သူဌေးကတော်ဖြစ်ရတာထက်
လွယ်တာရှိသေးရဲ့လား
အပိုင်း
၂
[ဝိုး!
ဒီအမကြီးက တအားမိုက်တာပဲ ဒါက တကယ်ကြီးကွာရှင်းတော့မှာလား ဒါမှမဟုတ် မျက်နှာပြောင်တိုက်တာလားပဲ
]
[မင်း
ကားနဲ့အပြင်ထွက်နေကြလား။ အခုဘယ်သွားမလို့လဲ။]
[တစ်ယောက်တည်းသွားရတာ
ပျင်းစရာကောင်းပေမယ့် ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုဖြစ်တဲ့
ကျန်းချင်းယွင်နဲ့ရှန်ဖန့်တို့ အတွဲကို ကျွန်တော်နဲ့အတူ ကြည့်လိုက်ကြရအောင်။ သူတို့က
လက်ထပ်ထားတာ ကြာပြီဆိုပေမယ့် အခုထိ ချစ်နေကြတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။]
[ရွှီယန်ယုက
တစ်ယောက်တည်းလာပြီး ငါ့အမြင်အရဆိုရင်တော့ သူက အတင်းပြုံးနေရတာ။ တခြားထုတ်လွှင့်မှုတွေနဲ့ယှဉ်ရင်
သနားစရာကောင်းတယ်။ သူတို့ကိုတွဲမြင်ရမယ်ဆိုတော့ ငါတော့ တော်တော်လေး စိတ်မသက်မသာဖြစ်မှာပဲ။]
ရွှီယန်ယုသည်
A မြို့၏ ကုလီ ကုန်းလမ်းထဲ မောင်းသွားခဲ့ပြီး သူသည် စင်စစ်ဈေး၀ယ်ထွက်ဖို့ ရန်သာ စဉ်းစားထား၏။
ကားရပ်ပြီးသည့်နောက်
သော့အား လျိုယွီထံပစ်ပေးလိုက်ကာ ပြောလိုက်သည်။ "တော်တော်ကြီးကျယ်ခမ်းနာတဲ့ ဈေး၀ယ်စင်တာပဲ"
ပိန်ပိန်သွယ်သွယ်
ခန္ဓာကိုယ်က ခြေလှမ်းတိုင်းမှာ မြင်သူတိုင်းအားဆွဲဆောင်နေ၏။ ကြည့်ရှုပြီးတဲ့နောက်မှာ
ပရိတ်သတ်တွေ သဘောပေါက်လိုက်သည်က သူမသည် ရိုးရှင်းလှသော ဂါ၀န်တစ်ထည်ကိုသာ ၀တ်ဆင်ထားခြင်းဖြစ်ကြောင်းပင်။
အရောင်မှာ
လုံး၀အဖြူရောင်သာဖြစ်ပြီး ဒီဇိုင်းပုံစံမှာ ပကတိရိုးရှင်းလှသည်။ သို့ပေမဲ့ အလွန်ကြည့်ကောင်းလှပြီး
သိမ်မွေ့လှ၏။
သူမ၏
အိတ်ကိုလွယ်ကာ လမ်းလျှောက်လာသည့် ပုံစံသည် ကင်မရာရှေ့၌ ထင်ရှားနေ၏။
ရွီယန်ယုဟာ
လွန်ခဲ့တဲ့ဆယ်နှစ်တည်းက ပွဲဦးထွက်ခဲ့ပေမယ့် နှစ်တွေကြာပြီးတဲ့နောက်မှာ အခုက အရင်ပုံစံနဲ့မတူတဲ့
တခြားလူတစ်ယောက်လို ခံစားရ၏။
အမှုမဲ့အမှတ်မဲ့နှင့်ပင်
သူသည် ထိပ်တန်းလက်၀တ်ရတနာဆိုင်ရှေ့ ရောက်သွားတော့၏။ စိန်ထည်၏ မျက်နှာပင်မှာ အလွန်တရာတောက်ပနေပြီး
အလင်းရောင်၌ တဖိန့်ဖိန့်လက်နေတော့သည်။ စိန်ထည်တစ်ဆင်စာဖြစ်၏။
ခဏကြာပြီးသည့်နောက်မှာ
ထိုစိန်ထည်တစ်ဆင်စာသည်ရွှီယန်ယု၏ လည်ပင်းနှင့် လက်ကောက်၀တ်ပေါ်ရောက်သွားတော့၏။ အသားဖြူဖြူပေါ်မှ
