အပိုင်း ၁
Viewers 1k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၁

 

 

 

သူမရဲ့ မိဘတွေက သူတို့ဂုဏ်သိက္ခာအတွက် သူတို့ရဲ့ သားသမီးတွေကို အလဲအလှယ် လုပ်တယ်ဆိုတာကို ဖန့်ရှောင်နွမ် သိသွားတဲ့အခါ သူမရဲ့အိမ်ကို အမြန်ပြေးသွားခဲ့သည်။

 

 

သူမ အိမ်ထဲ ဝင်ဝင်သွားချင်း တံခါးနားမှာ တောင်ပုံရာပုံ ပုံနေတဲ့ လက်ဆောင်ပစ္စည်းတွေကို သူမမြင်လိုက်ရသည်။ သူမ အဲ့ဒီနားမှာ ခဏရပ်နေသည်။ သူမခါးထောက်လိုက်ပြီး “အဖေ၊ အမေ၊ ထွက်လာပြီးတော့ ဒါတွေက ဘာလဲဆိုတာကို လာရှင်းပြပေး” လို့ ကျယ်ကျယ်လောင်လောင် အော်လိုက်သည်။

 

 

သူမ၏အသံကို ကြားပြီးနောက် သူ့အမေ ရောက်လာပြီး ဖန့်ရှောင်နွမ်ရဲ့ ရဲစပ်နေတဲ့ ပါးလေးကို ဆွဲစိတ်လိုက်သည်။ “ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ဦး။ နင်က အမြန်ပြေးလာတော့ မိန်းကလေးနဲ့ကို မတူတော့ဘူး။”

 

 

“သမီးသာ မိန်းကလေးနဲ့ မတူခဲ့ရင် အခုလို အမေတို့ ခြယ်လှယ်ပြီး ရောင်းစားတော့မှာကို ခံရမှာမဟုတ်ဘူး၊ မိန်းကလေးဆန်တာက သမီးကို ဘာမှအကူအညီမပေးဘူး” ဆိုပြီး ငြူစူကာ ဖန့်ရှောင်နွမ်က သူမရဲ့ရှေ့မှာ ရှိနေတဲ့ လက်ဆောင်ပစ္စည်းတွေကို ကန်ထုတ်လိုက်သည်။ ထို့နောက် သခင်မဖန့် နောက်ကနေ လိုက်သွားပြီး ဧည့်ခန်းထဲမှာ ထိုင်လိုက်သည်။

 

 

သခင်ကြီး ဖန့်က သူတို့ရဲ့ အနည်းငယ် ဝေးတဲ့နေရာမှာ ထိုင်နေပြီး လက်ဖက်ရည်ကြမ်းကို တိတ်ဆိတ်စွာ သောက်နေသည်။ အမြဲတမ်း ပြုံးပျော်ရွှင်နေတတ်သော သူ့ရဲ့မျက်နှာက အခု စိုးရိမ်စိတ်တွေအပြည့်နဲ့ ဖြစ်နေသည်။ နူးညံ့သိမ်မွေ့ပြီး အမြဲတမ်း ရက်ရက်ရောရော ပေးတတ်တဲ့ ဖန့်ရှောင်နွမ်ရဲ့ အမေတောင်မှ စိုးရိမ်နေတဲ့ မျက်နှာထားဖြစ်နေသည်။

 

 

ဖန့်ရှောင်နွမ် မျက်တောင်ခတ်လိုက်သည်။ ဒုတိယနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကို သူမ ဖြေပြီးသွားပြီ။ သူမရဲ့ အားလပ်ရက် ခရီးစဉ်အတွက် မစီစဉ်ရသေးခင်မှာပဲ သူမကို လက်ထပ်ခွင့်လာတောင်းသည့် လူတစ်ယောက် သူမ၏ အိမ်ကို လာမည်ဟု သိလိုက်ရသည်။ သူမ၏ မိဘများက လက်ဖွဲ့ပစ္စည်းတွေကိုပင် လက်ခံထားပြီးပြီပင်။ ဖန့်ရှောင်နွမ်က ရေရေရာရာသိအောင်ပင် မမေးတော့ဘဲ အိမ်ကို တန်းပြေးသွားခဲ့သည်။

