လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၅
“ရိုအာ၊
ဘာဖြစ်တာလဲ။ ဘယ်သူက အနိုင်ကျင့်လို့လဲ?” ဖန်ချီရဲ့မျက်နှာမှာ စိုးရိမ်စိတ်တွေနဲ့ပြည့်နေသည်။
သူမက လင်းရို နားသွားပြီး ပုခုံးလေးကို ပုတ်ပေးနေသည်။
လင်းရိုက
ဖန်ချီကို မြင်လိုက်တဲ့အခါ သူမရဲ့ မိသားစုဝင်တစ်ယောက်ကို မြင်နေရသလို ခံစားနေရသည်။
သူမ မျက်ရည်တွေကို သုတ်လိုက်ပြီး “ယောင်းမ၊ ပြန်လာပြီလား” လို့ ပြောလိုက်သည်။
“ရိုအာ၊
ဘာဖြစ်လို့ ငိုနေရတာလဲ? ဘာဖြစ်လို့လဲ? ဖန့်ရှောင်နွမ်က အနိုင်ကျင့်လို့လား? စိတ်မပူပါနဲ့၊
ငါ့ညီမ အနိုင်ကျင့်ခံရတာကို ဒီတိုင်းမလွှတ်ထားဘူး။” ဖန်ချီက လှည့်ကြည့်လိုက်တော့ လက်ဖက်ရည်ခွက်က
နှစ်ခွက်ရှိနေတာကို တွေ့လိုက်သည်။ လင်းရို အနိုင်ကျင့်ခံရလို့ စိတ်အားငယ်ပြီးငိုနေတယ်ဆိုပြီး
သူမ ကောက်ချက်ချလိုက်သည်။
လင်းရိုက
ခေါင်းခါလိုက်သည်။ ကျီလင်းချန် သူမကို ပြောခဲ့တာတွေကို ဖန်ချီကို ပြောပြလို့မရတဲ့အတွက်
ထလိုက်ပြီး ဖန်ချိကို တားလိုက်သည်။ “ယောင်းမ၊ ဘယ်သူမှ ကျွန်မကို အနိုင်မကျင့်ပါဘူး။
မသွားပါနဲ့။”
“ဟုတ်ပြီ၊
ဟုတ်ပြီ။ သူတို့နှစ်ယောက်လုံး အိမ်မှာရှိမနေသင့်ဘူး။” ဖြစ်သင့်ပါတယ်လေ။ ဒီနေ့က ကျီလင်းချန်နဲ့
ဖန့်ရှောင်နွမ်တို့ အိမ်ပြန်သွားတဲ့နေ့ပဲ။ ဒါပေမဲ့ သူတို့ပြန်ရောက်လား၊ မရောက်သေးဘူးလားဆိုတာကိုတော့
ဖန်ချီ မပြောတတ်သေးဘူး။ သူမကိုယ်သူမ မဆင်မခြင်လုပ်လွန်းနေတယ်ဆိုပြီး ဖန်ချီက ထင်နေသည်။
ဘာမှမသိသေးဘဲ ဖန့်ရှောင်နွမ်ကို အပြစ်တင်မိလိုက်သည်။
ဖန်ချီ
စဉ်းစားလို့တောင်မပြီးသေးဘူး၊ လင်းရိုက “သူမ အစောထဲက ပြန်ရောက်နေပြီ။ ယောင်းမ ဒီမှာ
ကျွန်မအတွက် ကာကွယ်ပေးမနေပါနဲ့။ သူမက ပြိုင်ပြီး ရန်ဖြစ်လို့ ရမယ့်သူမဟုတ်ဘူး” လို့
တမင်တကာပြောလိုက်သည်။ နောက်ပြီး လင်းရိုက “သူမက စီစဉ်နေတုန်း…” ပြောလို့မပြီးခင်မှာ
စကားထစ်သယောင်ဆောင်ပြီး ဖန်ချီကို ကြည့်လိုက်သည်။
ဖန်ချီက
တစ်ဖက်တည်းကပဲ စဉ်းစားတတ်သည်။ လင်းရိုရဲ့ စကားတွေကြောင့် သူမက ပိုဒေါသထွက်လာပြီး “သူက
ဘာလို့ဖို့ စီစဉ်နေတာလဲ?” လို့ ဆက်မေးလိုက်သည်။
“ဖန့်ရှောင်နွမ်က
ကျီမိသားစုက အမျိုးသမီးအကြီးအကဲဖြစ်ဖို့ စီစဉ်နေတယ်။ အခုတင်ပဲ သခင်ကြီးကျီကို ဖားနေတာ။
