အပိုင်း ၂၀
Viewers 1k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၂၀

 

 

 

“ကျီလင်းချန်၊ ရှင် ဘာကိုဆိုလိုတာလဲ? ရှင်ကတော့ အထိန်းချုပ်မခံရဘဲနဲ့ လွတ်လပ်နေတယ်လေ။ ဒါပေမဲ့ ကျွန်မအတွက်တော့ နေ့တိုင်း စစ်တိုက်နေရသလိုပဲ။ ရှင် ယောကျာ်းကော ဟုတ်သေးရဲ့လား? ကျွန်မပြောမယ်၊ ကျွန်မတို့သာ ဒီမှာဆက်နေနေရင် ရှင့်မိသားစုတွေကို အရေးပေါ်ခန်းဆီ သွားတွေ့ရလိမ့်မယ်။” ဖန့်ရှောင်နွမ်က ဒေါသတကြီးနဲ့ ပြောလိုက်သည်။ သူမမှာ တခြားသူတွေကို စိတ်ဆိုးအောင်လုပ်တတ်တဲ့ အစွမ်းရှိသည်။ အဲ့ဒါကလည်း သူမ ငယ်ငယ်က သင်ထားခဲ့တဲ့ဟာဖြစ်သည်။ တစ်နေ့တွင် သူမ မကူညီနိုင်ဘဲ အဘိုးအိုကို ဆေးရုံသို့ ပို့ဆောင်သည်အထိ ဒေါသထွက်စေလိမ့်မည်။

 

 

“မင်းဘယ်လို စိတ်ဆိုးအောင်လုပ်ပြီး ဆေးရုံကို ပို့မလဲဆိုတာကို ငါကြည့်ချင်သေးတယ်။”လို့ ကျီလင်းချန်က စိတ်ဝင်တစား ပြောလိုက်သည်။

 

 

သခင်ကြီးကျီက မနေ့ညက ထမင်းစားဝိုင်းကို နောက်ကျမှ ရောက်လာခဲ့သည်။ သူ့ရဲ့ ချွေးမကြီး ဖန်ချီနဲ့ ဒုတိယ ချွေးမ ဖန့်ရှောင်နွမ်ကို ရန်ဖြစ်ခဲ့ကြသည်။ ဒါကြောင့် ဒီနေ့ တမင်တကာ စောစောထသည်။ မိသားစုကြားထဲမှ ငြိမ်းချမ်းမှုရှိအောင် သူ ဒီတစ်ခါ နောက်ကျလို့ မရတော့ပေ။

 

 

သခင်ကြီးကျီ ရောက်နေတာကိုတွေ့တော့ ကျီလင်းချန်က ထွက်သွားဖို့ လှည့်လိုက်သည်။ ဖန့်ရှောင်နွမ်နဲ့ သခင်ကြီးကျီက အပြန်အလှန် ကြောင်ကြည့်နေသည်။ ဘယ်လောက်မှမကြာသေးခင်မှာပဲ ဖန့်ရှောင်နွမ်က အမြန် အကြည့်ဖယ်ပြီးတော့ ကျီလင်းချန်ထွက်သွားတာကို လက်ညှိုးထိုးလိုက်သည်။ “အဖေ၊ သမီး လင်းချန်ဆီကို သွားလိုက်ဉီးမယ်”လို့ ပြောလိုက်သည်။ ဖန့်ရှောင်နွမ်က ကျီလင်းချန်နဲ့ မီအောင် အမြန်ပြေးလိုက်ရသည်။

 

 

“ငါ့ကို ဂရုမစိုက်ကြပြန်ဘူးလား?” သူတို့နှစ်ယောက်ထွက်သွားတာကို မြင်ပြီးတော့ သခင်ကြီးကျီက အိမ်တောင်ထိန်းကို မေးဖို့ လှည့်ကြည့်လိုက်သည်။

 

 

အိမ်တော်ထိန်းက အနှောင့်မလွတ်၊ အသွားမလွတ်တဲ့ မေးခွန်းကို ပြန်မဖြေပေ။ အဲ့ဒီ့အစား သခင်ကြီးကျီ စိတ်ဝင်စားလောက်မယ့်အရာကို ပြောလိုက်သည်။ “သခင်ကြီး၊ ဒုတိယသခင်လေး ကျီလင်းချန်က မနေ့ညက အခန်းသစ်ထဲမှာ အိပ်ခဲ့တာပါ။”

 

 

“ဘာ? ကျီလင်းချန်က မနေ့ညက နွမ်နွမ်နဲ့အတူ တစ်ခန်းထဲမှာ နေခဲ့တာလား?” သခင်ကြီးကျီက အံ့ဩသွားသည်။ တခြားသူတွေမသိတဲ့ ကျီလင်းချန်ရဲ့အကြောင်းကို သခင်ကြီးကျီက အသိဆုံးပဲ။ သာမန်လူတွေကို ကျီလင်းချန်က ဘယ်တုန်းကမှ အာရုံစိုက်လေ့မရှိပေ။

