အပိုင်း ၁၉
Viewers 3k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၁၉

 

 

 

ဖန့်ရှောင်နွမ်က သူ့ကို “ကောင်းပြီ၊ တခြားသူရဲ့ ပါးစပ်ထဲက အစာကို မစားသင့်ဘူးလို့ ရှေးလူကြီးတွေက ပြောခဲ့တယ်” လို့ ပြောလိုက်သည်။

 

 

ကျီလင်းချန် နောက်တစ်ခါ အံ့ဩသွားရပြန်သည်။

 

 

ဒီကလေးမလေးက ဗိုက်ပြည့်အောင် ရေတွေပဲသောက်ခဲ့တာ ဟုတ်တယ်မလား? အဲ့ဒါက ကျီလင်းချန်ကို စိတ်ဆိုးစေသည်။ သူက အစက သူမကို စဖို့စီစဉ်ထားပေမဲ့ သူမက အဲ့လို တုံ့ပြန်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကျီလင်းချန်က “ဒီပေါင်မုန့်ကင်ကို မင်းဘေးမှာ ငါထားခဲ့မယ်။ မင်းစားချင်ရင် ငါ့ကိုတောင်းဆို”လို့ ပြောလိုက်သည်။

 

 

ဖန့်ရှောင်နွမ်က ရေတွေ သောက်ထားတာကြောင့် ဗိုက်ပြည့်နေသေးသည်။ သူမက စောင်ကိုဆွဲပြီး ခေါင်းကို ကာလိုက်ကာ အိပ်ချင်နေသည်။ သို့သော် ကျီလင်းချန်က စောင်ကို ဆွဲထားတာကို သူမ သတိထားမိလိုက်သည်။ သူမရဲ့ လက်သည်းချွန်တွေရဲ့ သူ့ရဲ့လက်နောက်ကို ရိုက်လိုက်တဲ့အတွက် ကျီလင်းချန်ရဲ့လက်တွေ နီရဲလာသည်။ ပြီးနောက် သူမက အားနဲ့စောင်ကို ဆွဲလိုက်ပြီး ခြုံထားကာ အိပ်ဖို့ ပြင်လိုက်သည်။

 

 

ဒီမိန်းကလေးက သူ့ကို အားအကုန်နဲ့ကို ရိုက်နေသည်။ ကျီလင်းချန်က သူ့ရဲ့ နီရဲနေတဲ့လက်ကို ကြည့်ပြီး “သူ့ယောကျာ်းကို သူသေအောင်သတ်ဖို့ ကြိုးစားနေတာလား?”လို့ တွေးမိနေသည်။

 

 

သူက မုန့်ကို စားပွဲပေါ်တင်ခဲ့ပြီး ထလိုက်ကာ “ငါ သွားအိပ်တော့မယ်။ မင်း ဗိုက်ဆာရင် ကိုယ့်ကိုယ်ကိုယ် ထစားလိုက်”လို့ ပြောလိုက်သည်။

 

 

အမြဲတင်း ရင့်စီးမောက်မာနေတဲ့ ကျီလင်းချန်က သူမနဲ့ကျရင် အမြဲတမ်း နှိမ့်ချနေသည်။ ဒါပေမဲ့ သူကတော့ သတိမထားမိနေပေ။ သူက မီးတွေပိတ်လိုက်ပြီး အိပ်ရာဝင်သွားသည်။ သူက ဖန့်ရှောင်နွမ်နဲ့ ကျရင် သူ့ရဲ့မာနတွေကို ခဝါချနေတယ်ဆိုတာကို သတိမထားမိခဲ့ချေ။

 

 

ညလယ်ခေါင်ကြီးမှာ ဖန့်ရှောင်နွမ်က ရေတွေအများကြီးသောက်ထားတဲ့အတွက် ခဏခဏနိုးလာသည်။ ကျီလင်းချန်က အိပ်ရေးဆက်တဲ့သူဖြစ်သည်။ သူမ ထလိုက်တိုင်း ဖန့်ရှောင်နွမ်က အတတ်နိုင်ဆုံး အသံမထွက်အောင် နေနေတယ်ဆိုတာကို ကျီလင်းချန်သိသည်။ သူမက သူ့ကို မနိုးစေချင်တဲ့အတွက် ရေချိုးခန်းထဲကိုတောင် ဖိနပ်မစီးဘဲ သွားခဲ့သည်။

 

 

ဖန့်ရှောင်နွမ် အိပ်ပျော်သွားတဲ့အခါ ကျီလင်းချန်က သူမ ဘာစားပြီးပြီလဲဆိုတာကို သိဖို့ ထကြည့်ပြန်သည်။ နောက်တော့ အဲ့ဒီခေါင်းမာတဲ့ မိန်းကလေးက ပေါင်မုန့်ကင် မစားရသေးဘူးဆိုတာကို သူသိသွားသည်။  ရေသောက်တာနဲ့ပဲ တကယ်ကြီး သူမ ဗိုက်ပြည့်လို့လား?

