Chapter 50
Viewers 2k

📽️ Chapter 50



ကောင်းချင်က အသက် 31 နှစ်ရှိပြီဖြစ်ပြီး တစ်ကိုယ်တည်းသမားပင်။ သူမရုပ်ရည်က အလွန်လှပသည့်အထဲမပါသော်လည်း စွမ်းဆောင်ရည်ရှိသည့်အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။ သူမ၏ ပင်ကိုယ်စရိုက်မှာလည်း ထူးခြားလှကာ အလွန်သန်မာပြီး အမှီအခိုကင်းသည့် အမျိုးသမီးတစ်ယောက်ဟု လူများအား ခံစားရစေသည်။


သူမသာ ရှန်းကျွင့်ကျင်းနှင့် ရင်းနှီး၍ အပြန်အလှန်ကူညီအပေးနိုင်သည့် ဆက်ဆံရေးမျိုးရှိပါက အလွန်ပျော်ရွှင်စရာ ကောင်းလိမ့်မည်ပင်။


ကောင်းချင် အပြုံးလေးနှင့်ပြောလိုက်သည်။

"ကျွန်မအသက်အရွယ် ယောကျာ်းတစ်ယောက်က single ဖြစ်ပြီးလက်မထပ်ရသေးရင် သူ တစ်ခုခုမှားနေတာပဲ ဖြစ်လောက်တယ်...ဒါပေါ့ ကျွန်မအသက်အရွယ်လောက်ရှိတဲ့ အမျိုးသမီးတစ်ယောက်က single ဖြစ်ပြီး လက်ထပ်ချင်နေတယ်ဆိုရင် သူလည်း တစ်ခုခုမှားနေတာပဲ ဖြစ်လောက်တယ်..."


" ရှန်းကျွင့်ကျင်းက ဘာမှမမှားပါဘူး...သူက စန့်ရှန်းရဲ့ ကောက်တိုမည်ရကိစ္စတွေနဲ့ အလုပ်များနေရုံလောက်ပါပဲ...ဒါပေမဲ့...ခင်ဗျားလက်မထပ်ချင်ဘူးဆိုရင် ကျွန်တော် ဘာမှမပြောခဲ့ဘူးလို့ဘဲ သဘောထားလိုက်ပါ..."


"ကောင်းပါပြီ..."


ရန်ရှူ၏ ကားလေးက အကြိမ်အနည်းမျှ စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်သွားပြီး နောက်ဆုံးတွင် စန့်ရှန်းအိမ်ကို ရောက်သွားခဲ့သည်။


သူ့တွင် ဓာတ်လှေကားစီးရန် ကတ်မရှိပေ။ ထို့ကြောင့် ဓာတ်လှေကားရှေ့ရပ်ကာ စန့်ရှန်းထံ မက်ဆေ့ချ်ပို့လိုက်သည်။

[ငါ မင်းအဆောက်အအုံ အပြင်ဘက်က လှေကားမှာ...]


X : [ကိုယ် အိမ်အကူကို မင်းအတွက် ဓာတ်လှကား ခလုတ်နှိပ်ပေးဖို့ ပြောခဲ့တယ်...တံခါး password က မင်းမွေးနေ့...]


ရန်ရှူ တစ်ခဏမျှ စောင့်ဆိုင်းလိုက်ရာ သေချာပေါက်ပင် အိမ်အကူတစ်ယောက်က သူ့အတွက် ဓါတ်လှေကားကို လာနှိပ်ပေးခဲ့သည်။


ရန်ရှူ စန့်ရှန်း၏တိုက်ခန်းရှေ့ အောင်အောင်မြင်မြင်ရောက်ရှိသွားခဲ့သည်။ သူ့မွေးနေ့နံပါတ်ကို ရိုက်ထည့်လိုက်ပြီးနောက် စန့်ရှန်း၏တိုက်ခန်းတွင်းသို့ အောင်အောင်မြင်မြင် ဝင်သွားလိုက်သည်။


--------------


စန့်ရှန်း တံခါးဖွင့်ပြီး အိမ်အတွင်းသို့ ဝင်လိုက်ရာ ရန်ရှူနှင့်ခွေးသုံးကောင်က ဆိုဖာပေါ်ထိုင်ပြီး ရုပ်ရှင်အတူတူ ကြည့်နေကြသည်ကို မြင်လိုက်ရသည်။ ရန်ရှု သူ့နံဘေးက အလက်စကာခွေးကို မကျေမနပ်ပြောလိုက်သည်။

"ငါ့ကို အတင်းမတိုးနဲ့လေ.."


