အပိုင်း ၆
Viewers 2k

သူဌေးကတော်ဖြစ်ရတာထက် လွယ်တာရှိသေးရဲ့လား

 

အပိုင်း ၆

 

 

[ချမ်းသာတဲ့ဘ၀က တအားမိုက်တာပဲ။ ရှီယန်ယုက သက်တောင့်သက်သာနေနိုင်ဖို့ အကောင်းစားအိမ်တွေအများကြီး၀ယ်တာတဲ့။ တော်တော်ရိုးရှင်းပြီးဟန်ဆောင်မှုကင်းတဲ့အတွေးပဲ။ ဟ ဟ ]

 

 

[ ခမ်းနားမှုတာကလည်း လုံး၀ကြီးခမ်းနားတာ ပျော်ရွှင်မှုဆိုတာကလည်း တကယ့်ပျော်ရွှင်မှုပဲ လွတ်လပ်မှုကလည်း စစ်မှန်တဲ့လွတ်လပ်မှုပဲ ဘာစည်းမျဉ်းတွေနဲ့မှ ကန့်သတ်မထားဘူး။ ရွှီယန်ယုဘ၀က တကယ့်ကိုအားကျစရာပဲ။]

 

 

ရွှီယန်ယု၏ အိမ်ဝယ်သည့်သတင်းမှာ ချက်ချင်းပင်ရှာဖွေမှုအများဆုံး ဖြစ်သွားခဲ့၏။

 

 

ရွှီယန်ယု၏ အိမ်များနှင့် ရွှီယန်ယု၏ နှင်းဆီပန်းလက်သည်းဒီဇိုင်းတို့မှာ ရှာဖွေမှုအများဆုံး ဒုတိယတစ်ခုနှင့် တတိယတစ်ခုတို့ဖြစ်သည်။ ထိပ်ဆုံးရှာဖွေမှုမှာ နာမည်မရှိဘဲ လေးဘီလီယမ်ဆိုတဲ့ စကားလုံးများသာဖြစ်၏။

 

 

ရှာဖွေကြည့်မယ်ဆိုရင် နေ့လည်မရောက်ခင်ကပင် ရွှီယန်ယုက ထိပ်ဆုံးရှာဖွေမှုသုံးနေရာမှာ ရှိ၏။ ကြည့်ရှုသူများက သူမ ချမ်းသာသည်ကို သိပေမယ့် ဒီလောက်ချမ်းသာလိမ့်မည်ဟု မထင်ကြပေ။

 

 

ချမ်းသာသည့်လူတန်းစားမှာ သာမန်ချမ်းသာသည့်လူ၊ အလယ်အလတ် ချမ်းသာသည့်လူနှင့် အချမ်းသာဆုံးလူ

ဟူ၍ရှိ၏။ ဒါပေမဲ့ ကန့်သတ်ချက်တွေရှိတဲ့အတွက် သူတို့စိတ်ကူးအတိုင်းအရာရာဖြစ်ဖို့ရန်မှာ မလွယ်ကူပေ။သူတိူ့သည် အင်အားကြီးကြပြီး ထိပ်တန်းအိမ်တော်များအား ယွမ် တစ်ရာ မီလီယမ်နှင့် ရောင်းချဖို့ရန်မှာ အလွန်ခဲယင်းလေသည်။

 

 

ပြီးတော့ ဒီအိမ်တော်ခြောက်ခုလုံးက မြို့တော်Aရဲ့ရှေးကြပြီးတန်ဖိုးမြင့် အဆောက်အဦးများ ဖြစ်လေသည်။အင်တာနက်ပေါ်မှ အချက်အလက်တွေ ထွက်ပေါ်လာပြီး သာမန်လူတွေကတော့ တီဗွီပေါ်၌ မြင်နိုင်လေသည်။ ကမ္ဘာမြေပေါ်က နတ်သမီးတိုင်းပြည်ဟုပင် ပြောလို့ရသည်ပင်။

 

 

