ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 114
လူနာသည် သူမ၏ ရှုပ်ထွေးနေသောအမူအရာကို ဖုံးကွယ်မထားနိုင်ဘဲ အန်းသန့်စ်နှင့် ဒဲဗောရာကို တစ်လှည့်စီကြည့်လိုက်သည်။
သူမ ဒီနေရာကို သဝန်တိုခြင်းမဟုတ်ဘဲ သဘာဝအတိုင်း စကားပြောချင်လို့ လာခဲ့တာဖြစ်သော်လည်း မထင်မှတ်ထားသော အခြေအနေနှင့် ရင်ဆိုင်လိုက်ရသဖြင့် ရှုပ်ထွေးသွားခဲ့တော့သည်။
'အခု...အဲ့ဒါက ဘာလဲ။ ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုဖြစ်တာလဲ။ဘယ်လိုလုပ်ပြီး?!'
လူနာသည် အစထဲကပင် များသောအားဖြင့် အခြားသူများနှင့် ပြောဆိုဆက်ဆံရခြင်းကို မနှစ်သက်သော အန်းသန့်စ်က အခြားအမျိုးသမီးတစ်ဦးနှင့် စကားပြောနေသောကြောင့် မလိုအပ်စွာ စိုးရိမ်ပူပန်ခဲ့ပြီးဖြစ်သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ထိုအမျိုးသမီး၏ မျက်နှာက သူမနှင့် အတော်လေးတူနေတာဖြစ်သည်။
ဒီလိုမျိုး အခြေအနေကို သူမ ဘယ်လိုလုပ် လွယ်လွယ်လက်သင့်ခံနိုင်ပါ့မလဲ။။
လူနာသည် အကြိမ်ပေါင်းများစွာ မျက်တောင်ခတ်လိုက်ပြီး အန်းသန့်စ်၏ အင်္ကျီလက်စကို မသိစိတ်အရ ဆုပ်ကိုင်ထားလိုက်မိသည်။
ပုံမှန်အားဖြင့် ယခုအခြေအနေတွင် အံ့အားသင့်စရာအကောင်းဆုံးမှာ ဒဲဗောရာ၏ မျက်နှာဖြစ်သင့်သော်လည်း လူနာသည် အကြောင်းတစ်ချို့ကြောင့် အန်းသန့်စ်ထံမှ ရှင်းပြချက်ကို ဦးစွာကြားလိုသလို ခံစားနေရသည်။
မျှော်လင့်ထားသလိုပင် အန်းသန့်စ်က လူနာကိုင်ထားသော အင််ကျီစကို ငုံ့ကြည့်ပြီးနောက် လျင်မြန်စွာပင် သူမ၏ မျက်နှာကို ကြည့်လိုက်၏။
ထို့နောက် အန်းသန့်စ်သည် လူနာထံမှ အဲ့အမျိုးသမီးကို ဘာလို့စကားပြောနေတာလဲဟု မေးနေပုံရသည့် သူတစ်ခါမှ မမြင်ဖူးခဲ့သော အမူအရာကို တွေ့လိုက်ရသည်။
"လေဒီလူနာ"
သူမ ခါတိုင်း မည်ကဲ့သို့ပြုမူလေ့ရှိသည်ကို တွေးကြည့်လျှင်ကြည့်ပါက ယခုအမူအရာသည် လုံးဝဤအရာသည် မထင်မှတ်စရာအတိပင်။
အန်းသန့်စ်က လူနာ၏ နာမည်ကိုခေါ်လိုက်ချိန်တွင် ဒဲဗောရာ တုန်လှုပ်သွားခဲ့သည်။
လူနာလား။
ထိုနာမည်မှာ သူမ မကြာသေးမီကစ အကြိမ်အများဆုံး ကြားခဲ့ရပြီး ထိုအမျိုးသမီးအဖြစ်လည်း အယောင်ဆောင်ခဲ့တာကြောင့် မကူညီနိုင်ဘဲ တုံ့ပြန်မိသွားခဲ့သည်။
