Chapter 118
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၁၁၈)

ကျွန်မ ချက်ချင်း သဘောပေါက်သွားသည်။

"အရှင့်သား ဘာတွေပြောနေလဲဆိုတာ ကျွန်မ မသိပါဘူး။သတင်းအချက်အလက်ဆိုတာ ဘာကို ဆိုလိုချင်တာပါလဲ။"

ဤနေရာမှာ သတင်းအချက်အလက် အစည်းအရုံးဖြစ်မှန်း ကယ်လီယန်ကို ရှာတွေ့ခွင့် မပေးနိုင်ပါပေ။

သူသာ သိရှိသွားခဲ့ပါက ကျွန်မ၏အနိုင်ကတ်ကို လက်လွှတ်လိုက်ရပေလိမ့်မည်။

ထိုသို့ ဖြစ်လာ၍ မရပါ။

မည်သို့ပင် မေးလာသည်ဖြစ်စေ ကျွန်မအနေဖြင့် ဘာတစ်ခုမှ မသိသည့်အတိုင်း ဟန်ဆောင်ရန် လိုအပ်သည်။

"ဒါပေမဲ့ မင်းက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။"

သို့သော် ပျော်ရွှင်နေပုံမရသော ကယ်လီယန်က ကျွန််မကို စူးစူးစိုက်စိုက်ကြည့်၍ မေးလာခဲ့သည်။

"ကျွန်မက ဘီလူးအသားဝယ်ဖို့ လာခဲ့ရုံပါပဲ။"

ကျွန်မ သွက်သွက်လက်လက် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်မလား ဂျိုးဆက်ရေ။"

"ဘာရယ်"

ကြောင်အအဖြင့် ရပ်နေသော ဂျိုးဆက်က "အာ ..."ဟု ရေရွတ်ပြီး ကျွန်မ၏စကားကို တုံ့ပြန်ခဲ့သည်။

"မှန်ပါတယ်၊ဟောဒီ့မဒမ်က ဘီလူးသားဝယ်ဖို့ ဒီနေရာကို လာခဲ့တာပါ။"

"ဒါပေမဲ့!"

ကယ်လီယန် အော်ဟစ်လိုက်သည်။

"မင်းက ဘာကြောင့်များ ဘီလူးအသား လာဝယ်ရတာလဲ၊စားတောင် မစားနိုင်တဲ့အရာကိုလေ။"

မှန်ပေ၏။

ကျွန်မအနေဖြင့် စီးကပ်ကပ်နှင့် အရသာမရှိသော ဘီလူးသားကို ဝယ်စားရန် မလိုအပ်ပေ။ကယ်လီယန်ကလည်း ထိုအချက်ကို ထောက်ပြလာခဲ့သည်။

ထို့ကြောင့် ကျွန်မက အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မ အဲ့ဒါကို ဝယ်ပြီး အရှင့်သားဆီ ဆက်သမလို့ပါ။"

"... ဘာ!"

"ပထမတစ်ခါ လာရောက်ဆက်သခဲ့တုန်းက အရှင့်သား ကြိုက်နှစ်သက်ပုံ ရခဲ့ပါတယ်။ဒါကြောင့် ဒါကို ထပ်ဝယ်ပြီး အရှင့်သားဆီ ဆက်သဖို့အတွက် ကျွန်မ လာခဲ့တာပါ။ပြဿနာတစ်ခုခု ရှိနေလို့ပါလား။"

"..."

ကယ်လီယန်မှာ တစ်ခုခု ပြောတော့မလို ပါးစပ်ကို ဖွင့်လိုက်ပြီးမှ ပြန်ပိတ်လိုက်သည်။

သူ နက်နက်နဲနဲ တွေးကြည့်နေခဲ့သည်။

သူ ဘာဖြစ်နေတာများလဲ။

ကျွန်မ ခေါင်းကို စောင်းငဲ့ကြည့်လိုက်သည်။

သိပ်မကြာခင် ကယ်လီယန်၏ပါးစပ်က ဖြည်းဖြည်းချင်း ပြန်ပွင့်လာခဲ့သည်။

"ဒီတော့ မင်းက ငါ့အကြောင်းကို တွေးနေတုန်းပဲပေါ့။"

ဘယ်လို ဘယ်လို!