မနီးမဝေးသည့်နေရာတွင် နို့စားနွားကဲ့သို့ အဖြူအမည်းစပ်ထားသည့် ကြောင်လေးက ကော်ဖီစားပွဲပေါ်တွင် လှဲလျောင်းပြီး အိပ်နေပေသည်။


စန့်ရှန်း နောက်ဆုံးတွင် ပြန်ရောက်လာသည်ကို မြင်ရာ ရန်ရှူက လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"လောင်ကုန်း...မြန်မြန်လာ..."


စန့်ရှန်း သူ့အပေါ်ထပ် suitကို ချွတ်လိုက်ကာ လမ်းလျှောက်လာကာ အလက်စကာခွေးကို မောင်းထုတ်ပြီး ရန်ရှူ့နံဘေး ဝင်ထိုင်လိုက်သည်။


ရန်ရှူက အလျင်အမြန်ပင် စန့်ရှန်းရင်ခွင်ထဲသို့ ဝင်လာပြီး သူ့လက်မောင်းနှင့် မျက်လုံးကိုကွယ်ကာ စခရင်ကို ခိုးကြည့်လိုက်သည်။


စခရင်တွင် ထိတ်လန့်ခြောက်ခြားစရာကောင်းသည့် ဟော်ရာရုပ်ရှင်ကား တစ်ကားပြသနေပြီး လေထုက တင်းမာနေကာ ဇာတ်လိုက်၏ တုန်ယင်နေသည့်အသက်ရှုသံကိုသာ ကြားရပေသည်။


ရန်ရှူက သိသိသာသာ ကြောက်ရွံ့နေသော်လည်း ကြည့်ချင်နေပြန်သေးသည်။ ထို့ကြောင့် စန်ရှန်းကို အားကုန်သုံးပြီး ကိုင်ထား၏။ 


စန့်ရှန်း သူနှင့်အတူ ကြည့်နေရုံသာ တတ်နိုင်ပေသည်။


ရုပ်ရှင်ထဲတွင် မကောင်းဆိုးဝါးက ရုတ်တရက်ပေါ်လာပြီး တစ်စုံတစ်ခုက အဓိကဇာတ်လိုက်ခြေထောက်ရှေ့ ပြုတ်ကျသွားသည်။


ရန်ရှူ ခြောက်ခြားတုန်လှုပ်သွားကာ အော်ဟစ်လိုက်သည်။

"ဖာ့ခ် ဖာ့ခ်…"


"မင်းကြောက်တယ်ဆိုရင် မကြည့်တော့နဲ့..."


"ငါ ငါထောက်ခံချက်တစ်ခုရခဲ့တယ်..."

ရန်ရှူ ပင့်သက်ရှိုက်လိုက်သည်။

"horror ဂိမ်းအတွက် ထောက်ခံချက်တစ်ခု...ငါသေချာလုပ်နိုင်ပါ့မလားဆိုတာ မသေချာဘူး...ပြီးတော့လည်း အဲဒါက တိုက်ရိုက်ထုတ်လွှင့်ပြီး ကစားရမှာ..အဲ့ကြောင့် ငါသတ္တိရှိလာအောင် horror ကားတွေကို ကြည့်နိုင်သမျှ များများကြည့်ထားရမယ်..."


