Chapter 85
Viewers 11k

👨‍❤️‍👨Chapter 85



နွေဦးဆောင်းဦးခန်းမ၏ သုတေသနအသင်းကလည်း အထင်ကြီးခံရမှုများနှင့် စာရင်းထဲ ပါလာခဲ့လေသည်။


ဓာတ်ပုံက သူတို့ တွေ့ဆုံပွဲတွင် ရိုက်ထားချိန်က ပုံဖြစ်ပြီး သွမ့်ရှူးထုံနှင့် ဟန်လင်က ထင်းနေသည်။ 


အစပိုင်းတွင် ဗီဒီယိုက အာရုံစိုက်မှု သိပ်မရခဲ့သေးပေ။ အင်တာနက်ပေါ်က လူများက ခေါင်းစဥ်မြင်ပြီးသည်နှင့် ဝင်မကြည့်ချင်ဖြစ်ခဲ့သည်။


[" ဘာပြောချင်တာပါလိမ့်....တစ်ခြားသူတွေက အရမ်းချောတာပဲ...အရည်အချင်းရှိတယ်...ရုပ်ချောတယ်ဟေ့..."]


[" လူတော်တွေက စကားလုံး ရိုင်းရိုင်းတွေ မပြောဘူး...ငါကတော့ ဗီဒီယိုရဲ့ ၄၀မိနစ် ၁၅စက္ကန့်မှာ ပါသွားတဲ့ မီးသတ်သမားအစ်ကိုကြီးကို သဘောကျတယ်...ပြီးတော့ ဆေးနယ်ပယ်က အစ်ကိုကြီးကိုရော...."]


["နက္ခတ္တဗေဒက ညီမလေးကလည်း အရမ်း တက်ကြွတာပဲ...ချစ်သွားပြီ..."]


[" သူတို့အားလုံး အရမ်း ငယ်သေးတယ်ဆိုတာ အမှန်ပါပဲ...သူတို့ကို ကြည့်လိုက်...ပြီးရင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်...လက်ထဲက မုန့်တောင် ရုတ်တရက် စားမကောင်းတော့သလို ဖြစ်သွားလိမ့်မယ်..."]


[" အများကြီး မပြောတော့ဘူး တစ်ခွန်းပဲ ပြောမယ်...တော်ကြတယ်ဟေ့..."]


[" သူတို့က အဓိကအင်အားဆိုတာ အမှန်ပါပဲ...ပြီးတော့ ငါကတော့ အင်း....ဘာမှမလုပ်ပဲ နေတဲ့သူပေါ့..." ]


["ကိုးကွယ်ပါတယ်...ကိုးကွယ်ပါတယ်...အမိမြေက အနာဂတ်မှာ သူတို့ကို မှီခိုအားထားရမှာ..."]


[" အငယ်ဆုံးက ၂၄နှစ်ပဲ ရှိသေးတာ...ငါ့တစ်မိသားစုလုံး အံ့သြသွားကြတာ..၂၄နှစ်တုန်းက ငါဆို ဆရာရဲ့ သင်ခန်းစာကို နားထောင်နေတုန်းပဲ ရှိသေးတယ်..."]


[" အပေါ်ထပ်က လူရေ...၂၄နှစ်ဆိုလို့ ငါလည်း တကယ် အံ့သြသွားခဲ့တာ..."]


[" မင်းတို့ ဆေးနယ်ပယ်က မောင်လေးကို ပြောနေကြတာလား...တစ်ယောက်ယောက်နဲ့ ဆင်တယ်လို့ မတွေးမိကြဘူးလား...အရင်တုန်းက အင်တာနက်ပေါ်မှာ ပြဿနာတွေ အများကြီး ဖြစ်ခဲ့တာလေ...အဲ့ဒီမောင်လေးရဲ့ ကုမ္ပဏီကလည်း အတိုင်ခံခဲ့ရသေးတယ်..."]


["သိပ္ပံပညာကို မေးကြည့်လိုက်..."]


[" နာမည်ကြီး သိပ္ပံပညာဆိုတာကို ရှာကြည့်လိုက်..."]


