Chapter 39
Viewers 2k

💙 Chapter 39 - စတိုးဆိုင်ဖွင့်ခြင်း


တစ်လကြာသော် ရှောင်ဟုန်ယန်၏ ဗိုက်မှာ သိသာမြင်သာအောင်ကြီးလာတော့သည်။သူမသည် စားချင်စိတ်လည်း ပိုဖြစ်လာကာ မကြာခဏဆိုသလို ဗိုက်ဆာလေ့ရှိသည်။


ဝမ်လီချမ်က ကျောင်းမှာ သူမ ဗိုက်ဆာနေမှာ ကြောက်တာကြောင့် သူမအတွက် အဆာပြေမုန့်များ ပြင်ဆင်ထည့်ပေးခဲ့သည်။ နို့မှုန့်နှင့် နို့ဘီစကွတ်များ လုပ်ပြီး သူမ၏ ရုံးခန်းထဲရှိ သေတ္တာတစ်ခုထဲတွင် ထည့်ထားလိုက်သည်။သူမ ဗိုက်ဆာသည့်အခါ လေးငါးထုပ်ခန့် အချိန်မရွေး စားနိုင်ပေသည်။


ဘီစကွတ်များက ဈေးသိပ်မကြီးသော်လည်း နေ့စဉ်စားလို့ရသည်အထိ စျေးမပေါပေ။ သို့သော်လည်း ရှောင်ဟုန်ယန်သည် ဘီစကွတ်များသာမက အဆာပြေမုန့် အမျိုးမျိုးကိုလည်း စားသည်။ သူမ အံဆွဲထဲမှာ အဆာပြေစာတွေ ပြည့်နေသည်ကို ဆရာမတချို့မြင်နေရသည်။


တခါတရံ လျှိုဖုန်းကျန်းသည် သူမအတွက် အသားများများနှင့် ဟင်းချိုချက်ပြီး ချန်သဲရုံအား ပို့ခိုင်းလေ့ရှိသည်။ မူလတန်းကျောင်းများရှိ ဆရာအများစုမှာ အမျိုးသမီးဆရာမများဖြစ်သည်။ အိမ်ထောင်မပြုဖူးသူလည်းရှိသလို၊ကလေးမွေးထားသူများလည်း ရှိသည်။သူတို့ကတော့ ရှောင်ဟုန်ယန် စားနေသည်ကိုကြည့်ပြီး သူမတို့ ကိုယ်ဝန်ရှိစဉ်အခါက မစားလိုက်ရသည့်အတွက် အားကျနေကြ၏။သူမတို့ခေတ်က ယခုလို အစားအသောက်မပေါပေ။ ယခုမှ နိုင်ငံစီးပွားရေးအခြေအ‌ေန ကောင်းလာ၍ နေ့တိုင်း အစားအသောက် လုံလုံလောက်လောက် စားရတာပင်။ သူမတို့တစ်တွေ ကိုယ်ဝန်ဆောင်စဉ်က အခြေအနေကလည်း အဆင်မပြေသလို၊ အလုပ်ရှုပ်နေတာကြောင့် စားဖို့ သောက်ဖို့တောင် အဆင်မပြေပေ။


ရှောင်ဟုန်ယန်သည် အခုမှ အိမ်ထောင်ကျခြင်းဖြစ်ပြီး ခင်ပွန်းသည်ကလည်း မကြာသေးမီက အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။ဖူချမ်မြို့က ကျဉ်းကျဉ်းလေးဖြစ်တာကြောင့် သတင်းတစ်ခုခုဆို လူတော်တော်များများက သိကြပြီး ရှောင်ဟုန်ယန်ခမျာ သနားစရာလေးဟုလူတိုင်း စုတ်သပ်နေကြသည်။ 


ယခု ရှောင်ဟုန်ယန်၏ ဘဝကို ကြည့်လိုက်မှ သူမတို့အထင်လွဲနေကြောင်း သဘောပေါက်ကြသည်။ရှောင်ဟုန်ယန်သည် သူမတို့ထက် သာလွန်သောဘဝကို ပိုင်ဆိုင်ထားသူပင်။