လူနာ ဟူသောအမည်က အဆန်းမဟုတ်သဖြင့် ထိုအမည်ရှိသော နောက်ထပ်တစ်စုံတစ်ယောက် ဖြစ်နိုင်သော်လည်း သူတို့၏ မျက်နှာများမှာ ဆင်တူနေသောကြောင့် ဖြစ်နိုင်ချေဆိုတာ မရှိသလောက်လျော့ကျသွားခဲ့သည်။ ထိုသို့ဖြင့် အခြေအနေက ကမောက်ကမ ဖြစ်လာခဲ့သည်။
"အမ်... ကျွန်မ..ကျွန်မ ပြောချင်တာက ရှင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲလို့ပါ"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင် လူနာက ဦးစွာစကားစပြောခဲ့လိုက်သည်။ လူနာသည် သူမ အန်းသန့်စ်၏ အင်္ကျီစကိုကိုင်ပြီး ထိုကဲ့သို့ မေးခွန်းမေးမိသောကြောင့် ရှက်သွားခဲ့သော်လည်း သူတို့နှစ်ယောက်မှာ ချစ်သူများဖြစ်ကြတာကြောင့် ဒီလိုအရာလောက်ကတော့ မေးသင့်ပေသည်။
ဒါပေါ့ အဲ့ဒါက သူမ အေးအေးဆေးဆေးလေသံနဲ့ စကားပြောနိုင်တယ်လို့တော့ မဆိုလိုချေ။လူနာသည် သူမ အဓိပ္ပာယ်မရှိတာကိုပြောမိသကဲ့သို့ ရှင်းလင်းစွာပင် တုန်လှုပ်သွားပြီး အန်းသန့်စ်၏ အင်္ကျီစကို လွှတ်လိုက်သည်။
ထိုလုပ်ရပ်ကြောင့် လူနာကိုစိုက်ကြည့်နေခဲ့သော အန်းသန့်စ်၏ နှုတ်ခမ်းထောင့်များက ကော့ညွှတ်သွားပြီး အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ကာ မျက်လုံးများက မထိန်းနိုင်အောင် နူးညံ့သွားခဲ့တော့သည်။
သူ တမင်တကာ လုပ်ယူဖန်တီးခြင်းမဟုတ်ဘဲ အလိုအလျောက်တုံ့ပြန်မှုပင်ဖြစ်သည်။သူ လူနာကို ကြည့်လိုက်မိတိုင်း မယုံနိုင်လောက်အောင်ပင် ပျော်ရွှင်ခဲ့ရသည်။
အန်းသန့်စ်က တုန်လှုပ်ချောက်ချားနေဆဲဖြစ်သော လူနာ၏ ခါးပေါ် သူ့လက်ကို ညင်သာစွာ တင်လိုက်ပြီး ပြန်ဖြေလိုက်သည်-
"ကိုယ်က ဒီတိုင်း ဒီအမျိုးသမီး လဲကျမလိုမျိုးဖြစ်သွားလို့ ကူညီပေးခဲ့တာ"
လူနာသည် သူတို့၏စကားဝိုင်းမှာ ထို့သို့ပြောဖို့အတွက် အနည်းငယ် ရှည်ကြာခဲ့သည်ဟု တွေးပြီး စကားမပြောဘဲ အမှန်တရားကို အတည်ပြုဖို့ ကြိုးစားခဲ့၏။
လူနာသည် တည်ငြိမ်အောင်ကြိုးစားလိုက်သော်လည်း သူမမျက်နှာပေါ်တွင်မူ သံသယစိတ်များနှင့် ပြည့်နှက်နေခဲ့သည်။
အန်းသန့်စ်သည် ထိုတုံ့ပြန်မှုကြောင့် သူ၏ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
"အင်း.. သူမက နည်းနည်းလန့်သွားတဲ့ပုံရလို့ ကိုယ် သူမနဲ့ ခဏလောက် စကားပြောပေးခဲ့လိုက်တယ်"
"အာ..."