ဘလော့ဂါမှာ ရွေးစရာမရှိတော့၍ ယခင်က သတင်းပါသည့် လင့်ကို ပစ်ပေးလိုက်သည်

[ " ဆေးအသစ် ထုတ်တဲ့အချိန်တုန်းက လူအများစုရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်...ငါလည်း အဲ့ဒီတုန်းက မယုံခဲ့ဘူးပေါ့...နောက်ပိုင်း အမျိုးတစ်ယောက်က သုံးကြည့်ပြီး တော်တော်လေး ထိရောက်မှုရှိတာကို သိခဲ့ရချိန်မှာ ငါ တကယ့်ကို ရှက်ခဲ့မိတယ်....သူတို့ တော်တော် တော်ကြတာပဲ..."]


အကြောင်းတစ်ချို့ကြောင့် ဖရဲသီးစားမိသွားကြသည့် အင်တာနက်ပေါ်က လူများ "...."


ဒါက နတ်ဘုရားအဆင့် ဆရာကြီးပဲ။ တစ်ခြား ဘယ်သူနဲ့မှ ယှဥ်လို့မရဘူး။


[" ငါ နားမလည်တာကလေ သူဘာလို့ အစတုန်းက skincareတွေ လုပ်နေခဲ့တာလဲ ဆိုတာ...ဒီလောက်ဆို ဆေးထုတ်လို့ ရနေပြီ မဟုတ်ဘူးလား..."]


ဖုန်ရန်က တိတ်တိတ်လေး ဖရဲသီးစားနေရင်းမှ ထိုကောမန့်ကို မြင်သောအခါ အမြန်ဝင်ပြောလိုက်သည် [" နွေဦးဆောင်းဦးခန်းမက အရင်တုန်းက အဆုံးသတ်ထိ မလုပ်နိုင်ခဲ့ဘူး...ပြီးတော့ အဲ့ဒီအချိန်တုန်းက ဆေးအသစ်အတွက် သုတေသနလုပ်ဖို့ အရင်းအနှီးမရှိခဲ့တာလည်း ပါမှာပေါ့..." ]


[" အရမ်း ဥာဏ်ကောင်းတာပဲ....ပိုက်ဆံမရှိသေးလို့ အရင်ဆုံး ပိုက်ဆံရှာတယ်....ပြီးတော့ ပိုက်ပိုက်ရှာနိုင်ပြီးမှ အကြီးကြီး လှုပ်ရှားခဲ့တာပဲ..."]


နတ်ဘုရားက ချီးကျူးခံနေရသည်ကို မြင်ရမှ ဖုန်ရန်က စိတ်အေးသွားပြီး ဗီဒီယိုကို ပြန်ကြည့်လိုက်ကာ ဝေ့ပေါ်တွင် ပြန်တင်ပေးလိုက်သည်။


သူမတင်မက "ဗွီ"ရရှိထားသူများလည်း likeနှိပ်ပြီး ပြန်တင်ပေးကြသည်။


ယန်မြို့တော် နေ့စဥ်သတင်းမှ ထိုသတင်းက အင်တာနက်တွင် တဖြေးဖြေး ပျံ့နှံ့သွားပြီး ချက်ချင်း နာမည်ကြီးလာခဲ့သည်။


အိမ်တွင် စိုးရိမ်စိတ်များနှင့် နေရသည့် သွမ်ရှန်ယဲ့က လောင်ကျန်းဆီမှ မက်ဆေ့ချ်ကို ရခဲ့သည်။ သူက အလုပ်ကိစ္စဖြစ်မည်ဟု ထင်လိုက်သော်လည်း လင့်တစ်ခု ဖြစ်နေလေသည်။


သူက သံသယများနှင့် ဝင်ကြည့်လိုက်ရင်း မိနစ်အနည်းငယ်ကြာ ဖတ်ကြည့်ခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူ့သားက တကယ် အရွယ်ရောက်လာမှန်း ဝန်ခံရတော့သည်။ မျက်စိတစ်မှိတ်စာအတွင်း သူက နိုင်ငံ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။(ဒီခေါင်းဆောင်ဆိုတာက ထူးချွန်ထက်မြက်တဲ့ သူကိုပြောတာပါ)


လွန်ခဲ့သော နှစ်က အရက်မူးပြီး ကားမောင်း၍ hot search ရောက်သွားသည်ကို မှတ်မိပါသေးသည်။ သို့သော်လည်း ဤနှစ်တွင်ဖြင့် လူတိုင်း၏ ချီးကျူးခံရသည့်သူတစ်ယောက် ဖြစ်လာခဲ့သည်။


သူက မျက်လုံးထောင့်ကို တိတ်တိတ်လေး သုတ်လိုက်ပြီးနောက် စိတ်အေးသွားသလို ပြုံးနေသည့် တုံးဟန်ယွဲ့ရှေ့တွင် ဖုန်းကို ပြလိုက်သည် " ကြည့်လိုက်...."  