"မင်းရဲ့ခင်ပွန်းကို ကြိုက်တယ်လို့ ပြောခဲ့တာက အလိမ်အညာတစ်ခုပေါ့၊ဟုတ်တယ်မလား။"

ကျွန်မ နဖူးတွန့်လိုက်မိသည်။ 

ဒီလူက အတ္တပေမဝါဒီလား၊ဘာလားပဲ။

"မဟုတ်ဘူး၊အဲ့ဒီစကားက အလိမ်အညာတစ်ခု မဟုတ် ...။"

"ထင်ထားတဲ့အတိုင်း မင်းက ငါ့ကို ကြိုက်တာပဲ! ဟား ဟား !အင်း ... ဟုတ်တာပေါ့၊မင်းရဲ့စိတ်က ဒီလောက်ထိ မြန်မြန်ပြောင်းလဲသွားစရာ အကြောင်းမှ မရှိဘဲ။"

ဒီအရူးကောင်က ဘာတွေ တွေးနေတာလဲ။

ကျွန်မ ဘာပြောရမှန်း မသိတော့ဘဲ ပါးစပ်အဟောင်းသား ဖြစ်နေရတော့သည်။သို့သော် အလျင်အမြန် အသိစိတ်ပြန်ကပ်သွားခဲ့သည်။

တည်ငြိမ်နေရမယ်။တစ်ဖက်လူက ရူးနေတာပဲ။ငါ့ကို လိုရာဆွဲပြောလို့ မရစေရဘူး။

ကျွန်မ ထိုသို့ တွေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ ...ဒီနေရာက သတင်းအချက်အလက် ရနိုင်တဲ့နေရာ မဟုတ်ပါဘူး။ကျွန်မ တကယ်ကို ဘီလူးအသား ဝယ်ဖို့အတွက်ပဲ လာခဲ့တာပါ။"

ကယ်လီယန် မျက်လုံးများကို မှေးကျဥ်းလိုက်သည်။

"ငါ မင်းကို မယုံဘူး။"

"အိုး ... အရှင့်သားက ကျွန်မကို ယုံကြည်ခဲ့ဖူးတဲ့အတိုင်း ပြောနေခဲ့တာပဲ။"

"အင်း ... မင်း ဘာပြောပြော ငါ အမြဲတမ်း မယုံခဲ့ဘူး။"

အမှန်ပင် သိသာနေသောကိစ္စကို ကယ်လီယန်က ပြောပြသည်။

"ငါ မင်းကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး။"

သူက လက်ပိုက်ရင်း အတွေးထဲ နစ်မြောနေခဲ့သည်။

ငါ မယုံဘူး၊ငါ လုံးဝမယုံဘူး။

စိတ်ထဲတွင် ထိုသို့ ညည်းညူနေခဲ့၏။

သူက ဘာကို မယုံကြည်တာလဲ။

ကျွန်မ ဇဝေဇဝါ ဖြစ်သွားရပြီး ခေါင်းကို စောင်းငဲ့မိလိုက်သည်။ထိုအချိန်တွင် ကယ်လီယန်က လက်ပိုက်ထားရင်း မေးစေ့ကို ပင့်လိုက်သည်။

"ငါ ဒီနေ့တော့ ဒီအတိုင်း ပြန်သွားလိုက်မယ်။"

ထို့နောက် သူက ဂျိုးဆက်ကို ကြည့်၍ ပြောသည်။

"နောက်တစ်ခါ ငါ ထပ်ရောက်လာရင်တော့ ငါလိုချင်တဲ့အဖြေကို မင်းဘက်က ပေးဖို့ လိုလိမ့်မယ်။"

"မဟုတ်ပါဘူး၊ဒီနေရာက ဘီလူးသားရောင်းတဲ့ ဆိုင်တစ်ဆိုင်ပါပဲဗျ။"

"ငါ မယုံဘူး။"

ကယ်လီယန်က လက်ကို ယမ်းခါလိုက်ပြီး ပြန်သွားခဲ့သည်။

ကလင်

ဆိုင်တံခါးက ခေါင်းလောင်းသံနှင့်အတူ ပွင့်သွားပြီး ကယ်လီယန်လည်း ထွက်ခွာသွားခဲ့၏။

နင်က ဒါမျိုးတွေ လုပ်မယ်ဆိုရင် ဒီနေရာကို ဘာဖြစ်လို့ လာရတာလဲ။

ကျွန်မ အနည်းငယ် မှင်တက်သွားရပြီး စိတ်ထဲက မပါဘဲ ရယ်လိုက်မိသည်။

ထိုအချိန်တွင် ဂျိုးဆက်က မေးသည်။

"အဲ့ဒီလူက ဘယ်သူပါလဲ။"

ကျွန်မ ပြန်ဖြေလိုက်သည်။

"အိမ်ရှေ့စံအရှင့်သား"

"ဘာရယ်!"

