ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး 120
* * *
ဒဲဗောရာသည် သူမ၏ စားစရာတစ်ဝက်လောက်ကို မထိဘဲ ချန်ထားခဲ့ပြီး သူမအခန်းသို့ အမြန်ပြန်သွားခဲ့သည်။သူမသည် ကြောက်စရာကောင်းသော အသံကို ကြားခဲ့ရပြီးနောက် စားသောက်နိုင်မည့် အခြေအနေတွင် မရှိနေချ။
သူမ ဘာလုပ်သင့်လဲ။
အခြားအကြောင်းကို သူမ မသိပေမယ့်လို့ မြို့စားကြီးက လူနာကို ပစ်မှတ်ထားနေပုံရသည်။
သူ့အမေ၏ ရောဂါကို ကုသပေးနေသည့် ကြင်နာသောနှလုံးသားရှိသူကို ဒီတိုင်း လျစ်လျူမရှုနိုင်ပေ။
သူမ တစ်နည်းနည်းနှင့် ကူညီပေးရန် တာဝန်ရှိသလို ခံစားနေရတယ်...
'ကြောက်စရာပဲ...'
ဒီအခြေအနေမှ ထွက်ရန်နည်းလမ်းမရှိသည်သာမက မြို့စားကြီးမှာ အလွန်ကြောက်စရာကောင်းလှသည်။ အဆင့်အတန်းနိမ့်သော မျိုးရိုးမြင့်များပင် သူ့ကို ကြောက်ရွံ့ကြသည်။သူသည် အင်ပါယာရှိ တစ်ဦးတည်းသောမြို့စားကြီးဖြစ်ပြီး သူလိုချင်သောအရာကို ရယူရန် တွန့်ဆုတ်နေမည်မဟုတ်ချေ။
'ငါ ဘာလုပ်သင့်သလဲ…!'
ဒဲဗောရာသည် ဘာလုပ်ရမှန်းမသိစွာဖြင့် သူမလက်သည်းများကို ကိုက်နေခဲ့ချိန်မှာပဲ တံခါးခေါက်သံကြားလိုက်သည်။
"ရုတ်တရက်ကြီး နှောင့်ယှက်ရလို့ တောင်းပန်ပါတယ်။ငါ အခန်းထဲမှာ သန့်ရှင်းရေး မလုပ်ရသေးတဲ့ နေရာတစ်ခုကျန်ခဲ့လို့ ခဏလောက် ဝင်လာလို့ရမလား"
အစေခံပင်ဖြစ်သည်။ဒဲဗောရာသည် အခန်းက လုံးဝသန့်ရှင်းနေပုံရနေသောကြောင့် ငြင်းလိုက်ချင်သော်လည်း သူမမှာ ထိုသို့မလုပ်နိုင်သည့် အနေအထားတွင် ရှိနေသည်။
ထို့ကြောင့် သူမ ဝင်ခွင့်ပြုလိုက်သော်လည်း ဝင်လာသူမှာ သူမအခန်းကို သန့်ရှင်းရေးလုပ်နေကျ အစေခံမဟုတ်ဘဲ မရင်းနှီးသူတစ်ယောက်ဖြစ်နေခဲ့သည်။
"ငါ သန့်ရှင်းရေးလုပ်နေတုန်း နင်အားနေမှာပဲ။အဲ့တော့ ဒါကို ဖတ်နေလိုက်ပါလား"
ထို့နောက် သူမက ဒေဗောရကို ပုံမှန်လိုပင် စာတစ်စောင်ပေးလာခဲ့ပြီး သန့်ရှင်းရေးစလုပ်ခဲ့သည်။စာအုပ်တစ်အုပ်မဟုတ်ဘဲ စာတစ်စောင့်ဖြစ်ကာ ဘယ်သူပို့မှန်းကို မဖော်ပြထားချေ။
ရုတ်တရတ်ဆန်လှသော်လည်း သူမဆီ ပို့လာမှတော့ သဘာဝအတိုင်းပင် ဖွင့်၍ စာပါအကြောင်းအရာများကို ဖတ်ခဲ့လိုက်သည်။
ဒဲဗောရာသည် စာ၌ရေးထားသောအကြောင်းအရာများကို မြင်လိုက်ရပြီးနောက် မကူညီနိုင်ဘဲ အသက်ရှုအောင့်ထားလိုက်မိသည်။
[မင်း စိန်ကို ပြန်ပေးရမယ်။မင်းရဲ့အချိန်ဇယားကို ကျေးဇူးပြုပြီးရေးပေးပါ တွေ့မယ့်နေရာကို ငါ့ဘက်ကဆုံးဖြတ်မယ်]
"အ-အာ ဒါက...!"
