Chapter 25
Viewers 381

📽️Chapter 25

အခြေအနေ : ထိန်းသိမ်းထားခြင်း (၂)



ရန်ရှူက reality show တစ်ခု၏ ပုံမှန် ဧည့်သည်တစ်ယောက် ဖြစ်ပြီး ပထမseasonမှ လေးခုမြောက် seasonအထိ ဆက်တိုက်ပါဝင်သူ တစ်ယောက် ဖြစ်ခဲ့သည်။ 


ရှိုးအမည်မှာ ‘ငါမဟုတ်ဘူး' ဖြစ်သည်။ ယင်းက ပါဝင်သူများအနေဖြင့် ကိုယ်ကာယခွန်အားနှင့် IQများ ယှဥ်ပြိုင်ရသည့် ပရိုဂရမ်တစ်ခု ဖြစ်ပေသည်။ ပရိုဂရမ်၏ အမျိုးအစားက လွတ်မြောက်ရေးအခန်းပင်။ ဧည့်သည်များကို အုပ်စုလေးခု ခွဲထားပြီး မည်သည်အသင်းက ပထမဆုံး လွတ်မြောက်နိုင်မည်ကို ယှဥ်ပြိုင်ရခြင်း ဖြစ်သည်။ 


အဖွဲ့များအကြား သစ္စာဖောက်အဖွဲ့တစ်ခု ရှိသည်။ ထိုသူတို့က လျှို့ဝှက်ခန်းတစ်ခု ဖန်တီးခြင်းဖြင့် အဖွဲ့စုထားကြသည်။ ထိုအဖွဲ့က ကစားပွဲအတွင်း လွတ်မြောက်ရန် ကြိုးစားကြမည့် အခြားသုံးဖွဲ့ကို အခက်အခဲများ မြှင့်တင်ပေးရန်အတွက် နည်းလမ်းများစွာ အသုံးပြုရန် လိုအပ်ပေသည်။ 


ခက်ခဲမှု အဆင့်မြှင့်ရန်မှာလည်း သစ္စာဖောက်အဖွဲ့က အသုံးအဆောင်ပစ္စည်းများရရန်နှင့် အခြားအဖွဲ့များကို သတ်ရန် တာဝန်ကို လျှို့ဝှက်စွာ လုပ်ဆောင်ရန် လိုသေးသည်။ 


မကြာခဏဆိုသလို သစ္စာဖောက်အဖွဲ့က ပရိုဂရမ် မစတင်မီ မြေပြင်အနေအထားနှင့် ရင်းနှီးမှု ယူရပြီး အမျိုးစုံလှသော အသုံးပစ္စည်းများကို မှတ်သားကာ သူတို့၏ ရည်ရွယ်ချက် ပြည့်မြောက်ရန် အသုံးချရသည်။ 


တစ်ခါတစ်ရံ သံသယပျောက်စေရန်အတွက် အသုံးပစ္စည်းများကို အဖွဲ့အတွက် သုံးပေးရသည်။ ထိုမှသာ လူတိုင်းက ပုန်းအောင်းနေသူအစစ်ကို မခန့်မှန်းနိုင်ကြမည် ဖြစ်သည်။ 


အောင်အောင်မြင်မြင် ဖုံးကွယ်နိုင်ခဲ့ပါက သစ္စာဖောက်မှ တံဆိပ်လေးခု ရရှိမည် ဖြစ်သည်။  


သို့သော်လည်း ဖုံးကွယ်မှု မအောင်မြင်ခဲ့ပါက သစ္စာဖောက်၏ အထောက်အထားကို ချိုးဖောက်နိုင်သူက တံဆိပ်တစ်ခု ရရှိမည် ဖြစ်ပြီး ပထမဆုံး လွတ်မြောက်သူသည်လည်း တံဆိပ်တစ်ခု ရရှိပေမည်။ 


ဤပရိုဂရမ်ကြောင့်ပင် ရန်ရှူက "ရန်တရွှေ" ဟူသော နာမည်ပြောင် ရရှိခဲ့သည်။ 


သိသိသာသာပင် ယင်းက ဆန့်ကျင်ဘက်စကား ဖြစ်လာခဲ့သည်။ 


ရန်ရှူက နည်းလမ်းများကို ဝှက်စာဖော်ခြင်းနှင့် ပြဿနာ ဖြေရှင်းသည့်နေရာတွင် လုံးဝ အတွေ့အကြုံမရှိပေ။ ထိတ်လန့်ဖွယ်ရာများနှင့် ကြုံတိုင်း အခြားသူများထက် အကျယ်ကြီး အော်တတ်သူလည်း ဖြစ်သည်။ 


သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်း ဖြစ်သည်။ ရန်ရှူက တစ်ခါတစ်ရံ ရှိုးတွင် လွန်ကဲလှသော စိန်ခေါ်မှုများကို ပထမဆုံး ပြီးမြောက်သူ ဖြစ်တတ်သည်။ 


ရလဒ်အနေဖြင့် ဤရှိုးကို လာတတ်ကြသော ဧည့်သည်များက အနိုင်ရနိုင်ချေမြင့်သွားစေရန်အတွက် ရန်ရှူနှင့် တစ်ဖွဲ့တည်း မနေရန် ရွေးချယ်ကြပေလိမ့်မည်။ 


ရန်ရှူ အဝတ်လဲခန်းထဲတွင် အဆင်သင့်ပြင်ပြီးသွားသောအခါ သူ့အား စိတ်ရှုပ်စေမည့် အသံတစ်ခု ဝင်လာခဲ့သည်။

"အစ်ကိုရန်…" 


ရန်ရှူမှာ မျက်လုံးလှိမ့်လိုက်သည့် ပုံစံကို ဖုံးကွယ်မထားခဲ့ပေ။ အခုလေးတင်မှ ဝင်လာသည့် လျို့ရွှမ်းက မှန်ထဲမှ သူ့အမူအရာကို မြင်လိုက်ရသောအခါ သတိမထားမိပေ။ သူပြုံး၍ မေးလိုက်သည်။ 

"အစ်ကိုရန်... မတွေ့တာ ကြာပြီနော်... အခုတလော အလုပ်များနေတာဆို... ဒီရိုက်ကူးရေးမှာတောင် မမြင်ရတော့လောက်ဘူး ထင်နေတာ…" 


လျို့ရွှမ်းသည်လည်း ဤရှိုး၏ အမြဲတမ်းပါဝင်သူများ ထဲမှ တစ်ယောက်ပင်။ 


ပထမဆုံးseasonတွင် ရန်ရှူနှင့် လျိူ့ရွှမ်းတို့ တိုက်မိခိုက်မိသည်များ ရှိခဲ့ကြသော်လည်း မည်သူကမှ အချိန်အနည်းငယ်ကြာသည်အထိ ထုတ်မပြောခဲ့ကြပေ။ အဆုံးတွင် ရန်ရှူက ဟာသစစ်စစ်ဖြစ်ကာ လျို့ရွှမ်းထံတွင် အနည်းဆုံးတော့ အသိဥာဏ်နှင့် သတ္တိများ ရှိနေစဥ် ရန်ရှူထံ၌ လုံးဝ မရှိခဲ့ပေ။ 


ထပ်ပေါင်းပြောရလျှင် လျို့ရွှမ်းက ရန်ရှူထက် လေးနှစ်ငယ်ပြီး ကျော်ကြားမှုကလည်း ဤနှစ်များအတွင်း တည်ငြိမ်လာခဲ့သည်။ သူက ကောင်ငယ်လေးအဖြစ်မှ ယောကျ်ားတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ ယခင်က ကလေးသရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့သည်ဟူသော အချက်က ပြုစုပျိုးထောင်မှုစနစ်တွင် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။ 


ထိုအကြောင်းကြောင့် ရှိုးများ၌ အကျော်ကြားဆုံး ဖြစ်သွားစေခဲ့သည်။ 


လွန်ခဲ့သည့် နှစ်နှစ်အတွင်း ရန်ရှူ၏ အောင်မြင်မှု လျော့ကျသွားချိန်တွင် လူများစွာက ဤရှိုးတွင် ရန်ရှူကို လူစားထိုးတော့မည်ဟု ခန့်မှန်းခဲ့ကြသည်။ 


ထိုအကြောင်းအရင်းအတွက် လျို့ရွှမ်းက ရန်ရှူအတွက် ထုတ်ဖော်ပြောကြားပေးလာကာ ဝေ့ပေါ်တွင် ပိုစ့်တင်ပေးခဲ့သည်။ 