စိန်ထည်ပစ္စည်းများက သူမအား ပို၍ဆွဲဆောင်မှူရှိစေ၏။ ဤစိန်ထည်သည် သူမ၀တ်ဆင်လိုက်ပြီးသည်နှင့်
တန်ဖိုးအဆမတန် မြင့်တက်သွားခြင်းက သူမအား ပို၍ တန်ဖိုးတက်ခမ်းနားစေသည်။
ရွှီယန်ယုသည်
အရောင်မဲ့စိန်ထည် စုစုပေါင်းခြောက်စုံလောက်အား ၀တ်ကြည့်ခဲ့သည်။ ထိုစိန်များမှာ အရောင်
အရည်အသွေး တောက်ပမှုမြင့်မားသောကြောင့် အလွန်တရာမှ ဈေးကြီးပေသည်။ အဓိကကတော့ သူ၀တ်ဆင်လိုက်သည်နှင့်
သူနှင့်လိုက်ဖက်ညီလှသည်ဟု ခံစားရစေခြင်းဖြစ်သည်။
ထိပ်တန်းအလှပဂေး၏
နောက်ခံကြောင့် ရတနာအားလုံးမှာ ပို၍ပင် တောက်ပပါတော့သည်။ ရွှီယန်ယုမှ ၀တ်ကြည့်ပြီးသည်နှင့်
၀ယ်ချင်လာတော့၏။ ရတနာတွေမှာ တကယ်ပင် ဆွဲဆောင်နေသဖြင့် သူမကကောင်းကောင်းမွန်မွန် ၀တ်ဆင်ချင်တော့၏။
ရတနာဆိုင်မှ
တာ၀န်ခံကောင်မလေးမှာ ရွှီယန်ယုအား ယဉ်ကျေးစွာဖြင့် "မဒမ် ဒီလက်၀တ်ရတနာတွေက တကယ်ပဲ
မဒမ်နဲ့လိုက်ဖက်တယ်။ သဘောကျတယ်ဆိုရင် ကျွန်မ ထုပ်ပိုးပေးရတော့မလား။" ဟု ဂရုတစိုက်မေးလာ၏။
ရွှီယန်ယုမှာ
ခေါင်းခါလိုက်ပြီး တာ၀န်ခံကလေးမအားကြည့်လိုက်သည်။ သူမသည် သူမ၀ယ်ဘူးဟု စိတ်ထဲထင်သွားကာ
အနည်းငယ် စိတ်ပျက်နေပုံပင်။
နောက်တစ်ကြိမ်၌
ရွှီယန်ယုသည် ကောင်တာထဲမှ ရတနာများအား လက်ညှိုးထိုးပြကာ "ငါ၀တ်ကြည့်တဲ့ဒီခြောက်စုံကလွဲရင်
အကုန်လုံးထည့်ပေးလိုက်"ဟု ပြောလိုက်၏။
အရောင်းစာရေးမလေးသည်
မှားကြားသည်ဟုပင် ထင်လိုက်မိသည်။
သူမသည်
ခဏလောက်အံ့ဩသွားခဲ့ရသည်။ ချမ်းသာသည့်၀ယ်သူများအား မရေမတွက်နိုင်အောင်တွေ့ဖူးပေမယ့်
ဒီလိုအကုန်၀ယ်သွားသည်ကတော့ ဒါပထမဦးဆုံးအကြိမ်ဖြစ်သည်။
သူမသည်
အလွန်ပျော်သွားရပြီး ရွှီယန်ယုအတွက် အမြန်ပင် ရေတစ်ခွက်ခပ်ပေးကာ နားနေခန်းမှာစောင့်နေစေ၏။
ရွှီယန်ယု
ပိုက်ဆံရှင်းဖို့ ဘဏ်ကဒ် ထုတ်ပြီးတဲ့အခါမှာတော့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ စကားသံများထွက်လာပါတော့သည်။
[ဘယ်လောက်ကုန်သွားလဲဆိုတာ
ငါ့ကိုကူရေပေးကြပါဦး]
[အမြင်နဲ့ဆုံးဖြတ်ရမယ်ဆိုရင်
အနည်းဆုံး သုံးဆယ်မီလီယမ်ပဲ]
[မင်းရဲ့စကားတစ်ခွန်းက
Aမြို့တော်က အိမ်တွေကို ၀ယ်နိုင်မယ်ဆိုရင်တော့ ဒီအစ်မကြီးကို ထောက်ပံ့ပေးဖို့တောင်းဆိုပါတယ်]
[ရွှီယန်ယု!