တုံးဟန်ယွဲ့က အစပိုင်းတွင် နားမလည်သေးသော်လည်း သူမသားကို မြင်ရသာအခါ ချက်ချင်းကို မျက်လုံးတို့ နီရဲလာသည်။


အကြိမ်ပေါင်းမနည်း ဖတ်ကြည့်ပြီးနောက် သူမက ပြုံးကာ ပြောလာသည် " ကြည့်ပါလား...ကျွန်မတို့ သားလေးက အလားအလာရှိတယ်ရှင့်....သူက အရမ်းငယ်သေးတဲ့အတွက် နောက်လည်း အများကြီး အလားအလာ ရှိဦးမှာ....ဟိုဟာသည်ဟာတွေ တွေးပူမနေကြရအောင်...." 


ဂုဏ်ယူစွာ ပြောရလျှင် သူမသားက သတင်းတွင် ပါလာပြီဖြစ်၍ နောက်ပိုင်း တီဗွီများတွင်လည်း ပါလာနိုင်လောက်သည်။


သွမ့်ရှန်ယဲ့က သက်ပြင်းချလိုက်သည် " ထားလိုက်ပါတော့....ငါလည်း သူ့ကို ထိန်းနိုင်တာမှ မဟုတ်တာ...."


တုံးဟန်ယွဲ့က သူ့ကို သီးသန့်ပေးနေလိုက်ပြီး စကားမဆိုတော့ပေ။


သွမ့်ရှူးထုံ အိမ်ထဲ ပြန်ဝင်လာသောအခါ သူအဖေက တော်တော်လေး စိတ်အခြေအနေကောင်းနေမှန်း မြင်လိုက်ရ၍ စိတ်နည်းနည်း အေးသွားရသည်။


သွမ့်ရှန်ယဲ့က သူ့ကို အိုးတိုးအန်းတန်း ကြည့်လာပြီး ပြောလာသည် " မင်းက ငယ်သေးတယ်...မင်းရဲ့ သုတေသနကိုပဲ လုပ်..."


ကလေးနဲ့ ခင်တွယ်မှုက နည်းနေတော့လည်း။


သွမ့်ရှူးထုံ "...ဟုတ်ကဲ့ပါ..."


come out လုပ်သည့် ကိစ္စက ဤသို့ ပြီးဆုံးသွားသည်။ ကိစ္စက တင်းမာသွားသော်လည်း ရလဒ်က စိတ်လှုပ်ရှားစရာကောင်းလှသည်။


သွမ့်ရှူးထုံက အဖေသွမ့်နှင့် အမေသွမ့်တို့အား သူ့ကို နားလည်ပေးသည့်အတွက် ကျေးဇူးတင်မိသလို သူ့အစ်မက ကူညီပံ့ပိုးပေးသည့်အတွက်လည်း ကျေးဇူးတင်မိသည်။ သူက ပတ်ပတ်လည်က ချိုမြိန်နေသလို ခံစားရသည်။


သူက ကုတင်ပေါ် လှဲနေရင်း စိတ်အပန်းဖြေနေစဥ် ကျိုင်ကျွင့်ဆီက ရုတ်တရက် ဖုန်းခေါ်လာသည်။


" သခင်လေးသွမ့်...ဂုဏ်ပြုပေးပါတယ်ဗျာ.. အစီရင်ခံစရာ ရှိလို့...."


သွမ့်ရှူးထုံက ပြုံးလိုက်သည် " ဘာများလဲဗျ..."


" ဖုကျန်းကို ပြည်ပက လူနာတွေအတွက်ပါ လျာထားမယ့်ကိစ္စ အစီရင်ခံချင်လို့ပါ..." ကျိုင်ကျွင့်ကအပြုံးတစ်ခုနှင့် စကားဆိုလာသည် " လုပ်ငန်းစဥ်မှာ ပြဿနာ နည်းနည်း ရှိနေတာနဲ့ ကျွန်တော်တို့ ခဏတော့ စောင့်ရမယ်ဗျ..." 


သွမ့်ရှူးထုံက ပြန်ဖြေလိုက်သည် " လုပ်ထုံးလုပ်နည်းအတိုင်းသာ သွားလိုက်ပါ..."


