သူဌေးကတော်ဖြစ်ရတာထက်
လွယ်တာရှိသေးရဲ့လား
အပိုင်း
၇
"ဒါက
လျို့ဝှက်ချက်လေ။ အချိန်တန်ရင် မင်းသိလိမ့်မယ်။"
ဖုန်းချသွားသည့်နောက်
မုရှောင်အမေက တော်တော်လေးသဘောကောင်းတာပဲ။ မုရှောင် မသိအောင် စပရိုက်လုပ်ဖို့တောင်
ပြင်ဆင်ထားသေးသည် ဟုတွေးမိသွား၏။
မုရှောင်မိဘတွေကို
အရင်က မတွေ့ဖူးတော့ ဒီလောက်ရှိမှန်းမသိပေမယ့် ဒီလိုလုပ်ပေးတာတွေ့ရတော့ အန်တီက မုရှောင်အပေါ်
တော်တော်ကောင်းပေးတာပဲ။
မုရှောင်က
သူ့အတန်းဖော်တွေကို ဘာမှမမေးဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဘာမှမတွေးမိပေ။ ဒါပေမဲ့ သူ့အတန်းဖော်အမေက
လက်မှတ်၀ယ်ပေးသည့်အတွက် လက်ဆောင်ပြန်ပေးမည်လို့တော့ စဉ်းစားထား၏။
နေ့လည်မှာတော့
မုရှောင်ဆီ ပစ္စည်းပို့သူမှတဆင့် လက်မှတ်ရောက်လာပြီး ထိပ်ဆုံးခုံလက်မှတ်ဖြစ်ကြောင်း
သိလိုက်ရသဖြင့် လန့်သွားရ၏။ သူ့တို့ပွဲလက်မှတ်များမှာ အမျိုးအစား အများကြီးခွဲထားပြီး
ပုံမှန်လက်မှတ်များမှာ နောက်တန်းမှစ၍ 1000မှ 5000ထိ အစားစားရှိလေသည်။
ဒါပေမဲ့
ရှေ့တန်းခုံများမှာတော့ မတူပေ။ ရှေ့ခုံများမှာ ယွမ်တစ်သောင်းမှ နှစ်သောင်းကြားရှိလေသည်။
ရှေ့ဆုံးခုံများမှာ ကျန်သည့်အခွင့်အရေးများလည်းရှိသေးသည်။
ပွဲကြည့်ပြီးသွားရင် လက်မှတ်ထိုးပွဲပါသွားနိုင်ပြီး idolများနှင့်ပါ စကားပြောနိုင်ပေသည်။
ဒီလိုမျိုးက ဖန် တိုင်းအိမ်မက်မက်ရသည့် အခွင့်အရေးများဖြစ်သည်။
မုရှောင်က
လက်မှတ်အား မြင်လိုက်သည့်အခါ အိမ်မက်မက်နေသလို ခံစားရသည်။ လက်မှတ်ရမည့်အကြောင်း တွေးမိသည်နှင့်
စိတ်လှုပ်ရှားကာ လက်မှတ်အား ပုံရိုက်ပြမတင်ဘဲ မနေနိုင်တော့ပေ။ သူ့မျက်နှာပင် တကယ်ပင်
ပျော်ရွှင်မှုတွေ ပြည့်နေတော့သည်။
ပုံတင်လိုက်သည်နှင့်
မျှော်လင့်ထားသည့်အတိုင်း အခန်းဖော်များမှာ အားကျသည့်မှတ်ချက်များ လာရေးကြသည်။
ထိုလက်မှတ်မှာ
ပိုက်ဆံရှိရင်တောင် အလွယ်တကူ၀ယ်မရနိုင်၍ဖြစ်သည်။
မုချောင်ယွင်
ပြန်လာချိန်တွင် သူ့ဖုန်းမှ noti ၀င်လာ၏။ သူ follow လုပ်ထားသည့် မုရှောင်မှာ post တစ်ခုတင်ထား၍
အဲ့တာက ရှိူးပွဲလက်မှတ်တစ်ခုဖြစ်လေသည်။
ဒါက
ဘာမှမဟုတ်ဘူးဆိုပေမယ့် မုရှောင်မှာ တကယ်ကြီးပျော်ရွှင်နေသည့်ပုံပင်။ သူ့သားက ပုံမှန်ဆိုတော်တော်လေး
