အပိုင်း ၂၉
Viewers 1k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၂၉

 

 

 

“ကောင်းတယ်၊ နွမ်နွမ်။ တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်ရင် သူ့ကိုလည်း ပြန်အနိုင်ကျင့်လိုက်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာက တရားဝင်တယ်လို့ ငါ့အစ်ကိုက ပြောတယ်။” ဟယ်လိလိက ဖန့်ရှောင်နွမ်ကို တစ်ရှူးပေးလိုက်ပြီး ကျောကုန်းလေးကို ပွတ်ပေးနေသည်။

 

 

ဖန့်ရှောင်နွမ်ရဲ့ စိတ်အခြေအနေ ကောင်းလာသည်။ သူမက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို ခေါင်းငြိမ့်ပြပြီး မနည်းပြုံးလိုက်သည်။

 

 

ဟယ်လိလိ - “နင် စိတ်မကောင်းဖြစ်နေရင်၊ ငိုချလိုက်။ နင့်ရဲ့ မနည်းကြိုးစားပြီး ပြုံးပြနေတာက ငိုနေတဲ့မျက်နှာထက်တောင် ရုပ်ဆိုးနေတယ်ဆိုတာ နင် မသိဘူးမလား။”

 

 

အဲ့ဒီညမှာပဲ ဟယ်ကျွင့်က အလုပ်ကနေ အိမ်ပြန်လာခဲ့သည်။ သူက ကုတ်အင်္ကျီကို တမင် သူ့ရဲ့ လက်ပေါ်ထင်လိုက်သည်။ ဟယ်ကျွင့်က ကြည့်ကောင်းသည်။ ပြီးတော့ အမြဲမှန်တာကိုပဲ လုပ်တတ်သည်။ သူက တအားကို တည်ကြည်တဲ့သူဖြစ်ပေမဲ့ ဟယ်လိလိနဲ့ဆိုရင်တော့ အမြဲတမ်းပြုံးရွှင်တဲ့ မျက်နှာဖြစ်နေသည်။

 

 

ဟယ်လိလိ ဘေးနားမှာရှိနေတာက ဖန့်ရှောင်နွမ်ကို အနေခက်စေသည်။ ဖန့်ရှောင်နွမ်က ဟယ်ကျွင့်ရဲ့လက်ပေါ်က ကုတ်အင်္ကျီကို မြင်သွားသည်။ သူမက 'သူက အခုအင်္ကျီကိုလည်း မလိုတော့ပဲနဲ့ လက်မောင်းပေါ်တင်ထားသေးတယ်'ဆိုပြီး တွေးနေမိသည်။

 

 

ဟယ်ကျွင့် လက်တွေကို ဖန့်ရှောင်နွမ် မြင်လိုက်တော့မှ သူက လက်ထဲမှာ တစ်ခုခုကို တမင်ဖွက်ထားတယ်ဆိုတာ သိလိုက်သည်။

 

 

ဟယ်လိလိ လျှောက်လာတဲ့အခါ ဖန့်ရှောင်နွမ်က သူမကို “နင့်အစ်ကိုရဲ့ အင်္ကျီရဲ့ အောက်မှာ ဘာရှိလဲဆိုတာ ကြည့်လိုက်”လို့ သတိပေးလိုက်သည်။ ဟယ်လိလိ ကြားသွားတဲ့အခါ သူမက သူမအစ်ကိုရဲ့လက်က အင်္ကျီကို ဆွဲယူလိုက်ပြီး အမိဖမ်းတော့သည်။

 

 

ပြီးတော့ ဟယ်ကျွင့်က အစောနက သူဖုံးထားတာကို ကာဖို့ အင်္ကျီကို ပြန်ဆွဲယူလိုက်သည်။ သူက “အစားကြီးတဲ့ကြောင်လေး၊ မင်း မသောက်ချင်ဘူးလား”လို့ မေးလိုက်သည်။

 

 

“ငါ့အစ်ကိုက အကောင်းဆုံးပဲ” ဟယ်လိလိက ပြုံးလိုက်ပြီး သူမရဲ့ မျက်လုံးတွေ ဝင်းလက်သွားသည်။ သူမအကိုက သူမကို အမြဲအလိုလိုက်ပြီး လိုချင်တာကို အမြဲပေးတတ်သည်။

 

 