" ပြီးတော့လည်း ကျွန်တော်တို့ လျှောက်ထားတဲ့ ထူးခြားထောက်ပံ့ရေးကလည်း အလုပ်မဖြစ်ခဲ့ဘူး...." သူ့အသံက စိတ်ပျက်သံတို့ ပါနေသည်။


" မအောင်မြင်လည်း ရပါတယ်..." သွမ့်ရှူးထုံက အကောင်းဘက်ကနေ ပြောလာသည် " အနာဂတ်မှာ အခွင့်အရေး ရှိလာဦးမှာပါ..."  


ကျိုင်ကျွင့်က အလျင်စလို ပြောလာသည် " သခင်လေးသွမ့် ဓါတ်ခွဲခန်းအသစ်ဆောက်ပြီး ယန်မြို့တော်ကို ပြန်တော့မလို့လား..."


အနာဂတ်မှာ ဓါတ်ခွဲခန်းအသစ်က ထုတ်တဲ့ ဆေးတွေက နွေဦးဆောင်းဦးခန်းမနဲ့ ဘာမှမဆိုင်တော့ဘူးမို့လား။


သွမ့်ရှူးထုံက ရှင်းပြပေးလာသည် " ဓါတ်ခွဲခန်းက နွေဦးဆောင်းဦးလို့ ခေါ်ပြီး နွေဦးဆောင်းဦးခန်းမရဲ့ လက်အောက်မှာ ရှိနေမှာပါ...."


ကျိုင်ကျွင့်က စိတ်ပူရာကနေ ချက်ချင်း အပျော်အဖြစ် ပြောင်းသွားရသည် " ဟားဟား...အဲ့လိုဆို ကောင်းတာပေါ့ဗျာ...ကောင်းတာပေါ့...." 


အမှန်က နွေဦးဆောင်းဦးခန်းမက သူတို့နယ်ပယ်တွင် နာမည်ရနေပြီဖြစ်သည်။ ဓါတ်ခွဲခန်းအသစ်ကို နွေဦးဆောင်းဦးဟု နာမည်ပေးလိုက်လျှင် ပါရမီရှင်များ အသစ်ခေါ်ယူဖို့လည်း ပိုပြီး လွယ်ကူသွားလိမ့်မည်။


ဖုန်းပြောပြီးသွားသည်နှင့် သွမ့်ရှူးထုံက ခေါင်းအုံးပေါ် မှီလိုက်ရင်း ခဏ စဥ်းစားကာ လုရှီဆီ မက်ဆေ့ချ် ပို့လိုက်သည် : [မနက်ဖြန် ညစာ အတူတူစားကြရအောင်လေ။]


လုရှီ : [အိုကေ...ပစ္စည်းက အဆင်သင့်ဖြစ်နေပြီ။ အဲ့ဒီအချိန်ကျ မင်းဆီ ယူလာခဲ့မယ်။]


သွမ့်ရှူးထုံ :[ ကျေးဇူးပါဗျာ။]


လုရှီ : [ရပါတယ်ဗျာ။ နောက်မှသာ မင်္ဂလာအရက် တိုက်ဖို့ မမေ့ပါနဲ့။]


သွမ့်ရှူးထုံ [: ဒါပေါ့။]


နောက်တစ်နေ့ နေ့လည်ပိုင်းတွင် သွမ့်ရှူးထုံက ချိန်းထားသည့် လက်ဖက်ရည်ခန်းထဲသို့ ရောက်လာသည်။ အခန်းတွင်း အပြင်အဆင်က အထက်တန်းဆန်ပြီး ဂန္ဓဝင်မြောက်ကာ လမ်းတစ်လျှောက် ရှေးဂီတသံများ ကြားခဲ့ရ၍ နားဝင်ချိုလှသည်။


အခန်းတံခါး ဖွင့်လိုက်သည်နှင့် လက်ဖက်ရည်နံ့ သင်းသင်းလေးက စိတ်ကြည်လင်သွားစေသည်။


လုရှီက ရိုးရှင်းသည့် ထန်ဝတ်စုံ ဝတ်ထားရင်း တစ်ယောက်တည်း လက်ဖက်ရည်ဖျော်နေသည်။ သူက သွမ့်ရှူးထုံကို မြင်သောအခါ တိမ်တိုက်နှင့်မြူမှုန်များကြား ပြုံးယောင်သန်းလာသည်။ သူက အမှန်ပင် ရှေးခေတ် ကိုယ်လူချောလေးတစ်ယောက်နှင့် တူလှသည်။


သူ့ကိုကြည့်ရင်း သွမ့်ရှူးထုံမှာ စိတ်တည်ငြိမ်သွားပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည် " ခင်ဗျား လက်ဖက်ရည် အလှဆင်တတ်မှန်း ကျွန်တော် မတွေးခဲ့မိဘူး...."  


