အပိုင်း ၁၂
Viewers 482

သူဌေးကတော်ဖြစ်ရတာထက် လွယ်တာရှိသေးရဲ့လား

 

အပိုင်း ၁၂

 

 

 

ဆောင်းဦးလယ်ပွဲတော်ပြီး‌သည့်နောက် မုရှောင်၏ သူမအပေါ်သဘောထား ပြောင်းလဲသွားသည်ဟု ရွှီယန်ယု ခံစားရလေသည်။ အရင်ကထက် ပိုအဆင်ပြေလာပြီး စိမ်းသက်နေတာမျိုး မဟုတ်တော့ပေ။

 

 

ကြည့်ရတာ သူ့အတွက်ပွဲစီစဉ်ပေးတာ ရွှီယန်ယုဖြစ်ကြောင်း မုရှောင် သိလောက်သည်။ ဒီကမ္ဘာ‌မှာ ဘာအကြောင်းပြချက်မရှိဘဲ စိတ်သဘောပြောင်းသွားတာမျိုး မရှိပေ။

 

 

ဒီကိစ္စအား အများကြီးတွေးမနေတော့ဘဲ သူမ၏ ထပ်ထုတ်မည့် brand အသစ်ကိုသာ အာရုံစိုက်‌လိုက်တော့သည်။ လက်ရှိ ဆူးနှင်းဆီဒီဇိုင်း ဂါ၀န်တစ်ထည်သာ ထွက်ရသေးသဖြင့် နေ့စဉ်၀တ်ဖို့ သင့်လျော်မည့်အထည်များ ထပ်ထုတ်ချင်သေးသည်။

စိတ်ထဲတွေးထားသည်က suit ထုတ်မည်ဟူ၍ ဖြစ်သည်။

 

 

ယောက်ျား ဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အလုပ်အကိုင်နှင့်ပတ်သက်၍ ထိုအ၀တ်မျိုးက မရှိမဖြစ်လိုလေသည်။ လျိုယွီက suit နေ့တိုင်း ၀တ်သဖြင့် ချက်ချင်းတွေးမိသွားပြီး ထုတ်ကုန်အသစ်ဖြစ် ထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 

 

ရွှီယန်ယု၏ ဒီဇိုင်းစဉ်းစားခြင်း ခိုင်မာသည်က အရင်ဘ၀တည်းက အကျင့်ဟု ပြောလို့ရသည်။ ညတိုင်းအိပ်ရာမ၀င်ခင် စိဝ်ထဲ၌ အသေးစိတ် ပုံဖော်တတ်လေသည်။ ထိုအချိန်၌ ပေါ်လာသည့်စိတ်ကူးကို ထဆွဲချင်လေ့ရှိသည်။

 

 

ရသစုံရှိုးတိုက်ရိုက်လွင့်မှု နှစ်ပတ်ကြာပြီးတဲ့နောက် ထုတ်လွှင့်မှုအဖွဲ့မှ ဖန်တချို့အား ဖိတ်ခေါ်ကာ ဗီဒီယိုရိုက်ကူးခဲ့သည်။

 

 

ဗီဒီယိုက ငါးမိနစ်လောက်သာကြာပြီး ဖန်များအားအကျိုးခံစားခွင့်ပေးသည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ကျန်းချင်ယွင်မှာ အလုပ်ရှုပ်လှသည့် ဂါရ၀ပြုမိသားစုတွေ့ဆုံမှုပြီးသည့်အခါ ဖန်များအား ရိုက်ကူးပေးသည့်လှုပ်ရှားမှုတစ်ခု လုပ်မည်ဖြစ်ကြောင်း သိရသဖြင့် စိတ်ပျက်သွားရ၏။ ထိုသို့ ဖန်တွေအား တွေ့ဆုံသည့်ပွဲမျိုးက ငြင်းဆန်လို့မလွယ်ပေ။

 

 

ရှန်ယိနှင့် စုယင်းတို့၏ မင်္ဂလာပွဲကလည်း နီးသထက်နီးလာပြီဖြစ်သည်။ရက် နှစ်ဆယ်လောက်သာကျန်တော့ပြီး သူ၏အခုအခြေနေက တဖြည်းဖြည်းနဲ့ခြေကုန်လက်ပန်း ကျလာပြီဖြစ်သည်။

 

 