ပရိသတ်များအတွက် သူတို့အိုင်ဒေါ ဂိမ်းကစားနေတာကို ကြည့်နေရသည်က စိတ်ဝင်စားစရာကောင်းရုံ သာမက ၎င်းက ပရိသတ်များနှင့် အပြန်အလှန် ဆက်သွယ်နိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။


ဒုတိယက ပရိသတ်များက အနည်းနှင့်အများ ပိုကြည့်ရှုနိုင်ရန် ပိုက်ဆံပေးလာသည်ကို မျှော်လင့်ပြီး ပရိသတ်များ၏ပိုက်ဆံအိတ်များမှ ငွေကို ခြစ်နိုင်သမျှ ခြစ်ထုတ်နိုင်‌စေရန် ဖြစ်သည်။


စန့်ရှန်းက သူ့ကိုဖက်ကာ နှစ်သိမ့်လိုက်သည်။

"မင်းတကယ် အရမ်းကြောက်နေတယ်ဆိုရင်လည်း အဲဒါကို မလုပ်ပါနဲ့..."


"ငါမင်းအတွက် ပိုက်ဆံရှာမယ်လေ..."


"ကိုယ့်အတွက်လား..."


"ဟုတ်တယ်လေ...မင်းငါ့အတွက် နေရာဝယ်ပေးခဲ့တော့ စုတျန့်တျန့်က ပိုက်ဆံအများကြီး ဆုံးရှုံးသွားတယ်...ငါ အဲ့အတွက် ဟူရုံချီကိုလည်း အနိုင်ပိုင်းလိုက်သေးတယ်...ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းအပေါ် အပြစ်ရှိစိတ် ခံစားနေရတုန်းပဲ...အဲဒါကြောင့် ငါလုပ်ကိုလုပ်ရမယ်..."


စန့်ရှန်း၏နှလုံးသားက တစ်ခဏတွင်းချင်းပင် နူးညံ့သွားခဲ့ရပြီး ရန်ရှူ၏နဖူးလေးပေါ် ညင်သာစွာ နမ်းရှိုက်လိုက်သည်။ 

"အဆင်ပြေပါတယ်...အဲ့လောက်ဆုံးရှုံးတာလေးက မပြောပလောက်ပါဘူး..."


"အခု အဲ့အကြောင်းပြောတာက အသုံးမဝင်ဘူး...ငါက အဖြေပြန်ပေးပြီးသွားပြီ...ငါငြင်းလိုက်လို့ ပြန်လျော်ပေးရမှာကိုလည်း မတတ်နိုင်ဘူး...ငါသာ ဒီတိုက်ရိုက်ဂိမ်းကစားတာကိုပါမယ်ဆို ကျော်ကြားမှုနည်းနည်းတော့ ရလာလိမ့်မယ်လို့ ကောင်းချင်ကလည်း ပြောတယ်..."


"ဒါဆို သတ္တိတိုးလာအောင် ကိုယ်မင်းနဲ့အတူလေ့ကျင့်မယ်လေ..."


"အင်း..."

ရန်ရှူ ရဲရဲရင့်ရင့်နှင့် ရုပ်ရှင်ကားများကို ဆက်လက်ကြည့်ရှုလိုက်သည်။


အခန်းတွင်းရှိမီးများကို မဖွင့်ထားပေ။ ကြမ်းပြင်မှမျက်နှာကျက်ထိရှည်သည့် ပြတင်းပေါက်အပြင်ဘက်တွင်မှု အဆုံးမရှိ တောက်ပလင်းလက်နေသော အလင်းရောင်များနှင့် ပျားပန်းခတ်မျှလှုပ်ရှားသက်ဝင်နေသော ညမြင်ကွင်း ရှိနေသည်။


ရုပ်ရှင်ကားက ဆက်လက်ပြသနေပြီး တိုက်ခန်းအတွင်းတွင်မူ ခွေးသုံးကောင်၊ ကြောင်တစ်ကောင်နှင့် လူနှစ်ယောက်က အချင်းချင်းပွေ့ဖက်ထားကြ၏။


