လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၂၇
သခင်ကြီးကျီက
ထရပ်လိုက်ပြီး အသစ်လဲထားတဲ့ သူ့ရဲ့ တုတ်ကောက်ကို ကြမ်းပြင်ပေါ်ကို ပစ်ချလိုက်သည်။ သူက တကယ်အလေးအနက်ထားပြီး “ပိတ်လိုက်တော့၊ ဖန့်ရှောင်နွမ်။
မင်းရဲ့ ယောင်းမကို အခုချက်ချင်းတောင်းပန်”လို့ ပြောလိုက်သည်။
“ကျွန်မ
ဘာအမှားမှ မလုပ်ထားဘူး။ သူမသာ ကျွန်မကို အရင်ကြိမ်းမောင်းခဲ့တာ။ ဘာလို့ ကျွန်မက တောင်းပန်ရမှာလဲ?”လို့
ဖန့်ရှောင်နွမ်က တန်းပြန်ပြောလိုက်သည်။
သူမက တမင်တကာ စကားမများအောင်လို့ အခန်းထဲကနေတောင်
အပြင်မထွက်ခဲ့ဘူး။ ဒါကြောင့် ဘယ်သူကိုမှလည်း သူမ မမြင်ဘူး။ ဒါပေမဲ့ ဖန်ချီက သူမရဲ့
မိဘတွေကို ခေါ်လာပြီး ပြဿနာမရှာချင်ပေမယ့် သူမကို ဒေါသထွက်အောင်လုပ်ဖို့ ရန်ရှာခဲ့သည်။
ဖန်ရှောင်နွမ်က
ကျီမိသားစုဝင်တွေ အကုန်လုံးကို တွေးနေမိသည်။ သူမရဲ့ ယောကျာ်း ကျီလင်းချန်ကလည်း ဘာမှကို
ထူးထူးခြားခြား မလုပ်ပေးဘဲ စောင့်ကြည့်သူလိုပဲနေနေသည်။ ကျီခန့်တိနဲ့ ဖန်ချီက အိမ်ထောင်ကျတာ
နှစ်တွေအတော်ကြာနေပြီဖြစ်သည်။ သူက သူ့မိန်းမကို ကာကွယ်ပေးတာ ပုံမှန်ပဲ။ သခင်ကြီးကျီနဲ့
ဖန်ချီက ယောက္ခမနဲ့ ချွေးမဆက်ဆံရေးရှိနေတာ ကြာပြီ။ သူမလို မိသားစုထဲကို အခုမှဝင်ခါစ
အပြင်လူအတွက် ဘယ်လို တရားမျှတမှု ရနိုင်မှာလဲ?
အခုချိန်မတိုင်ခင်အထိ
ဖန့်ရှောင်နွမ်က သူမဘယ်လောက် ဖန်ချီကို ထိပါးစော်ကားမိခဲ့လဲဆိုတာ သူမ မသိခဲ့ပေ။ သူမတို့နှစ်ယောက်က
လုံးလုံးရန်သူတွေကို ဖြစ်နေကြသည်။
သခင်ကြီးကျီက
ဖန့်ရှောင်နွမ်က သူနဲ့ စကားပြိုင်ဖြစ်နေတာကို လက်သင့်မခံနိုင်ချေ။ “ဖန့်ရှောင်နွမ်၊
မင်း ရောက်လာကတည်းက ဒီအိမ်က ဘယ်လောက်တောင် ပင်ပန်းနေကြလဲဆိုတာ ကြည့်လိုက်စမ်း။ မင်းအကျင့်တွေကို
ပြင်ရင် ပိုကောင်းမယ်။ ငါမင်းကို အလိုလိုက်တာ တော်လောက်ပြီ။”
“အလိုလိုက်တယ်?