ဒါပေမဲ့ လူအများရှေ့ထွက်ရသည့်အချိန် အသားရေကောင်းရန် ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ လိုအပ်သေးသည်။

 

 

ကျန်းချင်ယွင်မှ တိုက်ရိုက်လွှင့်နေသည့်အချိန် skin careပစ္စည်းများ ယူလာသဖြင့် ကြည့်ရှုသူများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။ သူယူလာတဲ့ brandက Lehman ဖြစ်ပြီး နိုင်ငံခြားဆေးဝါးနှင့်အလှအပဆိုင်ရာ သကြားမပါသည့်အသားဖြူ ဆေးလုံးနှင့် ဆေးရည်များဖြစ်သည်။ ထိပ်တန်း brandတစ်ခုဖြစ်ပြီး ပြည်ပဖြန့်ဖြူးသည့် အသက်အရွယ်အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးသည့် အလှအပထုတ်ကုန်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်ကာ ထိရောက်မှုလည်း ရှိလေသည်။

 

 

[ ကျန်းချင်ယွင် အသားအရေ ဒီလောက်ကောင်းတာ။ ဒီထုတ်ကုန်တွေ လိုသေးလို့လား ]

 

 

[ သူ့ကြည့်ရတာ လွန်ခဲ့တဲ့လတစ်၀က်လုံး ပင်ပန်းရပုံပဲ။သူမကို  ဒီလိုပုံစံမျိုးတွေ့ရတာ ဒါပထမကြိမ်မှ မဟုတ်တာ။ သူမက တကယ်ကြီး ကြိုးစားတာပဲ။ ]

 

 

[ ဒါက မင်းကောင်းမွန်တဲ့ထိန်းသိမ်းမှု လုပ်ချင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ထုတ်ကုန်တွေ သုံးရမယ်ဆိုတာပဲ။ သူ့မှာ ဆေးရည်ပုလင်းတွေရော ဆေးလုံးတွေရော အများကြီးပဲဟ။ ]

 

 

[ ဒါက ပုံမှန်ပါပဲ။ မင်း အသားရေကောင်းချင်ရင် အေးဆေးမနေဘဲ ထိန်းသိမ်းသင့်တယ်ဆိုတာမျိုးပေါ့။ ]

 

 

[ ကြည့်ရတာ တစ်နေ့တစ်နပ်ပဲ စားတာမျိုးက ဘာမှမဟုတ်ဘူးထင်တယ်။ အစားသောက်ထက် အလှအပထိန်းသိမ်းရေး ထုတ်ကုန်တွေက များလောက်တယ်။ ]

 

 

[ ကျန်းချင်ယွင် ကိုယ်တိုင်မှာချုပ်ထားတဲ့ ၀တ်စုံက အရငါမင်းသမီးလုပ်ခဲ့တုန်းက ၀တ်စုံထက်ကို တစ် size သေးသေးတယ်။ ငါထင်တာကတော့ ကြည့်ကောင်းဖို့အတွက် ၀ဖောင်းမနေအောင် အစားလျှော့တာနေမယ်။ မင်းသမီးတော်တော်များများက ဒီလိုနည်းနဲ့ပဲ ဝိတ်ချကြတာ။ လိုအပ်တဲ့အာဟာရတွေအတွက်က ဗီတာဗင်တွေနဲ့ ဖြည့်စွက်စာတွေ ရှိတာပဲ။ ]

 

 

[ သူ တကယ်ကြီး ကြိုးစားတာပဲ။ သူ့ယောင်းမ လက်ထက်မှာလေ။ သူလက်ထက်မှာမှ မဟုတ်တာ။ ဒီလောက်ကြိုးစားစရာ လိုလို့လား။ ဒီလို အာရုံစိုက်မှုခံရအောင်လုပ်တာ ကောင်းလို့လား။ ]

 

 

[ ဒါက အာရုံစိုက်မှုခံချင်တာမျိုး မဟုတ်ဘူး။ ဒါမျိုးက သေချာပေါက် ပြင်ဆင်ဖို့လိုတယ်။ သူက အနုပညာရှင်တစ်ယောက်လေ သူ့ကိုတွေ့တာနဲ့ ဝေဖန်ကြမှာပဲ။ သူက အနုပညာရှင်ဆိုတော့ သူ့ပုံရိပ်‌ကောင်းကို ထိန်းသိမ်းဖို့ လိုတယ်လေ။ ဒါကြောင့် ကြည့်ကောင်းဖို့ ပင်ပန်းခံရတယ်ဆိုတာ ဖြစ်သင့်ပါတယ်။ ]