စိန်လား
ဒဲဗောရာသည် ဘာတွေဖြစ်နေမှန်းမသိဘဲ စိတ်ရှုပ်သွာဖြင့် အစေခံကို စိုက်ကြည့်လိုက်သည်။ အစေခံက ဒဲဗောရာကိုပင် ကြည့်မလာဘဲ ပြတင်းပေါက်ဘောင်ကို သုတ်ပြီး ပြောလာခဲ့သည်။
"ငါ နောက်နှစ်ရက်နေရင် ပြန်စာယူဖို့ ထပ်လာခဲ့မယ်"
"ဒါပေမယ့် ငါ…!"
ဒဲဗောရာက သူမ စိန်ကိုမခိုးယူခဲ့ကြောင်း အကြောင်းပြချက်ပေးဖို့ ပါးစပ်ဖွင့်လိုက်သော်လည်း အိမ်အကူ၏ ပဟေဠိဖြစ်နေသော အမူအရာကြောင့် ပါးစပ်ပြန်ပိတ်လိုက်သည်။သူမသည် မလိုအပ်သောစကားကိုပြောခြင်းကြောင့် ဒုက္ခရောက်ခဲ့သူများကို များသွာတွေ့ခဲ့ဖူးသည်။ယခုလည်း သူမမလိုအပ်ဘဲ ပြောလိုက်ပါက ရှုပ်ထွေးသွားမည်ဟုခံစားနေရသည်။
"ဘာလို့လဲ အချိန်ထပ်လိုသေးလို့လား"
ဒဲဗောရာသည် အစေခံ၏မေးခွန်းကို ခဏလောက် စဉ်းစားပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။
အရင်ဆုံး စိန်ကို ပိုင်ရှင်ဆီပြန်ပေးရမယ်။
လူနာက ဆိုးသည့်သူမဟုတ်တာကြောင့် တစ်ခုခုအမှားရှိနေကြောင်း ရှင်းပြလိုက်ပါ သူမ နားလည်ပေးလောက်သည်။
ဒဲဗောရာသည် သူမမှာ စိန်ရှိနေမှန်း ဘယ်လိုသိပြီး စာကို ပို့လိုက်တာလဲလို့ တွေးမိသော်လည်း ရှင်းပြဖို့က ဦးစားပေးဖြစ်သည်။
ထိုသို့တွေးပြီး ခေါင်းခါပြ၍ စာပြန်ရေးပြီးပေးလိုက်ရာ အစေခံသည် သန့်ရှင်းရေးလုပ်ဖို့ဆိုတာက အကြောင်းပြချက်တစ်ခုသာဖြစ်သလိုမျိုး အခန်းထဲကနေ အမြန်ထွက်သွားသည်။
သိပ်မကြာခင်မှာပဲ ဘတ်သ်က သူမအခန်းထဲ ရောက်လာခဲ့သည်။
"နင် ဖယ်ဆန်ကို တွေ့သင့်တယ်ထင်တယ်"
"...ဟင် အ-အခုလား"
ဘတ်သ်က ဒဲဗောရာ၏ စိုးရွံ့သောအကြည့်ကို မြင်လိုက်ရတာကြောင့် သူမ ပခုံးကို လက်ဖြင့်နှစ်သိမ့်သလိုပုတ်ပေးပြီး အိပ်ဆေးကို ထုတ်လိုက်သည်။
"ငါ သူ့ရဲ့ ဆေးနံ့သာကို ချိန်ညှိထားတယ်။ဒီတစ်ခါတော့ ဘာမှမှားတော့မှာမဟုတ်ဘူး။ သိပ်စိတ်မပူနေပါနဲ့ သခင်လေးဖယ်ဆန်က လူဆိုးတစ်ယောက် မဟုတ်ပါဘူး"
