Chapter 116
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး 116 


"အခမဲ့ဆေးရုံဟုတ်လား..."

အဲ့ဒါက အခမဲ့ဆေးရုံဆိုရင် သူမအမေ တက်နေတဲ့ ဆေးရုံများလား။ 

အင်ပါယာထဲ ထိုသို့သော ဆေးရုံမျိုးနှစ်ခု မရှိနိုင်သောကြောင့် ဒဲဗောရာက စိတ်လောစွာမေးလိုက်မိသည်။

လူနာသည် ထိုကဲ့သို့ စိတ်အားထက်သန်သော တုံ့ပြန်မှုကို မမျှော်လင့်ထားတာကြောင့် ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဟုတ်မှန်ကြောင်းပြောလိုက်သည်။ထို့နောက် ဒဲဗောရာ၏ မျက်လုံးများက အံ့သြစွာဖြင့် ပြူးကျယ်သွားခဲ့သည်။

သူမသည် သူမ အမေနဲ့တွေ့ဖို့ အချိန်အတော်ကြာအုံးမည်ဟု ထင်ခဲ့သော်လည်း အခွင့်အရေးက ရုတ်တရက်ရောက်လာခဲ့၏။

ဒဲဗောရာသည် သူမမိခင်၏အခြေအနေကို တတ်နိုင်သမျှအမြန်ဆုံးစစ်ဆေးရန် စိတ်အားထက်သန်နေပြီး သူတို့ ဆေးရုံသို့အမြန်သွားသင့်သည်ဟု ပြောခါနီးမှာပဲ ဘတ်သ်က လူနာ၏ကမ်းလှမ်းမှုကို အမြန်ငြင်းဆန်လာခဲ့သည်။

"ဟင့်အင်း သခင်မလေး ကျွန်မတို့မှာ သီးသန့်ဆရာဝန်ရှိတာကြောင့် အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။ ကျွန်မတို့ အိမ်တော်ပြန်ရောက်တာနဲ့ အခြေအနေကို စစ်ဆေးမှာပါ"

"အာ...အဲ့လိုလား"

ကောင်းပြီ အဲ့လိုဆိုမှတော့ သူမလည်း ဘာမှမတတ်နိုင်တော့ဘူး။

တကယ်တမ်းတွင် ၎င်းမှာ အရမ်းစိုးရိမ်စရာကိစ္စမဟုတ်သည့်အပြင် အခန်းထဲ၌ ဝင်နားပြီးပြီဖြစ်ကြောင့် ငြင်းဆိုလာမှုအတွက် စိတ်မရှိပေ။

အခြေအနေက အနည်းငယ် ရှက်ဖွယ်ကောင်းခဲ့ပေမယ့်လည်း သဘာဝကျကျ ကျော်သွားပုံရသည်။ လူနာ တွေးလိုက်ရင်း စိတ်သက်သာရာရဖို့ကြိုးစားစဉ် ဒဲဗောရာ၏ အမူအရာကို သတိပြုမိသွားခဲ့သည်။

'အဲဒါက...ဘာလဲ။ ပြောစရာတွေ အများကြီးရှိနေတဲ့ မျက်နှာပဲ'

အကယ်၍ သူမ တစ်ခုခုပြောစရာရှိပါက ပြောလိုက်နိုင်သော်လည်း ဒဲဗောရာကတော့ အရိပ်အခြည်ကြည့်ပြီး ချီတုံချတုံဖြစ်နေပုံရသည်။

ပို၍ထူးဆန်းသည်မှာ သူမက လူနာကိုတောင် တည့်တည့်မကြည့်နိုင်ဘဲ အစေခံ၏ အရိပ်အခြည်ကိုကြည့်နေပေသည်။ တကယ့်သခင်က သူမမဟုတ်ဘဲ အစေခံဖြစ်နေသလိုပင်။

ထိုထူးဆန်းမှုကို ရှာတွေ့သွားသော လူနာက မျက်မှောင်ကြုတ်လိုက်သည်။ ဘတ်သ်က လူနာ၏ အတွေးများကို သတိထားမိသွားပြီး ဒဲဗောရာကို ထိန်းကိုင်လိုက်ကာ ပါးစပ်ဖွင့်လိုက်သည် ။