ဒီလိုပတ်၀န်းကျင်မှာ နေထိုင်တာက လူတစ်ယောက်ကိုစိတ်ရောကိုယ်ပါ ကျန်းမာစေသည်။ ဒီလိုမြင်ရတဲ့အခါ အားကျတယ်ဆိုတဲ့ စကားကို ဘယ်သူမှ မပြောနိုင်တော့ချေ။

 

 

ထိပ်တန်းရှာဖွေမှုနေရာတွင် အရောင်းအ၀ယ်အကောင့်များစွာတွေ့ရပြီး သူတို့က အိမ်ခြောက်အိမ်ရဲ့မြင်ကွင်းဗီဒီယိုများ တင်ထား၏။ ဖွင့်ကြည့်လိုက်သည်နှင့် မတူညီသည့်အပြင်ပိုင်း ဒီဇိုင်းပုံစံများအား တွေ့ရသည်။ အိမ်အလှဆင်ထားသည့် ဒီဇိုင်းမှာလည်း အံ့မခမ်းဖြစ်ပြီး ချမ်းသာကြွယ်၀မှုအား မြင်နိုင်၏။

 

 

တရုတ်အိမ်ပုံစံ အလှဆင်ထားခြင်းက တကယ်ပင်ရှေးကျပြီး ပန်းချီဆေးခြယ် ထားသည့်အခန်းများ ၊ အိမ်တံခါးအပြင်အဆင်များ၊ ရေကန်ထဲတွင် ရေကူးဖို့ရန်နှင့် လှေစီးဖို့ရန်ရှိပြီး ကြာပန်းများနှင့် လှပ၏။ ခြံထဲ၌ လှပသောရှုခင်းများစွာလည်းရှိသည်။

 

 

တင်းယွီကဇာတ်ရုံပါပြီး ဥယျာဉ်ထဲ၌ ကျောက်တံတားအပြင် သစ်ပင်တွေ၀န်းရံထားတဲ့ လမ်းကလေးပါ ပါပြီး ဥယျာဉ်ပုံစံမှာ နန်းတော်ကဲ့သို့ ခမ်းနားပါသည်။

 

 

အခန်းပေါင်းတစ်ရာလောက်ရှိပြီး ဝါးတောမှာလည်းလတ်ဆတ်ကာ မြူများပြည့်နေသဖြင့် ရှုခင်းမှာ အလွန်လှပလေသည်။

 

 

အထူးသဖြင့် မနက်ခင်းနှင့် နေ၀င်ချိန်များတွင်ဖြစ်သည်။

 

 

ဒီလိုနေရာမျိုးက လှပလွန်းသဖြင့် ကြည့်မိသည်နှင့် စိတ်ထဲစွဲကျန်စေသည်။

 

 

နန်းတွင်းပုံစံခြံ၀င်းဆိုပေမယ့် ခေတ်ဒီဇိုင်းအိမ်များလည်းပါ၀င်၏။ ဂေါက်ကွင်း၊ ရေကူးကန်၊ ဂျင် နှင့် ဂိမ်းဆော့ရန်ခန်းမ၊ ဘား၊ ရေပန်းများ၊ မြင်းခြံ၊ အမိုးဖွင့်နိုင်သည့်ဧည့်ခန်း၊ လေသာဆောင် အပြင် ထမင်းစားခန်းများပါ ပါရှိ၏။

 

 

သူမ ၀ယ်ထားသည့်အိမ်များမှာ ဒီဇိုင်းပိုင်းအရ နိုင်ငံတကာ ရေပန်းစားဆုံးဆုပါ ရရှိထားသဖြင့် အံ့ဩမဆုံးဖြစ်နေရသည်။

 

 

ဗီဒီယိုအားကြည့်ပြီးသည့်နောက် ဒီအိမ်များမှာ အိမ်မက်အတွက်သာဖြစ်ကြောင်း ကြည့်ရှုသူများ လက်ခံလိုက်ရ၏။

 

 

ရွှီယန်ယု၏ အိမ်များမှာ လေးရာမီလီယမ်ထက်မနည်းကုန်ကျပြီး ၃ဘီလီယမ်လောက်ရှိ၏။ သူမနာမည်အောက်က ပိုက်ဆံတွေနဲ့သာပေးချေခဲ့ပြီး တစ်ခြားပစ္စည်းများ၀ယ်တုန်းကလည်း ထိုသို့ပင်။ ရှီယန်ယုသည် သူတို့ထင်ထားသည်ထက်ကို တော်တော်လေး ချမ်းသာလေသည်။