ဒါပေါ့ နောက်ဆုံးတစ်ခေါက်ကလို တစ်ခုခုမှားသွားမယ်ဆိုရင်တောင် ဒဲဗောရာကို ဖယ်ဆန့် အခန်းထဲ ထပ်ပို့ရန် ရည်ရွယ်ထားသညမ။
တကယ်တမ်းတွင် သူတို့မှာ အချိန်သိပ်မရှိနေချေ။ သူတို့ အတတ်နိုင်ဆုံး ဘယ်နည်းနဲ့မဆို ဖယ်ဆန်ကို ဆွဲဆောင်ရန်လိုအပ်ပြီး မြို့စားကတော်ကြီးကို ကူညီရမည်ဖြစ်၏။
ဒဲဗောရာသည် ၎င်းကို ကောင်းကောင်းသိပေသည်။ထို့အပြင် သူမတွင် ဖယ်ဆန်ကိုတွေ့ရန် အကြောင်းပြချက်တစ်ခုရှိနေသည်။
"ငါ... သခင်လေးဖယ်ဆန်နဲ့ တွေ့ပြီးရင် ခဏလောက် အပန်းဖြေဖို့ အပြင်ထွက်လို့ရမလား..."
သူမ စောစောက ရခဲ့သောစာကြောင့်ပင်။ သူမသည် အကြောင်းပြချက်မရှိဘဲ အပြင်မထွက်နိုင်သောကြောင့် ဖယ်ဆန် ၏အကူအညီကို လိုအပ်သည်။
ဘတ်သ်သည် တစ်ခေါက်အပြင်ထွက်ချိန်က အဆင်မပြေခဲ့ကြောင်း သဘောပေါက်သွားပြီး စာနာစိတ်ဖြင့် ခဏလောက်ဝမ်းနည်းသွားပုံရသည်။ထို့နောက် သူမက သဘောတူကြောင်း ခေါင်းညိတ်ပြခဲ့သည်။
"ကောင်းပြီ။ငါ နားလည်ပါတယ်။ဒီတစ်ခါတော့ နောက်ဆုံးတစ်ခေါက်ကလို ထပ်မဖြစ်အောင် ဂရုစိုက်သင့်တယ်"
ဒဲဗောရာသည် စိတ်သက်သာရာရသွားကာ ပြင်ဆင်ပြီးသည်နှင့် ဖယ်ဆန်၏အခန်းသို့ သွားခဲ့သည်။
ထို့နောက် နောက်ဆုံးတစ်ခေါက်ကလို အမှားမျိုး မလုပ်ဖို့ ကိုယ့်ကိုကိုယ်သတိပေးနေချိန်တွင် ဖယ်ဆန်၏ အခြေအနေကို စစ်ဆေးရန် အရင်ရောက်နေခဲ့သော အိမ်တော်ထိန်းက သူမကို နှုတ်ဆက်လာခဲ့သည်။
"သူနဲ့ ဒီနေ့ ချက်ချင်းအိပ်ဖို့က ခက်ခဲလောက်တယ်။အဲ့ဒါကြောင့် ဆက်ဆံရေးကို အရင်တည်ဆောက်တာက ပိုကောင်းလိမ့်မယ်။ငါ အကူအညီဖြစ်အောင်လို့ အမွှေးတိုင်တောင် မထွန်းထားခဲ့ဘူး"
ဒဲဗောရာသည် အိမ်တော်ထိန်း၏စကားများကြောင့် တံတွေးကို ခြောက်သွေ့စွာ မျိုချလိုက်ပြီး သဘောတူဟန် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဘတ်သ်ပေးခဲ့သော စိတ်ငြိမ်ဆေးကိုကိုင်ပြီး အထဲသို့ တုံ့ဆိုင်းစွာဝင်သွားခဲ့သည်။
ဖယ်ဆန်သည် ဒဲဗောရာအလာကို စောင့်ဆိုင်းနေသကဲ့သို့ သူမဝင်လာတာကို တွေ့လိုက်သည်နှင့် သူ့မျက်လုံးများက တောက်ပလာခဲ့သည်။
