လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၂၈
သခင်ကြီးကျီက
“လင်းချန်၊ သူမက မင်းရဲ့ မရီးနော်”လို့ သတိပေးလိုက်သည်။
ကျီလင်းချန်က
ရုတ်တရက် ထရယ်ပြီး၊ “စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊ သူမက ကျွန်တော့်ရဲ့ မရီး။ ဖန့်ရှောင်နွမ်က
ကျွန်တော်ရဲ့ မိန်းမဆိုတာကို မေ့သွားပြီလာ? မရီးအတွက်နဲ့ ကျွန်တော့်မိန်းမကို ခံစားရအောင်
လုပ်ချင်နေတယ်လို့တော့ မပြောနဲ့နော်။ ကျွန်တော် ကျီလင်းချန်က ဒီလို ကိစ္စမျိုးကို အဖြစ်ခံမှာမဟုတ်ဘူး။”
သခင်ကြီးကျီက
ဘာမှမပြောတော့ပေ။ အဲ့ဒီအစား သူက ကျီလင်းချန် သူ့မိန်းမအတွက် ရပ်တည်ပေးနေတာ မြင်တာကြောင့်
သူ ဖန်ချီကို ပြောလိုက်သည်။ “ကျီမိသားစုရဲ့ စည်းကမ်းတွေက အပြုအမူတွေပေါ်မှာ မူတည်တယ်။
ဒါ့ကြောင့် မရီးက ကျီမိသားစုဝင်တစ်ယောက်အနေနဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ ကျီမိသားစုဝင်
မဟုတ်ဘူးဆိုရင်တော့ လိုက်နာစရာမလိုဘူး”
အဲ့လိုပြောပြီးနောက်
ကျီလင်းချန်က ထမင်းစားခန်းထဲက ထွက်သွားခဲ့သည်။ ဖန့်ရှောင်နွမ်ကို ရှာဖို့ သူ အပေါ်ကိုတက်သွားတဲ့အခါ
မိန်းကလေးက အခန်းထဲမှာ မရှိတော့ဘူးဆိုတာ သိလိုက်ရသည်။ သူက အိမ်စေကို ခဏရပ်ခိုင်းပြီး
“ဒုတိယ သခင်မလေး ဘယ်သွားတာလဲ”လို့ မေးလိုက်သည်။
အိမ်စေက
“အခုလေးတင် ဒုတိယသခင်မလေးက ငိုပြီး ထွက်ပြေးသွားတယ်။ ဘယ်သွားလဲဆိုတာတော့ မသိပါဘူး။”လို့
ပြန်ဖြေလိုက်သည်။
ကျီလင်းချန်က
ကျီအိမ်တော်ထဲမှာ ပတ်ရှာပေမယ့် ဘယ်နေရာမှာမှ ဖန့်ရှောင်နွမ်ကို မတွေ့ပေ။ သူမက တစ်နေရာရာမှာ
ငိုဖို့ ပုန်းနေတာလို့ ထင်ရသည်။ နောက်ဆုံးမှာ၊ ကျီလင်းချန်က ရှာနေတာ ရပ်လိုက်ပြီး အပြင်မှာ
သူမ ငိုချင်ငိုပါစေ ဆိုပြီး ထားလိုက်သည်။ သူမ ငိုတာရပ်သွားရင်တော့ ပြန်လာမှာပါ။
ကျီလင်းချန်က
ဖုန်းကို ယူပြီး သူ့ရဲ့ လက်ထောက်ကို ခေါ်လိုက်သည်။ “ဟယ်လို၊ ဖန့်မိသားစု အိမ်တော်နားက
အိမ်တစ်အိမ်လောက် ငါ့ကို ရှာပေးဉီး။”
“ဟုတ်ကဲ့ပါ၊
ဆရာ။ ဘာအတွက် ဝယ်ချင်တာလဲ? ဘယ်နှစ်ခန်းလောက်ပါတာ လိုချင်တာလဲ? ရင်းနှီးမြှုပ်နှံဖို့လား၊
ဒါမှမဟုတ် နေဖို့အတွက်လား? ဗီလာလား ဒါမှမဟုတ် နိုင်ငံခြားပုံစံအိမ်လား?” လက်ထောက်က
မြန်မြန်ပြန်ဖြေပြီး စမေးတော့သည်။
ကျီလင်းချန်က
“တစ်ယောက်ထဲနေမှာ။ ဗီလာ။ မြန်မြန်ရလေ ကောင်းလေပဲ”လို့ ပြန်ပြောလိုက်သည်။
လက်ထောက်က
“ဟုတ်ကဲ့၊ ဆရာ ရှာနေတာအတွက် မြန်မြန်တွေ့အောင် လုပ်ပေးပါမယ်။”လို့ ပြောလိုက်သည်။