အဆုံးသတ်တွင် ရန်ရှူက ကြောက်ရွံ့နေဆဲဖြစ်ပြီး စန့်ရှန်း၏ရင်ခွင်တွင်းသို့ တွားသွားဝင်ရန် အကောင်းဆုံး ကြိုးစားနေရှာပေသည်။ သူအနှစ်သက်ဆုံး ရင်အုပ်ကြွက်သားများပေါ် မှီခိုအားပြုနေရသည့်အခါမှသာ လုံခြုံစိတ်ချရသလို ခံစားနိုင်လေသည်။


စန့်ရှန်း၏လက်မောင်းများထဲ တစ်ခဏ လှဲလှောင်းနေပြီးနောက် သူ ရုတ်တရက် မေးလိုက်သည်။

"အခု ဆေးရဲ့အာနိသင်က ကုန်သွားပြီလား..."


"လုံးလုံးကြီးတော့ ပျောက်မသွားလောက်သေးဘူး..."


"ငါ မယုံဘူး..."


တရှဲရှဲအသံမြည်လာပြီးနောက် ရန်ရှူ လန့်ဖျတ်သွားခဲ့သည်။ သူ စန့်ရှန့်အား ထိတ်လန့်တကြီး ကြည့်လိုက်သည်။

"ဒီလောက်အချိန်အကြာကြီးကို အာနိသင်ရှိသေးတာပဲ...ဒီဆေးက အဲ့လောက်တောင် စွမ်းလား..."


"အင်း မင်ရွေးလိုက်တဲ့ဆေးက အဲ့လိုအာနိသင်ပဲ..."


"..."


ခွေးသုံးကောင်အား သူတို့အခန်းများထဲတွင် လော့ခ်ချထားခဲ့သည်။


ကြောင်လေးကိုလည်း စည်သွတ်ဘူးကျွေးထားခဲ့၍ အချိန်ကောင်း ရနေလေသည်။


ဆေးအာနိသင်ကို ဖျောက်ပစ်ရန် အခန်းထဲတွင် လူနှစ်ယောက်သာလျှင်ကျန်ခဲ့သည်။


ပြသနေသည့် horror ရုပ်ရှင်ကားကပင် ဤထက်ပိုပြီးကြောက်စရာမကောင်းဟု ထင်ရလောက်အောင်ထိ သူတို့အလုပ်များနေကြပုံ ပေါ်ပေသည်။


ဇာတ်ကားထဲက တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် အသံများအောက်တွင် ရန်ရှူက စန့်ရှန်း၏အမည်ကို အော်လိုက်၏။


-----------


နောက်တစ်ရက် စန့်ရှန်းသူ့မျက်ဝန်းများ ဖွင့်လိုက်ချိန်တွင် သူ့နံဘေး လှဲလျောင်းနေသည့်ရန်ရှူအား မတွေ့ပေ။


စန့်ရှန်း မအံ့သြဘဲမနေနိုင်ပေ။


ဒီနေ့ ရန်ရှူ ဘာလို့အဲ့လောက် အစောကြီးထသွားတာလဲ...


သူ့ဖုန်းကို လှမ်းယူလိုက်သည်။ စခရင်ပေါ်က မက်ဆေ့ချ်ကို မြင်မြင်ချင်းပင် ချက်ချင်းနိုးသွားခဲ့သည်။


ကောင်းချင် : [ကျွန်မ ရှင့်ဆီကို ရန်ရှူကို ပို့ပြီးပြီလေ...ဘယ်လိုလုပ်ပြီး သူ့ကို အဲ့လိုမျိုးလုပ်ခွင့်ပေးနိုင်ရတာလဲ...]


စန့်ရှန်း ခေါင်းခြောက်သွားခဲ့သည်။ မနေ့ညက သူ ရန်ရှူကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အိပ်ပျော်သွားခဲ့သည်။


ရန်ရှူ ဘာလုပ်လိုက်လို့လဲ...


