Chapter 115
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 115


အန်းသန့်စ်၏ မေးခွန်းကြောင့် အလွန်အမင်း ဒေါသထွက်နေခဲ့သော လူနာ၏ ခြေလှမ်းများမှာ ရုတ်တရတ် ရပ်သွားခဲ့သည်။

တကယ်တမ်း လူနာကိုယ်တိုင်လည်း သူမ ထူးဆန်းနေသည်ဟု စောစောကထင်ခဲ့ဖူးသော်လည်း ၎င်းမှာ အမှန်ဖြစ်နေပုံရသည်။ 

သူမမှာ အန်းသန့်စ်နှင့်လမ်းခွဲဖို့ လအတော်တန်ကြာအောင်အထိ တောက်လျှောက်တွေးနေခဲ့သော်လည်း ယခုတွင်မူ သူ တခြားမိန်းကလေးတစ်ယောက်နဲ့ စကားပြောခဲ့တာကြောင့် သူမဒေါသဖြစ်နေခဲ့သည်။ဒါက ဘယ်လိုကမောက်ကမ အခြေအနေမျိုးလဲ။

'ငါ ဘာလို့အဲ့လိုဖြစ်နေတာလဲ။ရူးနေတာလား'

သူမကိုသူမ သူငယ်ချင်းခိုးခံလိုက်ရသည့် မူကြိုကျောင်းသူနှင့် နှိုင်းယှဥ်တာမှာ နည်းနည်း ပိုလွန်းသည်။

သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းနားလည်ပြီး ပိုရင်းနှီးလာလို့လားတော့ မသိသော်လည်း သူမကိုယ်သူမ အသေးအဖွဲအရာတစ်ခုအပေါ် ဒေါသအရမ်းထွက်နေသလို ခံစားလိုက်ရသည်။

"အာ…အဲဒါ...အဲ့ဒါက…"

ထို့ကြောင့် လူနာသည် အဖြေပြန်မပေးနိုင်ဘဲ တုံ့ဆိုင်းသွားခဲ့ချိန် အန်းသန့်စ်က ၎င်းကို မျှော်လင့်ထားဟန်ဖြင့် လူနာအနားသို့ခြေတစ်လှမ်းပိုတိုးပြီး ထပ်မေးလိုက်သည်။

"ဘာလို့လဲ။ လေဒီ မသိဘူးလား"

"…"

သူ့လေသံမှာ သူမမသိပါက သူပြောပြနိုင်တယ်ဆိုသကဲ့သို့ ဖြစ်နေ‌၏။လူနာသည် မသိလိုက်စွာပင် နောက်သို့ ခြေတစ်လှမ်းဆုတ်မိလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ကျွန်မသိဘူး။ ကျွန်မ လုံးဝမသိဘူး။

လူနာသည် သူမဘာကြောင့် ထိုကဲ့သို့ခံစားနေရမှန်း နားမလည်တာကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ထို့နောက် လူနာသည် အန်းသန့်စ်က သူမအပေါ် ခံစားချက်တွေရှိနေမှန်း ပြန်သတိရသွားပြီး သူ့အကြည့်များကြောင့် နေရခက်လာကာ မျက်လုံးချင်းပင်မဆုံနိုင်တော့ဘဲ စကားများထစ်အလာခဲ့၏။

သူ သူမအနားမှာမရှိနေရင် ဝမ်းနည်းသလိုလို စိတ်ပျက်သလိုလိုခံစားရပြီး သူ တခြားကောင်မလေးနဲ့ စကားပြောနေတာကိုတွေ့ရင် မကြိုက်သလိုခံစားရကာ ‌အကြောင်းအရင်းမရှိ ဒေါသထွက်လာတာက...

အဲ့ခံစားချက်တွေက…

'crush ရှိနေတဲ့အထက်တန်းကျောင်းသူရဲ့ခံစားချက်...?'