 

 

အခုချိန်မှာ အခြေအနေတွေက သူမ ထင်ထားသလို မဟုတ်ခဲ့ပေ။ သူမ ဘယ်လောက် စဉ်းစားစဉ်းစား သူမ မိဘတွေက စည်းစိမ်ဥစ္စာတွေအတွက်နဲ့တော့ သူမကို အလဲအလှယ် လုပ်လောက်မည် မဟုတ်ဘူးဟု သူမ ထင်နေမိသည်။

 

 

“အဖေ၊ အမေ… ဒီဟာတွေက” ဖန့်ရှောင်နွမ်က တံခါးနားမှာ ပုံနေတဲ့ လက်ဆောင်ပစ္စည်းတွေကို မေးငေါ့ပြကာ “ဒါတွေကို ဘယ်သူပို့လိုက်တာလဲ”ဟု မေးလိုက်သည်။

 

 

သခင်ကြီးဖန့်က သူမကို စိုက်ကြည့်လိုက်ပြီး လက်ဖက်ရည်ကြမ်းခွက်ကို ချကာ သက်ပြင်းချလိုက်သည်။ “ကျီ မိသားစု”

 

 

ဘယ်သူ? ဘာမိသားစု? ဖန့်ရှောင်နွမ် အံဩမှင်သက်သွားသည်။ သူမ လန့်သွားသည့် အမူအရာနှင့် မိုးကြိုးပစ်ချထားလို့ မလှုပ်နိုင်တော့တဲ့အတိုင်း ဆိုဖာပေါ်ထိုင်ချလိုက်သည်။ သူမ၏ မိဘတွေ ဒါ့ကြောင့် စိတ်ပူနေခြင်းပဲ ဖြစ်သည်။ ဖန့် မိသားစုက ကျီမိသားစုကို ဘယ်တော့မှ ခွန်းတုံ့ပြန်လို့မရပေ။ ကျင့် မြို့မှာ ကျီမိသားစုက ဩဇာညောင်းတဲ့ မိသားစုဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ စီးပွားရေးကို သူတို့ ဖြစ်ချင်သလို လုပ်လိုက်လို့ရသည်။

 

 

“ဒီနေ့ သူ့ကိုယ်သူ ကျီမိသားစုရဲ့ အိမ်စေတစ်ယောက်လို ဆိုတဲ့သူက လက်ဆောင်ပစ္စည်းတွေနဲ့ အမေတို့ အိမ်ကို ရောက်လာတယ်။ သမီးကို သူ့ရဲ့သခင်လေးနဲ့ လက်ထပ်စေချင်ကာ မိသားစုဝင်ဖြစ်ဖို့ သမီးက အသင့်တော်ဆုံးလို့ သူ့သခင်လေးက ထင်တယ်လို့ ပြောခဲ့တယ်။ မနက်ဖြန် နေ့လည်စာ အတူစားဖို့တောင် ကြိုစီစဉ်ပြီးသွားပြီ။ သမီးအဖေနဲ့ အမေက ငြင်းချင်ပေမယ့် ပြောဆိုတဲ့ပုံက ယဉ်ကျေးပြီး ငြင်းလို့မရတာကြောင့်ပါ။ သူကလည်း အတင်းတောင်းဆိုနေတာကြောင့် အဖေနဲ့အမေ ငြင်းပယ်ခွင့်တောင် မရှိခဲ့ဘူး။” သခင်မ ဖန့်က ဖန့်ရှောင်နွမ်ရဲ့လက်ကလေးကို ကိုင်ကာ အရမ်းကို စိုးရိမ်နေတဲ့ မျက်နှာထားနဲ့ ပြောခဲ့သည်။ “ရှောင်နွမ်၊ သမီး ဘယ်လို ကျီမိသားစုနဲ့ သိခဲ့တာလဲဆိုတာကို ပြောပါ။ ပြီးတော့ ဘယ်လိုလုပ် သခင်ကြီး ကျီကို....”

