လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၂၆
မြို့တော်ဝန်ကျီက
သူ့မိန်းမ စကားတွေကြားလိုက်တဲ့အခါ မျက်မှောင်ကြုတ်လိုက်သည်။ မျက်နှာထား တင်းတင်းနဲ့
သူ့မိန်းမကို “ ဖန်ချီ၊ နောက်နောင် မင်း လင်းမိသားစုနဲ့ အဆက်အသွယ်လုပ်လို့ မရတော့ဘူး။”လို့
ပြောလိုက်သည်။
ကျီခန့်တိက
သူ့မိန်းမရဲ့ သက်သာဖို့ အချိန်ယူရမယ့် အနာတွေနဲ့ မျက်နှာကို မြင်လိုက်သည်။ ထပ်ပြီးပြောတော့မယ့်
အပြစ်တင်စကားတွေကို ခဏသိမ်းထားလိုက်ပြီး သူက သူ့မိန်းမကို ခေါင်းကျိန်းနေတဲ့ပုံစံနဲ့
ကြည့်လိုက်သည်။
နောက်နေ့မှာ၊
ဖန့်ရှောင်နွမ် စောစောနိုးလာသည်။ အိပ်ရာပေါ်မှာ အိပ်နေတယ့် ကျီလင်းချန်လည်း နိုးလာသည်။
“နွမ်နွမ်၊ မင်း ဒီနေ့ မင်းမိဘအိမ်သွားချင်ရင် ငါမင်းကို လိုက်ပို့ပေးမယ်။”
“မသွားတော့ဘူး။
လောလောနဲ့ ပြန်သွားရင် တစ်ခုခုမှားနေတယ်လို့ သူတို့ သံသယဝင်သွားလိမ့်မယ်။” ဖန့်ရှောင်နွမ်က
သူ့ရဲ့ ညဝတ်အင်္ကျီကို အိတ်ထဲပြန်ပြီးခေါက်သိမ်းနေသည်။ အဲ့ဒါက လွန်ခဲ့တဲ့ ရက်တွေတုန်းကအတိုင်းပဲ။
ကျီလင်းချန်က
သူမကို အဝတ်ခန်းထဲကို အင်္ကျီတွေကို ထည့်စေချင်သည်။ ဒါပေမဲ့ သူ ဘာမှ ထုတ်မပြောပေ။ သူက
သူမကို အဝတ်ခန်းသုံးတာကို ခွင့်မပြုတာမဟုတ်ပေ။
မနက်စာ
စားနေတဲ့အချိန်၊ ဖန်ချီနဲ့ မြို့တော်ဝန်ကျီတို့ ရှိမနေကြပေ။ ဘာလို့လဲဆိုတော့ သူတို့
အိမ်မှာမရှိလို့ပင်။ မနေ့က ကိစ္စကို သခင်ကြီးကျီသိသွားခဲ့သည်။ သူက ဖန့်ရှောင်နွမ်ရဲ့
အပြုအမူနဲ့ပတ်သတ်ပြီး မကျေနပ်ပေမယ့် သူမကို မကြိုက်တဲ့ပုံတော့ လုပ်မနေချေ။
စားပွဲဝိုင်းမှာ၊
ဘယ်သူမှ ဘာမှမပြောပေ။
မနက်ခင်းကျတော့
လင်းရိုက ကျီမိသားစုကို လာလည်ခဲ့သည်။ သခင်ကြီးကျီက စိတ်အနှောင့်ဖြစ်သွားပြီး သူမကို
နှင်ထုတ်ဖို့ တစ်ယောက်ကို ခိုင်းလိုက်သည်။ နေ့လည်ခင်းကျ၊ ဖန်ချီပြန်လာသည်။ ဒီတစ်ခါမှာတော့
သူမက ဖန့်ရှောင်နွမ်ကို စူးရှတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့သည်။
ဒါက
ကတိပဲ။ သူမကိုယ်တိုင် သူ့ရဲ့ စူးရှတဲ့အကြည့်ကို ထိန်းချုပ်နိုင်ဘူးဆိုတာ သေချာသိနေသည်။
သခင်ကြီးကျီက
နှစ်နှစ်ဆယ်လောက်နေလာခဲ့တဲ့ သူ့ရဲ့ အကြီးဆုံးချွေးမကို မြင်လိုက်ရတဲ့အခါ ပိုပြီး စိတ်ပျော်လာသည်။
ဒါ့အပြင် ဖန်ချီရဲ့ကိစ္စကြောင့် ဖန့်မိသားစုကို သွားတောင်းပန်ဖို့ အကြောင်းလည်း သူဘာမှ
ထည့်မပြောပေ။
ဘယ်လိုပဲဖြစ်ဖြစ်၊
သူ့ရဲ့အကြီးဆုံးသားက မြို့တော်ဝန်၊ အကြီးဆုံး ချွေးမက မြို့တော်ဝန်ကတော်ဖြစ်သည်။ သူတို့နှစ်ယောက်ထဲက
တစ်ယောက်သာ သာမန်လူတွေကို တောင်းပန်မယ်ဆိုရင် အဲ့ဒါက ကျီမိသားစုဂုဏ်သိက္ခာကို ထိပါးနိုင်သည်။
ဒါ့ကြောင့် သခင်ကြီးကျီက ဒီကိစ္စကို ဒီတိုင်းပြီးသွားစေချင်နေသည်။
......