 

 

ပြောရရင် ဒီနေ့လိမ်းထားတဲ့ ‌ရွှီယန်ယုရဲ့မိတ်ကပ်က တော်တော်လေး မျက်စိပသာဒဖြစ်ပေသည်။ ဆူးနှင့်နှင်းဆီဒီဇိုင်း လက်သည်းအလှ‌ပြင်သည့် ဗီဒီယိုဟာလည်း နာမည်ကြီးပြီး လက်သည်းဒီဇိုင်းသာဖြစ်ပေမယ့်လို့ ခမ်းနားမှုက သေစေလောက်သည်။

 

 

ထိုလက်သည်းဒီဇိုင်းက လူတွေစိတ်ထဲထင်ကျန်နေပြီး မူလရေးသူကိုလည်း တော်တော်လေး စိတ်၀င်စားနေကြသည်။ သဲလွန်စမရှိတာတောင် ရှာဖွေနေကြဆဲပင်။

 

 

ငါ အင်တာနက်ပေါ်က နာမည်ကြီးဒီဇိုင်နာတွေရဲ့လက်ရာကိုကြည့်ပြီးပြီ။ တစ်ခုမှမဟုတ်ဘူး။ အင်တာနက်ပေါ်မှာ ဘာမှရှာမရသည်က လိုင်းပေါ်က တွေ့သည့်ဒီဇိုင်းလို့ပင် ပြောရဖို့ရန် ခက်လေသည်။ ကြည့်ရှုသူများကတော့ ဖြစ်နိုင်ချေအရှိဆုံးက ရွှီယန်ယုမှ ဒီဇိုင်နာတစ်ယောက်အား သူ့အတွက် သီးသန့်ရေးဆွဲခိုင်းတယ်ဟူ၍ပင်။ ဒီဇိုင်းက တစ်၀က်သာပြီးသေးသော်လည်း

 

 

ဒီဒီဇိုင်း၏ မိုးထိမြင့်သောဈေးနှုန်းကိုတော့ မြင်ပြီးသွားပြီဖြစ်သည်။

 

 

ထိပ်တန်းရှာဖွေမှုကြောင့် အံ့ဩလို့မှ မဆုံးသေးခင်

အမှုဆောင် မစ္စစတယ်လာမှ လေလံပွဲပြီးသည့်နောက် ရွှီယန်ယုနှင့် ရိုက်ထားသည့်ပုံအား တင်လာသောကြောင့် ပိုပြီးအံ့ဩနေကြရ၏။

 

 

ပုံထဲတွင် မိန်းမလှလေးတစ်ယောက်က ဖန်ခွက်ကိုင်ထားလေသည်။ သူမ၏ သိမ်မွေ့သည့်အပြုအမူက တော်တော်လေး လှပလေသည်။ သူမ၏ လက်သည်းဒီဇိုင်းကိုလည်း ဓာတ်ပုံတင်သူမှ အထူးတလည်ကိုဖော်ပြထားလေသည်။

 

 

ကြည့်ရှုသူတွေ သိလိုက်ရသည်က မစ္စစတယ်လာနှင့်စကားပြောခဲ့သည့်အလှလေးမှာ ရွှီယန်ယုဖြစ်သည်ဆိုတာကိုပင်။

 

 

ပုံထဲမှနှစ်ယောက်၏ စကားဝိုင်းဟာ တော်တော်လေးပြောစရာဖြစ်ကုန်၏။

 

 

[မဟုတ်သေးပါဘူး။ လေလံပွဲမှ တစ်ယောက်ကိုတစ်ယောက်သိကြတာမလား။ အဓိကက သူတို့ဘယ်အချိန်ဆုံလိုက်ကြတာလဲ။ အအောင်မြင်ဆုံးနိုင်ငံတကာ ဇိမ်ခံပစ္စည်းထုတ်သည့် အာရှ-ပစိဖိတ်အပိုင်းရဲ့အမှုဆောင်က ရွှီယန်ယုနဲ့ တွေ့ခဲ့တာလား။]