လူနာသည် ထိုသို့ အတွေးရောက်ပြီး အံ့အားသင့်သွားကာ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်မိသည်။

'ငါ ဘာတွေတွေးနေတာလဲ! အန်းသန့်စ်ကသာ ငါ့ကို ကြိုက်နေတာလေ။ဘာလို့ ရုတ်တရက် ဒီဟာကြီးကထွက်လာတာလဲ'

သို့သော်လည်း သူမ ဘယ်လောက်ပဲ တွေးတောပါစေ တခြားကောက်ချက်များထပ်ထွက်မလာခဲ့ပေ။

အန်းသန့်စ်ဘက်ကပဲ သူမအပေါ် ခံစားချက်တွေရှိနေတာဆိုရင် သူမ ဒီလောက်ပြင်းပြင်းထန်ထန် တုံ့ပြန်မှာမဟုတ်ပေ။

သူမ၏ တုံ့ပြန်မှုမှာ အန်းသန့်စ်က သူမကို ကြိုက်နေတာထက် သူမက အန်းသန့်စ်ကို ကြိုက်နေတာဟု တခြားသူတွေ အထင်မှားနိုင်လောက်မည့် တုံ့ပြန်မှုပင်။

'အားးးးး!အဲ့ဒါက တကယ်ကြီးလား။ တကယ်ပဲလား'

ဒါက အဓိပ္ပာယ်မရှိဘူးလေ။ရုတ်တရက်ကြီးလား.. ဒီတိုင်းရုတ်တရက်ကြီးလေ။ ဘာလို့လဲ။မြန်မြန်လေး နောက်ဖြေရှင်းချက်ရှာစမ်းပါ!

လူနာသည် စိတ်ညစ်ညူးစွာ သူမ၏ ဆံပင်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

အန်းသန့်စ်သည် သူမဘာသာ စိတ်ထဲ ဒရမ်တီးနေသလို လှုပ်ရှားခုန်ပေါက်ပြီး အတွေးထဲနစ်နေသေးသော လူနာကို ကြည့်ရင်း သူမ တစ်ခုခုထူးဆန်းနေမှန်းသဘောပေါက်သွားကာ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

သူမ၏ အမူအရာနှင့် အပြုအမူများက သိသာလွန်းနေတာကြောင့် မေးနေစရာတောင် မလိုပေ။ကံကောင်းထောက်မစွာဖြင့် သူမ တစ်ခုခုကို နားလည်သဘောပေါက်လာခဲ့သော်လည်း အဖြစ်မှန်ကို ငြင်းဆန်နေသေးပုံရသည်။

အရင်ကထက်စာရင် အခြေအနေ တိုးတက်လာပုံရပေမယ့်....အဲ့ဒါက တကယ်ကြီး အရမ်းအံ့အားသင့်ပြီး ဒီလိုမျိုး ကိုယ့်ဆံပင်ကို ဆွဲစရာလိုလို့လား။

ဒါပေါ့ အဲ့ဒါကို သူမကြိုက်ဘူးလို့တော့ မဆိုလိုချေ။သူမ၏ စိတ်ရှုပ်ယှက်ခတ်နေသောပုံစံက ရယ်စရာရော ချစ်စရာပါကောင်းနေသည်။

အန်းသန့်စ်သည် အစကတည်းစ လူနာ၏ ထူးခြားသောတုံ့ပြန်မှုများကိုနှစ်သက်ခဲ့သည်။ထိုကြောင့် သူသည် သူမဘေးမှာ ရှိနေရတာနဲ့တင် ပျော်ရွှင်ခဲ့သည်။

အန်းသန့်စ်သည် ရယ်မောချင်စိတ်ကို မျိုချလိုက်ပြီး အဝေးသို့ ရွေ့သွားခဲ့သော လူနာဆီ လျှောက်သွားလိုက်သည်။

"အခု တစ်ခုခုကို သဘောပေါက်သွားပြီလား"

အန်းသန့်စ်သည် သူမ ထိုသို့ဖမ်းခံခဲ့ရတာကြောင့် ဟုတ်တယ်ဟု ဝန်ခံလာဖို့ကို မျှော်လင့်ခဲ့သည်။သူမ ခေါင်းမညိတ်လာရင်တောင် မဟုတ်ဘူးလို့ မငြင်းစေလိုခဲ့ပေ။

အန်းသန့်စ်သည် ထိုအတွေးများဖြင့် မေးလိုက်သော်လည်း လူနာမှာ လန့်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။

"ရှင်-ရှင် ဘာလို့ အနားကပ်လာနေတာလဲ!"