ဝမ်လီချမ်သည် ရှောင်ဟုန်ယန်တစ်ယောက်တည်း လမ်းလျှောက်နေချိန် လဲကျမိမည်ကို ကြောက်စိတ်ဝင်လျက်ရှိသည်။ ကိုယ်ဝန်ရပြီးနောက် သူမကို ကျောင်းသွားကြိုသည့် အချိန်များမှာ သူမ၏ ပခုံးနှစ်ဖက်အား ပွေ့ဖက်၍ တွဲခေါ်သည်ကိုပင် သူမက သူ့လက်အားပုတ်ချသည်။တစ်ဖန် သူမ၏ ခါးကို ပွေ့ဖက်ကြည့်သော်လည်း ခါချခံရပြန်သည်။သူမ လက်ကလေးအား ကိုင်ရသည်ကိုပင် ကျောင်းနှင့် မီတာ 100 အကွာအထိ ရောက်မှသာ ပေးကိုင်သည်ပင်။ 


နောက်ပိုင်းခေတ်က ကျောင်းဝင်း လမ်းဘေးမှာ နမ်းနေသည့် စုံတွဲများ ပလူပျံနေသော တက္ကသိုလ်အကြောင်း စဉ်းစားကြည့်နိုင်သည်။ မိန်းကလေးများသည် လမ်းဘေးစားသောက်ဆိုင်၊ ကော်ဖီဆိုင်များတွင်ပင်လျှင် ယောက်ျားလေးများ၏ ရင်ခွင်ပေါ်၌ ရဲဝံ့စွာထိုင်တတ်သည်ကို အခါအားလျော်စွာ တွေ့မြင်နိုင်သည်။ ယခုမူ သူတို့သည် တရားဝင် လင်မယားပင် ဖြစ်သော်လည်း လက်ကိုင်ရသည်ကိုပင် လူမြင်မှာကြောက်နေရ၏။


 "ဟုန်ယန်၊ ဒီတစ်ပတ်ထဲ အာထရာဆောင်း ရိုက်ကြည့်ရအောင်"  


ဝမ်လီချမ်သည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ခါးကိုလည်း အသာအယာ ဖက်ထားလိုက်သည်။သူသည် မိခင်လောင်းများ မီးဖွားဖို့အတွက် ဗိုက်ထဲက သန္ဓေသားလောင်းအား ဘယ်အချိန်စစ်ဆေးရသည်၊ ဘယ်အချိန် သင့်လျော်သည်ကို မသိသလို ကိုယ်ဝန်အတွက်လည်း ဘယ်လိုစစ်ဆေးမှုမျိုး ပြုလုပ်ရမည်ကို မသိပေ။ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အာထရာဆောင်းရိုက်ရန် လိုအပ်ကြောင်း၊ အာထရာဆောင်းသည် ကလေး၏ ပုံသဏ္ဍာန်ကို မြင်နိုင်ကာ ကလေးကျန်းမာမှုရှိမရှိကိုလည်း သိနိုင်ကြာင်း သိသည်။


" အင်းပါ၊ ဒီနေ့ ရုံးက ဆရာမတွေ အတွက် အဆာပြေ မုန့်တွေ ဝေပေးလိုက်တယ်၊ရှင် လုပ်ထားတဲ့ ဘီစကွတ်တွေက အရသာရှိတယ်လို့ သူတို့က ေပြာကြတယ်"  


ဘီစကွတ်များက နို့အရသာရှိပြီး သိပ်လည်မချိုဘဲဆိမ့်နေကာ အရသာရှိလှသည်။ သူမသည် နေ့စဉ် အထုပ်ပေါင်းများစွာ စားသည်။


 "ကိုယ် လုပ်ထားတာ အရသာရှိလား"  


ဘီစကွတ်ထဲကို နို့မှုန့်ထည့်ဖို့ အစကတည်က စဉ်းစားမိသော်လည်း အာနိသင်က ဤမျှ ကောင်းေနမည်ဟု မမျှော်လင့်ထားပေ။သို့သော် နို့မှုန့်ထည့်ပါက၊ ကုန်ကျစရိတ်က အလွန်မြင့်မားသည်။ကုန်ကျစရိတ်ကို လျှော့ချရန်အတွက် နို့မှုန့်အစားထိုး နို့အရသာမှုန့်ကို အစားထိုးရှာဖွေနေသော်လည်း ယခုထိ ရှာမတွေ့ပေ။ ထို့ကြောင့် နို့အရသာဘီစကွတ်ထုတ်လုပ်ရန် အစီအစဉ်များကို ခေတ္တဆိုင်းငံ့ထားရသည်။