"သခင်မလေး ကျွန်မတို့ အခုပြန်တာက အကောင်းဆုံးဖြစ်မယ်ထင်တယ်။ သခင်မလေးကြည့်ရတာ ပင်ပန်းနေသလိုပဲ"

သို့သော် လက်တွေ့မှာတော့ ဘတ်သ်က ပိုပင်ပန်းနေပုံရသည်။သူမက ဒဲဗောရာ၏ ပခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ ဖြူဖျော့နေသော အမူအရာကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။

သို့တိုင် ဒဲဗောရာက ချက်ချင်းမတုံ့ပြန်လာသဖြင့် ဘတ်သ်သည် သူမ၏နားထဲ့ တိုးတိုးလေးပြောလိုက်သည်။

"နင် ဘာတွေ သိချင်နေလဲဆိုတာ ငါသိတယ်။ငါ နင့်ကို အပြန်လမ်းမှာ အားလုံးရှင်းပြမယ်။ဒါကြောင့် အခုလောလောဆယ်တော့ သွားကြရအောင်"

သူမ၏ လောလောလတ်လတ် သိချင်စိတ်လေးဖြင့် အရာအားလုံးကို မဖျက်စီးရန် သွယ်ဝိုက်ပြီး အရိပ်အမြွက်ပြခဲ့သည်။ ဒေဗောရသည် သူမ၏အခြေအနေကို သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ မတ်တပ်ထရပ်၍ သူမ၏ကုတ်အင်္ကျီကို ထပ်ဝတ်လိုက်သည်။

"…ကျွန်မတို့ သွားသင့်ပြီ။ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

"အာ အွန်း…"

လူနာက ပဟေဠိဖြစ်နေသလို အမူအရာဖြင့် ပြန်ဖြေလိုက်၏။သူမ၏ အဖြေမှာ အမူအရာနှင့် ယှဉ်ပါက ကွာခြားပြီး ထူးဆန်းနေသော်လည်း သူမ ဆုံးဖြတ်ချက်ချပြီးဖြစ်တာကြောင့် လူနာလည်း ဘာမှမပြောနိုင်တော့ပေ။

"ဒါဆို နောက်တစ်ခေါက်လာလည်မှာကို မျှော်နေပါ့မယ်"

ထို့ကြောင့် လူနာလည်း သူမ၏ အမူအရာကို ပြောင်းရန်ကြိုးစားပြီး နှုတ်ဆက်စကားပြောလိုက်စဉ်တွင် ဒဲဗောရာ၏အမူအရာက ခေတ္တမျှ မတဉ်မငြိမ်ဖြစ်သွားခဲ့သည်။

ဘာဖြစ်တာလဲ။ 

၎င်းက လူနာကို နောက်ထပ်မေးခွန်းထုတ်ချင်လာစေခဲ့သော်လည်း ဒဲဗောရာ၏ပုခုံးကို ဆုပ်ကိုင်ထားသော ဘတ်သ်က သူမကို အခန်းထဲမှ အမြန်ခေါ်ထုတ်သွားခဲ့သည်။

"အိုး ပြန်တော့မလို့လား"

ထို့နောက် အခုမှအပေါ်တက်လာဟန်ဆောင်နေသော အန်းသန့်စ်က ဒဲဗောရာကို မေးခဲ့သည်။

လူနာသည် အန်းသန့်စ်၏ နှမြောသလို အမူအရာကို မြင်လိုက်ရတာကြောင့် စိတ်ခံစားချက်က အဆင်မပြေပြန်ဖြစ်လာခဲ့၏။

အန်းသန့်စ်က လူနာ၏အမူအရာကို သတိမထားမိသကဲ့သို့ နူးညံ့သောအပြုံးဖြင့် ဒဲဗောရာနား ချဉ်းကပ်သွားခဲ့သည်။

"ဒါမှမဟုတ် အခုခန္ဓာကိုယ် သက်သာသွားပြီဆိုတော့ လျှောက်ပတ်ကြည့်ချင်လို့လား"

"မဟုတ်ဘူး သူမက အိမ်ပြန်တော့မလို့တဲ့!"