သူ ကောင်းချင်ထံ မက်ဆေ့ချ်ပို့လိုက်သည်။ သို့သော် ကောင်းချင်က ချက်ချင်းစာမပြန်ခဲ့ပေ။


စန့်ရှန်း ရှောင်ချီ့ထံသာ မက်ဆေ့ချ်ပို့လိုက်ရုံသာ တတ်နိုင်ပေသည်။ သူက ရှက်ရွံ့နေပြီး စန့်ရှန်းကို ရှင်းပြလိုက်သည်။

"ဘော့စ်စန့်...ကျွန်တော် အစ်ကိုရန့်ကို လူအုပ်အပြင်ရောက်အောင် စောင့်ရှောက်ပေးနေပါတယ်...ကျွန်တော်တို့အပြင်ရောက်ရင် ဆက်သွယ်လိုက်ပါ့မယ်..."


"ကောင်းပြီ..."


စန့်ရှန်း ရှန်းကျွင့်ကျင်းကိုသာ ဆက်သွယ်နိုင်ပြီး ရှန်းကျွင့်ကျင်းလည်း အလွန်ဇဝေဇဝါ ဖြစ်နေပေသည်။

[အာ...ငါအခုမှနိုးလာတာ..ရန်ရှူဘာဖြစ်သွားတာလဲ...]


X : [ငါလည်း တူတူပဲအံ့သြနေတာ...]


ရှန်းကျွင့်ကျင်း : [အရင်ဆုံး ကုမ္ပဏီကိုသွားရအောင်...ငါစစ်ဆေးကြည့်လိုက်မယ်...]


ကုမ္ပဏီသို့သွားသည့်လမ်းတွင် စန့်ရှန်း အင်တာနက်ကို စစ်ဆေးလိုက်ရာ သူ အိပ်မောကျသွားပြီးနောက် ရန်ရှူ သူ့ဘာသာသူထကာ မနက်ခင်း 3:17 မိနစ်တွင် Weibo ပေါ်၌ ပို့စ်တင်လိုက်သည်ကို ရှာတွေ့လိုက်သည်။


Weibo ပေါ်ပို့စ်တင်ရုံသာမက သူက ဘလက်ဖန်များနှင့် ကျိန်ဆဲသည့်ရန်ပွဲကြီးတစ်ခုကိုပင် စတင်ခဲ့သည်။


စန့်ရှန်း ရန်ရှူ၏ သည်းခံနိုင်စွမ်းကို နားလည်ပေသည်။ သူက ထိခိုက်နစ်နာရမည်ကို လက်မခံသည့်နေရာတွင် ဆရာကြီးဖြစ်၏။


သူ သေချာပေါက် ဆဲဆိုကျိန်ဆဲခံရမည်ကိုသိပြီး ၎င်းကို သူတစ်ညလုံး သည်းခံခဲ့သည်။ သို့သော်လည်း အဆုံးတွင်မူ သူဆက်လက် သည်းမခံထားနိုင်တော့ပေ။ ထို့ကြောင့် သူတစ်ချက်ကြည့်ရန် လိုင်းပေါ်တက်ခဲ့သည်။


ခြိမ်းခြောက်သည့်မှတ်ချက်များကို ဖတ်ပြီးနောက် သူ၏ ပြင်းထန်သည့်ဒေါသများက ပွင့်ထွက်သွားပြီး မနက်ရောက်သည်ထိ တိုက်ခိုက်ကြတော့သည်။


ဒါပေမဲ့ ရန်ရှူက ဘာလို့ အပြင်ထွက်သွားလိုက်တာလဲ...


သူ ဘလက်ဖန်တစ်ယောက်နဲ့ အပြင်မှာ PK တိုက်ဖို့ အချိန်းအချက် လုပ်ထားလို့များလား...


