လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၃၀
ကျီမိသားစုက
တစ်ညလုံး ဖန့်ရှောင်နွမ်ကို လိုက်ရှာနေခဲ့သည်။ သခင်ကြီးကျီတောင်မှ သိနေသည်။ သူက ဆိုဖာပေါ်ထိုင်နေပေမယ့်
သူ့ကို နှောင့်ယှက်မယ့် သူ အကုန်လုံးကို ကြောက်နေအောင် လုပ်နေတဲ့ပုံဖြစ်နေသည်။ ဖန့်ရှောင်နွမ်ကို
အခုကျမှ သင်ပေးလို့လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျီလင်းချန်ကလည်း တစ်ညလုံး မအိပ်ရသေးပေ။
သူက ဖန့်ရှောင်နွမ် ပြန်လာမှာကို စောင့်နေသည်။
နောက်နေ့နေ့ခင်းမှာ
ဖန့်ရှောင်နွမ်က သူမရဲ့ စိတ်ကို အကောင်းဆုံး ပြင်ဆင်ပြီး ကျီမိသားစုအိမ်ကို ပြန်သွားခဲ့သည်။
သူမက ဖြေးဖြေးချင်း မဝင်သွားခင်မှာပဲ ကျီမိသားစုအိမ်တော်ရဲ့ တံခါးပေါက်မှာ ခဏရပ်နေသည်။
သူမ မနေ့ညက အိမ်မပြန်သွားခဲ့တဲ့အတွက် ဆုံးမ၊ ပြောဆိုခံရမှာကို ရှောင်လို့မရတော့ဘူး။
ဖန့်ရှောင်နွမ်က
မနေ့က ကျီမိသားစုကို ဘာမှကို မထိန်းချုပ်ထားဘဲ စိတ်ဆိုးဒေါသထွက်ခဲ့သည်။ အခုတော့ သူမ
အတော် စိတ်အေးသွားပြီ။ သူမကိုယ်သူမ ဒေါသကို ထိန်းထားပြီး စိတ်မဆိုးတော့အောင် ကြိုးစားနေသည်။
သူမကြောင့် အိပ်မောကျသွားတဲ့ ကျီလင်းချန်ရဲ့ မျက်လုံးတွေ ရုတ်တရက် ပွင့်သွားသည်။ သူက
မညီမညာနဲ့ ပုံစံမကျဘဲ လျှောက်လာတဲ့ သူ့ရဲ့မိန်းမကို လှည့်ကြည့်လိုက်သည်။ သူက ဆိုဖာပေါ်မှာ
ထိုင်နေသည်။ ပြီးတော့ ထိုင်နေတဲ့ပုံစံကို ကြည့်ကောင်းအောင် ပြင်လိုကသည်။
“မင်း
မနေ့ညက အိမ်မပြန်လာဘူး၊ ငါတို့ကိုလည်း ဘာမှမပြောသွားဘူး။ မင်း ဘယ်လိုလုပ်တာလဲ? မင်းက
ငါ့ကိုတောင် အော်ခဲ့တာလား?” သခင်ကြီးကျီရဲ့ မျက်လုံးတွေကာ ဒေါသကြီးနေတဲ့အတွက် ပြူးနေသည်။
သူက ဖန့်ရှောင်နွမ်ကို တကယ်ကို လန့်အောင်လုပ်နေသည်။
ဖန့်ရှောင်နွမ်က
“အဖေ၊ ကျွန်မ မနေ့က ကျွန်မသူငယ်ချင်းရဲ့ အိမ်ကို သွားခဲ့တာပါ။ ဟိုရောက်တော့မှ ကျွန်မ
ဖုန်းမယူလာဘူးဆိုတာ သိခဲ့တာပါ။ ဒါကြောင့် ကျွန်မ အဖေတို့ကို ပြောလို့မရခဲ့တာပါ။
“ငါ့ကို
အဖေလို့ မခေါ်နဲ့” သခင်ကြီးကျီရဲ့ အသံက ကြမ်းတမ်းနေပြီး စိတ်ဆိုးစွာနဲ့ ကြိမ်းမောင်းနေသည်။
ဖန့်ရှောင်နွမ်က
နှုတ်ခမ်းကို ကိုက်ထားပြီး သူမ ပြောမယ့်စကားတွေကို မြိုသိပ်နေလိုက်သည်။ အဲ့ဒီအချိန်
သူမသာ ထပ်ပြောလိုက်ရင် လုံးလုံးအရူးဖြစ်သွားလိမ့်မည်။
သခင်ကြီးကျီက
အစက ဒေါသထွက်ပြီးတော့ ဖန့်ရှောင်နွမ်ကို ကျီလင်းချန်နဲ့တောင် ကွာရှင်းပြတ်စဲခိုင်းချင်ခဲ့သည်။
အခု ဖန့်ရှောင်နွမ်က ရပ်ပြီးတော့ ဆုံးမပြောဆိုတာကို နာခံနေတာကို သူမြင်တော့ ဒေါသတစ်ဝက်လောက်