လူနာသည် အနောက်ထပ်ဆုတ်စရာ နေရာမရှိတော့ဘဲ ဒဲဗောရာ ရှိနေသော တံခါးကို မှီထားရပြီး အန်းသန့်စ်ကို ပြောလိုက်သည်။

"စကားပြောဖို့ အရမ်းဝေးလွန်းနေလို့"

တကယ်တမ်း သူတို့ကြားတွင် တော်တော်လေးဝေးကွာနေသေးသည်။သူတို့ကိုမြင်သည့် ဘယ်သူမဆို ကိုယ့်လမ်းကိုယ်သွားကြမည့် သူစိမ်းများဟုထင်မှာပင်။

"ကျွန်မတို့ တကယ်ကြီး စကားပြောဖို့ လိုသေးလို့လား"

လူနာက တုန်ယင်စွာ တုန့်ပြန်လာခဲ့သည်။

မဟုတ်သေးပါဘူး သူမ စောနကပဲ သူ တခြားအမျိုးသမီးနဲ့စကားပြောနေလို့ အသက်တောင်မရှုဘဲ ပြေးလာခဲ့တာမဟုတ်ဘူးလား။

"မင်း ကိုယ့်ကို စကားမပြောချင်လောက်တဲ့အထိ မုန်းတာလား"

ဒါကြောင့် အန်းသန့်စ်လည်း စိတ်ပျက်ဝမ်းနည်းသွားသလို အမူအရာနှင့် မေးလိုက်သည်။ 

ဒါပေါ့ သူတကယ် စိတ်ပျက်နေတာတော့မဟုတ်ဘူး။

အန်းသန့်စ်သည် ၎င်းကသာ လူနာ၏ စစ်မှန်သော ခံစားချက်များကို ဆွဲထုတ်နိုင်သည်ဟု ထင်တာကြောင့် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်သည်။

"…! မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး…"

သူ မျှော်လင့်ထားသလိုပင် တုံ့ပြန်မှုထွက်လာခဲ့သည်။

"ဒါဆို အဓိကအကြာင်းအရာကို ပြန်သွားကြရအောင်"

"ဘာ-ဘာ အဓိကအကြောင်းလဲ"

"လေဒီလူနာက ကိုယ် တခြားအမျိုးသမီးနဲ့ စကားပြောလို့ သဝန်တိုနေတာလားဆိုတာ သိချင်တယ်"

"…ဟမ်!"

လူနာသည် အန်းသန့်စ်၏ တိုက်ရိုက်ပြောဆိုချက်ကြောင့် မျက်တောင်တောင် မခတ်နိုင်ဘဲ အေးခဲသွားခဲ့သည်။

သာမာန်အခြေအနေဆိုပါက သူမသည် သူ့လက်မောင်းကို ရိုက်၍ ဘာတွေပြောနေတာလဲဆိုပြီး ပြန်တုံ့ပြန်လိမ့်မည်ဖြစ်သော်လည်း စောစောက သူမ၏ လုပ်ရပ်များကို အဓိပ္ပာယ်ဖွဲ့ရမည်ဆိုလျှင် ၎င်းမှာ သဝန်တိုတာကလွဲပြီး ဘာမှမရှိချေ။

အန်းသန့်စ်သည် သူနည်းနည်းပိုတွန်းအားပေးလိုက်ခြင်းဖြင့် သူလိုချင်သော အဖြေကို ရနိုင်သော်လည်း တစ်ချိန်ထဲမှာပင် သူမ ထွက်ပြေးနိုင်သည်ဟု တွေးမိပြီး တုံ့ဆိုင်းသွားခဲ့သည်။

ထို့နောက် ရုတ်တရက်ကြီး အန်းသန့်စ်သည် သူ လူနာ၏ခံစားချက်များကိုသာ အတည်ပြုရှာဖွေရန် ကြိုးစားခဲ့သော်လည်း သူ့ခံစားချက်များကိုမူ အတည်တကျ ထုတ်ပြောရသေးကြောင်း သဘောပေါက်သွားခဲ့သည်။

'ငါ...အခုပြောလိုက်သင့်လား'

ဖွင့်ပြောဖို့အတွက် လေထုက နည်းနည်းမဟုတ်သေးသလိုပဲ။သူတစ်ခါမှ မဖွင့်ပြောဘူးလို့ မသေချာဘူးဆိုပေမယ့် လက်ဆောင် ဒါမှမဟုတ် ပန်းတွေ လိုအပ်တယ်မလား။