သို့သော် အကြောင်းတစ်ချို့ကြောင့် အဖြေမှာ မထင်မှတ်ထားသောနေရာမှ ထွက်လာခဲ့သည်။ 

လူနာသည် အခန်းထဲမှ အပြေးအလွှားထွက်လာပြီး ဒဲဗောရာအစား ပြန်ဖြေခဲ့သည်။

သူမက အန်းသန့်စ်ကို မလိုအပ်ဘဲ ဒဲဗောရာနဲ့ ဘာလို့ဒီလောက်တောင်နီးနီးကပ်ရပ်နေရတာလဲဟု မေးခွန်းထုတ်သလိုမျိုး စူးရှရှအကြည့်ကိုပါ အဆစ်ပေးလိုက်သေးသည်။ အမှန်တကယ်ပင် အန်းသန့်စ်က ဒဲဗောရာနာ လိုအပ်သည်ထက်ပို၍ နီးကပ်စွာ ရပ်နေခဲ့သည်။

အန်းသန့်စ်၏အကြည့်များက တမင်မရည်ရွယ်ဘဲ အသေးအမွှားအရာလေးတွေကအစ သဝန်တိုနေသော လူနာထံသို့ ဝေ့ဝဲသွားခဲ့သည်။ 

ဒဲဗောရာက အကြောင်းအရာကိုလျင်မြန်စွာဆုပ်ကိုင်မိပြီး ခေါင်းညိတ်ပြလိုက်သည်။

သူသည် လေသံအေးလေး ဖြင့်ပြောနေသော်လည်း သူမကို အမှားသေးသေးလေးပင် လုပ်ခွင့်မပေးခဲ့ချေ။ သူက တမင်ရည်ရွယ်ချက်ရှိရှိလုပ်နေပုံရသည်။

"…ဒီနေ့အတွက် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု ပြန်တော့မယ်ရယ်"

ကံကောင်းသည်လား ကံမကောင်းသည်လားမသိစွာပင် အန်းသန့်စ်က ဒဲဗောရာ နောက်ထပ်မလိုက်ခဲ့ချေ။ ထိုအစား သူက လူနာကို ထူးဆန်းသောအကြည့် ပေးလာခဲ့သည်။

"…!"

ထိုမှပင် လူနာသည် သူနှင့် နောက်ဆုံးပြောခဲ့သော စကားများကို သတိပြန်ရသွားခဲ့သည်။ လူနာ၏ မျက်နှာက ချက်ချင်း နီရဲတက်လာကာ တုန်လှုပ်သွားခဲ့၏။

အန်းသန့်စ်သည် လူနာက စကားတစ်ခွန်းမှ မပြောဘဲ သူမလက်ဝတ်ရတာနာဆိုင်ကိုပင် ပစ်ကာ ထွက်ပြေးသွားနိုင်သည်ဟု တွေးမိပြီး အကြောင်းအရာပြောင်းရန် ကြိုးစားခဲ့လိုက်သည်။

"မင်း ပွဲခန်းမထဲက ထွက်သွားတာ ကြာနေပြီမလား။ လူတိုင်း လေဒဖိကို စောင့်နေကြလောက်တယ်"

"အာ! ဟုတ်သားပဲ! မှန်တယ်!"

လူနာသည် ကံကောင်းစွာဖြင့် ထွက်ပေါက်ကို ရှာတွေ့သွားပြီး အောက်ထပ်ကို အမြန်ဆင်းသွားလိုက်သည်။ အန်းသန့်စ်က သူမ အပြေးအလွှား သွားနေသောကြောင့် ခလုတ်တိုက်မိမယ်ဟု သတိပေးချင်ခဲ့သော်လည်း သူမက အောက်ထပ်သို့ ရောက်ပြီးနေပြီဖြစ်သည်။

'... ငါ သူမကို သောက်စရာတစ်ခုခု ပေးလိုက်သင့်လား'

