အပိုင်း
၁
[အရင်လက်ထပ်မယ်
အချစ်လားနောက်မှပေါ့ အစီအစဉ် -
အားလုံးပဲပြန်ဆုံရလို့
၀မ်းသာပါတယ်။ လူချမ်းသာမိသားစုတွေကို စောင့်ကြည့်တဲ့ ရသစုံရှိုးရဲ့တတိယမြောက်ဖိတ်ကြားထားတဲ့
ပါ၀င်သူတွေကတော့ မုချင်းယွင်၊ ရွှီယန်ယု၊ ရှန်ဖန့်၊ ကျန်းချင်းယွင်၊ ကျီခိုင်တင်း၊
စုန်းရှီရှန့်၊ လန်ချန်း၊ ကုရှီ၀မ်တို့ပဲ ဖြစ်ပါတယ်။
ဒါက
မင်းတို့တွေအတွက် မတူညီတဲ့ အတွေ့အကြုံတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အခုကတော့ ပါ၀င်သူတွေရဲ့နေ့စဉ်ဘ၀ကို
ရိုက်ကူးထားတာတွေ ကြည့်လိုက်ကြရအောင်။]
[
ဩဂုတ်လ သုံးဆယ်ရက်နေ့ နှစ်နာရီမှာ ပထမဆုံးနေ့အနေနဲ့ တိုက်ရိုက်ရိုက်ကူးတဲ့ အဖွင့်ဗီဒီယိုကို
ကြည့်ကြရအောင်။
ဒီတစ်ခေါက်ရဲ့
ပါ၀င်သူလေးယောက်ကတော့ မုချောင်ယွင်၊ ရွှီယန်ယု၊ ရှန်ဖန့်၊ ကျန်းချင်ယွင်တို့ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆက်လက်ပြီး ကြည့်လိုက်ကြရအောင်။]
[ဝိုး
မုချောင်ယွင်နဲ့ရွှီယန်ယုပဲ သူတို့အခုထိ မကွာရှင်းကြသေးဘူးလား]
[ဟဟ
ကျွန်တော်လည်း မုချောင်ယွင်နဲ့ရွှီယန်ယုတို့ ကွာရှင်းပြီးကြပြီလို့ ထင်ခဲ့တာ။ ဆိုတော့
သူတို့အခုထိမကွာရှင်းကြသေးပါဘူး။ ဒီစုံတွဲကို ပရိတ်သတ်တွေက အယောင်ဆောင်လို့ ပြောနေကြတာ
အဆန်းမဟုတ်ဘူးဘဲ။]
[ကျီခိုင်တင်းနဲ့
စုန်းရှီတို့ရဲ့လွန်ခဲ့တဲ့ဆယ်နှစ်က မင်္ဂလာပွဲက အခုထိ ငါ့မှတ်ဉာဏ်ထဲမှာ လတ်ဆတ်နေဆဲပဲ။]
[ကျန်းကျီယွင်ကတော့
မုမိသားစုက လူကို လက်ထပ်ဖို့အတွက် သူ့အလုပ်ကိုပါ စွန့်လွတ်ခဲ့တာတော့ နှမြောစရာပဲ။
မင်းသမီး
ရှန်လန်ချန်းက ရှီ၀မ်အတွက် ပြင်ဆင်ပေးတဲ့မင်္ဂလာပွဲဆို ဘီလီယမ်နဲ့ချီပြီး အကုန်ကျခံခဲ့တာ]
[အားကျမနေပါနဲ့ဦး။
အရင်လက်ထပ်မယ်" အချစ်လားနောက်မှပေါ့" အစီအစဉ်ရဲ့အရင်အပိုင်းတွေမှာ အစကနေအဆုံးထိ
အမျိုးသားပါ၀င်သူတွေရဲ့မျက်နှာတွေကိုမပြခဲ့ဘူး။
အမျိုးသမီးပါ၀င်သူတွေကပဲ
ကင်မရာရှေ့မှာတစ်ယောက်တည်း ရိုက်ကူးရတာ။ ဒါက အစစ်အမှန်ဆိုပေမယ့် တော်တော်လေးတော့ သနားစရာကောင်းတယ်။
ဒီအပိုင်းမှာတော့ ဒီအစီစဉ်က ပရိတ်သတ်တွေရဲ့နှလုံးသားဆီ ရောက်အောင် သေချာလေးပြသသွားမှာပါ။
ချမ်းသာရုံနဲ့ လက်ထပ်ဖို့ မလွယ်ကူဘူးဆိုတာကိုပေါ့။]
[ဒါအမှန်ပဲ
ရွှီယန်ယုအတွက်လည်း ဒါကပြဿနာပဲနေမှာ။ သူက သူ့ယောက်ျားကို မတွေ့ရတာ တစ်နှစ်လောက်ရှိနေပြီ။
သူ တကယ်ကြီးအထီးကျန်နေမှာ]
.....
