Part 192 (extra 18)
‘‘ဟယ်လို မစ္စတာဝမ် ’’
‘‘Good morningပါ စီးအီးအိုဝမ် ’’
လမ်းတလျှောက်တွင် လူအတော်များများက သူ့ကိုရိုသေစွာနှုတ်ဆက်ကြပေသည်။
ဝမ်ယွီက အရှေ့တည့်တည်ကိုဘဲ ကြည့်နေလိုက်သည်။
အဲ့ဒီလူတွေရဲ့ မျက်လုံးထဲမှာ ထိတ်လန့်ရိုသေမှုတွေနဲ့အကြောက်တရားတွေရှိနေတာကို ခန့်မှန်းနိုင်ဖို့ သူလှည့်ကြည့်နေစရာတောင်မလိုပေ။
ဘယ်လိုလုပ်ပြီး သူ့ကိုမကြောက်ကြမှာတဲ့လဲ
လူတိုင်းသိထားကြတဲ့အတိုင်း ယွီတင်းရဲ့ဘော့စ် ဝမ်ယွီက အလုပ်လုပ်တဲ့စက်ကြီးလိုပင်ဖြစ်သည်။သူက အကြင်နာမဲ့ကာ ဘာလိုအင်ဆန္ဒမှလည်း ရှိမနေပေ။သူမှာဇနီးမရှိ၊ ကလေးမရှိသလို ချစ်သူကောင်မလေးတောင်မရှိခဲ့ပေ။သူ့ဆွေမျိုးတွေက သူ့ကြောင့် ပျက်စီးယိုယွင်းသွားပြီဖြစ်ကာ အခုဆိုသူတို့အကုန်လုံးက ဆင်းရဲသွားကြပြီဖြစ်သည်။
သူအသက်ကြီးလာတဲ့အမျှ သူ့ကိုယ်ပေါ်ကဖိအားတွေက ပိုပိုပြီးတော့ကို ကြောက်စရာကောင်းလာတော့သည်။ ကုမ္ပဏီက အလုပ်သမားတွေဖြစ်ဖြစ်၊ အခြားကုမ္ပဏီက သူတို့နဲ့ ပူးပေါင်းချင်တဲ့သူတွေဘဲ ဖြစ်ဖြစ် သူနဲ့မျက်နှာချင်းဆိုင်ရတာကို စိတ်မလှုပ်ရှားတဲ့သူမရှိပေ။
‘‘Good morningပါ ဘော့စ် ’’
ဒီနှစ်မှာ အသက်40ရှိနေပြီဖြစ်တဲ့ အတွင်းရေးမှူးချန်ကို အတွင်းရေးမှူးနင်က သင်ကြားထားပေးတာဖြစ်သည်။
အတွင်းရေးမှူးနင်က လွန်ခဲ့တဲ့တစ်နှစ်ကဘဲ အနားယူသွားတာဖြစ်သည်။သူနဲ့ ကျန်းယဲ့ကသာ ဝမ်ယွီနဲ့စကားပြောဆိုနိုင်သော လူများဖြစ်ပေသည်။ဒါပေမယ့်နောက်ဆုံးမှာတော့ မြင့်မားတဲ့အလုပ်ဖိအားတွေက သူတို့ခန္ဓာကိုယ်တွေကို အားနည်းစေလာတော့သည်။သူတို့က ဝမ်ယွီရဲ့ခြေလှမ်းတွေနောက်ကို အမှီမလိုက်နိုင်တော့တာကြောင့် အနားယူလိုက်ဖို့သာ တတ်နိုင်တော့သည်။
အတွင်းရေးမှူးချန်က သူ့ကိုနှုတ်ဆက်လိုက်ပြီးနောက် ချက်ချင်းဘဲအလုပ်နဲ့သက်ဆိုင်တာတွေကို တင်ပြဖို့လုပ်လာလေသည်။
ဝမ်ယွီက စာရွက်စာတမ်းတွေကို ယူလိုက်ကာ နားထောင်ရင်းနဲ့ တရွက်စီလှန်ကြည့်နေလိုက်သည်။
အတွင်းရေးမှူးချန်က အရမ်းကိုတည်ငြိမ်နေပုံပေါ်ပေသည်။ တကယ်လို့သူသာ တည်ငြိမ်မနေဘူးဆိုရင် ယွီတင်းရဲ့ပထမဆုံးသော အတွင်းရေးမှူးဖြစ်လာမှာမဟုတ်ပေ။ ဒါပေမယ့်သူကဝမ်ယွီရှေ့မှာရပ်နေရင်တော့ သူ့အသံထဲတွင် ထိတ်လန့်မှု တစွန်းတစ ပါနေတာကို ကြားနိုင်ပေသည် ။