[ငါတို့လေးယောက်က အကောင်းဆုံး သူငယ်ချင်းဆိုးတွေပဲ] 


ရန်ရှူ့ဘက်က အလေးမထားသည်မှာ စိတ်မကောင်းစရာပင်။ 


အဓိကအကြောင်းအရင်းမှာ လျို့ရွှမ်းအား စိတ်ရှုပ်နေသည့် ရန်ရှူပင်။ 


လျို့ရွှမ်းက သူ့အား အမြဲတမ်း ထူးဆန်းသောပုံစံဖြင့် စကားပြောတတ်သည်။ 


ဒရာမာရိုက်ကူးရန် လက်မှတ်ထိုးစဥ်က ရန်ရှူက သူ့အပိုင်းများကို စောစောရိုက်ကူးမည်ဟု သဘောတူထားသည့်အတွက် ရိုက်ကူးရေးကာလအတောအတွင်း လိုအပ်သော အပိုင်းများကို ရက်အနည်းငယ်မျှဖြင့် အပြီးသတ်နိုင်ခဲ့သည်။ 


ထို့နောက် ရိုက်ကူးရေးအဖွဲ့က အခြားသူများ၏ ရိုက်ကွက်များကို ကနဦး ရိုက်ကူးပေလိမ့်မည်။


ရန်ရှူက လျို့ရွှမ်း လာတွေ့ချိန်မှာလည်း အလုပ်ရှုပ်ခံ ရှင်းပြမနေခဲ့ပေ။ သူက အစိုထိန်းစပရေးကို ကောက်ယူကာ မျက်နှာထက်တွင် ဖြန်းလိုက်သည်။ တမင်တကာ လုပ်သည်လား မသိရသော်လည်း လျို့ရွှမ်းသည်လည်း အကြိမ်အနည်းငယ် အဖြန်းခံလိုက်ရသည်။ 


လျို့ရွှမ်းက ပြင်ဆင်ထားခြင်းမရှိသဖြင့် မျက်လုံးများ ဖွင့်ထားမိလေရာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်အထိ အဖြန်းခံလိုက်ရသည်။ 


“အာ... ရှောင်လျို့ ဖြစ်နေတာကိုး…"

ရန်ရှူမှာ သူ့အား ယခုမှပင် မြင်လိုက်ရသည့်အလား နှုတ်ဆက်လိုက်သည်။ 


လျို့ရွှမ်းက ဒေါသတကြီး ရယ်မောလိုက်ပြီး မျက်လုံးကို မနည်းဖြဲဖွင့်ကာ ရန်ရှူကို မေးလိုက်သည်။

"အစ်ကို့ရဲ့ ဘောစ့်အသစ်က အစ်ကို့ကို တကယ် ဂရုစိုက်တာပဲနော်... စုတျန့်တျန့်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စကို ကြည့်တာနဲ့ သိနိုင်တယ်…" 


"မင်းက ငါ့ကို ဂရုစိုက်နေတယ်ပေါ့လေ…" 


"ဒါပေါ့... အစ်ကိုရန်ကလည်း ကျွန်တော့်ကို ညီငယ်လေးတစ်ယောက်လို အမြဲ ဂရုစိုက်ပေးတာပဲဟာ... ကျွန်တော့်ရဲ့ Wechatမက်ဆေချ့်တွေကို တစ်ခါမှ စာမပြန်ဖူးပေမယ့်ပေါ့လေ…" 


ရန်ရှူက လျို့ရွှမ်း၏ အသံအနေအထားကို နားလည်ရန် ကြိုးစားလိုက်သည်။

"အာ... မင်း မနေ့က ရိုက်ကွင်းနဲ့ ရင်းနှီးမှု ရှိအောင် သွားခဲ့သေးတာလား…" 


"လာမလိမ်နဲ့နော်... အာ... မနေ့က အပြင်ထွက်သွားတာလည်း တွေ့လိုက်သေးတယ်…" 


"မင်းတကယ် ထွက်လာပြီးတော့ ဘယ်သူဖြတ်သွားလဲ ဆိုတာသိရဖို့ ရိုက်ကွင်းအပြင်မှာ ငုတ်တုတ်ထိုင်ချင်နေတာလေ…" 