ဇိမ်ခံအိပ်ခန်းတစ်ခုထဲတွင်
ရွှီယန်ယုမှာ
သူမ၏မျက်၀န်းလှလှလေးအားဘပျင်းရိစွာဖွင့်လိုက်ပြီး သူ၏သေးသွယ်သောညလက်ချောင်းနှင့် စခရင်အားထိလိုက်ကာ
ထိပ်ဆုံးမှာရေပန်းစားနေသော အကြောင်းအရာများအား ကြည့်လိုက်ပြီး သူမ ရောက်ရှိနေသော ၀တ္ထုဇာတ်လမ်းအား
သိရှိအောင် ပြန်ကြည့်လိုက်တော့သည်။
သူမသည်
သူနှင့်နာမည်ချင်းတူသော မူလပိုင်ရှင်၏ ခန္ဓာကိုယ်ထဲသို့ လွန်ခဲ့သောသုံးရက်က ရောက်ရှိခဲ့ပြီး
မူလပိုင်ရှင်က ၀တ္ထုထဲ၌ အောင်မြင်သောရသစုံရှိုးတစ်ခု ပိုင်ဆိုင်ထားသော လုပ်ငန်းစု၏
မိထွေးတစ်ယောက်ဖြစ်မှန်း သိလိုက်ရ၏။
သူမသည်
ဤအစီစဉ်၌ နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ပြီး သူမ၏လင်ပါသားအား အနိုင်ကျင့်ခဲ့သောကြောင့်
အစီအစဉ်မှ အထုတ်ခံလိုက်ရသူဖြစ်သည်။
မူလပိုင်ရှင်နှင့်
မုချောင်ယွင်တို့မှ ပေးစား၍ လက်ထက်ထားကြသူများ ဖြစ်သည်။ မူလပိုင်ရှင်၏ အဖေမှာ မုချောင်းယွင်အဖေ၏
သူငယ်ချင်းဖြစ်သည်။
ပေးစားရသည့်အကြောင်းတစ်ချက်မှာ
မူလပိုင်ရှင်၏ အဖေမှာ သူသေလျှင် သူ့သမီးအား စိတ်ချသွားချင်၍ဖြစ်ပြီး နောက်တစ်ချက်ကတော့
သူကိုယ်တိုင်မှာ သဘောတူညီချက်စာချုပ်မှာ ပါ၀င်နေ၍ဖြစ်သည်။ ဒုတိယအကြောင်းအချက်မှ ပို၍သင့်လျော်ပေသည်။
ဆယ်နှစ်ကျော်လောက် တမင်ချဉ်းကပ်ပြီး မျက်နှာချိုသွေားဟန်ဆောင်ပြီးတဲ့နောက်မှာ သူမက
မုချောင်ယွင်ရဲ့ဇနီးတစ်ယောက်ဖြစ်လာခဲ့သည်။
အခုအောင်မြင်သွားပြီဆိုပေမယ့်
ဒါက ဇနီးမယားဆိုတဲ့နာမည်တစ်ခုပဲ ရှိတာမျိုးဖြစ်သည်။ တစ်ဖက်လူ၏ဘအချစ်အား မရနိုင်မှန်း
သေချာပြီးသည့်နောက်မှာတော့ ဒါကမိုက်မဲမှုတစ်ခုသာဖြစ်သွားခဲ့၏။
သူမ၏
နှစ်ဆယ့်ငါးနှစ်ပြည့်မွေးနေ့မှာတော့ မုချောင်ယွင်အား သူမနှင့်မွေးနေ့ပွဲအတူကျင်းပဖို့
နိုင်ငံခြားမှပြန်လာရန် ကြိုးပမ်းခဲ့သည်။ သူမသည် မုချောင်ယွင်ပြန်လာရန် သူ့ကိုယ်သူအန္တရာယ်ပြုပြီး
နာကျင်အောင်လုပ်မည်ဟန်ဆောင်ကာ ချိန်းခြောက်မှုပင်ပြုခဲ့သော်လည်း တစ်ဖက်လူမှ လိုက်လျောခဲ့ခြင်း
မရှိချေ။
မူလပိုင်ရှင်မှာ
သူ့ကိုယ်သူဖျက်ဆီးလိုစိတ် အလွန်ပြင်းပြနေပြီး သူမသေဆုံးသွားသည့်တိုင်အောင် သူ၏ကျိုးကြေနေသည့်စိတ်ကတော့
အမြဲအားငယ်သွားခဲ့တော့သည်။
ရွှီယန်ယု
ဒီခန္ဓာကိုယ်ထဲ ရောက်လာသည့်အချိန်၌ အရိပ်တစ်ခု လွင့်ပြယ်သွားသည်ကို တွေ့လိုက်ရပြီး
ထိုအရိပ်မှ သူမအား ဒီလိုအနှိပ်စက်ခံဘ၀ဖြင့် သူ့ဘ၀အားမပြီးဆုံးချင်ဘူးဟူ၍ပြောကာ ထိုလူမှ
သူမအား ဒီခန္ဓာကိုယ်ကိုပေးခဲ့တော့၏။
သူမမှာ
လျင်လျင်မြန်မြန်ပင် ဒီအခြေနေအား နားလည်အောင် လုပ်လိုက်ရပြီး အခုတော့သူက လက်ထပ်သဘောတူစာချုပ်ပါအကြောင်းအရာအား