 

 

ကျန်းချင်ယွင်မှ လက်ထောက်ဒါရိုက်တာဆီမှ စာတစ်စောင်ရရှိပြီး ဖန်များနှင့်တွေ့ဆုံမည့်တိုက်ရိုက်လွှင့်မှုမှာ လေးနာရီဖြစ်ကြောင်း သိရသည်။

 

 

ထိုပွဲမှာ မကြာခင်မီပင် စတင်ခဲ့ပြီး ဖန်တစ်ယောက် အရွေးချယ်ခံရလေသည်။ တိုက်ရိုက်လွှင့်မှု ကြည့်ရှုသူများမှ ထိုကံကောင်းသည့်ဖန်အား အားကျနေကြသည်။

 

 

ဗီဒီယိုအား ဖွင့်လိုက်သည့်အခါ ထိုဖန်၏ပုံမှာ ကျန်းချင်ယွင်ရှေ့ပေါ်လာခဲ့သည်။ ဖန်ကလေးမလေးမှာ တော်တော်လေးငယ်သေးပုံရပြီး ကျန်းချင်ယွင်အား မြင်လိုက်သောအခါ လှပလွန်းသဖြင့် အံ့ဩသွားရသည်။

 

 

[ မစ္စကျန်း ကျွန်မ ရှင့်ကိုတကယ်သဘောကျတာပါ။ အပြင်မှာ ပိုတောင်လှသေးတယ် ]

 

 

ကျန်းချင်ယွင်မှ ပြုံးပြနှုတ်ဆက်လိုက်လေသည်။

အချိန်က ငါးမိနစ်သာရသောကြောင့် ဖန်များက သူတို့ပြောချင်သည်ကို ပြီးအောင်ပြောရ၍ ဖြစ်သည်။ နေ့စဉ်လုပ်ငန်းများအကြောင်း အနည်းငယ်ပြောကြပြီးနောက် ရွှီယန်ယုရဲ့ကိုယ်ပိုင် brandနဲ့ပတ်သက်ပြီး ကျန်းချင်ယွင်ပြောခဲ့တဲ့မှတ်ချက်အကြောင်း မေးလေသည်။

 

 

ဖန်မှ ထိုအကြောင်းအရာအား ထပ်မေးလေသည်။ " အစ်မက ဘာလို့ ရွှီယန်ယုရဲ့ကိုယ်ပိုင် brand အောင်မြင်လာတာနဲ့ ပတ်သက်ပြီး အကောင်းမမြင်ရတာလဲ။ အကြောင်းပြချက် တစ်ခုခုများ ရှိလို့လား။ လိုင်းပေါ်မှာ အစ်မကို မကောင်းတဲ့ မှတ်ချက်တွေ ပေးနေကြတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ရှင်းလင်းလိုက်ဖို့ ကျွန်မ မျှော်လင့်တယ်။ "

 

 

ထိုအကြောင်းကြားလိုက်ရသည်နှင့် ကျန်းချင်ယွင် စိတ်ရှုပ်သွားရလေသည်။ ဖန်မှ သူထိုအချိန်က ပေးခဲ့သည့်မှတ်ချက်နှင့် ပတ်သက်ပြီး ပြန်ပြီးဖြေရှင်းရန် ပြောနေလေသည်။

 

 

အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ပြုံး၍ ပြောလိုက်လေသည်။

 

 

" ပြောရရင် ရွှီယန်ယုက စီးပွားစီမံတို့ ထုတ်ကုန်တိုးမြှင့်ရေးတို့ ကြေညာတို့ ပြီးတော့ brandတစ်ခု ပစ္စည်းထုတ်ဖို့ ကြိုးစားတာတွေ ဒါမျိုး မလေ့လာထားဘူးလေ။ သူက ဒီလိုအကြောင်းအရာတွေ မသိထားဘူးဆိုတော့ အောင်မြင်မှာ မဟုတ်ဘူးလို့ ထင်လိုက်တာ။ ပြီးတော့ စီးပွားရေးလောကက တော်တော်လေး ရှုပ်ထွေးတယ်လေ။ အတွေ့အကြုံမရှိရင် ရပ်တည်နိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တအားကြီးအကောင်းမမြင်တာမျိုး မဟုတ်ပါဘူး။ "