 

 

အိမ်တော်ထိန်းက ခေါင်းညိမ့်လိုက်သည်။ ကျီလင်းချန်က မနေ့က တကယ်ပဲ ဖန့်ရှောင်နွမ်နဲ့အတူ နေခဲ့သည်။ အခန်းထဲမှာ ဘာဖြစ်လဲဆိုတာကတော့ သူတို့နှစ်ယောက်ပဲသိနိုင်သည်။

 

 

သခင်ကြီးကျီက တအားကျေနပ်နေသည်။ အစောနက သူ့ကို လစ်လျူရှုလို့ဖြစ်တဲ့ မကျေနပ်မှုလည်း ပျောက်သွားပြီ။ ကျီလင်းချန်နဲ့ ဖန့်ရှောင်နွမ်တို့ ထွက်သွားတာကို မြင်ပြီး သခင်ကြီးကျီက ပြုံးမိနေသည်။

 

 

မနက်စာစားရမယ့်အချိန်မှာ သခင်ကြီးကျီက စားပွဲရဲ့ ထိပ်မှာ ထိုင်နေသည်။ သူရဲ့အကြည့်တွေက ဖန့်ရှောင်နွမ်နဲ့ ကျီလင်းချန်ပေါ်မှာပဲ ရောက်နေခဲ့သည်။ အဲ့ဒီအချိန်မှာ ဖန့်ရှောင်နွမ်က ကျီလင်းချန်ကို အိမ်ပြောင်းနေချင်တဲ့အကြောင်းပြောနေသည်။

 

 

ဘယ်လိုပဲဖြစ်ဖြစ် ကျီလင်းချန်က ဖန့်ရှောင်နွမ်ကို ကတိပေးထားသည်။ ဒါကြောင့် သူမက အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူ့ကို စပြီးတော့ ပြောတော့သည်။ “ရှင့်ကတိကို ရှင် မတည်ဘူးဆိုတာက မကောင်းဘူးနော်။ ပြီးတော့ အိမ်ပြောင်းပြီးနေရင် ရှင် အခက်အခဲရှိတဲ့အခါ ကျွန်မက ကူညီပေးနိုင်တယ်။ ကျွန်မတို့ အိမ်ပြောင်းမယ်လို့ ရှင် ကတိပေးထားတယ်လေ။ စကားနဲ့ပဲ ကတိပေးထားလို့ဆိုပြီး ရှင့် ကတိကို ဖျက်လို့မရဘူးလေ။”

 

 

ဖန့်ရှောင်နွမ်က အသံတိုးတိုးလေးနဲ့ ပြောနေတဲ့အတွက် ဘယ်သူမှ သူမ ပြောတာကို မကြားရပေ။ တခြားသူတွေမကြားအောင် လုပ်ပြီး ကျီလင်းချန်ကို သူမ စကားတွေအများကြီး ပြောနေသည်။ သူမ အာခြောက်တဲ့အခါ ရေသောက်ဖို့ပဲ နားသည်။

 

 

“ငါတို့ အိမ်ပြောင်းမယ်လို့ပဲ မင်းကို ငါ ကတိပေးထားတယ်၊ ဒါပေမဲ့ ဘယ်အချိန်ပြောင်းမယ်ဆိုပြီးတော့ ကတိမပေးထားဘူး။” ကျီလင်းချန်က စကားဖြတ်ပြောဖို့ အခွင့်အရေးကို ယူကာ ပြောလိုက်သည်။ ဒီလို မိန်းကလေးငယ်လေးက အဲ့လောက်ပြောစရာတွေရှိလိမ့်မယ်လို့ သူ မသိခဲ့ချေ။

 

......

 

ဖန့်ရှောင်နွမ်က ဘာဆက်ပြောရမလဲ မသိတော့အောင်ကို စိတ်ဆိုးနေသည်။ အဲ့ဒီစကားရဲ့ အမှန်ကို သူမသေချာစဉ်းစားမိသွားသည်။ သူမရဲ့ သစ်ရွက်ကလေးလို နူးညံ့ပြီး ကော့ဆင်းနေတဲ့ မျက်ခုံးက နည်းနည်း ကြုံ့သွားပြီး သူမရဲ့ ချယ်ရီသီးလေးလို ပါးစပ်က ဒေါသတွေနဲ့ ပြည့်သွားသည်။

 

 

ကျီလင်းချန်က ဖန့်ရှောင်နွမ် သူ့ကို စိတ်ဆိုးသွားတယ်ဆိုတာကို သိလိုက်ပြီး ပြုံးတာခပ်ရှားရှားဆိုတဲ့သူက ပြုံးလိုက်သည်။ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေတဲ့ သူတို့နှစ်ယောကို မြင်ပြီး သခင်ကြီးကျီ လန့်သွားသည်။ သူတို့နှစ်ယောက်ကို သခင်ကြီးကျီက အပြန်အလှန်ကြည့်ရင်း စဉ်းစားနေမိသည်။ “ငယ်ရွယ်တဲ့သူတွေရဲ့ ဆက်ဆံရေးက တကယ်ပဲ မြန်တာကို။ သူတို့နှစ်ယောက်က တစ်ခါလည်း အိပ်ပြီးသွားပြီ….”

