟုတ်ဘူးလား။ ရေခဲရိုက်မျက်နှာနှင့် လူကို ကြည့်လိုက်ရင်း ခဏစဥ်းစားလိုက်ပြီးနောက် ကျန်သည့်လက်ကို ရုတ်၍ တည့်တည့်မေးရန် စာရိုက်လိုက်သည် : [ကျွန်တော့်အတိတ်က ကိစ္စတွေကြောင့်လား။]


ရှီသွမ်း၏ နှလုံးသားက အခုန်မြန်သွားရင်း ငြင်းလိုက်ချင်သော်လည်း မငြင်းနိုင်ဖြစ်နေသည်။ ထိုသို့မလုပ်လျှင် သူနေရခက်နေသည့် အကြောင်းပြချက်ကို ရှာနိုင်တော့မည် မဟုတ်ပေ။


သတ္တိမွေးပြီး သွမ့်ရှူးထုံက နောက်ထပ်မက်ဆေ့ချ် ပို့လိုက်သည် : [ဟိုင်မြို့တော်တုန်းက ဓါတ်လှေကားထဲမှာ တွေ့ခဲ့တဲ့ မိန်းမရယ် ဟန်လင်ရယ် ဒီနေ့က တစ်ယောက်ရယ်...ခင်ဗျား မသက်မသာ ခံစားနေရတာလား။]


မေးပြီးမှ သူ့ကိုယ်သူ တွေးမိသည်။ နောက်ထပ် ဖိန်ရော့ဝိန်းရော ကျန်သေးလား။


သွမ့်ရှူးထုံသည် ရှီသွမ်းလိုလူများ၏ ထိန်းချုပ်ချင်သော စိတ်ဆန္ဒက သေချာပေါက် အခြားသူများထက် မနိမ့်မှန်း ခန့်မှန်းမိသည်။ လူများစုထက်ပင် သာလွန်နေဦးမည်။


လူတိုင်းက ရှီသွမ်းလိုလူမျိုး အုပ်စုကြီးတစ်ခုကို မစီမံနိုင်ပေ။


အရာအားလုံးကို ထိန်းချုပ်ထားပြီး အမှားလုပ်ခွင့်မပေးသည့် စည်းမျဥ်းမျိုးက ရိုးတွင်းခြင်ဆီထဲထိ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။


အလားတူ ဆက်ဆံရေးတစ်ခုတွင်လည်း ရှီသွမ်းက မတော်တဆ တစ်စုံတစ်ရာဖြစ်မှာမျိုး လိုလားမည်မဟုတ်ပေ။


ဟာကွက်သေးသေးလေးတောင်မှ မရဘူးပေါ့။


သွမ့်ရှူးထုံက ထိုစိတ်ကို နားလည်ပေးနိုင်သော်လည်း သဘောတူသည်ဟု မဆိုလိုပေ။ သူသာ တစ်ယောက်ယောက်ကို ကြိုက်လျှင် အခြားသူများနှင့် အထင်မှားနေမှာ မဟုတ်ပဲ မကြိုက်လျှင် မကြိုက်ကြောင်း ရှင်းရှင်းလင်းလင်း လုပ်မည်ဖြစ်သည်။


သူ့အတွက် တစ်ချိန်တည်းမှာ အရာအားလုံးကို ညှိနှိုင်းပေးနေရသည်က ခက်ခဲလှသည်။


ရှီသွမ်းက သူ့ကို ယုံကြည်ပေးဖို့ မျှော်လင့်မိသည်။


ရှီသွမ်းက ငတုံးမဟုတ်ပေ။ အထူးသဖြင့် သွမ့်ရှူးထုံအပေါ်တွင် လုံးဝ စိတ်နှစ်ထား၍ ချက်ချင်းဆိုသလို လူငယ်လေး၏ ဆိုလိုရင်းကို သဘောပေါက်သွားသည်။


သက်ပြင်းဖွဖွချပြီး စာပြန်လာသည် : [ဆောရီးပါ....ကိုယ် ဒီလို မဖြစ်သင့်ဘူး။ ]


သွမ့်ရှူးထုံက သူအမြန်ဝန်ခံလာ၍ ပြုံးလိုက်မိသော်လည်း သူတကယ် မှားမှန်း သိလားတော့ သူမသိပေ။