တစ်သီးတစ်သန့် နေတတ်လေသည်။
ဒီလိုမျိုး
post ပါ တင်လာသည်ဆိုတော့ ပုံမှန်တော့မဖြစ်နိုင်ပေ။ မုချောင်ယွင်မှ လင်အန်းအား ချက်ချင်းထိုပုံပို့လိုက်သည်နှင့်
ဘာကြောင့်လဲဆိုတာ သိရလေသည်။
လင်အန်းမှ
ပြောလေ၏။ "ဒီလက်မှတ်ကို မစ္စစ်ရွှီက သခင်လေးနဲ့သူ့အခန်းဖော်တွေအတွက် ၀ယ်ပေးတာပါ။
လက်မှတ်တစ်ဒါဇင်မကပါဘူး။ ကျွန်တော်သိရသလောက်ကတော့ အဲ့အဆိုတော်အဖွဲ့ကို သခင်လေး တော်တော်ကြိုက်တာတဲ့။
လတ်မှတ်က ဈေးကြီးတဲ့အပြင် ၀ယ်ဖို့ခက်တယ်။ ကြည့်ရတာ
မစ္စစ်ရွှီက နည်းလမ်းတစ်ချို့သုံးပြီး ရအောင်၀ယ်ပေးလိုက်တာဖြစ်မယ်"
ဒါကို
ကြားရလို့ မုချောင်ယွင် မအံ့ဩပေမယ့် နည်းနည်းတော့မှားနေသည်လို့ ခံစားရသည်။ မုရှောင်က
သူ့မိထွေးကို တော်တော်လေး သဘောမကျပေ။ သူတို့ဆက်ဆံရေးကလည်းရင်းနှီးသည့် အနေအထားမဟုတ်ပေ။
ရွှီယန်ယုကလည်း
သူ့အပေါ်အေးစက်ပြီး သဘောမကျသည့်ပုံပင်။ ဒါဆို သူကဘာလို့ မုရှောင်အတွက်လက်မှတ်၀ယ်ဖို့
ကူညီပေးတာလဲ။ ကူညီတယ်ဆိုရင်တောင် သူ့အတွက်ပဲပေါ့။ အခုဟာက သူ့အခန်းဖော်တွေအတွက်ပါ ၀ယ်ပေးလိုက်သေးတယ်။
တကယ်မရိုးသားဘူး။
မုချောင်ယွင်မှာ
ရွှီယန်ယု ဘာလို့ဒီလိုလုပ်လဲဆိုတာ စဉ်းစားလို့မရပေ။ ပိုဆိုးသည်က မုရှောင် ဘာလို့လက်ခံလဲဆိုတာပင်။
လင်အန်းအား
အရေးကြီးသည့် မေးခွန်း ထပ်မေးလိုက်လေသည်။
"မုရှောင်
ဒီလက်မှတ်ကို ရွှီယန်ယုဆီက ရတာလား။"
"ဟုတ်ပါတယ်"
မုချောင်ယွင်
ရှင်းသွားခဲ့သည်။ ရွှီယန်ယုရဲ့ချဉ်းကပ်တဲ့နည်းက နည်းနည်းလေးတော့ ပဟေဠိဆန်သော်လည်း မုရှောင်မသိအောင်
အကြာကြီး ဖုံးကွယ်ထားမှမဟုတ်ပေ။ ဒါနဲ့ပတ်သက်ပြီး တကူးတက ဖုန်းကွယ်ထားရန်မှ မလိုသည်ပင်။
တကယ်
မလိုဘူး။
ဒီလိုလုပ်မှန်း
မုရှောင်သိရင်တောင် သူက ချီးကျူးးမှာမဟုတ်ဘူး
ရွှီယန်ယုက
ဒီလိုကျေးဇူးတင်ရမယ့်ကိစ္စကိုလုပ်ခဲ့တယ်ဆိုရင်တောင်မှပေါ့။
မုချောင်ယွင်
ရွှီယန်ယုအား ပထမဆုံး စသိသည့်နေ့ကို မှတ်မိသေး၏။ သူ့စိတ်သဘောထားက လအနည်းငယ်အတွင်း ဒီလောက်ပြောင်းလဲသွားနိုင်လို့လား။
ဒီမိန်းမက တကယ်ကြီးသံသယဖြစ်စရာကောင်းပြီး လွဲတော့လွဲနေသည်ပင်။
ပြီးတော့