"ကိုယ်တို့စကားပြောနေရင်း သူမက အခုမှ ဒီကိုရောက်လာတာဆိုပြီး ပြောလို့ ကိုယ်လည်း လေဒီ့အစား ကူညီပေးမလို့လုပ်နေတုန်း လေဒီရောက်လာတာပဲ"
"အာ…!"
အန်းသန့်စ်သည် ရှားပါးသော အခွင့်အရေးဖြစ်သည့်အလျောက် သူ့စိတ်ရင်းစကားများကို ထည့်သွင်းနေခဲ့သည်။တစ်ချိန်ထဲမှာဘဲ လူနာသည် မျက်လုံးများ ဝိုင်းစက်ကာ တောင့်ခဲသွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ဒဲဗောရာ၏ နှလုံးသားက ပို၍ ပို၍ အေးစက်လာခဲ့တော့သည်။
သူမသည် လွန်ခဲ့သော အခိုက်အတန့်ကပင် သူမတို့ကြားရှိ ချိုမြိန်မှုကြောင့် အလွန် စိတ်လှုပ်ရှားနေခဲ့သော်လည်း ရုတ်တရက်ကြီး တစ်စုံတစ်ယောက်က သူမခေါင်းပေါ် ရေအေးလောင်းချလိုက်သလို ခံစားခဲ့ရသည်။
ဟုတ်တယ် ဒီလောက် ချောမောပြီး ကြင်နာတတ်တဲ့ယောက်ျားမှာ ချစ်သူမရှိဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
တစ်ချက်ကြည့်လိုက်ရုံဖြင့်တောင် သူမ၏နှလုံးသားကို ခိုးယူနိုင်ခဲ့သည့် ထိုယောက်ျားတွင် ချစ်သူမရှိဘူးဆိုတာက အဓိပ္ပာယ်မရှိချေ။
ထို့အပြင် တစ်ချိန်တည်းမှာပင် မြို့စားကြီး၏ တစ်ဦးတည်းသောသားဖြစ်သည့် ဖယ်ဆန်က လူနာပဲလ်ကို ဘာလို့ အလွန်စွဲလမ်းနေလဲဆိုတာ နားလည်သွားနိုင်ခဲ့သည်။
'...ငါ အခု သခင်လေးဖယ်ဆန်က ဘာလို့ ငါ့ကို လူနာပဲလ်လို့ မထင်ခဲ့လဲဆိုတာ နားလည်သွားပြီ'
သူတို့သည် ဖြတ်ခနဲကြည့်ပါက ဆင်တူသော်လည်း အနီးကပ်စစ်ဆေးရင်တော့ အနည်းငယ် ကွဲပြားမှုများရှိပေသည်။
သူတို့သည် အသွင်အပြင်များ ကွဲပြားကြသည်သာမက မွေးဖွားလာမှုနှင့် ပတ်ဝန်းကျင်ကြောင့် လူနာ၏ မျက်နှာမှာ တစ်စက်ကလေးမှ ညိုမနေချေ။
သူမတွင် မိတ်ကပ်နှင့် ဖန်တီးလုပ်ယူလို့မရသော ထူးခြားအသက်ဝင်ပြီး လတ်ဆတ်သည့် ရောင်ဝါတစ်ခုရှိနေသည်။
မိခင်အတွက် စိုးရိမ်ပူပန်မှုများနှင့် လက်ရှိအခြေအနေအတွက် ပူဆွေးမှုများဖြင့် ပြည့်နှက်နေသည့် ဒဲဗောရာနှင့် နှိုင်းယှဉ်ပါက လူနာမှာ တောက်ပပြီး တက်ကြွသော ရောင်ဝါရှိနေခဲ့သည်။