ဖုန်းချလိုက်ပြီးတော့
ကျီလင်းချန်က လှည့်ပြန်ပြီး အပေါ်ထပ်ကို တက်သွားခဲ့သည်။ ကြည့်ရတာ သူတို့နှစ်ယောက် ကျီမိသားစုအိမ်တော်မှာ
ကြာအောင်ကို နေလို့မရတော့တဲ့ပုံ ဖြစ်နေသည်။ အစတုန်းကတော့ သူက ဖန်ချီ၊ ဖန့်ရှောင်နွမ်ကို
အနိုင်ကျင့်တာကို လိုချင်ခဲ့ပေမယ့် နောက်ဆုံးမှာ ဖန့်ရှောင်နွမ်က အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေသည်။
ကျီမိသားစုက
တဖြေးဖြေးနဲ့ ရှုပ်ထွေးလာနေသည်။ နေတိုင်း ကျီလင်းချန်ရဲ့ စိတ်က အိမ်မှာရောက်နေသည်။
ဖန့်ရှောင်နွမ်ရဲ့ စရိုက်နဲ့ ဆိုရင် သူမ အနိုင်ကျင့်ခံရမှာကို သူ စိတ်ပူစရာမလိုဘူးဆိုတာ
သိသာပေမဲ့ သူမ မှားယွင်းစွပ်စွဲခံရမှာတော့ သူ ကြောက်သည်။ ဒီကိစ္စပြီးသွားအောင်ဆိုရင်
သူတို့ အိမ်ပြောင်းမှ ရမည်။
ဒီလိုတွေးပြီးနောက်
ကျီလင်းချန်က ဖန့်ရှောင်နွမ်ပြန်လာတာကိုပဲ စောင့်ရတော့သည်။ ပြီးတော့ သူ သူမကို အိမ်ပြောင်းမည့်အကြောင်း
ပြောရမည်။ သူက စောင့်နေသည်။ မှောင်လာတဲ့အခါ သူမ ပြန်လာတာကို သူ ဒီတိုင်း ထိုင်မစောင့်နိုင်တော့ဘဲ
ဖန့်ရှောင်နွမ်ကို ဖုန်းခေါ်ခဲ့သည်။ သူ ဖုန်းသံကို ဆိုဖာကူရှင်ထဲကနေ ကြားလိုက်ရသည်။
......
ဖန့်ရှောင်နွမ်
အိမ်က ထွက်သွားတုန်းက သူမနဲ့အတူ ဖုန်းမယူသွားခဲ့ပေ။ အဲ့ဒါကို သိတော့၊ ကျီလင်းချန်က
သူမကို စပြီး ရှာတော့သည်။ သူက အိမ်အကူကို ရပ်ခိုင်ပြီး “ ဒုတိယ သခင်မလေးကို တွေ့ပြီးလား”လို့
မေးလိုက်သည်။
အိမ်အကူက
ခေါင်းခါလိုက်သည်။ သူမက ကျီလင်းချန်ကို တိုက်ရိုက် စကားမပြောရဲပေ။ ကျီလင်းချန်က မျက်မှောင်ကြုတ်ပြီး
စီစီတီဗွီအခန်းထဲကို သွားခဲ့သည်။
ဖန့်ရှောင်နွမ်က
နေ့ခင်းတုန်းက အိမ်အကူတစ်ယောက်က ဆွဲခေါ်သွားတာခံလိုက်ရသည်။ သူမ လွတ်တဲ့အခါ တစ်ယောက်တည်း
ထွက်သွားခဲ့သည်။ ကျီလင်းချန်က စီစီတီဗွီအခန်းထဲမှာ ထိုင်ပြီး စဉ်းစားနေသည်။ ဒီလိုလုပ်ပြီးသွားတဲ့အချိန်
ဖန့်ရှောင်နွမ်က သူ့အမေအိမ်ကို မပြန်လောက်ဘူးဆိုတာ သူ သိလိုက်သည်။ အခုတောင် တော်တော်နောက်ကျနေပြီ။
သူမက ဘယ်ကိုများ သွားတာပါလိမ့်?
ညမိုးချုပ်ကြီးမှာ
ဒီမိန်းကလေးက ပိုက်ဆံတစ်ပြားမှလဲ မယူသွားဘူး။သူမ ဖုန်းကိုတောင် မယူသွားခဲ့ဘူး။ သူမသာ
ညမိုးချုပ်ကြီး အိမ်မပြန်ဘူးဆိုရင် သူမ ဘာမှလုပ်လို့မရဘူးလေ။ ကျီလင်းချန်မှာ ဘာမှကို
စဉ်းစားလို့မရဖြစ်နေသည်။ သူ စောင့်နေလို့တော့မရဘူးဆိုတာ သိလိုက်သည်။
.....