သူနားမလည်နိုင်တာရှိသေးသည်။ ရွှီယန်ယုကဒီအတောအတွင်း ဒီလောက်ပြောင်းလဲသွားခဲ့လဲ ဆိုတာကိုဖြစ်သည်။
မုချောင်ယွင်မှာ
တစ်ချို့လွဲမှားတဲ့အရာတွေ သူ မသိဘူးလို့ခံစားလိုက်ရသည်။ ဒီနိုင်ငံအခြေနေကို သူကောင်းကောင်းကြီးသိပေမယ့်
အခုချိန်မှာတော့ လုံးဝသေချာသည်ဟု သူ မပြောနိုင်တော့ပေ။
ရွှီယန်ယုက
မကြာသေးခင်က အိမ်တွေ၀ယ်ခဲ့သေးသည်။
သုံးသည့်ပိုက်ဆံမှာ
လက်ထပ်တုန်းက ရထားသည့်ငွေများဖြစ်သည်။
အတိတ်က
ဒီပိုက်ဆံတွေကို လုံး၀မသုံးပေ။ ဘာလို့လဲဆိုတော့ လက်ထပ်စာချုပ်မှ ရွှီယန်ယုရရှိသည်မှာ
ပိုက်ဆံကလွဲ၍မရှိပေ။ ဒါပေမဲ့ဒီအရာနှင့်ပတ်သက်ပြီး အတိတ်က သူတော်တော်လေး သဘောမကျဖြစ်ခဲ့သည်ပင်။
မုချောင်ယွင်
ရုတ်တရက်ကြီး ရွှီယန်ယုအား စစ်ဆေးချင်သည့်အတွက် လင်အန်းအား စာတစ်စောင်ပို့ခဲ့သည်။
လင်အန်းမှ
စာတွေ့သွားသည်နှင့် အံ့ဩသွားရပြီး လက်ခံရရှိကြောင်းပြန်ပို့ကာ မစ္စတာမုပြောထားသည်များအား
စီစဉ်လေ၏။
ရွှီယန်ယုသည်
ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူမ၏အိမ်များအား ပြသလေသည်။ ရွှီယန်ယုသည် အိမ်တော်ထဲမှတစ်ခုတွင်
ရေကန်ထဲ၌ လှေစီးနေ၏။
[မင်းတို့
သတိထားမိလား။ ရွှီယန်ယုက တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ အမြဲတမ်းတစ်ယောက်တည်းပဲ။ သူကတကယ်ကြီး
လွတ်လပ်တာ။]
[သူက
ဘာလုပ်ချင်လဲ ဘယ်သွားချင်လဲ ဖြစ်ချင်တာဖြစ်လို့ရတယ်။ တကယ်လို့ အိမ်အသစ်ပြောင်းချင်သေးတယ်ဆိုရင်တောင်
သူ့ကို တားလို့ရတဲ့သူမရှိဘူး။]
[ဟုတ်တယ်။
ကျန်းချင်ယွင်ကိုပဲကြည့်လိုက်။ သူ့ယောက်ျားနဲ့ မတ်လေးက မင်္ဂလာဆောင်အတွက် သုံးရက်လောက်
အလုပ်ရှုပ်နေကြတာ။ ချမ်းသာတဲ့အိမ်ကယောင်းမတစ်ယောက်အနေနဲ့ သူ့မှစီစဉ်ရတာတွေအများကြီး။
သူ့သူငယ်ချင်းတွေလိုပဲ သူလည်း မိသားစုကိုအချိန်ပေးရတယ်။ ငါ ဘာလို့ မလွတ်လပ်သလို ခံစားရတာလဲမသိဘူး။
ကျန်းချင်ယွင်က သူ့လိုနေလို့မရဘူးလေ။ ဒီလိုအရာတွေအပေါ် အချိန်ဖြုန်းလို့မှ မရတာ။ သူ
မလုပ်လည်း မလုပ်ရဲပါဘူး။ သူ့မှာ အကန့်အသတ်တွေ ရှိတာကိုး]
[
သူတို့အကုန်လုံးက ချမ်းသာကြတယ် ဆိုပေမယ့် ရွှီယန်ယုလိုတော့ မမိုက်နိုင်ဘူး။ သူက ဘာအတွက်
ပူပင်မနေဘူး။ သူ့အတွက်ပဲသူ ရှင်သန်တာ။ သူ့ကိုစိတ်မချမ်းမသာ ဖြစ်နေတဲ့အရာကို စဉ်းစားကြည့်လို့ကို