‘‘ကောင်းပြီလေ၊ ဒါကိုဒီလိုဘဲဖြေရှင်းလိုက်ပါ’’
ဝမ်ယွီက မကွဲပြားစွာဘဲပြောလိုက်တော့သည်။
အဲ့ဒီနောက် အတွင်းရေးမှူးချန်က အခန်းထဲကနေရိုသေစွာ ထွက်သွားလိုက်တော့သည်။သူတံခါးပိတ်လိုက်တဲ့အခါ စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်တာကို ဝမ်ယွီကနောက်ကနေကြားလိုက်ရလေသည် ။
ရုံးခန်းက တိတ်ဆိတ်မှုထဲ ကျရောက်သွားတော့သည်။
ဝမ်ယွီက ချက်ချင်းကြီး အလုပ်စမလုပ်လိုက်ပေ။
အကြောင်းတချို့ချို့ကြောင့် သူဒီနေ့မှာ အထီးကျန်နေသလို ခံစားနေရပေသည်။
ယွီတင်းက ကြီးမားပေသည်။အဲ့ဒါက သူ့ဘဝရဲ့ အလုပ်ပင်ဖြစ်သည်။ဒါပေမယ့် ဝမ်ယွီရဲ့အသက်အရွယ်မှာဆိုရင် နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းသင့်နေပြီဖြစ်သည်။သူကလည်း အတွင်းရေးမှူးနင်လိုဘဲ တဖြည်းဖြည်း အနားယူနေသင့်ပြီဖြစ်သည်။
ဒါပေမယ့် ဝမ်ယွီက သူ့အလုပ်အပြင် အခြားဘာတွေများလုပ်လို့ရနိုင်လဲဆိုတာ မသိတော့ပေ။
ဒါက သူ့ရဲ ဆွဲငင်အားဗဟိုဖြစ်သလို သူ့ရဲ့အလိုလိုသိစိတ်လည်း ဖြစ်သည်။
အဲ့ဒါကြောင့် သူက အလုပ်ဘဲ ဆက်လုပ်ကာ အလုပ်ကိုသွားပြီး သူ့အောင်မြင်မှုလမ်းကြောင်းကို ထပ်တိုးတက်လာဖို့သာ လုပ်နိုင်ပေသည်။
အရင်တုန်းက သူ့ကိုရှုံးနိမ့်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်စီကနေ ဆဲဆိုခံရဖူးပေသည်။အဲ့ဒီလူပြောလာတာက。。。ဝမ်ယွီမင်းက ခံစားချက်မရှိတဲ့စက်တလုံးလိုဘဲ၊ မင်းဘဝမှာ အရာအားလုံးကြွယ်ဝချမ်းသာနေပေါ်ပုံပေမယ့် မင်းနှလုံးသားကတော့ ဗလာဖြစ်နေတယ်。。ဝမ်ယွီ မင်းကတကယ်ကို ရယ်စရာကောင်းတာဘဲ။
အဲ့ဒါက ရယ်ချင်စရာကောင်းနေလို့လား
ဝမ်ယွီကတော့ အဲ့လိုမထင်ပေ။
သူ့ကလေးဘဝတုန်းက အရမ်းကိုစိတ်ဒုက္ခရောက်ခဲ့ရတာကြောင့် ဘယ်သူ့ကိုမှသူမယုံနိုင်ပေ။ ဘယ်သူနဲ့မှလည်း သူနီးနီးစပ်စပ်မရှိချင်ပေ။သူက ဘယ်သူ့ကိုမှ သူ့ခံစားချက်တွေမပေးဖူးသလို သူ့ကိုလည်း ဘယ်သူမှခံစားချက်တွေပေးမလာကြပေ။
ဒါပေမယ့် ဝမ်ယွီက ဘယ်နေရာကမှ ရယ်စရာကောင်းနေတယ်လို့ ရှာမတွေ့မိပေ။သူက လက်တုံ့ပြန်လိုက်နိုင်ပြီး ဒီကြီးမားတဲ့ကုမ္ပဏီယွီတင်းကိုလည်း တည်ထောင်နိုင်ခဲ့ပေသည်။