ဖန့်ရှောင်နွမ်က
ကျီမိသားစုအိမ်တော်က ရန်ဖြစ်ပြီးထွက်လာချိန် ဘာတစ်ခုမှ သူမနဲ့ မပါလာဘူးဆိုတာ သိလိုက်ရသည်။
သူမ မိဘတွေ စိတ်မပူစေဖို့ သူမက သူမရဲ့ အချစ်ဆုံး သူငယ်ချင်း ဟယ်လိလိဆီကိုပဲ သွားရတော့သည်။
ဟယ်လိလိရဲ့
မိသားစုအခြေအနေက သိပ်တော့မဆိုးပါချေ။ သူမအဖေနဲ့ အစ်ကိုက ရဲဝန်ထမ်းတွေဖြစ်ပြီး သူမ အမေကတော့
စီးပွားရေးသမား။ ဟယ်လိလိက ဖန့်ရှောင်နွမ်လို အပေါင်းအသင်းကောင်းတဲ့သူ မဟုတ်ပေမဲ့ သူမကိုလည်း
ဘယ်သူမှ မထိပါးရဲချေ။ ဒါကလည်း သူမအတွက် သူ့တစ်ဘဝလုံးနဲ့ ရင်းပြီး ကာကွယ်ပေးမယ့် သူမအစ်ကို
ဟယ်ကျွင့်ကြောင့်ဖြစ်သည်။
ဟယ်လိလိ
တစ်ခုခုပြောလိုက်ရင် သူမရဲ့ အစ်ကိုက မလုပ်နိုင်ဘူးဆိုတာ တစ်ခုမှမရှိပေ။ သူမနဲ့ ဖန့်ရှောင်နွမ်က
တွေ့ဖို့အတွက် ကံဖန်ခဲ့သည်။ သူမက သူတို့နှစ်ယောက် အကျင့်တူပြီး အားလုံးရင်ဖွင့်လို့ရမယ့်
အချစ်ဆုံးသူငယ်ချင်း ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ချေ။
ကျီမိသားစုက
လက်ထပ်ဖို့ ဖိအားပေးတဲ့အကြောင်းလည်း ဖန့်ရှောင်နွမ်က ဟယ်လိလိကို ပြောထားသည်။ အဲ့ဒီအချိန်မှာ
ဟယ်လိလိက စိတ်ဆိုးတဲ့အတွက် ဖန့်ရှောင်နွမ်အတွက် ကာကွယ်ပေးချင်ပေမဲ့ ဖန့်ရှောင်နွမ်က
သူမကို တားခဲ့သည်။ “မလုပ်ပါနဲ့။ ကျီမိသားစုနဲ့ သွားပြီးရှုပ်လို့ရတာမဟုတ်ဘူး။
နင့်အမေကို ဒီကိစ္စထဲ ဆွဲမထည့်ပါနဲ့။” ဖန့်ရှောင်နွမ်က သူမကို တားခဲ့တဲ့အတွက် ဟယ်လိလိက
ဒီတိုင်းပဲနေရတော့သည်။
ဖန့်ရှောင်နွမ်က
သူမရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ ထပ်ပြီးပြန်တွေ့ရမယ့်အချိန်ကိုတောင် မတွေးထားမိပေ။ အခုတော့
သူမသူငယ်ချင်းရဲ့ အကူအညီကို ယူရတော့မည်။ ဟယ်မိသားစုအိမ်တော်ကို ရောက်ဖို့ ဖန့်ရှောင်နွမ်က
သုံးနာရီကြာ လမ်းလျှောက်ခဲ့ရသည်။ သူမက တံခါးခေါက်လိုက်တဲ့အချိန်၊ တံခါးလာဖွင့်တဲ့သူက
ဟယ်လိလိ ဖြစ်သည်။
“လိလိ၊
ဒီနေ့ည ငါ နင့်အိမ်မှာ အိပ်လို့ရမလား?” သူမက သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းကိုလည်း မြင်ရော
ဖန့်ရှောင်နွမ်က စပြီး ငိုတော့သည်။ သူမ မျက်ရည်တွေကို သုတ်ပြီး သနားစရာအသံလေးနဲ့ မေးလိုက်သည်။
ဟယ်လိလိက
“ဘာမဟုတ်တာတွေ ပြောနေတာလဲ? နေလို့ရတာပေါ့။ ပြောနေစရာတောင် မလိုဘူး။”လို့ ပြောလိုက်သည်။
သူမရဲ့ အချစ်ဆုံးသူငယ်ချင်းကို မြင်မြင်ချင်း လိလိက အိမ်ထဲကို ဆွဲခေါ်လိုက်သည်။ “နွမ်နွမ်၊
ဘာဖြစ်လာတာလဲ? ကျီမိသားစုက နင့်ကို အနိုင်ကျင့်လိုက်တာလား?”
ဖန့်ရှောင်နွမ်က
ခေါင်းငြိမ့်လိုက်သည်။ ဟယ်လိလိရဲ့ရှေ့မှာ သူမက ဘာမှကို မဖုံးကွယ်ထားတတ်ပေ။ “သူတို့က
ငါ့ကို အနိုင်ကျင့်တယ်။ ငါက အဲ့လိုလာပြီး အနိုင်ကျင့်လို့ရတဲ့ထဲမှာ မပါဘူး။ အဲ့ဒါကြောင့်
ငါ ပြန်ပြီး သူတို့ကို အနိုင်ကျင့်ခဲ့တာ။”