လျို့ရွမ်းက သူ့အပြုအမူကြောင့် အံ့သြမသွားဘဲ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဝင်ထိုင်ပုံမှာလည်း အရိုးမရှိသူကဲ့သို့ ခြေပစ်လက်ပစ် ထိုင်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမေးလာ၏။

"ကောင်းကောင်း ထိုင်ခဲ့ရဲ့လား…" 


"ဟင့်အင်း... ဝန်ထမ်းက မောင်းထုတ်လိုက်လို့…" 


"အစ်ကိုရန်ရဲ့ ချဥ်းကပ်ပုံတွေက အမြဲတမ်း စမတ်ဖြစ်နေတာပဲနော်…" 


“…” 

သူ စကားပြောသည့် ပုံစံကို ကြားလိုက်ရသောအခါ ရန်ရှူမှာ လျို့ရွှမ်းက သူ့အား သရော်နေသည် ဟုပင် ခံစားလိုက်ရသည်။ 


ရန်ရှူက ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်သော်ငြား မက်ဆေချ့်တစ်စောင်မှ မတွေ့ရပေ။ ထို့ကြောင့် ဖုန်းကစားရန် ပြင်လိုက်သည်။ 


လျို့ရွှမ်းက သူ့အပြုအမူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"အစ်ကိုရန်... ကျွန်တော့်လက်ထဲမှာ ဇာတ်လမ်းတစ်ခု ရှိတယ်... ဒါကြောင့် အစ်ကို့ကို ရှာဖို့ ဒီနေရာကို အထူးတလှယ် လာလိုက်ရတာ…" 


ထိုစကားကို ကြားသောအခါ ရန်ရှူ နှာမှုတ်လိုက်သည်။ 

"ငါက သရုပ်ဆောင် မတော်ဘူးလေ... အရင်ဆုံး ရုပ်ရှင်နာမည်ကို မေးရမှာ…" 


"ထန်ကျိုက် ဒရာမာ... စာအုပ်က ကောင်းတယ်…" 


ရန်ရှူ အသိပြန်ဝင်လာသောအခါ လျို့ရွှမ်းကို လှည့်ကြည့်လိုက်သည်။

"ဒီစာအုပ်ကို မင်းရဲ့ ပရောဂျက်အဖြစ် လက်ခံလိုက်တယ်ပေါ့လေ... ရိုက်ပြီးသွားရင် မလွှင့်ဖြစ်လောက်ဘူးနော်... စိတ်ပြင်ဆင်ထားပြီးပြီလား…" 


"ကျွန်တော် သိပ်နားမလည်ပါဘူး... ဒါကအဖွဲ့အကြီးကြီးနဲ့ ရိုက်မယ့် အင်တာနေရှင်နယ် ရုပ်ရှင်လေ…" 


သို့သော်ငြား ထိုရုပ်ရှင်ကို ပြည်တွင်၌ မထုတ်လွှင့်နိုင်ပေ။ ထို့ကြောင့် ပလပ်ဖောင်းမှ နည်းလမ်းတစ်ခု ရှာပြီးနောက် ဖက်စပ်စွန့်စားမှု စီးပွားရေး နည်းလမ်းတစ်ခု ရလာခဲ့သည်။ ရလဒ်အနေဖြင့် ပြည်ပတွင် ဦးစွာလွှင့်ပြီး ထိန်းချုပ်မှုများ မတင်းကြပ်တော့သည့်အခါတွင်မှ အဖွဲ့က ပြည်တွင်းတွင် ပြသနိုင်မည့်ဗားရှင်းတစ်ခု ဖန်တီးမည် ဖြစ်သည်။ 


စဥ်းစားကြည့်ပြီးနောက် ရန်ရှူ ထပ်မေးလိုက်သည်။

"မင်းက ငါ့ကို ပါဝင်ဖို့ ဖိတ်ချင်တာလား...ငါ ပါရမဲ့နေရာက အထက်ပုဂ္ဂိုလ်လား... ဘော်တွန်နေရာလား…" 


ထိုစကားကို ကြားသောအခါ လျို့ရွှမ်းတစ်ယောက် သဘောတကျ ဖြစ်သွားလေသည်။

"ဒီလို ပြောရဲဖို့ ဘယ်ကနေများ ကွန်ဖီးဒန့် ရလာခဲ့တာလဲ…" 


