လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၄
ဖန့်ရှောင်နွမ်
ထင်ထားသည့်အတိုင်း ဖြစ်နေပုံရသည်။ အဲ့ဒီလူကလည်း ဒီမင်္ဂလာပွဲကို ငြင်းဆန်ခဲ့သည်။ သူမ
အဲ့ဒါကို တွေးမိတဲ့အချိန်မှာပဲ သူမရဲ့ နီရဲနေတဲ့ နှုတ်ခမ်းလေးတွေ ကော့တက်သွားသည်။ ဒါက
အရမ်းကောင်းတာပဲ။
သခင်ကြီးဖန့်က
ဖန့်ရှောင်နွမ်ရဲ့လက်ကို ကျီလင်းချန်ဆီ ရင်တမမနဲ့ပဲ လှမ်းပေးလိုက်သည်။ ဖန့်ရှောင်နွမ်ရဲ့
လက်ချောင်းလေးတွေက အေးစက်နေပြီး ကျီလင်းချန်ရဲ့ လက်ကတော့ နွေးထွေးနေသည်။ သူတို့နှစ်ယောက်
ထိလိုက်တဲ့အချိန်မှာပဲ ဖန့်ရှောင်နွမ်က သူမရဲ့ လက်ကို မသိစိတ်ကနေ လျင်မြန်စွာ ဖြုတ်ချလိုက်ချင်နေသည်။
ကျီလင်းချန်က သတိထားမိသွားသည်။ သူက မြန်မြန်ပဲ သူ့ရဲ့လက်နဲ့ သူမရဲ့လက်ကို တင်းကျပ်စွာ
ဆွဲထားလိုက်သည်။
ဖန့်ရှောင်နွမ်
လန့်သွားသည်။ သူမ ခေါင်းမော့ပြီး ကျီလင်းချန်ရဲ့ စူးရှတဲ့အကြည့်တွေနဲ့ စုံလိုက်သည်။
သူမ ခဏနားပြီး အသက်ရှုရှိုက်ရင်းနဲ့ ရယ်မောလိုက်သည်။ “ဘာ? ရှင်က ကျွန်မ ကတိ မတည်မှာ
ကြောက်လို့လား?”
ကျီလင်းချန်
မျက်မှောင်ကြုတ်လိုက်သည်။ သူမရဲ့ ခေါင်းက ပုဝါကို ဆန့်ချပေးဖို့ လုပ်နေရင်း၊ “မင်းက
ကတိမတည်မှာ? မင်းသာ ကတိမတည်ရင် မင်းတို့ ဖန့် မိသားစုက နောက်ဆက်တွဲ အကျိုးဆက်တွေကို
ခံနိုင်ရည်ရှိမှာလား” လို့မေးပြီး ခြိမ်းခြောက်လိုက်သည်။
သားကလည်း
အဖေလိုပဲ၊ သူတို့ရဲ့ ခြိမ်းခြောက်တဲ့ပုံစံတွေက အစ ဝေခွဲမရအောင် အတူတူပင်။ ဖန့်ရှောင်နွမ်က
ကျီလင်းချန်ကို မကျေနပ်တဲ့အကြည့်တွေနဲ့ ကြည့်နေသည်။ ဒီလူက တကယ်ကို ဒီလက်ထပ်ပွဲကို မလိုလားခဲ့ဘူးပဲ။
သူမသာ ကတိမတည်ရင် သူဖြစ်နေချင်တဲ့အတိုင်း ဖြစ်သွားမှာမလား? “ဘာလို့လဲ?”
ဖန့်ရှောင်နွမ်က
အတွေးထဲမှာ နစ်မျောနေပြီး ကျီလင်းချန်ရဲ့ မျက်နှာကနေ သူမရဲ့ အကြည့်တွေက တစ်ဖဝါးမှ ခွာမနေပေ။
တခြားသူတွေအဖို့တော့ ချစ်စကြင်နာစ ဇနီးမောင်နှံက ချစ်မေတ္တာတွေနဲ့ တစ်ဦးကို တစ်ဦးကြည့်နေပုံရပေမဲ့
သူတို့အတွက်တော့ မနှစ်မြို့စရာဖြစ်နေခြင်းပါ။
မင်္ဂလာချိန်
နီးကပ်လာတာနဲ့အမျှ ဘုန်းတော်ကြီးလည်း သူတို့ကို စကားစပြောလာသည်။ “ဖန့်ရှောင်နွမ်၊ ဆိုးတူကောင်းဖက်
ကျော်ဖြတ်နေရတဲ့အချိန် ချစ်မြတ်နိုးစွာနဲ့ ဂရုတစိုက် စောင့်ရှောက်ပြီး ချစ်ခင်ကြင်နာဖို့၊
သက်ဆုံးတိုင် သစ္စာရှိစွာနဲ့ နေထိုင်ဖို့ ဒီက သခင်လေး ကျီလင်းချန်ကို သခင်မလေးရဲ့ ခင်ပွန်းအဖြစ်
လက်ခံပါသလား?”