စိတ်၀င်စားနေခြင်းဖြစ်သည်။
သူမ
သိရသလောက်တော့ စာချုပ်၏ မူလပုံစံမှာ မူလပိုင်ရှင်က မီးရှို့လိုက်ပြီဖြစ်ပြီး အခု သူမရှာတွေ့သည်မှာ
ကွန်ပြူတာထဲ၌ သိမ်းထားသော ဖိုင်ထဲတွင်ဖြစ်သည်။
သူမ၏
မှတ်ဉာဏ်ကြောင့်ပင် ဤစာချုပ်အား အောင်မြင်စွာတွေ့ရှိခဲ့ခြင်းဖြစ်၏။ သူမ စာဖိုင်အားဖွင့်လိုက်သောအခါ
ကိန်းဂဏာန်းအရှည်များ၏ ဆွဲဆောင်ခြင်းအား ချက်ချင်းခံလိုက်လိုက်ရ၏။
မုချောင်ယွင်
ချမ်းသာမှန်းသိထားပေမယ့် စာချုပ်ပါအကြောင်းအရာများကြောင့် သူမ အံ့ဩမိနေတုန်းပင်။
စာချုပ်ပါအကြောင်းရာများကတော့
လူနှစ်ယောက်လုံးမှာ ယောက်ျားနှင့်ဇနီးဟူ၍ အမည်ခံရုံသာဖြစ်ပြီး လင်နှင့်မယား၀တ္တရားများအား
လုပ်ဆောင်ဖို့ရန်မလိုချေ။ သူတို့မှာ အပြင်လူများကြားတွင်သာ လင်မယားဆက်ဆံရေးကို ထိန်းသိမ်းရန်ဖြစ်သည်။
တစ်ခုတည်းရှိသည့်
တရား၀င်လက်ထပ်စာချုပ်ပင်ဖြစ်၏။ ရိုးရှင်းသည့် အချက်များသာဖြစ်ပြီး သူတို့မှ လက်ထပ်စာချုပ်သာရှိသည့်
သူစိမ်းများသာဖြစ်သည်။ သူငယ်ချင်းများပင် မဟုတ်ချေ။
ဒါပေမဲ့
လက်ထပ်ခြင်းအတွက် လျော်ကြေးငွေအဖြစ် ဒေါ်လာမီလီယမ်သုံးဆယ်က သူမအကောင့်ထဲ လစဉ်ရောက်မည်ဖြစ်သည်။
ငါ
သေချာလေး တစ်ကြိမ်ထပ်စစ်ကြည့်တာ တကယ်ကြီး လတိုင်းငွေလွှဲ၀င်နေတာပဲ!
ရွှီယန်ယုမှာ
ချက်ချင်းအသက်၀၀ရှူပြီး ပြောလိုက်သည်။ "ဒီလောက်ပိုက်ဆံတွေများတာ တခြားဘာဂရုစိုက်စရာလိုလို့လဲ။"
ဒါက
တန်ဖိုးရှိတဲ့အလုပ် မဟုတ်ဘူးလား။ လစာမရရင်တောင်၊ လူတိုင်းလိုချင်ရင်တောင် ရှာမရတဲ့အလုပ်မဟုတ်ဘူးလေ။
မူလပိုင်ရှင်ရဲ့အတွေးက
ရူးမိုက်ပြီးတစ်ဖက်သတ်ဆန်ခဲ့ကာ သူပိုက်ဆံများများရလေလေ ဒီလက်ထပ်မှုကအတုအယောင်ဆိုပြီး
ခံစားရလေလေ ဖြစ်ပုံရ၏။
ဒါပေမဲ့
ဒါကမှန်မှန် မှားမှားအရေးမကြီးချေ။ ပိုက်ဆံအစစ်ဖြစ်သမျှ အဆင်ပြေသည်ပင်။ ပိုက်ဆံက ဒီကမ္ဘာမှာ
တန်ဖိုးအရှိဆုံးအရာပဲ။ မင်းမှာသာ ပိုက်ဆံရှိမယ်ဆိုရင် ဒီလူလုပ်သမျှကို ဂရုစိုက်နိုင်ရမည်ဖြစ်၏။
ရွှီယန်ယုက
လက်ထပ်စာချုပ်အား နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး သူထပ်ကြည့်လေလေ စိတ်ကျေနပ်မှုပိုရလေလေ
ဖြစ်နေတော့သည်။ ဒါက သူမရဲ့အလုပ်၀င်ခွင့်စာချုပ်ဖြစ်ပြီး မရေတွက်နိုင်တဲ့ ၀င်ငွေလည်းဖြစ်သည်။
သူမ မကွာရှင်းသေးသရွေ့ သူမသည် လတိုင်းမြင့်မားတဲ့လစာပမာဏအားရရှိနိုင်၏။
ဒီလိုကောင်းတဲ့အလုပ်မျိုး
နောက်ဘ၀တွင်ရဖို့ဆိုတာမသေချာချေ။
သူမသည်
ဒီအလုပ်အား သေချာပေါက် "လေးလေးနက်နက် သေသေချာချာ တင်းတင်းကျပ်ကျပ် လုံးလဝီရိယစိုက်ထုတ်ဖို့"
သဘောထားမည်ဖြစ်သည်။
"ဒီချမ်းသာတဲ့ဇနီးသည်ဘ၀ကို
သေချာပေါက်အလေးထားမယ်လို့ ကတိပေးပါတယ် "
ရွှီယန်ယု၏
