Chapter 15
Viewers 273

Volume 1 (သေမျိုးနယ်မြေ ၀၁၅)


Chapter 15 (၀၀၃)

ကျောက်ခုန်းချိန်သည် ဒေါသကြောင့် ပေါက်ကွဲတော့မလို ခံစားရသည်။

"ငါကလား။ မင်းငါ့ကို ဘယ်သူလဲလို့ မေးနေတာလား။ ငါက မင်း မနေ့ညက လှည့်စားပြီး ညဉ့်နက်သန်းခေါင် အေးစက်တဲ့လေတိုက်ခံခဲ့ရတဲ့ အပြစ်မဲ့ခံရသူကွ။"

ကျောက်ခုန်းချိန်သည် သူ့ရည်းစားကို တခြားသူတွေခေါ်သွားမှာ ကြောက်နေသော အပြစ်မဲ့ဦးလေးတစ်ယောက်လို လင်ချီးယဲ့၏လက်များကို တင်းတင်းကျပ်ကျပ် ချုပ်လိုက်ပြီး "ငါမင်းကိုပြောမယ်။ ဒီမှာ မင်းငါ့ကို ဟန်ဆောင်မနေနဲ့။ မင်း ဒီနေ့ လုံးဝထွက်ပြေးလို့မရဘူး။"

လင်ချီးယဲ့သည် အချုပ်ခံထားရသော သူ့လက်မောင်းကိုကြည့်ကာ မလိုအပ်သောရုန်းကန်မှုကို လက်လျှော့လိုက်ပြီး ဘုရင်၏ သနားညှာတာမှုကို ခံစားချင်နေသလို သူကြည့်လိုက်သည်။

"ကောင်းပြီ။ ဘယ်မှာ စကားပြောမှာလဲ။"

"ငါ့နောက်လိုက်ခဲ့။"

ဒီလိုနဲ့ ကျောက်ခုန်းချိန်သည် လင်ချီးယဲ့၏လက်ကို ဆုပ်ကိုင်လိုက်ပြီး မသိသော ဦးတည်ရာဆီသို့ လျှောက်သွားနေသည်...

လင်ချီးယဲ့သည် အချစ်ဟိုတယ်တစ်ခုသို့ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါတွင် သူ၏အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားကာ ခေါင်းကိုလှည့်ပြီး းနေရာမှ ထွက်ပြေးသွားချင်သည်။

သို့သော် ကျောက်ခုန်းချိန်က သူ့ကို ဒီအခွင့်အရေး လုံးဝမပေးဘဲ သူ့ကို တင်းတင်းကျပ်ကျပ် လက်နောက်ပြန်ချုပ်ထားပြီး ဟိုတယ်ထဲကို ဆွဲခေါ်သွားသည်။

"ခင်… ခင်ဗျားဘာလုပ်ချင်နေတာလဲ။ ကျွန်တော်ခင်ဗျားကိုပြောမယ်။ ကျွန်တော့်မှာ လိပ်ခေါင်းရောဂါရှိတယ်နော်။ လျှောက်မလှုပ်နဲ့…"

"…မင်းတို့ အထက်တန်းကျောင်းသားတွေက ဘာတွေတွေးနေတာလဲ။ စကားစမြည်ပြောဖို့ နေရာရှာရုံပါ။"

"စကားပြောဖို့ အချစ်ဟိုတယ်ကို သွားဖို့လိုသလား။ လမ်းတစ်လျှောက်က လူတွေရဲ့မျက်လုံးတွေကို ခင်ဗျားမမြင်ဘူးလား။ ကျွန်တော် ရှက်လို့သေတော့မယ်။"

"မင်းသိလား။ ဒါက လုံခြုံတဲ့အိမ်ပဲ။ မင်းကိုဒီကိုခေါ်လာတာ တခြားအကြောင်းမရှိဘူး။ ငါက… ငါက အဲဒီလိုလူစားမျိုးနဲ့ တူလို့လား။"