ဒဲဗောရာသည် သူမ၏ နေရာကို သဘောပေါက်သွားပြီး အမူအရာကိုတည်ငြိမ်အောင်လုပ်လိုက်သည်။ဒဲဗောရာသည် သူမ မရနိုင်သည့် အရာများကို အလွန်အမင်း လိုချင်တောင့်တတတ်သော အမျိုးအစား မဟုတ်ပေ။
သူမ ဘယ်လောက် သဘောကျနေပါစေ ဘယ်လောက်ပဲ လိုချင်နေပါစေ သူမ မွေးဖွားလာစဉ်ကတည်းက မျှော်လင့်ချက်ထားတာထက် လက်လျော့လိုက်တာက ပိုကောင်းတယ်လို့ သင်ယူခဲ့ရသည်။
ထို့ကြောင့် မလိုအပ်သော ရှုပ်ထွေးမှုများနှင့် နားလည်မှုလွဲခြင်းများကို ရှောင်ဖို့ရာ ဒဲဗောရာသည် လူနာ နှင့် အန်းသန့်စ်တို့၏ စကားဝိုင်းထဲ သတိကြီးစွာဖြင့် ကြားဝင်ခဲ့လိုက်သည်။
"အာ… ကျွန်မကို ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"
သူမ၏ လေသံမှာ သူက သူမကို ကူညီပေးခဲ့ရုံကလွဲပြီး ဘာမှမရှိဟု ပြောနေသည်။
ထိုအချိန်မှသာ လူနာသည် နောက်ဆုံးတွင် သူမ၏ အကြည့်များကို ဒဲဗောရာဘက်သို့ လှည့်လိုက်သည်။
ထို့နောက် လူနာသည် သူမရှေ့က အမျိုးသမီးကို တစ်ချိန်လုံး လျစ်လျူရှုထားပြီး အန်းသန့်စ်ကိုပဲ အာရုံစိုက်နေခဲ့မိကြောင်း သဘောပေါက်သွားခဲ့သည်။
"အာ!ကျွန်မ တောင်းပန်ပါတယ်။ဧည့်သည်ကို ဒီတိုင်းထားမိသွားတယ်။ တစ်နေရာရာ ထိခိုက်မိသွားသေးလား"
"အိုး အဆင်ပြေတယ်။ကျွန်မ မလဲသွားခင် ဒီသခင်လေးက ဖမ်းပေးခဲ့လို့ရယ်"
"တော်သေးတာပေါ့။ဒါဆို အခု ဘာလို့ အပေါ်ထပ်မှာ ခဏလောက် အနားမယူလဲ။ကျွန်မ ဒီနားတစ်ဝိုက်လိုက်ပြပေးပါ့မယ်။စောနကအဖြစ်အပျက်ကြောင့် တော်တော်လေး လန့်သွားမှာပဲ"
လူနာသည် သူမ ဤလက်ဝတ်ရတနာဆိုင် ပိုင်ရှင်လိုမျိုး တုံ့ပြန်လာခဲ့သည်။ထို့အပြင် ၎င်းကို မည်သူကမှ ထူးဆန်းသလိုမဖြစ်နေသောကြောင့် သူမက လက်ဝတ်ရတနာဆိုင်ပိုင်ရှင်အစစ်ဖြစ်ကြောင်း ဒဲဗောရာ သဘောပေါက်သွားခဲ့သည်။
'ဒီလိုလှတဲ့ လက်ဝတ်ရတနာဆိုင် ပိုင်ရှင်အဖြစ်... ဟန်ဆောင်ရတာ ဘယ်လောက်တောင် အထင်ကြီးစရာကောင်းလိုက်လဲ'
သူမ တကယ်ပဲ အတူပတ်ကြည့်နိုင်ပါ့မလား။
ဒဲဗောရာက ထိုသို့သော အတွေးမျိုး ရှိနေစဉ် လက်ရှိအခြေအနေမှ အမြန်ဆုံး လွတ်မြောက်လိုသော ဘတ်သ်က စကားဝိုင်းကို ရက်စက်စွာ နှောက်ယှက်ခဲ့သည်။
"ခွင့်လွှတ်ပါ သခင်မလေး။ သခင်မလေးက အရမ်းထိပ်လန့်သွားတာဆိုတော့ အခုဘဲ ပြန်တာက အကောင်းဆုံး ဖြစ်မှာပါ"