သခင်ကြီးကျီက သူမက သဘောထားသေးသိမ်လို့ ကျီမိသားစုရဲ့ အမျိုးသမီး အကြီးအကဲရာထူးနဲ့ မသင့်တော်ဘူးလို့
ပြောလိုက်တယ်” လင်းရိုက ထပ်ပြီး စကားထစ်နေပြန်သည်။
ဖန်ချီရဲ့
ဒေါသ အပြုံလိုက်ထွက်နေသည်။ သူမ လက်သီးဆုပ်လိုက်ပြီး “အဲ့ဒါတကယ်ပဲလား၊ လင်းရို?”လို့
မေးရင်း အံကြိတ်နေသည်။
“ယောင်းမ၊
ဒီအကြောင်း ကျွန်မ ပြောတာလို့ ဖန့်ရှောင်နွမ်ကို သွားမပြောနဲ့နော်။ သူမသာသိရင် သခင်ကြီးကျီကို
တိုင်ပြီး ပြဿနာကို ပိုကြီးအောင်လုပ်မှာ ကျွန်မကြောက်တယ်။ နောင်လည်း ကျွန်မ ဖန့်မိသားစု
အိမ်တော်ထဲကို မလာတော့ပါဘူး။ သူမလို ဉာဏ်ဆင်တတ်ပြီး ကြောက်စရာကောင်းတဲ့မိန်းမက လင်းချန်ဘေးနားမှာ
နေဖို့ မထိုက်တန်ဘူး။” လင်းရိုက မငိုတော့ပေမယ့် ပြဿနာကို ပိုကြီးအောင်လုပ်ဖို့ ကြိုးစားနေသည်။
လင်းရိုက
ဖန်ချီရဲ့ အားနည်းချက်ကို သိသည်။ ဖန်ချီ ဒေါသအကြီးအကျယ် မထွက်သေးတဲ့အတွက် သူမက “ ယောင်းမ၊
ဖန့်ရှောင်နွမ်က အစ်မရဲ့လက်ထဲကနေ ကျီမိသားစုရဲ့
ဩဇာအာဏာကို လုယူသွားတော့မှာနော်။ နောင်မှာ၊ အစ်မရဲ့သားက ကျီလုပ်ငန်းစုထဲက ရှယ်ယာတွေရမှာကို
သူမ ခွင့်မပြုလောက်ဘူးဆိုတာ သိသာနေတယ်နော်။ ယောင်းမ၊ ကျီလုပ်ငန်းစုကို ကျီမိသားစုကသာ
ပိုင်တာပါ။ ကျွန်မက လင်းချန်ကိုသာ ချစ်ပေမယ့် လောဘကြီးတဲ့သူမဟုတ်ပါဘူး။ လင်းချန်မှာလည်း
ကျီလုပ်ငန်းစုရဲ့ ရှယ်ယာရှိသလို၊ အစ်ကိုကြီးမှာလည်း ရှယ်ယာတွေရှိတယ်။ ပြီးတော့ ကျီဝမ်က
ကျီမိသားစုရဲ့ မြေးဦးပဲ။ ဒါ့ကြောင့် သူလည်း ရှယ်ယာရသင့်တယ်။ ဒါပေမယ့် ကျွန်မလုပ်ပေးနိုင်တာ
ဘာမှမရှိဘူး။ အခု ဖန့်ရှောင်နွမ်က ဒီမှာရှိနေတော့ မဖိတ်ထားရင် ကျွန်မက ဒီကိုလာခွင့်
မရှိတော့ဘူး။ ဒါကြောင့် အစစအရာရာ ဂရုတစိုက်လုပ်ပါ။”
လင်းရိုနဲ့
ဖန်ချီနဲ့က သူငယ်ချင်းတွေဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာနေတဲ့အတွက် ဖန်ချီဘာတွေကိုစိတ်ပူတတ်လဲဆိုတာကို
သူမ သိနေသည်။ ဖန်ချီက ကျီလုပ်ငန်းစုကြီး ကျီလင်းချန်ရဲ့လက်ထဲရောက်သွားပြီး သူ့ရဲ့သား
ကျီဝမ် နေရာမရတော့မှာကို အကြောက်ဆုံးနဲ့ အစိုးရိမ်ဆုံပဲ။
ဖန့်ရှောင်နွမ်နဲ့
ဖန်ချီရဲ့ကြားမှာ အမုန်းပွားအောင် လင်းရိုက တမင်တကာ ဖန်ချီကို အဲ့ဒီစကားတွေ ပြောလိုက်တာဖြစ်သည်။
ကျီလင်းချန်က သူမကို မချစ်တာသိပေမဲ့ သူမရဲ့ စိတ်ဆိုးမှုတွေကိုတော့ မြိုသိပ်ထားလို့မရဘူး။
......