 

 

[ သူ ပြောချင်တဲ့ပုံစံတော့ ထွက်လာပြီ။ ကျန်းချင်ယွင်ပြောတာ‌လည်း အကျိုးအကြောင်းဆီလျော်ပါတယ်။ ]

 

 

[ အဲ့တာ ဟုတ်တယ်။ အခု အဆင်ပြေနေပေမယ့် ရေရှည်အတွက်ဆိုရင် အတွေ့အကြုံနဲ့ အရည်အချင်းတွေ လိုသေးတယ်။ ရွှီယန်ယုက ဒီလိုဗဟုသုတမျိုးတွေ မရှိသေးဘူး။ ]

 

 

[ ဟုတ်တယ် ပိုင်ရှင်က ဘာမှမသိဘူးဆိုရင် အဲ့ကုမ္ပဏီက လွယ်မှာမဟုတ်ဘူး ]

 

 

[ ဟုတ်တယ် လုပ်ငန်းတစ်ခုအတွက်ဆို ဒါက အန္တရာယ်များလွန်းတယ်။ ရွှီယန်ယုသာ အကြံဉာဏ်ကို လက်ခံရင် အခုကစပြီး လေ့လာသင့်တယ် ]

 

 

[ ဒါပေမဲ့ အခုက ကုမ္ပဏီအတွက် ပိုက်ဆံတွေ အများကြီးမြှုပ်နှံပြီးသွားပြီ။ သင်ခန်းစာရဖို့အတွက် ပိုက်ဆံအများကြီးသုံးလိုက်တာဖြစ်သွားပြီ‌လေ အတော်လေးနောက်ကျသွားပြီမလား။ ]

 

 

[ တစ်ဘီလီယမ်သုံးပြီး ရလိုက်တဲ့သင်ခန်းစာဆိုတာ မပြင်းထန်ဘူးလား ]

 

 

တစ်ဖက်တွင် ရွှီယန်ယုလည်း တိုက်ရိုက်လွှင့်မှုတွင် တွေ့ဆုံမည့်ဖန်အား ရွေးချယ်ခဲ့သည်။ သူမ၏ တိုက်ရိုက်လွှင့်မှုမှာလည်း တူညီတဲ့အကြောင်းကိစ္စမျိုး မေးလာခဲ့သည်။

 

 

ပရိတ်သတ်တစ်ဦးမှ မေးလာခဲ့သည်။ " အစ်မကြီးရွှီကို ကျန်းချင်ယွင်က အတွေ့အကြုံမရှိဘူး မကျွမ်းကျင်ဘူး စီးပွားရေးအကြောင်း နားမလည်ဘူးဆိုပြီး ပြောထားတာကို ဘယ်လိုထင်လဲ။ brand တစ်ခုကို ဘယ်လိုလည်ပတ်ရမလဲဆိုတာ ကောင်းကောင်းမသိဘူးလား။ အဲ့လိုဆိုရင် ဘယ်လိုဖြေရှင်းမှာလဲ။ လေ့လာရင်းနဲ့မှ အတွေ့အကြုံယူတာက စိတ်ချရရဲ့လား။ "

 

 

မေးခွန်း‌တွေက ထိမိလွန်းလေသည်။ အကယ်၍ လက်လွတ်စပယ် ဖြေလိုက်မယ်ဆိုရင် ပြသနာဖြစ်နိုင်ပြီး လူထုရဲ့ထင်မြင်ချက်များ ပေါက်ကွဲလာနိုင်သည်။

 

 

ရွှီယန်ယုအကြောင်းက အဓိကစတင်သည့် အကြောင်းအရာဖြစ်သည်။ စကားတွေ ချဲ့ကားလာနိုင်ပြီး ကင်းကင်းရှင်းရှင်း ပြီးသွားဖို့ရန် မဖြစ်နိုင်တော့ပေ။

ရွှီယန်ယုသည် ဖန်များ၏ မေးခွန်းများကို နားထောင်ပြီးသည့်အခါ တည့်တိုးအဖြေမျိုးတော့ မဖြေလိုက်ပေ။

 

 