သူ့ဘဝမှာ လုံးဝကိုစိတ်ချမ်းသာစရာပင် ဖြစ်သည်။
ပြီးတော့ သူကသေတမ်းစာတောင်ရေးပြီးသွားပြီဖြစ်သည်။သူသေသွားပြီးတာနဲ့ သူ့ရဲ့စီးပွားရေးအင်ပါယာကြီးကို လူ့မှုအဖွဲ့အစည်းဆီကို လှုဒါန်းသွားမှာဖြစ်သည်။
အဲ့ဒါက အတော်လေးကိုကောင်းပေသည် ။ဒီလိုဘဝမျိုးက စိတ်ခံစားမှုဆိုင်ရာ အတက်အကျတွေမရှိပေမယ့်လဲ လုံလောက်အောင်ကို စိတ်ချမ်းသာစရာကောင်းနေပြီဖြစ်သည်။သူက သူ့ရဲ့ဆန္ဒအတိုင်း ရရှိသွားကာ အရာအားလုံးက တခုခုမှားနေတာရှိတယ်လို့ သူမခံစားရပေ။
ဒါပေမယ့် တခါတလေကျတော့လည်း အကြောင်းရင်းတချို့ကြောင့် ရုတ်တရက်သူ အထီးကျန်တယ်လို့ခံစားရပေသည်။
ဒီလိုအထီးကျန်တဲ့ခံစားမှုမျိုးက အရမ်းထူးဆန်းပေသည်။အတိတ်တုန်းကလည်း သူနေ့ရက်တွေက ဒီလိုဘဲရှိနေခဲ့တာဘဲကို၊ ဒါပေမယ့်တခါမှ ဒီလိုမျိုးမခံစားရခဲ့ပေ။အခုတလောမှာ ဘာကြောင့်မှန်းတော့မသိပေမယ့် သူဘယ်ကိုဘဲသွားသွား သူ့ဘေးနားမှာ တစ်စုံတစ်ယောက်ရှိနေသင့်တယ်လို့ ခံစားနေရပေသည်။
သူ့နှလုံးသားကို ပြည့်လျှမ်းသွားအောင်အထိ ဖြည့်ပေးနိုင်တဲ့ တစုံတယောက်。。。
ဝမ်ယွီက စားပွဲခုံဘေးကို ကြည့်လိုက်လေသည်။အဲ့ဒီမှာ ဘာမှမရှိပေမယ့် ထူးဆန်းစွာဘဲ အဲ့နေရာမှာ တယောက်ယောက်ရှိနေသင့်တယ်လို့ ဝမ်ယွီခံစားလိုက်ရပေသည်။သူမက စကားပြောရင်းနဲ့ ရယ်မောနေပေသည်။သူမရဲ့အပြုံးက ပန်းပွင့်လေးကဲ့သို့ပင်ဖြစ်သည်။သူမက သူ့နှလုံးသားကို နွေးထွေးစေကာ အထီးကျန်မှုကို ပွေ့ဖက်ထားပေးလေသည်။
ချီကျန်းကျန်း。。。
ဝမ်ယွီရဲ့မျက်ခုံးတွေက ချက်ချင်းဘဲ မျက်မှောင်ကြုတ်သွားတော့သည်။
သူကယွီတင်းကို တည်ထောင်ခဲ့ကာ လူတိုင်း၏ပါးစပ်ဖျားတွင် ကျော်ကြားတဲ့ ပုံရိပ်တခုဖြစ်နေပေမယ့် တကယ်တမ်းမှာတော့ သူ့ရဲ့အတွင်းပိုင်း လူလူချင်းဆက်ဆံရေးတွေက အရမ်းကို ရိုးရှင်းပေသည်။ဒီဘဝတွင် သူမှတ်မိနေသော လူတွေက သိပ်အများကြီးမရှိပေ။
သူက ချီကျန်းကျန်းဟူသော နာမည်ကိုမှတ်မိနေပေသည်။သူမက သူရဲ့ယခင်တုန်းက သတို့သမီးလောင်း ဖြစ်ခဲ့ပေသည်။
ဒီနာမည်ကို သူဘာကြောင့်မှတ်မိနေရတာလဲ။
