Part 193 (extra 19)
.
သူတို့က သူတို့မိဘတွေဆီကို အလည်လာခဲ့ပေမယ့် အိမ်ထဲကိုဝင်လိုက်တဲ့အခါ သူတို့ကိုကြိုဆိုနေကျဖြစ်တဲ့ အမေဖြစ်သူက မထွက်လာတာကိုတွေ့လိုက်ရပေသည်။နာနီကတော့ သူတို့က ပြခန်းထဲမှာရှိနေတယ်လို့ ပြောလာလေသည် ။
သူတို့နှစ်ယောက်လည်း တစ်ယောက်နောက်ကတစ်ယောက်လိုက်လာကြတော့သည်။
အဲ့ဒီနောက်မှာတော့ သူတို့ ချီကျန်းကျန်းက ဝမ်ယွီ့လက်မောင်းထဲမှာ တိုးဝှေ့ပူးကပ်နေတာကို တွေ့လိုက်ရတော့သည်။
‘‘ကျန်းကျန်း ဒါကိုကြည့်လိုက်၊ ဒါက ကိုယ်တို့ဟန်းနီးမွန်းတုန်းက ပုံဘဲ ’’
‘‘အဲ့ဒီအချိန်တုန်းကဆို ကျွန်မကအရမ်းလှနေခဲ့တာ ’’
‘‘အခုလည်းမင်းကလှနေတုန်းပါဘဲ ၊ တကယ်လို့မင်းက အဖွားအိုလေးဖြစ်လာရင်တောင် အလှဆုံးအဖွားအိုလေးဖြစ်နေမှာ ’’
‘‘ယွီယွီ၊ရှင်လည်း အတူတူဘဲ။ ရှင်လည်း အဖိုးအိုကြီးဖြစ်လာခဲ့ရင်တောင် အခန့်ညားဆုံးအဖိုးအိုကြီးဖြစ်နေမှာ ’’
‘‘ကျန်းကျန်း ကိုယ်မင်းကိုချစ်တယ် ’’
。。。
သူတို့နှစ်ယောက်လည်း အချင်းချင်းကြည့်လိုက်ကြတာ တိတ်တဆိတ်ပင် နောက်ပြန်ဆုတ်သွားကြတော့သည်။
ဧည့်ခန်းထဲသို့ ပြန်ရောက်သောအခါ
‘‘ဘာလို့ ငါတို့မသွားဘဲ မနေရမှာလဲ၊အဖေနဲ့အမေက ငါတို့ကိုဂရုစိုက်မှာမဟုတ်ဘူး。。’’
ဝမ်ဆွေ့ကလည်း ခေါင်းညိတ်လာကာ သဘောတူလိုက်တော့သည်
‘‘ဟုတ်ပြီလေ ၊ညီမလည်း ကုမ္ပဏီကိုပြန်သွားပြီး အလုပ်ကိစ္စတချို့ကို ဆက်ဖြေရှင်းလိုက်အုံးမယ်၊ အဖေအနားယူပြီးကတည်းက ကုမ္ပဏီက ကိစ္စအများစုက ညီမလက်ထဲရောက်လာတယ် ’’
‘‘ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်အုံး ’’
အကိုကြီးဖြစ်တဲ့အတွက် ဝမ်နျန်က သူမကိုသတိပေးလိုက်လေသည်။
ဝမ်ဆွေ့ကလည်း အကူအညီမဲ့စွာပြောလာတော့သည်
‘‘အကိုရောဘဲ၊ လက်တွေ့စမ်းသပ်နေရင် အချိန်ကိုကြည့်ဖို့ မမေ့နဲ့၊ယောင်းမ မိသွားတာခံနေရမယ်’’