မရဘူး။ သူ့ကိုအနှောင့်အယှက်ဖြစ်စေတဲ့ တစ်ခုတည်းသောအရာက ဘာလို့ ပိုက်ဆံတွေအများကြီး
မသုံးနိုင်ရတာလဲ ဆိုတာပဲဖြစ်လိမ့်မယ်။ ]
[
ဟ ဟ ဟ အမကြီးရွှီရဲ့ စိုးရိမ်မှုက ငါ့ပိုက်ဆံတွေအားလုံးကို ဘယ်လိုသုံးရပါ့မလဲ ဆိုတာပဲ။
]
မှတ်ချက်များကို
ကြည့်ရင်း လေသာဆောင်၌ ထိုင်နေပုံက သိမ်မွေ့ပြီး စွဲမက်စရာကောင်းလေသည်။ ထိုသူမှ ပန်းချီစုတ်တံအား
ကိုင်ထားပြီး တစ်စုံတစ်ခုအား ရေးဆွဲနေ၏။ ကင်မရာမှ ဆွဲနေသည့်ပုံကိုတော့ ရိုက်ပြခြင်းမရှိပေ။
ကံကောင်းသည်က အင်တာနက်အသုံးပြုသူများဟာလည်း ဆွဲနေသည့်ပုံအား စိတ်မ၀င်စားဘဲ စွဲမက်ဖွယ်အသွင်အပြင်လေးကိုသာ
အာရုံစိုက်မိကြသည်။
လျိုယွီမှ
တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်ပြီး " မှာထားတဲ့ပစ္စည်းတွေ ရောက်လာပါတယ်။ ဒီနေရာကို
ယူခဲ့လိုက်ရမလား။ " ဟုပြော၏။
ရွှီယန်ယုမှ
စုတ်တံအား ချလိုက်ပြီး ပြောလိုက်သည်။ " ယူခဲ့လိုက်လေ "
ခဏကြာပြီးနောက်
အိမ်တော်ထိန်းနှင့် လျိုယွီမှ လှေကားမှတက်လာပြီး ပစ္စည်းပုံးတစ်ခုပါ ပါလာခဲ့သည်။ ပုံးပေါ်မှ
တံဆိပ်အား ဝေးနေသည့်အတွက် ကင်မရာတွင် ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။
ဒါပေမဲ့ ပုံးအရောင်နှင့် ပုံစံကတော့ တစ်ချက်ကြည့်ရုံနှင့်
ထူးခြားမှုကို ခံစားရပြီး ပုံးထဲမှ ပစ္စည်းဟာလည်း ငွေတော်တော်ပေးရမည့်ပုံ ဖြစ်သည်။
နီးကပ်လာတဲ့အခါမှာတော့
ကြည့်ရှုသူများမှာ ပုံးပေါ်ကတံဆိပ်က " graffdiaonds " ဖြစ်မှန်း သိသွားကြ၏။
ထို
တံဆိပ် ရောက်လာသည့်အတွက် သူတို့အားလုံး ပြောစရာစကား ပျောက်ရှသွားလေသည်။ ဒါက ထိပ်တန်းလက်၀တ်ရတနာ
brand တစ်ခု ဖြစ်ပြီး လက်၀တ်ရတနာများမှာ အနည်းဆုံး ယွမ်တစ်ရာမီလီယမ် လောက် တန်ဖိုးရှိ၏။
ရွှီယန်ယုမှာ
ခပ်မြန်မြန်ပင် ပုံးအား ဖွင့်ကြည့်လိုက်သည်။
သူ
ဖွင့်လိုက်သည်နှင့် အင်တာနက်အသုံးပြုသူများကြား
အသံထွက်လာတော့၏။
[
Fuck ! Graffidiaondsရဲ့ illusion series နာရီက အခုထိ ၀ယ်သူစိတ်ကြိုက် လုပ်ပေးတဲ့ဒီဇိုင်းပဲ။
မူလပုံနဲ့တောင် မတူဘူး။ ဒါက ပိုဈေးကြီးမယ် ထင်တယ်။ ]
[
ငါ ဈေးကြည့်လိုက်တာ ရူးသွားမလိုပဲ။ US ဒေါ်လာ 55 မီလီယမ်တဲ့ ယွမ် သုံးရာမီလီယမ်ထက်