 "ဟုတ်... ဟုတ်တယ် ရှင်လုပ်သမျှ အကုန် အရသာရှိတယ်"


နောက်တစ်နေ့တွင် ဝမ်လီချမ်သည် ရှောင်ဟုန်ယန်ကို ကျောင်းသို့ လိုက်ပို့ေပးပြီးနောက် ကျန်းချမ်သို့ ကားစီးကာ သွားခဲ့သည်။ ယနေ့၊ လောကျုံးယုံနှင့်အတူ ဆိုင်ခန်းကြည့်ရမည်ဖြစ်သည်။ 


ကျန်းချမ်လက်ကားဈေးသည် အောက်ထပ်တွင် ဈေးဆိုင်များနှင့် အပေါ်ထပ်မှာ လူေနကြသည့် သီးသန့်တိုက်ခန်းတစ်ခုဖြစ်သည်။


တိုက်ခန်းများအား လိုက်လံကြည့်ရှုပြီးနောက်၊ ဆိုင်ခန်းများ၏ စျေးနှုန်းမှာ လောကျုံးယုံ ပြောသည့်အတိုင်းတကယ်မြင့်မားေလသည်။ သိပ်မထင်ရှားသော ဆိုင်ခန်းများသည် အနည်းဆုံး တစ်လ ယွမ် ၂၀၀ မှ စတင်ပြီး တစ်နှစ်စာငှားရမ်းခကို အကြေချေရမည်ဖြစ်သည်။


နောက်ဆုံး သူတို့သည် နေရာကောင်းသော ဆိုင်ခန်းတစ်ခုကို ပထမဆုံးမြင်လိုက်ကြရသည်။အခန်းက တံခါးပိတ်ထားသောကြောင့် အတွင်းကို မမြင်ရပေ။နေရာကောင်းပြီး အခန်းသန့်မှန်းတော့ သိသာသည်။ တံခါးကို အချိန်အတော်ကြာ ခေါက်ပြီးနောက် ဘေးအခန်းကလူက အခန်းပိုင်ရှင်သည် ဆွေမျိုးများဆီ အလည်သွားခြင်းဖြစ်ပြီး ဘယ်အချိန်ပြန်လာမည်မှန်း မသိဘူးဟု ပြောလာသည်။


 á€žá€°á€á€­á€Żá€ˇ ကံကောင်းတာလားမသိ၊ အတန်ကြာ၍ ပြန်ဖို့ပြင်နေချိန်မှာပင် ဆိုင်ခန်းတံခါးက ပွင့်သွားသည်။ဤတစ်ခါတော့ မျက်နှာစာတစ်ခုလုံး မြင်ကွင်းကို မြင်လိုက်ရ၏။အတွင်းပိုင်းသည် အလွန်ကျဥ်းကာ အလျားမှာ ၄မီတာအောက်သာ ရှိသည်ဟု ခန့်မှန်းရပြီး အနံမှာလည်း ၃မီတာနီးပါးသာရှိပြီး ဧရိယာကလည်း ၁၂ စတုရန်းမီတာပင် မရှိပေ။


အခန်းက နည်းနည်းတော့ သေးသည်ဟုဆိုနိုင်၏။ ဆိုင်ခန်းက သိပ်မကျယ်လျှင်ပင် နေရာအတွက် လောက်ငှဖို့လိုသေးသည်။ထုတ်ကုန်များအား လက်ကားရောင်းပြီး ကုန်ပစ္စည်းများစွာကို သိုလှောင်ရန် သေးငယ်လွန်းလှသည်။


 á€žá€°á€á€­á€Żá€ˇá€”á€žá€…á€şá€šá€ąá€Źá€€á€şá€œá€Żá€śá€¸ အနည်းငယ်စိတ်ပျက်သွားပြီး အိမ်ရှင်ဖြစ်ပုံရသည့် အမျိုးသားက သူတို့နှင့် စကားလာပြောသည်။ နှစ်ယောက်သား ဆိုင်ခန်း ငှားချင်ကြောင်း ပြောကြသော်လည်း ဆိုင်က သေးလွန်းသည်ဟု ခံစားမိသည်။