ဝမ်နျန်နဲ့ ဝမ်ဆွေ့က အသက်ခြောက်နှစ်ကွာပေသည်။သူတို့က အရမ်းချစ်နေကြတဲ့ မိဘတွေရှိတာကြောင့် သူတို့နှစ်ယောက်တည်းက ကလေးဘဝကတည်းက အချိန်အတော်များများကို အတူတူဖြုန်းခဲ့ကြပေသည်။ သူတို့က တယောက်နဲ့တယောက် ဂရုတစိုက်ရှိကြကာ ဆက်ဆံရေးကောင်းကြပေသည်။
သူတို့ရဲ့ အသက်မွေးလမ်းကြောင်းအတွက်ကတော့ ဝမ်နျန်က သိသိသာသာပင် ရူပဗေဒ
ကို စီးပွားရေးထက်စိတ်ဝင်စားပေသည်။အခုတော့ သူက Aတက္ကသိုလ်က နာမည်ကြီးတဲ့ ပရော်ဖက်ဆာတစ်ယောက် ဖြစ်နေပြီဖြစ်သည်။
ဝမ်ဆွေ့နဲ့ ချီကျန်းကျန်းက ယုန်ဖြူလေးများနှင့် အတော်လေးကို တူကြပေသည်။ဒါပေမယ့် မှော်ဆန်စွာနဲ့ဘဲ သူမက ဝမ်ယွီရဲ့ စီးပွားရေးစွမ်းရည်ကို အမွေဆက်ခံကာ စီးပွားရေးဘက်တွင် အရမ်းတော်ပေသည်။
အဲ့ဒါကြောင့် ဝမ်ယွီက ဝမ်ဆွေ့ကို စောစောပင် လေ့ကျင့်ပေးခဲ့လေသည်။အဲ့ဒီနောက် သူကအနားယူလိုက်ကာ ယွီတင်းကိုဝမ်ဆွေ့ဆီ လွှဲပေးခဲ့တော့သည်။
ဝမ်နျန်နဲ့ ဝမ်ဆွေ့က သူတို့မိဘတွေကို နှောင့်ယှက်မနေတော့ပေ။သူတို့က နာနီကိုဘဲ စကားအနည်းငယ်ပြောလိုက်ပြီးနောက် ဗီလာဆီမှ ထွက်လာခဲ့ကြတော့သည်။
ဝမ်ယွီနဲ့ ချီကျန်းကျန်းက သူတို့ဘဝတစ်ခုလုံးမှာ တယောက်ကိုတယောက် အရမ်းချစ်ခဲ့ကြကာ သူတို့အချင်းချင်းကို နှလုံးသည်းညှာအဖြစ် မှတ်ယူထားကြပေသည်။
သူတို့က အချင်းချင်းအလိုလိုက်ကြကာ တယောက်ကိုတယောက် ခွင့်လွှတ်မျက်နှာသာပေးကြပေသည် ။
ဝမ်ယွီက ချီကျန်းကျန်းရဲ့ ကျန်းမာရေးကို အမြဲတမ်းစိုးရိမ်နေခဲ့ပေသည်။ သူတို့ငယ်နေတုန်းက ဖြစ်သွားခဲ့တာ ပြီးတဲ့နောက်မှာတော့ သူ့ဘဝတစ်လျှောက်လုံးတွင် သူမကျန်းမာရေးတခုခုဖြစ်သွားမှာကို ကြောက်ရွံ့နေခဲ့ရပေသည်။
ကံကောင်းစွာနဲ့ဘဲ ချီကျန်းကျန်းက အမြဲတမ်းကျန်းမာရေးကောင်းနေခဲ့ပေသည်။ကြည့်ရတာတော့ သူမကိုသတ်လုနီးပါး ဘေးဒုက္ခဖြစ်သွားပြီးတဲ့နောက်မှာတော့ ဘာပြသနာမှထပ်မရှိတော့ပုံ ပေါ်ပေသည်။သူမက အသက်80ရောက်တဲ့အထိ ကျန်းကျန်းမာမာကို အသက်ရှင်နေခဲ့ပေသည်။
ဒီနှစ်ထဲမှာ ဝမ်ယွီက အသက်85နှစ် ရှိနေပြီဖြစ်သည်။