 

 

[ဒါက သာမန်ပဲလို့တော့မထင်ဘူး။ တစ်ခုခုပူးပေါင်းဖို့များလား။ ရွှီယန်ယုက ချမ်းသာပြီးသားပဲဟာ သူက သူ့ကိုသိတယ်ဆိုတာ အံ့ဩစရာမှမဟုတ်တာ။]

 

 

[ထိပ်တန်းမင်းသမီးတွေကိုတောင် လက်တွဲဖို့ပြောစရာမလိုတဲ့ တကယ့် နာမည်ကြီး brand ပဲ။ ကဖေးဆိုင်အသေးလေးတွေကိုတောင် မဆွဲဆောင်နိုင်တဲ့ ရွှီယန်ယုလို နာမည်မရှိတဲ့ကြယ်ပွင့်တစ်ယောက်က ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ G လုပ်ငန်းစုကအမှုဆောင်နဲ့ပါ စကားပြောနေပြီ။ တကယ့်ကို မျက်လှည့်တစ်ခုလို ခံစားရတယ်။]

 

 

[ ရွှီယန်ယုကို အခွင့်အရေး မပေးတာပဲကောင်းတယ်။ သူ့ကိုအထင်သေးတာမျိုး မဟုတ်ပေမယ့် G မိသားစုကဘယ်လိုအခွင့်အရေးမျိုး ပေးမလဲဆိုတာကိုတော့မြင်ချင်မိတယ်။]

 

 

[မစ္စ စတယ်လာက သာမန်ပဲပုံတင်လိုက်တာပါ။ ရွှီယန်ယုဖန်တွေက တအားကြီး မျှော်လင့်နေတော့ ရယ်စရာဖြစ်တယ်။]

 

 

ရွှီယန်ယုရဲ့သတင်းတွေဟာ အင်တာနက်အပေါ်မှာ ခုထိလူပြောများတုန်းပင်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ weiboက မြင်နေရသမျှ သတင်းတိုင်းမှာ ဆယ်ခုမှာရှစ်ခုက ရွှီယန်ယု နာမည်များသာဖြစ်သည်။

 

 

ကျန်းချင်ယွင်ရဲ့ထုတ်လွှင့်မှုကတော့ စုံတွဲလိုက်ဟင်းချက်ပြမှာဖြစ်သည်။ မီးဖိုချောင်ဟာ စုံတွဲတွေအတွက်အတူရှိဖို့ အခွင့်အရေးကောင်းဖြစ်ပြီး ဒီနေ့အနေအထားမှာ တော်တော်လေး ကောင်းမွန်နေသည်။ ဒါရိုက်တာက ကင်မရာရှေ့မှာ အသည်းပုံလေးတွေ ပျံနေသလို ခံစားရသည်ဟုပြော၏။ ကြည့်ရှုသူများ၏ နှလုံးသားမှာလည်းအရည်ပျော်နေကြတော့သည်။

 

 

ဒါပေမဲ့ အံ့ဩစရာကောင်းသည်က ကြည့်ရှုသူနှုန်း နည်းနေခြင်းပင်။ မှတ်ချက်များအား ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်က ရွှီယန်ယု အိမ်၀ယ်သည့်အကြောင်းက ထိပ်ဆုံးရေပမ်းစားနေပြီး ဖန်များက ထိုအရာအားသိချင်နေကြ၏။

 

 

ကျန်းချင်ယွင်မှာ အလွန်ဒေါသထွက်သွားပြီး ရွှီယန်ယုက သုနဲ့မတည့်ဘူးဆိုရင်တောင် သူမ၏ကြည့်ရှုသူများအား အမြဲတစေ ဘာလို့လုယူနေရတာလဲကို အံ့ဩနေမိ၏။ အရင်တစ်ချိန်က အာဃာတအဟောင်းများအပြင် အသစ်ပါတိုးလာသဖြင့် ချင်းယွင်မှာ သူ့နှလုံးခုန်သံကိုတောင်သူမ ကြားရတော့ချေ။

 

 