ဂျိုးဆက်က တအံ့တဩဖြင့် ပြောလေသည်။

"ဒါ ...ဒါဆို ကျွန်တော်တို့ သူ့ကို လှမ်းဆွဲထားသင့်တာ မဟုတ်ဘူးလား။ငါ့ရဲ့အဖိုးတန်ဖောက်သည်လေး!"

ထိုသို့ ဖြစ်လာမည်ကို ကျွန်မ သိသည်။

ကျွန်မ ပြင်းပြင်းထန်ထန် ခေါင်းခါပြလိုက်သည်။

"မရဘူး"

"ဒါပေမဲ့!"

"ဒီနေရာက အချက်အလက်တွေ အိမ်ရှေ့စံမင်းသားဆီကို ရောက်သွားတာနဲ့ ငါ့ဘက်ကနေ အပေးအယူကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်မယ်။"

ဂျိုးဆက်၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။

ဖြစ်နိုင်သည်မှာ ကယ်လီယန်နှင့်ကျွန်မကြားတွင် ဘယ်သူက အလေးသာမလဲဟု ချိန်ဆကြည့်နေသလိုပင်။

ကျွန်မဘက်သို့ ပိုအလေးသာလာအောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ယူလာခဲ့သော ရွှေထုပ်ကို ပစ်ချလိုက်သည်။

"ဒါဆို ဒီပမာဏရဲ့နှစ်ဆတိတိကို နင် မရတော့ဘဲ နေမှာပေါ့။"

ဂျိုးဆက်၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။သူ့ကို ကြည့်ရင်း ကျွန်မ နှုတ်ခမ်းတွန့်လိုက်မိ၏။

"ပြီးတော့ အနာဂတ်မှာလဲ မြို့စားကြီးရိုင်ဇန်မိသားစုနဲ့ ဘယ်တော့မှ အပေးအယူလုပ်လို့ ရတော့မယ် မထင်ဘူး။"

"..."

"ဒီလိုဆိုရင်တောင်မှ နင့်အတွက် အဆင်ပြေလား။"

ဂျိုးဆက်က တံတွေးမျိုချလိုက်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကို စိုစွတ်စေရန် လျှာသပ်လိုက်သည်။

သူက ကယ်လီယန် ထွက်သွားခဲ့သော တံခါးပေါက်ရှိရာသို့ တစ်ချက်ကြည့်လိုက်ပြီး ပစ်ချပေးထားသော ရွှေထုပ်ကို ပြန်ကြည့်လိုက်သည်။ထို့နောက် ကူကယ်ရာမဲ့အမူအရာဖြင့် ရွှေထုပ်ကို ကိုင်၍ အလေးချိန်ကို ချိန်ဆကြည့်နေခဲ့သည်။

"ယူဂျင်က ခြိမ်းခြောက်တဲ့နေရာမှာ တကယ်တော်တယ်လို့ ကျွန်တော် ထင်ပါတယ်။"

အဟား

တော်သေးတာပေါ့။

သူက ကယ်လီယန်ဘက်သို့ သွားမည်ဟု ပြောလာပါလျှင် မည်သို့ လုပ်ရမည်နည်းဟု စိုးရိမ်နေခဲ့မိသည်။

ဟူး

ကျွန်မ အသက်ဝဝ ရှူလိုက်သည်။

"ဒီတော့ ခင်ဗျား ဒီနေ့ ဘာကိုများ သိချင်တာ ရှိပါသလဲ။"

ဂျိုးဆက်က ပြောသည်။

ကျွန်မလည်း နှုတ်ခမ်းထောင့်စွန်းလေးများကို ကွေးညွှတ်၍ ပြောလိုက်သည်။

"မှော်အစီအရင်စက်ဝန်း"

"မှော်အစီအရင်စက်ဝန်း ဟုတ်ပါသလား။"