ရှင် ကျွန်မကို အလိုလိုက်လည်း ဂရုမစိုက်ဘူး။”လို့ ဖန့်ရှောင်နွမ်က ပြန်ပြီး ပြောလိုက်သည်။
သခင်ကြီးကျီက
“ဖန့်ရှောင်နွမ်၊ ရိုသေမှုဆိုတာ ဘာလဲကော မင်းသိလား?”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
“အရိုအသေခံချင်ရင် အရင်ဆုံး ရိုသေပေးတတ်ရတယ်။ ရှင်တို့ အားလုံးကော ကျွန်မအပေါ်မှာ ရိုသေမှုရှိရဲ့လား
ကျွန်မမေးချင်တယ်။”
သခင်ကြီးကျီက “ငါတို့က မင်းကို မရိုသေဘူးလို့ မင်းထင်တာလား?”လို့
ချက်ချင်းပြောလိုက်သည်။
“ရှင်က
ဘယ်လိုကျွန်မကို ရိုသေတာလဲ?” ဖန့်ရှောင်နွမ်ရဲ့ မေးခွန်က ကျီမိသားစုဝင် အကုန်လုံးကို
တိတ်ဆိတ်သွားစေသည်။ အချိန်အတော်ကြာသည်ထိ ဘယ်သူမှ
ပြန်မဖြေကြပေ။
ခဏအကြာ
သခင်ကြီးကျီက “ကျီမိသားစုရဲ့ စည်းကမ်းတွေက ကျိုးကြောင်းဆီလျော်တယ်။ အခု မင်းက ကျီမိသားစုဝင်ဖြစ်သွားတဲ့အတွက် ဒီမိသားစုရဲ့ စည်းကမ်းတွေကို မင်းလိုက်နာပြီး မင်းရဲ့
ယောင်းမကို တောင်းပန်ရမယ်။”လို့ အေးဆေးပြောလိုက်သည်။
သခင်ကြီးကျီက
သူမရဲ့ဖက်မှာဆိုတာကို ဖန်ချီကြားလိုက်တဲ့အခါ သူမရဲ့မျက်နှာက ဂုဏ်ယူနေတဲ့ မျက်နှာဖြစ်နေသည်။
သူမက ဖန့်ရှောင်နွမ်ကို စိတ်ဝင်တစားကြည့်နေသည်။
ဖန့်ရှောင်နွမ်က
ဖန်ချီကို ကြည့်လိုက်ပြီး “တောင်းပန်ပါတယ်”လို့ စိတ်ရှည်ရှည်နဲ့ ပြောလိုက်သည်။
“ကျီမိသားစုရဲ့
စည်းကမ်းတွေက အပြုအမူတွေပေါ်မှာ မူတည်ပြီး ချမှတ်ထားတဲ့အတွက် ယောင်းမက ကျွန်မရဲ့ မိဘတွေကို
ဘယ်တော့ တောင်းပန်မလဲဆိုတာကို မေးပါရစေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကလည်း ကျီမိသားစုရဲ့ လူကြီးအရာရောက်တဲ့သူက
ပြောတာပဲလေ။”လို့ ဖန့်ရှောင်နွမ်က သူမရဲ့ ဒေါသကို ထိန်းချုပ်ပြီး ဖြေးဖြေးအေးအေးပြောလိုက်သည်။
ဖန်ချီက
“ နင်က တလွဲတွေ ယုံနေတာပဲ။ နင့်အမေက ငါ့ထက် ငယ်တယ်လေ။ သူမကို ငါက တောင်းပန်ရမယ်ဆိုတာ
မဖြစ်နိုင်ဘူး။”
ဖန့်ရှောင်နွမ်က
“ကျီမိသားစုရဲ့ စည်းကမ်းတွေက အပြုအမူပေါ်မှာ မူတည်တယ်။ ဒါ့ကြောင့် အပြုအမူက အရေးကြီးတာလား?
အသက်လား? ပြီးတော့ သခင်ကြီးကျီ အစောနက ပြောတာတွေကို အသာထား။ ကျီလင်းချန်ကို ကျွန်မ
လက်ထပ်ခဲ့တယ်ဆိုတာနဲ့တင် ကျွန်မရဲ့ မိဘတွေက သခင်ကြီးကျီရဲ့ အဆင့်အတန်းနဲ့ အတူတူပဲ။
အရင်တစ်ခေါက် ကျွန်မ မိဘတွေ လာလည်တုန်းက၊ ယောင်းမက သူတို့ကို ကောင်းကောင်း မဆက်ဆံခဲ့ဘူး။
ဒါသာ အမှန်ဆိုရင် ယောင်းမက ကျီမိသားစုရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရာ ကျမနေဘူးလား?
