သူဌေးကတော်ဖြစ်ရတာထက်
လွယ်တာရှိသေးရဲ့လား
အပိုင်း
၁၁
အပတ်စဉ်
World chinese မဂ္ဂဇင်းရဲ့ ခေါင်းစီးပိုင်းမှာ လှပတဲ့ မျက်နှာလေးတစ်ခု ဖော်ပြခြင်းခံရသည်။
သူ့မျက်နှာကို အနီးကပ်ကြည့်မယ်ဆိုရင်တောင် အပြစ်အနာအဆာမျိုး မြင်ရမည်မဟုတ်ပေ။
အထူးသဖြင့်
ငါ့မျက်စိရှေ့က အထင်ကြီးဖွယ်မျက်လုံးများနဲ့ အမျိုးသမီးကို ကြည့်မယ်ဆိုရင် အားကောင်းတဲ့အရှိန်အဝါတစ်ခုကို
ခံစားရမည်ဖြစ်သည်။
အမှန်အတိုင်းပြောတဲ့
ကမ္ဘာကျော် world Chinese မဂ္ဂဇင်းကတောင် ခေါင်းစီးပိုင်းမှာ
ဖော်ပြထားပါသည်။
ဒီနေ့
ရှိုးရဲ့အဓိကဇာတ်လိုက်ကတော့ Gabriel ရဲ့ပစ္စည်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့တဲ့ အနုပညာရှင်
ရွှီယန်ယုဖြစ်၏။
အပတ်စဉ်
world Chinese မဂ္ဂဇင်းမှ ဖော်ပြခံရတဲ့သူတွေက အများအားဖြင့် ကမ္ဘာကျော်အနုပညာရှင်များဖြစ်ကြသည်။
ရွှီယန်ယုတစ်ဉီးသာလျှင်
ပွဲတက်ရောက်တာတစ်ခုနှင့် ဖော်ပြခြင်းခံရသည့် အမျိုးသမီး ကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး
သူမ၏လွှမ်းမိုးမှုက တော်တော်လေး ကြီးမားကြောင်း ထင်ဟပ်စေ၏။
မဂ္ဂဇင်းမှ
အကြောင်းအရာများက ရွှီယန်ယု၏ ကိုယ်ပိုင် brand ဖြစ်တဲ့ god's prophercy ရဲ့ ဒီဇိုင်းအနေအထားနှင့်
အချက်အလက်များအား အသေးစိတ် ဖော်ပြထားခြင်းဖြစ်ပြီး ထိုဆောင်းပါးက တော်တော်လေး ချီးကျူးထားခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင်
ဒါက မီလီယမ်ချီတဲ့ ဖတ်ရှုသူတွေကိုပိုင်ဆိုင်ထားတဲ့ အပတ်စဉ် world Chinese မဂ္ဂဇင်းမှာ
ပထမဆုံးအကြိမ် ဖော်ပြခံရခြင်း ဖြစ်သည်။ ဒီသတင်းကို ဖတ်လိုက်ရတဲ့ ဖတ်ရှုသူများက ဒါက
ခြေလှမ်းအစဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
ထိုမဂ္ဂဇင်းစာအုပ်က
ပထမထပ်ရှိ မုချောင်ယွင်၏ ရုံးခန်းသို့ ရောက်ရှိနေသည်။ မုချောင်ယွင်၏ စားပွဲမှာ တောက်ပတဲ့
ဖန်အလွှာတစ်ခုပါလေသည်။ ပုံမှန်အားဖြင့် ထိုသို့ဖန်အသားကို ဇိမ်ခံပစ္စည်းများနှင့် လက်၀တ်ရတနာများ
လုပ်ရာတွင် အသုံးပြုသော်လည်း စားပွဲတင်အဖြစ် မျက်နှာပြင်တစ်ခုလုံး အသုံးပြုသည်မှာ ရှားလေသည်။