ဝမ်ယွီရဲ့ မျက်ခုံးတွေက တင်းကြပ်စွာပင်ကြုတ်သွားတော့သည်။အမြဲတမ်း ရှေးဟောင်းရေတွင်းကြီးတစ်ခုလိုဖြစ်နေခဲ့တဲ့ သူ့နှလုံးသားက ဖော်ပြ၍မရနိုင်လောက်အောင်ပင် ခုန်ပေါက်လာတော့သည်။
‘‘ယှီယှီ... ’’
အဲ့ဒါက ရှင်းလင်းနေတဲ့အသံတစ်ခုက သူ့ကိုခေါ်နေသလိုပင်ဖြစ်သည်။အဲ့ဒီအသံက နူးညံ့ကာ ချိုမြိန်နေပေမယ့် အချစ်တွေနဲ့လည်း ပြည့်နှက်နေပေသည်။
ဝမ်ယွီက သူ့ရင်ဘတ်ကိုဖိဆုပ်လိုက်ကာ သူ့မျက်လုံးတွေကလည်း ဖော်မပြနိုင်လောက်အောင် ချဉ်လာတော့သည်။
သူဘယ်တော့ကမှ မရှိခဲ့ဖူးတဲ့ ခံစားချက်တွေက
ပျံ့နှံ့လာခဲ့လေသည်။
သူက တစ်စုံတစ်ခုကို မေ့နေပုံပေါ်ပေသည်။အဲ့ဒါက အရမ်းအရမ်းအရေးကြီးတယ်၊ အရေးကြီးလွန်းလို့ သူ့နှလုံးသားကပါ ထိန်းချုပ်မှုလွတ်သွားသကဲ့သို့ပင် အရိုင်းဆန်ဆန် ခုန်ပေါက်နေတော့သည်။
‘‘ချီကျန်းကျန်း。。。’’
သူက ဝိုးတဝါး ရေရွတ်လိုက်လေသည်။
သူ့စိတ်ထဲတွင် လှပသောပုံရိပ်တခုက လျှပ်တပြက်အရောင်လက်လာတော့သည်။
‘‘ကျန်းကျန်း ’’
ဝမ်ယွီက ထထိုင်လိုက်တော့သည်။
သူ့မျက်လုံးများကိုဖွင့်လိုက်ကာ သူ့အကြည့်တွေက နံရံပေါ်မှာချိတ်ထားတဲ့ လက်ထပ်ဓာတ်ပုံပေါ်ကျရောက်သွားတော့သည်။ အဲ့ဒါက သူတို့ငယ်ရွယ်နေတုန်းက အသွင်အပြင်နှင့်ဖြစ်သည်။
ဝမ်ယွီက သူ့ခေါင်းကို တောင့်တင်းစွာလှည့်ကြည့်လိုက်တော့သည်။အိပ်ရာပေါ်တွင် အသက်60တောင်ရှိနေပြီဖြစ်သော ချီကျန်းကျန်းက တတွတ်တွတ်ရေရွတ်လာလေသည်။
‘‘ယွီယွီ ရှင်ဘာလုပ်နေတာလဲ အိပ်မက်ဆိုးမက်လို့လား ပြန်အိပ်တော့လေ 。。。’’
သူမက သတိမရှိသလိုနှင့်တတွတ်တွတ်ပြောနေလေသည်။ သူမပြောနေရင်းနဲ့ လက်ဆန့်လာကာ သူ့ကျောကို နှစ်ကြိမ်လောက် ပုတ်ပေးလာပေမယ့်လည်း သူ့မမျက်လုံးတွေကတော့ မပွင့်လာပေ။နှစ်ခါလောက် ပုတ်ပေးပြီးနောက် သူမအသက်ရှူသံက ရှည်လျားလာတော့သည်။
ဝမ်ယွီက သက်ပြင်းရှည်ကြီးတချက် မှုတ်ထုတ်လိုက်တော့သည်။
အဲ့ဒီနောက် သူပြန်လှဲလိုက်ကာ ချီကျန်းကျန်းကို သူ့လက်မောင်းတွေကြားထဲမှာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်တော့သည်။
အဲ့ဒါက အိပ်မက်တခုဘဲဖြစ်သည်။
မဟုတ်ဘူး၊ ဖြစ်နိုင်တာက အဲ့ဒါက အိပ်မက်မဟုတ်ဘဲ ချီကျန်းကျန်းရှိမနေတဲ့ သူ့ရဲ့ဘဝသာဖြစ်သည်။