ဟယ်ကျွင့်က ဖန့်ရှောင်နွမ်ကို ကြည့်လိုက်တဲ့အခါ မမျှော်လင့်ထားသလိုမျိုး သူ့မျက်လုံးတွေက ဝင်းလက်သွားသည်။ “ အရက်မပါပါဘူး။ မစိုးရိမ်ပါနဲ့။ မင်းတို့ အေးဆေးနေပါ။ ငါသွားတော့မယ်။”

 

 

ဟယ်လိလိက နို့လက်ဖက်ရည်ယူပြီး ဖန့်ရှောင်နွမ်ကို အခန်းထဲ ခေါ်သွားခဲ့သည်။ ပြီးတော့ သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် စကားတွေပြောခဲ့ကြသည်။

 

 

သူမ ဟယ်လိလိနဲ့ ရှိနေတဲ့အခါ ဖန့်ရှောင်နွမ်က သူမကိုယ်သူမက အိမ်ထောင်ပြုပြီးပြီဆိုတာတောင် မေ့နေသည်။ အရာအားလုံးက အရင်က အတိုင်းပဲ ဖြစ်နေသည်။ သူမက ဖန့်မိသားစုရဲ့ သမီးဖြစ်ပြီး ဖန့်မိသားစုက မြတ်နိုးတန်ဖိုးထားတဲ့ ရတနာလေးဖြစ်ကာ ဘယ်သူကမှ ဖန့်မိသားစုရဲ့ အကြီးဆုံးသမီးကို မထိပါးရဲကြပေ။ သူမက သူမရဲ့ စိတ်ဆိုး၊ ဒေါသဖြစ်တာကိုလည်းကိုလည်း ထိန်းချုပ်စရာမလိုခဲ့ချေ။

 

 

သူမ အရင်က ရခဲ့တဲ့ လွတ်လပ်မှုတွေကို နှစ်သက်သည်။ သူမက အနည်းငယ်ကျယ်တဲ့ အခန်းလေးထဲမှာ နောက်တစ်ခါစကားမများရအောင် ပိတ်လှောင်ပြီးနေနေရတာကို မကြိုက်ပေ။ သူမက သူမရဲ့အချစ်ဆုံး သူငယ်ချင်းဟယ်လိလိနဲ့ဆိုရင် ဖန့်ရှောင်နွမ်က သူမရဲ့ စိတ်ဆင်းရဲတာတွေကို အကုန်မေ့ပြီးတော့ နောက်ကျတဲ့အထိ သူမနဲ့ စကားပြောလေ့ရှိသည်။

 

 

သို့သော်၊ ကျီမိသားစုက သူမကို နေရာတိုင်းမှာရှာနေတယ်ဆိုတာကို ဖန့်ရှောင်နွမ် မသိပေ။

 

 

ကျီလင်းချန်က ထပ်ပြီးစောင့်နေလို့မရဘူးဆိုတာကို သိတော့ သူ့ရဲ့လက်အောက်ငယ်သားတွေကို ခေါ်ပြီး ကျီမိသားစုကို စောင့်ကြည့်ခိုင်းကာ၊ ဖန့်ရှောင်နွမ်ကိုလည်း ရှာခိုင်းထားသည်။ ပြီးတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကိုလည်း ကူညီဖို့ ဖုန်းခေါ်လိုက်သည်။

 

 

အိပ်တော့မလို့ လုပ်နေတဲ့ ယဲ့မုပိုင်က သူ့အချစ်ဆုံးသူငယ်ချင်းဆီက ဖုန်းကိုကိုင်လိုက်သည်။ “ဘာ? ဘယ်သူက ဖန့်ရှောင်နွမ်လဲ? မင်းက လက်ထပ်ပြီးသွားပြီ? သေစမ်း၊ မင်းအိမ်ထောင်ကျသွားပြီ။ ငါတောင် မသိလိုက်ရပါလား? ဘယ်လိုအခြေအနေဖြစ်နေတာလဲ? မင်း မိန်းမ ပျောက်သွားတာလား?”

