လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၂
“ရပါတယ်။
ငါ မိန်းကလေး ရှောင်နွမ်ကို သဘောကျတယ်။” သခင်ကြီး ကျီက ဓာတ်ပုံကို ချထားလိုက်သည်။ သူရဲ့
အကြည့်တွေက အရမ်းကို စူးရှနေသည်။
ဖန့်ရှောင်နွမ်
ထိတ်လန့်တုန်လှုပ်သွားသည်။ သူမရဲ့ ရူးကြောင်ကြောင် သရုပ်ဆောင်မှုတွေကို သခင်ကြီး ကျီ
သိသွားပြီဆိုတာ သူမ သိလိုက်ရသည်။သူမကိုယ်သူမ စိတ်အေးအောင်လုပ်ပြီး စကားစပြောဖို့ ဟန်ပြင်လိုက်ချိန်
သခင်ကြီး ကျီက “ငါ ရှောင်နွမ်နဲ့ နှစ်ယောက်တည်း အေးဆေးစကားပြောစရာရှိတယ်” လို့ ပြောလာခဲ့သည်။
သခင်ကြီးဖန့်နဲ့
သခင်မ ဖန့်က အားနာနေသည်။ ဖန့်ရှောင်နွမ်က သခင်မ ဖန့်ရဲ့ လက်မောင်းကို တိတ်တဆိတ် ဆွဲထားသည်။
“ကောင်းပါပြီ၊ ကျွန်မ အနားမယူရသေးလို ပင်ပန်းနေတယ်၊ ယောကျာ်း လမ်းခဏထွက်လျှောက်ရအောင်”
ဟု သခင်မ ဖန့်က ပြောလိုက်သည်။
သခင်ကြီး
ဖန့်နဲ့ သခင်မ ဖန့် ထွက်သွားပြီးနောက် ဖန့်ရှောင်နွမ်က ထိုင်ခုံကို ဆွဲယူပြီး ထိုင်ချလိုက်သည်။
သူမရဲ့ အပြုအမူက ရိုင်းပြပြီး စာနာစိတ်မရှိသလို ဖြစ်နေပေမဲ့ နှောင့်ယှက်နေသလိုတော့
ဖြစ်မနေပေ။ လူတစ်ယောက်က သူရဲ့ သွင်ပြင်ပုံစံကိုပဲ ဟန်ဆောင်လို့ရတယ်၊ သူ့ရဲ့ မျက်လုံးတွေကတော့
ဟန်ဆောင်လို့မရပေ။
သခင်ကြီး
ကျီက ဖန့်ရှောင်နွမ်ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ မျက်လုံးတွေကို ခဏ စိုက်ကြည့်နေသည်။ “
မိန်းကလေး၊ ကျီမိသားစုကို မင်း လက်မထပ်ချင်ဘူးမလား။ မင်းသိလား…”
“ကျီ
မိသားစုအကြောင်း မင်းကို ပြောဖို့ မလိုလောက်ဘူး။ ကျီမိသားစုရဲ့ အဆင့်အတန်းကို ဒီမြို့တော်မှာရှိတဲ့
လူတိုင်း သိမယ်လို့ ငါထင်တယ်။” ဖန့်ရှောင်နွမ်ရဲ့ နောက်ကျောတောင့်တင်းလာသည်။ “ကျွန်မ
စကားကို ရှည်ရှည်ဝေးဝေး မပြောတော့ဘူး။ သခင်ကြီး ကျွန်မကို ဘာလို့ကြိုက်လဲဆိုတာ မသိပေမဲ့
ကျီမိသားစုနဲ့ ကျွန်မတကယ်ကို လက်မထပ်ချင်ဘူး။ သခင်ကြီးရဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ဆွဲဆောင်ရင်လည်း
ကျွန်မကတော့ လက်ထပ်မှာမဟုတ်ဘူး။ သခင်ကြီးရဲ့ အရှိန်အဝါနဲ့ ခြိမ်းခြောက်ရင်…”
သခင်ကြီး
ကျီက မျက်ခုံးပင့်လိုက်ပြီးတော့ သူမဘာဆက်ပြောမလဲဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်နေသည်။
စားပွဲခုံပေါ်က
ခွက်နဲ့ ကစားရင်း ဖန့်ရှောင်နွမ် ပြုံးလိုက်သည်။ “သခင်ကြီး ဘယ်လောက်ပဲ အာဏာပါဝါသုံးသုံး၊
အကျိုးရှိမှာ မဟုတ်ဘူး။ ကျွန်မ မလုပ်ချင်တာကို ဘယ်သူကမှ လာလုပ်ခိုင်းလို့ မရဘူး။ တကယ်လို့
လုပ်ခိုင်းရင် ကျွန်မက သခင်ကြီး မိသားစုက စည်းစိမ်ဥစ္စာတွေကို သုံးဖြုန်းပစ်မှာ။ ဒါပေမဲ့