"အင်း"

ကျွန်မ ခေါင်းငြိမ့်ပြလိုက်သည်။

"ဒုတိယမင်းသားမှာ ရှိသမျှ မှော်အစီအရင်စက်ဝန်းတွေအကြောင်း အချက်အလက်အားလုံး ငါ လိုချင်တယ်။တတ်နိုင်သမျှ မရရအောင် လုပ်ပေးပါ။"

ဂျိုးဆက် မျက်လုံးပြူးသွားတော့သည်။

ဒုတိယမင်းသား

ပြဿနာအကြီးကြီးကို မီးခွက်ထွန်းရှာသည်နှင့် မခြားနားပါပေ။

သို့သော် ကျွန်မက ဂျိုးဆက်ကို နောက်ပြန်ဆုတ်ခွင့် မပေးပါ။

"နင် မလုပ်နိုင်ခဲ့ရင် ..."

ကျွန်မ မျက်တောင်ခတ်လိုက်သည်။

"ဒီနေရာအကြောင်း ငါ့ရဲ့ခင်ပွန်းကို အသိပေးလိုက်မယ်။"

"အား ...တကယ်ပါပဲဗျာ!"

ဂျိုးဆက်က ဆံပင်များကို ဆွဲဖွပြီး အော်လိုက်သည်။

"ခင်ဗျား ဘာကြောင့် ဒီလိုတွေ လုပ်နေရတာလဲ။ကျွန်တော်ကို တစ်ယောက်တည်း လွှတ်ထားလိုက်ပါတော့!"

ကျွန်မ ပခုံးတွန့်လိုက်သည်။

"ဒီလိုဆိုတော့ နင့်ဘက်က အောင်မြင်အောင် လုပ်ပေးသင့်တာ မဟုတ်ဘူးလား။"

"ခင်ဗျားအတွက်တော့ ပြောရတာ အလွယ်လေးပဲ!"

"အချိန်ကန့်သတ်ချက်က မနက်ဖြန်မတိုင်ခင် အထိ။"

ဂျိုးဆက်၏အော်ဟစ်သံကို လျစ်လျူရှုထားပြီး ကျွန်မ ပြောလိုက်သည်။

"နင် လုပ်နိုင်မှာပါ၊ဟုတ်တယ်မလား။"

ဂျိုးဆက် နှုတ်ခမ်းကိုက်လိုက်သည်။

ထို့နောက် သူ့အနေဖြင့် ရွေးချယ်စရာ မရှိတော့သည့်အတိုင်း သက်ပြင်းမောကြီးတစ်ခု ချလိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလာခဲ့သည်။

"နှစ်ဆ"

သူက ဆက်ပြောသည်။

"ခင်ဗျား ကတိပေးထားတာရဲ့ နှစ်ဆနော်။"

ကျွန်မ ပြုံးပြလိုက်သည်။

"ဒါပေါ့"

ကျွန်မ၏အဖြေကို တုံ့ပြန်သည့်အနေဖြင့် ဂျိုးဆက်က တတွတ်တွတ် ရေရွတ်နေခဲ့သည်။

"ကျစ် ...အပေးအယူကောင်းလေးတစ်ခုလို့ ထင်ထားခဲ့တာ၊ဒါပေမဲ့ အရမ်းကို အန္တရာယ်ရှိတဲ့ မဒမ်တစ်ယောက် ရောက်လာခဲ့တာပဲ။"

သူက မကျေမနပ်ဖြင့် ညည်းညူနေသည့်တိုင် တစ်ခုခု လုပ်စရာ ရှိသကဲ့သို့ ဆိုင်အနောက်ဘက်ထဲ ပြန်ဝင်သွားခဲ့လေသည်။

ကျွန်မလည်း သူ့ကို ချန်ထားခဲ့ပြီး ဆိုင်ထဲမှ ထွက်လာလိုက်သည်။

အာ ...နေ့ကောင်းလေးပဲ။ 
ထပ်!