အထူးသဖြင့် G လုပ်ငန်းစုရဲ့အမှုဆောင်နှင့်ရွှီယန်ယု၏ ပုံကို‌ တွေ့လိုက်သောအခါ သူ့မျက်နှာမှာပို၍ ဒေါသထွက်လာတော့သည်။ ဒါမတိုင်ခင် သူမ မင်းသမီးဖြစ်တုန်းကထိပ်တန်းကြယ်ပွင့်တစ်ယောက်အနေနှင့် G လုပ်ငန်းစုနှင့် အလုပ်အတူလုပ်ခဲ့ဖူး၏။ ရွှီယန်ယု မှန်မကြည့်ဘူးထင်တယ်။ G လုပ်ငန်းစုနဲ့ ပူးပေါင်းဖို့လား။ သူ့ဘ၀မှာပဲ သူကောင်းကောင်းနေနေလိုက်‌။ ဒါက အိမ်မက်တစ်ခုပဲ။

ညနေခင်း၌ ရှန်ဖန့်သည်လည်း မစ္စစတယ်လာနှင့်ဓာတ်ပုံအား ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပြီး ဒါကအရင်တုန်းကပုံမဟုတ်ဘဲ ဆွေးနွေးနေသည့် ပုံစံဖြစ်သောကြောင့် အင်တာနက်သုံးသူများကြား ပြောစရာဖြစ်ပြန်၏။

 

 

[အိုး သေချာသွားပြီ။ ရွှီယန်ယုက G လုပ်ငန်းစုနဲ့ပူးပေါင်းတာမဖြစ်နိုင်ဘူး။ သူတို့က ဓာတ်ပုံရိုက်ရုံတင်ပါ။ ဖန်တွေက သေချာမတွေးကြဘူးဘဲ။]

 

 

[ဒါပဲ‌  ရှန်ဖန့်က သူ့မိန်းမအတွက် သူကိုယ်တိုင်အလုပ်ရှာပေးနေတာ ဘယ်လောက်ချိုမြိန်လိုက်လဲ။ဒီလိုယောက်ျားမျိုးရတာ သူပျော်သင့်တယ်။ ဒါပေမဲ့ ချင်းယွင်က G လုပ်ငန်းစုနဲ့ တူတူအလုပ်လုပ်ဖူးတယ်လေ။]

 

 

[ရှန်ဖန့် ဒီပုံတင်တယ်ဆိုတာက အရင်အနိုင်ကျင့်ခံရတဲ့ကျန်းချင်ယွင်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး သိရအောင်လို့။ ရွှီယန်ယုက အရှက်မရှိတာပဲ။ ဘာပဲဖြစ်ဖြစ် သူမက G လုပ်ငန်းစုလို အဆင့်မြင့် brand နဲ့မတန်တဲ့ လက်ဖက်စိမ်းမပဲ]

 

 

[ရှန်ဖန့်က သူ့ဇနီးကို ကာကွယ်တတ်လိုက်တာ။ တော်တော်ကြင်နာတတ်တာပဲ။ ကျန်းချင်ယွင်ကို အားကျလိုက်တာ။]

 

 

ကျန်းချင်ယွင်က weibo မှာဖန်တွေ တိုးလာသည်နှင့် ရှန်ဖန့် တစ်ခုခုလုပ်လိုက်ပြီဆိုတာသိလေသည်။ ရွှီယန်ယုနှင့်ယှဉ်လျှင် သူကပိုပြီး ပိုပြီး နာမည်ကြီးရမည်။ ဘာလို့လဲမှန်းမသိပေမယ့် ရွှီယန်ယုအား သူတကယ်သဘောမကျပေ။

 

 

ရွှီယန်ယုမှ ရှန်ဖန့်နှင့် ကျန်းချင်ယွင်အကြောင်း တကယ်မသိသည်လည်း ဖြစ်နိုင်သည်။ သူမ မသိဘူးဆိုရင်တောင် တစ်ယောက်ယောက်ကတော့ သူမကိုပြောလိမ့်မည်။

 

 

တိုက်ရိုက်ထုတ်လွင့်မှုမှ ရွှီယန်ယု အသစ်၀ယ်ထားသည့်အိမ်ကြီးအကြောင်း အင်တာနက်သုံးသူများ သိရှိသွားကြ၏။