"အရင်တုန်းက ရုပ်ရှင် နည်းနည်းရိုက်ရင်း သင်ကြည့်ခဲ့ဖူးတယ်...." လုရှီက ပြောပြီးသွားသည်နှင့် သွမ့်ရှူးထုံကို လက်ဖက်ရည်ခွက် တည်ခင်းပေးလာသည်။


သွမ့်ရှူးထုံက အရသာခံကြည့်သော်လည်း လက်ဖက်ရည်အကြောင်း နားမလည်၍ ခြောက်ကပ်ကပ် ပြောလိုက်နိုင်သည် " အရသာရှိပါတယ်..."


လုရှီက ရယ်လိုက်ရင်း အနောက်ကနေ အိတ်ကို ဆွဲထုတ်လိုက်ကာ သွမ့်ရှူးထုံဆီ ပေးလာသည် " ဒီမှာ..."


"ကျေးဇူးပါ..." သွမ့်ရှူးထုံက စက္ကူအိတ်ထဲက လက်ဆောင်ဗူးလေးကို ကောက်ယူဖွင့်ကြည့်လိုက်ရင်း ပြုံးပြလိုက်သည် " ကျင်းရှီကျောက်မျက်ရတနာရဲ့ ဒီဇိုင်နာတွေက တကယ်ကို ထိပ်တန်းအဆင့်ပဲ...."


လုရှီ " ကျေနပ်တယ်ဆိုရင် ရပါပြီ...."


သူတို့တွင် လုပ်စရာရှိနေ၍ စကားသိပ်မပြောတော့ပဲ နှစ်ယောက်သား ထရပ်ရင်း လက်ဖက်ရည်ခန်းထဲမှ ထွက်သွားလိုက်ကြသည်။


လုရှီက ယခုဆို ရုပ်ရှင်လောကမှ နှုတ်ထွက်ပြီး စင်နောက်ကွယ်က အလုပ်သမားတစ်ယောက် ဖြစ်လာသည်။ အပြင်သွားသည့်အချိန် ယခင်ကလို ပါပါရာဇီများကို စိတ်ပူနေစရာ မလိုတော့၍ နှာခေါင်းစည်းသာ တပ်ထားလိုက်သည်။


သို့သော်လည်း တစ်ယောက်ယောက်က ရုပ်ရှင်စတားဟောင်းတစ်ယောက်အနေနှင့် သူ့သတင်းကို တူးဆွလိုက်မည်ဟု ထင်မထားခဲ့ပေ။


ထိုညက ဖန်အနည်းငယ်သာရှိသည့် ဖရဲသီးအင်တာတိမ်းမန့်စတူဒီယိုက ဝေ့ပေါ်တွင် ပို့စ်တင်ခဲ့သည် : [သရုပ်ဆောင် လုရှီက ခပ်ချောချော အမျိုးသားတစ်ယောက်နှင့် ရင်းနှီးစွာ ဘေးချင်းကပ် လျှောက်သွားခဲ့။]


ဓါတ်ပုံထဲတွင် လုရှီက နှာခေါင်းစည်း တပ်ထားခဲ့သော်လည်း သူ၏ ထူးခြားသည့် မျက်လုံးများက လူထုအမြင်မှ မဖုံးကွယ်နိုင်ပေ။ ထို့ပြင် သူ့ဘေးက သွမ့်ရှူးထုံက သူ့ဘက်ကို နည်းနည်းစောင်းနေ၍ တော်တော်လေး နီးကပ်နေသည်။


အင်တာနက်ပေါ်က လူများ :[ ဒါကို နင့်ဘောင်းဘီချွတ်ပြီး သက်သေပြပါလား...ယောက်ျားနှစ်ယောက် အတူတူ စကားပြောနေကြတာနဲ့ပဲ ဘယ်လိုလုပ် ရင်းနှီးလွန်းတာ ဖြစ်ရမှာလဲ....Bad reviewဟေ့.... bad review....]


ဖရဲသီးအင်တာတိမ်းမန့်၏ ဝန်ထမ်းက ခရာဖွင့်၍ လူမမြင်ကြသည့် အချက်ကို ထောက်ပြလာသည် :[ အဲ့ဒီလူလက်ထဲက အိတ်ပေါ်က တံဆိပ်ကို ကြည့်လိုက်...]