ရထားလုံးတံခါး ပိတ်လိုက်သည်နှင့် ကယ်လီယန်မှာ ထိုင်ခုံထဲတွင် တစ်ကိုယ်လုံး မြုပ်နေသည်အထိ အားရပါးရ ထိုင်ချလိုက်သည်။

ယနေ့ ဤနေရာသို့ လာရသည့်အကြောင်းအရင်းမှာ သူ တွေးကြည့်ထားသည့်အတိုင်း ထူးဆန်းနေသောကြောင့် ဖြစ်လေသည်။

ရုတ်တရက် အိုဖီလီယာက သတင်းအချက်အလက် ရနိုင်မည့်နေရာ ရှိပါသည်ဟု ပြောလာသည့်အချိန်မှာ ဘီလူးသား ဆက်သလာသည့်အချိန်နှင့် တစ်ထပ်တည်း ဖြစ်နေခဲ့၍ပင်။

အိုဖီလီယာက ဘယ်နေရာကနေပြီး သတင်းအချက်အလက်ကို ရလာတာလဲ။

ထို့သို့ စဥ်းစားမိပြီး ဘီလူးသားရောင်းချသည့်နေရာကို ရှာဖွေရန် ကြိုးစားခဲ့သည်။သို့သော် ထိုနေရာကို သူ အလွယ်တကူ ရှာမတွေ့ခဲ့ပေ။

ထိုအချိန်တွင် ဖလဲရ်က ဘီလူးသား ဝယ်လာမပေးနိုင်ခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု ပြောလာခဲ့၏။ကယ်လီယန်က ဖလဲရ်သွားခဲ့သည့် ဆိုင်၏တည်နေရာကို ရှာဖွေလိုခဲ့သည်။

သို့သော် သူ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့သော်လည်း ဘာတစ်ခုမှ ထူးခြားမလာခဲ့ပေ။

ထိုအခြေအနေတွင် ယနေ့၌ အိုဖီလီယာနှင့် ဆုံတွေ့ခဲ့ရသည်။

အိုဖီလီယာကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ဤနေရာမှာ သတင်းအချက်အလက် အစည်းအရုံးဖြစ်နိုင်သည်ဟု ကယ်လီယန်အခိုင်အမာ ယုံကြည်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ဘီလူးသားဝယ်ရန် တစ်ခုတည်းအတွက်နှင့် သူမက ဤနေရာသို့ လာစရာအကြောင်း မရှိပါ။

သို့သော်

ကျွန်မက အဲ့ဒါကို ဝယ်ပြီး အရှင့်သားဆီ ဆက်သမလို့ပါ။

ပထမတစ်ခါ လာရောက်ဆက်သခဲ့တုန်းက အရှင့်သား ကြိုက်နှစ်သက်ပုံ ရခဲ့ပါတယ်။ဒါကြောင့် ဒါကို ထပ်ဝယ်ပြီး အရှင့်သားဆီ ဆက်သဖို့အတွက် ကျွန်မ လာခဲ့တာပါ။ပြဿနာတစ်ခုခု ရှိနေလို့ပါလား။

ကယ်လီယန်မှာ ထိုစကားများကို ကြားလိုက်ရချိန်တွင် သူ့မျက်နှာ နီမသွားစေရန် အသေအချာ ထိန်းထားခဲ့ရသည်။

သူ ထိုသို့ မတွေးထားမိပါ။

တော်သေးတာပေါ့။

"ဖွီး ..."

ကယ်လီယန် အမှုမဲ့အမှတ်မဲ့ ရယ်မိသွားရသည်။

အမှန်တော့ သူ့အနေဖြင့် မတတ်သာပါပဲ ထိုသို့ ဖြစ်သွားရသည်။

အိုဖီလီယာက သူ့ကို တွေးတောနေဆဲဖြစ်သည်မှာ သိသာနေသောကြောင့် ဖြစ်၏။

အင်း

အိုဖီလီယာက သူ့ကို စွန့်ပစ်နိုင်မှာ မဟုတ်ဘူး။

သူမက ငါ့ကို မကြိုက်စရာအကြောင်းမှ မရှိတာ။

အိုဖီလီယာက သူ့ကို ကြိုက်နေတုန်းပဲ။

ဒါပေမဲ့ သူမက အကြောင်းတစ်ခုခုကြောင့် ဆိုဗက်စ်စတာရိုင်ဇန်ကို ကြိုက်ပါတယ်ဆိုပြီး ပြောခဲ့တာ ဖြစ်လိမ့်မယ်။