 

 

သူ့ရဲ့ တရစပ်မေးခွန်းမေးတာကြောင့် ကျီလင်းချန် ခေါင်းကိုက်လာသည်။ သူက အရင်တုန်းက ပြုမူခဲ့တဲ့အတိုင်းမဟုတ်ဘဲနဲ့ အေးအေးဆေးဆေး ပြန်ဖြေပေးလိုက်သည်။ “ငါ လက်ထပ်ပြီးသွားပြီ၊ ဖန့်ရှောင်နွမ်က ငါ့ရဲ့ မိန်းမပဲ။ အခု သူမ ပျောက်သွားလို့”

 

 

“နေဉီး၊ ငါ့ကိုယ်ငါ ဆွဲဆိတ်ကြည့်ပါဉီးမယ်။ ငါအိပ်မက်များမက်နေတာလာ?” ယဲ့မုပိုင်က အနောက်ခံရသလိုမျိုး လုပ်နေသည်။ သူက ဘယ်လိုမှ သေချာမစဉ်းစားတတ်တော့ပေ။ သူ မယုံနိုင် ဖြစ်နေမိသည်။

 

 

ကျီလင်းချန်က “မင်း တွေးနေတာတွေရပ်ဖို့ ငါ သုံးစက္ကန့်ပေးမယ်။ အခုချက်ချင်းထပြီးတော့ သူမကို ရှာဖို့ ငါ့ကို ကူညီစမ်းပါ။”

 

 

ယဲ့မုပိုင်က လန့်ပြီး ကုတင်ပေါ်က လိမ့်ကျသွားသည်။ အခုတော့ သူ အိပ်မက်မက်နေတာ မဟုတ်ဘူးဆိုတာကို သိသွားသည်။ သူ့ရဲ့ သူငယ်ချင်းက တိတ်တိတ်လေး လက်ထပ်ခဲ့သည်။ လက်ထပ်ရုံတင်မဟုတ်ဘဲ အခု သူ့မိန်းမက ပျောက်နေသည်။

 

 

ဒါ့ကြောင့် ခဏအကြာ ကျီလင်းချန် ဖုန်းချလိုက်ပြီးတဲ့အခါမှာ သူ့ရဲ့ဖုန်းက နိုင်ငံခြားရောက်နေတဲ့ သူ့သူငယ်ချင်းတွေ ဖုန်းခေါ်တာတွေနဲ့ ပြည့်နေသည်။ သူတို့အားလုံးက ဖုန်းခေါ်ပြီး “လင်းချန်၊ မင်းမိန်းမက လက်ထပ်ပြီးသွားတော့ တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတယ်လို့ မုပိုင်ဆီက ငါကြားတာ ဟုတ်လား?”လို့ မေးကြသည်။

 

 

“ငါ့ကောင်ကြီး၊ တကယ်တမ်း စဉ်းစားကြည့်ရင် မင်းမှာ ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။ မင်းရုပ်ရည်ကလည်း အဆိုးကြီး မဟုတ်ပါဘူး။ ဘာလို့ မင်းလက်ထပ်ပြီးပြီးချင်း မင်းမိန်းမက တခြားတစ်ယောက်နဲ့ ထွက်ပြေးသွားတာလဲ။

 

 

ကျီလင်းချန်က အသက်ပြင်းပြင်းရှုလိုက်သည်။ “ငါသာ အခု ယဲ့မုပိုင်ကို မလိုဘူးဆိုရင် သူ့ပါးစပ်ကို ငါပိတ်သွားအောင် ချူပ်ထားလိုက်ပြီ။” မဟုတ်ဘူး။ သူ့ကိုယ်သူ အဆိပ်ခတ်ဖို့ ဆေးပြင်းပြင်းပဲ သူလိုတာ။

 

 

“ငါ စိတ်မဆိုးပါဘူး၊ စိတ်မဆိုးဘူး။ မင်းရဲ့ သူငယ်ချင်းကောင်းအနေနဲ့ အခုပဲ ပြန်လာပြီး အဖော်လုပ်ပေးမယ်။” မုရုံက သူ့သူငယ်ချင်းရဲ့ မိန်းမက တခြားတစ်ယောက်နဲ့ထွက်ပြေးသွားတယ်ဆိုတာလည်း သိတော့ ကျီလင်းချန်ကို တစ်ခါတည်း စစ်မေးဖို့ လုပ်လိုက်သည်။

 

 

ဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာသူ့ကို အဖော်လုပ်ပေးဖို့ သူငယ်ချင်းကောင်းတွေ သူ့ဘေးမှာ လိုအပ်သည်။

 

 

မုရုံနဲ့ ကျီလင်းချန်ရဲ့ တခြားသူငယ်ချင်းသုံးယောက်လည်း ကူညီဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့အားလုံးက ကူညီချင်တယ်သာ ပြောနေပေမယ့် တကယ်တမ်း ကျီလင်းချန်ကို ဒီလိုဖြစ်သွားအောင်လုပ်ခဲ့တာ ဘယ်လိုမိန်းကလေးလဲဆိုတာကို ပိုသိချင်နေကြသည်။