ကျွန်မမှာ မိဘတွေရှိတယ်။ ကျွန်မရဲ့ မဆင်မခြင်လုပ်မှုကြောင့် သူတို့ပင်ပင်ပန်းပန်း ရှာခဲ့ရတဲ့
ချမ်းသာမှုကို လက်လွယ်စပယ် ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။ သူတို့အသက်အရွယ်နဲ့
ကျွန်မကြောင့် မရေရာ မသေချာတဲ့ ဘဝကိုလည်း သူတို့ကို မရစေချင်ဘူး။ ဒါကြောင့် သခင်ကြီး
ကျွန်မကို ရွေးမယ်လို့ ဆုံးဖြတ်ပြီးရင် ကျွန်မမှာ ငြင်းပိုင်ခွင့်မရှိဘူး။ ကျွန်မ လက်ထပ်ဖို့ပဲ
သဘောတူရတော့မှာပေါ့”
“မင်းက
စဉ်းစားတွေးခေါ်တတ်တဲ့ မိန်းကလေးပါလား။” သခင်ကြီးကျီက သူ့ရဲ့ မုတ်ဆိတ်မွေးကို ပွတ်သပ်နေသည်။
“ ဇူလိုင်လ ၁၆ရက်နေ့က နေ့ကောင်းရက်မြတ်လို့ ထင်တယ်။ မင်္ဂလာဆောင်မယ့်နေ့ကို အဲ့နေ့လို့
သတ်မှတ်လိုက်မယ်။” ကျီမိသားစုကို ဖန့်ရှောင်နွမ် လက်မထပ်ချင်မှန်း သူသိသည်။ သို့သော်
သူ့ရဲ့ ဒုတိယသား ကျီလင်းချန်က ဖန့်ရှောင်နွမ်ကိုပဲ လက်ထပ်ရမည်ဟု သခင်ကြီးက ပြောခဲ့သည်။
သူ့သားအတွက်၊ ပြီးတော့ အသက်အရွယ်လည်း ရနေတဲ့အတွက် မိန်းကလေးတစ်ယောက်ကိုပဲ ဂုဏ်သိက္ခာတွေ
ဖယ်ထားပြီး ခြိမ်းခြောက်ရတော့သည်။
အကုန်လုံးက
ဖန့်ရှောင်နွမ် ထင်ထားသလို အတိအကျဖြစ်နေသည်။ သခင်ကြီး ကျီကိုသာ သူမ ဆွဲဆောင်နိုင်ရင်
ဩဇာရှိတဲ့ ကျီမိသားစုလည်း သူ့ရဲ့ ဂုဏ်သတင်းကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သူမ မျက်နှာကို
သုတ်လိုက်ပြီး သူမရဲ့ ကံတရားကိုပဲ လက်ခံလိုက်ရတော့သည်။ “ဟုတ်ပြီ၊ ကျွန်မ လက်ထပ်မယ်၊
ဒါမယ့် တစ်ခုရှိတယ်။”
“ပြောပါ။” ဟုသခင်ကြီး ကျီက ပြောလိုက်သည်။
ဖန့်ရှောင်နွမ်
ပြောလိုက်သည်။ " blind date တွေ့တဲ့ ထုံးစံအရ မိဘတွေအပြင် သတိုးသားနဲ့ သတိုးသမီးလည်း
ရှိနေရမယ်။ ဒါပေမဲ့ သခင်ကြီးရဲ့ သားက ပေါ်တောင်မပေါ်လာဘူး။ ဒါကြောင့် ဒီလက်ထပ်ပွဲကို
သူ မနှစ်သက်တာပဲ။ ကျီမိသားစုရဲ့ အတွင်းရေး ကိစ္စတွေကို ကျွန်မအနေနဲ့ ပြောပိုင်ခွင့်မရှိသလို
အဖေနဲ့ သားကြားမှာ ရှိတဲ့ တင်းမာနေတဲ့ ဆက်ဆံရေးကိုလည်း ဂရုစိုက်ခွင့်မရှိဘူး။ သခင်ကြီးတို့နှစ်ယောက်
ကြားက ရန်ပွဲထဲမှာ ကျွန်မ ဝင်ပါမိနေတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဒါ့ကြောင့်... ကျွန်မရဲ့
မိဘတွေနဲ့ သူတို့ရဲ့ လုပ်ငန်းကိစ္စတွေအတွက် လုံခြုံမှုပေးဖို့ သခင်ကြီးကျီက အာမခံပေးပါ။
" ကျီမိသားစုရဲ့ မိသားစု အရှုပ်အထွေးကိစ္စတွေထဲ သူမ ဝင်မပါချင်နေပေ။
ဒီဟာက
လုပ်ပေးဖို့ အတွက် မခက်ခဲချေ။ သခင်ကြီး ကျီက ခေါင်းညိမ့်လိုက်သည်။ “ကောင်းပြီ၊ ငါ ကတိပေးတယ်။”
......