လျော့သွားသည်။ ပြီးတော့ သူက အိမ်တော်ထိန်း သတိပေးထားတာကို ပြန်ပြီးတွေးမိနေသည်။ အမှားလုပ်တဲ့ကိုယ်တိုင်ပဲ
အဲ့ဒီအမှားကို ပြင်နိုင်သည်။ ဘယ်လိုပဲဆိုဆို၊ သူကိုယ်တိုင်ပဲ ဖန့်ရှောင်နွမ်ကို ကျီမိသားစုဝင်ဖြစ်လာဖို့
တောင်းဆိုခဲ့တာပဲ။
“မေ့လိုက်တော့၊
ဖန့်ရှောင်နွမ် မင်းအပြစ်ကို ဝန်ခံလား?” သခင်ကြီးကျီက သက်ပြင်းချကာ ပြောနေရင်းက ဖန့်ရှောင်နွမ်ကို
စိုက်ကြည့်နေသည်။
ကျီလင်းချန်က
တစ်ချိန်လုံး ဘာမှကို မပြောပေ။ သူက ဖန့်ရှောင်နွမ် မနေ့က ဖြစ်ခဲ့တဲ့အပေါ် တောင်းပန်မလားဆိုတာကိုပဲ
သိချင်နေသည်။ သူမက တစ်ညလုံး မစဉ်းစားမဆင်ခြင်ဘဲ အပြင်မှာ နေခဲ့သည်။ သူမသာ အနည်းဆုံး
အိမ်ကိုဖုန်းခေါ်ခဲ့ရင်၊ သူက သူမကို ပြန်လာဖို့ ပြောလို့ရလောက်သည်။
“ကျွန်မ
ဝန်မခံပါဘူး။” ဖန့်ရှောင်နွမ်ရဲ့အဖြေက ကျီလင်းချန် ခန့်မှန်းထားတဲ့အတိုင်းပင်။ ဒီမိန်းကလေးက
နွားထီးတစ်ကောင်းလိုပဲ အရမ်းခေါင်းမာသည်။ သူမရဲ့ အဖြေက စဉ်းစားစရာမလိုလောက်အောင် သခင်ကြီးကျီ
ထိန်းထားတဲ့ ဒေါသကို သွားဆွလိုက်သည်။
“ဒါဆိုလည်း
သီးသန့်ခန်းထဲကို သွားပြီး မင်းအမှားတွေကို ပြန်သုံးသပ်ချေ။ မင်းအမှားကို မင်းဝန်မခံမချင်း
အခန်းထဲက ထွက်မလာနဲ့။” သခင်ကြီးကျီက ဒီတစ်ကြိမ်တော့ သူမကို ဒီတိုင်းလွှတ်မပေးတော့ချေ။
အဲ့ ဒီအစား သူက မပျော်မရွှင်တဲ့ လေသံနဲ့ ပြောလိုက်သည်။ ဖန့်ရှောင်နွမ်က စိတ်ထားနည်းနည်းလောက်ညနူးညံရင်
သူ အဲ့လိုလုပ်မှာမဟုတ်ဘူး။
သခင်ကြီးကျီက
အိမ်တော်ထိန်းကို တစ်ချက်ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်က ခေါင်းမာတဲ့ မိန်းကလေးဆိုတာကို
သူ သိလို့ အိမ်တော်ထိန်းကို သူမကို ဖြောင်းဖြစေချင်သည်။
အိမ်တော်ထိန်းက
ဖန့်ရှောင်နွမ်ကို သီးသန့်ခန်းထဲ ခေါ်သွားသည်။ အခန်းထဲကိုလည်း သူ ရောက်ရော၊ စိတ်အေးနေယောင်ဆောင်နေတဲ့
မိန်းကလေးကို အိမ်တော်ထိန်းက ကြည့်လိုက်သည်။ သူက “ဒုတိယသခင်မလေး၊ သခင်ကြီးကို အပြစ်ဝန်ခံပြီး
တောင်းပန်လိုက်ပါ။ အမှားကို ဝန်ခံလိုက်ရင် ဒီကိစ္စပြီးသွားမှာပါ။ ဒီလိုလည်း သီးသန့်နေစရာ
မလိုတော့ဘူးလေ”လို့ ပြောလိုက်သည်။
“ပြောပြပေးလို့
ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မက ဘာအမှားမှ မလုပ်ထားတဲ့အတွက်၊ ဘာမှလည်း ဝန်မခံနိုင်ပါဘူး။”
ဖန့်ရှောင်နွမ်က မှောင်နေတဲ့ အခန်းလေးထဲကို သူမဘာသာဝင်သွားပြီး ခေါင်းမာစွာနဲ့ပဲ တံခါးကို
ပိတ်လိုက်သည်။
ဖန့်ရှောင်နွမ်က