ထို့ကြောင့် သူက တမင်သက်သက် စပေးလိုက်သည် : [အိမ်ပြန်ရောက်ရင် ညကျ ဧည့်သည်ခန်းမှာ သွားအိပ်နော်။]


ရှီသွမ်းက သူ့ကို ချက်ချင်း ကြည့်လာပြီး သူ့မျက်လုံးများထက် အထီးကျန်ရိပ်များ တွဲခိုနေရင်း မျက်ခုံးစွန်းနားက မှဲ့သေးသေးလေးပင် အားမရှိသလို ညွတ်ကျသွား၏။


ကြည့်ရတာ တကယ် သနားစရာလေး။


သွမ့်ရှူးထုံက စိတ်ပျော့သွား၍ ရွေးစရာမရှိပဲ စိတ်ပြောင်းပေးရသည် : [ဒါဆိုလည်း အခန်းထဲက ဆိုဖာပေါ်မှာ အိပ်ပါ။]


ရှီသွမ်း :[ ကုတင်တစ်ခုတည်း မဟုတ်သေးဘူးလေ။]


သွမ့်ရှူးထုံက ဂရုမစိုက်တော့ပေ။ သဝန်တိုခြင်းကလည်း အရသာတစ်ခုဖြစ်သလို သဝန်မတိုခြင်းကလည်း အရသာတစ်ခုဖြစ်သည်။ ယနေ့ည ဘာလုပ်ရမလဲဆိုတာတော့ သူ့သဘောအတိုင်း ဆုံးဖြတ်ရမည်။


ကားလေးက မကြာခင် ရှန်းချွမ်ကောင်တီထဲ ရောက်လာသည်။ လျိုကျစ်ဖေးက အိမ်ရာဝန်းရှိသည့် နေရာသို့ မောင်းဖို့စီစဥ်နေချိန် သွမ့်ရှူးထုံက ဝင်ပြောလိုက်သည်။


 " ဝယ်စရာလေးတွေ ရှိလို့ စူပါမားကတ်ကို မောင်းပေးပါဦး..." 


လျိုကျစ်ဖေးက စိတ်အားထက်သန်စွာ ပြောလာသည် " သခင်လေးသွမ့် ဘာလိုလဲ ကျွန်တော့်ကိုသာ ပြောလိုက်...သွားဝယ်ပေးပါ့မယ်..." 


သွမ့်ရှူးထုံက ရှီသွမ်းကို ကြည့်လိုက်ပြီး အပြုံးလေးနှင့် ပြောလာသည် " ကျွန်တော်ကိုယ်တိုင် သွားဝယ်မှာပါ...."


လျိုကျစ်ဖေးက ရွေးစရာမရှိပဲ စူပါမားကတ်နားက ကားရပ်ဖို့ နေရာရှာလိုက်ရသည်။ သွမ့်ရှူးထုံ ကားထဲက ဆင်းသွားသည်ကို မြင်သောအခါ သူကူညီပေးရမလား မေးချင်သော်လည်း ဘော့စ်က ပြောလာသည် " သူနဲ့လိုက်သွားလိုက်မယ်...ဒီမှာ စောင့်နေလိုက်ကြပါ..." 


ကောင်းပြီလေ...ဘော့စ်က မှာသွားမှတော့ လိုက်နာရုံပဲပေါ့။


ဒါပေမယ့် စကားမစပ် မစ္စတာရှီက စူပါမားကတ် ရောက်ဖူးလို့လား။


ရှီသွမ်းက စူပါမားကတ်တွင် ကိုယ်တိုင် စျေးမဝယ်ဖူးသည်က အမှန်ဖြစ်သည်။ ယခုက စူပါမားကတ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသော်လည်း သွမ့်ရှူးထုံနှင့်အတူ ရှိနေ၍ ပျင်းသလို နေရခက်သလို မဖြစ်မိပေ။


ရုံးပိတ်ရက်ဖြစ်၍ လူတော်တော်များနေပြီး ပရိုမိုးရှင်းချပေးနေ၍ ငွေရှင်းကောင်တာက ပိုပြီးလူစည်နေသည်။


သွမ့်ရှူးထုံက သူ့ကို စျေးတွန်းလှည်းကို အစားအသောက်ဘက်ခြမ်းဆီ တွန်းပေးဖို့ ပြောလိုက်သည်။


" ခင်ဗျား ဘာစားရတာ ကြိုက်လဲ..."