‘‘ယွီယွီ。。。’’ ချီကျန်းကျန်းက အိပ်ရာဘေးမှာထိုင်လိုက်ကာ အိပ်ရာပေါ်လှဲနေတဲ့ ဝမ်ယွီရဲ့လက်ကိုကိုင်ဖို့ သူမရဲ့ အရေတွန့်နေတဲ့လက်ကို ဆန့်ထုတ်လိုက်လေသည်။
သူမက အသက်ကြီးနေပြီဖြစ်ပေမယ့် အလှဆုံးသော အဖွားအိုလေးဖြစ်နေဆဲပင်။
ဝမ်ယွီကလည်း အခန့်ညားဆုံးသော အဖိုးအိုကြီးပင်ဖြစ်သည်။
သို့သော်လည်း လွန်ခဲ့တဲ့တစ်နှစ်ကစပြီး သူကဖျားနာခဲ့တော့သည်။ အဲ့ဒီအချိန်တုန်းကဆို ဆရာဝန်က သေဆုံးဖို့အတွက် စိတ်ကိုအသင့်ပြင်ထားပါဆိုပြီးတောင် ပြောသွားခဲ့ပေသည်။သူက အိပ်ရာပေါ်မှာလှဲနေနိုင်ကာ တုံ့ပြန်မှုအနည်းငယ်ဘဲ ပေးနိုင်တော့ပေမယ့် ဒီတနှစ်လုံးကို အခက်အခဲတွေအများကြီးနဲ့ တောင့်ခံထားခဲ့ပေသည်။
ချီကျန်းကျန်းက ဘာလို့လဲဆိုတာ သိပေသည်။
ဝမ်ယွီက သူဘယ်တော့မှ သူမထက်အရင်ထွက်မသွားဖူးလို့ ပြောခဲ့ပေသည်။တကယ်လို့သူသာထွက်သွားရင် သူမတစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘယ်လိုတောင်ဝမ်းနည်းနေမလဲဆိုတာကို သူ မစဉ်းစားရဲပေ။
သူက ဘဝတစ်လျှောက်လုံးမှာ သူမကိုအလိုလိုက်ကာ ချစ်မြတ်နိုးခဲ့ရပေသည်။သူသေသွားမယ်ဆိုရင်တောင်မှ သူမ ဝမ်းနည်းမှာကို သည်းမခံနိုင်ပေ။
‘‘ကျွန်မသေတော့မယ်လို့ ခံစားနေရတယ်。。。ရှင်သက်တောင့်သက်သာမဖြစ်နေတာကို ကျွန်မသိပါတယ်၊ အတူတူသွားရအောင်လေ ’’
ချီကျန်းကျန်းက နူးညံ့စွာပြောလာကာ သူမအသံက အားနည်းနေပေသည်။
အိပ်ရာပေါ်တွင် ဝမ်ယွီရဲ့မျက်လုံးတွေက ပိတ်နေပေမယ့် သူ့ပါးစပ်ကိုတော့ ဖွင့်လာလေသည်။
ချီကျန်းကျန်းက သူ့နားကို ခက်ခက်ခဲခဲနဲ့ တိုးသွားလိုက်လေသည်။
သူမက သူပြောတာကို ကြားလိုက်ရပေသည်-
‘‘ကျန်းကျန်း ဒီဘဝမှာ ကိုယ်အရမ်းပျော်ခဲ့ရတယ် ၊နောက်ထပ် နောက်ဘဝကျရင်。。。ကိုယ်တို့ ကိုယ်တို့က အတူတူရှိနေကြအုံးမယ်နော် ’’
ပြီးခဲ့တဲ့နှစ်မှာ သူက စကားကိုရှင်းလင်းအောင်ပြောနိုင်ဖို့က မဖြစ်နိုင်လုနီးပါးပင် ဖြစ်ခဲ့လေသည်။ဒါပေမယ့် အခုချိန်မှာတော့ သူ့ကိုကြည့်ရတာ ခေါင်းထဲကြည်လင်သွားပုံရကာ စကားပြောလာနိုင်တော့သည်။
