လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၃
“အသက်နှစ်ဆယ်?
သူမကို ကျီဝမ့်ကို ပေးလိုက်။ သူမက သူ့ရဲ့ အကြိုက်ပဲ။” ကျီလင်းချန်က စာနာမှုမရှိ မစဉ်းစာဘဲ
ပြောလိုက်သည်။
“ခွေးကောင်!”
သခင်ကြီး ကျီက လက်ဖက်ရည်ခွက်ကို အသံခပ်ပြင်းပြင်းနဲ့ ချလိုက်သည်။ “သူမက မင်းရဲ့အနာဂတ်
ဇနီးလောင်းပဲ။ မင်းရဲ့တူကို သူမကို ဘယ်လိုပေးရက်နိုင်ရတာလဲ။” သခင်ကြီးကျီက သူ့ရဲ့ စီးပွားရေးကြောင့်သာ
မဟုတ်ရင် ကျီလင်းချန်ကို တွေ့မှာတောင် မဟုတ်ဘူး။ သူ့ရဲ့ ဒုတိယသားက အလွန်ပုန်ကန်တတ်သည်။ သူက
အမြဲတမ်း သခင်ကြီး ကျီကို ပြန်ပြောတတ်သည်။ သူနဲ့ အမြဲစကားများရတာ သခင်ကြီး အတွက် ခေါင်းကျိန်းစရာတစ်ခုပဲ။
“အဖေ
သူမကို ကျီဝမ့်ကို မပေးချင်ရင်လည်း သူမကို ကျွန်တော်တို့ မိသားစုထဲဝင်ဖို့ ဆုံးဖြတ်ထားတဲ့
သူကပဲ လက်ထပ်သင့်တယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော့်ထက် ငယ်တဲ့မိထွေး တစ်ယောက်ရှိလည်း
ကိစ္စမရှိပါဘူး”
“ကျီလင်းချန်”
သခင်ကြီးကျီရဲ့ မျက်နှာက နီရဲလာပြီး အရမ်းစိတ်ဆိုးနေသည်။ “ ဒီအချိန်မှာ မင်းဆုံးဖြတ်ရမှာမဟုတ်ဘူး။
လက်ဖွဲ့ပစ္စည်းတွေလည်း အကုန်ပေးပြီးပြီ။ လက်ထပ်မယ့်ရက်လည်း ရွေးပြီးသွားပြီ။ ငါ ပြောမယ်၊
မင်း ဒီတစ်ခါ လက်ထပ်ကို ထပ်ရမယ်။”
ကျီလင်းချန်ရဲ့
အကြည့်က စူးရှနေပြီး “မဖြစ်နိုင်ဘူး။” လို့ ရဲတင်းစွာ ပြောခဲ့သည်။
သခင်ကြီး
ကျီရဲ့ ရင်ဘတ်က ပြင်းပြင်းရှရှနဲ့ လှုပ်ရှားနေသည်။ လက်ထပ်ပွဲကို ငြင်းဆိုတဲ့ ကျီလင်းချန်ကို
သူကြည့်လိုက်ပြီး သူ့ရဲ့ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်သည်။ “မင်းသာ လက်ထပ်လိုက်၊
အဲ့ဒီလူအကြောင်း အကုန် ငါပြောပြမယ်။”
ကျီလင်းချန်
ဘာမှမပြောတော့ပေ။ သူမျက်လွှာချလိုက်ပြီး သခင်ကြီး ကျီကို ကြည့်လိုက်သည်။ “အဖေ သိသွားပြီလား။”
သခင်ကြီးကျီက
ဘာမှပြန်မဖြေပေ။ သူ့ရဲ့ တုတ်ကောက်ကို မှီလိုက်ကာ သူရဲ့သားကို ထပ်ပြီးသတိပေးဖို့ ထရပ်လိုက်သည်။
အချိန်တွေ
တရွေ့ရွေ့နဲ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ လက်ထပ်ပွဲနေ့ကို ရောက်လာခဲ့သည်။
ဖန့်ရှာင်နွမ်ရဲ့
မင်္ဂလာဝတ်စုံကို ကျီ မိသားစု ပိုက်ဆံအများကြီးပေးပြီး ငှားရမ်းထားတဲ့ နာမည်ကြီးဒီဇိုင်နာက
ချုပ်လုပ်ထားသည်။ မင်္ဂလာဆောင်ဝတ်စုံကို တန်းဖိုး အများကြီး သုံးထားတာက ဖန့် မိသားစုအပေါ်
တလေးတစား ဆက်ဆံခြင်းကို ပြနေသည်။ သို့သော်လည်း အလွန်ဈေးကြီးလှတဲ့ မင်္ဂလာဆောင်ဝတ်စုံကို
ဆင်မြန်းထားပေမဲ့ ဖန့်ရှောင်နွမ်ကတော့ ပျော်နေပုံ မရပေ။ မှန်ထဲက သူမပုံကို လှည့်ကြည့်လိုက်သည်။