"ကျွန်တော့်နေရာက သိပ်ကောင်းတယ်၊အခန်းက ကြီးရင် အစကတည်းက ငှားထားတာ ကြာပြီပေါ့၊အခုလို လစ်လပ်နေမှာ မဟုတ်ဘူး၊ ခင်ဗျားတို့တောင် ကြည့်ခွင့်ရမှာမဟုတ်ဘူး"


ဝမ်လီချမ် တွေးကြည့်တော့လည်း မှန်သလိုလိုပင်။သို့ဖြင့် နှစ်ယောက်သား အိမ်ရှင်၏ ဖုန်းနံပါတ်ကို တောင်းပြီး ထွက်သွားခဲ့သည်။ထို့နောက် စားသောက်ရင်း စကားစမြည်ပြောဖို့ စားသောက်ဆိုင်ရှာကြ၏။


 "ကျုံးယုံ၊ ဒီဆိုင်ခန်းနဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"  


လောကျုံးယုံကတော့ ပြန်စဉ်းစားပြီး အဆင်ပြေသည်ဟု တွေးလိုက်မိသည်။ဆိုင်ခန်းတည်နေရာက တကယ်ကောင်းသည်။ဤဆိုင်ခန်းအား ငှားရမ်းပြီး ဆိုင်းဘုတ်ကြီးတစ်ခုပြုလုပ်ကာ ထုတ်ကုန်များကို ကြော်ငြာနိုင်ပေသည်။


ထို့အပြင်၊ ဝမ်လီချမ်သည် ယခုအခါအထွေထွေဖြန့်ဖြူးသူမဟုတ်၊ ထုတ်လုပ်သူဖြစ်သည်။ ဆိုင်မျက်နှာစာ ဘယ်လောက်ကြီးနေပါစေ၊ ပစ္စည်းများကို ကိုင်တွယ်ရမည့်သူမဟုတ်ပေ။ 


 " အစ်ကိုရော ကောင်းတယ်လို့ မထင်ဘူးလား"


လောကျုံးယုံကတော့ ငှား၍သင့်တော်နိုင်သည်ဟု ခံစားရပြီး ဝမ်လီချမ်၏ စကားအသုံးအနှုန်းအရ သူလည်း ငှားချင်ကြောင်း ထင်ရှား၏။


 "သွားရအောင်၊ ငှားရအောင်"


တစ်လကို ယွမ် ၂၀၀ ဖြင့် ငှားခ တစ်နှစ်စာကို တစ်ကြိမ်တည်းပေးရသည်။


ဖူချမ်သို့ပြန်လာပြီးနောက် ဝမ်လီချမ်သည် စတိုးဆိုင်အတွက် အစီအစဥ်ရေးဆွဲခြင်းနှင့် ဆိုင်းဘုတ်ပုံများကို စတင်ရေးဆွဲခဲ့သည်။ လက်လီအတွက် စတိုးဆိုင်တွင် တိုက်ရိုက် ရောင်းချ သည်။ အမြောက်အမြား ဝယ်ယူရန်အတွက် ဖုန်းဖြင့်ဆက်သွယ်၍ လူကိုယ်တိုင် ဆွေးနွေး နိုင်သည်။ထို့အပြင် အရောင်းစာရင်းများအတွက် ရှင်းလင်းပြတ်သားသော မှတ်တမ်းထားရှိရန် စာရေးဝာစ်ယောက် ခန့်အပ်ရပေဦးမည်။ 


ဝမ်လီချမ်သည် ရှောင်ဟုန်ယန်ကို ဆေးရုံသို့ အာထရာဆောင်းရိုက်ရန် ပို့ဆောင်ပြီးနောက် ကျန်းချမ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် လောကျုံးယုံကို ဆက်သွယ်ပြီး ဆိုင်ဝန်ထမ်းတစ်ဦး ခေါ်ေပးခိုင်းသည်။ တစ်လလျှင် ယွမ် ၂၀၀ ဆိုသော လစာသည် ဖူချမ်တွင် မြင့်မားသည်ဟု ယူဆသော်လည်း ကျန်းချမ်တွင်လည်း သိပ်မနည်းလှပေ။