 

 

အိပ်ပျော်နေတဲ့ ဖန့်ရှောင်နွမ်ကို ကျီလင်းချန်က ထပ်ကြည့်လိုက်ပြန်သည်။ သူမက စောင်ကို ခြေထောက်နဲ့ ကန်ထုတ်လိုက်သည်။ ကျီလင်းချန်က သူမကို ကြည့်ပြီး တွေးမိနေသည်။ “သူမသာ ဒီမှာရှိနေရင် သူမနဲ့ မင်းက အသက်အတူတူလောက်ပဲ။ မင်းက အခု ဒုတိယနှစ်….. သူမလည်း အခုဆို တက္ကသိုလ်ကျောင်းသူ ဖြစ်လောက်ပြီမလား?”

 

 

နောက်နေ့မနက်၊ ဖန့်ရှောင်နွမ်ရဲ့ ဖုန်းရဲ့ နိုးစက်သံကြောင့် တစ်ချိန်တည်းပဲ နှစ်ယောက်စလုံး နိုးလာကြသည်။ ဖန့်ရှောင်နွမ်က ဆိုဖာပေါ်ကထဖို့ ရုန်းကန်နေရပြီး သူမ အင်္ကျီလဲဖို့ ရေချိုးခန်းထဲကို အဝတ်အစားတွေယူသွားသည်။ ပြီးနောက်၊ သူမက အခန်းထောင့်ထဲဝင်ပြီး သူမရဲ့ အိတ်ကို ဆွဲယူလိုက်သည်။ သူမက အိတ်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီး ညဝတ်အင်္ကျီကို ထည့်ပြီး ပိတ်ကာ သော့ခတ်လိုက်သည်။ နောက်၊ အိတ်ကို အခန်းထောင့်ထဲ ပြန်ထည့်ထားလိုက်သည်။

 

 

သူမလုပ်လိုက်တာတွေက ကျီလင်းချန်ကို အံ့ဩစေပြန်သည်။ ပြီးတော့မှ အဝတ်အစားခန်းထဲမှာ သူ့ဟာတွေနဲ့ ပြည့်နေတဲ့အတွက် သူမအတွက် ထည့်စရာမရှိမှန်း သတိရတော့သည်။ အဝတ်ခန်းအပြင်ကို အခန်းထဲမှာ သူမ ပစ္စည်းတွေ ဘာမှရှိမနေဘူး။ ကျီလင်းချန်က အခန်းထောင်က ပစ္စည်းအိတ်တွေကို ကြည့်မိသွားသည်။ သူမပစ္စည်းတွေအကုန် အဲ့ထဲတွေမှာ ရှိနေလောက်လား?

 

 

ကျီလင်းချန်က “ဖန့်ရှောင်နွမ်၊ မင်းအဝတ်အစားတွေကို ဘယ်နားမှာ ထည့်ထားတာလဲ?” လို့မေးလိုက်သည်။

 

......

 

ဖန့်ရှောင်နွမ်က အခန်းထောင့်က အိတ်တွေကို လက်ညှိုးထိုးပြလိုက်သည်။ “မစိုးရိမ်ပါနဲ့၊ ကျွန်မက ရှင့်ရဲ့ အဝတ်ခန်း၊ ဗီဒိုတွေ တစ်ခုမှ မသုံးပါဘူး။ ပစ္စည်းတွေကို အဲ့အိတ်တွေထဲမှာပဲ ထည့်ထားတယ်။”

 

 

“ဘာလို့မသုံးတာလဲ?” ကျီလင်းချန်က နားမလည်နိုင်ဘဲ ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။  ဖန့်ရှောင်နွမ်က အမြဲတမ်း ဘာမှ အနာတရမရှိဘဲ လွတ်မြောက်အောင် လုပ်နေတယ်လို့ ကျီလင်းချန်ကို ခံစားရစေသည်။

 

 

ဖန့်ချောင်နွမ်က “ကျွန်မ မသုံးချင်လို့”လို့ပဲ အေးအေးဆေးဆေး ပြောလိုက်သည်။

 

 

အဲ့လိုပြောပြီး ဖန့်ရှောင်နွမ်က ရေချိုးခန်းထဲ ဝင်သွားပြီး ကိုယ်လက်တွေ ဆေးကြောသန့်စင်နေသည်။ ကျီလင်းချန်က တံခါးကနေ ဘေစင်ရဲ့ မှန်ကနေ သူမကို သေချာကြည့်နေသည်။ သူ အရမ်းကို နားမလည်နိုင်ဖြစ်နေသည်။ သူမက ဘယ်လိုမိန်းကလေးမျိုးပါလိမ့်? သူမက အရမ်းမျက်နှာများတတ်ပုံပေါ်သည်။ တစ်ခါတလေ မာနကြီးပြီး တစ်ခါတလေ ခေါင်းမာတယ်၊ တစ်ခါလေကျတော့လည်း လက်တွေ့ကျပြီး တစ်ခါလေကျ ချစ်စရာကောင်းသည်။ သို့သော် တစ်ယောက်ကသာ သူမကို အနိုင်ကျင့်ရင် မကြောက်မရွံ့ ပြန်ခံပြီး ခွန်းတုံ့ပြန်သည်။