ငါထပ်ပြောမယ် မင်းက ငါ့အစ်မပဲ! ငါတကယ်ပြောတာ မင်းက ငါ့ရဲ့ တစ်ဦးတည်းသောအစ်မပဲ]
[သူက
ပစ္စည်းတွေကို လျှောက်ကြည့်ရုံပဲလာတာ ၀ယ်ဖို့လာတာ မဟုတ်ဘူးလို့ ငါ့ကိုပြောပေးကြပါ]
ရွှီယန်ယု
ပိုက်ဆံအသုံးမြန်သည်က ရိုက်ကူးရေးအဖွဲ့ပင်မျှော်လင့် မထားလောက်သည်အထိဖြစ်သည်။ လက်၀တ်ရတနာဗူးများအား
ထပ်ထားသည်မှာတောင်တစ်ခုအလားပင် ဖြစ်နေတော့သည်။ တကယ်ပင် အံ့ဩဖို့ကောင်း၏။
အမျိုးအသားတူ
လက်၀တ်ရတနာများအား သေချာစုပြီး ထုတ်ပိုးကာ အိမ်သို့သယ်သွားရသည့် ခံစားချက်က ကျေနပ်စရာကောင်းလှသည်မှာ
အတိုင်းထက်အလွန်ပင်ဖြစ်သည်။
ရွှီယန်ယုမှာ
လက်၀တ်ရတနာ အရောင်းဆိုင်အားလုံးနီးပါးအားရောက်ခဲ့၏။ သူသွားသမျှဆိုင်တိုင်း ကြိုက်သည်နှင့်
အိတ်ထဲတန်းထည့်လိုက်တာဖြစ်၏။ဒါက အတားဆီးမဲ့နေသည့် ကိန်းဂဏန်းများပင် သူသည် သုံးဆယ့်ငါးမိနစ်အတွင်း
စင်တာထဲမှာ ရတနာတစ်ရာနီးပါး၀ယ်ခဲ့ပြီး ပျမ်းမျှကုန်ကျငွေမှာ ယွမ်တစ်သိန်းငါးသောင်းလောက်ရှိ၏။
လူတိုင်းမျက်လုံးများပြူးကုန်ကျပြီး ဒါက ချမ်းသာတဲ့ကမ္ဘာလား ဒါမှမဟုတ်
သူတို့ကပဲ
အတွေ့အကြုံနည်းနေတာလား လို့ပင်တွေးကုန်ကြ၏။
လက်၀တ်ရတနာများ၀ယ်ပြီးသည်နှင့်
ရွှီယန်ယုဟာ လုပ်ငန်းစုပိုင် အိတ်အရောင်းဆိုင်များဆီ ရောက်သွားတော့၏။
ဒီနှစ်
အသစ်ထွက်တဲ့ အမျိုးသမီး လက်ကိုင်အိတ်များအား ခင်းကျင်းထားသည်။ အိတ်ဒီဇိုင်းများမှာ
ရှေးဆန်ပြီးကြော့ရှင်းကာ နေ့စဉ်သုံးဖြစ်ဖြစ် ခရီးသွားရင်ဖြစ်ဖြစ် သက်တောင့်သက်သာ ရှိလှသည့်ဒီဇိုင်းများဖြစ်သည်။
ရွှီယန်ယုမှ
အရောင်းစာရေးမလေးအား "ဒီအိတ်ကဘယ်နှစ်ရောင်ထွက်တာလဲ။"
"မဒမ်
ဒီအိတ်က ဆယ့်နှစ်ရောင်လာပါတယ်။ ဒါပေမဲ့ အခုဆိုင်မှာတော့ အဖြူနဲ့အနက်ပဲ ရှိပါတော့တယ်"
ဟုကြားပြီးသည့်နောက် ရွှီယန်ယုမှအနည်းငယ်စဉ်းစားနေဟန်ဖြစ်သဖြင့် ၀န်ထမ်းများမှာလည်း
စိတ်ထဲ၌ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
အသံတစ်ခုထွက်ပေါ်လာပြီး
"အရောင်အားလုံး ရောက်ဖို့