ဒီလိုသာဆိုပါက သူမက သူ့ကို ကောင်းကောင်းတောင် မနှုတ်ဆက်နိုင်ဘဲထွက်ပြေးလောက်သည်။အရက်မူးနေတုန်း ခံစားချက်များ ထုတ်ပြောခြင်းက အကောင်းဆုံးရွေးချယ်မှုမဟုတ်သော်လည်း သူ ပုံမှန်အတိုင်းင်း စကားပြောဆိုနိုင်ဖို့ နည်းလမ်းရှာရန် လိုအပ်သည်။

'တော်သေးတာပေါ့ အရင်ကလည်း ဒီလိုမျိုးဖြစ်ခဲ့ဖူးလို့'

ယခုမတိုင်ခင်ကလည်း ဖြစ်ခဲ့ဖူးပေသည်။

အန်းသန့်စ်ထိုသို့ တွေးရင်း ခြေရာပင်မကျန်အောင်ပျောက်သွားသည့် လူနာနောက်သို့လိုက်ရန် လှေကားကနေ ဆင်းလာခဲ့သည်။

"ဟမ်"

ထို့နောက် အန်းသန့်စ်သည် လှေကားမှ ပြန်တက်လာသော လူနာနှင့် မျက်နှာချင်းဆိုင် တွေ့ခဲ့ရသည်။သူမ၏ ပြူးကျယ်နေသော မျက်နှာလုံးများနှင့် ပါးစပ် အဟောင်းသားဖြစ်နေသော အမူအရာက တစ်ခုခုမှားနေပြီဟု ညွှန်ပြနေခဲ့သည်။

"စ-စ-စ-စိန်တုံး…!"

လူနာသည် အော်လိုက်ချင်သော်လည်း လူများစွာရှိနေသောကြောင့် မလုပ်နိုင်ခဲ့ပေ။ အန်းသန့်စ်သည် သူမ ဘာလို့ ဒီလိုတုံ့ပြန်ရတာလဲဆိုတာကို သိနေပြီး အလှပဆုံးပြုံးကာ ပြောလိုက်သည်။

"စိတ်မပူနဲ့။အလှဆင်ထားတဲ့ စိန်တုံးကို ကိုယ် ခိုးခဲ့တာ"

"…ဘာဖြစ်တယ်!"

ဘာ...သူ အခုလေးတင် ဘာပြောလိုက်တာ။ ဘယ်သူက ခိုးသွားတာလဲ။

လူနာက နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ချိန်တွင် အန်းသန့်စ်သည် လှေကားပေါ်မှ ဖြည်းညှင်းစွာဆင်းလာ၍ သူမအနားချဉ်းကပ်ခဲ့ပြီး သူ့အပြစ်ကို ထပ်ဝန်ခံခဲ့သည်။

"ကိုယ် အဲ့ဒီစိန်ကြီးကို ခိုးခဲ့တာ"

"ရှင် ရှင်…"

ဒါက ဘာသောက်ကျိုးနည်းစကားလဲ။ဒီလူရှုပ်ကတော့! ရှင်ယူသွားတာဆိုရင်လည်း မြန်မြန်ပြန်ပေးလေ။ ရှင် ဘာလို့ သူများဟာတွေကို လိုက်ခိုးနေတာလဲ!

လူနာ၏မျက်လုံးများက ဒေါသကြောင့် ဟုန်းဟုန်းတောက်လာခဲ့သည်။

"ဒါဆို ပြန်ပေးလေ ! ရှင် ဘာလုပ်နေတာလဲ"

"မရှိတော့ဘူး"

"…ဘယ်လို"

"ငါပြောတာက မရှိတော့ဘူးလို့"

"…ဘာ!"

သူမသည် ယခင်က အလွတ်သဘောမျိုး စကားမပြောခဲ့သော်လည်း ရတနာကို ခိုးခဲ့သည့်ဆိုသော စကားက သူမကို အလွတ်သဘောမျိုးပြောစေခဲ့သည်။လူနာသည် အန်းသန့်စ်၏ စနောက်မှုများသည်းမခံနိုင်တော့ဘဲ သူ့ကို ကော်လာမှ ဆွဲကိုင်ပြီး ပြင်းထန်စွာ လှုပ်ယမ်းကာ အော်ပြောလိုက်သည်။

"ဟေး! ငါ့ စိန်မှာလဲ! စိန်ဘယ်မှာလဲလို့! နင် လာအရူးမလုပ်နေနဲ့တော့ စိန်ကို အခုချက်ချင်းပြန်ယူလာပေး!"