ချီကျန်းကျန်းက အခုလေးတင် သူမရဲ့အင်အားအကုန်လုံးကို သုံးလိုက်ရပေသည်။သူမက ပြန်ထိုင်လိုက်ပြီးနောက် ဆက်ပြီးတော့ မထိန်းထားနိုင်တော့ပေ။သူမက ဝမ်ယွီလက်မောင်းနားမှာ သူမခေါင်းကိုမှီလိုက်ကာ သူမမျက်နှာမှ မျက်ရည်များလိမ့်ကျလာတော့သည်။သူမက ခေါင်းညိတ်ကာ ပြောလိုက်လေသည်
‘‘ကောင်းပါပြီ ’’
‘‘ကိုယ်တို့ ကိုယ်တို့က。。。ကတိတခုကိုလည်း လုပ် လုပ်ထားသေးတယ်နော်၊ နောက် နောက်ဘဝမှာ မင်းက ကတိကိုတည်ဖို့ သတိရနေရမယ်。。 ’’
ဝမ်ယွီက သူ့ပါးစပ်ကိုခက်ခက်ခဲခဲဖွင့်လာတော့သည်။
‘‘ဟုတ်ပါပြီ。。。’’
သူမက သူမပြန်ဖြေလိုက်တာကို ကြားလိုက်ရပေသည်။
အဲ့ဒီနောက် သူမမျက်လုံးတွေကို ပိတ်လိုက်တော့သည်
ဆေးရုံအိပ်ရာပေါ်တွင် ဝမ်ယွီရဲ့နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုမြင့်တက်လာတော့သည်။သူက လုံးဝကိုအသက်ရှူရပ်သွားတော့သည်။
သူကအရမ်းကို ပျော်နေခဲ့ပေသည်။သူတို့က ဒီဘဝမှာ အတူတူအိုမင်းသွားဖို့ ကတိထားခဲ့ကြကာ သူက ဘဝတစ်လျှောက်လုံး ကတိတည်နိုင်ခဲ့ပေသည်။
အခုတော့ သူတို့က နောက်ဘဝအတွက်လည်း နောက်ထပ်ကတိတစ်ခုထားလိုက်ကြပြီဖြစ်သည်။ကျန်းကျန်းက စကားတည်တဲ့လူမျိုးဖြစ်သည်။ပင်လယ်တွေဘယ်လိုဘဲခြားနေပြီး လူတွေဝေးနေပါစေ သူမက ကတိကိုရအောင်တည်ပေလိမ့်မည်။
ဝမ်ယွီက အပြုံးတစ်ခုနဲ့ထွက်ခွာသွားတော့သည်
သူက ကတိတစ်ခုကိုပြီးမြောက်သွားပြီဖြစ်တာကြောင့် နောက်ကတိတစ်ခုဆီသို့ ထွက်သွားနေပြီဖြစ်သည်။
သူက ဒီမိန်းမကိုချစ်ကာ သူ့ဘဝတစ်လျှောက်လုံး သူမနဲ့ဘဲကုန်ဆုံးချင်ပေသည်။
သူက ချီကျန်းကျန်းက သူမရင်ထဲကနေ ပြောနေတာကို မကြားလိုက်ပေ-
‘‘ယွီယွီ ကျွန်မတောင်းပန်ပါတယ် ’’
‘‘ကျွန်မ နောက်ထပ်ကတိကို တည်နိုင်တော့မှာမဟုတ်ဘူး ’’
အဲ့ဒီနောက်သူမ ခန္ဓာကိုယ်က အေးစက်လာကာ သေဆုံးလုနီးပါးဖြစ်နေတော့သည်။
.....
