ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး 119
* * *
ငါ ထူးဆန်းတဲ့ အိပ်မက်မက်ခဲ့တာပဲ။
လူနာသည် သူမကို မည်သူမှ လာမနှိုးမီတွင် ရုတ်တရက် လန့်နိုးလာခဲ့ပြီး ထိုသို့တွေးလိုက်၏။
တကယ့်ကို ဟာသမဟုတ်ဘဲ ထူးဆန်းသည့် အိပ်မက်ပင်။
အိမ်မက်ထဲတွင် သူမက ဒဲဗောရာဆိုသည့်လူအကြောင်းကြောင်း ပြောနေရင်းနဲ့ ရုတ်တရက် အန်းသန့်စ်က သူမကိုဖွင့်ပြောလာခဲ့ပြီး မမျှော်လင့်စွာပင် သူမကလည်း အဲ့ဒါကို လက်ခံခဲ့ပုံရသည်။
သို့သော် 'ထို့နောက် သူတို့ ပျော်ရွှင်စွာ နေထိုင်ကြလေသတည်း' ကဲ့သို့ အိပ်မက်ဆန်စွာ အဆုံးမသတ်သွားခဲ့ချေ။
ရယ်စရာကောင်းစွာပင် သူမအိပ်မက်ထဲတွင် သူမက အလွန်ပင်ပန်းနွမ်းနယ်မှုကို တောင့်မခံနိုင်တော့ဘဲ အန်းသန့်စ်၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားခဲ့သည်။
ထို့ကြောင့် ၎င်းက အမှန်ဟု ယုံကြည်ရန်ပိုတောင်မဖြစ်နိုင်နေပေ။
မဟုတ်သေးဘူးလေ။ဘယ်လို အရူးမျိုးက သူများ ရင်ခွင်ထဲမှာ ဖွင့်ပြောခံရပြီး တွဲကြဖို့ဆုံးဖြတ်ပြီးပြီးချင်း အိပ်ပျော်သွားလို့လဲ။
လူနာသည် သူမခေါင်းကို ခါယမ်းပြီး အိပ်ယာပေါ်မှ ထလိုက်သည်။သူမ ဆေးကြောသန့်စင်ပြီး တစ်ခုခုသောက်ရန် လိုနေပြီဟု တွေးလိုက်သည်။
လူနာသည် ထိုအတွေးဖြင့် အစေခံတစ်ဦးကိုရှာဖွေရန် အခန်းထဲမှထွက်ကာ အောက်ထပ်သို့ဆင်းလာခဲ့ချိန်တွင် ကမ္ဘာကြီးကိုပိုင်ဆိုင်ထားသကဲ့သို့ တောက်ပလန်းဆန်းစွာပြုံးနေသော အန်းသန့်စ်ကိုတွေ့လိုက်ရသည်။
"အိုး မင်္ဂလာနံနက်ခင်းပါ"
"...ရှင်-ရှင် ဘာလို့ ဒီမှာရှိ..."
မဟုတ်မှ....