သူမ ပြောဆိုခံရမယ်လို့သာ တွေးထားပေမယ့် အပြစ်ပေးခံရမယ်လို့တော့ မတွေးမိခဲ့ပေ။ ဒီအပြစ်ပေးတာကလည်း
ထိန်းချုပ်ခံထားရတာပဲ။ သူမက အကူအညီမဲ့စွာနဲ့ ခေါင်းရမ်းနေသည်။ အခန်းကျဉ်းမှောင်လေးရဲ့
တံခါးကို ပိတ်လိုက်တဲ့အခါ အခန်းက တကယ်ကို အမှောင်ကျသွားခဲ့သည်။ သူမ လက်ချောင်းတွေကိုတောင်
မမြင်နိုင်တော့တဲ့အထိ မှောင်နေသည်။ သူမ ခေါင်းမော့ပြီးတော့ နံရံကို လိုက်ရှာနေသည်။
မကြာဘူး၊ သူမ မီးခြစ်ကို တွေ့သွားသည်။ အခန်းမှောင်လေးက မီးရောင်မှိန်မှိန်လေးကြောင့်
လင်းသွားသည်။
ဒီနေရာကျဉ်းလေးက
တစ်ဆယ်မီတာ ပတ်လည်ပဲရှိသည်။ ဖန့်ရှောင်နွမ်က ကြမ်းပြင်ပေါ်မှာ တင်ပြင်ခွေထိုင်လိုက်သည်။
ကံကောင်းစွာနဲ့ အခန်းက သိပ်မပူနေချေ။ သူမ လက်ပေါ်မေးတင်ကာ အနားယူလိုက်ပြီး ဒီလေးငါးရက်အတွင်း
သူမ ကြုံတွေ့နေရတာတွေကို တွေးမိနေသည်။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့တာတွေထက်တောင်
ပိုပြီး တွေ့ကြုံရတာတွေက များပြားလွန်းနေသည်။
ဒီနေ့ခေတ်
မိန်းကလေးတွေက လက်ထပ်ရမှာကို ကြောက်ကြတယ်ဆိုတာကလည်း အံဩစရာမရှိတော့ချေ။ သူမ အတော်ပင်ပန်းနေသည်။
လက်ထပ်လိုက်တာက သူမအတွက်တော့ သာသာယာယာဖြစ်နေတဲ့ဘဝကနေ ဘယ်အထပ်ဖြစ်မယ်မှန်းမသိတဲ့ အန္တရာယ်ရှိတဲ့
ဘဝကို ခုန်ချလိုက်တာနဲ့ တူနေသည်။ နေ့တိုင်းက လျှို့ဝှက်ဆန်းကြယ်နေပြီး ကစားပွဲတစ်ခုလိုဖြစ်နေသည်။
ဖန့်ရှောင်နွမ်
စိတ်ပျက်နေသည်။ သူမ ထလိုက်ပြီး အခန်းကျဉ်းလေးထဲမှာ လျှောက်သွားခဲ့သည်။ ရုတ်တရက် နံရံက
တစ်ခုခုပြောင်းသွားတာကို သိလိုက်သည်။ နံရံက ကုတ်ရာ ခြစ်ရာတွေနဲ့ ပြည့်နေသည်။ သူမက
“တခြားသူတွေလဲ ဒီအခန်းထဲမှာ ပိတ်ထားခံခဲ့ရပြီး သူတို့ ဘယ်လောက် သီးသန့်ထားခံရလဲဆိုတာ
သိအောင်ခြစ်မှတ်ထားတာလား?”ဆိုပြီး သူမ ဘာသာသူမ တွေးနေမိသည်။
သူမက
ပုံဆက်ဆွဲနေဖို့ လုပ်လိုက်သည်။ ဒါပေမဲ့ ပစ္စည်းတွေက သူမနဲ့ ရှိမနေပေ။ “ဒီလူက ဒီမှာခဏခဏ
ပိတ်ထားခံရတယ်နဲ့ တူတယ်။ စာရေးကိရိယာတွေကို ဒီကိုဘယ်လိုယူလာရမလဲဆိုတာတောင် သိတယ်။”
ပျင်းနေတဲ့ ဖန့်ရှောင်နွမ်က သူမဘာသာ တိုးတိုးလေးပြောလိုက်သည်။
ဧည့်ခန်းထဲမှာ၊
ဖန့်ရှောင်နွမ် ထွက်သွားတဲ့အခါ အပေါ်ထပ်ကနေ နားထောင်နေတဲ့ ဖန်ချီက အောက်ဆင်းလာသည်။
ကျီလင်းချန်က ထရပ်ပြီး “ဒီမှာအကုန်လုံးရှိနေလို့ တစ်ခုပြောရဉီးမယ်။ ဖန့်ရှောင်နွမ်က
ငါ့ရဲ့မိန်းမပဲ။ ငါ့ကို ရိုသေလေးစားရင် သူမကိုလည်း လေးစားရမှာပဲ။ အကယ်၍ ငါ့မိန်းမက
မင်းတို့အတွက် အမြင်ကပ်စရာကောင်းရင် သူမကို ငါ တခြားဆီ ခေါ်သွားမယ်။”