 

 

ဖန့်ရှောင်နွမ်က တဖြေးဖြေးနားလည်လာသည်။ ကျီလင်းချန်က သူမကို ကျီအိမ်တော်ကနေ လွယ်လွယ်နဲ့ ပြောင်းခွင့်ပေးမှာမဟုတ်ဘူး။ သူမက ခက်ထန်ချင်ယောင်ဆောင်ပြီး “ဟမ့်…ရှင်စောင့်ကြည့်လိုက်။ နောင်တရသွားစေရမယ်”လို့ ပြောလိုက်သည်။

 

 

ဖန်ချီနဲ့ ကျီခန့်တိက ရောက်လာတာ နည်းနည်းနောက်ကျနေပြီဖြစ်သည်။ သံချက်ညီကာ နွေးထွေးတဲ့ လေထုလေးလည်း ပျောက်ကွယ်သွားသည်။ ဖန်ချီက မနေ့က လင်းရိုရဲ့ သွေးထိုးမှုကြောင့် အစော်ကားခံခဲ့ရသည်။ သူမရဲ့ ဖန့်ရှောင်နွမ်ပေါ် အထင်အမြင်ကလည်း ခိုင်မာသွားသည်။

 

 

ကျီလင်းချန်ရဲ့ မျက်လုံးထဲမှာ အပြုံးတွေဝေနေသည်။ တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ သူ့ရဲ့ ဘေးနားက မိန်းကလေးကို စိတ်ဝင်တစား ကြည့်နေသည်။ သူမကတော့ ကြောက်မနေဘဲ သူမနဲ့ ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ ဖန်ချီကို သေချာ ကြည့်နေသည်။

 

 

ဖန်ချီနဲ့ ဖန့်ရှောင်နွမ်ရဲ့ ကြားထဲက တင်းမာမှုကို ကျီခန့်တိလည်း သတိထားမိသည်။ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေဖို့ သူမိန်းမရဲ့ ပုခုံးလေးကို ပုတ်ပြီး ပြဿနာမရှာဖို့ သတိလေး ပေးလိုက်သည်။

 

 

တချို့သူတွေအတွက်တော့ သူတို့နှစ်ယောက်ကို ရန်မဖြစ်ဖို့ပြောတာက  ပိုဆိုးအောင်လုပ်နေသလိုပဲဖြစ်မှာ။ “ဖန့်ရှောင်နွမ်၊ ကျီလင်းချန် တကယ်ချစ်တာ ယဉ်ကျေးသိမ်မွေ့တဲ့သူ၊ နင့်လို မဟုတ်ဘူး။”

 

 

ကျီလင်းချန်က ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေပေမဲ့ သူ့ကို ထည့်ပြောလိမ့်မယ်လို့ မထင်ထားမိပေ။ သူ့ရဲ့ သိမ်းငှက်လို စူးရှနေတဲ့ မျက်လုံးတွေနဲ့ ဖန်ချီကို အလျင်အမြန် ကြည့်လိုက်သည်။ ဖန်ချီက ကျီလင်းချန်ရဲ့ သေစေလောက်တဲ့ အကြည့်တွေကိုတင် မဟုတ်ဘဲ မျက်နှာပျက်နေတဲ့ သခင်ကြီးကျီကိုပါ လျစ်လျူရှုထားမိနေသည်။

 

 

“သူမသာ သူ့ရဲ့ အချစ်စစ်ဆိုရင်၊ ဘာလို့ ငါ့ယောကျာ်းက သူမကို လက်မထပ်ခဲ့တာလဲ? လင်းရိုက ငါ့ယောကျာ်း ဖတ်ပြီးသွားတဲ့ စာအုပ်တစ်အုပ်သာသာပဲ။ ဒါက လင်းချန်ရဲ့ အတိတ်အကြောင်းလေ။ ဘာကြောင့် အတိတ်ကို ဘာလို့ပြန်ပြီးဖော်နေရတာလဲ? သူသာ ငါ့ကို ချစ်နေရင် ဘာမှ ဂရုမစိုက်ဘူး။” လို့ ဖန့်ချောင်နွမ်က ဖန်ချီပြောတာတွေကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။