လျို့ရွှမ်းက ရန်ရှူထက် ငယ်သော်ငြား 186စင်တီမီတာ ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက်တောင့်သည်။ 


178စင်တီမီတာ မြင့်ပြီး ပိန်သွယ်သော ရန်ရှူရှေ့တွင် ရပ်နေသည့်အခါ သဘာဝကျကျပင် မည်သို့မှ သုညလေးတစ်ယောက်ဘဝသို့ လျော့ကျသွားမည် မဟုတ်ပေ။  


ရန်ရှူက နှုတ်ခမ်းတွန့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘာလို့ ငါ့ကို စဥ်းစားမိတာလဲ…" 


"ပမာဏက ကြီးကျယ်မှတော့ ထွင်လုံးတွေလည်း ရှိလာမှာပဲလေ…" 


"ငါ ပါမှာ မဟုတ်ဘူး…"

ရန်ရှူက ချက်ချင်းပင် တုံ့ဆိုင်းခြင်း အလျင်းမရှိ လက်ယမ်းပြလိုက်သည်။ 


လျို့ရွှမ်းက ပဟေဠိ ဖြစ်သွားပြီးနောက် ထပ်မေးလိုက်သည်။

"ဘာလို့လဲ... အစ်ကိုက တကယ် ရှေးရိုးဆန်တဲ့သူပဲလား... ကျွန်တော်တော့ မပြောနိုင်တော့ဘူး... အစ်ကို့မှာ ပင်လယ်ဘုရင်ကြီးရဲ့ မျက်နှာမျိုး ရှိနေပေမယ့် ကျောက်စိမ်းတွေနဲ့ စောင့်ကြပ်ခံထားရသလိုပါပဲလား…" 


"ငါကတော့ ဒီနေ့ ငါ့မှာ ရှိတဲ့အရာတွေနဲ့ ပျော်နေပြီးသားပဲ... ပြီးတော့ ငါက အောင်မြင်ဖို့အတွက် ချစ်ခန်းကြိုက်ခန်းတစ်ခု ရှိစရာ မလိုဘူး…" 


ဇာတ်ညွှန်းကောင်းများက အလျှံအပါယ် ရှိနေသည့်အတွက် သူ့ကိုယ်သူ ဤနေရာမှာသာ ကန့်သတ်ထားရန် မလိုအပ်ပေ။ ထို့အပြင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဒရာမာများတွင် ကူးပြောင်းသရုပ်ဆောင်ချင်ခဲ့သည်။


ထပ်ရှိသေးသည်မှာ ပြည်တွင်း၌ ကြန့်ကြာနိုင်သော အမျိုးအစားတစ်ခုက အဆုံးတွင် အောင်အောင်မြင်မြင် ထုတ်လွှင့်နိုင်ရန် မသေချာပေ။ ပထမဆုံးအကြိမ်၌ အမှန်ပင် ကျော်ကြားသွားနိုင်သော်လည်း သူက ရှေ့ဆောင်လမ်းပြ မဖြစ်ချင်ပေ။ 


ထိုအခိုက် ရန်ရှူ၏ ဖုန်းထဲသို့ မက်ဆေချ့်တစ်စောင် ရောက်လာသည်။ သူချက်ချင်း ဖုန်းဖွင့်၍ စာဖတ်လိုက်ရာ နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်သွားပြီး လက်ချောင်းများ တတောက်တောက် ခေါက်၍ စာမြန်မြန် ပြန်လိုက်သည်။ 


လျို့ရွှမ်းက သူ့ကို ကြည့်နေရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ…" 


"သူငယ်ချင်းတစ်ယောက်..." 