ဆိုင်အတွက် ဆိုင်းဘုတ်အသစ်လုပ်ရန် စီစဉ်နေပြီး "ရှင်းလုံ ဘီစကွတ်သကြားလုံးဆိုင်" ဟုရေးမည်ဖြစ်သည်။ရှင်းလုံ ဆိုသည့် စကားလုံးကို ပိုကြီးအောင်ရေးရမည်ဖြစ်ပြီး ဘီစကွတ်များနှင့် သကြားလုံးများ၏ အရောင်အသွေးပုံများကို ဘီစကွတ်နှင့် သကြားလုံး ဆိုသည့် စာသားများအောက်တွင် တဆက်တည်း ရေးဆွဲရမည်။ ရှင်းလုံစားေသာက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၏ ဖုန်းနံပါတ်ကို ညာဘက်အောက်ထောင့်တွင် ရေးထားရမည်။


စက်ရုံသည် တယ်လီဖုန်းမတပ်ဆင်ရသေးသဖြင့် ဆိုင်းဘုတ်ပေါ်ရှိ ဆိုင်းဘုတ်မှာ ဖူချမ်ရှိ အပိုစားသောက်ကုန်ပစ္စည်းဆိုင်၏ တယ်လီဖုန်းနံပါတ်ဖြစ်သည်။လက်ကားဈေး၏ တစ်ဘက်ခြမ်းရှိ စတိုးဆိုင်များတွင် တယ်လီဖုန်းများ ရှိနေသည်ကို ဝမ်လီချမ် တွေ့ရသည်။ သို့သော်လည်း သူကတော့ ယခုလောလောဆယ် အကုန်အကျများနေ၍ ဖြည်းဖြည်းချင်း လုပ်ဆောင်ရပေမည်။


ပြီးလျှင် ပျံကျဈေးသို့သွားကာ စတိုးဆိုင်အတွက် ဗီဒိုနှစ်လုံးဝယ်၊ ပြန်ဆေးသုတ်ပြီး အသစ်ပြန်လုပ်ရသည်။ကျန်းချမ်၏ ဆိုင်ခန်းကိစ္စများ အပြီးတွင်၊ ဖူချမ်ရှိ စက်ရုံကိုကြည့်ရပြန်၏။ 


ဝမ်လီချမ်သည် ကျန်းချမ်နှင့် ဖူချမ်ကြားတွင် ပြေးေနသောကြောင့် ရှောင်ဟုန်ယန်သည် သူမအား ပစ်ထားသည်ဟု ခံစားမိသည်။ဝမ်လီချမ်သည် ယခင်က သူမအပေါ် ကောင်းခဲ့သော်လည်း ယခုဆို ကွာဟချက်များအလွန်ကြီးနေပြီဟု ခံစားလာရပြီး အနည်းငယ် စိတ်မသက်မသာဖြစ်လှသည်။


ဝမ်လီချမ် အလုပ်ရှုပ်နေ၍ သူမကပါ သူ့ကို စိတ်ဒုက္ခမပေးသင့်မှန်းသိသည်။ သူ့ကို ဒုက္ခမပေးဘဲ သူမဘာသာ နေတတ်အောင်နေတတ်ရမည်။သို့ေသာ်လည်း သူမ အတွေးများကို မထိန်းနိုင်ခဲ့ချေ။ 


တစ်နေ့တွင် သူမသည် အိမ်သာသို့သွားရင်း လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ သူမအကြောင်းပြောနေသည်ကို ကြားလိုက်ရသည်။


"ဆရာမရှောင်ရဲ့ခင်ပွန်းကို နင် ဘယ်လိုထင်လဲ၊ ဗိုက်မကြီးခင်တုန်းက နေ့တိုင်း လာကြိုတာ၊ အခု ဗိုက်ကြီးတော့မှ လာကိုမခေါ်တော့ဘူး၊ မနေ့ကလည်း သူမ တစ်ယောက်တည်း ပြန်သွားရတာ"


 "ဟုတ်တယ်၊ အစပိုင်းကတော့ သူ့မိန်းမကို ဂရုစိုက်ပြလိုက်တာများ၊ အချိန်အတော်ကြာပြီးမှ တကယ်စိတ်ရင်းပေါ်လာတော့တာလေ၊ အခုပဲကြည့်တော့....ပစ်ထားတာ"


 "ဟုတ်တယ်နော်"