 

 

သခင်ကြီးကျီကို စိတ်မဝင်စားဘူး။ ဖန့်ရှောင်နွမ်က ဒီရက်ပိုင်း အလုပ်တွေရှုပ်နေတာ တခြား ယော်ကျားသားတွေနဲ့ တွေ့ဖို့တောင် အချိန်မရှိခဲ့ပေ။

 

 

“အမေ၊ သမီး ကျီ မိသားစုနဲ့ ပတ်သတ်ပြီး ဘာမှ မသိသလို၊ သခင်ကြီး ကျီကိုလည်း သမီး မသိရဘူး” လို့ ဖန့်ရှောင်နွမ်က အခိုင်အမာ ပြောလိုက်သည်။ “ကျီမိသားစု ဘာကို လိုချင်လဲဆိုတာတော့ မနက်ဖြန်ကျရင် မေးလိုက်လို့ရတယ်။ " ဘယ်လိုပဲဖြစ်ဖြစ် ကျီမိသားစုရဲ့ အရှိန်အဝါကြောင့် သူတို့မသွားချင်ရင်တောင် ညစာစားပွဲကို သူတို့ သွားရမည်။

 

 

သခင်ကြီး ဖန့်နဲ့ သခင်မ ဖန့်က တစ်ဦးကို တစ်ဦးကြည့်ကာ သူတို့ရဲ့ မျက်ဝန်းတွေထဲ စိုးရိမ်မှုတွေ ပြည့်နေတယ်။

 

 

နောက်နေ့ ကတိပေးထားတဲ့အတိုင်း ဖန့်ရှောင်နွမ်နဲ့ သူမရဲ့ မိဘတွေ စားသောက်ဆိုင်ကို ရောက်သွားကြသည်။ သို့သော် ဖန့်ရှောင်နွမ်ရဲ့ နူးညံ့ပြီး လှပတဲ့ မျက်နှာလေးက အခု မျက်နှာမှာ နီနီရဲရဲ အမာရွတ်ကလေးတွေနဲ့ တခြား အသားအရေ ပျက်စီးမှုတွေနဲ့ ဖြစ်နေသည်။  သူမ စူပုတ်လိုက်ရင် သူမရဲ့ ရှေ့သွားနှစ်ချောင်းမရှိတော့မှန်း ကြည့်တဲ့လူတိုင်း သိနိုင်သည်။ နှစ် ၈၀၀လောက် မလျှော်ထားတဲ့ ဆံပင်လို သူမရဲ့ ဆံနွယ်တွေက ရှုပ်ပွနေတယ်။ သခင်မ ဖန့် သူမကို မြင်တဲ့အချိန်က လန့်သွားသလို သခင်ကြီး ကျီလည်း သူမကိုမြင်လျှင် လန့်မှာ အသေအချာပင်။

 

 

သခင်ကြီးဖန့်က ဖန့်ရှောင်နွမ်ကို ဖြောင်းဖြပြီး သခင်ကြီးကျီကို မိတ်ဆက်ပေးခဲ့သည်။ “သခင်ကြီး ကျီ၊ ဒါ ကျွန်တော့်သမီး ဖန့်ရှောင်နွမ်ပါ။”

 

 

သခင်ကြီးကျီရဲ့ ဆံပင်က အဖြူရောင်သန်းနေပြီး မျက်နှာကလည်း အရေးအကြောင်းတွေနဲ့ ပြည့်နေတယ်။ သူက ဖန့်ရှောင်နွမ်ကို သံသယဖြစ်နေတဲ့ပုံစံနဲ့ ကြည့်လိုက်သည်။ “ ဒါက ..ဖန့်မိသားစုထဲမှာ အသက်ကြီးတဲ့ တခြားမိန်းကလေးတွေကော ရှိသေးလား။”

 

 