ရန်ရှူ၏တိုက်ခိုက်သည့်စွမ်းရည်က မကောင်းလှပေ။ ထို့ကြောင့် သူက သူ(စန့်ရှန်း) သို့မဟုတ် ဆွေ့ဟို့ယွီကို အပြင်အတူသွားရန် ခေါ်လိမ့်မည်ပင်။ 

အဲ့လိုမဟုတ်ရင် သူ ဘယ်လ်ိုလုပ် တစ်ယောက်တည်း တိုက်ခိုက်နိုင်မှာလဲ…


၎င်းက စန့်ရှန်းအား အလွန်ဇဝေဇဝါဖြစ်သွားစေသည်။


ရုံးခန်းထဲသို့ ဝင်လာပြီးနောက် မကြာမီမှာပင် ရှန်းကျွင့်ကျင်းရောက်လာပြီး အခြေအနေအား သိရှိရရန်ကောင်းချင်အား စပီကာဖွင့်ကာ ဖုန်းခေါ်လိုက်သည်။


ကောင်းချင်က လူအုပ်ကြီးထဲမှ ယခုလေးမှထွက်လာသည် ထင်ရပေသည်။ သူမက အလွန်ပင်ပန်းနေပြီး အသက်ရှုပင်မမှန်ကာ ပြောလိုက်သည်။

"မနေ့ညက ရန်ရှူနဲ့ ဘလက်ဖန်ကြားက ကျိန်ဆဲတဲ့အကြောင်းက hot search ဝင်သွားတာ ရှင်မြင်လိုက်လား..."


ရှန်းကျွင့်ကျင်း စန့်ရှန်းကိုကြည့်လိုက်သည်။ စန့်ရှန်းခေါင်းညိတ်ပြလိုက်ရာ သူပြောလိုက်သည်။

"ကျွန်တော် နည်းနည်းတော့ သိတယ်..."


"ရန်ရှူ ရူးသွားတာလား ကျွန်မ မသိဘူး...မဟုတ်ရင် သူက လူတိုင်းကို ဘာလို့စပြီး ဆူပူကြိမ်းမောင်းနေတာလဲ...သူ့ကီးဘုတ်ကို ဘုရားကျောင်းကိုသွားလှူမလို့ဆိုပြီး ကျွန်မကိုပြောခဲ့တယ်...အဲဒါမှ သူ့စကားတွေကို ဖြည့်ဆည်းပေးနိုင်မှာတဲ့...အဲ့နောက် သူနဲ့ရန်ဖြစ်ခဲ့ကြတဲ့ တူမကြီးတွေက ရန်ရှူ ဘယ်သွားမှာလဲဆိုတာ စိစစ်ပိုင်းခြားပြီးတော့ သူနဲ့တွေ့ဖို့အခွင့်အရေးရှိမလားဆိုပြီး သွားဖို့ကြိုးစားခဲ့ကြတာ...တကယ်ကြီး ရန်ရှူလက်ထဲ ကီးဘုတ်ကြီးကိုင်ပြီး သွားတာကို မြင်လိုက်ကြတယ်လေ..."


"ဒီနေ့ မင်္ဂလာရှိတဲ့နေ့ပဲဖြစ်ရမယ်...ပရိသတ်တွေရော ဖြတ်သွားဖြတ်လာတွေရော လူတွေအများကြီး အဲ့ကိုသွားခဲ့ကြတာလေ...နောက်ကျ သတင်းတွေကြားပြီး ပိုပိုများတဲ့ လူတွေအများကြီးက ရောက်လာတော့ ဖရိုဖရဲ ဝရုန်းသုန်းကားတွေ ဖြစ်သွားတာပေါ့... ပထမဆုံး ကျွန်မ ရန်ရှူ အပြင်ရောက်အောင် စောင့်ရှောက်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတွေအတွက် ဘုရားကျောင်းကိုလည်း တောင်းပန်ခဲ့ရသေးတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကျောင်းကို ကီးဘုတ်လှူဖို့ ရန်ရှူက ကျွန်မကို ခေါင်းမာမာနဲ့ဆွေးနွေးခိုင်းနေတာက ကျွန်မကို ရူးသွားအောင်လုပ်နေတာပဲ..."


ရှန်းကျွင့်ကျင်း မူလက လေးနက်သည့်မျက်နှာနှင့် ဖုန်းခေါ်ခဲ့သော်လည်း ၎င်းကိုကြားပြီးနောက် သူ၏ကိုယ်ကို မထိန်းနိုင်တော့ဘဲ မြည်းတစ်ကောင်ကဲ့သို့ပြုံးကာ ဝက်တစ်ကာင်ကဲ့သို့ ရယ်မောလိုက်လေသည်။

"ဟားဟားဟားဟားဟားဟားဟားဟား..."