ဘယ်လောက်စောင့်ရဦးမှာလဲ"
အရောင်းစာရေးမလေးမဖြေခင်
မန်နေဂျာဖြစ်သူက ခပ်မြန်မြန်ပင် "လေကြောင်းကနေ သယ်မယ်ဆိုရင်တော့ နှစ်ဆယ့်လေးနာရီအတွင်း
ရောက်မှာပါ။ မနက်ဖြန် နေ့လည်ဆိုရပါပြီ။"
ရွှီယန်ယုမှာ
လက်ချောင်းလှလှလေးများဖြင့် ကောင်တာမှအိတ်များအား ညွှန်ပြကာ "ကောင်းတယ် ဒီတစ်အိတ်
ဒီတစ်အိတ် ဒီတစ်အိတ်ရော"
"အားလုံးလားရှင့်"
"ဒါပေါ့"
အရောင်းစာရေးမလေးမှာ
အံ့ဩသွားရတော့၏။ အိတ်တွေ၏ ဈေးနှုန်းမှာ သုညလေးလုံးမှ ငါးလုံးပမာဏလောက်ရှိပြီး ဆိုင်ထဲမှ
အိတ်ဒီဇိုင်းမျိုးစုံမှာ အရောင်အသွေးအစုံရှိသည့်အတွက် အနည်းဆုံးတော့ ယွမ်တစ်မီလီယမ်လောက်
ကျသင့်မည်ဖြစ်သည်။
"ဒီမမလေးက
တကယ်ကြီးမိုက်တာပဲ။ ချမ်းသာတဲ့သူတွေမြင်ဖူးပေမယ့် ဒီလောက် ချမ်းသာတဲ့လူတော့ မမြင်ဖူးဘူး။
ဒီလောက်ဆို တကယ့်ကို ထိပ်တန်းသူဌေးပဲမဟုတ်လား။"
ရွှီယန်ယုမှ
အိတ်တန်ဖိုးများအား ပေးချေလိုက်သဖြင့် ကြည့်ရှုသူများမှာ အကြီးအကျယ် အံ့ဩနေရတော့သည်။
ဒါက တော်တော်လေး ချမ်းသာတာပဲ။ သူက သူများတွေလို ဈေးနှုန်းတောင်ကြည့်မနေဘဲ ၀ယ်ပစ်လိုက်တာ။
ကမ္ဘာကြီးလောက်ဆိုရင်တောင် အသေးအမွှားပဲ ထင်တယ်။
ဈေး၀ယ်ထွက်သည်မှာ
အချိန်ဘယ်လောက်မှ မကြာသေးသော်လည်း အ၀တ်အစား အိတ် လက်၀တ်ရတနာများအပြင် အားကစား
brand တစ်ခုမှပစ္စည်းများပါ အကုန်ကုန်သွားပြီဖြစ်သည်။ စိတ်၀င်စားစရာကောင်းသည်က သူမ၀ယ်ခဲ့သည့်
အားကစားပစ္စည်းများမှာ ဆယ်ကျော်သက်များအတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။
ဒါပေမဲ့ဒီပမာဏသည်
သူမ ဒီနေ့သုံးခဲ့သည့် ပမာဏနှင့်ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်နေရာမှ
ကြည့်ရှုသူများမှာ အထိတ်တလန့်ပင်ဖြစ်ကုန်ကြပြီး ရွှီယန်ယု၏ ပိုက်ဆံသုံးစွဲမှုအား အံ့ဩနေကြတော့သည်။
ရွှီယန်ယု၏
ဈေး၀ယ်ထွက်မှုမှာ ဒီလောက်နှင့်ပြီးမသွားပေ။
သူမသည်
အလွန်တက်ကြွနေပြီး ပင်ပန်းပုံတောင်မရပါ။သူဟာ နောက်ထပ်ဈေး၀ယ်စင်တာတစ်ခုအား ထပ်သွားခဲ့သည်။
သူမနောက်ထပ်