သခင်ကြီးဖန့်က ချောင်းဟန့်ပြီး ခေါင်းရမ်းလိုက်သည်။ “မရှိပါဘူး။ ရှောင်နွမ်က ကျွန်တော်တို့ မိသားစုရဲ့ တစ်ဉီးတည်းသော မိန်းကလေးပါ။”

 

 

သခင်ကြီးကျီက မျက်မှောင်ကြုတ်လိုက်ပြီး မျက်မှန်တပ်ကာ ဖန့်ရှောင်နွမ်ရဲ့ ဓာတ်ပုံနဲ့ အခု သူ့ဘေးက ပုံကို ယှဉ်ကြည့်လိုက်သည်။ ဓာတ်ပုံထဲမှာ သူမ ပြုံးတဲ့အခါ မျက်လုံးတွေက ဝင်းလက်တောက်ပပြီး နူးညံ့တဲ့အသားအရေတွေရှိနေတဲ့ မိန်းကလေးတစ်ဦး ဖြစ်သည်။ ဘယ်လိုပဲ ယှဉ်ကြည့်ကြည့် သူ့ဘေးနားက  ညစ်ပတ်ပေရေနေတဲ့ မိန်းကလေးနဲ့ ဓာတ်ပုံထဲက မိန်းကလေး တူကိုမတူဘူး။

 

 

သခင်ကြီး ကျီ ဘာတွေးနေလဲဆိုတာ ဖန့်ရှောင်နွမ် ခန့်မှန်းလို့ရသည်။ သူမ နှာခေါင်းကို နှိုက်ဖို့အတွက် တမင်တကာကို သူမရဲ့ လက်ချောင်းကို သုံးလိုက်သည်။ ရိုင်းပြီး ကိုယ်ချင်းမစာတတ်သလို ပုံစံ ဟန်ဆောင်နေသည်။ “ အနီးကပ်ကြည့်စရာ မလိုပါဘူး။ ဓာတ်ပုံထဲက ကျွန်မပါ။ တိုးတက်နေတဲ့ နည်းပညာတွေကို နားလည်ဖို့ ရှင်က အရမ်းအသက်ကြီးနေပြီ။ ဓာတ်ပုံကို ပြုပြင်ပြီး လှအောင်လုပ်ထားတာ။”

 

 

သခင်ကြီးကျီက ခဏတာ ဇဝေဇဝါဖြစ်နေသည်။ သူ့ရဲ့ ဒုတိယသား ကျီလင်းချန်ကို ဒီမိန်းကလေးနဲ့သာ လက်ဆက်ပေးလိုက်ရင် သူ့ရဲ့သားက သားအဖဆက်ဆံရေးကိုပါ ဖြတ်ပစ်နိုင်တယ်မဟုတ်လား။

 

 

ဖန့်ရှောင်နွမ်က သခင်ကြီးကျီရဲ့ မျက်နှာထားကို တွေ့ပြီး ဒီဟာက တကယ်အလုပ်ဖြစ်တာပဲလို့ တွေးနေမိသည်။ ကျီမိသားစုက သူမကို ဘာကြောင့် သဘောကျမှန်းမသိပေမဲ့ ပိုက်ဆံရှိပြီး အာဏာကြီးတဲ့ မိသားစုက ရိုင်းပြီး ရုပ်ဆိုးတဲ့ မိန်းကလေးကို ဘယ်လိုလက်မခံနိုင်မှန်း သူမသိသည်။

 

 

သခင်ကြီးဖန့်က စကားပြောဖို့ အခွင့်အရေးရှာကာ “ကျွန်တော် တောင်းပန်ပါတယ်၊ သခင်ကြီးကျီ။ ကျွန်တော်တို့ရဲ့ ရှောင်နွမ်လေးကို အလိုလိုက်မိသွားပါတယ်။ ဒါကြောင့် ကျီအိမ်ယာကို မနေ့က ပို့လိုက်တဲ့ လက်ဆောင်ပစ္စည်းတွေကို ခဏနေ ပြန်ပို့ပေးလိုက်ပါမယ်။ သခင်ကြီးပြောတဲ့ လက်ထပ်ဖို့ ကိစ္စကလည်း”