အပိုင်း ၈
Viewers 479

သူဌေးကတော်ဖြစ်ရတာထက် လွယ်တာရှိသေးရဲ့လား

 

အပိုင်း ၈

 

 

 

ရက်အနည်းငယ်ကြာပြီးနောက် လက်မှတ်တွေက ရွှီယန်ယုပေးတာမှန်း မုရှောင်သိသွားလေသည်။ တခြားကျောင်းသားများမှ အမှတ်မထင် ပြောမိသွား၍ သိသွားခြင်းဖြစ်သည်။ ပထမဆုံးသူတို့ပြုလုပ်သည်က လက်မှတ်ရသည်နှင့် မုရှောင်မိထွေးအား ကျေးဇူးတင်ခြင်းဖြစ်၏။

 

 

မုရှောင်မှာ ကြောင်သွားရပြီး အချိန်တော်တော်ကြာ တိတ်ဆိတ်စွာနှင့် စတိတ်ရှိုးအား ကြည့်နေ၏။ ပြီးတော့မှ ရွှီယန်ယုအား ဒီအကြောင်း မေးတော့သည်။

 

 

မုရှောင် သူ့ကိုယ်သူ ဘာဖြစ်နေမှန်းမသိတော့ပေ။ တစ်ခုခုကတော့ တော်တော်လေး လွဲနေသည်ဟု ခံစားရလေသည်။

 

 

သူ လျစ်လျူရှုထားသည့်ကိစ္စက အခုတကယ်ကြီး ရှင်းလင်းသွားလေသည်။ ရွှီယန်ယု၏ စိတ်သဘောထားနှင့် အပြုအမူများမှာ သူပြန်မမွေးဖွားခင်ကနှင့် တခြားစီဖြစ်၏။

 

 

လူနှစ်ယောက်လို့ ခံစားရပြီး အရင်တစ်ခါကနဲ့ အခုတစ်ခါကိစ္စက တိုက်ဆိုင်မှုဖြစ်နိုင်သည်။ ဒါပေမဲ့ တိုက်ဆိုင်တာ မဟုတ်ဘူးဆိုရင်တော့ တွေးစရာဖြစ်သွားပြီပင်။

 

 

ဒီအမျိုးသမီးက တော်တော်လေး သဘောကောင်းလေသည်။

 

 

သူက သူ့အတွက် တွေးပေးပြီးတော့ အရင်တစ်ခါကလည်း အင်္ကျီတွေ ၀ယ်လာပေးသေးသည်။ ဒါက သူ့အဖေဆီက ပိုက်ဆံတွေကို ဖြုန်းတယ်လို့ မခံစားရချင်လို့ တာ၀န်သိပေးတာလို့ ပြောပေမယ့်လို့ အခုကြည့်ရတာ ဒါက ပြဿနာမဟုတ်ပေ။

 

 

သူ့အတွက် တစ်ခုပြီးတစ်ခုလုပ်ပေးနေသည့် ရွှီယန်ယု၏ အ‌‌တွေးကသာ ပြဿနာဖြစ်နိုင်သည်။

 

 

မုရှောင် အရင်တစ်ပတ်လုံး ရွှီယန်ယုအား စကားမပြောပေ။

 

 

အကြောင်းမှာ သူမနဲ့ မဆုံချင်သလို သူမအား နှလုံးသားထဲ‌ကနေ မုန်းနေ၍လည်း ဖြစ်သည်။ ဒါပေမဲ့ သူ့ဘ၀မှာ တန်ဖိုးထားတဲ့အရာတွေကလည်း သူ့အပေါ်သက်ရောက်နေသဖြင့် စိတ်ထဲ၌ အတွေးနှစ်ခု ဖြစ်နေကာ ရောထွေးနေသည်။

 

 

ဒါကြောင့် ရွှီယန်ယု ဘာလို့ သူ့အပေါ်ဒီလိုတွေလုပ်ပေးနေသလဲဆိုတာကို ရှာတွေ့ဖို့ရန် အရမ်းအရေးကြီးလေသည်။

 

 