လူနာသည် စကားတောင်ဆုံးအောင်မပြောနိုင်ဘဲ လှေကားရှေ့တွင် ရပ်လိုက်မိသည်။
သူမ၏ အတွေးတစ်ဝက်မှာ 'ဒီလောက်အစောကြီးပဲရှိသေးတာကို ရှင် သူများစံအိမ်ဆီ ဘာလာလုပ်တာလဲ' ဖြစ်ပြီး ကျန်တစ်ဝက်မှာ 'မဟုတ်မှ...မဖြစ်နိုင်ပါဘူး' ဟုဖြစ်နေခဲ့၏။
အန်းသန့်စ်က သူမ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။
"မင်း ဒီလို တုံ့ပြန်မယ်ဆိုတာ ကိုယ်ကြိုသိနေလို့ မနေ့ညက ဒီမှာပဲနေလိုက်တာ"
"...ဘယ်လို"
"မင်း မနေ့ညက အရက်မူးတာရယ် ပင်ပန်းတာရယ် ရောသွားတော့ ချက်ချင်းအိပ်ပျော်သွားတယ်လေ။အဲ့တော့ ပြန်နိုးလာရင် ဖြစ်ခဲ့တာတွေကို အိပ်မက်ဆိုပြီး တွေးပစ်နိုင်တယ်လို့ ကိုယ်ထင်ခဲ့လို့"
သူပြောတာ အမှန်ပဲ။
အန်းသန့်စ်က လူနာအနားကို ချဉ်းကပ်လာရင်း သူမစိတ်ကို ဖတ်နိုင်နေသကဲ့သို့ တည်ငြိမ်စွာပြောခဲ့သည်။
"ကိုယ်တို့ မနက်စာမစားခင် ဥယျာဉ်ထဲမှာ လမ်းလျှောက်ကြရင်ရော ဘယ်လိုလဲ။မနက်စာစားဖို့က နည်းနည်းစောနေသေးတယ်"
ထို့နောက် သူက လူနာ၏ လက်ကို သဘာဝကျကျ ဆုပ်ကိုင်လာခဲ့သည်။သူ အရင်ကလည်း သူမကို မကြာခဏ ပ်ကိုင်တတ်သော်လည်း ယခုအကြိမ်က မတူတော့ပေ။
ချစ်သူအစစ်များကဲ့သို့ မနက်ခင်း နှုတ်ဆက်ခြင်း၊ ချစ်စကားများ တီးတိုးပြောသလိုမျိုးအခြေအနကြောင့် ရှက်ရွံ့ပြီး နေရခက်ကာ အခြေမနေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သေချာမသိခဲ့ပေ။...
"ဟင်။ သခင်မလေး နိုးပြီလား။ မနေ့က နည်းနည်းပင်ပန်းလိုက်ရတော့ ဒီနေ့အကြာကြီး အိပ်လိမ့်မယ်လို့ ထင်နေတာ"
ထိုချိန်တွင် အနားမှဖြတ်သွားသော လော်ရာက လူနာကို နှုတ်ဆက်လာခဲ့သည်။
လူနာသည် ရုတ်တရက် သတိဝင်လာပြီး အော်ဟစ်ကာ လှေကားပေါ်သို့ ပြေးတက်သွားခဲ့သည်။
"အားးးးးး!"
"သ-သခင်မလေး?!"
လော်ရာလည်း လန့်ဖျပ်သွားပြီး လူနာကို လှမ်းအော်ခေါ်လိုက်သော်လည်း သူမမှာ လှေကားပေါ်ကနေ ပျောက်ကွယ်သွားပြီဖြစ်သည်။
"ကျွန်-ကျွန်မ တစ်ခုခုမှားပြောမိလို့လား..."
ထိုသို့ဟုတ်ပုံမရသော်လည်း လော်ရာမှာ အံ့ဩသွားပြီး ဝမ်းနည်းသလိုမျက်နှာဖြင့် အန်းသန့်စ်အား မေးလိုက်သည်။
"မဟုတ်ဘူး ဒီနေ့လေဒီလူနာက နည်းနည်းစိတ်မကြည့်လို့နေမယ်"
လူနာ၏ အကျင့်အရ မနေ့ကအဖြစ်အပျက်များကို ထင်ယောင်ထင်မှားအိမ်မက်အဖြစ် ယူဆခဲ့သော်လည်း ၎င်းမှာ အမှန်ဖြစ်နေသည်။ကံကောင်းသည်မှာ သူမလည်း မှတ်မိပုံပေါ်နေတာပင်။ အကယ်၍ သူမက မမှတ်မိဘူး ဘာကိုဆိုလိုတာလဲဟုမေးပါက သူ တကယ်ခေါင်းခဲရမှာဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အန်းသန့်စ်သည် သူတို့၏ ဟန်ဆောင်ဆက်ဆံရေးက တရားဝင်ဖြစ်လာတာကြောင့် ကျေနပ်မိခဲ့သည်။၎င်းမှာ စတင်ဖို့ခက်ခဲသော်လည်း စတင်လိုက်သည်နှင့်အမျှ ဆက်သွားရန်မှတပါး ရွေးချယ်စရာမရှိပေ။
* * *
တစ်ဖက်တွင် လူနာသည် သူမ၏အခန်းသို့ ထွက်ပြေးလာခဲ့ပြီး သူမ၏ အတွေးများကို စုစည်းရန် အချိန်ခဏယူခဲ့သည်။
သူမသည် လက်ဖက်ရည်ကို တင့်တင့်တယ်တယ် သောက်နေရမည့်အစား စောင်ထဲတွင်နစ်မြှုပ်နေရကာ ဆံပင်ကိုဆွဲဖွပြီး သူမအတွေးများကိုရှင်းနေရသည်။
'အဲ့ဒါက တကယ်ကြီးလား!ငါ မနေ့က အန်းသန့်စ် ဖွင့်ပြောတာကို တကယ်ကြီး လက်ခံခဲ့တာလား'
သူ သူမကို သဘောကျနေမှန်း သိတာ တောင်မကြာသေးဘူးလေ...
ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး အချိန်တိုအတွင်း သဘောကျနေတာကနေ တရားဝင်တွဲတာကို ရောက်သွားတာလဲ။
လူနာသည် သူမ၏ သိသာထင်ရှားနေသော ခံစားချက်များ သတိမထားမိဘဲ စောင်ကို အကြောင်းရင်းမဲ့ ကန်ထုတ်ကာ ကမ္ဘာကြီးကို မေးခွန်းထုတ်ခဲ့သည်။
'အားး ငါ သူ့ကို အဖြေမပေးခင် ခဏလောက် စဉ်းစားသင့်တာကို!'
ရုတ်တရက်ကြီး အန်းသန့်စ်က စတင်ရေတွက်လာခဲ့တော့ သူမလည်း စိတ်မြန်လက်မြန်သဘောတူခဲ့မိသည်။
ဒါပေါ့ သူမ တကယ်လို့ မနေ့ကအချိန်ကို ပြန်သွားနိုင်ပြီး စဉ်းစားဖို့ အချိန်ရှိခဲ့မယ်ဆိုရင်....
'…အဲ့လိုဆိုရင်တောင် ငါ တူညီတဲ့ အဖြေပဲ ပေးခဲ့အုံးမှာ..'
သူမ အန်းသန့်စ်ကို မမုန်းပေ။ မဟုတ်ဘူး... သူမ တကယ်တော့ သူ့ကို သဘောကျပေသည်။
သူမလည်း မတတ်နိုင်ပေ။ သူက သူမအပေါ် အမြဲတမ်း ကြင်နာခဲ့ပြီး လိုအပ်ချိန်တိုင်း ကူညီပေးခဲ့သူဖြစ်သည်။
ဒီလိုလူမျိုးကို ဘယ်လိုလုပ်သဘောမကျမိဘဲနေမှာလဲ။
ထို့အပြင် သူ့အသွင်အပြင်မှာ အရမ်းကြည့်ကောင်းလှသည်။အထူးသဖြင့် ပြုံးပြရုံဖြင့် မည်သူ့ကိုမဆို အလွယ်တကူ ဆွဲဆောင်နိုင်သော မျက်နှာလေးပင်ဖြစ်သည်။၎င်းက အင်ပါယာ၏ နိုင်ငံ့ရတနာတစ်ခုလို့တောင် သတ်မှတ်လို့ရနိုင်သည်။
'အိမ်ရှေ့မင်းသားကလည်း အဲ့လိုတွေးပြီး သူ့ကို အာရုံစိုက်မိတာများလား....ဘာလို့ဆို အိမ်ရှေ့စံက တောက်ပတဲ့ အရာတွေကိုကြိုက်တယ်လေ'
လူနာ၏ အတွေးများက ချဉ်လာခဲ့တော့သည်။သူမ ထုတ်ပြောရမှာ ရှက်ရွံ့နေသော်လည်း သူ့ကို သဘောကျနေတာကြောင့် မတတ်နိုင်ချေ။
"သခင်မလေး! မနက်စာစားလို့ရပါပြီ!"