အတွေးများသည် အိမ်အကူတစ်ယောက်၏ နှောင့်ယှက်ခြင်းအား ခံလိုက်ရတော့သည်။
အိမ်အကူမှာ
တုံးဆိုင်းနေရင်းမှ စကားပြောလာပြီး အလွန်မသက်မသာ ဖြစ်နေသောပုံစံဖြင့်
"သခင်မ
သခင်လေးမုရှောင်ပြန်လာပါပြီ သခင်မက သူ့ကိုဒီမနက် သူ့အခြေနေဘယ်လိုရှိလဲဆိုပြီး မေးမြန်းရပါမယ်။
သူက အပြင်မှာရန်ဖြစ်ခဲ့ပြီး ဒဏ်ရာရလာပါတယ်။ သူ့ကိုဒီကိုလာဖို့ ပြောဖို့လိုအပ်ပါတယ်။"
ယန်ယုမှ
မသိသလိုဖြင့် တစ်ချက်ကြည့်လိုက်ကာ "သူထိခိုက်လာတာကို မင်းက ဘာလုပ်ဖို့ မေးနေသေးတာလဲ။
ထိခိုက်လာရင် ဆရာ၀န်ခေါ်ပေးလိုက်လေ။ ငါညသူ့ကို မပြုစုပေးနိုင်ဘူး။" ဟုပြောလာခဲ့၏။
အိမ်အကူမှ အံ့ဩသွားခဲ့ရသည်။
ပုံစံဆို
သခင်မက သခင်လေး ထိခိုက်လာတယ်ကြားရင် ပထမဆုံး လုပ်တဲ့အရာက သူ့ကိုခေါ်လာပြီး ထပ်ခါထပ်ခါ
ဆူခြင်းဖြစ်၏။
ဒီနေ့မှာတော့
သခင်မက ထူးဆန်းစွာနှင့် သူ မဟုတ်သလို သခင်လေးရဲ့ဒဏ်ရာအား ဂရုစိုက်လာခဲ့ပြီး ကုသမှူခံယူခိုင်းရန်
ချက်ချင်းပြောလာခဲ့၏။
သူမသည်
သခင်မနှင့်ပတ်သက်၍ တစ်ခုခုပြောင်းလဲနေတယ်လို့ ခံစားရတော့သည်။
လက်ထောင်လျိုမှ
တံခါးခေါက်လာကာ "မဒမ် "အရင်လက်ထပ်မယ် အချစ်လားနောက်မှပေါ့"အစီအစဉ်ရဲ့
ရိုက်ကူးရေးအဖွဲ့တွေ အောက်ထပ်မှာစောင့်နေကြပါတယ်။ အစီစဉ်နဲ့ပတ်သက်ပြီးရိုက်ကူးရေးလုပ်ဖို့
ဆွေးနွေးချင်လို့တဲ့ ဘယ်လိုလုပ်ချင်ပါသလဲ။" ဟု ပြောလာခဲ့သည်။
ရွှီယန်ယုမှာ
ခဏတာစဉ်းစားလိုက်ပြီး အချိန်ကိုကြည့်လိုက်ကာ "ငါ အခုဈေး၀ယ်ထွက်မယ်" ဟုပြောလိုက်၏။
"ဒါဆို
ကျွန်တော် သူတို့ကိုစောင့်ခိုင်းလိုက်ပါ့မယ်"
လျိုယွီမှ
ယဉ်ကျေးစွာပြော၏။
သူသည်
ရွှီယန်ယုရဲ့ပင်ကိုယ်စိတ်ထားကောင်းမှန်း သိသည်။ သခင်မက သူ့ခံစားချက်အတိုင်း လုပ်ချင်ရာလုပ်မှာလေ။
ရိုက်ကူးရေးအဖွဲ့လား။ သူတို့ဆက်ပြီးစောင့်ကြပေါ့။
အိမ်အကူနဲ့
လက်ထောက်တို့ ထွက်သွားကြသည်နှင့်သူမသည် အ၀တ်စားလဲခန်းသို့ပြန်လာကာ အ၀တ်လဲတော့၏။
အ၀တ်လဲခန်းသည်
အိပ်ခန်းထပ်ပင် ကြီးမားပြီး အ၀တ်ဗီရိုအကြီးအငယ် များစွာရှိပြီးအထဲ၌ ဈေးကွက်ထဲမှအထည်မျိုးစုံ
အပြည့် ဖြည့်ထား၏။ ခန့်မှန်းကြည့်ရမည်ဆိုလျှင် ဖွင့်မဖောက်ရသေးသော ဇိမ်ခံbrandများပင်ရှိပြီး
သေသေသပ်သပ် ထားထားလေသည်။
သူသည်
အ၀တ်လဲခန်းမှာ ကျယ်၀န်းလှသည်ဟု တွေးမိသော်အခါ ဒီလိုမျိုးသုံးလေးခု ထပ်လိုချင်သွားရ၏။
သူမသည်
ပေါ့ပေါးပါးပါး အဖြူရောင်ဂါ၀န်တစ်ထည်ကိုသာ ၀တ်လိုက်ပြီး သူမ၏ ပျော့ပြောင်းလှသောလှိုင်းသဏ္ဍာန်
အနက်ရောင် ဆံပင်ကောက်များအား စည်းနှောင်လိုက်လေသည်။ သူမ တစ်ကိုယ်လုံးမှ သဘာ၀ကျကျပင်
လန်းဆန်းလှပနေကာ ကြွကြွရွရွရှိလှသည်။ သူမ၏ မျက်နှာမှာ မိတ်ကပ်မပါဘဲ ပကတိအတိုင်းပင်