အမျိုးမျိုးသော လေလံတင်ပစ္စည်းများထဲတွင် ထိုပစ္စည်းတန်ဖိုးက နှစ်မီလီယမ်မှ သုံးမီလီယမ်ဒေါ်လာကြားရှိလေသည်။
ဒါကြောင့်
ထိုစားပွဲမှာလည်း ထိုတန်ဖိုးထက်မနည်းဖြစ်မည်။
တကယ်ချမ်းသာသည့်
သူများသာလျှင် ထိုပမာဏကို
ဂရုစိုက်ဖို့မလိုတာ
ဖြစ်သည်။
ချောမောသည့်
လူတစ်ယောက်က သူ၏ရွှေအနားကွပ်မျက်မှန်အား အနည်းငယ် ပင့်တင်လိုက်လေသည်။ ထိုပုံစံက တော်တော်လေး
ရှင်းလင်းသိမ်မွေ့လှသည်။ သူ ဘာတွေးနေမှန်း မသိပေမယ့် သူ့အကြည့်က အပတ်စဉ်ထုတ် world
chinese မဂ္ဂဇင်းပေါ်တွင် ရှိနေမှန်း သိနိုင်လေသည်။
အထူးသဖြင့်
ရွှီယန်ယုအကြောင်း ရေးထားသည့် စာမျက်နှာကို ကြည့်နေမိသည်။ မုချောင်ယွင်သည် လင်အန်းမှတဆင့်
သူ့အကြောင်းများသိနေရပြီး သူဖတ်နေကြမဂ္ဂဇင်းပါဘာလိမ့်မည်ဟု မထင်ထားပေ။ ဒါက ထိပ်ဆုံးခေါင်းစီးပိုင်းတွင်
ပါလာတာဖြစ်ပြီး ပုံမှန်အားဖြင့် ထိုသို့ဖော်ပြခံရသည့်ပုဂ္ဂိုလ်များမှာ နယ်ပယ်အသီးသီးတွင်
အပြစ်ဆိုစရာမရှိအောင် ကျွမ်းကျင်ကြသူများ ဖြစ်သည်။
လွန်ခဲ့တဲ့ကိုးနှစ်က
ထိုမဂ္ဂဇင်းတွင် မုချောင်ယွင်ပထမဆုံးအကြိမ် ဖော်ပြခံရလေသည်။ သူ ထိုမဂ္ဂဇင်းမှာ အကြိမ်တော်တော်များ
ဖော်ပြခံရပေမယ့် Gabriel လို brand မျိုးနဲ့ပတ်သက်ပြီး ရွှီယန်ယုဖော်ပြခံရသည်ကတော့
အံ့ဩစရာကောင်းလေသည်။
ထိုသို့မဂ္ဂဇင်းမျိုးမှာ
ဖော်ပြခံရသည်ဆိုကတည်းက အသိအမှတ်ဘပြုခံရခြင်းဖြစ်သည်ဟု မုချောင်ယွင်ယူဆလေသည်။ ရွှီယန်ယုက
တကယ်ကြီး မြန်မြန်ဆန်ဆန်ကြီးပြင်းလာသည်ကို လက်ခံလိုက်ရပြီး မျှော်လင့်ချက်မဲ့နေတာမျိုး
မဟုတ်တော့ပေ။
သူ့အား
စမ်းသပ်ရန် ထိုလောက်ပိုက်ဆံပမာဏအား ပေးခဲ့ခြင်းဖြစ်သော်လည်း ဒီလိုဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။
စိတ်လှုပ်ရှားမနေဘဲ
သူ့လုပ်ငန်းမှာ ရင်းနီးမြှုပ်နှံဖို့ရန် စိတ်အေးနေလေသည်။ အစဦးပိုင်းမှာပင် brand တစ်ခုနာမည်ရဖို့ရန်မှာ
မလွယ်ကူသည့် ကိစ္စဖြစ်သည်။
မုချောင်ယွင်စိတ်ထဲ၌
ရွှီယန်ယုနဲ့ ကျန့်ကျန့်မှာ လုံး၀မတူညီသည့် မိန်းမနှစ်ယောက်ဖြစ်သည်။ အခု ရွှီယန်ယုက