ဒါပေမဲ့ မုရှောင် ရွှီယန်ယုအားရှာနေသည့်အချိန်မှာ သိလိုက်ရသည်က ရွှီယန်ယုမှာ အိမ်မှာမရှိဘဲ အိမ်အသစ်သို့ရောက်နေသည်ဆိုတာပင်။ တတိယထပ်တစ်ခုလုံး ရှင်းလင်းနေပြီး ဘယ်သူမှ မနေတာ ကြာနေပြီဖြစ်သည်။ အိမ်တော်ထိန်းအား မေးသည့်အခါ အိမ်တော်ထိန်မှ ပြန်ဖြေလေသည်။

 

 

" မစ္စစ်ရွှီ အိမ်ပြန်မလာတာ တစ်ပတ်လောက်ရှိပါပြီ။ သခင်လေး ဘာရှာနေတာလဲ "

 

 

မုရှောင် သိလိုက်ရသည်က ရွှီယန်ယုက မတွေ့ရတာ ရက်အတော်ကြာပြီဆိုတာကိုပင်။ ရွှီယန်ယုမှာ လူမှုစာမျက်နှာပေါ်သို့ သုံးကြိမ်လောက် ပုံတင်နေသော်လည်း သူ block ထားသည့်အတွက် မမြင်ရခြင်းဖြစ်သည်။

 

 

မုရှောင်မှ မေးလိုက်လေသည်။ " မစ္စစ်ရွှီ ဘယ်သွားလဲ "

 

 

"မစ္စစ်ရွှီက အိမ်အသစ်မှာသွားနေပါတယ်။ ဒီရက်ပိုင်း ပြန်လာမှာ မဟုတ်ပါဘူး။ "

 

 

" ငါ သူ့ဆီသွားမယ် "

 

 

မုရှောင်က ရွှီယန်ယု တခြားအိမ်မှာ ရက်အတော်ကြာနေသည်ကို သိရသော်အခါ ရှုတ်ထွေးသွားခဲ့ရသည်။ ဒီလိုခံစားချက်မျိုးဖြစ်ဖို့ နောက်ကျလွန်းတယ်ဆိုပေမယ့် ပြောရရင် စိတ်မတည်မငြိမ် ဖြစ်နေသည်။

 

 

" ဒါဆို ကျွန်တော် ကားစီစဉ်ပေးပါ့မယ် "

 

 

သခင်လေးကြည့်ရတာ မစ္စစ်ရွှီ အိမ်မှာမရှိမှန်း သတိမထားမိဟန် ရှိ၏။ ကြည့်ရတာ ဒါကိုအခုမှ သိတာဖြစ်မည်။

 

 

မုရှောင် ရွှီယန်ယုကို လာ‌ရှာနေချိန်၌ သူမ ပန်းချီဆွဲနေပြီး ထိုပုံမှာ သူမ နေရာမှ ကြည့်လျှင်သာ တွေ့ရလေမည်။

 

 

မုရှောင် လျိုယွီနှင့် အိမ်ကြီးထဲသို့ ၀င်လာချိန်၌ သူ့ပုံစံမှာ တည်ငြိမ်သည်ဟု ထင်ရပေမယ့် သူ့မျက်လုံးများမှာတော့ ခြံအတွင်းဆီမှ အလှဆင်ထားသည့် ပစ္စည်းများမှ မခွာနိုင်အောင် ဆွဲဆောင်ခံရလေသည်။

 

 

ခြံမှာတော်တော်လေးကျယ်ပြီး အိမ်သို့ရောက်ရန်ပင် ကားမောင်း၀င်ရလေသည်။ အရင်အိမ်နှင့်လည်း တော်တော်လေး ဝေးလေသည်။

 

 

အိမ်တန်ဖိုးကို မှန်းကြည့်ရလျှင် ဒီလက်ဖွာသည့်မိန်းမက ပိုက်ဆံအတော်လေး သုံးသည်ကို သိနိုင်၏။

 

 

ဒီအလှည့်အပြောင်းမတိုင်ခင်ထိ မုရှောင်စိတ်ထဲဘာမှမရှိပေမယ့် သူတွေ့လိုက်ရသည့်မြင်ကွင်းက ရွှီယန်ယုမှ တိတ်ဆိတ်စွာ ပုံဆွဲနေခြင်းဖြစ်သည်။

 

 

တစ်ခန်းလုံးမှာ သူ၀င်လာသည့်ခြေသံသာ ကြားရပြီး သူက ဒီတိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်ဆိုတာ သိလိုက်မိ၏။

