အပိုင်း ၂၅
Viewers 1k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၂၅

 

 

 

အဲ့ဒီစကားလုံးတွေက ဖန်ချီရဲ့ ရင်ထဲမှာ စွဲနေသည်။ လင်းရိုက မှားနေတယ်လို့ ထင်နေပေမဲ့ ဖန့်ရှောင်နွမ်ကို အမုန်းပွားနေတာကြောင့် ပိုပြီးတော့ ကိစ္စကို ဆိုးအောင်လုပ်ဖို့ ဖန့်ရှောင်နွမ်ရဲ့ မကောင်းကြောင်းကို ထပ်ပြောလိုက်သည်။ လင်းရိုက အကုန်လုံးကို သိနေတဲ့အတွက်ကြောင့် သူမက သူမလုပ်တာ အောင်မြင်မယ်လို့ သေချာနေသည်။ ကျီမိသားစုဝင်တစ်ယောက်ကို ထိပါးရဲတဲ့ မိန်းကလေးက ကျီလင်းချန်နဲ့ မထိုက်တန်ဘူး။

 

 

“ယောင်းမ၊ ဖန့်ရှောင်နွမ်က သူမကို‌ ထောက်ခံပေးဖို့ သခင်ကြီးကျီကို အားကိုနေတာ။ သူမက သူ့ကိုယ်သူ အိမ်ရှင်လို့ ထင်နေတာနေမယ်။ ဒီကိစ္စကို လွှတ်ထားလို့မရဘူးနော်။ ယောင်းမ၊ ဖန့်ရှောင်နွမ် ကျီမိသားစုမှာ နေနေတာကို လက်သင့်ခံလို့မရတော့ဘူး။ ယောင်းမက ကိုယ့်ကိုယ်ကိုအတွက် မတွေးပေးရင်တောင် ကျီဝမ်အတွက် တွေးပေးရလိမ့်မယ်။ ဖန့်ရှောင်နွမ်သာ ကျီမိသားစုကို လက်ဝါးကြီးအုပ်လိုက်ရင် ကျီဝမ်အတွက် နေရာတောင် ရမှာမဟုတ်တော့ဘူးနော်။ ယောင်းမ၊ ပြန်ပြီး လက်စားချေရမယ်။” လင်းရိုက မျက်လုံးဝေ့လိုက်ပြီး အမုန်းပွားအောင် ထပ်ပြီး လုပ်နေသည်။

 

 

“ရိုအာ၊ နင်မှန်တယ်”

 

 

“အခုမှ မိသားစုထဲဝင်လာတဲ့ ချွေးမက သူမကိုယ်သူမ ကျီမိသားစုရဲ့ အမျိုးသမီးအကြီးအကဲလို့ ထင်နေတာ။ ငါပြန်ကို လက်စားချေမှရမယ်။ ငါ ကျီမိသားစုမှာ ရှိနေသ၍ ဖန့်ရှောင်နွမ် အေးအေးဆေးဆေးမနေနိုင်စေရဘူး။” အစောနက တွေဝေနေတဲ့ ဖန်ချီက သူမရဲ့ မျက်နှာမှာ တင်းမာနေပုံ မြင်နေရသည်။ သူရဲ့ လေသံလည်း ပြောင်းသွားသည်။

 

 

လင်းရိုက “ယောင်းမ၊ ဘာမှစိတ်မပူနဲ့။ ယောင်းမနောက်မှ ကျွန်မတစ်ယောက်လုံးရှိတယ်”လို့ ပြောလိုက်သည်။

 

 

အဲ့ဒီအချိန်မှာပဲ အိမ်စေက အခန်းတံခါးခေါက်လာသည်။ “သခင်မလေး၊ မြို့တော်ဝန် ကျီ ရောက်နေပါတယ် သူ့ရဲ့ ဇနီးကို လာခေါ်တာလို့ ပြောလိုက်ပါတယ်။” ဖန်ရိုက အိမ်စေပြောလိုက်တာ ကြားကြားချင်း လင်းရိုရဲ့ အိပ်ရာပေါ်ကနေ အံ့ဩတကြီး ထလိုက်သည်။

 

 

ဖန်ချီ သွားဖို့အလုပ်မှာ လင်းရိုက သူမကို တားလိုက်သည်။ “ယောင်းမ၊ ရှင် ဒီမှာ ဒီနေ့ည ဒီမှာ နေလို့မရဘူးလား။ ကျွန်မတို့နှစ်ယောက် စကားပြောကောင်းနေကြတာကို။ ပြီးတော့ ရှင်က အချော့လွယ်တဲ့ မိန်းမ မဟုတ်ဘူးဆိုတာကို အကိုကြီးကို သိအောင်လုပ်ရမယ်မလား။”

 

 