ပိုထူးခြားပြီးဘာကြောင့် ဒီလိုဖြစ်လာသလဲတော့ မသိပေ။
"
မစ္စတာမု ဒါက လာမယ့်ဆောင်းဦးလယ်ပွဲတော်အတွက် မစ္စရွှီနဲ့ သခင်လေးတို့ကို ပို့ပေးမယ့်လက်ဆောင်တွေပါ။
ကြည့်ကြည့်ပါဦး "
လင်အန်းမှ မုချောင်အား ပစ္စည်းစာရင်းအား ပြလေသည်။
ဒါက
ရှေ့နှစ်တွေတုန်းကလို ဖြစ်သည်။ ပုံမှန်အားဖြင့် ပစ္စည်းပို့လျှင် အိမ်ပြန်ဖြစ်ခြင်း
မရှိပေ။ ဒီနှစ်လည်း အိမ်မပြန်ဖြစ်လောက်ဘူးဆိုပေမယ့် သူအိမ်မပြန်တာ နှစ်၀က်မက ရှိနေပြီဖြစ်သည်။
"
ဟုတ်ပြီ ဒါပို့တာပေါ့ "
မုချောင်ယွင်
ပြလိုက်သည်နှင့် လင်အန်းက ညွှန်ကြားသည့်အတိုင်း စီစဉ်တော့သည်။
မကြာမီပင်
ရွှီယန်ယုမှ မုချောင်ယွင်စီစဉ်ပေးသည့် ဆောင်းဦးလယ်ပွဲတော်အတွက် လက်ဆောင်များရရှိလေ၏။
တရုတ်လူမျိုးများအနေဖြင့် ဆောင်းဦးလယ်ပွဲတော်မှာ တော်တော်လေး အရေးပါလှလေသည်။ သူကတော့
နှစ်တိုင်း ပုံမှန်လို့သာခံစားရပြီး ဒီနှစ်လည်း ထူးခြားနေသည်မျိုးမရှိပေ။
မုချောင်ယွင်မှ
ဈေးကြီးပစ္စည်းများအား လေယာဉ်နှင့်ပို့လိုက်ပြီး ဝိုင်နီများ၊ နာမည်ကြီးဟော်တယ်မှ
ပြုလုပ်သော လမုန့်များ၊ လက်ဖက်ခြောက်နဲ့ ပင်လယ်စာများ ပါ၀င်လေသည်။
ပြောရရင်
ဒါကပုံမှန်ပေးနေကြများသာဖြစ်ပြီး ထူးဆန်းသည်များ မပါ၀င်ချေ။
ရွှီယန်ယုမှ
ပစ္စည်းများအားကြည့်လိုက်ပြီး ထိုလူက ဖန်တီးနိုင်စွမ်းမရှိဘူးဟု တွေးမိလေသည်။ သူ ပြန်မလာတာ
အဆင်ပြေသည်။ သို့သော် ကလေးကိုတော့ အချိန်မပေးပေ။ မုရှောင်က အခုထိ ကလေးပဲရှိသေးတာဖြစ်သည်။
သူ့စိတ်အခြေနေနဲ့ နေထိုင်မှုပုံစံကို ဂရုစိုက်ပေးရမည်ဖြစ်သည်။ ဒါပေမဲ့ ပွဲတော်ကာလမို့
ပွဲတော်ကိုပဲအာရုံစိုက်မည်ဖြစ်၍ ကိစ္စတော့မရှိပေ။
မုရှောင်၏
မိဘအရင်းများမှာ ကျန်းမာရေးမကောင်းကြ၍ လောကကြီးမှ အစောကြီးထွက်သွားကြလေသည်။ မူလပိုင်ရှင်ကလည်း
သူ့ကိုအတော်လေး ထိခိုက်စေခဲ့သည်။ ပြောရရင် သွေးရိုးသားရိုး မဟုတ်ပေမယ့် ကလေးရဲ့စိတ်က
အကြာကြီးမခံစားရသင့်ပေ။
ရွှီယန်ယုမှ
ထိုအကြောင်းတွေးမိသည်နှင့် ပွဲတော်ရက်အတွက် စီစဉ်တော့သည်။ မုရှောင်နှင့် သူ့သူငယ်ချင်းများအတွက်