"…ဖယ်-ဖယ်ဆန်"
ဒဲဗောရာသည် သူမသင်ကြားခဲ့သည့်အတိုင်း ဖယ်ဆန်၏အမည်ကို ခေါ်လိုက်သည်။
ဖယ်ဆန်က သူမဆက်ပြောလာမည့် စကားကို စောင့်နေခဲ့သည်။သူ့မှာ ခွေးပေါက်လေးလို နားရွက်များရှိပါက ထောင်မတ်နေမှာသေချာပေါက်ပင်။
"ငါ...ငါ ပြီးခဲ့တဲ့ တစ်ခေါက်က မပြောလိုက်ရပေမယ့်...ငါအဲ့ဒါကို… အဲဒါကို ပြန်ပြင်ချင်တယ်"
သူမ အများကြီး မပြောရသေးသော်လည်း ဖယ်ဆန်၏ ပါးပြင်များက အနည်းငယ် နီရဲလာခဲ့သည်။
"တကယ်လား…"
သူ နံ့သာများကို အချိန်အတော်ကြာ ရှူခဲ့ရသောကြောင့် ဖြစ်နိုင်သည် သူ့အပြောအဆိုမှာ အနည်းငယ် ထူးဆန်းနေသော်လည်း သူ့မျက်လုံးများထဲတွင်မူ သံသယဖြစ်စရာပင်မလိုအောင် ပျော်ရွှင်မှုများဖြင့်ပြည့်နေခဲ့သည်။
၎င်းက ဒေဗောရကို စိတ်မသက်မသာဖြစ်စေ၏။ တကယ့် လူနာပဲလ်က ဒီလိုမျိ တွေးတောင်တွေးမှာမဟုတ်တာကြောင့် သူ့ကို ဒီလိုလှည့်စားရသည့်အတွက် အပြစ်ရှိတယ်လို့ ခံစားခဲ့ရသည်။
"အမ်..အင်း"
"မင်း စိတ်ပြောင်းတော့ဘူးမလား...! အခု အဲ့ကောင်နဲ့ ထပ်မတွေ့တော့ဘူးလား...!"
"အင်း..အဲ့- အဲ့ဒါကြောင့် ငါဒီကိုလာခဲ့တာပဲ..."
သူမ ဘာလို့ဒီလိုမျိုးပြောလိုက်မိတာလဲ။
သူမအတွေးများ မဆုံးခင်မှာပဲ ဖယ်ဆန်က ရုတ်တရက် အိပ်ယာပေါ်မှ ခုန်ဆင်းကာ ဒဲဗောရာကို ပွေ့ဖက်ခဲ့သည်။
'ဟမ်?! သူ နေမကောင်းဖြစ်နေတာ မဟုတ်ဘူးလား...'
ဒဲဗောရာသည် လန့်ဖျပ်သွားပြီး ဖယ်ဆန်ကို အဝေးတွန်းထုတ်ရန် ကြိုးစားခဲ့သော်လည်း ဖယ်ဆန်သည် နေမကောင်းသည်မှာ လိမ်ညာထားသကဲ့သို့ တုပ်တုပ်မှမလှုပ်သွားခဲ့ချေ။
"မင်း ငါ့ကို ဒီတစ်ခါပါ သစ္စာထပ်ဖောက်မယ်ဆိုရင် ငါ တကယ် ဒီတိုင်းထားမှာမဟုတ်ဘူး"
ဒဲဗောရာသည် သတိပေးချက် သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု ထင်ရသော ဖယ်ဆန်၏ စကားကြောင့် အလွန် ထိတ်လန့်သွားခဲ့သည်။
"ဘာလို့မဖြေတာလဲ။မကြိုက်ဖူးလား။ မင်း အဲ့ကောင်ဆီပြန်သွားမယ်လို့တော့မပြောနဲ့နော်.."