သခင်ကြီး
ဖန့်နဲ့ သခင်မ ဖန့်တို့ ပြန်လာသည့်အခါ ဖန့်ရှောင်နွမ်ရဲ့ မင်္ဂလာဆောင် ရက်သက်မှတ်ပြီးပြီဆိုတာ
သိလိုက်ရသည်။ သူတို့အလွန် အံ့ဩမှင်သက်သွားသည်။
ဖန့်ရှောင်နွမ်က
သူတို့ကို ပြုံးပြလိုက်သည်။ “ အဖေနဲ့ အမေ နောက်ကျ သမီး လက်မထပ်နိုင်တော့မှာကို စိတ်ပူစရာမလိုတော့ဘူး။”
ကျီ
လုပ်ငန်းစုရဲ့ သူဌေးရုံးခန်းမှာ အေးစက်ပြီး ချောမောလှပတဲ့ မျက်နှာနဲ့ အလုပ်လုပ်နေတဲ့
လူတစ်ယောက်ရှိသည်။ သူ့ရဲ့ အကြည့်က စူးရှပြီး မျက်ခုံးတွေက တစ်ခုခုမဟုတ်တာကို ကြံစည်နေသလို
ဖြစ်နေသည်။ နှာတံက ရှည်လျားပြီး စင်းနေတဲ့အတွက် သူ့ရဲ့ ပါးလွှာနေတဲ့ နှုတ်ခမ်းတွေက
ထင်ထင်ရှားရှား ဖြစ်နေသည်။ ချဉ်းကပ်ဖို့အတွက် မလွယ်ကူတဲ့သူပဲ။
သခင်ကြီးကျီက
တံခါးကို တွန်းဖွင့်ပြီး ဝင်သွားတဲ့အခါ၊ အဲ့ဒီလူက အလုပ်ဆက်မလုပ်ခင်မှာ သခင်ကြီးကို
အေးစက်တဲ့အကြည့်တွေနဲ့ ကြည့်နေသည်။ သခင်ကြီး ကျီအတွက်တော့ ကိစ္စမရှိပေ။ သူက ဆိုမာပေါ်
ထိုင်လိုက်ပြီး “မင်း မင်္ဂလာဆောင်ရမယ့်ရက်က ဇူလိုင်လ ၁၆ရက်နေ့ပဲ၊ အဲ့ဒီနေ့အတွက် မင်းလုပ်ရမယ့်အလုပ်တွေကို
ကြိုဖယ်ထားလိုက်။” လို့ ပြောလိုက်သည်။
စာရွက်စာတမ်းတစ်ခုကို
လက်မှတ်ထိုးနေရင်းက ကျီလင်းချန် ခဏနားလိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်နေတဲ့ သူ့အဖေ့ကို
ခေါင်းမော့ပြီး ကြည့်လိုက်သည်။ သခင်ကြီးကျီက လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး နှုတ်ခမ်းနားကို
တေ့လိုက်သည်။ ပြီးတော့ လက်ဖက်ရည်ကြမ်းကို ဖြေးညှင်းစွာ မှုတ်နေသည်။
ထို့နောက်
သူက ဆက်ပြောခဲ့သည်။ “ မင်းဘာလို့ လက်ထပ်ဖို့ကို နှစ်ပေါင်းများစွား ငြင်းဆန်ရလဲဆိုတာကို
ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မင်းအမေအကြောင်းတွေးကြည့်လိုက်။ မင်း လက်မထပ်ရဘဲ တစ်ယောက်ထဲဖြစ်နေတာကို
မင်းအမေလည်း မကြည့်ရက်လောက်ဘူး။” ပြီးတော့ “မင်း လက်ထပ်ရမယ့်သူက ဖန့် မိသားစုက မိန်းကလေးပဲ၊
သူမရဲ့ နာမည်က ဖန့်ရှောင်နွမ်၊ တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ကလေးမ။ သူမက တက္ကသိုလ်
ဒုတိယနှစ် ပြီးထားပြီး အသက်နှစ်ဆယ်ပဲ ရှိသေးတယ်။”