"ဆွေ့ဟို့ယွီလား…" 


“…” ရန်ရှူ ချက်ချင်း ပြန်မဖြေလိုက်ပေ။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မရေမရာ ပြန်ဖြေလိုက်သည်။ 

"အင်း…" 


လျို့ရွှမ်းက ဆက်ပြောလာသည်။

"ရက်နည်းနည်းလောက်နေရင် စာအုပ်ကို မေးလ်ပို့ပေးမယ်... အစ်ကိုက ဇာတ်ကြောင်းရဲ့ အပုံငါးဆယ်မှာ တစ်ပုံလောက်ပဲ ပါရမှာ... ဒါပေမယ့် သေချာပေါက် ထင်းထွက်နေမှာနော်…" 


"ငါ တကယ့်ကို မလုပ်ချင်တာ…" 


လျို့ရွှမ်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မေးခွန်းပြောင်းမေးလိုက်သည်။

"အစ်ကိုရန်... အစ်ကို့ရည်းစားဟောင်းက ဘယ်လိုပုံစံမျိုးလဲ…" 


စာရိုက်နေသော ရန်ရှူ၏ လက်များ ရပ်သွားပြီး လျို့ရွှမ်းကို မော့ကြည့်လာခဲ့သည်။ 


လက်ရှိတွင် အဝတ်လဲခန်းထဲ၌ သူတို့နှစ်ယောက်တည်းသာ ရှိနေကြလျှင်ပင် ထိုကိစ္စက အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်နေသည်။ 


လျို့ရွှမ်းက သူ့ကို စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်နေသည်။ 


သူက စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်သည်။

"ငါတို့က ဒီလောက်ထိ ရင်းနှီးလို့လား…" 


"အို့..."

လျို့ရွှမ်း ထရပ်ကာ အပြင်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ရပ်သွားလေသည်။ သူက မပြောရမနေနိုင် ပြောသွားခဲ့သေးသည်။

"အစ်ကိုရန်... ထပ်စဥ်းစားကြည့်ပါဦး... ကျွန်တော် တကယ်ပြောနေတာ... အစ်ကိုက ကျွန်တော် စဥ်းစားမိတဲ့ ပထမဆုံး ရွေးချယ်မှုပဲ…" 


"အင်း…"

ရန်ရှူက ယောင်ဝါးဝါး ပြန်ဖြေလိုက်သည်။ 


လျို့ရွှမ်းက မှန်ထဲမှ ရန်ရှူကို အချိန်အတော်ကြာ ကြည့်နေခဲ့ပြီးမှ တံခါးဖွင့်၍ ထွက်သွားသည်။ 


ဖုန်းမျက်နှာပြင်ထက်တွင် စန့်ရှန်းထံမှ မက်ဆေချ့်တစ်ခု ရှိနေခဲ့သည်: [အရက်သောက်မှာလား…] 


RS: [ပထမဆုံးအပိုင်း လွှင့်တဲ့အခါ အထိမ်းအမှတ်အဖြစ် သောက်ရမယ်... တကယ်တော့ ရိုက်ကူးရေးအဖွဲ့က ငါ့အပေါ် တကယ်ကောင်းကြပါတယ်.... ဒါပေမယ့် ငါလည်း အများကြီး မသောက်မိအောင် ထိန်းမှာပါ...] 


X: [အဲ့ဒီစုတျန့်တျန့်ဆိုတဲ့လူက ကိုယ့်အကြောင်း စုံစမ်းနေတယ်…] 


RS: [လက်သုံးဖက် ရှိရင်တောင် ရှာမတွေ့စေရဘူး…] 


X: [မင်း ဂရုစိုက်နေတာ ကောင်းမယ်... လျှော့သောက်နော်…] 


RS: [အင်း... ကောင်းပြီလေ...] 


X: [ရိုက်ကူးရေးပြီးရင် ကိုယ်လာတွေ့မယ်လေ…] 


RS: [ဟိုတယ်ကို လာမလို့လား... သတင်းထောက်တွေ ပုန်းနေကြလောက်တယ်နော်…] 


X: [နည်းလမ်းတစ်ခုခု စဥ်းစားလိုက်မယ်…] 


RS: [အသံတွေ ကြားနေပြီ... ရိုက်ကူးရေး စတော့မယ်ထင်တယ်…] 


X: [အိုကေ... သိပြီ…] 


RS: [ငါ ဖုန်းမခေါ်ခင်အထိ ရေချိုးခန်းထဲကို ကိုယ့်ဘာသာ ဝင်မသွားရဘူးနော်…] 


X: [အသံမက်ဆေချ့်…] 