ဖန်ချီက လင်းရိုစကားတွေကြားပြီးတော့ နေ့ဖို့အတွက် စဉ်းစားမိသည်။ ဒါပေမဲ့ သူ့ယောကျာ်းက သူမကို ခေါ်ဖို့ လူကိုယ်တိုင်ရောက်လာတဲ့အတွက် သူ့ကိုတော့ အရင်သွားတွေ့သင့်တယ်လို့ ထင်လိုက်သည်။ သူမက သူ့ယောကျာ်းရဲ့ ဂုဏ်သိက္ခာအတွက်လည်း စဉ်းစားပေးရမည်။

 

 

“ငါ အပြင်ထွက်ပြီး သူ့ကို သွားပြောလိုက်ဉီးမယ်”လို့ ဖန်ချီက ပြောလိုက်သည်။

 

 

လင်းရိုရဲ့ မျက်လုံးတွေက စိုးရိမ်မှုတွေနဲ့ ပြည့်နေပြီး သူမက ကတုန်ကယင်နဲ့ “ယောင်းမ၊ ဖန့်ရှောင်နွမ်က အစ်ကိုကြီးကို မဟုတ်တာတွေပြောနိုင်လောက်တယ်လို့ ကျွန်မ စိတ်ပူနေတယ်။ ရှင်သာ အကိုကြီးနဲ့တွေ့ရင်၊ ယောင်းမကို သူအနိုင်ကျင့်လိမ့်မယ်။”

 

 

“မင်း စိတ်ပူလွန်နေပါပြီ။ သူ မလုပ်ပါဘူး။” ဖန်ချီက ဒီလို ယုံကြည်ချက်ရှိတဲ့အတွက် တန်းပြီးတော့ လမ်းလျှောက်ထွက်သွားသည်။

 

 

ဖန်ချီရောက်လာတာ မြင်တော့ ကျီခန့်တိက ထရပ်လိုက်ပြီး ဒါရိုက်တာလင်းကို “နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်၊ ဒါရိုက်တာ လင်း။ ဒီနေရာက အလုပ်အကြောင်း ဆွေးနွေးဖို့ မသင့်တော်ပါဘူး။ နောက်လည်း ကျနေပြီမို့ ကျွန်တော့်ဇနီးကို အရင် အိမ်ကိုပို့လိုက်ပါဉီးမယ်။ ဒါရိုက်တာ၊ မနက်ဖြန်အားရင် ရုံးကိုလာပြီး ကျွန်တော်နဲ့ လာတွေ့ပါ။ အမြဲတမ်း တံခါးဖွင့် ကြိုဆိုနေပါတယ်။”လို့ ပြောလိုက်သည်။

 

 

“ယောကျာ်း၊ ကျွန်မ ဒီမှာနေခဲ့ပြီး လင်းရိုနဲ့ စကားပြောချင်သေးတယ်” လို့ ဖန်ချီက ပြောလိုက်သည်။

 

 

ကျီခန့်တိက “အချိန်တွေ အများကြီးရှိပါတယ်ကွာ၊ အခုက အတော်နောက်ကြာနေပြီလေ။ မင်းက ဘာလို့ သူမနဲ့ နေခဲ့ရမှာလဲ? မင်းကို နောက်နေ့ လာအဖော်ပြုပေးဖို့ လင်းရိုကို ငါတို့ အိမ်ကို လာခိုင်းလိုက်လေ” လို့ ပြောလိုက်သည်။ သူ့ဇနီး ပြောတာတွေကို သူက ခွင့်မပြုပေးခဲ့ပေ။ သူက သူ့မိန်းမကို နေခဲ့ခိုင်းဖို့ ပြောတဲ့သူတွေကိုလည်း ပြောဖို့ အခွင့်အရေးမပေးချေ။ သူက ဖန်ချီရဲ့ လက်မောင်းကို ဆွဲပြီး သူမကို ကားထဲထည့်လိုက်သည်။

 

 

ဖန်ချီက ကားထဲလဲရောက်ရော အပြင်ကို ထွက်ချင်နေသည်။ ဒါပေမဲ့ သူမကို ကျီခန့်တိက သူမကို ဖက်လိုက်သည်။ သူက သူ့မိန်းမကို ဆွဲလိုက်ပြီး ငြိမ်ငြိမ်ထိုင်ခိုင်းပြီး ကားမောင်းသမားကို ဟိုတယ်ကို ပို့ပေးဖို့ ပြောလိုက်သည်။ သူ့မိန်းမက စိတ်ဆိုးနေတဲ့အတွက် အိမ်မပြန်ဘူးဆိုတာ သူ သိလို့ ဟိုတယ်မှာ သူမနဲ့ နေခဲ့သည်။

 

 

သူတို့ ဟိုတယ်လည်း ရောက်ရော ဖန်ချီက အိပ်ရာပေါ်ထိုင်ချလိုက်ပြီး ငိုယိုနေသည်။ “ကျွန်မက အစော်ကားခံခဲ့ရတဲ့သူပါ။ ဘာလို့ ရှင်တို့အားလုံးက ဖန့်ရှောင်နွမ်ကို ကာကွယ်ပေးနေကြတာလဲ?”