များတယ်။ ဒီရောင်စုံကျောက်နာရီရဲ့ဈေးက ယွမ်သုံးရာမီလီယမ် ထပ်တောင်များတယ်ပေါ့ ]
[
ငါ အံ့ဩသေပါပြီ။ နာရီက ဒီလောက်တောင် ဈေးကြီးရလား။ ]
[
တကယ်ကြီး ဒီနာရီက ပလက်တီနမ်ကြိုးပေါ်မှာ တစ်ရာကာရက်ရှိတဲ့ ရောင်စုံစိန်တွေ အသုံးပြုထားတာ။
စိန်တန်ဖိုးကိုက တော်တော်လေး ဈေးမြောက်တယ်။ ဒီဇိုင်းက နှင်းဆီပန်းပုံစံဖြစ်ပြီးတော့
မူလဒီဇိုင်းထက်ကို ပိုလှသေးတယ်။ ]
[
ဟုတ်တယ် ဟုတ်တယ် ဒီနာရီက နှင်းဆီပေါ်မှာ စိန်ပွင့်တွေပြည့်နေပြီးတော့ အရင်ကရွှီယန်ယု
လက်ပေါ်ချယ်ထားတဲ့ နှင်းဆီပုံစံနဲ့ တူတူပဲ။ ပုံစံရော ပွင့်ဖတ်ဒီဇိုင်းရော အကုန်တူတယ်လားလို့
]
[
ဒီစိန်အရေအတွက်နဲ့ ကာရက်တင် မူလဈေးကိုက ယွမ်သုံးရာမီလီယမ်ထက်များတယ်။ ခန့်မှန်းကြည့်ရသလောက်ဆိုရင်
ဒီနာရီက ပိုဈေးကြီးလောက်မယ် အနည်းဆုံးတော့ ယွမ်လေးရာမီလီယမ်လောက် ရှိမှာ။ ]
[
အံ့ဩလိုက်တာ ဒါက ချမ်းသာခြင်းရဲ့ပျော်ရွှင်မှုပဲ။ ဒီလို နာရီကို မှာဖို့ဆိုတာက ရွှီယန်ယုက
ဒီဇိုင်းကိုပိုင်တဲ့အတွက် နောက်ထပ်ဆင်တူရှိမှာ မဟုတ်ဘူး။ ဒီလိုတစ်ခုတည်းရှိတဲ့ နာရီက
တကယ်ကြီး မိုက်တာပဲ။ ]
[ဆူးနှင်းဆီ
illusion series ဆိုတာက တကယ်ကြီး မိုက်ပြီး လှပတာ။ အစ်မကြီးရွှီကတော့ ဒီလောက်အားကျအောင်
မလုပ်သင့်ပါဘူး။ ]
ရွှီယန်ယုမှာ
အရုပ်အကြီးကြီးရသကဲ့သို့ ပျော်ရွှင်စွာဖြင့် နာရီအား ၀တ်ကြည့်လိုက်၏။ လှပလွန်းတဲ့ စိန်စီထားတဲ့နှင်းဆီပန်းပုံစံဒီဇိုင်းက
သူမကို ပိုတောက်ပစေပြီး လက်သည်းဒီဇိုင်းပါ ပေါင်းလောက်သည့်အခါ အတော်လေး လှပနေတော့သည်။
ဒီ
နှင်းဆီဒီဇိုင်းနာရီအား postတင်လိုက်ပြီး ရေးထားသည်က နှင်းဆီအမူအရာ ဟူ၍ဖြစ်သည်။
Post
တင်လိုက်သည်နှင့် တစ်ပြိုင်နက် ဒီယွမ်သုံးရာမီလီယမ်ကျော်တဲ့နာရီအကြောင်း ပြောကြကုန်၏။
အိမ်ဈေးနှုန်းတွေကို
မြင်ပြီးသွေးတက်တာမှ မကြာသေးပေ။
ပိုပြီး
အံ့ဩစရာကောင်းတာက အခု ရွှီယန်ယု နာရီအကြောင်း ပို့စ်တင်တာ ငါးမိနစ်အတွင်းမှာ မစ္စစတယ်လာက
likeပေးသွားခြင်းပင်။
အင်တာနက်အသုံးပြုသူများမှာ
ကမ္ဘာကြီးပေါက်ကွဲသွားသလို ခံစားလိုက်ရလေသည်။ မစ္စစတယ်လာလို မာနကြီးတဲ့သူက ရွှီယန်ယုကို