 

 

မုရှောင်မှာ ခဏလောက် ကြောင်သွားလေသည်။

 

 

မူလက တော်တော်လေးတွေးကြည့်ထားပေမယ့် ရွှီယန်ယု၏ အရှိန်အဝါမှာ ကြီးလွန်းသဖြင့် သူနှင့်မျက်နှာချင်းဆိုင် ဖြစ်သွားသည့်အခါ ပြောစရာများ ပျောက်ရှကုန်၏။

 

 

နောက်ဆုံးမှာတော့ စကားပြောဖို့ ကြိုးစားရလေသည်။ " ခင်ဗျား ဘာလို့ဒီလိုလုပ်တာလဲ။ လက်မှတ်၀ယ်ပေးပြီး ကြင်နာချင်ယောင်‌ဆောင်စရာ မလိုပါဘူး။"

 

 

သူ စကားပြောပြီးနောက် အခန်းမှာ ပြန်လည်တိတ်ဆိတ်သွားပြီး သူ့နှလုံးခုန်နှုန်းနှင့် စိတ်လှုပ်ရှားနေခြင်းကိုပါ ခံစား၍ရလေသည်။

 

 

ရွှီယန်ယုက လက်မှစုတ်တံအား ချလိုက်ပြီး စိတ်မ၀င်စားဟန် ကြည့်လိုက်ကာ " ငါ သိပြီ။ ဘာပြောစရာ ရှိသေးလဲ။ "

 

 

သူ့ ဒေါသတွေက ဝါဂွမ်းအားထိနေသလို ခံစားရလေသည်။

 

 

မုရှောင်မှာ စိတ်လှုပ်ရှားစွာဖြင့် "ခင်ဗျား ဘာလုပ်ချင်နေတာလဲ လို့ ကျွန်တော် မေးနေတာ "

 

 

ရွှီယန်ယုမှ တစ်ချက်ကြည့်လိုက်ပြီး ဒီကလေးက တော်တော်လေး ပြောရခက်သည်ဟု တွေးလိုက်ကာ ပြန်ပြောလိုက်သေသည်။

 

 

" ဒါက ပြဿနာမှ မဟုတ်တာ။ မင်း မသွားချင်ရင် မသွားလို့ရတယ်။ "

 

 

" ဟုတ်ပြီ လျိုယွိ ဧည့်သည်ကို ပြန်ပို့ပေးလိုက် "

 

 

မုရှောင်မှာ သူမေးခွန်း မမေးခင်တုန်းကထက် စိတ်လှုပ်ရှားလာ၏။ သူ ထင်သည်က ရွှီယန်ယု ရှိုးပွဲနှင့်ပတ်သက်၍ သူ့ကိုပြောဖို့ရန် ဝေခွဲမရဖြစ်သွားလိမ့်မည်ဟူ၍ပင်။ တစ်ခုခုတော့ လွဲနေသည်။ ရွှီယန်ယု ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်ပြီး သူ့ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိနေသည် ဖြစ်၏။ ဒေါသထွက်လိုက်တာ တော်တော်ဆိုးတဲ့ မိန်းမပဲ။ မုရှောင်မှာ ဒေါသထွက်စွာဖြင့် ရွှီယန်ယုအား ပြောလိုက်၏။

 

 

" ကျွန်တော် မသွားဘူး "

 

 

သူ ထွက်သွားသည်နှင့် အသံခပ်တိုးတိုးအား ကြားလိုက်ရ၏။

 

 

" မင်းသွားသွား မသွားသွား ကိစ္စမရှိဘူး။ ဒါက မုချောင်ယွင် ပိုက်ဆံတွေပဲ။ ငါ ဖြုန်းရလည်း ဂရုမစိုက်ဘူး "

 

 

မုရှောင်မှာ နဂိုကတည်းက ခေါင်းမာတာ ဖြစ်သည်။ သူ၏ အမူအရာက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

 

 

ဒါနဲ့ လက်မှတ်‌က အလွန်ဈေးကြီးသည်ဆိုတာကို သူမေ့နေခဲ့သည်။ မသွားဘူးဆိုရင် ယွမ်တစ်သောင်းကျော် ဆုံးရှုံးမှာဖြစ်ပြီး ပိုက်ဆံအများကြီးဖြုန်းရာကြလိမ့်မည်။