ကျောက်ခုန်းချိန်သည် မျက်ဆံလှန်ပြပြီး ရုန်းကန်နေသော လင်ချီးယဲ့ကို ဧည့်ကြိုစားပွဲသို့ ဆွဲခေါ်သွားပြီး ဧည့်ကြိုစားပွဲက မှင်တက်နေသော ဧည့်ကြိုစာရေးမကို မျက်လုံးမှိတ်ပြလိုက်သည်။

"တက်ကြွပြီး စိတ်အားထက်သန်တဲ့ပုံစံ နှစ်ယောက်ခန်းပေးပါ။ ကျေးဇူးတင်ပါတယ်။"

လင်ချီးယဲ့: "…"

စာရေးမသည် နေရာမှာတင် အေးခဲသွားပြီး သူမဦးနှောက်သည် ခဏတာရပ်တန့်သွားပြီးနောက် သူမက နားမလည်နိုင်အောင်ပင် စိတ်လှုပ်ရှားလာသည်။

"ကောင်းပါပြီ လူကြီးမင်း။ လူကြီးမင်းရဲ့ အိုင်ဒီကတ်လိုပါတယ်။ ပြီးတော့ ဒီ… ဒီအဖော်လေးကလည်း ရှင့်ရဲ့အိုင်ဒီကတ်ကိုပြပေးပါ။"

သူ့အိုင်ဒီကတ်ကို အတင်းအကျပ် လွှဲပြောင်းပေးခံရသော လင်ချီးယဲ့သည် စိတ်လှုပ်ရှားနေသော စာရေးမကို ထူးဆန်းစွာ ကြည့်ကာ ဘယ်လိုပုပ်‌ပွနေသော မိန်းကလေးမျိုး၏ အနှစ်သက်ဆုံးဇာတ်ကွက်ကို ‌စိတ်ကူးနေသလဲဟု တွေးလိုက်သည်…

သို့သော် တခြားသူများကို အပြစ်တင်၍မရပေ။ ညဉ့်နက်သန်းခေါင်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူငယ်လေးတစ်ဦးအား အချစ်ဟိုတယ်ဆီ ဆွဲခေါ်လာပြီး နှစ်ယောက်ခန်းငှားရမ်းတာ ဒါမှမဟုတ် တက်ကြွသော 'အခြေခံ' အချစ်ဟိုတယ်ခန်းမှာ သူတို့က စကားပြောမှာလို့ ပြောရင်… ဘယ်သူယုံမှာလဲ။

"ဒီမှာ ရှင်တို့ရဲ့အခန်းကတ်၊ အခန်းက ၃၉၆၆ ပါ။ ရှင်တို့နှစ်ယောက်… ပျော်ရွှင်စွာနေနိုင်ပါစေလို့ ကျွန်မဆုတောင်းလိုက်ပါတယ်။" စာရေးမသည် သူမမျက်နှာပေါ်ကအပြုံးဖြင့် လင်ချီးယဲ့ကို ကြည့်လိုက်ကာ သူမမျက်လုံးများ ကျဉ်းမြောင်းလုမတတ်ဖြစ်နေသည်။

လင်ချီးယဲ့က လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။

"မင်း ဘာလို့ အဲဒီမှာ ကြောင်တောင်တောင် ရပ်နေတာလဲ။ ငါနဲ့လိုက်ခဲ့။" ကျောက်ခုန်းချိန်သည် လင်ချီးယဲ့ကို ဆွဲခေါ်ပြီး ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။

အခန်းထဲဝင်ရန် ကတ်ကို ပွတ်ဆွဲလိုက်ပြီး အံ့သြဖွယ်ကောင်းသည့် ပစ္စည်းပစ္စယများ၏ တောက်ပနေသော ခင်းကျင်းမှုကို သူ့ကိုယ်ပိုင်မျက်လုံးများဖြင့် ကြည့်ရင်း ဖြူစင်သော လင်ချီးယဲ့သည် လူချမ်းသာများက ပျော်ပါးရန် ငွေကြေးများစွာသုံးစွဲကြောင်း သိလိုက်ရသည်...