ဒါ့အပြင် လက်ရှိအခြေအနေအရ သူ့ခံစားချက်တွေကို အခု ဝန်ခံရင် လူနာ မူးတောင်လဲသွားနိုင်သည်။

ဒါပေမယ့်လည်း သူ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရရင် နောက်ထပ်လအနည်းငယ် စောင့်ရအုံးမယ်။

အန်းသန့်စ်သည် မမျှော်လင့်ထားသော အချက်တစ်ခုကို သဘောပေါက်သွားပြီး သူ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးသည့် စိုးရိမ်မှုက စတင်လာခဲ့သည်။သူသည် အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး ရှေ့ဆက်တိုးသင့်သော်လည်း ကံမကောင်းစွာပင် ယခုကဲ့သို့ အခြေအနေမျိကို ဘဝမှာ ပထမဦးဆုံး အကြိမ်ကြုံရခြင်း ဖြစ်သည်။

"…...."

"…...."

လူနာ နှင့် အန်းသန့်စ်တို့သည် ဆင်တူသော်လည်း ကွဲပြားသောစိုးရိမ်မှုများဖြင့် ပြည့်သွားပြီး ဒုတိယထပ်ဟောခန်းက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ 

သို့သော် အန်းသန့်စ်က သူ့စိုးရိမ်မှုများကို မျက်နှာပေါ်တွင် ဖော်ပြတတ်သော လူစားမျိုးမဟုတ်တာကြောင့် လူနာသည် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို အကြီးအကျယ် ခံစားခဲ့ရသည်။

သူ့အကြည့်များက 'မင်းမဖြေရင် ငါမင်းကိုသတ်မယ်' ဟုဆိုနေသလိုမျိုး စူးရှနေခဲ့သည်။

သူ့အကြည့်များက သူမကို လျင်မြန်စွာအဖြေးပေးရန် ခြိမ်းခြောက်နေရသလိုမျိုး ခံစားရစေသည်။

သူတို့ကို မြင်မယ့်လူတိုင်း ၎င်းက တစ်ယောက်ကို တစ်ယောက် အချင်းချင်း သဘောကျနေသူတွေ ဖန်တီးထားသည့် လေထုဟု ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။၎င်းက စစ်ပွဲအသေးစားလေးနဲ့ပင် ပိုတူနေသည်။

လူနာသည် ထိုအခြေအနေကြီးကို သည်းမခံနိုင်တော့ဘဲ ထွက်ပေါက်တစ်ခု အမြန်ရှာခဲ့လိုက်သည်။သူမ နောက်က တံခါးလက်ကိုင်ကို ခံစားရသည်နှင့် တံခါးကို လျင်မြန်စွာဆွဲဖွင့်လိုက်သည်။

ထို့နောက် လူနာသည် အခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

ဘန်း!

အန်းသန့်စ်သည် အပြင်းအထန် ပိတ်လိုက်သော တံခါးကိုကြည့်ပြီး အံ့ဩစွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ ထိုသို့ဖြင့် သူတို့၏ စကားဝိုင်းက ပြီးသွားခဲ့ရသည်။

သူ့ခံစားချက်များကို ထုတ်ပြောနိုင်မည့် အဖိုးတန်အခွင့်အရေးက ယခုတော့ အဝေးကို ရောက်သွားခဲ့ပြီဖြစ်သည်။

"ဘာလဲကွာ...''

ဒါက တကယ် ဒီတိုင်းအဆုံးသတ်သွားတာလား။

သူ ဖယ်ဆန် နှင့် ရင်ဆိုင်ရချိန်မှာတောင် ဒီလိုမျိုး အဓိပ္ပာယ်မဲ့သည့် အဆုံးသတ်မျိမရှိခဲ့ချေ။

အန်းသန့်စ်သည် အဖြစ်မှန်ကို လက်မခံနိုင်ဖြစ်သွားပြီး ခဏလောက် မယုံကြည့်နိုင်ခဲ့ချေ။သို့သော် သူ အခုဘယ်သူနဲ့ ရင်ဆိုင်နေရတာလဲဆိုတာ သဘောပေါက်သွားခဲ့သည်။