ဖန့်ရှောင်နွမ်
အတွေးတွေထဲက ပြန်လာပြီး ဘုန်းတော်ကြီးကို မျက်နှာချင်းဆိုင်လိုက်သည်။ “လက်ခံပါတယ်”
သူမရဲ့
အသံက အရမ်းကို တိကျပြီး ခိုင်မာနေတဲ့အတွက် ကျီလင်းချန်က သူမကို လှည့်ကြည့်လိုက်သည်။
သူမက သူထင်ထားတာထက်ကို အရမ်းငယ်နေသည်။ သူမရဲ့ နူးညံ့ပြီး ချောမွေ့လှတဲ့ ကလေးတစ်ယောက်လို
အပြစ်ကင်းစင်တဲ့ အလှမျိုးနဲ့ နတ်သမီးတစ်ပါးအလား လှပနေသည်။ သူမရဲ့ သင်းပျံ့တဲ့ မွှေးရနံကို
ရှုရှိုက်လို့ရတဲ့အထိကို သူက သူမနဲ့ အရမ်းကို နီးကပ်လွန်းနေသည်။
အခြေအနေတွေသာ
ခွင့်ပြုခဲ့မယ်ဆိုရင် ကျီလင်းချန်က သူ့ရဲ့တင်မာနေတဲ့ မျက်နှာကြောတွေကို ဖြေလျော့ခဲ့လောက်သည်။
သူ့အတွက် သူ့အဖေ ရွေးပေးတဲ့ ဇနီးလောင်းက အရမ်းကို ငယ်လွန်းနေသည်။ သူတို့နှစ်ယောက်က
အသက် ရှစ်နှစ်တောင် ကွာဟနေပေမဲ့ အခုတော့ သူက မေ-ဒီဇင်ဘာ အချစ်ထဲမှာ နစ်မြုပ်နေလေသည်။
ဘုန်းတော်ကြီးက
ဖန့်ရှောင်နွမ်ဆီက ကတိကဝတ်တောင်းပြီးတဲ့အချိန်မှာ ကျီလင်းချန်ကိုလဲ အဲ့အတိုင်းပဲ မေးခဲ့သည်။
သူကလည်း “လက်ခံပါတယ်”လို့ သာယာပြီး နက်နဲတဲ့အသံနဲ့ ပြောလိုက်သည်။ ဒါပေမဲ့ ဖန့်ရှောင်နွမ်ကြားတဲ့အခါမှာတော့
သူမ မယုံကြည်နိုင်ခဲ့ပေ။ “ဘယ်လို လူလိမ်လူညာလဲ”
လက်ထပ်လက်စွပ်
တစ်ဦးကို တစ်ဦး စွပ်ပေးရမယ့်အချိန်မှာတော့ ကျီလင်းချန်က ဖန့်ရှောင်နွမ်ရဲ့လက်ကို
လွှတ်ပေးလိုက်သည်။ သူက ဖန့်ရှောင်နွမ်ရဲ့ လက်ချောင်းပေါ်ကို လက်စွပ် စွပ်ပေးလိုက်သည်။
သူမရဲ့ လက်တစ်ခုလုံး နီရဲနေပြီး သွေးကြောလေးတွေကိုတောင် ထင်ထင်ရှားရှား မမြင်ရမှန်း
သူသတိထားမိလိုက်သည်။
ကျီလင်းချန်က
ဘာမှမပြောပေ။ သူက သူမရဲ့လက်ကို နူးညံ့စွာပဲ ကိုင်ထားသည်။ ဒီလောက် သိသာထင်ရှာတဲ့ အမှတ်အသား
ဘယ်လိုတောင်ရှိရတာလဲ? သူမက နူးညံ့ပြီး ထိရှလွယ်တဲ့အသားနဲ့ လုပ်ထားတဲ့လူမလို့လား? ထိရုံလောက်ကလေးနဲ့တင်
ဘာလို့အဲ့လောက် အထိမခံဖြစ်နိုင်ရတာလဲ?