ရှီသွမ်း " ဘာဖြစ်ဖြစ် ရပါတယ်" သူက အစားအသောက် ကြေးမများပေ။


သွမ့်ရှူးထုံက သူ့ကို ခပ်တည်တည်ကြည့်လိုက်ရင်း ခေါင်းခါပြသည် " မရဘူး...အနည်းဆုံး ငါးမျိုးလောက် ပြောရမယ်..." လူတစ်ယောက်တွင် ကိုယ်ကြိုက်သည့်အရာက အနည်းနှင့်အများရှိတတ်၍ ရှီသွမ်းမှာလည်း မရှိဘူးဟု မယုံပေ။


သူ ကြေးမများဘူးဟု ပြောရမည်ထက် ကြေးများဖို့ အခွင့်အရေးမရှိခဲ့ဖူးဘူးဟု ပြောမည်က ပိုမှန်မည်။


ရှီသွမ်းက စက္ကန့်အနည်းငယ်ခန့် စဥ်းစားကြည့်သည်။


 " ဟင်းပွဲတချို့ကို နာမည်မပြောတတ်ဘူး..."


သွမ့်ရှူးထုံ "..." ဒီလောကရဲ့ အပြင်ဘက်ကဟာပဲ နေမှာ။


သေချာစဥ်းစားကြည့်မှ သူ ကလေးဘဝကတည်းက ထိုအရာများကို ထုတ်မပြဖူး၍ ယင်းက ပုံမှန်ကိစ္စလေးတစ်ခုမှန်း မသိခဲ့ပေ။ သွမ့်ရှူးထုံက သူနားလည်သွားသလို ပြလိုက်ပြီး ရှီသွမ်းကို ဟင်းလျာများပြထားသည့် အတန်းဆီ ခေါ်သွားလိုက်သည်။


 " ဒါဆို ခင်ဗျား ပုံစံကို ကြည့်ပြီး ငါးမျိုးရွေးလို့ရပြီ..." 


ရှီသွမ်းက သူ့ကို အံ့သြသလို ကြည့်ပြီးမှ တောင်းပန်ဟန်ပြလာသည် " တစ်ချို့ဟင်းတွေက ချက်ပြီးရင် ပုံစံတစ်မျိုးပြောင်းသွားတာ..."


"..."


ကောင်းပြီလေ။ အနာဂတ်ကျရင် မတူအောင် ချက်ပေးရမှာပေါ့။ ပြီးမှ သူဘယ်ဟင်းပိုစားသလဲ ကြည့်ရမယ်။


သွမ့်ရှူးထုံက ရှီသွမ်း မသက်မသာဖြစ်နေရသည့် အကြောင်းရင်းက သခင်လေးသွမ့်၏ အတိတ်က အချစ်ကိစ္စများကြောင့် မဟုတ်ပဲ သူနေခဲ့ရသည့် ဘဝကြောင့် ဖြစ်မည်ဟု ယုံကြည်သည်။


သူငယ်စဥ်က အစ်ကိုနှင့် မရီးတို့ သေသွားခဲ့ပြီး မိဘများလည်း သေသွားခဲ့သည်။ သူက ရှီမိသားစုကို တစ်ယောက်တည်း ထောက်ပံ့ပြီး အင်အားကြီးလာခဲ့သော်လည်း သူ့လူငယ်ဘဝက အရိပ်က အလွယ်တကူ ပျောက်ကွယ်မသွားသေးပေ။


သူ့မသိစိတ်က ခက်ခဲမှုများက တစ်စုံတစ်ယောက်ကို သဘောကျပြီးနောက်ပိုင်း တဖြေးဖြေး ပုံကြီးချဲ့လာသည်။


ကိုယ့်ဘက်က မျှော်လင့်ချက်ထားမိလျှင် ပိုပြီးမသက်မသာဖြစ်မိသည်။


သွမ့်ရှူးထုံကိုယ်တိုင်ကလည်း မိဘမဲ့ဂေဟာတွင် နေခဲ့ရ၍ တစ်ယောက်တည်းနေရသည့် အထီးကျန်မှုကို နားလည်ပေ၏။ ထို့ကြောင့် သူက ရှီသွမ်းနှင့်အတူရှိရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သေချာပေါက် ရှီသွမ်း၏မိသားစုကိုလည်း နွေးထွေးပေးဖို့ မျှော်လင့်ချက်လည်း ပါသည်။


ပစ္စည်းတော်တော်များ ဝယ်ပြီးနောက် သွမ့်ရှူးထုံက ရှီသွမ်းကို ငွေရှင်းသည့်နေရာကို ခေါ်သွားသည်။ လူအုပ်ကြီးကို ကျော်လိုက်ချိန် ရှီသွမ်းက နားမလည်သလို မေးလာသည် " မင်း တန်းမစီဘူးလား..."