ဆွဲဆောင်မှူရှိစွာလှနေ၏။
မူလဇာတ်လိုက်၏
မှတ်ဉာဏ်အရ မုချောင်ယွင်မှာ အိမ်ကိုပြန်လာလေ့မရှိဘဲ တစ်နှစ်ပတ်လုံးတွင် သူအိမ်ပြန်လာသည်ကို
လက်ချိုးရေ၍ပင် ရလေသည်။ သူ၏ အလုပ်အား လွန်ခဲ့တဲ့နှစ်နှစ်မှစ၍ ဒီနိုင်ငံ၌ အခြေစိုက်လုပ်ကိုင်သည့်အတွက်
အလုပ်များနေခြင်းကြောင့်လည်း ဖြစ်နိုင်၏။
မူလပိုင်ရှင်အတွက်
မုချောင်ယွင် အိမ်ပြန်မလာခြင်းသည် များစွာနာကျင်ရပေမယ့် နေသားကျနေပြီဖြစ်သည်။
ဒါပေမဲ့
ထိုလူအိမ်မှာမရှိခြင်းက သူမအတွက် နေရထိုင်ရပို၍ပင် လွယ်ကူသွားသေးသည်။ တကယ်ကံကောင်းသည့်အလုပ်ပင်။
သူမ
အောက်ထပ်သို့ ဆင်းသွားသည့်အခါ သူမ၏ အမည်ခံလင်ပါသား ဆယ့်လေးနှစ်အရွယ် မုရှောင်အားတွေ့လိုက်ရ၏။
ကြည့်ကောင်းတဲ့လူငယ်ဆိုပေမယ့်
မျက်၀န်းတွေကအေးစက်နေပြီး အဲ့မျက်၀န်းထဲက ခံစားချက်တွေက ခန့်မှန်းရခက်သည်။
အဲ့မျက်၀န်းများက
ခံစားချက်မျိုးစုံနှင့် စိုက်ကြည့်နေပေမယ့် ကြင်နာမှုတော့မပါတာ သေချာသည်။ ရှောင်တိမ်းချင်တဲ့စိတ်က
ပိုများသောကြောင့်ဟု ထင်၏။
ကောင်လေးမှာ
ခပ်မြန်မြန်ပင် တခြားတစ်ဖက်သို့အကြည့်လွှဲလိုက်၏။ သူက ထုတ်မပြောပေမယ့် သူ၏ မျက်၀န်းများကတော့
အနည်းငယ်ရှောင်တိမ်းရန်ကြိုးပမ်းနေပုံပင်။
မုရှောင်၏
မျက်နှာပေါ်ရှိ ဒဏ်ရာမှာ သိသာလှသဖြင့် ထိုကဲ့သို့အရိုက်ခံခဲ့ရသည်ဆိုရင်တော့ ကောင်လေးမှာ
သနားစရာကောင်းလှသည်။
သူမသည်
လမ်းလျှောက်သွားလိုက်ပြီး သူ့အားဂရုဏသက်စွာ ကြည့်လိုက်မိသည်။ ဆရာ၀န်ဆေးထည့်ပေးထားသော
ဒဏ်ရာများ မြင်လိုက်ရသောအခါ ချက်ချင်းမျက်မှောင်ကြုတ်မိသွားပြီး သူ့မျက်၀န်းထဲ၌ မကျေနပ်မှုတွေ
ဖြတ်ပြေးသွားတော့သည်။
သူသည်
မွေးဖွားလာကတည်းက အရှိန်အဝါရှိပြီး သူ၏ပရိယာက်များသော စေ့စပ်မှုဟာလည်း အထက်စီးဆန်သည်။
မုရှောင်မှာ
မသိစိတ်အရ ခေါင်းရှောင်ချင်ခဲ့၏။ သူက ပြန်လည်မွေးဖွားပြီးနောက် ဆယ့်လေးနှစ် အရွယ်
ရောက်နေသော်လည်း သူ့စိတ်က တည်ငြိမ်ပေမယ့်လို့ သူ့မိထွေးချန်ခဲ့သောအရိပ်ဆိုးမှာ အခုထိကြောက်စရာကောင်းနေတုန်းပင်။
အတိတ်က
ဒီလိုဖြစ်ပြီဆိုလျှင် မိထွေးဖြစ်သူက ဆူပူကာသူ့အား နောင်တရသည်အထိ အပြစ်ပေးပြီး ဖခင်ဖြစ်သူအား
တိုင်ကြားပေလိမ့်မည်။
သူအမှတ်အရဆုံးအချိန်ကတော့
သူ့မိထွေး သူ့အားလှေကားပေါ်မှ တွန်းချသည့်အချိန်ဖြစ်၏။ စင်စစ် သူကိုယ့်သူလုပ်ခဲ့တာဖြစ်ပြီး
မိထွေးအားတမင်သက်သက်လွှဲချပါသည်ဟုပင် သူ့အားမဟုတ်မမှန်အပုတ်ချပြောဆိုသေးသည်။ အခု သူပြန်မွေးဖွားလာသည့်အခါတွင်တော့
ဒီဆိုးရွားလှသည့် အမျိုးသမီးနှင့် မျက်နှာချင်းပင် မဆိုင်ချင်တော့ပေ။
သူ
အတွေးလွန်နေတုန်း သူ့ပါးပေါ်သို့ နူးညံ့သောလက်တစ်စုံလှမ်းလာသောအခါ သူ့အနေနှင့် အလိုအလျောက်ရှောင်ပြီးသား