ကျီမိသားစုက စည်းကမ်းတင်းကျပ်တယ်။ ယောင်းမလည်း ဒီမိသားစုရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။
သမီးမှန်တယ်လို့ ထင်လား? အဖေ”လို့ ပြောလိုက်သည်။
အရင်ကဖြစ်သွားတဲ့
အဖြစ်အပျက်ကို ကျီမိသားစုက ကိစ္စကြီးတစ်ခုလို မသတ်မှတ်ဘူးဆိုတာ လူတိုင်းသိသည်။ ဒါပေမဲ့
အဲ့လိုမလုပ်တာကတော့ ဖန့်ရှောင်နွမ်တစ်ယောက်ထဲပဲရှိသည်။ ဖန့်ရှောင်နွမ်က သခင်ကြီးကျီရဲ့
မျက်နှာကိုကြည့်ပြီး တမင်တကာ သူအရှက်ရအောင် ပြောလိုက်ခြင်းဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်
သူတို့ကိုယ်တိုင် ယဉ်ကျေးပြီး လေးစားယောင်ဆောင်တာတွေကို ခွာချထားသည်။ ဒါ့ကြောင့် ဖန့်ရှောင်နွမ်က
ဘာမှကို ဂရုမစိုက်တော့ပေ။
သခင်ကြီးကျီက
ဘာမပြန်မဖြေပဲ နေတော့ ဖန့်ရှောင်နွမ်က “အဖေ၊ ကျွန်မ တစ်ခုခုမှားတာများပြောမိုလို့လား?”လို့
ထပ်မေးလိုက်သည်။
“မင်းတို့အားလုံး
ထွက်သွားကြစမ်း”လို့ သခင်ကြီးကျီက စိတ်ဆိုးပြီး ကြိမ်းမောင်းလိုက်သည်။
ဖန့်ရှောင်နွမ်ထပ်ပြီး
ပြောမယ့်အချိန်တွင် အိမ်တော်ထိန်းက အိမ်စေအချို့ကို ကြည့်လိုက်သည်။ တစ်ယောက်က ဖန့်ရှောင်နွမ်ကို
ဆွဲသွားပြီး ထမင်းစားဝိုင်းကနေ ခေါ်ထုတ်သွားသည်။ အခြေအနေက တိတ်ဆိတ်ပြီး အရိုင်းဆန်နေသည်။
ဖန်ချီက
အသက်တောင် မရှုရဲပေ။ ကျီလင်းချန်ကတော့ တစ်လှမ်းမှ မရွေ့ပေ။ သူ့လက်ချောင်းတွေနဲ့ စားပွဲကို ဟန်ချက်ညီညီ ပုတ်နေသည်။ မြို့တော်ဝန်ကျီက
သူ့ညီရဲ့ ဒေါသကို ကောင်းကောင်းသိသည်။ သူ့ညီထပ်ပြီးတော့ ပြဿနာကို ကြီးအောင်လုပ်မှာဆိုးလို့ သူက “လင်းချန်၊ မြန်မြန်သွားပြီး၊ နွမ်နွမ်ကို သွားကြည့်”လို့
ပြောလိုက်သည်။
ကျီလင်းချန်ရဲ့
အကြည့်တွေက ထမင်းခန်းအဝင်ဝကို ရောက်နေသည်။ သူ့အကြည့်ကို အမြန်သိမ်းလိုက်ပြီး စားပွဲက
လူတွေအားလုံးကို ကြည့်နေသည်။ သူက အသံကျယ်ကြီးနဲ့ “မင်းတို့ ခွေးကို မရိုက်ခင် သူ့ပိုင်ရှင်ကို
ကြည့်သင့်တယ်လို့ မထင်ဘူးလား။ ငါ့မိန်းမကို အနိုင်ကျင့်နေတာက ငါ့ကို စော်ကားတာနဲ့ မတူဘူးလား?
မရီး၊ ကျွန်တော်ပြောတာ သင့်လျော်ရဲ့လား?”လို့ ပြောလိုက်သည်။
ဖန်ချီ
ဘာမှ မပြောနိုင်တော့ပေ။ ကျီလင်းချန်ရဲ့အကြည့်တွေက ခက်ထန်နေပြီး သူ့အကြည့်ကိုတင် ဖန်ချီ
မကြည့်ရဲပေ။
ကျီလင်းချန်က
“မရီး ကျွန်တော့်မိန်းမကို အခုတင် အရှက်ခွဲပြီး အများကြီး ပြောခဲ့တာလေ။ အခုကျွန်တော်ရှေ့မှာကျတော့
ဘာလို့ ဘာမှမပြောတော့တာလဲ?”လို့ ထပ်ပြောပြန်သည်။
ကျီလင်းချန်က
သခင်ကြီးကျီကို ကြည့်ပြီး “ကျီလင်းချန်ရဲ့ ယောက္ခမ၊ ကျီလုပ်ငန်းစုရဲ့ CEO ရဲ့ ယောက္ခမတွေက
မြို့တော်ဝန်မိန်းမဆီကနေ တောင်းပန်ခံရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် တွေးမိတယ်”လို့
ပြောလိုက်သည်။