သွမ့်ရှူးထုံက ညွှန်ပြလာသည် " ဟိုမှာ ဘယ်သူမှမရှိဘူးလေ...scanဖတ်ပြီး ကျွန်တော်တို့ဘာသာ ပေးလိုက်ကြရအောင်..."


ရှီသွမ်းက ခေါင်းညိမ့်ပြလိုက်ပြီး သူ့နောက်က နာနာခံခံ လိုက်လာလိုက်သည်။


လူတစ်ယောက်က စျေးတွန်းလှည်းထဲကနေ ပစ္စည်းကို ထုတ်ပြီး နောက်တစ်ယောက်က ထိုပစ္စည်းများကို စက်ရှေ့ထားပြီး scanဖတ်လိုက်၍ လုပ်ဆောင်မှု ပြီးသွားလေသည်။


ရှီသွမ်းကလည်း ထိုကိစ္စသေးသေးလေးများက ပျော်စရာကောင်းပြီး သက်သာမှန်း ခံစားမိသည်။ 


ငွေရှင်းပြီးနောက် သွမ့်ရှူးထုံက သူ့ကို အိတ်ကြီးတစ်အိတ် ပေးလိုက်ရင်း ပုံမှန်အတိုင်း ပြောလာသည် " အားလပ်ရက်က သုံးရက်ရတာဆိုတော့ မနက်ဖြန်အားလား..."


မနက်ဖြန် ယန်မြို့တော်ကို ပြန်ဖို့ စီစဥ်နေသည့် ရှီသွမ်းက ပြောလိုက်သည် " အားပါတယ်..."


သွမ့်ရှူးထုံက စက်လှေကားပေါ် ခြေချလိုက်ရင်း ပြောလာသည် " ကျွန်တော် ကားဝယ်မလို့ လိုက်ခဲ့ပေးပါဦး..."


" ကိုယ့်ဂိုဒေါင်ထဲမှာ အပိုတစ်စီးရှိ...."


" မဟုတ်ဘူး...ကျွန်တော့်ဘာသာ ဝယ်မလို့..." သွမ့်ရှူးထုံက အပြတ်ငြင်းလိုက်သည် 


" ခင်ဗျားရဲ့ကားတွေက အရမ်းစျေးကြီးတယ်...ကျွန်တော်က သွားဖို့လာဖို့ တစ်စီးလောက် ဝယ်ချင်ရုံလေးပါ..."  


"အဲ့ဒါကောင်းပါတယ်..."


အိမ်ပြန်ရောက်သည့်အချိန် သွမ့်ရှူးထုံ အာရုံမရှိသည့်အချိန်ကို အခွင့်ကောင်းယူပြီး ရှီသွမ်းက ချန်နင့်ဆီ ချက်ချင်း စာပို့လိုက်သည်


 : မနက်ဖြန်ရဲ့ အချိန်ဇယားကို သဘက်ခါကို ရွှေ့လိုက်မယ်။


ချန်နင် : ....


ဟုတ်ပြီ။ ဘော့စ်က နောက်ဆုံး ပြောလာပြီပေါ့။



ညနေခင်းတွင် သူတို့သုံးယောက်၏ အကူအညီနှင့် သွမ့်ရှူးထုံက ဟင်းပွဲအများကြီး ချက်ခဲ့သည်။


စားနေချိန်အတွင်း သူက ရှီသွမ်း ဘယ်ဟင်းအကြိုက်ဆုံးလဲ သိအောင် သတိထားကြည့်နေရင်း စိတ်ထဲကနေ တိတ်တိတ်လေး မှတ်ထားလိုက်သည်။