ဖြစ်သွားလေသည်။
ရွှီယန်ယုမှ
ဂရုမစိုက်ဘဲ သူ့လက်အား ရုတ်သိမ်းလိုက်ပြီးသူ့အားကြည့်ကာ မနှစ်မြို့သည့်သဘောနှင့်မဟုတ်ဘဲ
"သူ့ကို တိုက်ကွန်ဒိုသင်တန်းပို့ပေးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လေ့လာခိုင်းလိုက်
" လို့ပြောလိုက်သည်။
"ဒါက
ဘာကိုဆိုလိုတာပါလဲ "
သူမသည်
မျက်နှာမှဒဏ်ရာအားညွှန်ပြလိုက်ပြီး" ဒီနေရာက ရုပ်ဆိုးတယ်။ ငါ ထပ်မမြင်ချင်ဘူး"
ဟုပြောလေသည်။
မုရှောင်မှ
ခေတ္တခဏကြောင်သွားပြီး သူ၏ခေါင်းမာသောအမူအကျင့်ပင် နည်းနည်းလျော့သွားသည်ဟုပင် ထင်လိုက်ရ၏။
သူ ဒါကိုတကယ်ပင်မတွေးဖူးချေ။
သူ့မိထွေးပြောမည်မှာ
သူ့အားဆူမည်ရိုက်မည် မဟုတ်ပါက သူ့အားရန်ဖြစ်သည့်အတွက် အပြစ်ပေးမည် ဟုပင်။
အရင်ဘ၀တုန်းက
ဒီလိုအချိန်၌ သူသည် အခန်းဖော်နှင့်ရန်ဖြစ်ခဲ့၍ သူ၏ မိထွေးမှာ သူ့အာ လေသာဆောင်၌ ပိတ်ထားကာ
တစ်ညလုံး မတ်တပ်ရပ်ခိုင်းခဲ့သည်။ ထိုည၌ မိုးရွာခဲ့ပြီး သူ ရက်အတော်ကြာ ဖျားသွားခဲ့၏။
အဲ့ကတည်းက
သူ့ကျန်းမာရေး အခြေနေဆိုးရွားခဲ့ပြီး နေမကောင်းတဲ့ လူမမာလေး ဖြစ်လာတော့သည်။ ဒါပေမယ့်
ဒီလိုအရင်ဘ၀က ကိစ္စကြီးက အခုလိုလွယ်လွယ်ပြီးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။
မုရှောင်သည်
သူ့အရင်ဘ၀၏ မှတ်ဉာဏ်များမှာ နက်ရှိုင်းလွန်းသဖြင့် အခုပြန်လည်မွေးဖွားလာသည်ကို အခုထိ
မယုံကြည်နိုင်သေးပေ။ သူ့မိထွေး လှေကားပေါ်မှာဆင်းသွားသည့်ပုံစံအားကြည့်ရင်း သူ့အတွေးများ
အတော်ကြာသည်အထိ ရပ်တန့်၍မရချေ။
လှေကားပေါ်မှဆင်းသွားပြီး
ဧည့်ခန်း၌ ရိုက်ကူးရေးအဖွဲ့များရောက်ရှိနေပြီဖြစ်၏။
ဥပမာအားဖြင့်
တိုက်ရိုက်ပြသလို့ရမယ့်အချိန်မှသာလျှင် သူတို့အစီအစဉ်အား စရိုက်ကူးမည်ဖြစ်၏။စောင့်ကြည့်သည့်
အစီအစဉ်ဖြစ်သည့်အတွက် ပါ၀င်သူရဲ့တကယ့်ဘ၀အား ရိုက်ကူးရေးအဖို့မှ အတတ်နိုင်ဆုံးလျော့ချကာ
ရိုက်ကူးမည်ဖြစ်သည်။
ရှီယန်ယုမှ
သူ၏ဖြူဖွေးသောလက်ချောင်းများဖြင့် နှဖူးမှဆံပင်များအား သပ်တင်လိုက်သည်။
ရိုက်ကူးရေးအဖွဲ့အား
တွေ့လိုက်သည်နှင့် စိတ်ထဲမှ ညီးညူမိသွား၏။ ဒီအစီအစဉ်တွင် မူလလပိုင်မှာ နှစ်ယောက်အတူပါ၀င်ချင်တာဖြစ်ပြီး
ဒီဆန္ဒကတော့ မုချောင်ယွင်အနေနှင့်တော့ မဖြစ်နိုင်ပေ။ သူသည် နိုင်ငံခြားထွက်ဖို့လောက်သာသိပြီး
ဒီအကြောင်းအား လျစ်လျူရှုထားလေသည်။
ဒီ၀တ္ထုဇာတ်ကြောင်းအရ
ဒီရသစုံရှိုးမှာ ပါ၀င်သူတစ်ယောက်တည်းအား ရိုက်ပြသည့်ပုံစံဖြစ်၏။
မူလပိုင်ရှင်မှာ
တစ်လောကလုံး၏ လှောင်ပြောင်စရာလေးဖြစ်ခဲ့ရပြီး ၀မ်းနည်းဖွယ်ရာ အဆုံးသတ်သွားခဲ့သည်။ မဟုတ်ဘူး။
သူမကတော့
ဒီလိုမြင့်မားတဲ့ လစာနှုန်းထားကြောင့် ထိုသို့အဖြစ်မခံနိုင်။