နိုင်ငံတော်အဆင့်ပြဇာတ်ရုံမှ သရုပ်ဆောင်များအား ငွေကြေးပမာဏများများနဲ့ ဖိတ်ကာ ဆောင်းဦးလယ်ပွဲတော်နောက်ခံ
အရိပ်ပြဇာတ်ပုံပြင်အား ဖျော်ဖြေခိုင်းမည်။
ထိုသို့ဖျော်ဖြေပွဲမျိုးကို
အိမ်၌ပြုလုပ်သည်မှာ ပုံမှန်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန် သူတို့အိမ်၌ ကဇာတ်ရုံပါရှိလေသည်။
ထို့ကြောင့်
ပွဲအသေးကို စီစဉ်ရန် မခက်ခဲလှပေ။
မုရှောင်က
ဒီပွဲကိုလက်ခံလိမ့်မည်။ အိမ်တော်ထိန်းအား ပွဲတော်တွင်ပျော်ရန် သူ့အဖေမှ စီစဉ်သည့်ပွဲဖြစ်ကြောင်း
ပြောခိုင်းမည်ဖြစ်သည်။ သူ့အဖေ ပြန်လာပြီး တူတူမဆင်နွှဲနိုင်ဘူးဆိုရင်တောင် သူ့အချစ်တွေက
ရှိကြောင်းပြရာရောက်လေမည်။
ရွှီယန်ယုနဲ့
အိမ်တော်ထိန်း စကားပြောပြီးတဲ့နောက်
သူ
အော်ဂလီဆန်လာသည်ဟု ခံစားလိုက်ရသည်။ သို့သော် စီစဉ်ထားသည်များ မှားစရာတော့မရှိပေ။မှာကြားသည်များက
လိုရင်းတိုရှင်းသာဖြစ်သည်။ ဒါက မုရှောင်ကို ပိုပြီးစိတ်သက်တောင့်သက်သာ ရှိစေလိမ့်မည်။
သူမ လုပ်ပေးသည်ကို မသိလည်း ဘာမှမဖြစ်ပေ။
ဒီကိစ္စနဲ့ပတ်သက်ပြီး
ရွှီယန်ယု စိတ်အနှောက်အယှက်တော့မဖြစ်ပေ။ Gabriel brand မှ မစ္စစတယ်လာက သူ့အား ပွဲတော်အထိမ်းအမှတ်လက်ဆောင်
ပို့လာ၍ ဖြစ်သည်။ လက်ဆောင်မှာ လက်၀တ်ရတနာနှင့်၀တ်စုံတို့ ဖြစ်သည်။
ဒါက
အကန့်အသတ်ထုတ် ပွဲတော်လက်ဆောင်ဖြစ်ပြီး တန်ဖိုးကလည်း မနည်းပေ။ ရွှီယန်ယုနာမည်က သူတို့လက်ဆောင်ပို့မည့်
အနုပညာရှင်စာရင်းထဲ ထိပ်ဆုံးဖြစ်သည်။
အမှန်တိုင်းပြောရရင်
ဆောင်းဦးလယ်ပွဲတော်ေန့မှ ကြေညာမည့်အထူးလက်ဆောင်လည်းရှိသေးသည်။
ရွှီယန်ယုသည်
မစ္စစတယ်လာအတွက် အထူးလက်ဆောင်ပြင်ဆင်နေရင်း အလုပ်ရှုပ်နေခဲ့သည်။ ပွဲတော်နေ့အတွက် လက်ဆောင်ပေးတာက
ရိုးရာဖြစ်ပြီး ဘာပေးရင်အကောင်းဆုံးဖြစ်မလဲဆိုတာ သူ စဉ်းစားပြီးဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းပင်
ပွဲတော်နေ့သို့ ရောက်လာခဲ့သည်။
ထိုနေ့မနက်အစောတွင်
Gabriel မှ အနာဂတ်တွင် god's prophercyနဲ့အတူ ပစ္စည်းတစ်ခုထုတ်မည့်အကြောင်း မစ္စရွှီယန်ယုနဲ့
ပူးပေါင်းဖို့ မျှော်လင့်ကြောင်း ကြေငြာခဲ့သည်။
Brand