အင်တာနက်ပေါ်က လူများက အနီးကပ်ကြည့်လိုက်မှ ရွှေနှင့်ကျောက်မျက်ရတနာ ပုံလေးလိုလို တွေ့လိုက်ရသည်။

[ အဲ့ဒါဆိုရင်ရော ဘာဖြစ်လဲ...မင်းသားရဲ့ နာမည်ကို ချမနေကြပါနဲ့တော့ ....ငါ အရမ်း ပင်ပန်းနေပြီ...]


အင်တာနက်ပေါ်က လူများက မရိပ်မိကြသေးသည်ကို မြင်သောအခါ ဖရဲသီးအင်တာတိမ်းမန့်က စိတ်တိုလာ၍ နောက်ထပ် ပုံနှစ်ခု ထပ်တင်လာသည်။


တစ်ပုံက လုရှီ လက်ဆောင်အိတ်လေး သယ်ပြီး ဝင်သွားသည့်ပုံကို ဝိုက်ပြခဲ့ပြီး နောက်တစ်ပုံက သွမ့်ရှူးထုံ လက်ဗလာနှင့် ဝင်သွားသည့်ပုံကို ဝိုက်ပြထားခြင်းဖြစ်သည်။


တစ်ယောက်ယောက်က ဖရဲသီးအင်တာတိမ်းမန့်၏ ဆိုလိုရင်းကို နောက်ဆုံး နားလည်သွားပြီး သုံးသပ်လာသည် :[ ဖရဲသီးအင်တာတိမ်းမန့်က ပြောချင်တာက မင်းသားလုက ဒီလူ့ကို အဖိုးတန်ကျောက်မျက်ရတနာလို လက်ဆောင်မျိုး ပေးခဲ့တယ်လို့ ပြောနေတာ...]


အင်တာနက်ပေါ်က လူများ :[ သြော်...ရုတ်တရက်ကြီး အတွင်းနံ့တစ်ခု ရနေသလိုပဲ...]


စိတ်လှုပ်ရှားဖို့ စောင့်နေကြပြီး ကိစ္စကြီးတစ်ခုဟု မထင်ကြသည့် အုပ်စုက လေထဲတွင် လုပ်ဇာတ်ခင်းတော့သည်။ ဖရဲသီးအင်တာတိမ်းမန့်ရဲ့ ရေတပ် ဦးဆောင်ပြီး ခေါင်းစဥ်တစ်ခုက တစ်အုံနွေးနွေး ဖြစ်လာသည်။


#ရုပ်ချောတဲ့ လုယင်းတိချီလျန် ဂေးအဖြစ် သံသယရှိ


ဒီလောက်ဆို hotဖြစ်လောက်ပြီမို့လား။


ဝင်ကြည့်သည့်သူ အရေအတွက် မြင့်တက်လာပြီး ဖန်အရေအတွက် တိုးလာသည်ကို မြင်ရသောအခါ ဖရဲသီးအင်တာတိမ်းမန့်က အပျော်လုံးစို့ပြီး ဤလုပ်ဆောင်မှုက အရှုံးမရှိဟု ခံစားမိသည်။


အရာအားလုံး ပြင်းထန်နေချိန် သိသင့်သည့်သူအားလုံးက သိသွားလောက်ကြပြီးဖြစ်သည်။


လုရှီက ချက်ချင်း အတည်ပြုပေးလာသည်[ " မိတ်ဆွေတစ်ယောက်က ပစ္စည်းကြည့်ချင်လို့ ကူညီပေးဖို့ ပြောခဲ့လို့ပါ....တစ်ချို့လူတွေ အညှာအတာမဲ့ ကောလဟာလတွေ မဖြန့်ကြဖို့ အကြံပေးချင်ပါတယ်...." ]


အင်တာနက်ပေါ်က လူများ [" မင်းက သရုပ်ဆောင်လေ....ကျောက်ပြပေးတာလား....ဒါကြီးက နောက်နေတာ မဟုတ်ဘူးလား..."]


ထိုအချိန် ကျင်းရှီကျောက်မျက်ရတနာ၏ တရားဝင်ဘလော့က ပို့စ်တင်လာသည် [" လုရှီကို စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်...နေ့စဥ်ဘဝထက် အလုပ်ကို ပိုပြီး အာရုံစိုက်ဖို့ မျှော်လင့်မိပါတယ်..."]