 

 

“မင်းအသက် ဘယ်လောက်ရှိပြီလဲ? မင်းက လူကြီးတစ်ယောက်ဖြစ်ပြီး အသက်နှစ်ဆယ် အရွယ်မိန်းကလေးနဲ့ သဝန်တိုပြီး ရန်ဖြစ်နေတာလေ။ ဒီနေ့ဖြစ်ခဲ့တာတွေအတွက် မင်းတို့နှစ်ယောက်လုံးမှာ အပြစ်ရှိတယ်။ ငိုနေတာရပ်ပြီး အနားယူလိုက်တော့။” ဘာကြောင့်ပဲဖြစ်ဖြစ် ကျီခန့်တိက သူ့မိန်းမကို စကားလုံး ကြမ်းတွေသုံးပြီး မပြောချင်တဲ့အတွက် နားချပြီး နှစ်သိမ့်ပေးရတော့သည်။

 

 

လင်းရိုပြောခဲ့တဲ့ စကားတွေက ဖန်ချီရဲ့ခေါင်းထဲမှာ ဇာတ်ကားတစ်ကားရဲ့ စာသားလို စွဲငြိနေသည်။ သူမက အချိန်အတော်ကြာ စဉ်းစားနေပေမယ်၊ နောက်ပိုင်းမှာတော့ မကျေနပ်ချက်တွေနဲ့ ပြောလိုက်သည်။

 

 

 “ဟုတ်တယ်၊ ကျွန်မက အသက်ကြီးနေပြီ။ ဒါပေမဲ့ ကျွန်မက သူ့လောက် အတွက်အချက်မကောင်းဘူး။ သူမက ကျီမိသားစုရဲ့ အမျိုးသမီး အကြီးအကဲဖြစ်ချင်လို့ ကျွန်မကို တွန်းထုတ်ဖို့ ကြိုးစားနေတာလေ။ ဒါပေမဲ့ သူမ ဖြစ်စေချင်သလို ဖြစ်ခိုင်းလို့ မရဘူး။ သက်တမ်းရင့်တဲ့ ဂျင်းက ပိုပြီး စပ်လေပဲ။”

 

 

ကျီခန့်တိက ဖန်ချီရဲ့ဘေးနားမှာ ထိုင်နေသည်။ သူမပြောတာတွေကို ကျီခန့်တိကြားပြီး တစ်ခုခုတော့ လွဲနေပြီလို့ ခံစားရသည်။ “နွမ်နွမ်က ကျီမိသားစုရဲ့ အမျိုးသမီးအကြီးအကဲဖြစ်ချင်တာလို့ ဘယ်သူကပြောတာလဲ?”

 

 

ကျီခန့်တိကလည်း ကျီလင်းချန်နဲ့ ဖန့်ရှောင်နွမ်တို့ရဲ့ မင်္ဂလာပွဲစီစဉ်တဲ့သူထဲမှာ ပါသည်။ အစမှာတော့ မိန်းကလေးက ကျီမိသားစုဝင်နဲ့ လက်မထပ်ချင်တာကြောင့် ရုပ်ဆိုးချင်ယောင် ဆောင်ခဲ့သည်။ ဒါပေမဲ့လည်း သူ့အဖေရဲ့ ခြိမ်းခြောက်မှုကြောင့် သူမ လက်ထပ်ခဲ့ရသည်။ ဘယ်လိုလို့ သူမက ကျီမိသားစုရဲ့ အကြီးအကဲဖြစ်ချင်ရမှာလဲ?

 

 

တစ်ခုခုတော့ နည်းလည်မှုလွဲနေတယ်။

 

 

ဖန်ချီနဲ့ ကျီခန့်တိက လက်ထပ်ထားတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း ခိုင်မြဲသည်။ သူမက သူ့မယောကျာ်း မသိအောင် ဘာမှမလုပ်ဘူး၊ ဒါကြောင့် အဲ့ဒီနေ့က လင်းရိုပြောပြခဲ့တဲ့အကြောင်းတွေကို သူမယောကျာ်းကို အကုန်ပြောပြလိုက်သည်။

 

 

“နားထာင်၊ ဘာလို့ မင်းအဲ့ဒီလို ပြောရဲရတာလဲ? နွမ်နွမ်သာ သူမရဲ့ မောက်မာတဲ့စရိုက်နဲ့ မကောင်းတဲ့စရိုက်နဲ့ ကျီမိသားစုရဲ့ အကြီးအကဲဖြစ်ခဲ့ရင် ဒီမိသားစုထဲမှာ ကျီဝမ်အတွက် နေရာမရှိတော့ဘူး၊ ဟုတ်လား?” ဖန်ချီက အကြောင်းအရာတစ်ခုကလွဲရင် တခြားအရာတွေကို တွေးတတ်၊ မစဉ်းစားတတ်ချေ။ အဲ့လိုမှမဟုတ်ရင် လင်းရိုက သူမကို အေးအေးဆေးဆေးနဲ့လွှတ်ထားမှာမဟုတ်ပေ။