လူနာက စိန်ဘယ်မှာလဲမပြောပါက သတ်ပစ်တော့မလိုပင် ထင်ရသော်လည်း အကြောင်းတချို့ကြောင့် အန်းသန့်စ်သည် ရယ်သာရယ်နေခဲ့သည်။ 

ကော်လာကနေ အဆွဲခံရပြီး ဒီလိုမျိုး မယဉ်မကျေးပုံစံဖြင့် ခြိမ်းခြောက်ခံရတာက အရမ်းပျော်စရာကောင်းနေသည်။

ခဏအကြာတွင် အန်းသန့်စ်သည် လူနာက သူ့ကို လည်ပင်းတောင်ညှစ်တော့မလို ဖြစ်လာတာကြောင့် လေးနက်မှုကို သဘောပေါက်သွားပြီး အရှုံးပေးကာ လည်ချောင်းတစ်လျက်ရှင်း၍ အဖြစ်မှန်ကိုပြောပြလိုက်သည်။

"ကိုယ် နောက်ကျ အစအဆုံးအားလုံးရှင်းပြမယ်။ ဒီတော့ ကိုယ့်ကို ဒီတစ်ညတော့ အချိန်လေးပေး ဟုတ်ပြီလား။ လောလောဆယ်တော့ အဲ့စိန်ကို ပြန်ရမှာလို့ပဲ ပြောနိုင်သေးတယ်"

* * *

မြို့စားကြီးစံအိမ်သို့ပြန်ရာရထားပေါ်တွင် ဒဲဗောရာသည် ဘတ်သ်ထံမှ အသေးစိတ်ရှင်းပြချက်ကို လက်ခဲ့ရခဲ့သည်။

သူမမိခင်က လူနာ၏အခမဲ့ဆေးရုံ၌ ရှိနေသည်မှာ အမှန်ဖြစ်ပြီး ရောဂါက သူမထင်သလောက် ပြင်းထန်သောရောဂါမဟုတ်သောကြောင့် အလုံးစုံပျောက်ကင်းအောင်ကုသမှုခံယူနေခဲ့သည်။

"ဒါကြောင့် စိတ်မပူနဲ့။ငါတို့ သူမကို ဘာမှမဖြစ်အောင် ပြုစုစောင့်ရှောက်ဖို့ လူတစ်ယောက် စီစဉ်ပေးထားတယ်"

"ဒါဆို ခွဲစိတ်စရာမလိုဘဲ ဆေးနဲ့တင် ပြန်ကောင်းနိုင်တယ်လို့ပြောနေတာလား"

"ဟုတ်တယ်။သူမက အခု သန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာနေရပြီး အာဟာရလုံလုံလောက်လောက် ရနေလို့ တော်တော်လေးထူထူထောင်ထောင်ဖြစ်နေပြီလို့လည်း ကြားခဲ့တယ်"

အိုး ဘုရားရေ ဘယ်လိုလုပ်ပြီး။

ဆေးက ရယ်စရာကောင်းလောက်အောင် ဈေးကြီးမှန်း သူမ သိသော်လည်း ခွဲစိတ်ကုသစရာလိုသော ရောဂါတစ်ခုတော့ မဟုတ်နေချေ။ထို့အပြင် ၎င်းက ဆေးဖြင့် ကုသနိုင်သော ရောဂါဖြစ်သည်။

သူမသည် နှစ်ပေါင်းများစွာ လှည့်စားခံခဲ့ရပြီး ညစ်ပတ်သောအလုပ်များကို လုပ်ခဲ့မိမှန်းသဘောပေါက်သွားကာ မူးဝေသွားခဲ့သည်။ သူမနှလုံးသားက ပေါက်ကွဲတော့မလိုပင် ခံစားနေရသည်။