သူမက ငယ်ရွယ်ပြီး နုပျိုကာ ကလေးတစ်ယောက်ရဲ့ ဖောင်းအိနေတဲ့ ပါးလေးတွေရှိနေသည်။ သူမရဲ့
လှပတဲ့ မျက်နှာလေးကလည်း ဝင်းပပြီး နူးညံ့နေသည်။ မင်္ဂလာဆောင်ဝတ်စုံ ဝတ်ထားတဲ့အခါ ပိုပြီးတော့တောင်
စွဲမက်ဖွယ်ကောင်းလှပြီး ကျော့ရှင်းလှပနေသည်။
သခင်မဖန့်က
အိမ်ထဲကို ဝင်သွားပြီး မိတ်ကပ်ဆရာကို ခဏထွက်ခိုင်းလိုက်သည်။ ဒါကြောင့် အိမ်ထဲမှာ အမေနဲ့
သမီးပဲ ကျန်ခဲ့တော့သည်။ သခင်မဖန့်က ဖန့်ရှောင်နွမ်ရဲ့ ဝတ်စုံအစွန်းနားလေးက ခေါက်တွန့်လေးတွေကို
ပြန်ဖြေပေးနေသည်။ သူမရဲ့ သေးသွယ်လှပပြီး ကျက်သရေရှိလှတဲ့ သမီးလေးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ရှောင်နွမ်၊ ဒီလက်ထပ်ပွဲကို သမီး သဘောမတူခဲ့သင့်ဘူး။
ဘယ်လောက်ပဲ ကျီမိသားစုက ဩဇာရှိနေပါစေ၊ အမေတို့ လက်ခံစရာမလိုဘူး။ တခြားနေစရာ ရှာလိုက်ရင်
ရပြီ။”
ဖန့်ရှောင်နွမ်က
ပြုံးလိုက်ပြီး သခင်မဖန့်ရဲ့ လက်မောင်းကို ဆွဲလိုက်သည်။ “သမီးလည်း မလုပ်ချင်ပါဘူး၊
သမီးတို့ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဘာလို့ မြို့တော်ကနေ ထွက်သွားရမှာလဲ။ ပြီးတော့…..အမေ
သမီး စိတ်ဆင်းရဲနေတယ်လို့ အမေထင်လို့လား။ ကျီမိသားစုကတောင် လက်ထပ်ဖို့ပြောလာတာကို သမီးက
လက်ခံရဲတာပေါ့။ သူတို့သာ သမီးကို နှိပ်စက်ရင် ဖြစ်လာမယ့်အကျိုးဆက်ကိုလည်း သူတို့မိသားစုက
ပြန်ခံစားရမှာ။” ဖန့်ရှောင်နွမ်က ခက်ထန်ပြီး သန်မာတယ်လို့ လူတွေက သိထားကြသည်။ ဘယ်သူကမှ
သူမကို ရန်သွားမစရဲဘူး။
သူမဘယ်လိုပဲ
ပြောပါစေ၊ သခင်မဖန့်ကတော့ စိုးရိမ်နေတုန်းပင်။ “ရှောင်နွမ် အဲ့ဒီနေ့က သခင်ကြီးကျီက
သမီးကို ဘာပြောလိုက်တာလဲ?” သူမက သူမရဲ့သမီးကို ကောင်းကောင်းနားလည်သည်။ သူမရဲ့သမီးက
လုပ်ဖို့အတွက် ခြိမ်းခြောက်မခံရရင် ဘယ်တော့မှအလျှော့ပေးတာမဟုတ်ဘူး။
......
ဖန့်ရှောင်နွမ်က
သူမအမေရဲ့ စိုးရိမ်နေတဲ့မျက်နှာကို ကြည့်လိုက်ပြီး ပြုံးဟန်ဆောင်လိုက်သည်။ “ သမီး အမေ့ကို
ပြောမှာမဟုတ်ဘူး။” အကယ်၍ အပူအပင်တွေတကယ်ရှိနေရင်တော့ သူမတစ်ယောက်တည်း ခါးစီးခံနိုင်သည်။
သူမရဲ့ အမေကို စိတ်ပူအောင် လုပ်ဖို့ မလိုပေ။
အဲ့ဒီအချိန်၊
ကျီမိသားစုရဲ့ နေအိမ်ဟောင်းက စာကြည့်ခန်းထဲမှာ သခင်ကြီး ကျီက USB ကလစ်နဲ့ ဖိုင်အချို့ကို
ထုတ်ယူလိုက်သည်။ “ဒီမှာ မင်းလိုချင်နေတဲ့ အရာပဲ။”
ကျီလင်းချန်က
လှမ်းယူလိုက်တဲ့အချိန် သခင်ကြီးကျီက တားလိုက်သည်။ “မင်္ဂလာဆောင်ပြီးမှ ငါ့ဆီကို လာပြီး
ဒါတွေလာယူချေ။”
ကျီလင်းချန်ရဲ့
လည်ဇလုတ်က အတော်အမြန် လှုပ်ရှားသွားပြီး ထွက်သွားသွားချင်း ချောင်သံအကျယ်ကြီး ဟန့်
လိုက်သည်။
မင်္ဂလာဆောင်မှာ