ဝမ်ယွီအတွက်တော့ ဘဝက ရှေးဟောင်းရေတွင်းကြီးလိုပင်ဖြစ်သည်။ ပြန့်ပြားနေကာ ဘာလှိုင်းလုံးမှလည်းမရှိပေ။အဲ့ဒါကို စိတ်ချမ်းသာဖို့ကောင်းတယ်လို့ဘဲ ဆိုနိုင်ပေသည်။ဘာလို့ဆို သူ့နှလုံးသားကို ပြည့်လျှံသွားစေမယ့် ချိုမြိန်မှုကို ဘယ်တော့မှ မကြုံခဲ့ရဖူးလို့ဖြစ်သည်။
ဒါပေမယ့် သူ့အတွက်တော့ အဲ့ဒါက တွေးလိုက်ရုံနဲ့တင် ဖယ်ရှားလို့မရနိုင်တဲ့ အထီးကျန်မှုကြီးပင်ဖြစ်သည်။
ဝမ်ယွီရဲ့ လက်တွေက ထပ်ပြီးတင်းကြပ်သွားတော့သည်။ချီကျန်းကျန်းက သူဖက်တာခံရတာကို အသားကျနေပြီဖြစ်သည်။သူမကလှုပ်လိုက်ကာ အိပ်ရအဆင်ပြေတဲ့ပုံစံကိုပြောင်းလိုက်ပြီးနောက် ဆက်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
‘‘ကျန်းကျန်း အဲ့ဒါက အရမ်းကောင်းတာဘဲ ကျေးဇူးတင်ပါတယ် ’’
မင်းက တကယ်ကို ဘုရားရှင်ရဲ့ လက်ဆောင်ဘဲ။
အဖိုးတန်ဆုံးသော လက်ဆောင်။
ဝမ်နျန်နဲ့ ဝမ်ဆွေ့တို့က သူတို့မိဘတွေက ထပ်ပြီးချစ်နေကြတာကို တွေ့လိုက်ရပြန်သည်။
တယောက်က အသက်65ရှိပြီး တယောက်ကအသက်60ရှိနေပြီ ဆိုရင်တောင်မှပေါ့ ။
တကယ်တော့ ဒီနှစ်တွေအားလုံးမှာ သူတို့က အရမ်းကိုချစ်နေခဲ့ကြတာဖြစ်သည်။ဒါပေမယ့် အနှစ်လေးဆယ်လောက် အတူရှိလာပြီးတဲ့နောက်မှာတော့ တစ်ခါတလေမှာ အဲ့ဒါက ရေရှည်အတွက်နွေးထွေးမှုမျိုး ဖြစ်လာခဲ့ပေသည်။
သူတို့က အချိန်နဲ့အမျှ သူတို့ရဲ့ အချစ်မေတ္တာတွေကို ထုတ်ပြနေပေမယ့် အသက်ကြီးလာတာနဲ့အမျှ သူတို့ကအနည်းငယ်ပိုပြီး တသီးတသန့်ဖြစ်လာခဲ့လေသည်။
ဒါပေမယ့် ဒီရက်အနည်းငယ်အတွင်းမှာ သူတို့ကထပ်ပြီး ချစ်ခင်ယုယနေကြပြန်သည်။
အဓိကအကြောင်းရင်းကတော့ အသက်65နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုက ရုတ်တရက်ဘဲ သူမအတွက်သူ့ရဲ့အချစ်တွေကို နည်းမျိုးစုံနဲ့ ထုတ်ပြလာသောကြောင့်ဖြစ်ပေသည်။သူဘာဖြစ်နေတာလဲဆိုတာ သူမလည်းမသိတော့ပေ။
သူတို့ရဲ့ အသက်60အရွယ် အဖွားအိုလေးကလည်း စိတ်ရှုပ်ထွေးသွားပေမယ့် သူတို့နှစ်ယောက်က အမြဲတမ်းဆက်ဆံရေးကောင်းနေခဲ့တာကြောင့် သူမကလည်းသူ့နောက်မှ အမြဲတမ်းလိုက်ပါနေကျပင် ဖြစ်ပေသည်။
အဲ့ဒီနောက်မှာတော့ သူတို့ကထပ်ပြီးတော့ ချစ်ခင်နေကြတော့သည်။
xxxxx