ရှီသွမ်းကို ကြည့်နေသည့်အချိန် သူ့ကိုလည်း ကြည့်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ နှစ်ဦးသားမျက်လုံးချင်းဆုံသွားချိန် တစ်ဖက်လူက လုပ်ဖို့ကြိုးစားနေသည့်အရာကို ချက်ချင်း သဘောပေါက်သွားလေသည်။ သူတို့နှစ်ယောက်ရင်ထဲ ချိုမြိန်နွေးထွေးသွားရပြီး မထိန်းနိုင်ပဲ အလိုလိုပြုံးမိသွားသည်။


အားရပါးရ ထမင်စားနေသည့် ချန်နင်က ထိုအရာကို မြင်သောအခါ ပန်းကန်ထဲက ထမင်းပင် ရုတ်တရက် အရသာမရှိတော့သလို ခံစားမိသွားရသည်။


ဘော့စ်ကတောင် ချစ်နိုင်သေးတယ်။ ဒါပေမယ့် ငါကတော့ တစ်ယောက်တည်း ဖြစ်နေတုန်းပဲ။


လျိုကျစ်ဖေးကို အားကိုးရရန် လှည့်ကြည့်လိုက်စဥ် လျိုကျစ်ဖေးက ပါးစပ်အပြည့် ထမင်းသွပ်ထားရင်း အံ့သြသလို မေးလာသည်။


 " ချန်ကော...ကျွန်တော့်ကို ဘာဖြစ်လို့ ကြည့်နေတာလဲ....အရွက်တွေ စားလေ...သခင်လေးသွမ့်က ဟင်းချက် တကယ် တော်တာပဲ....သခင်လေးသွမ့်နဲ့ လက်ထပ်ရမယ့်သူက တကယ် ကံကောင်းမှာပဲ..." 


ချန်နင် "...." သူ မစ္စတာရှီ၏ မျက်နှာကို မကြည့်ရဲတော့ပေ။


ရှောင်လျို...မင်းကို မကူညီပေးနိုင်တဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါကွာ။


ရှီသွမ်း၏ မထူးခြားသလို စကားသံကို ကြားလိုက်ရသည် " မင်း မနက်ဖြန် ကားမောင်းပေးစရာ မလိုတော့ဘူး..."


လျိုကျစ်ဖေးက ထမင်းပန်းကန် လွှတ်ကျမတတ် ဖြစ်သွားကာ အစားပင် မမြိုနိုင်တော့ပဲ ရှီသွမ်းကို အောင့်သက်သက် ကြည့်မိသည်။ ရှီသွမ်းကို မေးချင်သော်လည်း မမေးရဲ၍ တစ်စက္ကန့်အတွင်း ငိုတော့မလို ဝမ်းနည်းလာလေသည်။


ဘော့စ်က သူ့ရဲ့ ကားမောင်းစကေးတွေကို မကြိုက်လို့လား။


အသက်ရှူချောင်သွားစေရန် သွမ့်ရှူးထုံက အပြုံးလေးနှင့် ရှင်းပြလိုက်သည် " မနက်ဖြန် မစ္စတာရှီက ကျွန်တော် ကားဝယ်မှာကို လိုက်ပေးမလို့ပါ...အဲ့ဒါကြောင့် တစ်ရက်အနားပေးလိုက်တာ..."


လျိုကျစ်ဖေးက စိတ်အေးသွားသလို သက်ပြင်းချလိုက်ရင်း တောက်တောက်ပပ ပြုံးပြနိုင်သွား၏


 " ကျေးဇူးပါ...မစ္စတာရှီ..." 


ချန်နင် "....." ငတုံးကောင်။


စားသောက်ပြီးနောက် ချန်နင်က မျက်ရိပ်ပြရင်း လျိုကျစ်ဖေးကို ဆွဲခေါ်သွားသည်။ ဘော့စ် မပြောလျှင်တောင် ဘော့စ်က သခင်လေးသွမ့်၏အိမ်တွင် နေချင်မှန်း သိသာလှသည်။


လမ်းပေါ်လျှောက်နေရင်း လျိုကျစ်ဖေးက ပျော်နေသေးသည် " ကျွန်တော်တို့ မစ္စတာရှီက တစ်ခါမှ သူငယ်ချင်း မရှိခဲ့ဖူးဘူး...အခု သခင်လေးသွမ့် ရှိလာမှ သူက လူသားတစ်ယောက် ဖြစ်လာသလိုပဲ..." 