 

 

မုရှောင်မှာ ပြန်လာသည့်တိုင် စိတ်ထဲတွေးနေဆဲဖြစ်သည်။

 

 

ရွှီယန်ယုအား အပြစ်တင်နေတယ်ဆိုပေမယ့်လို့ အခု သူ့ကိုယ်တိုင် ရှုပ်ထွေးနေရ၏။

 

 

" သွားရမှာလား မသွားရဘူးလား "

 

 

" သေတဲ့ထိ ရှုပ်နေလိုက် "

 

 

မုရှောင်မှာ တုံ့ဆိုင်းနေပြီး သူ့အခန်းဖော်နှင့် ဖုန်းပြောပြီးသည့်အခါ စိတ်ထဲ၌   "ဖြုန်းတာက ရှက်စရာကောင်းတယ်" ဆိုတဲ့ စကားရှစ်လုံး ကျန်ခဲ့၏။ ဖြုန်းတာက မကောင်းမှုဖြစ်ပြီး မိသားစုအခြေနေကောင်းသည်ဆိုတာက ဖြုန်းဖို့အတွက် အကြောင်းပြချက် မဟုတ်ချေ။

 

 

မုရှောင်မှ လက်ထဲက ရှိုးပွဲလက်မှတ်အား ကြည့်နေ၏။

 

 

တော်တော်ကြာကြာ စဉ်းစားပြီးနောက်မှာတော့ ဒီလောက်ပိုက်ဆံအများကြီးကို မဖြုန်းနိုင် ဟု တွေးပေမယ့် တခြားသူအား ‌ပေးလိုက်ဖို့ရာလည်း တွန့်ဆုတ်နေမိသည်။

 

 

မြို့တော်A မှာ ဒီလိုနောက်တစ်ကြိမ် ထပ်လုပ်ဖို့ဆိုတာ နောက်နှစ်တစ်ရာလောက်မှ ဖြစ်မလား မသိပေ။ တကယ်ကြီး လက်မလွှတ်ချင်သည့်အတွက် တော်တော်လေး စိတ်မသက်မသာဖြစ်ရလေသည်။ သူ အတော်ကြာ စဉ်းစားပြီးတဲ့နောက်မှာတော့ တိတ်တိတ်လေး သူ့အိတ်ကပ်ထဲထည့်လိုက်လေသည်။

 

 

သူနောက်ထပ် ထုတ်ကြည့်တော့မည် မဟုတ်ပေ။

 

 .........

                        

ရွှီယန်ယု မှာ ဒီဇိုင်နာတစ်ယောက်နှင့် ခန္ဓာကိုယ် size တိုင်းနေပြီး လျိုယွီ ပြောတာ ကြားသည့်အခါ မပြုံးဘဲ မနေနိုင်ချေ။

 

 

"မုရှောင် သွာဖို့ရွေးတယ်မလား "

 

 

" ဟုတ်ပါတယ် မဒမ်ပြောတာ မှန်တယ်။ နောက်ဆုံးထိ သခင်လေးက လက်မှတ်ကို သူများပေးလိုက်ဖို့ တွန့်ဆုတ်နေတာ။ Idol တစ်ယောက်ရဲ့ လွှမ်းမိုးမှုက တော်တော်ကြီးတာပဲ။ "

 

 

ရွှီယန်ယုမှာ ရယ်ရတာကြိုက်တဲ့လူမဟုတ်ပေ။ သူမမျက်နှာပေါ်မှ အပြုံးရေးရေးက ဒီနေ့စိတ်အခြေနေကောင်းမှန်း ဖော်ပြနေသည်။ သူ့အနားက ၀န်ထမ်းများပါ တော်တော်လေး စိတ်သက်သာရာရသလို ခံစားရ၏။

 

 

 သို့ပေမယ့်လို့ သူမ၏ တည်ငြိမ်နက်ရှိုင်းသည့် အရှိန်အဝါကြောင့် ခက်ခဲသလို ခံစားရတုန်းပင် ဖြစ်သည်။

 

 