 

 

တစ်မျိုးပြောရလျှင် ရွှီယန်ယုမှ သူမ အိမ်အသစ်အားသွားကြည့်ခဲ့သည်။

 

 

ရွှီယန်ယုက ထပ်ခိုးထပ်မှ နေရောင်လာသည်နှင့် မြူများတဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။

အဲ့အခိုက်အတန့်မှာ သူမစိတ်များငြိမ်းချမ်းနေပြီး တကယ်လည်းပျော်ရွှင်နေသည်။ ကမ္ဘာကြီးရဲ့လှုပ်ခတ်မှုတွေနှင့်အဝေးမှာလို့ ခံစားလိုက်ရပြီး ကိုယ်ရောစိတ်ပါအေးချမ်းနေတော့သည်။

 

 

ရွှီယန်ယု ဆိုရှယ်မီဒီယာအားသုံးနေစဉ်တွင် မုရှောင်၏ အကောင့်အား တွေ့လိုက်သည်။ မုရှောင်မှာ rapperတစ်ယောက်အား အလွန်ကြိုက်နှစ်သက်သည်ထင်၏။ လတိုင်းလိုလို like လုပ်ထားပြီး အရင်နှစ်တွေကလည်းထိုသို့ပင်ဖြစ်သည်။ ကြည့်ရတာ အမြဲတမ်းlikeလုပ်ပုံရသည်။

 

 

မူလ၀တ္ထုထဲတွင် မုရှောင်မှာ နှစ်ပေါင်းများစွာကြိုက်ခဲ့ရတဲ့အဆိုတော်တစ်ယောက်ရှိပြီး ခွေထွက်တိုင်း၀ယ်ခဲ့သည်။ ဒါပေမဲ့ မူလပိုင်ရှင်မှ သီချင်းခွေ‌များအားလုံးမီးရှို့ပစ်လိုက်သဖြင့် မုရှောင်မှာ အလွန်၀မ်းနည်းခဲ့ရသည်။ အခုကြည့်ရသလောက်ကတော့ ခန့်မှန်းဖို့မခက်ပေ။ ဒါက အဆိုတော်ATR ဖြစ်နိုင်သည်။

 

 

ပြောရရင် ဒီလကုန်မှာ ရပ်ပါအဖွဲ့တစ်ဖွဲ့က မြို့တော်A၌ ရှိုးပွဲလုပ်မည်တဲ့။ သူမ သိနေခြင်းမှာ မုရှောင်အခန်းဖော်များမှ မုရှောင်အား ရှိုးပွဲပိုစတာပို့ထားသည်ကိုမြင်လိုက်၍ဖြစ်သည်။

 

 

ကံမကောင်းစွာဖြင့် မုရှောင်သူငယ်ချင်းပို့သည့်ရှိုးပွဲမှာ

စိတ်မကောင်းစွာနှင့်ပင် လက်မှတ်များအားလုံး တစ်မိနစ်အတွင်း ရောင်းကုန်သွား၍ လက်မှတ်များ၀ယ်မရတော့ပေ။

 

 

မုရှောင်မှ သူ့သူငယ်ချင်းများအား သက်ပြင်းချတဲ့ရုပ်ပုံပို့ကာ စာပြန်ခဲ့ပေမယ့် စိတ်အခြေနေမှာတော့ တော်တော်လေးခါးသီးနေသည်။

 

 

ရွှီယန်ယု ခဏကြည့်လိုက်သည်နှင့် မုရှောင်မှာ ရှိုးပွဲသို့သွားချင်မှန်း ခန်းမှန်းမိ၏။

 

 

ဟုတ်ပြီလေ သူကြိုက်ရင် ဘာလို့မရရမှာလဲ။ ဒါက ဒီမိသားစုက တစ်ဦးတည်းသော ကလေးပဲ။ သူ့အတွက် ဘာလို့ပိုက်ဆံမသုံးရမှာလဲ။

 

 