ကျီမိသားစုက
ဒီကိစ္စကို မဖြစ်ခဲ့သလိုထားလို့ရပေမယ့် ဖန့်ရှောင်နွမ်က တော့ ခေါင်းမာသည်။ ဒီကိစ္စကိုလည်း
သူမ မှတ်မိနေသည်။
နောက်နှစ်ရက်နေတော့
ဖန်ချီရဲ့ ဒဏ်ရာတွေက ပြင်းပြင်းထန်ထန်ဖြစ်တယ်လို့ မထင်ရလောက်တဲ့အထိ သက်သာလာသည်။ သူမ
ထမင်းစားဝိုင်းကို သွားမယ့်အလုပ်မှာ ဖန့်ရှောင်နွမ်နဲ့ တွေ့ပြန်သည်။ “ဖန့်ရှောင်နွမ်၊
နင်ပေးခဲ့တဲ့ ဒဏ်ရာတွေအတွက် ငါနင့်ကို ပြန်ပြီး လက်စားချေပြမယ်။”လို့ ဖန်ချီက ရဲရဲတင်းတင်းပြောလိုက်သည်။
“နင်
ငါ့မိဘတွေကို တောင်းပန်ဖို့ အကြွေးတင်နေတယ်နော်။” ဖန့်ရှောင်နွမ်က တမင်တကာ ဖန်ချီနဲ့
ဝေးဝေးနေနေသည်။ သူမရဲ့ အသံက ပုံမှန်ဖြစ်နေတဲ့အတွက် သူမ တည်ငြိမ်နေတာကို ပေါ်လွင်စေသည်။
“ဟင့်၊
သူ့တို့ကို စောင့်ခိုင်းထားလိုက်လေ။”
“အဖေက
ရှင်းရှင်းလင်းလင်း ပြောထားတယ်။ ကျီမိသားစုရဲ့ဂုဏ်သိက္ခာထိခိုက်မှာကြောက်လို့ မတောင်းပန်ခိုင်းထားဘူး။
သူတို့ပဲ နစ်နာမှာလေ။ ဖန့်ရှောင်နွမ်၊ ငါ နင့်ကို သတိပေးနေတာနော်။ ကျီမိသားစုမှာရှိနေတဲ့
နင့်နေရာကို နင်သိ။ နင်နဲ့ မဆိုင်တဲ့အရာတွေကို အိပ်မက်ထဲတောင် ထည့်မမက်နဲ့။”
မြို့တော်ဝန်ကျီ
ဖန်ချီကို ပြောခဲ့တဲ့ စကားတွေက ပထမဆုံးအကြိမ် မထိရောက်တာပင်။ လင်းရိုဆီကနေ မဟုတ်တာတွေပြောထားတာကို
နှစ်ရက်ဆက်တိုက်ကြားထားတဲ့အတွက်၊ ဖန်ချီက ဖန့်ရှောင်နွမ်ကို ဉာဏ်နီဉာဏ်နက်များတဲ့မိန်းမလို့
တထစ်ချ ယုံကြည်နေသည်။ သူမက သူမရဲ့ ယောက္ခမကိုတင် လှည့်စားတာ မဟုတ်ဘဲ သူမယောကျာ်းကိုပါ
အယုံသွင်းထားသေးသည်။
“ဒါဆိုလည်း
စောင့်ကြည့်ရတော့တာပေါ့။ ကျွန်မ သေချာလေး ကြည့်လုပ်ပါမယ်။” ဖန့်ရှောင်နွမ်က ပြုံးပြီး
ထမင်းစားခန်းဆီကို မြန်မြန်လျှောက်သွားလိုက်သည်။
ဒီနှစ်ရက်အတွင်းမှာ၊
မြို့တော်ဝန် ကျီနဲ့ ကျီလင်းချန်က အိမ်ကို စောစောပြန်ဖို့ နားလည်မှုယူထားကြသည်။ ကျီလင်းချန်က
သူအလုပ်ပြီးပြီးချင်း အိမ်ကိုပြန်ဖို့ တမ်းတမိနေသည်။ သူက သူ့ရဲ့မိန်းမလေး နောက်ထပ်ပြဿနာရှာမှာကြောက်လို့
ဖုန်းကိုလည်း မပိတ်ထားရဲတော့ဘူး။
ထမင်းစားဝိုင်းကို
ဖန်ချီက နောက်ဆုံးမှရောက်လာသည်။ အားလုံးက လက်ဆေးနေတာကို သူမ တွေ့လိုက်ရသည်။ ဖန့်ရှောင်နွမ်တစ်ယောက်တည်းကသာ
တူကို ယူပြီး သခင်ကြီးကျီ အရင်စစားတာကိုမစောင့်ဘဲ စားဖို့လုပ်နေသည်။ ဖန်ချီက ဒီအခွင့်အရေးကိုယူပြီး
ပြဿနာရှာဖို့အတွက် ပြောလိုက်သည်။
“ဖန့်ရှောင်နွမ်၊
နင် စည်းကမ်းတွေကို မသိဘူးလား? မစားခင် လက်ဆေးရပြီး၊ ကိုယ့်ထက် ကြီးတဲ့သူတွေ မစားသေးရင်
စမစားရဘူးဆိုတာကို မသိဘူးလား? နင့်မိဘတွေက နင့်ကို မသင်ပေးလိုက်ဘူးလား?”