သူမသည် ရုတ်တရက်ကြီး လူတိုင်းရှေ့တွင် သူတို့ချိန်းတွေ့နေပြီဖြစ်ကြောင်း ကြေညာခဲ့သူဖြစ်ပြီူ အိမ်ရှေ့မင်းသားရှေ့ကို ရှောင်ပြေးရန် သူ့ရှေ့တွင် ထူးဆန်းစွာ ပြုမူဝံ့ခဲ့သူဖြစ်သည်။

'...ငါ မတတ်နိုင်ဘူးပဲ'

ဒီတစ်ခါကိုတော့ တကယ်ကို မထင်မှတ်ထားခဲ့ချေ။ သူတို့ ဘာမှ မပြင်ဆင်ထားခဲ့တာကြောင့် လေထုကရှုပ်ထွေးသွားပြီး လူနာအတွက်လည်း ထိုအခြေအနေမျိုးက ပထမဆုံးအကြိမ်ဖြစ်လောက်သည်။

သူ ဒီတစ်ခါတော့ ဒီတိုင်း ကျော်သွားလိုက်မှာဆိုပေမယ့် ဒုတိယတစ်ခါဆိုတာတော့ ရှိလာမှာမဟုတ်ချေ။

အန်းသန့်စ်သည် သူအကြံဥာဏ်လိုအပ်သည်ဟုတွေးလိုက်ပြီး ပြုံးကာ လူနာပျောက်ကွယ်သွားသော တံခါးကို စိုက်ကြည့်လိုက်သည်။ထို့နောက် တစ်ဖန် ဒဲဗောရာအကြောင်းကို ပြန်တွေးခဲ့သည်။

* * *

"နင် ပြန်တော့မယ်လို့ ပြောရမယ်...!"

သူတို့ အခန်းထဲမှာ နှစ်ယောက်တည်းကျန်ခဲ့သည်နှင့် ဘတ်သ်က ဒဲဗောရာကို ပြောလာခဲ့၏။ လူနာနဲ့ တွေ့ဆုံတာနဲ့တင် သူတို့အစီစဉ်က ပျက်စီးလုနီးပါးဖြစ်နေတာကို အခု စကားစမြည်ပြောမည်ဆိုတော့ အခြေအနေက တော်တော်လေးဆိုးဝါးတော့မည်ဖြစ်သည်။

၎င်းသည် အစီအစဉ်ထဲ မပါနေပေ။ သူတို့သည် လူနာအဖြစ်ဟန်ဆောင်ကာ ဖယ်ဆန်ကို လှည့်စားပြီး မြို့စားကြီး၏ သတိထားမှုကို လျော့ကျအောင်လုပ်ရမည်ဖြစ်သော် အခု အရာအားလုံးကို ရှုပ်ထွေးကုန်တော့မည်ဖြစ်သည်။

"ငါ တောင်းပန်ပါတယ်။ငါ သတိမထားမိလိုက်ဘူး....မျိုးရိုးမြင့်တစ်ယောက်က အဲ့လိုမျိုးပြောလာတော့ ငါလည်း မငြင်းနိုင်ခဲ့ဘူး"

ဒဲဗောရာသည် ချက်ချင်းတောင်းပန်ခဲ့သော်လည်း တစ်ဝက်က အမှန်ဖြစ်ကာ တစ်ဝက်က လိမ်တာဖြစ်သည်။သူက မျိုးရိုးမြင့်ဖြစ်နေလို့ ဆိုတာထက် အန်းသန့်စ်ဖြစ်နေတာကြောင့်ဖြစ်သည်။

"ဒါနဲ့… သူမက တကယ်ပဲ လူနာပဲလ်လား”

ဒဲဗောရာသည် သူမတောင်းပန်ခဲ့သော်လည်း ဘတ်သ်၏ အမူအရာက ပြန်မကောင်းလာသေးသောကြောင့် အကြောင်းအရာကို အလျင်အမြန်ပြောင်းလိုက်သည်။

ဘတ်သ်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ဒါကြောင့် သူမက နင် တွေ့သင့်တဲ့သူပဲ။ပြီးတော့ လေဒီပဲလ်ရဲ့ချစ်သူ သခင်လေး မားကွစ်ဗင်းဆင့်ကို တွေ့တယ်မလား သူကြည့်ရတာ ဂရုမစိုက်ပုံရပေမယ့် တစ်ခုခုကို သတိပြုမိနေတဲ့ပုံပဲ"