["....ဘာလို့ ကျင်းရှီကျောက်မျက်ရတနာက လုရှီအတွက် ပြောပေးတာလဲ..." ]


["အင်း....လုယင်းတိရဲ့ မျိုးရိုးနာမည်က လု...ကျင်းရှီကျောက်မျက်ရတနာရဲ့ ဥက္ကဌကလည်း လုမျိုးရိုးဆိုတော့..."]


[" ဘုရားရေ...လုယင်းတိက လျှိုလိုက်တာ...ငါ သိတောင်မသိဘူး..."]


[" ကိစ္စ ရှင်းသွားပြီ....ကိစ္စ ရှင်းသွားပြီ...ကျင်းရှီကျောက်မျက်ရတနာက နွေဦးပန်း ထွက်တုန်းက ဝန်ထမ်းတွေကို လက်ဆောင် ဘာလို့ပေးမှန်း သိသွားပြီဟေ့...." ]


["အပေါ်ထပ်က လူက အဲ့ဒါကို မှတ်မိသေးတယ်ဆိုတော့ နွေဦးပန်းနဲ့ ရင်းနှီးတယ်လို့ ဆိုလိုတာပေါ့....အဲ့ဒီကောင်ချောလေးက ငါတို့ရဲ့ ဆရာကြီးမှန်း မမြင်ဘူးလား..."]


[" အာ... ငါပြောပါတယ်...ဘာလို့ ရင်းနှီးနေတာပါလိမ့်လို့....၂မိနစ် ၁၅စက္ကန့်မှာ ပါသွားတဲ့ ဆေးကုမ္ပဏီက မောင်လေး ဖြစ်နေတာပဲ..." ]


["သူတို့နှစ်ယောက် ဆက်ဆံရေးကောင်းနေတာ မအံ့သြတော့ပါဘူး...မစ္စတာသွမ့်က သရုပ်ဆောင်လု ပြန်ကောင်းဖို့ ကူညီပေးခဲ့တယ်လေ...လက်ဆောင်သေးသေးလေးက ဘာမှမဟုတ်ပါဘူး..."]


[" ဘာအတွက် လက်ဆောင်ပါလိမ့်....ဆရာသွမ့်က လုယင်းတိကို ပစ္စည်းကြည့်ဖို့ အကူအညီတောင်းတာကတော့ ဟုတ်ပါပြီ...ဟေ့...သူ ဘယ်သူ့ကို ပေးမလဲ မသိဘူးနော်..."]


[" ငါကတော့ ဖရဲသီးအင်တာတိမ်းမန့်က ကျင်းရှီကျောက်မျက်ရတနာနဲ့ သွမ့်အိမ်တော်ကို ပြိုင်တူ ရန်စလိုက်လို့ ဘယ်နှစ်ရက်လောက် အသက်ရှင်နိုင်မလဲပဲ သိချင်တယ်...." ]


["အပေါ်ထပ်ကလူရေ...ငါ့ သူငယ်ချင်းကလည်း အဲ့ဒါပဲ သိချင်နေတာ..."]


အင်တာနက်ပေါ်က လူများက အကြာကြီး မစောင့်လိုက်ရပေ။ ဖရဲသီးအင်တာတိမ်းမန့်က ဘလော့ကို အမြန်ဖျက်သွားပြီး အကောင့်ကိုပါ ဖြုတ်ကာ ခြေရာလက်ရာမကျန်ပဲ ပျောက်သွားလေသည်။


ကိစ္စတစ်ခုလုံးကို ကြည့်နေသည့် ရှီသွမ်းက အစပိုင်းတွင် အေးစက်စက် အငွေ့အသက်တို့ ထုတ်နေသော်လည်း နောက်ပိုင်း မျက်လုံးများထက် နူးညံ့လာပြီး နှုတ်ခမ်းစွန်းတို့ ကော့သွားလေသည်။


ချန်နင်က စိတ်လှုပ်ရှားစွာ မေးလာသည် " ဥက္ကဌရှီ...."


ရှီသွမ်းက ဖုန်းချထားလိုက်ပြီး အတည်အကြည် ပြောလာသည် " ရှစ်လပိုင်း ရှစ်ရက်နေ့မှာ ချိန်းထားတာရှိလည်း ကျေးဇူးပြုပြီး ရွှေ့ပေးထားပါ..."