" ပြောရရင် ကျွန်မ စီးပွားရေးကို တကယ်ကြီးမကျွမ်းကျင်ပါဘူး။ ဒီဇိုင်းပိုင်းမှာ ဘယ်လောက်ပဲတော်နေပါစေ god's prophercy ကိုတော့ ကိုယ်တိုင်အုပ်ချုပ်ချင်တယ်လို့ ကျွန်မ မပြောခဲ့ပါဘူး။ စီးပွားရေးနဲ့ပတ်သက်ပြီး အရည်အချင်းရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူ လိုအပ်ပါတယ်။

 

ဒါက အမှန်တရားပါ။ ပြောရရင် စီမံခန့်ခွဲရေးတင် ရှိတာ

မဟုတ်ပါဘူး ထုတ်လုပ်ရေးပိုင်း ကြေငြာတွေ ထုတ်ကုန်ရောင်းချရေး ဒီလိုကဏ္ဍမျိုးစုံ ရှိပါတယ်။ ကျွန်‌မတို့ကုမ္ပဏီရဲ့ မြင့်မားတဲ့ လစာနှုန်းထားအောက်မှာ ဒီလိုအရည်အချင်းတွေနဲ့ ကိုက်ညီတဲ့၀န်ထမ်းတွေ ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

ဒါက အရည်အချင်းရှိမရှိဆိုတာ အရေးမကြီးပါဘူး။ အတွေ့ကြုံရှိတဲ့သူတွေကို ကျွန်မ ငှားရမ်းလို့ရပါတယ်။ ကျွန်မ ပြောတာ နားလည်ကြမှာပါ။ "

 

 

ဖန်တွေ အံ့ဩသွားခဲ့ပြီး တိုက်ရိုက်လွှင့်မှုတစ်ခုလုံးလည်း ဆွံ့အသွားခဲ့ကြသည်။

 

 

ထိုအဖြေက တော်တော်လေး စိတ်ထဲထိသွားခဲ့သည်။

ဖန်များ မတုံ့ပြန်နိုင်ခင် ခဏရပ်လိုက်ပြီးမှ စကားထပ်ပြောခဲ့သည်။

 

 

" အားလုံးပဲ ကျွန်မတို့ god's prophercy ရဲ့၀န်ထမ်းသစ်ခေါ်ယူခြင်းကို ၀င်ရောက်လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်။

 

အရည်အချင်းရှိတဲ့သူတွေကို လိုအပ်တာမို့လို့ လစာကလည်းအမြင့်ဆုံးနှုန်းထား ပေးမှာပါ။ တစ်နှစ်ကို လစာ ယွမ်သုံးသိန်းကနေ သုံးဆယ်မီလီယမ်ထိကို ပေးမှာဖြစ်ပြီးတော့ ထူးချွန်တဲ့ ၀န်ထမ်းတွေကိုလည်း သူတို့အိမ်မက်တွေအကောင်ထည်ဖော်နိုင်ဖို့ ယွမ်တစ်ရာမီလီယမ်ကိုလည်း ချီးမြင့်မှာပါ။

 

နောက်ခံအနေအထားနဲ့ ပညာရေးကို မကြည့်ပါဘူး။ အတွေ့အကြုံနဲ့ အရည်အချင်းပေါ်ပဲ မူတည်တာမို့လို့ ကျွန်မတို့ တွေ့ဆုံဖို့ မျှော်လင့်ပါတယ်။ "

 

 

ပြောပြီး‌တဲ့ ‌ငါးမိနစ်အကြာမှာ ဝေဖန်ချက်တွေ တဟုန်ထိုးတက်လာခဲ့သည်။

 

 

[ ဘာကို စောင့်နေတာလဲ။ ဗီဒီယိုကို ဆက်ပြလေ။ နောက်ကျရင် အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ]

 

 

[ မစ္စရွှီက တကယ်မိုက်တာပဲ။သူ့မှာ ပိုက်ဆံရှိမရှိက အဓိကမဟုတ်ဘူး။ သူက ပွင့်ပွင့်လင်းလင်းနဲ့ အတွေ့အကြုံမရှိတာကို ပြောပြတာ။ ဟန်ဆောင်တာမျိုးမရှိဘူး ဒါမဲ့ပတ်သက်ပြီး အကြောင်းပြချက်လည်းမပေးဘူး ဒီလိုတည့်ပြောတတ်တဲ့လူမျိုးက တော်တော်လေး မိုက်ပြီး စိတ်ဓာတ်ခိုင်မာတာပဲ ]