တကယ်စိတ်အားထက်သန်ဖို့ လုံလောက်သည်။

ကျောက်ခုန်းချိန်သည် တံခါးကို သော့ခတ်လိုက်ပြီး လင်ချီးယဲ့ကို လွှတ်ပေးလိုက်ကာ လျှပ်စစ်ကုတင်ဆီသို့ တည့်တည့်သွားပြီး ဝင်ထိုင်လိုက်သည်။ တစ်နေ့လုံး တောင့်တင်းနေခဲ့သော သု့ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပြေလျော့သွားသည်။

"အရမ်းစိတ်ပူမနေနဲ့။ တကယ်စကားပြောရုံပဲ။" လင်ချီးယဲ့၏အမူအရာသည် ရန်သူကြီးနှင့် ရင်ဆိုင်ရသလိုဖြစ်နေတာကို မြင်လိုက်သောအခါ ကျောက်ခုန်းချိန်က ရယ်မောပြီး ကြိမ်းမောင်းခဲ့သည်။

လင်ချီးယဲ့သည် သက်ပြင်းချလိုက်ပြီး တံခါးဘေးက ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ "ခင်ဗျားက ကျွန်တော်နဲ့ ဘာအကြောင်းပြောချင်တာလဲ။"

"သေချာပေါက် ငါမင်းရဲ့အကြောင်းကို ပြောချင်တာပေါ့။"
 
"လင်ချီးယဲ့၊ အမျိုးသား၊ အသက် ၁၇ နှစ်၊ လူလွတ်၊ အရပ် ၁၇၅၊ ကိုယ်အလေးချိန်…"

"အဲဒါကို ငါပြောချင်တာမဟုတ်မှန်း မင်းသိပါတယ်။" ကျောက်ခုန်းချိန်သည် သူ့နဖူးကိုကိုင်ပြီး တခြားလက်တစ်ဖက်ဖြင့် လင်ချီးယဲ့၏မျက်လုံးများကို ညွှန်ပြလိုက်သည်။ "မင်းရဲ့မျက်လုံးအကြောင်းကို ငါပြောနေတာ။"

လင်ချီးယဲ့ တိတ်ဆိတ်သွားသည်။

"မင်း မိုက်ကယ်ကို တွေ့ဖူးလား။"

ထိုစကားများကိုကြားတော့ လင်ချီးယဲ့၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီး ခဏမျှ တုံ့ဆိုင်းသွားကာ ခေါင်းညိတ်လိုက်သည်။

သေချာစွာ သူ့ရှေ့ကလူသည် ကိစ္စတော်တော်များများကို သိထားပြီး သူ့‌နောက်က အဖွဲ့အစည်းသည် မရိုးရှင်းပေ။

ပြီးတော့ ဒီစာကြောင်းသည် လင်ချီးယဲ့ကို အရေးကြီးသောအချက်အလက်တစ်ခုအား ထုတ်ဖော်ပြသခဲ့ပြီး ဆိုလိုသည်မှာ လွန်ခဲ့သောဆယ်နှစ်က သူမြင်ခဲ့ရသည့် ကောင်းကင်တမန်တော်က နာမည်ကြီးတမန်တော်များ၏ဘုရင် မိုက်ကယ်ဖြစ်သည်။

လင်ချီးယဲ့ ခေါင်းညိတ်တာကိုမြင်တော့ ကျောက်ခုန်းချိန်၏စိတ်က နောက်ဆုံးတွင် သက်သာရာရသွားပြီး လင်ချီးယဲ့အပေါ် သူ့အကြည့်များက တဖြည်းဖြည်း တောက်လောင်လာသည်။

"သူက မင်းကို ဘာလို့ရှာတာလဲ။ သူက မင်းကို ဘာပြောခဲ့လဲ။ မင်း တားမြစ်အပျက်အစီးကို အခု ဘယ်လောက်အထိ သုံးနိုင်လဲ။"

ကျောက်ခုန်းချိန်၏မေးခွန်းက အမြောက်ဆံကဲ့သို့ပင် လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ပြီး ခေါင်းခါလိုက်သည်။

"ခင်ဗျားမေးခွန်းတွေ အရမ်းများနေပြီ။"