သေချာစွာပင် သူတို့၏ အဆင့်အတန်း ကွာခြားမှုကြောင့် ဘတ်သ်သည် လူနာကို တိုက်ရိုက်တုန့်ပြန်ဖို့ထက် ဒဲဗောရာကိုသာ သွယ်ဝိုက်ပြောလိုက်သည်။
"မဟုတ်သေးဘူး။ အရမ်းလန့်သွားတယ်ဆိုရင် ချက်ချင်းမပြန်ဘဲ ခဏလောက် အနားယူသင့်တယ်။ကြွက်သားတွေ ထိပ်လန့်သွားရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်တယ်"
သို့သော်လည်း အကြောင်းတစ်ချို့ကြောင့် အန်းသန့်စ်ထံမှ ငြင်းဆိုချက်တစ်ခု ချက်ချင်းထွက်လာခဲ့သည်။
၎င်းက အမှန်တကယ်မလိုအပ်သော်လည်း တစ်ဖက်လူမှာ မားကွစ်မိသားစု၏ အကြီးဆုံးသားဖြစ်သည်။
တောင်းဆိုတာထက် အမိန့်ပေးသလိုပေါက်နေသောလေသံက ဘတ်သ်အား သူမ နောက်ထပ်ဝင်ရောက်စွက်ဖက်ဖို့ နေရာမရှိကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
တစ်ဖက်တွင်မူ ဒဲဗောရာသည် သူမ မြင်မြင်မြင်ချင်း သဘောကျမိသွားသော ယောက်ျား၏ ဂရုစိုက်မှုကြောင့် ပါးပြင်များ အနီရောင်သန်းလာပြီး ပေါ့ပါးစွာ ခေါင်းညိတ်ပြလိုက်သည်။
ဤသည်ကိုမြင်တော့ လူနာ၏ အမူအရာက တစ်ဖန် လေးနက်လာပြန်ခဲ့သည်။
* * *
"ဒါဆို ကျွန်မ လန်းဆန်းသွားအောင် အအေးတစ်ချို့ စီစဉ်ပေးပါ့မယ်။ဒါကြောင့် ခဏလောက် အနားယူလိုက်ပါ"
"ဟုတ် ကျေးဇူးတင်ပါတယ်"
လူနာသည် သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ကြိုးစားရင်း ဒဲဗောရာကို သီးသန့်ခန်းဆီသို့ ခေါ်သွားခဲ့သည်။ထို့နောက် တံခါးပိတ်လိုက်သွားသည်နှင့် သတိပင်မထားမိလိုက်ဘဲ သူမနှုတ်ခမ်းကိုသူမ ကိုက်လိုက်မိသည်။
မဟုတ်သေးဘူးမလား။တကယ်ဆို လဲကျခါနီး လူတစ်ယောက်ကို ကူညီခဲ့တာ သက်သက်ပဲဆိုရင် ဘာလို့ ဆက်နေဖို့ ဆွဲထားနေတာလဲ။
ဘာလိုလဲ။ သူ အဲ့တစ်ယောက်ကို တကယ်စိတ်ဝင်စားသွားတာလား။သူ ငါ့ကို စတွေ့ပြီး သိပ်မကြာသေးမှာပဲ ရုတ်တရက်ကြီး ချိန်းတွေ့ဖို့ အကြံပြုလာထဲစ ရိပ်မိလိုက်သင့်တယ်။သူက အဲ့လောက်လွယ်တဲ့လူလား။
လူနာသည် ထိုအတွေးများဖြင့် တစ်ဖက်သို့လှည့်လိုက်ရာ အကြောင်းတစ်ချို့ကြောင့် ပျော်ရွှင်နေပုံရသော အန်းသန့်စ် ကိုတွေ့လိုက်ရသည်။