မုရှောင်နှင့် သူ့အတန်းဖော်များမှာ စတိတ်ရှိုးသို့ သွားကြပြီးရွှီယန်ယုမှာတော့ အလုပ်တွေလက်စသတ်ဆဲ ဖြစ်သည်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ လုံး၀ပြီးသွားလေသည်။ တိုက်ရိုက်လွှင့်မှုများ ပရိတ်သတ်များမှာ ရွှီယန်ယုက ၀တ်စုံများအတွက် အထည်စတွေ ရွေးနေသည်ကို တွေ့ရ၏။

 

 

မြင်နေရသည့် ဂိုဒေါင်မှာ ခုနှစ်ထောင်စတုရန်းမီတာလောက်ရှိပြီး အ၀တ်အစားချုပ်လုပ်ဖို့ရန် ပစ္စည်းအမျိုးအစားများမှာ တောင်ပုံရာပုံပင် ဖြစ်သည်။ ဒါက မြို့တော် Aမှာ အကြီးဆုံးဂိုဒေါင်ဖြစ်ပြီး ရွှီယန်ယု၀ယ်ထားသည့် အန်ကျန်းလမ်းပေါ်၌ ရှိလေသည်။

 

 

" လမ်းတစ်ခုလုံး၀ယ်ဖို့ ဘီလီယမ်တွေရာချီပြီးသုံးခဲ့တဲ့ မြင်ကွင်းက အခုထိ ငါ့မျက်လုံးထဲမှာ စွဲနေတုန်းပဲ။ ဒီတစ်ကြိမ်ရော သူ ဘာလုပ်ဦးမှာလဲ မသိဘူး။  "

 

 

" ပြောရမယ်ဆိုရင် ရွှီယန်ယုက တော်တော်နားလည်ရခက်တဲ့လူပဲ။ သူ့လုပ်မယ့်ကိစ္စတွေကို ခန့်မှန်းလို့မရဘူး။ သူကိုယ်တိုင်ကိုက လျို့ဝှက်ချက်ဖြစ်နေတာမျိုး "

 

 

အင်တာနက်သုံးသူများမှာ သူ့အကြောင်း ပိုစိတ်၀င်စားလာကြပြီး ပို ပိုပြီး သိချင်နေကြသည်။

 

 

ရွှီယန်ယုမှ ဆွဲလတ်စပန်းချီအား လက်စသတ်ပြီးသည်နှင့် ကင်မရာမှ ပန်းချီဆွဲထားသည့်စက္ကူသို့ ရိုက်ပြလေသည်။

 

 

အင်တာနက်သုံးသူများ တွေ့လိုက်ရသည်အား အံ့ဩသွားကြကာ မျက်လုံးများပင် ပွတ်ကြကုန်၏။

 

 

[ Fuck ငါ ဘာကိုမြင်လိုက်ရတာလဲ။ ဒါက ဆူးနှင်းဆီ မူရင်းပုံပဲ။ ]

 

 

[ သေစမ်း ရွှီယန်ယုက ဒါကို သူကိုယ်တိုင်ဆွဲထားတာလား။ တော်တော်ကြီး ဆန်းကြယ်တာပဲ။ ယုံတောင် မယုံနိုင်ဘူး။ ]

 

 

[ အခု တကယ်ကြီး ဆိုရှယ်မီဒီယာတစ်ခွင် ရှာသမျှ မတွေ့တဲ့ မူလပုံ ရေးတဲ့သူက အခု ငါ့မျက်စိရှေ့မှာပဲ။ တကယ်ကြီး စပရိုက်ပဲ။ ]

 

 

[ ဒီပန်းချီရဲ့ အနုပညာသက်၀င်မှုက တကယ်ပြီးပြည့်စုံနေရောပဲ။ ရွှီယန်ယုက တကယ်ကြီး အရည်အချင်းရှိလိုက်တာ ]

 

 

[ ဘုရားရေ သူက ကျွမ်းကျင်ပန်းချီဆရာလား။ ဒိလိုအရည်အချင်းမျိုးက ရှစ်နှစ် ဆယ်နှစ်လောက် မဆွဲဘဲ မရနိုင်ဘူး ]

 

 