ကျောက်ခုန်းချိန်သညိ သူအနည်းငယ် ရိုင်းစိုင်းသွားသည်ကို သဘောပေါက်ပြီး နှစ်ကြိမ်မျှ ရယ်မောကာ "ဟုတ်ပါတယ်။ အခု မင်းစိတ်ထဲမှာ သံသယတွေ အများကြီးရှိနေလိမ့်မယ်။ ဒီတော့ မင်းအတွက် ငါ အဲဒါတွေကို အရင်ဖြေပေးမယ်။ မင်းသိချင်တာရှိရင် မေးပါ။"

လင်ချီးယဲ့သည် ခဏလောက် စဉ်းစားပြီး ကျောက်ခုန်းချိန်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပထမမေးခွန်းကို မေးလိုက်သည်။ "ဒီကမ္ဘာမှာ... ဒဏ္ဍာရီထဲက နတ်ဘုရားတွေ တကယ်ရှိသလား။"

"ရှိတယ်။" ကျောက်ခုန်းချိန်က မဆိုင်းမတွ ခေါင်းညိတ်လိုက်ပြီး "ဒါပေမယ့် နတ်ဘုရားအားလုံးတော့ မရှိဘူး။"

"ဘာကိုဆိုလိုတာလဲ။"

ကျောက်ခုန်းချိန်သည် ဘယ်ကနေစရမလဲဆိုတာ တွေးနေသလိုမျိုး ခဏလောက် စဉ်းစားလိုက်သည်။ "ဒဏ္ဍာရီတစ်ခုကို မင်းဘယ်လိုထင်လဲ။"

လင်ချီးယဲ့က ခဏလောက်စဉ်းစားပြီး "ဒါက ရှေးခေတ်တွေရဲ့ စိတ်အစာကျွေးနည်းမဟုတ်လား။ သဘာဝတရားရဲ့ မသိနိုင်တဲ့စွမ်းအားရဲ့ ‌အကြောက်တရားနဲ့ စိတ်ကူးယဉ်မှုပဲမလား။

"မင်းမှန်တယ်။" ကျောက်ခုန်းချိန်က ခေါင်းညိတ်လိုက်သည် "လွန်ခဲ့တဲ့ နှစ်တစ်ရာအထိ လူတိုင်းက ဒီလိုထင်ခဲ့တာ။"

"လွန်ခဲ့တဲ့ နှစ်တစ်ရာကလား။

"မှန်တယ်။ အဲဒီမြူခိုးတွေ မပေါ်ခင်က ဒီကမ္ဘာမှာ နတ်ဘုရားတွေရဲ့ အရိပ်အယောင်ကို တစ်ခါမှ မတွေ့ဖူးဘူး။" ကျောက်ခုန်းချိန်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး "ဒါပေမယ့် အဲဒီမြူခိုးတွေ ကမ္ဘာမြေကို ဖုံးလွှမ်းသွားကတည်းက အရာအားလုံးဟာ… ကွဲပြားသွားပုံရတယ်။

မြူခိုးတွေပေါ်လာပြီး တစ်နှစ်အကြာ စက်တင်ဘာလ ၁၉၂၂ ခုနှစ်မှာ သာ့ရှက စေလွှတ်တဲ့ မြူခိုးစုံစမ်းရေးအဖွဲ့က ဟိုင်ကုန်းရဲ့ ကောင်းကင်ပေါ်မှာ ဖြည်းညှင်းစွာပျံသန်းနေတဲ့ အရမ်းကြီးမားတဲ့နဂါးကြီးကို လူ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့တယ်။ ဒဏ္ဍာရီလာသတ္တဝါကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့တယ်။

သုတေသနပြုပြီးနောက် အဲဒီနဂါးက ခရစ်ယာန်ကျမ်းစာထဲက ဟွမ့်တွမ့်နဂါး၊ လဗိုင်ယာသန်ဖြစ်ပြီး ဒဏ္ဍာရီအရတော့ ဘုရားသခင် ဖန်ဆင်းထားတဲ့သတ္တဝါလို့ ‌ဆိုထားတယ်။ အဲဒီနဂါးကို ရှာဖွေတွေ့ရှိခြင်းက သာ့ရှတစ်ခုလုံးရဲ့ အဆင့်မြင့်အရာရှိတွေရဲ့ အသိဉာဏ်ကို တိုက်ရိုက်ချိုးဖျက်သွားခဲ့ပြီး ဒီမြူခိုးတွေစတင်ကတည်းက ကမ္ဘာကြီးဟာ အရင်ကနဲ့လုံးဝကွဲပြားသွားခဲ့တယ်ဆိုတာ သူတို့သဘောပေါက်ခဲ့တယ်။