အသုံးပြုသူများထံ ပေးခဲ့သည့် လက်ဆောင်များကို အင်တာနက် အသုံးပြုသူများမှ ရှာဖွေခဲ့ရာ
ရွှီယန်ယုလက်ဆောင်မှာ သူများပစ္စည်းများနှင့် မတူကြောင်း တွေ့ခဲ့ကြသည်။
ရွှီယန်ယုရသော
လက်ဆောင်မှာ ပိုကောင်းပြီးအဆင့်မြင့်သည့်ပုံ ပေါက်လေသည်။ လက်ဆောင်ဗူးက အစမတူဘဲ တော်တော်လေး
ကွာခြား၏။
[
ရွှီယန်ယုကို brand ဘက်က တော်တော်လေး တန်ဖိုးထားတာပဲ။ ပူးပေါင်းမှုတစ်ခုရှိတာ ဖြစ်ရမယ်။]
[
သူက Gabriel ပိုင်ရှင်ရဲ့ သမီးလို့ ဘယ်သူမှ မထင်မိကြဘူးလား။ ဘယ်အနုပညာရှင်တစ်ယောက်ကိုမှ
ဒီလိုဆက်ဆံတာ မတွေ့ဖူးဘူး။ တကယ်ကြီး မျက်နှာလိုက်တာပဲ။ ]
[
ရွှီယန်ယုက ဒါက ဘာမှမတုံ့ပြန်ဘူးဘဲ။ ]
[
မစ္စစတယ်လာကို လမုန့်ဗူးလက်ဆောင်ပေးပြီးပြီလေ။
လူချမ်းသာတွေ
ပေးတဲ့လမုန့်က တော်တော်လေးထူးခြားတာပဲ။ ]
[
ကယ်ကြပါဦး။ငါ တွေ့ပြီးပြီ။ လမုန့်ဗူးက ရွှေနဲ့လုပ်ထားတာ ]
ရွှီယန်ယုမှ
မစ္စစတယ်လာအား လမုန့်ဗူးပေးသည့်အောက်မှာ အင်တာနက်သုံးသူများ အလျင်အမြန် မှတ်ချက်ပေးကြပြီးနောက်
ရေးထားသည်ကို ဖတ်ရသည့်အခါ အံ့ဩကြကုန်၏။
လမုန့်ဗူး၏
brandမှာ နာမည်ကြီး haandazs ဖြစ်ပြီး
ကမ္ဘာ့အဆင်မှီထိပ်တန်း
ရေခဲမုန့်အရသာ လမုန့်ဖြစ်ပြီး
ဈေးအကြီးဆုံး
လမုန့်ဗူးလည်းဖြစ်သည်။ ဘယ် brand မှ လမုန့်ဗူးကို ဒီလောက်ဈေးမျိုးဖြင့် မထုတ်ပေ။
လမုန့်ဗူးမှာ ရွှေစင်စစ်ဖြင့် ပြုလုပ်ထားပြီး အသက်ရှူမှားလောက်အောင် အထက်တန်းဆန်လေသည်။
စက္ကန့်တိုင်း
မိနစ်တိုင်း ပိုက်ဆံ၏ အမှတ်သင်္ကေတတစ်ခုလို့ ခံစားရလေသည်။ ဒီလမုန့်ကိုစားသည်က ပိုက်ဆံကိုစားသည်နှင့်
တူ၏။ တရား၀င်အကောင့်မှ ဖော်ပြချက်အရ ဤလမုန့်သည် ၈.၁၆မီလီယမ်လောက် ဈေးပေါက်သည်။ ဒါက
ပေးသူရဲ့ဂုဏ်နှင့် လက်ခံသူရဲ့အနေအထားနဲ့ယှဉ်ပါက အရေးကြီးတဲ့ ဆက်ဆံရေးကိုပြသည်ကသာ အဓိက
ကျလေသည်။ သာမန်ဆက်ဆံရေးတစ်ခုက ဒီလိုလမုန့်မျိုး ပေးသည်က မဖြစ်နိုင်ပေ။
မစ္စစတယ်လာ
လက်ဆောင်ဗူးအား သူ့အကောင့်တွင် တင်ခဲ့ပြီး ရွှီယန်ယုမှလည်း အပြန်အလှန် သဘောထားကိုဖော်ပြကြလေသည်။
ချမ်းသာမှုကို ခံစားနိုင်တဲ့သူငယ်ချင်းဆိုတာ ချမ်းသာလို့ပဲဆိုပြီး လူအများတွေးလိုက်ကြလေသည်။
[