ရွှီယန်ယုသည်
သူ့ဘ၀အားပိုက်ဆံများဖြင့်သာအဆုံးသတ်ချင်ပြီး ဇာတ်လမ်းဆုံးသည်အထိ နေထိုင်သွားမည်ဖြစ်သည်။
သူမ
အနားယူသည့်အခါ စိတ်အေးဖို့ရန် ကျွမ်းကျင်လိမ်မာစွာ ရိတ်သိမ်းရမည်ဖြစ်သည်။ သူ့အလုပ်အကိုင်
ထိပ်ဆုံးရောက်ဖို့ ကောင်းမွန်တဲ့ဘ၀မှာနေထိုင်ပြီး သူလုပ်ချင်သည်များအား သဘောပေါက်သည်အထိဖြစ်၏။
ငွေပုံပေါ်ခုထိုင်ပြီး
ရှုတ်ထွေးတဲ့ဘ၀မှာနေထိုင်ရမည်ဆိုရင်တော့ အဓိပ္ပာယ်မရှိပေ။
ရသစုံရှိုး၏
လက်ထောက် ဒါရိုက်တာ ကျန်းမင်ဟွေ့က ရွှီယန်ယုနဲ့မုချောင်ယွင်တို့အား ပါ၀င်သူများအဖြစ်ဖိတ်ကြားထား၏။
ခေတ္တစောင့်ဆိုင်းပြီးနောက်မှာ ရွှီယန်ယုက သူ့အားနှုတ်ဆက်ခဲ့သည်။
"မစ္စမု
မင်္ဂလာပါ ကျွန်တော်တို့က" အရင်လက်ထပ်မယ်အချစ်လားနောက်မှပေါ့" အစီစဉ် ရိုက်ကူးရေးအဖွဲ့ကပါ။
ဒီနေ့ နေ့လည်နှစ်နာရီမှာ ကျွန်တော်တို့က မင်းနဲ့မင်းခင်ပွန်းရဲ့နေ့စဉ်ဘ၀ကို ရိုက်ကူးမလို့ပါ။
ဒီဟာတွေက အစီစဉ်အကြောင်းအရာတွေပါ။"ဟုပြောလိုက်၏။
ရွှီယန်ယုမှ
တစ်ချက်ကြည့်လိုက်ပြီး "ဒါက အခြေခံအားဖြင့်ကြည့်ရင်တော့ ပြဿနာ မဟုတ်ဘူး။ သင့်လျော်တဲ့စာကြောင်းတွေကို
မျဉ်းသားပြီးသားပဲဟာ။ တစ်ခုပဲ အချိန်မှားနေတာ။"
သူမသည်
နာရီအားတစ်ချက်ကြည့်လိုက်ပြီး "သုံးနာရီလေးဆယ့်ငါး ဆိုရင်ရော" ဟု ကျန်းမင်ဟွေ့အားပြောလေသည်။
"ပြောစရာရှိရင်
ကားပေါ်မှာပြောရအောင်။ ကျွန်မအခုသွားစရာရှိတယ်"
ပါ၀င်သူတွေရဲ့နေ့စဉ်ဘ၀ကို
စောင့်ကြည့်နေတဲ့သူဖြစ်တဲ့အတွက် သူသည် ရွှီယန်ယုအား ထူးခြားသည်ဟု ခံစားလိုက်ရသည်။ အနည်းဆုံးတော့
သူမက တခြားပါ၀င်သူတွေလို မဟုတ်ဘူး။
ရွှီယန်ယု
ဈေး၀ယ်ထွက်ရန် စီးသည့်ကားမှာ pagani huayra ဖြစ်ပြီး ၀င့်ကြွားနေသော ကားအရောင်ကသူမ၀တ်ဆင်ထားသော
အဖြူရောင်ဂါ၀န်နှင့် လိုက်ဖက်ညီနေ၏။ ရှန်းကျား ပုလဲလက်ကိုင်အိတ်နှင့် သူမ၏ ပုံစံမှာ
ကျော့ရှင်း၍ ဆွဲဆောင်မှုရှိလှသည်။
ရိုက်ကူးရေးအဖွဲ့သားများမှာ
ချက်ချင်းပင် တိုက်ရိုက်ရိုက်ကူးရေးစလိုက်ပြီး ကားအကောင်းစားပေါ်မှာ ဆင်းလာသော သေးသွယ်သော
ခြေထောက်၏ စိန်စီဒေါက်ဖိနပ်တစ်စုံစီသို့ ကင်မရာချိန်လိုက်၏။
ကြည့်ရှုသူများမှာ
ချက်ချင်းရသစုံရှိုး၏ live သို့ရောက်လာကြပြီး သူတို့မြင်လိုက်ရသည်က အရှိန်အဝါရှိသော
သေးသွယ်သည့် ခြေထောက်တစ်စုံဖြစ်၏။ ခမ်းနားကြီးကျယ်မှုပြည့်နေသည့် စခရင်ကြောင့် ကြည့်ရှုသူများမှာ
live မှား၀င်ကြည့်မိသည်ဟုပင် တွေးမိကြတော့၏။
[
မင်းဖတ်တာ မှန်တယ်မလား။ ဒါက ရွှီယန်ယုရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမလား]
[ရိုက်ကူးရေးအဖွဲ့သားတွေ