 

 

[ ရွှီယန်ယုက အတုအယောင်တွေ မကြိုက်မှန်း သူ့လင်ပါသားကို ဆက်ဆံတဲ့ပုံစံကြည့်တာနဲ့ သိနိုင်တယ်။ သူက သူ့ပုံစံအတိုင်းနေတာ။ မလုပ်နိုင်ဘူးဆိုရင် မလုပ်နိုင်ဘူး။ သူ ကျွမ်းကျင်တယ်ဆို ကျွမ်းကျင်တယ်ပဲ။ သူမကို ဒီလိုအနေအထားနဲ့ ‌အသရေဖျက်လို့မရဘူး ]

 

 

[ တခြားလူတွေနဲ့ယှဉ်ရင် ရွှီယန်ယုက အတော်လေးတည်ကြည်တာ‌ပဲ။ ဒီလိုလူမှန်မျိုး မတွေ့တာကြာပြီ။ ငါ တကယ်ကြိုက်တာ။ ဒီအစ်မကြီးက ထိုက်တန်‌ပါပေတယ်။ ]

 

 

တစ်ရက်မပြည့်ခင်ပင် အင်တာနက်ပေါ်က ပညာတတ်လူတော်တော်များများက ရွှီယန်ယု၏ god's prophercy ရဲ့ တရား၀င်အကောင့်ကို ကိုယ်ရေးအချက်အလက်များ ပေး၍ လျှောက်ထားကြလေသည်။ထိပ်တန်းကုမ္ပဏီတစ်ရာထဲက သူဌေး‌နှစ်ယောက်ကပါ သူတို့အလုပ်ပြောင်းချင်ကြောင်း သတင်းထွက်လာသည်။

 

 

ရွှီယန်ယုက အရည်အချင်း ရှိသူများကို စုဆောင်းချင်တာဖြစ်၍ သိပ်တော့မခက်ခဲပေ။ အရည်အချင်းရှိသည့် ထိပ်တန်းအဆင့်၀န်ထမ်းများအား ရှာသလောက်ရနိုင်ပေသည်။

 

 

ပိုက်ဆံရှိတိုင်း လုပ်လို့မရပေမယ့်လို့ ချမ်းသာတဲ့သူတွေကတော့ ဒီလိုအပင်ပန်းခံပြီး မလုပ်တော့ပေ။ ပိုက်ဆံနှင့်ဖြေရှင်းသည်က အချိန်ကုန်လူပင်ပန်းသက်သာပြီး အကျိုးလည်း ရှိလေသည်။

 

 

ပြီးတော့ မြင့်မားတဲ့လစာနှုန်းထားနဲ့ မလုပ်ချင်တဲ့လူ ရှိလို့လား။

 

 

ရွှီယန်ယု၏ အဖြေက ပြောင်မြောက်လှပေသည်။ ရွှီယန်ယုက ဘာရည်ရွယ်တဲ့ စကားမှမပါဘဲ ဒီအနေအထားထိ လမ်းဖွင့်လိုက်နိုင်ပြီး သူမက သာမန်ထက်ပိုပြီး တခြားသူများနှင့် မတူကြောင်း ပြသခဲ့သည်။ ကျန်းချင်ယွင် မျက်မှောင်ကျုံ့လိုက်မိသည်။

 

 

ရွှီယန်ယု ဗီဒီယိုအား မုချောင်ယွင် မြင်သည့်အခါ နယ်ပယ်အားလုံးမှာ ထူးချွန်ပြီး အရှုပ်အရှင်းကင်းသည့်လူအား ရွှီယန်ယုထံတွင် အလုပ်လျှောက်ခိုင်းရန် လင်အန်းအား စီစဉ်စေသည်။

 

 

ထိုသို့ပြောကြားလာသဖြင့် လင်အန်းမှာ ဆွံ့အသွားရသည်။

 

 

သူ့သူဌေးက သူလျိုထားချင်တာဖြစ်မှန်း အတော်ကြာမှ သူသဘောပေါက်သွားခဲ့သည်။

 

 

ခင်ဗျားဇနီးရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး စိတ်ပူပေးနေတာလား။