မျက်စိကျနေသည်ကတော့ မြကျောက်အရောင်းဆိုင်ဖြစ်သည်။ ပစ္စည်းထည့်ကောင်တာမှာ ကျောက်အရောင်ကြောင့်
ပို၍ပင် တောက်ပပြီး အမြင်တင့်နေတော့သည်။ ဒီလိုကျောက်မျိုးသည် လက်ထဲမှချရက်စရာကို မရှိသည့်
ကျောက်မျိုးဖြစ်သည်။
ဆိုင်က
အကြံပြုသည့် ရေခဲရောင်မြလက်ကောက်အား သူမ၏ လက်သို့စွပ်လိုက်သည်။ ဤလက်ကောက်သည် သူမ၏ ဖြူဖွေးသောအသားအရေနှင့်
အင်မတန်လိုက်ဖက်ညီနေတော့သည်။ တော်တော်လေးလှပပြီး အထင်ကြီးလောက်စရာ မြင်ကွင်းပင်ဖြစ်သည်။
ဒါက
ဒီလိုတောက်ပကြီး ကြည်လင်နေတဲ့ မြကျောက်ကပဲ ဒီလိုအသားအရေနှင့် လိုက်ဖက်တာလား ဒါမှမဟုတ်
သူမအတွက်ပဲ ဖြစ်တည်နေသည်လားတော့ မသိပေ။
"ငါ
ဒီကျောက် အရောင်ကိုကြိုက်တယ်"ဟု လက်ကောက်အရောင်အား ရွှီယန်ယုမှ မှတ်ချက်ပေး၏။
"မဒမ်ကြိုက်တယ်ဆိုရင်
ကျွန်မ ထုပ်ပိုးပေးလိုက်ပါ့မယ်"
ဒါက
ရင်းနီးနေတဲ့ စကားတစ်ခွန်းဖြစ်ပြီး အရောင်းစာရေးမလေးမှ ပြုံး၍ပြောလေသည်။
ရွှီယန်ယုမှ
ခေါင်းခါလိုက်ကာ "ဒီတစ်ခုတည်းမဟုတ်ဘူး ကျန်တဲ့ဟာတွေရော"
"အားလုံး
မဒမ်အကုန်လုံးယူမှာလား"
"ဟုတ်တယ်"
ရွှီယန်ယုမှ
စကားဆက်မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။
သူမပြောသည်ကို
နားလည်သွားသည်နှင့် အရောင်းစာရေးမလေးမှာ ပို၍ပင်အံ့ဩသွားကာ အရှေ့ကသူတွေ့ခဲ့သည့်အရောင်းစာရေးမတွေထက်ပင်
ချဲ့ကားပါသေးသည်။
အရောင်းစာရေးမလေး၏
အမူအရာမှာ ပို၍ပင် ယဉ်ကျေးသွား၏။
ရွှီယန်ယုလက်ထဲမှ
ဘဏ်ကဒ်ကို တောင်းယူလိုက်သည့်အခုပို၍ပင် ရိုကျိုးသေး၏။
ဘဏ်ကဒ်ဖြင့်
ငွေပေးချေသည့်အခါ တစ်ခုချင်းစီ၏ ဈေးကို တွက်ချက်လိုက်သည်က ရိုးရှင်းသည့် လုပ်ဆောင်ချက်
ဖြစ်သော်လည်း ကမ္ဘာပေါ်က စိတ်လှုပ်ရှားစရာအကောင်းဆုံး အပြုအမူတစ်ခုဖြစ်နေ၏။
ကင်မရာမှ
အရောင်းစာရေးမလေး တွက်နေသည့်ဈေးနှုန်းပမာဏအား ပြလိုက်သဖြင့် အံ့ဩစွာဖြင့်အသံတွေညထွက်လာတော့သည်။
[အရောင်းစာရေးမလေး
တွက်နေတာတော့ ဂဏာန်းရှစ်လုံးပဲ ပထမနံပါတ်ကတော့ ခြောက်ဆိုတာ အသေအချာပဲ]
[မီလီယမ်