 

 

ဒါပေမဲ့ သူမက သူ့ရဲ့အိပ်ရာမှာ မအိပ်ဘူး။ အဲ့ဒီအစား သူမက ဆိုဖာပေါ်မှာပဲ အိပ်သည်။ သူတို့နှစ်ယောက်ကြားမှ အကွာအဝေးတစ်ခုကို ထိန်းနေတာက ကျီလင်းချန်ကို အံ့အားသင့်စေသည်။

 

 

သံသယဆိုတာ သိချင်စိတ်အတွက် အစပျိုးပဲ။ သိချင်စိတ်ဖြစ်လာပြီဆိုရင် တစ်ယောက်ယောက်က မသိစိတ်ကနေ ပိုပြီး လေးလေးနက်နက် နားလည်ချင်လာကြသည်။ တစ်စုံတစ်ယောက်ကို နားလည်ချင်တယ်ဆိုရင် တစ်ယောက်ကတော့ စပြီး နားလည်အောင်လုပ်ဖို့လိုသည်။ အဲ့ဒါက အန္တရာယ်ရှိနိုင်သည်။

 

 

ဖန့်ရှောင်နွမ်က ဒီမှာ သက်သောင့်သက်သာရှိတယ်လို့ မခံစားရဘူး။ ကျီမိသားစုအိမ်မှာ စားတဲ့အစားအစာတွေက သူမရဲ့လည်ချောင်းထဲမှာ ငါးရိုးဝင်နေသလိုဖြစ်နေသည်။ သူတို့နှစ်ယောက်လုံး အောက်ထပ်ဆင်းလာတဲ့အခါ သူမက ကျီလင်းချန်ကို “စဉ်းစားကြည့်ပါဦး။ အိမ်ပြောင်းပြီးတော့ ကျွန်မတို့ အတူတူ နေကြရအောင်”လို့ ထပ်ပြောလိုက်သည်။

 

 

ကျိလင်းချန် ပြောလိုက်သည်။“ငါ စဉ်းစားပြီးသွားပြီ”

 

 

ဖန့်ရှောင်နွမ်က “ထပ်ပြီး သေချာစဉ်းစားကြည့်။ အိမ်ပြောင်းပြီးနေတာက ကျွန်မတို့အတွက် ဘာမှအကျိုးမယုတ်ဘဲ ကောင်းတာပဲဖြစ်မှာလေ။ ရှင့်မိသားစုကို ကျွန်မ စိတ်ဆိုးအောင်လုပ်တာ ရှင်မမြင်ချင်ဘူးမလား? ဒီစည်းကမ်းတွေနဲ့ ရှင့်ကို စည်းခတ်ထားတာကို မကြိုက်ဘူးမလား?" လို့ ပြောလိုက်သည်။

 

 

ဖန့်ရှောင်နွမ် နားလည်လိုက်တာ တစ်ခုရှိသည်။ ကျီမိသားစုထဲမှာ ကျီလင်းချန်တစ်ယောက်တည်းကသာ အိမ်ပြောင်းဖို့ သူမကို ကူညီပေးနိုင်သည်။ သူမကတော့ အိမ်ငှားဖို့ လုပ်နိုင်တယ်ဆိုရင်တော့ လုပ်လို့မရဘူး။ လက်ထပ်ပြီး ဘယ်လောက်မှ မကြာသေးဘဲနဲ့ ချွေးမကို အိမ်ငှားဖို့ ဘယ်သူက ခွင့်ပြုမှာလဲ? ဒါ့အပြင် သူမက ကျီမိသားစုဝင်နဲ့ လက်ထပ်ထားသေးသည်။ ကျီမိသားစုရဲ့ စည်းကမ်းတွေက တအားကို တင်းကျပ်တဲ့အတွက် ဘယ်သူမှ သူမကို အဲ့လိုလုပ်ခွင့်ပေးမှာ မဟုတ်ဘူး။

 

 

“ဒီအိမ်မှာ ငါ့ကို ဘယ်သူမှ ထိန်းချုပ်လို့မရဘူး။ မင်းသာ ငါ့ကို စိတ်ဆိုးအောင် မလုပ်ရင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ဘူး။” တည့်ပြောရရင် ကျီလင်းချန်က အိမ်ပြောင်းပြီး မနေချင်ပေ။ သူက ဖန့်ရှောင်နွမ်ကို ကျီအိမ်တော်မှာ ဘယ်လိုကြုံတွေ့ရတယ်ဆိုတာကို သိအောင် တမင်ထားထားခြင်းဖြစ်သည်။

 

 

ဖန့်ရှောင်နွမ်က လိမ္မာပါးနပ်တဲ့အတွက် သူဘာဆိုလိုတာလဲဆိုတာကို ချက်ချင်းနားလည်လိုက်သည်။