 â€œá€Ÿá€Żá€á€şá€á€šá€şáŠá€„á€Ťá€ˇá€á€Żá€”á€şá€¸á€€á€†á€­á€Żá€œá€Šá€şá€¸ ဘာထူးလဲ၊ ကိုယ်ဝန်စရှိတဲ့နေ့မှာတင် ယောက္ခမကို ကြက်သားစွပ်ပြုတ်အိုးကြီးတစ်အိုး ပင်ပင်ပန်းပန်းချက်ကျွေးခဲ့ရတာ၊ငါ ဘယ်လောက်ပင်ပန်းလိုက်ရလဲ...နင်လည်း ကိုယ်ဝန်ရှိတဲ့အခါ မိသားစုဝင်တွေ ညှာတတ်၊မညှာတတ်ကို သိလိမ့်မယ်"


 á€˜á€Źá€œá€˛á€Ÿ....ရှောင်ဟုန်ယန်၏ ယောက္ခမကတော့ အပတ်တိုင်း ကြက်သားဟင်းချက်ကျွေးသည်။ ဝမ်လီချမ်က အလုပ်များနေတာကြောင့် သူမကို လာမကြိုဖြစ်တာပင်။သူသာ အလုပ်အားလျှင် သူမကို လာခေါ်မှာ သေချာသည်။


ဝမ်လီချမ်သည် ပိုက်ဆံအားလုံးကို စက်ရုံနှင့် ကျန်းချမ်ရှိ စတိုးဆိုင်ထဲသို့ ထည့်လိုက်သည်။ ကံကောင်းထောက်မစွာ၊ အပိုစားသောက်ကုန်ပစ္စည်းဆိုင် မပြောင်းရွှေ့ရတာပင်။ 


သူမ ကိုယ်ဝန်ရှိနေပြီဟုပြောကတည်းက၊သူမ သူ့စကားကိုနားမထောင်ဘဲ ဆိုင်ကိုသွားသည်။သူ့ခမျာ အပိုစားသောက်ကုန်ပစ္စည်းဆိုင်ကို ဂရုစိုက်ရန်လည်း အချိန်မရှိပေ။ သူ့အတွက် နေ့စဥ်လုပ်စရာက များလွန်းပြီး အချိန်လည်းမလောက်ငှပေ။


ရှောင်ဟုန်ယန်သည် ကိုယ်ဝန်ငါးလရှိပြီဖြစ်ပြီး ဝမ်လီချမ်က ညဘက်တွင် ဗိုက်ထဲက လှုပ်ရှားမှုကို နားထောင်တတ်သလို၊ တစ်ခါတစ်ရံတွင် ဗိုက်ထဲမှ ကလေးအား တီးတိုးစကားများပြောတတ်သည်။ပြီးလျှင် သူမကို ညတိုင်း ပွေ့ဖက်ပြီး တစ်နေ့တာ သူမ ဘာလုပ်ခဲ့သလဲဟု မေးတတ်ပြီး၊သူ ဘာလုပ်ခဲ့ကြောင်းကိုလည်း အကုန်ပြောပြသည်။အိပ်လျှင်လည်း သူမ၏ ဗိုက်ပေါ် လက်ကလေးတင်ထားပြီးမှ အိပ်စက်တတ်သူဖြစ်သည်။ 


 á€›á€€á€şá€Ąá€”ည်းငယ်ကဟဏသ္ဏ် လောကျုံးယုံက သူ့ကို ဆိုင်မှာကူညီပေးဖို့ ဝန်ထမ်းတစ်ယောက်ခေါ်ပေးသည်။ အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ပင်။သူသည် အမေလော၏ မွေးရပ်မြေမှ ဆွေမျိုးတစ်ဦးဖြစ်ကြောင်း သိရသည်။


ဝမ်လီချမ်သည် လောကျုံးယုံက ဆွေမျိုးနီးစပ်ထဲမှ ကောင်လေးအား ဝန်ထမ်းခေါ်ပေးသည်ကို မည်သို့မှ အထင်မလွဲပါချေ။လောကျုံးယုံက သူ့အကျိုးအတွက် လုပ်‌ေပးနေမှန်း သိသည်။တခြားသူသာဆိုလျှင် သူလည်း ဆိုင်ကို ကြည့်ခိုင်းမည်မဟုတ်ပေ။အထူးသဖြင့် ငွေရေးကြေးရေးကိစ္စများကို ဆိုင်ရှင်ကသာ ကိုယ်တိုင် စီမံခန့်ခွဲရမည်ဖြစ်ပြီး၊ အပြင်လူများကလည်း အမြဲတမ်း စိတ်မချရချေ။ထို့ကြောင့် စာရင်းနှင့်တကွ ဝန်ထမ်းအား မျက်နှာလွှဲထားရမည်ဖြစ်၏။