သနားစရာကောင်းလိုက်တဲ့ မိန်းကလေး

သူသာ အိုဖီလီယာကို ဆိုဗက်စ်စတာဟူသော သားရဲကောင်ကြီး၏လက်ထဲမှ ကယ်တင်ပေးနိုင်လျှင် ကောင်းမည်ဟု ကယ်လီယန် ရုတ်တရက်ကြီး တွေးလိုက်မိလေသည်။

၎င်းမှာ ညှာတာသနားမှုသက်သက်သာ ဖြစ်ပြီး ထိုမှတစ်ပါး တခြားသောခံစားချက်များ မရှိပါပေ။

အဲ့ဒီတော့

သူမကို ဆိုဗက်စ်စတာထံမှ ကယ်တင်ပေးလိုက်လည်း မဆိုးလောက်ဟု သူ တွေးမိသည်။

ထို့အပြင် ဧကရာဇ်၏အမိန့်လည်း ရှိနေခဲ့သည်။

[အိုဖီလီယာ မက်ဂက်ဖင်းကို မင်းရဲ့အပိုင်ဖြစ်အောင် လုပ်ထား။ငါ မင်းကို ကူညီမယ်။]

သူမက ရိုင်ဇန်မြို့စားကြီးကတော် မဟုတ်တော့ဘဲ မြို့စားမင်းကြီးမက်ဂက်ဖင်း၏သမီး ဖြစ်သည်ဟု ဧကရာဇ်က အတိအလင်း ရေးသားဖော်ပြထားခဲ့သည်။

ထိုစုံတွဲကို ဧကရာဇ်က အသိအမှတ် မပြုသကဲ့သို့ ဖြစ်သည်။

တစ်နည်းအားဖြင့် ကယ်လီယန်ကသာ အိုဖီလီယာကို ရအောင်ယူနိုင်ခဲ့လျှင် ဧကရာဇ်က မသိကျိုးကျွံပြုထားပေးလိမ့်မည်ဟု ဆိုလိုသည်။

အင်း

ထိုအတွေးဖြင့် ကယ်လီယန်က အိုဖီလီယာကို ပိုင်ဆိုင်ရယူနိုင်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ငါ မင်းကို မယုံဘူး။ 

ငါ မင်းကို ဘယ်တော့မှ ယုံကြည်မှာ မဟုတ်ဘူး။

သူမ ပြောခဲ့သမျှ စကားတိုင်းကို ...

ကျွန်မရဲ့ခင်ပွန်းကိုပဲ ကြိုက်ပါတယ်။

ထိုစကားကို သူ မယုံပါ။

ဘယ်တော့မှပဲ။

*

ကျွန်မ အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။

"ဘာမှလဲ မလုပ်ရပဲနဲ့ ပင်ပန်းနေလိုက်တာ။"

ထိုသို့ ဖြစ်နေရသည်မှာ ကယ်လီယန်နှင့် ဆုံတွေ့ခဲ့ခြင်းကြောင့်သာ ဖြစ်မည်ဟု မှန်းဆမိပါသည်။

မည်သို့ပင် ဖြစ်စေ သူနှင့်တွေ့ဆုံလိုက်ချိန်တိုင်း ကျွန်မ စိတ်ပင်ပန်းရလေသည်။

ငါတို့ အတော်လေးကြာတဲ့အထိ အချင်းချင်း မတွေ့သင့်တော့ဘူး။

ထိုသို့ တွေးနေရင်း အိမ်တော်ဂိတ်တံခါးကို ဖွင့်လိုက်သည်။

ကျွန်မ ထိုသို့ လုပ်လိုက်သည်နှင့် အိမ်တော်သို့ သွားရာ လမ်းလည်ခေါင်တည့်တည့်တွင် ဆိုဗက်စ်စတာ ရပ်နေသည်ကို မြင်လိုက်ရ၏။

ဟမ်

ဘာဖြစ်လို့လဲ။

သူက ရုံးခန်းထဲမှာ မဟုတ်ဘူးလား။

ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်သည်။

"ဟန်နီရေ"

ကျွန်မ၏ခေါ်သံကြောင့် ဆိုဗက်စ်စတာက ဖြည်းဖြည်းချင်း လှည့်ကြည့်လာခဲ့သည်။

"ရှင် ဘာဖြစ်လို့ ဒီနေရာကို ရောက်နေရတာလဲ။"


TK Team (Chapter 118)
++++++++