သူမ အတွေးနက်နေချိန်မှာပဲ အပြင်မှ လော်ရာ၏ အသံကို ကြားလိုက်ရသည်။ အချိန်ကို စစ်ကြည့်ရာ မနက်စာစားဖို့အချိန်ရောက်နေပြီဖြစ်သည်။
လူနာ နည်းနည်းလောက်စဉ်းစားလိုက်ပြီးနောက် စောင်ထဲမှ လျှင်မြန်စွာ ထလိုက်သည်။
သူမ မနေ့ကအချိန်ကို ပြန်သွားရရင်တောင် တူညီသည့် ရွေးချယ်မှုကို လုပ်ခဲ့မှာဖြစ်တာကြောင့် ထွက်ပြေးနေစရာ အကြောင်းမရှိပေ။
လူနာသည် အခန်းထဲမှထွက်ရန် ဆုံးဖြတ်ခဲ့သော်လည်း မမျှော်လင့်စွာပင် အခန်းရှေ့၌ လော်ရာအစား အန်းသန့်စ်ကို တွေ့လိုက်ရပြီး ကျောက်ရုပ်ဖြစ်သွားခဲ့သည်။
"ကိုယ်တို့ အတူတူအောက်ဆင်းကြမလားလို့"
လူနာ မျက်နှာတွင် 'လော်ရာမဟုတ်ဘဲ ရှင်ကဘာလို့ ဒီမှာရှိနေတာလဲ' လို့ရေးထားသလိုမျိုးဖြစ်နေတာကြောင့် သူမမမေးခင်မှာပဲ အန်းသန့်စ်က သူ့လက်ကိုကမ်းပြီး ပြောခဲ့လိုက်သည်။
လူနာက သူ့လက်ကို ခဏလောက်ကြည့်ပြီး မျက်လုံးများကို တင်းကျပ်စွာ မှိတ်လိုက်သည်။ထို့နောက်သတ္တိများစုကာ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။
ကံကောင်းစွာပင် သူမ အတွေးများကိုစုပြီး ခံစားချက်များကို ရင်ဆိုင်လိုက်တာကြောင့် အရင်ကလောက် မလန့်တော့ပေ။
ထိုအစား သူမ ရင်ဘတ်ထဲရှိ နှလုံးသားမှာ တဖျပ်ဖျပ်ခုန်နေပြီး ထူးဆန်းစွာပင် ခံစားရပိုကောင်းအောင်လုပ်နေခဲ့သည်။
"...ကျွန်မတို့ မနက်စာစားပြီး လမ်းလျှောက်ကြရင်ရော ဘယ်လိုလဲ"
သူမ သတ္တိပိုရှိလာတာကြောင့် အန်းသန့်စ်၏ မျက်လုံးများက အံ့ဩစွာ ပြူးကျယ်သွားခဲ့သည်။သို့သော် ခဏသာဖြစ်ပြီး မကြာမီမှာပဲ သူ့မျက်လုံးများက နွေးထွေးမှုနှင့်အတူ ပျော့ပျောင်းလာခဲ့သည်။
"ကောင်းသားပဲ"
ထိုကျေးဇူးကြောင့် လူနာ၏ မျက်နှာမှာ ဖြေးဖြေးချင်း ပြေလျော့လာခဲ့သည်။ သူမ၏ ပါးပြင်များက နီမြန်းနေသေးသော်လည်း ၎င်းက ကြည်နူးလှိုက်ဖိုမှုဖြစ်ကြောင်း ခံစားခဲ့ဖူးပြီးဖြစ်သည်။
လူနာသည် အန်းသန့်စ်နှင့်အတူ လက်ချင်းတွဲကာ ထမင်းစားခန်းကိုသွားနေရင်း ရုတ်တရက် သူမ မေ့သွားခဲ့သော အရေးကြီးသည့် ကိစ္စတစ်ခုကို သတိရမိသွားသည်။
"အိုး ဟုတ်သားပဲ။အဲ့ဒါမတိုင် ကျွန်မတို့မနေ့က မပြီးခဲ့တဲ့ဟာကို အရင်အပြီးသတ်ကြရအောင်"
"မနေ့က မပြီးခဲ့တဲ့ဟာလား"
"ဟုတ်တယ်။ ဒဲဗောရာနဲ့ ကျွန်မစိန်အကြောင်းလေ"