[ ပထမတစ်ခေါက်မြင်ကတည်းက ကျွမ်းကျင်တဲ့သူက ဆွဲထားတဲ့ပုံပေါက်တာ။ အစက လိုင်းပေါ်မှာ ဘာမှ မှတ်ချက်မရေးဘဲနေမလို့ပဲ။ ဆူးနှင်းဆီက ပြိုင်ပွဲမှာ ပြိုင်ရင်တောင် ဒီလရဲ့ ကိုယ်ပိုင်လက်ရာ ဆုရနိုင်တယ်မလား ]

 

 

[ ငါ အံ့ဩသေပါပြီ။ ဒီကိစ္စက ငါ့ဘာသာစကားကိုတောင် ရှုပ်ထွေးစေတဲ့အထိကို ဖြစ်တာပဲ။ ငါ့အမေက ငါ့ကို ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှု‌ကြီးကြည့်ပြီး ဒူးထောက်နေတာလဲတဲ့ ]

 

 

[ ရွှီယန်ယုက တကယ့်ကိုရတနာလေးပဲ။ ပြီးပြည့်စုံတဲ့ပန်းချီလက်ရာ၊ ကိုယ်ပိုင်ဒီဇိုင်းနာရီ  ပြီးတော့စိန်စီတဲ့လက်သည်းဒီဇိုင်းတွေ  သူက တကယ့်ကို အလှအပခံစားမှုအားကောင်းတဲ့ နတ်ဘုရားပဲ။ သူမထက် အလှအပနဲ့ ပတ်သက်တဲ့ အမြင်ကောင်းတဲ့သူ ဒီကမ္ဘာမှာ ရှိသေးရဲ့လား။ ငါတော့ ရှိမယ်မထင်ဘူး။ ]

 

 

[ အခုတွေ့ရတဲ့ မူရင်းပန်းချီက အသေးစိတ်ရေးထားပြီးပြီပဲ။ အရင် လက်စမသတ်ရသေးတဲ့ပုံထက် ပိုပြီးအသက်၀င်တယ်လို့ ခံစားရတယ်။ ဖြူလွလွနှင်းဆီပွင့်ချပ်တွေပေါ်မှာ ဆူးတွေနဲ့ပိတ်လှောင်ခံထားရလို့ ငိုကြွေ‌နေးတဲ့နတ်သမီးလေးတစ်ပါး ကိုမြင်နေရသလိုပဲ။ အရည်အချင်းရှိလိုက်တာ။ ဘယ်လိုတောင် ပန်းချီဆွဲတဲ့နေရာမှာ ဒီလောက်အရည်အချင်း ရှိနေရတာလဲ။ ငါ ရွှီယန်ယုကို တကယ်သဘောကျသွားပြီ ]

 

 

အင်တာနက်စာမျက်နှာတစ်ခုလုံး ရက်အတော်အကြာ ခန့်မှန်းခဲ့ရတဲ့ ပဟေဠိရဲ့အဖြေက နောက်ဆုံးတော့ ပေါ်လာခဲ့ပြီဖြစ်သည်။ မားစ်ဂြိုလ်ကြီး ကမ္ဘာကို၀င်တိုက်တယ် ဆို‌တာလောက်နီးနီး အံ့ဩသွားရ၏။

 

 

ဒီသတင်းကို လူတိုင်းအတွက် မယုံနိုင်ဖြစ်နေသည်။ ရွှီယန်ယုမှ အင်တာနက်သုံးသူများအား သူမက အရည်အချင်းမရှိသည့်အခွံတစ်ခု မဟုတ်ကြောင်း ဖော်ပြခဲ့ပြီး သူမက ဖုန်းကွယ်ထားတဲ့ပန်းချီပညာရှင် တစ်ယောက်ဆိုတာကို အားလုံးသိသွားကြလေသည်။ လက်ခံဖို့ လွယ်ပေမယ့် ဒီသတင်းက သူ ပိုက်ဆံဘယ်လောက်ရှိလဲ ဆိုတာထက်ကို အံ့ဩဖို့ကောင်း၏။

 

 

အခု ဒါတွေအားလုံးက မျက်စိရှေ့မှာတွင် ဖြစ်သည်။ ဆူးနှင်းဆီက အင်တာနက်ပေါ်တွင် အသိအမှတ်ပြုခံရပြီး လူတော်တော်များများကလည်း ချီးကျူးကြလေသည်။

 

 