"မစ္စတာရှန့်...ကျွန်မရှင့်ကို တင်ပြနေတာပါ...ကျေးဇူးပြုပြီး professionalဆန်ပေးပါ..."


"ကောင်းပြီ...ကျွန်တော်တောင်းပန်ပါတယ်...ဒါပေမဲ့...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား..."


ဖြစ်နိုင်သည်မှာ ဤကဲ့သို့ သဲပန်းပုရယ်နည်းမျိုးက အလွန် ကူးစပ်တတ်ပုံ ပေါ်ပေသည်။

"ရန်ရှူဆီမှာ အဲ့လိုကိုးရိုးကားရားနိုင်တဲ့ကိစ္စ ဖြစ်သွားတယ်ဆိုတာက အရမ်းကို ကျိုးကြောင်းဆီလျော်ပါပါတယ်..."


(T/N - သဲပန်းပုရယ်တယ်ဆိုတာက ကမ်းခြေမှာသဲတွေနဲ့ ရယ်နေတဲ့ပုံစံ ဖော်ထားကို ပြောတာပါ...ရှန်းကျွင့်ကျင်းက အဲ့ပန်းပုပုံစံလို တစ်ချိန်လုံး မရပ်နိုင်ဘဲ ရယ်နေတယ်လို့ ပြောချင်တာထင်ပါတယ်)


"ခွင့်ပြုပါဦး...ငါတို့ ဘာလုပ်သင့်လဲ..."


"ကျွန်မ သူ့ကို ရိုက်ကွင်းပြန်ပို့ဖို့ လူတစ်ယောက်စီစဥ်ထားတယ်...ဘုရားကျောင်းက သူကီးဘုတ်လှူမှာကို ငြင်းလိုက်တာနဲ့ ပတ်သက်တဲ့ စိတ်ပူစရာကလွဲရင် ကျန်တာ ဘာပြဿနာမှ မရှိပါဘူး...ဆူပူကျိန်ဆဲတဲ့တိုက်ပွဲကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်မတို့ နောက်ပိုင်းမှာ လုထုအမြင်ကို လမ်းညွှန်ပြောင်းလဲလိုက်လို့ရတယ်...သူ ကျိန်ဆဲတဲ့ အကြောင်းအရာတွေကို ကျွန်မဖတ်ပြီးသွားပြီ...အဲ့မှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ ညစ်ညမ်းစကားလုံတွေ မပါထားဘူး အဲ့ကြောင့် အခြေအနေက အဆင်ပြေပါတယ်..."


"ကောင်းပါပြီ ကျွန်တော်သိပြီ...မင်းအရမ်းကြိုးစားထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."

ရှန်းကျွင့်ကျင်း ဖုန်းချလိုက်ပြီး နောက်တစ်ဖန် ရယ်ပြန်သည်။


စန့်ရှန်း သူ့ခုံပေါ်၌ထိုင်ကာ မျက်ခုံးအား ပွတ်သပ်လိုက်ပြီး နှစ်ပေါင်းများစွာ ရန်ရှူ ရှာထားခဲ့သည့် ပြဿနာများကို တွေးနေမိသည်။


ငါဘာလို့ သူ အဲ့လိုလုပ်တာကို ကြိုက်ရတာလဲ...


ရိုးသားစွာပြောရလျှင် နှစ်ကြိမ်က ရန်ရှူအတွက် မလုံလောက်ပုံ ရလေသည်။


ရန်ရှူ၏ခံနိုင်ရည်စွမ်းအားက သူထင်ထားသည်ထက် ပိုသန်မာပေ၏။


----------------


စာရေးသူ၏မှတ်ချက် :


စန့်ရှန်း : ငါငတုံး ဟုတ်လားမဟုတ်လား ဂရုမစိုက်ဘူး...ငါဒါကို ကြိုက်တယ်...



📽️