"မ-မဟုတ်ဘူး! ငါမသွားဘူး!"
ဖယ်ဆန်က ဖိအားပေးလာသောကြောင့် ဒဲဗောရာလည်း အမြန်ခေါင်းခါယမ်းပြကာ ပြန်ဖြေလိုက်သည်။
ဒဲဗောရာသည် မျက်ရည်များစီးကျလာတေယ့မလို ခံစားခဲ့ရသော်လည်း ဖယ်ဆန်၏ နှုတ်ခမ်းတွင်မူ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
* * *
"မင်္ဂလာနံနက်ခင်းပါ"
ရက်ပေါင်းများစွာ မနက်တိုင်း လာနေကျဖြစ်သော အန်းသန့်စ်က တောက်ပစွာပြုံးပြီး လူနာကို နှုတ်ဆက်လာခဲ့သည်။သူမ ကိုင်ဖို့ လက်ပါ အဆစ် ဆန့်ပေးခဲ့သည်။
လူနာ သူ့ကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ချောင်းအနည်းငယ်ဆိုးကာ သူ့လက်ကို လှမ်းကိုင်လိုက်သည်။
"အိုး မင်္ဂလာနံနက်ခင်းပါ"
၎င်းက သူမအတွက် ရင်းနှီးလာသော အမူအရာတစ်ခု ဖြစ်တာကြောင့် ထိုအကြောင်းကို နှစ်ခါတောင် ပြန်မစဉ်းခဲ့ပေ။
အဲ့ဒါက သူမ ဘာမှမခံစားရဘူးလို့တော့ ဆိုလိုတာမဟုတ်ပေ။သူ့လက်ကို ဆုပ်ကိုင်လိုက်ချိန်တိုင်း ထူးဆန်းသော ခံစားမှုတစ်ခုက သူမခေါင်းထိပ်မှ ခြေဖျားအထိပျံ့နှံ့သွားမြဲဖြစ်သည်။
သို့သော် သူမသည် ဆက်လက်တည်ငြိမ်အောင် ကြိုးစားခဲ့သည်။အန်းသန့်စ်က လူနာကိုကြည့်ပြီး ညင်သာစွာ ပြုံးကာ သူကိုင်ထားသော လက်ကိုပင့်မြှောက်၍ လူနာ၏ လက်ဖမိုးကို ညင်သာစွာ အနမ်းပေးလိုက်သည်။
"…?!"
ဟေး!ကျွန်မတို့ တရားဝင်ချိန်းတွေ့နေကြတယ် ဆိုရင်တောင်မှ အနည်းဆုံးသတိလေးဘာလေးတော့ပေးသင့်တယ်လေ!ရှင့် မီးတွေကိုဖွင့်ပြီး ကျွန်မကို အချက်ပြလေ!
လူနာ၏ မျက်နှာက လောင်ကျွမ်းတော့မလိုမျိုး နီရဲတက်လာခဲ့သည်။ထို့နောက် အန်းသန့်စ်က တခစ်ခစ်ရယ်ပြီး အကြောင်းပြချက်ပေးလာခဲ့သည်။
"အာ.. တောင်းပန်ပါတယ်။မင်းက အရမ်းချစ်စရာကောင်းလွန်းနေလို့"
ရှင် ဒီလိုရှင်းပြလာမှတော့....