“ယောင်းမ၊
ရှင်က နာကျင်မှုကိုတောင် မသိတော့အောင် အနာတွေပျောက်သွားပုံနဲ့ ဘာလို့ ဒီလိုပြောနေတာလဲ?
ဖန့်ရှောင်နွမ်က တူ ချလိုက်ပြီး ဖန်ချီကို ကြည့်လိုက်သည်။
သူမ
အဲ့လိုမပြောလိုက်ရင် ကောင်းသား။ ဒါပေမဲ့ သူမ အဲ့လိုပြောတဲ့အခါ ဖန်ချီရဲ့ဒေါသက ထိန်းချုပ်ဖို့
ခက်လိမ့်မည်။ ဖန်ချီက ထရပ်လိုက်ပြီး ဖန့်ရှောင်နွမ်ရဲ့နှာခေါင်းကို လက်ညှိုးထိုးလိုက်သည်။
သူမ ထိန်းချုပ်လို့မရအောင် မခံသိမခံသာဖြစ်ကာ ဒေါသထွက်နေသည်။ “ဖန့်ရှောင်နွမ်၊ နင် တော်တော်
အရှက်မရှိတာပဲ။ ငါပြောမယ်၊ ဒီကျီမိသားစုမှာ ငါပဲ ရှိတယ်၊ နင် မရှိဘူး။”
“ယောင်းမ၊
ရှင် အသက်ကြီးသွားလို့ သေချာမတွေးနိုင်တော့တာလား၊ ဒါမှမဟုတ် စောစောစီးစီး သွေးဆုံးနေတာလား?
နေမကောင်းဘူးဆိုရင်လည်း မြန်မြန် ဆရာဝန် နဲ့သွားပြဉီး။ အချိန်မဆွဲနေနဲ့။ ပြီးတော့ ဒေါသတွေ
တအားမထွက်နဲ့။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင်တော့
စိတ်မဆိုးနေပါနဲ့။ အဲ့လိုလုပ်ရင် ရထားတာထက် ပိုပြီး ဆုံးရှုံးနိုင်တယ်။” ကပ်သီးကပ်ဖဲ့
ပြောတဲ့နေရာမှာ ဘယ်သူနဲ့ ပြိုင်ပြိုင် ဖန့်ရှောင်နွမ်က မရှုံးပေ။
ဖန့်ရှောင်နွမ်ရဲ့
စကားတွေက ဖန်ချီကို အသိဝင်အောင် လုပ်နေသည်။ မိန်းမနှစ်ယောက် စကားများနေတာကို ဝင်ပြောဖို့အတွက်
ယောကျာ်းနှစ်ယောက်အတွက် မလွယ်ကူနေပေ။ အထူးသဖြင့် မြို့တော်ဝန် ကျီ။ သူက ဖန့်ရှောင်နွမ်ကို
ရန်စတိုင်း အမြဲတမ်းစော်ကားခံနေရတဲ့ သူ့မိန်းမကို ကြည့်နေသည်။ သူက သူ့မိန်းမကို သူပြောထားတဲ့အတိုင်း
လိုက်မလုပ်လို့ မုန်းနေပုံရသည်။ ဒါပေမဲ့ ဖန်ချီကတော့ ဘာသင်ခန်းစာမှကို မရပေ။
ဖန်ချီက
ပြန်ပြောမလို့လုပ်တဲ့အခါ၊ စားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ သခင်ကြီးကျီက စကားထပြောလိုက်သည်။