ငါ့ဘ၀မှာ ဒီလောက်ဈေးကြီးတဲ့လမုန့်ကို မတွေ့ဖူးဘူး။ ရွှီယန်ယုက တကယ့်ဘ၀ကြီးကို ပြပေးတာပဲ။
]
[
ဟ ဟ ဟ လမုန့်စားတာက ဒီအဆောက်အဦးကိုတောင် ဖျက်စီးနိုင်တယ်တဲ့ ဒါက ချဲ့ကားပြောတာမျိုး
မဟုတ်ဘူးဘဲ။ ]
[
ဟုတ်တယ် ငါဈေးနှုန်းကို သိလိုက်ရတဲ့အချိန်က အသက်ရှင်ခဲ့တဲ့ နှစ်ဆယ်နှစ်အတွင်း အံ့ဩလို့သေမလိုဖြစ်တဲ့
ပထမဆုံးအကြိမ်ပဲ။ ဒါက ငါ့ရဲ့စားသုံးမှုအမြင်ကို စွံ့အစေတယ်။ ]
[
ဘာပဲဖြစ်ဖြစ်ဒါက မစ္စစတယ်လာရဲ့Gabrielနဲ့ ရွှီယန်ယုရဲ့ God's prophercy တို့က အချင်းချင်း
တန်ဖိုးထားပြီး စိတ်ထဲရှိကြတယ်ဆိုတာ ပြတာ။ ဒါက အမျိုးသမီးချင်းလည်းဖြစ်ပြီး ကောင်းမွန်တဲ့
စီးပွားဖက်တွေပဲ။ ]
ဆောင်းဦးလယ်ပွဲတော်မှာ
ရှန်မိသားစုကလည်း ညစာစားပွဲကျင်းပလေသည်။ ဆွေမျိုးများနှင့် သားမြေးများမှာ အနည်းငယ်
ဝေးနေကြသော်လည်း ဒီညစာစားပွဲကိုတော့ အားလုံးတက်ရောက်ကြလေသည်။ ညစာစားပွဲက တော်တော်လေး
ခမ်းနားပြီး အရေးပါလေသည်။
ထိုပွဲက
တော်တော်လေး စည်းမျဉ်းတွေများတယ်လို့ ခံစားရလေသည်။ အမျိုးသမီးများမှာ ၀တ်စုံပြည့်၀တ်ထားကြပြီး
စိတ်၀င်စားဖို့ကောင်းတာများ မတူတာမျိုး မတွေ့ရပေ။ ကျန်းချင်ယွင် ကိုယ်တိုင် အပါအ၀င်ဖြစ်သည်။
ကျန်းချင်ယွင်မှာ
အနက်ရောင်ဂါ၀န်၀တ်ထားက သိမ်မွေ့သောအနေအထားနှင့် ဝိုင်ခွက်အားကိုင်ထားပြီး ရှန်ဖန့်နှင့်အတူ
ဆွေမျိုးများနှင့် ခွက်မြောက်ကာဆုတောင်းပြုနေသည်။
အဖိုးအဘွားများအား
အရင်ဂါရ၀ပြုရပြီး ထို့နောက် မိဘများဖြစ်သည်။ ရွယ်တူမောင်နှမများကိုလည်း ခွက်မြှောက်
ဂုဏ်ပြုကြပြီး အငယ်များကိုတော့ ထိုသို့ပြုလုပ်ရန်မလိုပေ။ သို့သော်အငယ်များမှ သူတို့အား
ဂါရ၀ပြုသေးသဖြင့် သောက်ရသည့်ခွက်မှာ မနည်းတော့သဖြင့် အဆုံးတွင်ဖျော်ရည်နှင့် အစားထိုးလိုက်ရလေသည်။
အင်တာနက်
အသုံးပြုသူများမှ ကြည့်ပြီး " သူတို့ ဒီလိုခွက်မြှောက်ဂါရ၀ပြုဖို့ လေ့ကျင့်ထားရတယ်ထင်တယ်။
သူတို့ပုံစံက အကုန်လုံးတူတူပဲ။ ဒါကတော်တော်လေး ခက်ခဲမယ့်ပုံပဲ။ " ဟူ၍ ပြောကြလေသည်။
တစ်ဖက်တွင်လည်း
ရွှီယန်ယုတို့အိမ်၌ ပွဲတော်ကျင်းပနေလေသည်။ ၀ိုင်ခွက်များမပါဘဲ ရိုးရှင်းသော တန်ဖိုးကြီးညစာစားကြကာ