ဒါက ရွှီယန်ယုရဲ့အသေးစိတ် ရေးဆွဲချက်ဖြစ်သည့်အတွက် ယွမ်မီလီယမ် တစ်ရာကျော်လောက်တော့ တန်မည်ဖြစ်သည်။

 

 

နေ့တိုင်း ချီးကျူးစကားနှင့် လူတိုင်းချီးမွန်းနေကြသဖြင့် ဒီလက်ရာ ဘယ်လောက်ကောင်းလဲဆိုတာ သိနိုင်လေသည်။

 

 

အခု ဒါကရွှီယန်ယု ကိုယ်တိုင်ဆွဲထားခြင်းဖြစ်သည်ဟု လူတိုင်းကို‌ ပြောပြလိုက်ခြင်းဖြစ်‌လေသည်။ အရင်က ဒါကို လူထုကိုမချပြခဲ့ပေမယ့် အပြီးသတ်ပြီးတဲ့အခါမှာတော့ လူတိုင်းကို အံ့ဩစေကာ ထွက်ပေါ်လာ၏။ ဒီကိစ္စထက် စိတ်၀င်စား‌ဖို့ကောင်းသည့်အရာ မရှိတော့ပေ။

 

 

ရွှီယန်ယုက အလှအပတရားမှာ နတ်ဘုရားဖြစ်ကြောင်း တစ်ခုထက်မက သက်သေပြပြီးဖြစ်သည်။ အရှေ့က တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ အကုန်မြင်တွေ့နိုင်၏။

 

 

ဖက်ရှင်အမြင်အရလည်း ထုတ်လွှင့်မှုများအား ကြည့်နိုင်လေသည်။

 

 

ခေတ်စားနေတဲ့ရှာဖွေမှုကို မြင်လိုက်သည်နှင့် ရွှီယန်ယု အကြံပေါ်လာရသည်။ ဘာလို့လည်းဆိုတော့ မုရှောင်ယွင်ပေးထားတဲ့ ယွမ်ခြောက်ဘီလီယမ်ကို ဘယ်နေရာမှာ သုံးရမလဲဆိုတာ စိုးရိမ်နေ၍ဖြစ်သည်။ အရင်တွေးထားသည်မှာ ရင်းနှီးမြုပ်နှံမှုတစ်ခု လုပ်မည်ဟူ၍ ဖြစ်သည်။ ဒါပေမဲ့ အခုထိ အကောင်ထည် မဖော်ရသေးပေ။

 

 

အခု သူတွေးမိသည်က brand တစ်ခု ဖန်တီးဖို့ရန်ဖြစ်သည်။

 

 

လျိုယွီ ရောက်လာတဲ့အခါ ရွှီယန်ယုအား ရေပန်းစားနေသည့်ရှာဖွေမှုနှင့်ပတ်သက်ပြီး ပြောလေသည်။ ဒီအလုပ်က အင်တာနက်ပေါ်မှာ စိတ်၀င်စားမှုခံနေရကြောင်း သိရပြီး အခု ဆူးနှင့်နှင်းဆီကလည်း အမြင့်ဆုံးလက်ရာဖြစ်လုနီးနီးလို့ ပြောလို့ရလေသည်။ မစ္စရွှီက တကယ်ကြီးလူတွေကို ခံစားရအောင်လုပ်သည့် အံ့ဖွယ်လူသားဖြစ်သည်။

 

 

" လူတိုင်းက မစ္စစ်ရွှီကို အလှခံစားတတ်သူ နတ်ဘုရား လို့ပြောနေကြတယ်။ အမေရိကန် ကုန်သည်တွေ ဖက်ရှင်လောကမှာ ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် ဒီတစ်ခါ မဒမ်ရဲ့အသေးစိတ် ရေးဆွဲမှုကလည်း ရတနာတစ်ခုပဲ။ လူတွေအများကြီး သ‌ဘောကျကြပြီး ဒါက မင်းရဲ့တန်ဖိုးကြီးမားတဲ့အရာပဲ။ "

 

 

" ကောင်းတယ် တော်တော်လေးကောင်းတယ် "

 

 

ရွှီယန်ယု ဒါကိုနားထောင်ပြီးတဲ့နောက် သူ့အကြံကို အကောင်ထည်ဖော်ဖို့ရန် ပိုပြီးသေချာသွားခဲ့၏။