ဖန့်ရှောင်နွမ်လည်း
သူမရဲ့လက်ပေါ်က အနီရောင်ကွင်းကွက်နေတာကို မြင်လိုက်သည်။ သူမရဲ့ စိတ်စနိုးစနောင့်ဖြစ်သွားသည်။
ကျီလင်းချန်ကို လက်စွပ် စွပ်ပေးရမယ့်အချိန်မှာ တမင်တကာ သူမက အားသုံးပြီးတော့ကို သူ့ရဲ့
လက်ကို လက်စွပ် စွပ်ပေးလိုက်သည်။
လက်ချောင်းထိပ်က
နာကျင်မှုကြောင့် ကျီလင်းချန်က သတိမထားမိဘဲ ဖန့်ရှောင်နွမ်ကို ကြည့်မိလိုက်သည်။ သူ့ရဲ့
ဇနီးလောင်းက နှုးညံ့တဲ့အသားအရေတင်မဟုတ်ဘဲ စိတ်ဆိုးလွယ်ပြီး လက်စားချေတတ်တဲ့ စိတ်ပါ
ရှိနေတာကို သူသိလိုက်ရသည်။
ကျီလင်းချန်ရဲ့
အကြည့်ကို ဖန့်ရှောင်နွမ် သတိထားမိတဲ့အခါ မကြောက်မရွံ့ဘဲ ပြန်ကြည့်နေလိုက်သည်။
မင်္ဂလာဆောင်အပြီးမှာ
ဖန့်ရှောင်နွမ်ကို ကျီမိသားစုရဲ့ အိမ်ယာကို တန်းခေါ်သွားသည်။ အိမ်စေတွေက သူမကို ဒုတိယထပ်ကို
ခေါ်သွားပြီးတော့ ထွက်သွားခဲ့ကြသည်။
ဖန့်ရှောင်နွမ်က
သူမရဲ့ မင်္ဂလာဝတ်စုံကို စွဲမတင်လိုက်ပြီး ဆိုဖာပေါ်ကို ထိုင်ချလိုက်သည်။ ငြီးငွေ့စရာကောင်းတဲ့
ထုံးတမ်းစဉ်လာတွေက သူမကို ပင်ပန်းအောင် လုပ်လိုက်သည်။ ဘာကြောင့် လက်ထပ်ရတာက တကယ်ကို
စိတ်ရှုပ်စရာကောင်းတဲ့အရာဆိုတာ သူမကို ဘယ်သူကမှ မပြောပြကြတာပါလိမ့်။
ကျီလင်းချန်
တံခါးကိုဖွင့်ပြီး ဝင်လာတဲ့အခါ ဆိုဖာပေါ်က အထပ်ထပ်တွေနဲ့ပြန့်ကျဲနေတဲ့ မင်္ဂလာဝတ်စုံကို
တွေ့လိုက်ရသည်။ ဖန့်ရှောင်နွမ်က မင်္ဂလာဝတ်စုံရဲ့ အထပ်တွေကြားထဲမှာ ထိုင်နေသည်။ သူမရဲ့
ခြေသလုံးတွေကို နှိပ်နယ်ရင်း သူမရဲ့ သေးသွယ်တဲ့ မျက်နှာကနေ ညည်းငြူနေတဲ့ပုံကို မြင်နေရသည်။
သူမတစ်ခုခုကို မကြားတကြားပြောနေသည်။
ကျီလင်းချန်ရဲ့
အသံကို ကြားလိုက်သောအခါ ဖန့်ရှောင်နွမ်က ခြေထောက်ကို ဆင်းချလိုက်ပြီး ဆိုဖာခုံရဲ့ တခြားဖက်ကို
မေးငေါ့လိုက်သည်။ “စကားပြောမို့ ထိုင်ဦး။”
ဖန့်ရှောင်နွမ်
လက်ရမ်းပြလိုက်တဲ့အခါ ကျီလင်းချန်က တစ်ခုခုပြောဖို့ ဟန်ပြင်လိုက်သည်။ “ထားလိုက်တော့၊
ရှင် မထိုင်ဘူးဆိုရင်လည်း ကျွန်မ ရှင့်ကို စကားပြောစရာရှိလို့။ ကျွန်မက ရှင့်ကို လက်ထပ်ဖို့
ဖိအားပေးခံရတာ။ ရှင့်အဖေရဲ့ စရိုက်ကို ရှင်လည်း သိမှာပါ။ ကျွန်မတို့ ဖန့်မိသားစုက ရှင်တို့
မိသားစုနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။ ကျွန်မ မိသားစုကို ကာကွယ်ဖို့အတွက် ဒီလက်ထပ်ပွဲကို
လက်ခံခဲ့ရတာ။ ကျွန်မ ရှင့်ကို မကြိုက်သလို၊ ရှင်လည်း ကျွန်မကို မကြိုက်ဘူး။ ဘာပြဿနာမှမရှိဘဲ
ဒီအနှစ်မပါတဲ့ အိမ်ထောင်ရေးကို အတူတူ ထိန်းသိမ်းကြတာပေါ့။ ရှင် လုပ်ချင်တာလုပ်လို့ရတယ်။
လုပ်ချင်သလိုလည်း လုပ်လို့ရတယ်။ ကျွန်မ ဂရုမစိုက်ဘူး။”
ကျီလင်းချန်က
“ မင်းက လာမူနေတာလား? ဒီလိုနည်းနဲ့ ငါ့ရဲ့ စိတ်ဝင်စားမှုကို ရနိုင်မယ်လို့ မင်းထင်နေတာလား?
မိသားစုကို ကာကွယ်ဖို့? ဒါက သက်သက်ဆင်ခြေပေးတာပဲ။ ငါ့မိသားစုရဲ့နာမည်ကို သုံးပြီး လုပ်ငန်းအခုနှစ်ဆယ်ကျော်လောက်
မရထားဘူးဆိုရင်တောင် ငါမင်းကို ယုံဦးမယ်။” လို့ မညှာမတာပြောလိုက်သည်။