ချန်နင်က တွေးမိသည် : ဒါက လူသားဆန်လာတာ မဟုတ်ဘူး။ အချစ်ရဲ့ ချဥ်စူးစူးအနံ့ပဲ။


သူက စိတ်ထဲတွင်သာ တွေးနိုင်ပြီး အပြင်ထုတ်ပြောလို့မရ၍ သဘောတူသလို ခေါင်းညိမ့်ပြလိုက်သည် " သခင်လေးသွမ့်က သူ့ကို ဂရုစိုက်ပေးတာ တကယ်ကောင်းတယ်..."


လျိုကျစ်ဖေးက သွမ့်ရှူးထုံကို ထပ်ပြီး ချီးကျူးလာသည် " သခင်လေးသွမ့်က တကယ် တော်တာပဲ....အရည်အချင်းရှိတယ်....အချက်အပြုတ်တော်တယ်....ဖော်ရွေတတ်တယ်...အနာဂါတ်မှာ သူနဲ့လက်ထပ်ရမယ့်သူတော့..."


ချန်နင်က သူလက်မောင်းကို ရုတ်တရက် ပုတ်လာပြီး စိတ်ကူးယဥ်နေသည်အား ရပ်အောင်လုပ်လိုက်သည်။ ထို့နောက် ခပ်တည်တည်ပြောလိုက်ရသည် " ညီလေး...ဒီက အစ်ကိုကြီးရဲ့ စကားကို နားထောင်...ဒီအကြောင်း နောက်ဘယ်တော့မှ မစ္စတာရှီနဲ့ မစ္စတာသွမ့်တို့ရှေ့ သွားမပြောမိစေနဲ့...." 


"ဘယ်လိုအရာမျိုးလဲ..." လျိုကျစ်ဖေးက ချက်ချင်း သဘောမပေါက်သေးပေ။


ချန်နင် "...သခင်လေးသွမ့်ရဲ့ အတိတ်ကို သိတယ်မို့လား..."


" အို့..."လျိုကျစ်ဖေးက ချက်ချင်း အမှတ်ရသွားသည် " ကျွန်တော် နားလည်ပါပြီ...နောက်မပြောတော့ပါဘူး..."


အိုက်ယား...သခင်လေးသွမ့်က ရည်းစားတွေ အများကြီး ထားခဲ့ပေမယ့် မင်္ဂလာခန်းမထဲကိုတော့ တစ်ခါမှ မဝင်ခဲ့ဖူးဘူးပဲ။ သူက မင်္ဂလာကိစ္စအကြောင်း မပြောသင့်ဘူး။ သူများဒဏ်ရာကို သွားဆွပေးသလို ဖြစ်နေပြီ။


သူ့မျက်နှာအမူအရာက ထူးဆန်းနေ၍ ချန်နင်က သူတကယ် နားလည်လား နားလည်ချင်ယောင်ဆောင်နေခြင်းလား မသိပေ။


ထိုနှစ်ယောက် ထွက်သွားခြင်း၍ လစ်ဟာနေသည့် ဗီလာဝန်းကြီးက ပြန်ပြီး တိတ်ဆိတ်သွား၏။


သွမ့်ရှူးထုံက ဖွဖွလေး ပြုံးပြလိုက်သည် " ငါးရယ် အမဲသားရယ်...ခရမ်းသီးနဲ့ အသီးအရွက်ပေါက်လေးတွေရယ်..."    


အသီးအရွက်ဆေးကူနေရင်း ရှီသွမ်းက ဟင်းနာမည်အချို့ကို မေးထား၍ ယခု နာမည်ပြောတတ်သွားပြီဖြစ်သည် " အမဲသား...တို့ဖူး....ပန်းဂေါ်ဖီစိမ်း..."


တစ်ယောက်ကြိုက်သည့် ဟင်းကို တစ်ယောက်က ပြောနေရင်း နှစ်ဦးသား ရင်ထဲ နွေးထွေးသွားရသည်။


အိပ်ယာမဝင်ခင် သွမ့်ရှူးထုံက ရှီသွမ်းရှေ့ တမင်သက်သက် စောင်အသစ် ယူလာခဲ့သည်။



👨‍❤️‍👨