"မင်းကြည့်ရတာ သိပ်မပျော်နေသလိုပဲ"
ဘာဖြစ်တယ်။
လူနာက အန်းသန့်စ်ကို အေးစက်စက်စိုက်ကြည့်လိုက်ပြီး ပြန်တုံ့ပြန်ခဲ့လိုက်သည်။
"ရှင့်ကြည့်ရတာတော့ တော်တော်လေးပျော်နေတဲ့ပုံပဲ"
"အွန်း အမှန်ပဲလေ"
"…အိုးဘုရားရေ"
အရှက်တရားဆိုတာဘယ်မှာလဲ။သူက တကယ်ပဲ လွယ်တဲ့လူလား။ဟမ်? လှပတဲ့ မျက်နှာကို မြင်ရုံနဲ့ ချက်ချင်း စိတ်ဝင်စားသွားတာလား။
လူနာသည်လည်း တစ်ခါတရံတွင် အန်းသန့်စ်၏ ချောမောသောမျက်နှာကို သဘောကျနှစ်သက်ခဲ့သော်လည်း သူမ၏ ကျေနပ်မှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ထို့ကြောင့် အန်းသန့်စ်ဘေးကနေ ဖြတ်ပြီး တစ်ယောက်တည်း အောက်ထပ်ကိုဆင်းလိုက်စဉ်တွင် သူက သူမနောက် ချက်ချင်းလိုက်လာပြီး ထိုအရာကို စောင့်ဆိုင်းနေသကဲ့သို့ တည်ငြိမ်စွာ မေးလာခဲ့သည်။
"မင်း ဘာလို့မပျော်ရတာလဲ လေဒီလူနာ"
"ရှင် ဘာတွေ လာဂရုစိုက်နေသေးတာလဲ"
အဲ့ဒါ ရှင့်ကြောင့်ပဲလေ! ကျွန်မနဲ့ မျက်နှာပုံစံလေးတူတဲ့သူတွေ့တာနဲ့ ဘက်ပြောင်းချင်နေတဲ့ရှင့်ကြောင့်လေ!
ထိုမေးခွန်းကို ဖြေရန်မလိုအပ်သကဲ့သို့ လူနာ၏ ခြေလှမ်းများက ပိုအားပြင်းလာခဲ့သည်။သူမသာ ဒီထက်အနည်းငယ်ပိုအားထည့်ပါက ထိုခွန်အားနှင့် ကြမ်းပြင်ကိုတောင် ချိုးပစ်နိုင်သည်ဟု ခံစားနေရသည်။
"ဟော အကြောင်းရင်းကိုသိမှ ကိုယ် မင်းကို ပိုကောင်းအောင် ကူညီပေးလို့ရမှာလေ"
"ရှင် ဘာလို့လဲ-"
လူနာသည် ဒေါသထွက်ထွက်ဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး 'ရှင် ဘာလို့ ဒဏ်ရာကို ဆားသိပ်နေရတာလဲ' ဆိုသော စကားလုံးများကို မျိုချရန်ကြိုးစားလိုက်သည်။
ထို့နောက် အန်းသန့်စ်က သူ၏မျက်လုံးများကို ညင်သာစွာ ကျဉ်းမြောင်းလိုက်သည်။
သူ၏ ခံစားချက်အရ နောက်တစ်ဆင့်ကို တက်သင့်ပြီဟုတွေးရင်း ပြန်ပြောလိုက်သည်။
"မင်း ကိုယ့်ကြောင့် ဒေါသထွက်နေတာမလား။ မဟုတ်ဘူး တိတိကျကျပြောရရင် ကိုယ် အဲဒီမိန်းမနဲ့ စကားပြောခဲ့လို့မလား။ ကိုယ် ဘာလို့မေးနေရတာလဲဆိုရင် ကိုယ့်ကိုလမ်းခွဲဖို့ အမြဲပြောနေတဲ့သူက ဒီလိုဖြစ်နေတာထူးဆန်းနေလို့"
TK Team (chapter 114)