like ပေးတယ်တဲ့လား။ ပြီးတော့ blog post တစ်ခုကိုလည်း like ပေးထားသေးတယ်။ တကယ်ကြီး မယုံနိုင်စရာပဲ။
[
ဘုရားရေ ခဏခဏပြောနေရလို့ မောနေပြီ။ တကယ်ကြီး ပူးပေါင်းမှု ရှိတာလား။ သွေးရိုးသားရိုးတော့
မဟုတ်တော့ဘူးနော် ]
[
လုပ်စမ်းပါ။ ငါကတော့ မယုံဘူး။ ဒါက ပုံမှန်အပြုအမူတစ်ခုပဲလို့ ထင်တာပဲ။ ]
[
ဒီမတိုင်ခင်က ရှန်ဖန့်နဲ့ မစ္စစတယ်လာနဲ့ပုံ မတွေ့ဘူးဆိုရင်တောင် မျှော်လင့်မိဦးမယ်။
ဒီလိုမျိုးက ပိုက်ဆံရှိတိုင်း လုပ်လို့ရတာမျိုးမှ မဟုတ်တာ။ ဒီလိုအထက်စီးဆန်တဲ့နာမည်ကြီးbrandက
အသိမှတ်ပြုတာဆိုရင်တော့ တကယ်ထိုက်တန်လို့ပဲ။ ]
[
ဟုတ်တယ် ရွှီယန်ယုက ချမ်းသာတဲ့လူနဲ့ လက်ထပ်ထားတယ် ဆိုရင်တောင် မစ္စစတယ်လာနဲ့ ပူးပေါင်းဖို့
ဘာအားသာချက်မှ မရှိဘူးလေ။ တကယ်ကြီး ပူးပေါင်းမှုဖြစ်ခဲ့ရင် နေက အနောက်အရပ်က ထွက်လာလိမ့်မယ်။
]
ရွှီယန်ယုရဲ့
နာရီ ပို့စ်တင်ပြီးတဲ့နောက် ရှန်ဖန့်၏ ဆိုရှယ်အကောင့်တွင်လည်း ထူးဆန်းတဲ့ကာတွန်းတစ်ခု
တင်လာခဲ့သည်။ အဲ့ကာတွန်း၌ ပုံစံလေးမျိုးပါ၀င်ပြီး ဇာတ်ကွက်ရှိကြောင်း သိနိုင်လေသည်။
ပထမပုံတွင်တော့ ဗီလိန်၏ ကောင်းမွန်သောရုပ်ရှိပြီး အဆုံးမှာတော့ ဗီလိန်၏ မျက်နှာက မြေပြင်ပေါ်ကျကာ
တစ်ခြားသူများ၏ ချနင်းခြင်းခံရသည်။ ဒါပေမဲ့ ဗီလိန်၏ မျက်နှာကတော့ ပျောက်ကွယ်မသွားချေ။
အင်တာနက်အသုံးပြုသူများမှ
ဒေါ်လာဘီလီယံချီတဲ့ ချမ်းသားတဲ့လူတစ်ယောက်ရဲ့ ဆိုလိုမှုကို မြင်လိုက်ရလေသည်။ အရူးကမြင်ရင်တောင်
ဒါက ရွှီယန်ယုကို ဆိုလိုမှန်းသိကြသည်ပင်။
ဒီကိစ္စတွေ
ပြီးတဲ့နောက်မှာ ရွှီယန်ယုက အဆင့်မြင့်စားသောက်ဆိုင်တစ်ခု၌ ညစာစားနေသည့်ပုံ တင်ခဲ့၏။
ဤစားသောက်ဆိုင်မှာ
အလွန်နာမည်ကြီးပြီး မြို့တော်A၌ ကြယ်ငါးပွင့်စာရင်း၀င်လေသည်။
အင်တာနက်အသုံးပြုများမှ
ရွှီယန်ယု သူငယ်ချင်းများနှင့် ညစားစားခြင်းဖြစ်သည်ဟု ခန့်မှန်းကြ၏။ အနောက်တိုင်းစတိုင်စားပွဲပေါ်၌
ပန်းကန်များစွာတွေ့ပေမယ့်လို့ သူနှင့်တူတူလာသော လူများအား ခန့်မှန်းဖို့ရာ ခက်လေသည်။
ပြီးတော့
ရွှီယန်ယုမှာ သူငယ်ချင်းအနည်းငယ်သာရှိပြီး မုချောင်ယွင်ကလည်း ပြည်ပမှာဖြစ်သည်။ မုချောင်ယွင်ရဲ့သူငယ်ချင်းတွေနဲ့တွေ့တယ်ဆိုတာ