မှားတာမလား။ ဒါက တခြားအမျိုးသမီး ပါ၀င်သူတစ်ယောက်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမလား။]
[ဟုတ်တယ်။
ငါမှားတာဖြစ်နိုင်တယ်။ ရွီယန်ယုက ဒီလောက်ကောင်းတဲ့ အနေအထားကြီး မဖြစ်နိုင်ဘူး]
ကင်မရာလှည့်လိုက်သောအခါ
နို့နှစ်ရောင်အသားအရေဖြူသွယ်သောခြေတံများနှင့် အဖြူရောင်ဂါ၀န်၀တ်ထားသူမှာ ယာဉ်မောင်းသူထိုင်ခုံတွင်
လှပသောမျက်နှာလေးနှင့်ထိုင်နေ၏။ တကယ့်ကို ဘုရားကဖန်ဆင်းထားတဲ့အကောင်းဆုံးလက်ရာပေ။
တိုက်ရိုက်ထုတ်လွှင့်မှုအား
ကျန်းမင်းဟွေ့၏ အသံဖြင့်စတင်လိုက်ပြီး ရွှီယန်ယု၏ အကြောင်းအား မိတ်ဆက်ပြောပြနေ၏။
ပရိတ်သတ်များ
လက်ခံလိုက်ရသည်က သူတို့ရှေ့မှာမြင်နေရသည့်အလှလေးမှာ တကယ်ကိုရွှီယန်ယုအစစ်ဖြစ်သည်ဟူ၍ပင်။
ဘာပဲဖြစ်ဖြစ်
ရွှီယန်ယုတစ်ယောက်ကိုသာ မြင်တွေ့ရပြီး အစီအစဉ်အရ နှစ်ယောက်မိတ်ဆက်ပေးရမည်ဖြစ်သည်။
ကျန်းမင်ဟွေ့မှ
မုချောင်ယွင်အား မေးလိုက်သည်။ "မစ္စမု မစ္စတာမုကရော"
မုချောင်ယွင်အား
တိုက်ရိုက်ထုတ်လွင့်သည့် ပထမနေ့၌တွေ့ရဖို့ မမျှော်လင့်ထားခဲ့ပေ။ ရွှီယန်ယု၏ တုံ့ဆိုင်းသည့်အမူအရာအား
တွေ့လိုက်ရသောအခါ သူခန့်မှန်းထားသည်မှာ မှန်ကြောင်းသိလိုက်ရ၏။
တိုက်ရိုက်လွှင့်မှုအစမှာ
တခြားပါ၀င်သူတွေက တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ပေးကြ၏။ ရွှီယန်ယုမှာတော့ တစ်ယောက်တည်းပင်ဖြစ်ပြီး
လူတွေက ဘာလို့ဒီလိုဖြစ်ရသလဲဟု ပြောနေကြတော့သည်။
လူနှစ်ယောက်
ပါ၀င်သည့်အစီအစဉ်မှာ တစ်ယောက်တည်း ရောက်လာရခြင်းက ဘာကိုဆိုလိုတာလဲ။ ဒါက မုချောင်ယွင်က
ရွှီယန်ယုကိုမျက်နှာသာမပေးတာပဲမလား။ အခြေခံအကျဆုံး Scene မှာတောင် သူက မပါ၀င်ခဲ့ဘူး။
[ခင်ပွန်းရော
ဇနီးရောက သူတို့မျက်နှာကို စုတ်ဖြဲပစ်ရတော့မှာပဲ။ ငါ သူတို့ အစားမျက်နှာပူလာပြီ]
သူမ
ကြည့်လိုက်သောအခါ ဖုန်းပေါ်မှ တိုက်ရိုက်လွှင့်မှုထဲက စကားများအားတွေ့ပေမယ့် သူမ၏ အနီတောက်တောက်နှုတ်ခမ်းများအား
ပြုံးထားသည်ကိုမရပ်တန့်လိုက်ပါချေ။ သူမသည် လက်ကောက်၀တ်မှာ တန်ဖိုးကြီးလက်ကောက်အား ပွတ်သပ်လိုက်ပြီး
ပြောလိုက်သည်။
"
ကျွန်မကို မစ္စရွှီလို့ပဲခေါ်ပါ။ မစ္စမုဆိုတဲ့ နာမည်ကို ကျွန်မသဘောမကျဘူး။ ရှင်တို့
မုချောင်ယွင်အကြောင်း သိချင်နေကြမှန်း သိပါတယ်။ စိတ်မကောင်းစရာကောင်းတာက သူက ဒီနေရာနဲ့ဝေးတဲ့
တစ်ခြားကမ္ဘာတစ်ခုမှာပါ။ ဒါကြောင့် သူ မပါ၀င်နိုင်တာပါ။"
"ရွှီယန်ယုက
ဥက္ကဌကို ဆဲလိုက်တာမလား။ သူစိတ်ဆိုးတော့မယ်ထင်တယ်။"
ရွှီယန်ယု
ဝှေ့ကြည့်လိုက်စဉ်မှာ စာတစ်ကြောင်းတွေ့သွားပြီး ကားမောင်းရင်းပြောလိုက်သည်က "သူစိတ်ဆိုးလည်း
ငါဂရုမစိုက်ဘူး" ဟူ၍ဖြစ်သည်။
"
တကယ်ကြီး??? "