 "အဆင်ပြေတယ်ထင်ရင် မင်း လုပ်ပါ၊ ငါ မင်းကို ယုံတယ်"


လောကျုံးယုံသည် ဝမ်လီချမ်ကို လူငှားရန် ကူညီရန် သဘောတူပြီးနောက်၊ သူသည် စတိုးဆိုင်တွင် နေ့စဉ် ဆိုင်ကြည့်ေပးရန် လူရှာဖွေနေသည်။ အမေ‌ေလာကိုလည်း ပြောပြသည်။ ကျန်းချမ်တွင် တစ်လလျှင် လစာယွမ်၂၀၀သည် မနည်းလှပေ။


 "ဒါဆို အစ်ကိုလည်း လာကြည့်မှရမယ်၊ ဆိုင်ကိုတော့ ပစ်ထားလို့မဖြစ်ဘူး"


 á€…á€á€­á€Żá€¸á€†á€­á€Żá€„á€şáá€žá€ąá€Źá€ˇá€€á€­á€Ż ဝမ်လီချမ်က လောကျုံးယုံအား တစ်စုံပေးလိုက်သည်။မနေ့က ဆိုင်းဘုတ်လုပ်ပြီးသည်နှင့်၊ လောကျုံးယုံက တပ်ဆင်ပေးခဲ့၏။


ပြီးနောက် ဝမ်လီချမ်သည် ဗင်ကားတစ်စီးငှားပြီး ဂိုဒေါင်အတွင်းရှိ ကုန်ပစ္စည်းအားလုံးကို ပို့ဆောင်ခဲ့သည်။


ယနေ့က ကျန်းချမ်ကို သွားဖို့ လောကျုံးယုံနှင့် ချိန်းထားသည့်နေ့ဖြစ်သည်။ မနေ့ကတည်းက ဖူချမ် မှာ မိုးရွာနေပြီး လျှိုချန်မှာလည်း ရွှံ့လမ်းများသာ ရှိသည်။ မိုးရွာပြီးခါစဖြစ်၍၊ ေခြလှမ်းလှမ်းလိုက်တိုင်း ခြေထောက်က မြေကြီးထဲကို နစ်မြုပ်သွားတတ်သည်။ နှစ်နာရီကြာအောင် သွားပြီးသောအခါ ကျန်းချမ်သို့ သူတို့ ရောက်သွားလေသည်။


ထို့နောက် နေ့လယ်စာကို ရိုးရိုးရှင်းရှင်းစားပြီး ကုန်ပစ္စည်းများကို စတင်စီစဉ်ကြသည်။ ဝမ်လီချမ်သည် ကုန်ပစ္စည်းတစ်ခုစီ၏ လက်လီစျေးနှုန်းနှင့် လက်ကားစျေးနှုန်းများကို စာရင်းပြုစုပြီး လောကျုံးယုံ ၏ ဆွေမျိုး ရှောင်လီဆိုသည့် ဝန်ထမ်းကောင်လေးအား ပေးခဲ့သည်။


ဝမ်လီချမ်သည် စာရင်းဇယားများအား သေချာပြုစုထားပြီးဖြစ်သည်။ ရှောင်လီသည် စာရင်းကို နေ့တိုင်းစစ်ဆေးရမည်ဖြစ်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ဝမ်လီချမ်က စာရင်းစစ်ဆေးရန် လာရမည်ဖြစ်၏။ အခြားသူများက ဖုန်းဖြင့် ဆက်သွယ်နိုင်စေရန် အထူးလိပ်စာကတ်အချို့လည်း ပြုလုပ်ထားပြီးဖြစ်၏။ စီရင်စုအဆင့်ထိ ဖြန့်ဖြူးခြင်းအတွက် ပိုစတာများလည်း ရှိသည်။


နေ့တိုင်း ရှောင်လီအား ကွတ်ကီးနှင့် သကြားလုံးများ ရောင်းရန်ရှိေကြာင်း ဖောက်သည်များကို ပြောစေသည်။ အကယ်၍ လက်ကားရောင်းသူကြီးကြီးနှင့်တွေ့ပါက၊ အရသာမြည်းစမ်းကြည့်ရန် ဖူချမ်မြို့အထိ လာစားရန် ညွှန်းပေးရမည်။