ရန်ရှူက သူခိုးလေးတစ်ယောက်ကဲ့သို့ ဟိုကြည့်သည်ကြည့် ကြည့်ကာ အသံမက်ဆေချ့်ကို ဖွင့် နားထောင်လိုက်သည်။ အကြောင်းအရာမှာ အလွန် ရိုးရှင်းလှသည်။ စာကြောင်းတစ်ကြောင်းတည်းသာ ဖြစ်ပေသည်။

"အင်း... ကောင်းပြီလေ…" 


သို့သော်ငြား ရယ်သံသဲ့သဲ့က ရန်ရှူ၏ နှလုံးသားထဲသို့ အမှန်ပင် ဝင်ရောက်သွားခဲ့သည်။ 


ပြောရလျှင် စပီကာမှ အသံက အစစ်အမှန်ဖြစ်ပြီး ရယ်သံကလည်း နားထောင်ကောင်းသည်။ 


ရှောင်ချီ ပြန်မလာမီအထိ ရန်ရှူက လေးငါးခြောက်ကြိမ်လောက် နားထောင်ခဲ့သည်။ 


ပရိုဂရမ်ကို စတင် ရိုက်ကူးလေဖြစ်သည်။ ပထမဆုံးအပိုင်းမှာ အဖွဲ့သားများ ဖမ်းရန်ဖြစ်ပြီး တောင်စဥ်ရေမရ စကားများ ပြောကြသည့်အပိုင်း ဖြစ်သည်။ 


ဤလင့်ခ်ကို ပရိုဂရမ်ဖန်များက "ပီပီ" လင့်ခ်ဟု ခေါ်ကြသည်။ 


အချိန်နှင့်အမျှ အချိန်အကြာကြီး တိတ်ဆိတ်မှု ရှိလာမည် ဖြစ်ပြီး လူတိုင်းကလည်း ကျင့်သားရနေကြလေသည်။ 


ဤအရှိန်အဟုန်ကို ရန်ရှူက ပြန်လည် ယူဆောင်လာပေးခဲ့သည်။ ကမ္ဘာပေါ်မှ ကြေးနန်းများကဲ့သို့ "သကြားဓါတ်" များစွာ ပါဝင်ပေသည်။ 


လျို့ရွှမ်းက ကိရိယာများ တပ်ဆင်နေရင်း ရန်ရှူကို သာမန်ကာလျှံကာ မေးလိုက်သည်။

"အစ်ကိုရန်... အစ်ကို့ပါးစပ်က ကြီးလွန်းလို့ ရေတောင် ထွက်ကျတော့မှာလား…" 


ရန်ရှူက အနီးကပ်ရိုက်ချက်မှာ သူ့နှုတ်ခမ်းများပေါ်တွင် ရှိနေကြောင်း သိနေသဖြင့် ချက်ချင်း နှုတ်ခမ်းစေ့ကာ ပြန်ဖြေလိုက်သည်။

"မင်းရဲ့ နှာခေါင်းက ကြီးလွန်းလို့ နှပ်ချေးဖတ်တွေတောင် သူ့ဘာသာ ပန်းထွက်လာလောက်တယ်…" 


ပုံမှန်ဧည့်သည်များတွင် မိန်းကလေးတစ်ယောက်တည်းသာ ရှိပြီး သူမက ချက်ချင်းဆိုသလို ရယ်မောလိုက်သည်။

"တအား ညစ်ညစ်ပတ်ပတ်တွေ ပြောနေကြတာပဲ…" 


ရန်ရှူက သူမကို လက်ယပ်ခေါ်လိုက်သည်။

"ဒီကိုလာခဲ့…" 


လျို့ရွှမ်းက တစ်ခဏမျှ တွေးလိုက်ပြီးနောက် သူမကို ပြန်ဖြေလိုက်သည်။

"သူ့ကို မကြွေသွားစေနဲ့... ဒီငတုံးက WeChatကနေ စာမပြန်ဘူး…"


အမျိုးသမီးဧည့်သည်က သိလိုစိတ်အပြည့်ဖြင့် ခေါင်းထောင်လာခဲ့သည်။

"အမ်... မိန်းကလေးတွေက နင့်Wechatကို စာမပြန်ကြဘူးလား…" 