အဲဒီအချိန်က မြူခိုးတွေပေါ်လာပြီး သာ့ရှတစ်ခုလုံး ထိတ်လန့်သွားတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အတွက် အဆင့်မြင့်အရာရှိကြီးတွေက အဆိုပါ ရှာဖွေတွေ့ရှိမှု ရလဒ်တွေကို ဖုံးကွယ်ထားကြတယ်။

လူသားတွေ တွေ့ရှိခဲ့တဲ့ ပထမဆုံး ဒဏ္ဍာရီလာ သတ္တဝါအဖြစ် ဟွမ့်တွမ့်နဂါး၊ လဗိုင်ယာသန်ကို သာ့ရှရဲ့ အဆင့်မြင့်အရာရှိတွေက ကုဒ်နာမည် ၀၀၁ လို့ အမည်ပေးထားတယ်။ တချို့သော ဒဏ္ဍာရီလာ သတ္တဝါတွေကို နောက်ဆက်တွဲ စုံစမ်းရေး လုပ်ငန်းစဉ်မှာ တစ်ယောက်ပြီးတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် သူတို့ကို ဆက်လက် နံပါစဉ်ရေတွက်ခဲ့တယ်။

မင်းမြင်ခဲ့ရတဲ့ ကောင်းကင်တမန်တော်မိုက်ကယ်ကို ၁၉၂၈ ခုနှစ်မှာ လူသားတွေတွေ့ရှိခဲ့တဲ့ တတိယမြောက် ဒဏ္ဍာရီလာသတ္တဝါဖြစ်ပြီး ကုဒ်နာမည် ၀၀၃ လို့ အမည်ပေးထားတယ်။"

"၁၉၂၈ လား။" လင်ချီးယဲ့က အံ့အားသင့်သွားပြီး "အဲဒီအချိန်တုန်းက လပေါ်ဆင်းသက်ဖို့ ကျွန်တော်တို့မှာ နည်းပညာမရှိသေးဘူး ဟုတ်တယ်မလား။ သူတို့က လပေါ်မှာ ကောင်းကင်တမန်တော်ကို ဘယ်ရှာတွေ့ခဲ့တာလဲ။"

"ငါတို့ သူ့ကိုရှာတွေ့တာမဟုတ်ဘူး။" ကျောက်ခုန်းချိန်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။ "၁၉၂၈ ခုနှစ် မတ်လမှာ လကနေ ရွှေရောင်ဓားအလင်းတန်းတစ်ခု ထွက်လာပြီး စကြဝဠာကို ဖြတ်သွားပြီးတော့ မြောက်အမေရိကမှာရှိတဲ့ မီးတောင်ကြီးတစ်ခု ဖြိုခွဲပစ်လိုက်တယ်။ အဲဒီအချိန်အထိ လပေါ်မှာ နတ်ဘုရားတစ်ပါးရှိတယ်ဆိုတာ ငါတို့မသိခဲ့ဘူး။"

"မြောက်အမေရိကလား။ အဲဒီမှာ ဘာရှိတာလဲ။"

“နောက်တော့ ငါတို့ရှာဖွေရေးအဖွဲ့ဟာ မီးတောင်ကို ရောက်ဖို့ တစ်နှစ်လောက် အချိန်ယူခဲ့ရပြီး အပျက်အစီးတွေအနက် နတ်ဘုရားအပျက်အစီးတွေထဲမှာ ချိတ်ပိတ်ခံထားရတဲ့ နံပါတ် ၀၀၄ နတ်ဘုရားကို ငါတို့ရှာတွေ့ခဲ့တယ်…"

ကျောက်ခုန်းချိန်သည် ခေတ္တရပ်ပြီး ဆက်ပြောခဲ့သည်။ "နတ်သက်ကြွေတမန်တော် လူစီဖာပဲ။"


TK Team (Chapter 15)