သူမသည် ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကို ပိုင်းခြားရန် လိုအပ်သည်။ အထူးသဖြင့် ယခုအချိန်တွင် စိန်က ဈေးကွက်ထဲမြင့်နေသဖြင့် သူမ အခြေအနေကို ကောင်းစွာ နားလည်ထားရန် လိုအပ်သည်။
"တကယ်တော့ ကျွန်မစိတ်ထဲမှာ အဲ့ဒါအတွက် ကိုက်ညီတဲ့ လူတစ်ယောက်ရှိတယ်"
"ကိုက်ညီတဲ့လူလား"
"ဟုတ်တယ်။မြို့စားကြီးမိသားစုထဲ သူလျှိုလုပ်ပေးတဲ့သူလေ"
ထိုမှသာ အန်းသန့်စ်သည် ရိုယာကိုတွေးမိသွားပြီး သတိထားမိလိုက်ဘဲ မျက်မှောင်ကြုတ်မိခဲ့သည်။
သူလည်း ရိုယာမှတစ်ဆင့် မြို့စားကြီး၏အခြေအနေကို စောင့်ကြည့်ရန် တွေးခဲ့သော်လည်း အကြောင်းတစ်ချို့ကြောင့် အဆင်မပြေသလိုခံစားခဲ့ရသည်။
"ကိုယ်တို့ လမ်းလျှောက်ပြီးသွားရင် သူ့ကိုခေါ်လိုက်မယ်"
"ကောင်းပြီ"
ဒါကြောင့် အန်းသန့်စ်က သူ့ကိုခေါ်ဖို့ သဘောတူလိုက်ပြီး လူနာက လုပ်သင့်ကြောင်းပြောကာ ပြုံးပြလာခဲ့သည်။
ထို့မှသာ အန်းသန့်စ်လည်း ပိုကောင်းလာသလိုခံစားခဲ့ရပြီး ပြုံးနိုင်ခဲ့သည်။
* * *
ကျောက်မျက်ရတနာလုပ်ငန်းသည် များပြားသော ရင်းနှီးမြှုပ်နှံမှုများနှင့် အားစိုက်ထုတ်မှုတို့ကြောင့် မျှော်လင့်ထားသည်ထက် ပိုကောင်းစွာထွက်လာခဲ့သည်။အထူးသဖြင့် ပိုင်ရှင်ဖြစ်သူမှာ မကြာသေးမီကစ နေ့စဉ်နှင့်အမျှ စတော့စျေးနှုန်းမြင့်တက်နေသော လူနာဖြစ်နေသောကြောင့်ဖြစ်သည်။
သူမ စိန်တွင်းကို တွေ့ရှိခဲ့ကြောင်း သတင်းက လျှင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းက လူနာ အကြောင်းကို ပြောခဲ့ကြသည်။
သဘာဝအတိုင်းပင် ၎င်းက မြို့စားကြီးရိုဒရီယန်၏ နားထဲသို့ရောက်ရှိလာခဲ့သည်။
မြို့စားကြီးက ဒဲဗောရာကို ညစာအတူစားရန် ဖိတ်ခေါ်ခဲ့ပြီး တည်ငြိမ်သောမျက်နှာထားဖြင့် မေးလာခဲ့သည်။
"မင်း လက်ဝတ်ရတနာဆိုင်ဆိုတဲ့ နေရာကို သွားခဲ့တယ် ငါကြားတယ်"
"အာ ဟုတ်…"
မြို့စားကြီးသည် ဒဲဗောရာ၏ တုံ့ပြန်မှုကို မြင်ပြီး ရွှေတွင်းရှာတွေ့ပြီး ယခု စိန်တွင်းကိုပါ ရှာတွေ့ခဲ့၍ မြောက်များစွာ ချမ်းသာလာခဲ့သော လေဒီပဲလ်ကို သတိရမိသွားသည်။
သူ ဒီလိုဖြစ်မယ်လို့ ကြိုသိခဲ့ပါက ဖယ်ဆန်နှင့် သူမကို အစကတည်းက နီးကပ်အောင်ထားခဲ့မှာဖြစ်သည်။
လူနာနှင့် ဆင်တူသော ဒဲဗောရာကို မြင်ရချိန် အကြောင်းပြချက်မရှိ ဒေါသထွက်ခဲ့သည်။ စိတ်ရူးပေါက်ပြီး အခန်းထဲ ပိတ်လှောင်ခံထားရသည့် ဖယ်ဆန် အကြောင်းတွေးမိသွားပြီး ပိုတောင်ဒေါသထွက်လာခဲ့ရသည်။