 

 

" ဒီကိစ္စမှာ ငါကိုယ်ပိုင် brandတစ်ခုလုပ်ပြီး ဒီဆူးနှင်းဆီ ဒီဇိုင်းနဲ့ စလိုက်မယ် "

 

 

" ကောင်းပါပြီ မစ္စစ်ရွှီ  brand နာမည်နဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားလဲ ပြီးတော့ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်လို့ တွေးထားပါသလဲ "

 

 

ရွှီယန်ယုမှာ ခဏတိတ်ဆိတ်သွားပြီး ပြောလေသည်။

 

 

" ငါ နာမည်စဉ်းစားထားပြီးပြီ နာမည်က God's prophecy လို့ ပေးမယ် "

 

 

လျိုယွီ ကြားလိုက်သည်နှင့် အံ့ဩသွားရ၏။ ဘာလို့လဲဆိုတော့ god's prophecy ရဲ့ တရုတ်လိုအဓိပ္ပာယ်က နတ်ဘုရားရဲ့ ရှေ့ဖြစ်ဟောခြင်း ဟူ၍ဖြစ်သည်။ ဒါပေမဲ့ ရွှီယန်ယု ပုံမှန်လို့ပင် ခံစားရပြီး လျိုယွီကတော့ တော်တော်လေးမိုက်ပြီး သတ္တိရှိသည်ဟု ထင်၏။ လျိုယွီမှာ တကယ်ပင် လေးစားသွားရလေသည်။ တစ်ချိန်တည်းမှာပဲ နာမည်ပေးသည့်ကိစ္စနဲ့ပတ်သက်၍ အင်တာနက်သုံးသူများကြား လူပြောများရပြန်၏။

 

 

[ ဒီနာမည်က မဖြစ်နိုင်ဘူး။ ဒီတစ်ခေါက် ရွှီယန်ယုကမှ တကယ့် အလှအပ ခံစားတတ်တဲ့နတ်ဘုရားပဲ။ မိုက်လိုက်တာ ]

 

 

ရွှီယန်ယု စကားပြောလို့မပြီးသေးခင် ခဏစဉ်းစားလိုက်ပြီး " ဘယ်လောက်ရင်းနှီးရမလဲဆိုတော့ တစ်ဘီလီယမ်လောက်ပဲ အရင်ထားတာပေါ့ မလောက်မှ ထပ်ဖြည့်မယ် "

 

 

လျိုယွီမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ယွမ်တစ်ဘီလီယမ် မြှုပ်နှံလိုက်လေသည်။ ဒီလိုအဖိုးတန် အရည်အချင်းနဲ့ ဆိုရင်တော့ မြို့တော်Aရဲ့ ထိပ်တန်းလုပ်ငန်းစာရင်း ၀င်နိုင်မည်ဖြစ်ငည်။ မဒမ်က တကယ်ကြီးမိမိုက်တာဖြစ်သည်။ ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ပါးပါး လုပ်နိုင်ရန်မှာ မလွယ်ကူပေ။

 

 

[ တစ်ဘီလီယမ်ကို ပေါ့ပေါ့ပါးပါးလေးလို့ ခေါ်တာလား ]

 

 

[00 ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးသလို နေတော့မယ့် ငါလေးကို ခွင့်လွတ်ကြပါ ]

 

 

[ ရွှီယန်ယုက God's prophecy ဆိုတဲ့ brand တစ်ခုကို အသက်သွင်းလိုက်ပြီ။ နာမည်က တကယ်ပြည့်စုံတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဆူးနဲ့နှင်းဆီက နတ်ဘုရားက ဖန်တီးထားတယ်ဆိုတာထက်ကို ပိုတယ် ]

 

 

[ အခု နတ်ဘုရားက ဒီ brand ကို စိတ်အပ်နှင်းလိုက်ပြီ။

ဒါက တခြား brand တွေ မရောက်နိုင်တဲ့ နယ်ပယ်ပဲ။ ဒါက ရင်းနှီးမြုပ်နှံမှုတစ်ခုသပ်သပ် မဟုတ်ဘူး။ ဒီနာမည်နဲ့ တကယ်ထိုက်တန်တယ်လို့ ခံစားရတယ် ]