ပိုလို့တောင် မဖြစ်နိုင်ပေ။
ညနေခင်းမှာတော့
ဝိုင်သောက်ကာ သူငယ်ချင်းနှင့် ရင်းရင်းနီးနီးပြောနေပုံက ဆက်ဆံရေးကောင်းပုံရပြီး သူငယ်ချင်းအဆင့်မဖြစ်နိုင်ဟုပင်
တွေးမိတော့သည်။
အင်တာနက်သုံးသူများမှ
ရွှီယန်ယု ဘယ်သူနှင့် ညစာစားလဲဆိုတာကို အခုထိ ခန့်မှန်းနေကြဆဲဖြစ်သည်။ မစ္စစတယ်လာအကောင့်မှ
ပုံတစ်ပုံတင်ခဲ့ပြီး စက္ကန့်အနည်းငယ်အတွင်း ဖျက်သွားခဲ့သည်။ ဒါပေမဲ့ အင်တာနက်သုံးသူများမှ
အလျင်မှီလိုက်ပြီး စားသောက်ဆိုင်ချင်းတူနေသည်ကို သိသွားကြ၏။ ပုံနောက်ခံအနေအထားကလည်း
တူနေသည့်အတွက် လိုင်းပေါ်တွင် ဂယက်ထသွားတော့၏။
[
ဒါက တကယ့်ကို ဇာတ်လမ်းတွဲပဲ။ ဒီနေ့ ရွှီယန်ယုနဲ့ ညစာစားတာက သေချာပေါက် မစ္စစတယ်လာပဲ။
ဒါက သီးသန့်ညစာစားပွဲ ဖြစ်ရမယ်။ ဒီတစ်ခါတော့ ငါမှန်းတယ်မလွဲစေရဘူး။ မဟုတ်ရင် ပါးလာရိုက်လိုက်
ရတယ်။ ]
[
အိုး သာမန်ဆက်ဆံရေးက သီးသန့်ညစာစားလို့လား။ ဒါက ပူးပေါင်းမှု လုပ်မယ်ဆိုတာ အသိသာကြီး။
တချို့လူတွေကတော့ အရှက်ရနေမှာပဲ။ မစ္စစတယ်လာက အစ်မကြီးရွှီကို အသိမှတ်ပြုတယ်ကွ။ ]
[ဒါက
ရွှီယန်ယုအတွက်တော့ အံ့ဩစရာပဲ။ ဒါက အာရှရဲ့ထိပ်တန်း brand ဥက္ကဌမလား။ ထိပ်တန်းအနုပညာရှင်တွေတောင်
ဒီလိုဆက်ဆံမခံရဘူး။ အစ်မကြီးရွှီ ဘယ်လိုလုပ်လိုက်တာလဲ။ ]
ရွှီယန်ယုနဲ့
စတယ်လာရဲ့ သီးသန့်ညစာစားပွဲက သေချာပေမယ့်လို့ ကျန်းချင်ယွင်ရဲ့ဖန်တွေကတော့ အခုထိ မယုံကြသေးပေ။
ရွှီယန်ယုနဲ့
G လုပ်ငန်းစု လက်တွဲမှာမဟုတ်ဘူးလို့ပဲ ပြောနေကြ၏။
ဒါပေမဲ့
ဒီကိစ္စက brand အကောင့်တစ်ခုမှ ရွှီယန်ယုပုံတင်လိုက်သည်နှင့် အဆုံးသတ်သွားရ၏။ အကြောင်းမှာ
နောက်လအစ၌ Gabriel ရဲ့ရေမွှေးအသစ် မိတ်ဆက်ပွဲကို ရွှီယန်ယု တက်ရောက်မည်ဟူ၍ ဖြစ်သည်။
ထိုသတင်းက ချက်ချင်းပင် ထိပ်ဆုံးရှာဖွေမှုဖြစ်သွားပြီး ဒီမတိုင်ခင်က ငြင်းခဲ့ကြတဲ့
လူတစ်စုကတော့ အထိနာသွားရသည်။
ရယ်စရာကောင်းသည်မှာ
ရွှီယန်ယုအကြောင်း Gabriel မှ ကြေငြာလိုက်သည်နှင့် ရှန်ဖန့် အရင်ကတင်ထားတဲ့ပို့စ်များ
ဖျက်ပစ်လိုက်မှန်း အင်တာနက်အသုံးပြုသူများ တွေ့လိုက်ရ၏။
[ဟ
ဟ ဟ ရယ်ရတယ်။ ဒါက ဒီတစ်နှစ်လုံး အရယ်ရဆုံး အကြောင်းအရာပဲ ]
ရွှီယန်ယု၏