အဲ့ဒီလိုတွေပြောပြီးနောက်
လင်းရိုက အိမ်ကထွက်လာသည်။ သူမကိုယ်သူမ မှားနေတယ်လို့တော့ ခံစားမိနေသည်။ ဖန်ချီကို မတွေ့ရတော့တဲ့အခါ၊
သူမရဲ့မျက်နှာက ရုတ်တရက် ပြောင်းသွားသည်။ အစောနတုန်းက ငိုထားတဲ့ သူမရဲ့ မျက်လုံးတွေက
အခုတော့ ရက်စက်မှုတွေနဲ့ ပြည့်နေသည်။ သူမက ဖန့်ရှောင်နွမ်ကို ကျီမိသားစုထဲက ထွက်သွားစေချင်နေသည်။
ကျီမိသားစု
ဘယ်တော့မှ မငြိမ်းချမ်းရအောင် ဖန့်ရှောင်နွမ်ကို သူမက အသုံးချချင်နေသည်။ သူမ သခင်ကြီးကျီနဲ့
ကျီလင်းချန်တို့ နောင်တရအောင် လုပ်ချင်သည်။ သူမ စဉ်းစားပြီးသွားတဲ့အခါ ကားစက်နှိုးပြီး
ထွက်သွားသည်။
ညစာစားပွဲမှာ၊
ကျီမိသားစုရဲ့ နေထိုင်မှုပုံစံနဲ့ ဖန့်ရှောင်နွမ်က အသားကျပြီးနေပြီ။ သူမက မစားခင် လက်ဆေးလိုက်သည်။
ဖန်ချီက
သူမနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေသည်။ ဖန်ချီက ဖန့်ရှောင်နွမ်ကို ဘယ်လောက်ပဲကြည့်ကြည့်
သူမကို အခုထိကို မနှစ်သက်တုန်းပဲ။ “ဒီကမ္ဘာမှာ ကျွန်မ နားမလည်နိုင်တာတွေလည်း အများသားနော်။
ရုပ်အရမ်းဆိုးတဲ့ ဘဲတစ်ကောင်က ငန်းအုပ်စုထဲကို တိတ်တိတ်ဝင်ပြီး ကိုယ့်ကိုယ့်ကို ဘာလို့အရှက်ခွဲရတာလဲဆိုတာ
ပြောပြကြပါဉီး။ ဒီနေ့ ကျွန်မအပြင်သွားတော့ စိတ်ဝင်စားစရာတစ်ခုနဲ့ ကြုံခဲ့တယ်။ ပန်းခြံထဲမှာ
အရမ်းအကျည်းတန်တဲ့ ဘဲတစ်ကောင်က ဖြူဖွေးစွတ်နေတဲ ငန်းအုပ်စုထဲကို ခိုးဝင်သွားတာ။ အရမ်းကို
ရီရတာပဲ။”
ဖန်ချီက
အဲ့ဒါကို ပြောပြတဲ့အချိန် သူမရဲ့အကြည့်တွေက ဖန့်ရှောင်နွမ်ဆီကနေ မခွာခဲ့ပေ။ တစ်ယောက်ယောက်ကသာ
အဲ့ဒါကိုမြင်ရင်၊ ဖန်ချီက တမင်တကာ ဖန့်ရှောင်နွမ်ရဲ့ မိသားစုနောက်ခံအကြောင်းကို အရွဲ့တိုက်ပြီး
ပြောနေတယ်ဆိုတာ သိနိုင်သည်။
ဖန့်ရှောင်နွမ်က
လက်ဆေးပြီးသွားတဲ့အခါ ကျီလင်းချန်ဘေးမှာ တိတ်ဆိတ်စွာထိုင်နေသည်။ ကျီလင်းချန်က သူ့ဘေးနားက
တိတ်ဆိတ်တဲ့ မိန်းကလေးနဲ့ တစ်ဖက်က သူ့ရဲ့ မရီးတို့ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က
တစ်ယောက်ကို တစ်ယောက်ကြည့်နေတယ်ဆိုတာကို သူ သိလိုက်သည်။
“ထပ်ပြီးတော့
ရှိသေးတယ်။ သခင်မဝမ်လည်း ဒီနေ့ ကျွန်မနဲ့ အပြင်ထွက်လည်တယ်လေ။ သူမက သူမရဲ့ ခွေးဖွားလေးကိုပါ
ခေါ်ခဲ့တယ်လေ၊ အဲ့ဒီမှာ ညစ်ပတ်နေတဲ့ လမ်းဘေးခွေးက ကျွန်မတို့နားကို လာကပ်နေတာပေါ့။
သခင်မဝမ်ရဲ့ အမွှေးဖွားခွေးလေးနဲ့ ကစားချင်လို့နဲ့ ထင်ပါတယ်။ ဒါပေမဲ့ သိတတ်တဲ့ အတွေးလေးတောင်
မရှိဘဲ အဲ့ဒီခွေးမို့ လာကပ်ရဲတယ်လေ။ ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။ အဲ့ဒီ ညစ်ပတ်ပေရေနေတဲ့
ခွေးလေးက ရှောင်ဖန်နဲ့တူတယ်။ ငါ အဲ့ဒီခွေးလေးကို နွမ်နွမ်ကို ပေးဖို ဝယ်ခဲ့လိုက်မလို့ပဲ။”
ဖန့်ရှောင်နွမ်က ဘာမှမတုံ့ပြန်တာကို ဖန်ချီတွေ့တော့ ထပ်ပြီးတော့ ပြောလာခဲ့သည်။