ဆိုင်ထဲမှာ အကုန်ရှင်းပြပြီးပြီဖြစ်၍ မနက်ဖြန် ဆိုင်ဖွင့်ဖို့သာ ဝမ်လီချမ် စောင့်နေရတော့သည်။


ဝမ်လီချမ်သည် ယနေ့ လောကျုံးယုံကို ပြောရန် အရေးကြီးသော အရာများ ရှိနေသေးသည်။ လောကျုံးယုံ ကို ရှင်းလုံစားေသာက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွင် ရှယ်ယာ ဆယ်ရာခိုင်နှုန်း ပေးလိုသည့်ကိစ္စပင်။


 "အစ်ကိုဝမ် ဘာလုပ်နေတာလဲ"  


သူသည် မည်သည့်ငွေတစ်ပြားတစ်ချပ်ကိုမျှ ရင်းနှီးမြုပ်နှံထားခြင်း မရှိသောကြောင့် ရှယ်ယာများကို ယူလိုစိတ် လောကျုံးယုံမှာ မရှိပေ။


"လောကျုံးယုံ၊ မင်းမရီးရဲ့ဗိုက်ကလည်း ရင့်လာပြီ၊ငါ သူမနဲ့ အချိန်ပိုပေးချင်တယ်၊ဖူချမ်က စတိုးဆိုင်ကိုတောင် ငါ သိပ် ဂရုမစိုက်နိုင်ဘူး၊မင်းငါ့ကို ကူညီပြီး ကျန်းချမ်ကဆိုင်ကို ကြည့်ပေးသင့်တယ်"


 "ကျွန်တော် အချိန်ရရင် ဆိုင်ကို လာကြည့်မယ်၊ရှယ်ယာကိစ္စ မပြောပါနဲ့"


 á€žá€°á€œá€Šá€şá€¸ အစကတည်းက အားလျှင် လာကြည့်ဖို့ စဉ်းစားထားပြီးဖြစ်သည်။ဤစီးပွားရေးပုံစံက အလုပ်ဖြစ်ပါ့မလားဆိုသည်ကို သူသိချင်မိ၏။


 á€žá€™á€Źá€¸á€›á€­á€Żá€¸á€€á€ť အရောင်းပုံစံသည် ထုတ်ကုန်များကို တစ်အိမ်မှတစ်အိမ်သို့ ယူကာ ရောင်းချခြင်းဖြစ်သည်။ ဤကဲ့သို့ စက်ရုံထွက်ပစ္စည်းအား ဆိုင်တစ်ဆိုင်မှာ တင်ထား၍ မရွေ့မရှားရောင်းချမှုပုံစံကို မည်သည့်စက်ရုံမှာမှ သူ မမြင်ဖူးပေ။


 "မင်းနဲ့ ဦးလေးလောက ငါ့ကို အများကြီး ကူညီပေးခဲ့တယ်၊ ငါ့မှာ ပြန်ဆပ်စရာ ဘာမှ မရှိဘူး၊ မင်းကမှ ရှယ်ယာမယူချင်ဘူးဆိုရင် မင်း ငါ့စက်ရုံလေးကို စိတ်မဝင်စားလို့ပဲ"  


နောက်ဆုံးတွင် လောကျုံးယုံသည် ရှယ်ယာ၏ တစ်ဆယ်ရာခိုင်နှုန်းကို ရရှိခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ဝမ်လီချမ် သည် လောကျုံးယုံ ကို ဤဝေစုပေးမည်ဖြစ်သည်။ဤသည်က သူ၏ကိုယ်ပိုင်ကိစ္စဖြစ်၍ သူကိုယ်တိုင်သာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ 


နောက်နေ့တွင် ဆိုင်ဖွင့်မည်ဖြစ်သောကြောင့် ဝမ်လီချမ်သည် ဖူချမ်သို့ မပြန်ရပေ။ ရှောင်ဟုန်ယန် သည်လည်း တစ်ယောက်တည်း တစ်ညလုံး မီးဖွင့်ပြီး အိပ်စက်ခဲ့ရ၏။



xxxxxx