သူမ ချက်ချင်း ရထားပေါ်ကနေ ခုန်ချပြီး သူမအမေ တက်နေသည့် ဆေးရုံကို ပြေးသွားချင်ခဲ့မိသည်။

ဘတ်သ်က ဒဲဗောရာ၏အခြေအနေကို သတိပြုမိသွားပြီး လျင်မြန်စွာ ဆက်ပြောလိုက်သည်။

"ငါသိသိပြီးချင်း နင့်ကို ပြောပြမလို့ပေမယ့် ငါတို့က မြို့စားကြီးရဲ့လက်ထဲရောက်နေတာဆိုတော့ မလုပ်နိုင်ခဲ့ဘူး။ သူက အရမ်းဇွဲကြီးပြီး ကြောက်စရာကောင်းတဲ့လူပဲ။ သူ နင့်ကို ဒီတိုင်းလွှတ်ပေးမှာ မဟုတ်ဘူး"

သူမက အကြောင်းအရာကို ချန်လှပ်ထားခဲ့သော်လည်း ရည်ရွယ်ချက်မှာ ရှင်းပေသည်။ မြို့စားကြီးက ဒဲဗောရာနဲ့ သူမအမေကို ဒီတိုင်းလွှတ်ပေးမှာမဟုတ်ပေ။

ဖယ်ဆန်သည် ဆေးကြောင့်ဆိုရင်တောင်မှ ဒဲဗောရာကို လူနာအဖြစ်မှားသောကြောင့် သူမသည် ယခုအချိန်မှာ အရမ်းလွန်တန်ဖိုးရှိနေပေသည်။

"ပြီးတော့ နင် ဒီတိုင်း ရပ်လိုက်မယ်ဆိုရင် ပျက်စီးမှုက လေဒီလူနာပဲလ်ကိုပါ သက်ရောက်သွားလိမ့်မယ်"

နင်က လူနာပဲလ်အဖြစ် ဟန်ဆောင်ပြီးသားမလား။ မင်း အခုနေ ပျောက်သွားမယ်ဆိုရင် ဖယ်ဆန်က လူနာလို့ အထင်မှားပြီး သူမကို အပြစ်တင်လိမ့်မယ်။

ဒဲဗောရာသည် သူမအမေကို စေတနာဖြင့် အခမဲ့ ကုသပေးနေသည့် ကြင်နာသောသူကို ဒုက္ခမပေးနိုင်ချေ။

ဘတ်သ်၏ ခိုင်လုံသော အကြောင်းပြချက်များကြောင့် ဒဲဗောရာသည် သက်ပြင်းချပြီး သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုနောက် ဘတ်သ်သည် ဒဲဗောရာက သူမ၏ ကုတ်အင်္ကျီကို ၀တ်ထားဆဲဖြစ်မှန်း သဘောပေါက်သွားခဲ့သည်။

"အဲ့ဒါက နည်းနည်းပိုသေးတယ်။နင် သက်တောင့်သက်သာမဖြစ်ဘူးလား ကုတ်အင်္ကျီချွတ်လိုက်လေ"

"အာ… ကောင်းပြီ"

ဒဲဗောရာသည် သူမလည်းအဆင်မပြေသလိုခံစားရသဖြင့် ကုတ်အင်္ကျီကို ချွတ်ခါနီးမှာပဲ

"…ဟင်?"

ဘာကြီးလဲ အိတ်ကပ်ထဲမှာ တစ်ခုခုထူးဆန်းတာရှိနေသလိုပဲ။အဲ့ဒါ ဘာလဲ။ စံအိမ်မှာဝတ်တုန်းက ဘာမှမရှိပါဘူး။

ဒဲဗောရာသည် စူးစမ်းချင်စိတ်ပြင်းစွာဖြင့် သူမ၏လက်ကို အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။သူမ ထုတ်ယူလိုက်သည်နှင့် သူမလက်ထဲ ပြိုးပြိုးပြက်ပြက်နှင့် စကားနဲ့ပင်ဖော်မပြနိုင်အောင် ကြီးမားလှပသော စိန်တုံးကြီးက ပါလာခဲ့တော့သည်။

TK Team (chapter 116)