ဘ၀ကတော့ ဒီပွဲတက်ရောက်ခြင်းက မသက်ရောက်ပေ။ မစ္စစတယ်လာရဲ့ ဖိတ်ကြားမှုကို လက်ခံသည်နှင့်တော့
တစ်ခုခုပြောင်းလဲသွားခြင်းမရှိပေ။
အင်တာနက်သူအသုံးပြုတွေ
တိုက်ရိုက်လွှင့်မှုကနေ သိကြသည်က ရွှီယန်ယုက မကြာခဏ ပုံဆွဲသည်ဆိုတာပင်။ မကြာသေးခင်က
၀ယ်ထားသည့်အိမ်ကို သူမက စတူဒီယိုအဖြစ်သုံးနေပြီး အိပ်ချိန် စားချိန်မှလွဲ၍ ထိုအလုပ်ကို
အပြီးသတ်လေသည်။
ဘာပုံဆွဲနေသလဲဆိုတာကိုတော့
ဘယ်သူမှမသိကြဘဲ အင်တာနက်အသုံးပြုသူများမှာ တော်တော်လေးစိတ်၀င်စားနေကြသည်။
တစ်ဖက်တွင်
လင်အန်းစီစဉ်ထားတဲ့ ပိုင်ဆိုင်မှုစာချုပ်များရွှီယန်ယုဆီသို့ ရောက်လာခဲ့သည်။
ရွှီယန်ယုမှ
စာချုပ်များအားကြည့်လိုက်သည့်အခါ ကင်မရာမှ အသေးစိတ် ရိုက်ပြလေသည်။ အင်တာနက်သုံးသူများပါမက
ရွှီယန်ယုပါ အံ့ဩသွားရ၏။
မုချောင်ယွင်မှ
သူ့အား ယွမ် 6 ဘီလီယမ်အား လက်ဆောင် ပေးသောကြောင့်ဖြစ်သည်။ ဒီပိုက်ဆံတွေက ဘာအတွက်လဲ။
ဘာအကြောင်းကြောင့်လဲ။ ဘာလို့ ပေးတာလဲ။
သူမ
မကြာသေးခင်တာ ယွမ်လေးရာ မီလီယမ်လောက် သုံးထားပေမယ့် ခြောက်ရာမီလီယမ်လောက် ထပ်ရလိမ့်မည်ဟု
ထင်မထားပေ။
ရွှီယန်ယုမှာ
ခဏလောက် တိတ်ဆိတ်သွားပြီး စဉ်းစားလို့မရပေ။ မုချောင်ယွင်နဲ့ လက်ထပ်လို့ ပိုက်ဆံအများကြီးရတာကို
သိပေမယ့် သူ့ပိုင်ဆိုင်မှုကတော့ တော်တော်များတာပဲ။ ဒီလောက်အိမ်တွေ အများကြီးပိုင်တာ
တော်တော်ကို ချမ်းသာတယ်ဆိုပေမယ့် ဒီလောက်အများကြီးတော့ ရွှီယန်ယုကို မပေးသင့်ပေ။
မုချောင်ယွင်က
သူပိုက်ဆံသုံးတာ နည်းသေးတယ်ထင်လို့ ထပ်ပေးတာများလား။ ဒီကိစ္စက တော်တော်လေး တွေးရခက်သည်ပင်။
ရွှီယန်ယုမှ
ဒါက ပြဿနာတစ်ခုလို့တွေးလေသည်။ ဒါက မကြိုးစားလို့ မရဘူး။ မနက်ဖြန်ကစပြီး နှစ်ဆသုံးရမည်။
ငါ့ယောက်ျားက ပိုက်ဆံရှိပြီး အိမ်ပြန်မလာတာက တော်တော်လေး ကျေနပ်စရာကောင်းတာပဲ။
အင်တာနက်သုံးသူများမှာ
ပိုင်ဆိုင်မှုစာချုပ် လွှဲပေးသည်ကိုမြင်၍ အားကျလွန်းလို့ မျက်ရည်ပင်ကျကြလေသည်။
[
သူက အိမ်ပြန်မလာပေမယ့် ပိုက်ဆံတော့ အများကြီးရှိတယ်။ ]
[
သူက အိမ်ပြန်မလာဘူး ဒါပေမဲ့ ကိစ္စမရှိဘူး ]
[
သူ အိမ်ပြန်မလာဘူး ဒါပေမဲ့ လွတ်လပ်တယ် ]
[
ငါ ရွှီယန်ယုကို တကယ်အားကျနေပြီ။ သူ့လိုယောက်ျားက တကယ့်စံပြပဲ ]