ချီကျန်းကျန်းက ဝမ်ယွီရဲ့နာကျင်မှုကို သိပေသည်။သူမက အဖြူရောင်လောကကြီးထဲမှာ ရူးသွပ်စွာအော်ဟစ်နေကာ နိုးထလာဖို့ ရုန်းကန်နေတော့သည်။
ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် သူမ မလုပ်နိုင်တော့ပေ။
အဲ့ဒီနောက်သူမ အရိပ်တစ်ခုကိုမြင်လိုက်ရပေသည်။
အရိပ်က သူမကိုမေးလာလေသည်။တကယ်လို့ သူမမျက်လုံးတွေကို ဖွင့်ချင်တဲ့တန်ဖိုးက နောက်ထပ်ဘဝတွေမရှိတော့ဘူးဆိုရင်ရောတဲ့၊ ဒီဘဝတစ်ခုဘဲရှိနေတော့မှာ သူမ လိုလားပါရဲ့လား
ချီကျန်းကျန်းက သဘောတူလိုက်လေသည်။
ဘာလို့ သူမက သဘောမတူရမှာလဲ
ဒီလိုစိတ်သောကရောက်စရာ အခြေအနေမျိုးမှာ သူမ နိုးထလာပြီး ကတိကိုတည်ဖို့အတွက်ဆို ဘာလို့အဲ့တန်ကြေးကို မပေးဘဲနေရမှာလဲ။
အနာဂတ်က သူမရဲ့ဘဝက ဝမ်ယွီရှိနေတဲ့ဒီဘဝနဲ့ နှိုင်းယှဉ်လို့မရပေ။
အဲ့ဒါကြောင့် ယွီယွီ ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ ကတိကိုမတည်နိုင်တော့ဘူး။
ချီကျန်းကျန်းက သူ့လက်မောင်းပေါ်မှာမှီလိုက်ကာ သူမမျက်လုံးတွေကို လုံးဝကိုပိတ်လိုက်တော့သည်။
နိဂုံး
ချီကျန်းကျန်းက သူမနဲ့ ဝမ်ယွီထွက်သွားပြီးတဲ့နောက်မှာတော့ အရိပ်တစ်ခုမှာ လေထဲမှာပေါ်လာတာကို မသိလိုက်ပေ။
အရိပ်က တဖြည်းဖြည်းနဲ့ ကြည်လင်လာလေသည်။ အဲ့ဒါက ရှင်းလင်းစွာပင် ငယ်ရွယ်တဲ့ ချီကျန်းကျန်းဖြစ်နေပေသည်။
မဟုတ်ဘူး၊ အဲ့ဒါက ကားအက်စီးဒန့်မဖြစ်ခင်က ‘ချီကျန်းကျန်း ’ လို့ပြောသင့်ပေသည်။
အရိပ်ရဲ့ဘေးတွင် လူအိုကြီးတစ်ယောက်က ရုတ်တရက်ပေါ်လာတော့သည်။လူအိုကြီးက အရိပ်ကိုမေးလာလေသည်
‘‘မင်းတကယ်ဘဲ ဆုံးဖြတ်ပြီးသွားပြီလား ’’
‘‘ဟုတ်ပါတယ်၊သူမက ကျွန်မရဲ့ဆန္ဒကိုဖြည့်သွားပေးပြီး ကျွန်မဘဝရဲ့ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကို ပြသွားပေးတယ်... ကျွန်မသူ့ကိုဒီအတိုင်း ပျောက်ကွယ်မသွားစေချင်ဘူး ။သူမ
ဝမ်ယွီကို အတူတူအိုမင်းသွားမယ်ဆိုပြီး ကတိပေးထားတာက ပြီးသွားပေမယ့် နောက်ဘဝအတွက် ကတိတစ်ခုကျန်နေသေးတယ်လေ ’’
အရိပ်က ပြောလာတဲ့အသံထဲမှာ မနာလိုရိပ်များပါနေပေသည်။
သူမပြောပြီးတာနဲ့ လေထဲကိုတဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဘာမှရှိမနေတော့ပေ။
လူအိုကြီးက ခေါင်းရမ်းလိုက်တော့သည်။
သူက ဆေးရုံအိပ်ရာပေါ်က ယောက်ျားရဲ့လက်မောင်းကိုမှီနေတဲ့ မိန်းမကိုကြည့်လိုက်လေသည်။ပျောက်ကွယ်သွားတော့မယ့် သူမရဲ့ဝိဉာဉ်က တဖြည်းဖြည်းပြန်သိပ်သည်းလာတော့သည်။
အဲ့ဒီနောက် သူမက အလျင်အမြန်ဘဲ ဦးတည်ရာတစ်ဖက်ကို လိုက်သွားတော့သည်။
သူမချစ်မြတ်နိုးရတဲ့ သူက အရှေ့မှာစောင့်နေပြီလေ။
。。。သူတို့က နောက်ဘဝအတွက် ကတိကိုတည်ရအုံးမယ်လေ...
❤❤❤❤❤ပြီးပါပြီ။❤❤❤❤❤
Story လေးပြီးဆုံးသွားပါပြီရှင် ...
Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...
စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜
အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...
See U AGAIN 😘