ကဇာတ်ရုံသို့ သွားကြလေသည်။
နိုင်ငံ့ထိပ်တန်းပြဇာတ်အဖွဲ့မှ
ဒီနေ့ကပြမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။ အရိပ်ပြဇာတ်များ ဇာတ်လမ်းများစွာမှာ
ဆောင်းဦးလယ်ပွဲတော်၏ ဖျော်ဖြေမှုများဖြစ်သည့် ချန်အဲ၏ လထိပျံသန်းခြင်း၊ လပေါ်မှယုန်၏
ဆန်ထောင်းခြင်း၊ လမုန့်၏ ဒဏ္ဍာရီ၊ ဝူကန်း၏ အောင်ပန်းနဲ့ ယွမ်ကျုံး၏ ပုံပြင်များ တို့ဖြစ်သည်။
အင်တာနက်အသုံးပြုသူများမှာ
မည်သည်အားဖျော်ဖြေမည်ကို မသိကြပေ။
တိုက်ရိုက်လွှင်မှုစကတည်းက
ရွှီယန်ယု နိုင်ငံ့ထိပ်တန်းပြဇာတ်ပညာရှင်များအား ဖိတ်ထားပြီး သူ့လင်ပါသား မုရှောင်အတွက်
ပွဲစီစဥ်ပေးထားသည်ဖြစ်ကြောင်း ကြည့်ရှုသူများ သိရလေသည် ။
[
ဝိုးးးးးးးးးးးးးးး]
[
ရွှီယန်ယုရဲ့ ကလေးသာဖြစ်ရရင် ငါတကယ်ပျော်မှာပဲ။ မင်း ခဏလေး ပျော်ရဖို့အတွက် တစ်စုံတစ်ယောက်က
သေချာစီစဉ်ပြီး ပိုက်ဆံတွေသုံးပေးတာက ကမ္ဘာပေါ်မှ အကောင်းဆုံးကိစ္စလို့ ငါထင်တာပဲ။
စိတ်ကူးယဉ်ဆန်ပြီးတော့ ပျော်ရွှင်ရသည့် အခိုက်အတန့်ဖြစ်မှာ ]
[
ဒီလိုစိတ်နှစ်ထားတဲ့ အပြုအမူမျိုးထက် နှလုံးသားကိုထိစေတဲ့အရာ မရှိတော့ဘူး။ စစ်မှန်တဲ့အပြုအမူက
အဆုံးမဲ့နတ်ဘုရားဖြစ်ပြီး အမှန်တရားကတော့ နိဗ္ဗာန်ပဲ။ ဒါကြောင့် စစ်မှန်ခြင်းကို သဘောအကျဆုံးပဲ။
]
မုရှောင်မှာ
အရိပ်ပြဇာတ်အား ကြည့်နေရင်း မျက်လုံးများစိုစွတ်လာခဲ့သည်။ မျက်ရည်စက်များကျလာပြီး ရွှီယန်ယု
ထိုင်နေရာဘက်သို့ လှည့်လိုက်မိလေသည်။
စင်စစ်
သူ့အဖေစီစဉ်ပေးခဲ့သည်ဟု ထင်သော်လည်း ပွဲမှလူများအား မေးကြည့်သည့်အခါ မဟုတ်ဘူးသာ ပြောခဲ့ပြီး
နောက်ဆုံးမှာ ရွှီယန်ယုစီစဉ်ပေးမှန်း သိလိုက်ရလေသည်။
မုရှောင်မှာ
နှစ်အတော်ကြာတွင် ပထမဆုံးအကြိမ် စစ်မှန်တဲ့ အိမ်တစ်လုံးရှိသည်ဟု နက်နက်ရှိုင်းရှိုင်း
ခံစားလိုက်ရလေသည်။ သူ တကယ် ကျေးဇူးတင်စကား ပြောချင်နေခဲ့သည်။
မုရှောင်မှ
သူမအား ကြည့်မိလိုက်ပြီး စိတ်ထဲတွင်တိတ်တဆိတ် ပြောနေခဲ့သည်။
ခင်ဗျားရော
ဆောင်းဦးလယ်ပွဲတော်မှာ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။