သေချာစွာပင် အနမ်းပေးတာပ အမှားမဟုတ်ပေမယ့် ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်သည်။သို့သော်လည်း သူမ သူ့ကို စိတ်မဆိုးနိုင်ပေ။
"...ကျေးဇူးပြုပြီး နောက်တစ်ခါကျရင်တော့ ကြိုပြောပေးလို့ရမလား။မဟုတ်ရင် ကျွန်မ လန့်သွားလိမ့်မယ်"
"ကိုယ် သတိထားပါ့မယ်။ဒါဆို ဒီတစ်ခါတော့ ကြိုသတိပေးပြီး ထပ်လုပ်မယ်နော်"
အန်းသန့်စ်က ပြောပြီးသည်နှင့် လူနာ၏ လက်ကိုထပ်နမ်းလာခဲ့သည်။
လူနာသည် နှစ်ကြိမ်မြောက် အံ့အားသင့်သွားခဲ့ပြီး နောက်ပြန်ဆုတ်မိသွားခဲ့သည်။
အန်းသန့်စ်က ရယ်မောကာ သူ့လက်ကို လူနာခါးတွင် ရစ်ပတ်လိုက်ပြီး သူ့အမှားမရှိကြောင်းပြောလိုက်သည်။
"ကိုယ် မင်းပြောခဲ့သလိုပဲ ကြိုသတိပေးခဲ့တယ်နော်"
"အာ .. အဲ့ဒါကမှန်ပေမယ့်...!"
ကောင်းပြီ အဲ့ဒါက အမှန်ဆိုပေမယ့် အံ့ဩတာက သက်သက်ကိစ္စတစ်ခုပဲ။ဒါပေမယ့်လည်း သူ့ကို ထပ်မလုပ်ဖို့ မပြောနိုင်ဘူး။
မဟုတ်သေးဘူး။ သူမ ဘာလို့ မလုပ်နိုင်ရတာလဲ။ ဒီတိုင်းပြောလိုက်ရုံပဲလေ။စကားပြောလိုက်!သူမဘာလို့ မပြောနိုင်တာလဲ။
သို့သော် သူမက ဒီတိုင်း အံ့သြရုံသာဖြစ်ပြီး ကြိုက်လား မကြိုက်လား ခွဲခြမ်းစိတ်ဖြာရပါက ကြိုက်သည့်ဘက်ကို ပိုရောက်နေသည်...
လော်ရာသည် ထိုနှစ်ယောက် လှေကားမှဆင်းလာသည်ကို ကြည့်နေခဲ့ပြီး သူမ၏ ပါးပြင်ကို လက်ဖြင့်ဖုံးအုပ်လိုက်ကာ အကြောင်းပြချက်မရှိ ခန္ဓာကိုယ်ကိုတွန့်လိုက်မိသည်။
"အိုး ဘုရားရေ"
သူမက သူတို့ဘေးတွင် တစ်ချိန်လုံးရှိနေခဲ့သော်လည်း ယခုအခါ မမြင်နိုင်တော့ပုံရသည်။
သူတို့၏ဆက်ဆံရေးမှာ ချိန်းတွေ့တာ နှစ်ဝက်လောက်ကြာမှ ရုတ်တရက် အရမ်းတိုးတက်လာခဲ့သော်လည်း ကောင်းမွန်သော တိုးတက်မှုတစ်ခု ဖြစ်ပေသည်။
သူတို့နှစ်ယောက်က ပြီးပြည့်စုံသည့် စုံတွဲတစ်တွဲဖြစ်သည့်အလျောက် မြန်မြန်လက်ထပ်ပြီး သားသမီးတွေကို အတူတူ ပြုစုစောင့်ရှောက်မည်ဆိုပါက ကြည်နူးစရာ ဖြစ်လောက်မည်။
လော်ရာသည် ထိုအတွေးများဖြင့် ရယ်မောရင်း လူနာ နှင့် အန်းသန့်စ်တို့နောက်သို့ လိုက်လာခဲ့ချိန်တွင် မနက်စောစောစီစီး တစ်နေရာရာသို့ ထွက်သွားခဲ့ပုံရသော ရိုယာက စံအိမ်ကြီးထဲသို့ ပြန်ဝင်လာခဲ့ပြီး လူနာ နှင့် အန်းသန့်စ်ကို နှုတ်ဆက်လာခဲ့သည်။
"အိုး ကျွန်တော် အခုပဲလာတွေ့ဖို့ လုပ်နေတာ။ အချိန်ကိုက်ပဲ"
ထို့နောက် ရိုယာက သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်ယူပြီး လူနာကို ပေးလာခဲ့သည်။
"ကျွန်တော် ပြန်စာကိုယူလာခဲ့တယ်"
TK Team (chapter 120)