မြို့စားကြီးသည် စားပွဲဝိုင်းအပြုအမူကိုတောင် ဂရုမစိုက်တော့ဘဲ အသားကင်ကို ဒေါသတကြီး စားလိုက်သည်။
မဟုတ်ဘူး အဲ့ဒါတင်မကဘဲ အခုအရာအားလုံး သူ့ထိန်းချုပ်မှုထဲမှာ မရှိနေတော့ပေ။
ဖယ်ဆန်ဆိုတဲ့ကောင်က သူ့မိသားစုနာမည်ကို ဖျက်ဆီးထားပြီး ကောင်းကောင်းနေနိုင်မယ်လို့ ထင်နေတာလား။
မြို့စားကြီး၏ ရင်ဘတ်က ဒေါသဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး အန်ထွက်တော့မလိုခံစားလာရတာကြောင့် ဆက်သည်းမခံနိုင်တော့ အိမ်တော်ထိန်းကို ခေါ်လိုက်သည်။
"တစ်ခုခုလုပ်စမ်းပါ! မင်း ဒီတိုင်းပဲလွှတ်ထားတော့မှာလား!"
ထို့နောက် သူက ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် ဆဲရေးကြိမ်းမောင်းခဲ့သည်။ သူက ဘာလို့လဲဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့သော်လည်း အိမ်တော်ထိန်းသည် မြို့စားကြီး ဒေါသဖြစ်ရသော အကြောင်းရင်းကို ချက်ချင်းသဘောပေါက်ပေသည်။
"…ကျွန်တော် မိုင်းသုံးတွင်းဆီကို လူတွေ လွှတ်လိုက်ပါ့မယ်"
အိမ်တော်ထိန်းက ကိုင်တွယ်လိုက်ပါ့မယ်ဟု ကတိပေးပြီး ဦးညွှတ်ပြကာ ထမင်းစားခန်းမှ ထွက်သွားခဲ့သည်။ထိုမှသာ မြို့စားကြီးသည် အနည်းငယ်လျော့ကျလာခဲ့သည်။
ထို့နောက် သူက ဒဲဗောရာထံ လှည့်၍ မေးလာခဲ့သည်။
"ရတနာဆိုင်က ဘယ်လိုနေလဲလို့သိချင်နေတာ။အဲ့ဒါက သူတို့ပြောကြသလိုပဲ အံ့ဩစရာကောင်းလား'
"အိုး ဟင့်အင်း…!"
ဒဲဗောရာသည် သူမတောင်သတိမထားမိဘဲ ၎င်းကို အလိုလို ငြင်းဆိုမိခဲ့သည်။
အကြောင်းတစ်ချို့ကြောင့် သူမဒီလိုလုပ်ရမည်ဟု ခံစားခဲ့ရ၏။
မြို့စားကြီးက လူနာကို ရန်ငြိုးထားနေမှန သိထားပြီးဖြစ်သော်လည်း လူတွေကို မိုင်းတွင်းကို ပို့ပြီး သူမကိုထိခိုက်အောင်လုပ်ချင်နေပုံရသည်။
သူမ၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လွင်နေကာ ထိုသို့ဖြေခဲ့သော်လည်း မြို့စားကြီးက သူမ၏အဖြေအတွက် ကျေနပ်သွားပုံရသည်။
ဟုတ်တယ် အမွေဆက်ခံသူအသစ်ကိုမွေးပေးရမယ့် မိန်းမက အနည်းဆုံး ဒီလောက်တော့ အမြင်ရှိရမှာပေါ့။
မြို့စားကြီး၏ စိတ်အခြေအနေက ပိုမိုကောင်းမွန်လာပြီး အမဲသားကင်ကို စားလိုက်သည်။
TK Team (Chapter 119)