ချန်နင် : ဥက္ကဌရှီ ရက်တွက်ဖို့ လပြက္ခဒိန်ကို ဘယ်အချိန် သုံးလိုက်တာပါလိမ့်။


သူက အပေါ်ယံတွင်သာ သဘောတူဟန်ပြလိုက်သော်လည်း ရုံးခန်းထဲမှ မှိုင်တိုင်တိုင် ထွက်သွားပြီး တံခါးကို သေချာပိတ်လိုက်ပြီးမှ သူက အလင်းရလာသည်။


၈လ၈ရက်က ဥက္ကဌရှီရဲ့ မွေးနေ့ မဟုတ်ဘူးလား။ ဥက္ကဌရှီက သူ့မွေးနေ့ကို တစ်ခါမှ မလုပ်ဖူးတော့ သူ့မှာ မေ့နေတာ။ 


ဒါဆို ဒီနှစ်တော့ မိတ်ဆွေတွေနဲ့ မွေးနေ့လုပ်တော့မှာပေါ့။ အဲ့ဒါလည်း ကောင်းပါတယ်။


ဒါက စောစောက မစ္စတာရှီ ဒေါသထွက်နေတဲ့ အကြောင်းရင်းလား။ ဘာလို့ သူက မိုးအုံ့နေရာကနေ နေသာသွားရတာလဲ။


သန့်စင်ခန်းရောက်ခိုက် အခွင့်အရေးယူလိုက်ပြီး ဝေ့ပေါ်ဖွင့်၍ နွေဦးဆောင်းဦးခန်းမကို ရိုက်ရှာကြည့်လိုက်သော်လည်း ဘာသတင်းမှ မတွေ့၍ ပြန်စဥ်းစားလိုက်ပြီး သွမ့်ရှူးထုံ၏ ဝေ့ပေါ်ကို အစားထိုးရှာလိုက်သည်။


ထိုသို့ရှာမှ တွေ့တော့သည်။


ကိစ္စတစ်ခုလုံးကို အမြန်ဖတ်ကြည့်လိုက်ရင်း ချန်နင်က ကျင်းရှီကျောက်မျက်ရတနာ၏ တံဆိပ်ကို အာရုံစိုက်မိသွားသည်။


စောစောက လုရှီ၏ အတည်ပြုချက်ကိုပါ ပေါင်းစပ်ကြည့်လျှင် ဘော့စ် မျက်နှာ ပြန်ကြည်သွားသည့် အကြောင်းရင်းကို နားလည်သွားပြီဖြစ်သည်။


သခင်လေးသွမ့်က မင်းသားလုကို ပစ္စည်းကြည့်ချင်လို့ တိတ်တိတ်လေး အကူအညီတောင်းခဲ့တာက မစ္စတာရှီကို သူ့မွေးနေ့မှာ supriseလုပ်ချင်လို့ ဖြစ်မယ်။


သူက ဖရဲသီးစားမိသွားသည့် ပထမဆုံးသူ ဖြစ်နေမှန်း တွေးမိသွားသောအခါ သန့်စင်ခန်းထဲတွင် တစ်မိနစ်ခန့် ပုန်းနေမိသည်။ သူ့ကို စောင့်နေသည့် အလုပ်သာ မရှိလျှင် သူ ကြာကြာလေး ပိုနေမိမည်ဖြစ်သည်။


သတင်းကြားသွားသည့် သွမ့်ရှူးထုံက ရှီသွမ်းဆီ အမြန်စာပို့ပြီး ရှင်းပြလာသည် : [ကျွန်တော် ဓါတ်ပုံထဲမှာ လုရှီနဲ့ နီးနေတာကလေ အဲ့ဒါ တစ်ယောက်ယောက်က ဘေးကနေ ဖြတ်သွားပြီး ဝင်တိုက်မိမလို ဖြစ်သွားလို့ ဘေးကပ်လိုက်တာ...[အထင်မလွဲပါနဲ့] [အထင်မလွဲပါနဲ့]]


ရှီသွမ်း၏ မျက်ခုံးစွန်းက မှဲ့လေးက ကြည်နူးရိပ်သန်းသွားပြီး ပြန်ဖြေလာသည် : [အင်း ကိုယ်သိတယ်။]


သွမ့်ရှူးထုံက ဖုန်းကိုင်ထားရင်း မယုံကြည်နိုင်ဖြစ်နေသည်။


ဒီတစ်ကြိမ် သဝန်မတိုဘူးပေါ့။




👨‍❤️‍👨