သူမသည် လျိုယွီဆီသို့ စာတစ်စောင်ပို့လိုက်ပြီး ခဏအကြာတွင် သူမအား ATRလက်မှတ် သုံးဆယ်ကျော်ကျော်ရကြောင်း ပြောလေ၏။

 

 

"မုရှောင်ကို သူ့ငယ်ချင်းတွေနဲ့ ပွဲသို့သွားကြည့်ဖို့ပေးလိုက်။ မုရှောင်ကိုတော့ တိုက်ရိုက်မပေးနဲ့။

ဒါပေမဲ့ သူ့အခန်းဖော်တွေကို ပေးလိုက်ရင်တော့ အဆင်ပြေမှာပါ။ မုရှောင်က ဆိုးတဲ့ကလေးဆိုတော့ ပထမဆုံး သူအရင်ငြင်းလိမ့်မယ်ဆိုရင်တောင် နောက်ဆုံးမှာ လက်ခံမှာပဲ။"

 

 

လျိုယွီ လက်မှတ်ရသည်နှင့် ရွှီယန်ယုအား လက်မှတ်အထပ်လိုက်ကို ပေးလိုက်၏။ လက်မှတ်အားလုံးမှာအနက်ရောင်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ လက်မှတ်အားလုံးက ရှေ့ဆုံးခုံများအတွက်ဖြစ်ပြီး စင်နှင့်အနီးဆုံးဖြစ်သည့်အတွက် ကြည့်ရသည့် အနေအထားမှာ အလွန်ပင်ကောင်းလှ၏။

 

 

ရွှီယန်ယုမှ ဓာတ်ပုံတစ်ပုံရိုက်လိုက်ပြီး ထိုပုံထဲတွင် လက်မှတ်များ ပါနေသည့်အတွက် အင်တာနက်သုံးသူများမှ စကားသံများ ထွက်လာတော့သည်။

 

 

[ဘုရားရေ ရွှီယန်ယုက သူ့လင်ပါသားရဲ့အခန်းဖော်တွေကို ရှိုးပွဲကြည့်ဖို့ ဖိတ်တာလား။ ဒါက ATRရဲ့ပွဲပဲ။လက်မှတ်ရဖို့ တကယ်ခက်တာ။]

 

 

[ပထမတန်းက ခုံတွေက တစ်သောင်းကျော်တယ်။အနည်းဆုံးတော့ အဲ့လောက်လက်မှတ်အများကြီးဆိုရင် ၃၄၀၀၀၀လောက် ကျမှာပဲ။ သူ့အတွက် မခက်ခဲဘူးဆိုပေမယ့် တော်တော်လေး အားကျစရာကောင်းတယ်။ ငါတကယ်ကြီး မုရှောင်ရဲ့အခန်းဖော် ဖြစ်ချင်သွားပြီ။]

 

 

[တကယ်ကြီး အားကျလို့ငိုနေပါပြီ။ ဒါက နာမည်ကြီးရက်ပါ ATRပဲ။ ရွှီယန်ယုက တော်လွန်းတယ်။ သူ့လင်ပါသားကို idolနဲ့ တွေ့ဖို့ ၀ယ်‌ပေးရုံတင်မဟုတ်ဘူး အခန်းဖော်တွေအတွက်ပါ ၀ယ်ပေးလိုက်သေးတယ်။ သူ့အခန်းဖော်တွေဖြစ်ရဖို့ အကြိမ်ထောင်သောင်းမကဆန္ဒရှိတယ်။ ငါသူ့ကိုမေးရမယ် အခန်းဖော် လိုသေးလားလို့။]

 

 

မုရှောင် သူ့သူငယ်ချင်းဆီမှ ဖုန်းရသောအခါ နားကြားမှားသည်ထင်ပြီး ထပ်မေးရတော့သည်။ "ဘာ လက်မှတ်ရတယ်ဟုတ်လား။ ATRလက်မှတ်က ဒီလောက်၀ယ်ရခက်တာ မင်းဘယ်ကရတာလဲ။"

 

 

"တကယ်ပါဆို"

 

 

"00"

 

မုရှောင် -  "အား ဘာလို့တစ်ယောက်ယောက်ရဲ့အမေကဒီလောက်ကောင်းရတာလဲ"