ဘတ်သ်သည် မြို့စားကြီး၏အိမ်တွင်အချိန်အတော်ကြာအလုပ်လုပ်ခဲ့သော အစေခံဖြစ်သည်။ထို့ကြောင့် သူမသည် သခင်လေး အန်းသန့်စ်ကို မှတ်မိခဲ့ပြီး သူကလည်း ဘတ်သ်ကို မှတ်မိနေပုံရသည်။

သဘာဝအတိုင်းပင် မြို့စားကြီး၏ အစေခံဘေးမှာ လူနာနှင့်ဆင်တူသော အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်က ထူးဆန်းနေသည်။

၎င်းကို သက်သေပြလာသည်မှာ အန်းသန့်စ်က တစ်ခုခုကို ရှာတွေ့နိုင်ရန် ဒဲဗောရာကိုဆွဲထားပြီး စကားစမည်ပြောရန်ကြိုးစားခဲ့သည်။

ပိုင်ရှင်ကို ကြိုသိထားတာတောင် ဘာလို့ လက်ဝတ်ရတနာဆိုင်ကို လာခဲ့မိတာလဲ။

ဘတ်သ်သည် နောင်တရစွာဖြင့် သူမကိုယ်သူမ အပြစ်တင်နေခဲ့ပြီး လူနာ နှင့် အန်းသန့်စ်တို့က အမှန်တကယ် ချစ်သူတွေဖြစ်ကြောင်း အတည်ပြုခံခဲ့ရသော ဒဲဗောရာသည် သူမ၏ ခါးသီးမှုကိုမဖုံးကွယ်ထားနိုင်ခဲ့ချေ။သူတို့ အကြည့်များဖလှယ်လိုက်ကြပြီး ခဏတာ တိတ်ဆိတ်သွားခဲ့ကြသည်။

ဘန်း!ဘန်း

"…?!"

ရုတ်တရက် တံခါးပွင့်လာပြီး စောစောက အအြင်ထွက်သွားခဲ့သော လူနာက အထဲသို့ အပြေးအလွှားဝင်လာခဲ့သည်။

"တစ်ခုခုဖြစ်လို့လားဟင်…!"

ဒဲဗောရာသည် တုန်လှုပ်နေပုံရသော လူနာကို မေးလိုက်သည်။

လူနာသည် ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်သတိရမိသွားပြီး ပါးပြင်များ နီရဲတက်လာခဲ့သည်။

" အ-အဆင်ပြေပါတယ်!"

သူမကြည့်ရတာတော့ လုံးဝအဆင်ပြေနေပုံမရချေ။ ဒဲဗောရာ နှင့် ဘတ်သ်တို့သည် လူနာကို အံ့ဩသောမျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့ကြသည်။

သူတို့၏ မျက်လုံးများမှာ 'ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြန်ဝင်လာခဲ့ရတာလဲ'ဟု မေးနေသလိုဖြစ်နေသောကြောင့် လူနာသည် အကြောင်းပြချက်ရှာပြီး အလျင်စလိုပြောလိုက်သည်။

"အာ! စောနက လေဒီက နေလို့မကောင်းဘူးလို့ ပြောခဲ့တယ်မလား။အဲ့ဒါကို စိတ်ပူသွားလို့ရယ်။ ကျွန်မ ဆိုင်ထဲမှာဖြစ်ခဲ့တာဆိုတော့ ကျွန်မတာဝန်ယူသင့်တယ်လို့ခံစားမိလို့…"

ထိုသို့ တာဝန်ယူရန်မလိုအပ်သော်လည်း လူနာသည် သူမတကယ်လုပ်ချင်နေသကဲ့သို့ မျက်လုံးများတောက်ပနေခဲ့သည်။

"ဒီတော့ ကျွန်မ ကောင်းကောင်းသိတဲ့ ဆေးရုံကိုမိတ်ဆက်ပေးမလို့။အဲ့ဒါက အခမဲ့ဆေးရုံဆိုပေမယ့် ဆေးဝါးဘာညာ အထောက်အကူပြုပစ္စည်းတွေရော ကျွမ်းကျင်မှုတွေရော အရမ်းကောင်းတာမို့ စိုးရိမ်ဖို့မလိုဘူး"

TK Team(chapter 115)