ဧည့်သည်တွေ အကုန်စုံနေပေမဲ့ မီဒီယာနဲ့ တခြားသတင်းအချက်အလက် အမှားတွေ ဖြန့်ဝေတဲ့သူတွေတော့
မပါပေ။ တက်ရောက်လာကျတဲ့ ဧည့်သည်တိုင်းကလည်း မြို့တော်က နာမည်ကြီး ပုဂ္ဂိုလ်တွေချည်းပင်။
ကျီလင်းချန်က မြို့တော်က နာမည်အကြီးဆုံး သခင်လေးဖြစ်သည်။ သူ့ရဲ့ လက်ထပ်တဲ့သတင်းက
မြို့တော်က မိန်းကလေးတွေရဲ့ ရင်တွေကို ခွဲလိုက်သလိုပဲ။ အရင်က နာမည်မကြီးတဲ့ ဖန့် မိသားစုလည်း
မင်္ဂလာပွဲကြောင့် အရမ်းနာမည်ကြီးလာပြီး ချမ်းသာလာသည်။
အခမ်းအနားမှာ
ဖန့်ရှောင်နွမ်က သူမရဲ့ မင်္ဂလာဝတ်စုံကို ဆင်မြန်းထားပြီး သူမ စီးဖူးနေကျမဟုတ်တဲ့ ဒေါက်ဖိနပ်အမြင့်ကို
စီးထားသည်။ သူမ တစ်လှမ်းချင်းလျှောက်ကာ သခင်ကြီး ဖန့်ဆီကို လျှောက်သွားသည်။ သခင်ကြီး
ဖန့်ရဲ့ အနည်းငယ်နီရဲနေတဲ့ မျက်လုံးတွေကို သူမ မြင်လိုက်ချင်းမှာပဲ သူမရဲ့ နှလုံးအိမ်က
နာကျည်းမှုတွေကို ပြင်းပြင်းထန်ထန် မြိုသိပ်ထားရသည်။ သူမ လျှောက်သွားတာ နီးလာလေလေ တစ်ခန်းလုံးက
အလင်းရောင်တွေက သူမနဲ့ သခင်ကြီး ဖန့်ပေါ်မှာ ကျရောက်လာလေပင်။
ဖန့်ရှောင်နွမ်က
သူမအဖေရဲ့ လက်မောင်းကို ချိတ်လိုက်ပြီး စင်မြင့်ပေါ်ကို လှမ်းလျှောက်သွားခဲ့သည်။ မနီးမဝေးမှာပဲ
ခန့်ညားချောမောလှတဲ့ ယောကျာ်းတစ်ယောက်က သူမ လာမှာကို တိတ်တဆိတ် စောင့်စားနေသည်။
ဒါကတော့
ဖန့်ရှောင်နွမ်က သူမရဲ့ ခင်ပွန်းဖြစ်လာမယ့် ကျီလင်းချန်နဲ့ ပထမဆုံး တွေ့ဆုံခြင်းပဲ
ဖြစ်သည်။
ကျီလင်းချန်ဆိုတဲ့
နာမည်နဲ့ ဖန့်ရှောင်နွမ်က ရင်းနှီးကျွမ်းဝင်မှု မရှိပေ။ ကျီလင်းချန်က ခန့်ညားပြီး အောင်မြင်နေတဲ့
လုပ်ငန်းကို ပိုင်ဆိုင်ထားတဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ယောကျာ်းတစ်ယောက်ပဲ ဖြစ်သည်။
ကျီလုပ်ငန်းစုရဲ့ သူဌေးဖြစ်ပြီး ဘယ်သူမှမသိသေးတဲ့ မြို့တော်ရဲ့ ဘုရင်တစ်ပါး ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးအများစုကို ချုပ်ကိုင်ပြီး လုပ်ကိုင်နေရုံသာမက
မြို့တော်ကိုလည်း သူကပဲ ထိန်းချုပ်ထားသည်။ သူ့ကို မရေမတွက်နိုင်လောက်တဲ့လူတွေက ကြောက်ကြပြီး
အခုတော့ သူမရဲ့ ခင်ပွန်းလောင်း ဖြစ်လာသည်။
သူတို့နှစ်ယောက်ကြားက
အကွာအဝေး နီးလာလေလေ၊ ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ ပုံသဏ္ဍာန်ကို ထင်ထင်ရှားရှား
မြင်နိုင်လေဖြစ်သည်။ တခြားသူတွေ ပြောကျသလို ကျီလင်းချန်က တကယ်ကို ချောမောလှတဲ့ ယောကျာ်းတစ်ယောက်ပဲ။
ဒါပေမဲ့ သူ့ရဲ့ ပါးလွှာလှတဲ့ နှုတ်ခမ်းသားတွေကို တင်းကျပ်စွာ ပိတ်ထားကာ သူ့ရဲ့ နက်မှောင်တဲ့
မျက်လုံးတွေက မရှောင်လွှဲသာတဲ့ အခြေအနေကို လက်ခံထားရပုံအလား ဖော်ပြနေသည်။