လျို့ရွှမ်း ခေါင်းယမ်းကာ ရန်ရှူထံ လက်ညှိုးထိုးပြလိုက်သည်။

"အဲ့ဒါ အစ်ကိုရန်လေ... သူက ကျွန်တော့်မက်ဆေခ်ျ့တွေကို စာမပြန်တဲ့အပြင် စကားပြောတဲ့အခါလည်း ရေလိုက်ငါးလည်း လိုက်မပြောပေးဘူး…" 


ရန်ရှူက ချက်ချင်းဆိုသလို လျို့ရွှမ်းအား မေးလိုက်သည်။ 

"ဘယ်သူ့ကို လာကြိမ်းမောင်းနေတာလဲ…" 


“Wechatမှာ စာမပြန်တဲ့သူတွေကိုပါနော်…" 


"ငါက အလုပ်များနေတာ မဟုတ်လို့လား…" 


"နှစ်ဝက်လောက် ဘာအလုပ်မှ မလုပ်ဘူးလေ... ဘာတွေ အလုပ်များနေတာလဲ…" 


"ငါ..."

တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ရန်ရှူ ပြန်ဖြေလိုက်သည်။

"အကစတူဒီယိုထဲမှာ လေ့ကျင့်နေတာ..." 


ခရီး၏ ဒုတိယပိုင်းတွင်လည်း ရန်ရှူနှင့် လျို့ရွှမ်းတို့ ရန်ဖြစ်ခဲ့ကြသေးသော်လည်း အခြားဧည့်သည်နှစ်ယောက်က ဆွဲခွာပေး၍ အဆုံးသတ်သွားခဲ့သည်။ 


ရန်ရှူ အသက်လုရှူနေရသည်ကို မြင်သောအခါ လျို့ရွှမ်းက မရယ်ဘဲ မနေနိုင်တော့ပေ။ 


ယာယီဧည့်သည်များက ရိုးရှင်းသောဂိမ်းများကိုသာ ကစားရန်လိုပြီး နိုင်ပြီးသွားမှသာ သူတို့၏ တွဲဖက်များကို ရွေးချယ်ခွင့်ပြုပေးသည်။ 


ယေဘုယျအားဖြင့် ပထမဆုံး ဧည့်သည်၏ ရွေးချယ်မှုက လျို့ရွှမ်းသာ ဖြစ်ပေမည်။ လျို့ရွှမ်းက ရှိုးတွင် အနိုင်ရချေအမြင့်ဆုံးဖြစ်သည်။ 


ဒုတိယအကြောင်းပြချက်က လျို့ရွှမ်းမှာ အလွန်ကျော်ကြားသဖြင့် သူနှင့်တွဲလျှင် ရိုက်ကွက်များစွာ ရရှိနိုင်သည်။ 


ယနေ့၏ ယာယီဧည့်သည်များတွင် အနိုင်ရရှိသူက ကပြားမော်ဒယ်ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုသူက အရပ်ရှည် ကြံ့ခိုင်ပြီး ချောမောသော အသွင်အပြင် ရှိကာ စတိတ်စင်ပေါ် ပေါ်လာသည်နှင့် အခြားသူများထံမှ အာမေဋိတ်သင်္ကေတများ ပေါ်ထွက်လာစေခဲ့သည်။ 


ထိုဧည်သည်၏ ရွေးချယ်မှုက... "ရန်ရှူ" ဖြစ်နေခဲ့သည်။


အခြားသူများ ထိတ်လန့်သွားကြရုံသာမက ရန်ရှူကိုယ်တိုင်ပင် တစ်ခဏမျှ အံ့သြသွားပြီး ချက်ချင်း မတုံ့ပြန်နိုင် ဖြစ်ခဲ့ရရသည်။ 


ထို့နောက် ပြုံးပြလိုက်သည်။

"မင်းရဲ့ အမြင်အတွက် အရမ်းကျေးဇူးတင်ပါတယ်နော်…" 


လျို့ရွှမ်းက ထိုအခိုက်တွင် များများစားစား မဖော်ပြလာသော်လည်း ကပြားမော်ဒယ်လေးကို တစ်လှည့် ရန်ရှူကို တစ်လှည့် ကြည့်နေခဲ့သည်။ 


သူ့မျက်လုံးများက ရှေ့နောက် ရွေ့လျားသွားပြီးနောက် အဆုံးတွင် ပြန်လည် ဆုတ်ခွာသွားလေသည်။



📽️