ခြောက်ဆယ်လောက် ကျောက်တွေ ၀ယ်ပစ်တာကိုပဲ အံ့ဩတယ်]
[ရွှီယန်ယုရဲ့
မီလီယမ်တွေ ဆယ်နဲ့ချီပြီး ၀ယ်နိုင်တဲ့နေစဉ်ဘ၀ကတော့ တကယ်စံပြပဲ။ ငါတော့သဘောကျတယ်]
[ဒီနေ့ကတော့
မစ္စတာမုကို မမြင်ရလည်း ကိစ္စမရှိတော့ဘူး။ ဒီလောက်ပိုက်ဆံတွေများနေတာ ပျင်းစရာမှမလိုဘဲနဲ့]
ရွှီယန်ယု
ကျောက်စိမ်းအပြင် ပုလဲနဲ့တခြားကျောက်အမျိုးအစားတွေပါ ၀ယ်ခဲ့ပြီး မီလီယမ်နဲ့ ချီသုံးခဲ့သည်။
အနေထားကိုကြည့်မယ်ဆိုရင်
ငါဒီနေ့တော်တော်လေး၀ယ်ခဲ့တာပဲ။
လက်ထောက်ဒါရိုက်တာ
ကျန်းမင်ဟွေ့သည် နေ့ခင်းရောက်သည်နှင့် ထုတ်လွှင့်မှုအားရပ်ဖို့ ပြောလိုက်ပြီး ရိုက်ကူးရေးအဖွဲ့အား
အနားယူဖို့ စီစဉ်ပေးလိုက်သော်လည်း ရူးလောက်စရာ ဈေး၀ယ်ထွက်ခြင်း ပုံရိပ်ထဲမှာပင် အာရုံများက
ဆက်နစ်မြုပ်နေကြတော့သည်။
ကျန်းမင်ဟွေ့
မျှော်လင့်မထားသည်က ရွှီယန်ယုဟာ ကုလီလမ်းမှာ ထွက်သွားသည်နှင့် အိမ်ကိုမပြန်ဘဲ အန်ကျန်းလမ်းထဲ
ဆက်သွားခဲ့သည်။ မြို့တော်ရဲ့ပစ္စည်းများ အရောင်းအကြီးမားဆုံးနေရာ ဖြစ်သည့်အပြင် အ၀တ်အထည်နှင့်
လက်မှုပညာပစ္စည်းများ မူလထုတ်လုပ်တဲ့နေရာလည်းဖြစ်သည်။
ကျန်းမင်ဟွေ့ရော
ပရိတ်သတ်များပါ နားမလည်နိုင်ဖြစ်ရသည်က ရွှီယန်ယုက အဲ့နေရာကို ဘာလို့ထပ်သွားရတာလဲ ဆိုတာကိုပင်။
အဲ့နေရာက စက်ရုံတွေသာများပြီး ကုန်ကြမ်းပစ္စည်းများသာ ရှိသည့်အတွက် သူမအကြိုက်နေရာမျိုးမဟုတ်ချေ။
ရွှီယန်ယု
ဘာသွားလုပ်မလဲဆိုတာ မသိပေမယ့် သူမ ပြောတဲ့စကားများကြောင့် နောက်တစ်ကြိမ် အံ့ဩသွားကြတော့၏။
ရွှီယန်ယုသည်
လမ်းပေါ်မှ ဆိုင်များအား ကြည့်လိုက်သည်။
ပိုကြည့်လေလေ
ပိုရှုပ်ထွေးလေလေ ဖြစ်လာပြီး သူမက တွေ့သမျှ ပစ္စည်းများအား ၀ယ်ကာ ဈေး၀ယ်ထွက်တာ ဘယ်လောက်ကြာပြီမှန်းကို
မသိတော့ပေ။ သူမက ဈေး၀ယ်ထွက်ရသည်ကို ကြိုက်ပေမယ့် ပိုက်ဆံဖြုန်းရသည်ကိုတော့ မကြိုက်ပေ။
အချိန်က ဆုံးဖြတ်ပေးသွားလိမ့်မည်။
"ငါ
လက်ထောက်လျိုကို တစ်လမ်းလုံးပဲ ၀ယ်ခိုင်းလိုက်တော့မယ် ပြီးရင်ပြန်ကြတာပေါ့"
ဘာပြောတယ်???
[!!!]