သူဌေးကတော်ဖြစ်ရတာထက်
လွယ်တာရှိသေးရဲ့လား
အပိုင်း
၁၀
အနီရောင်ကတ္တီပါလျှောက်လမ်းကို မီးထောင်ပေါင်းများစွာ
ထိုးထားသည့်အတွက် သူမအား အသေးစိတ်ကျကျ ကင်မရာမှ မြင်ရလေ၏။
ကြည့်ရှုသူများမှ
ရွှီယန်ယု၏ ၀တ်စုံအား ပို၍ ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ ၀တ်စုံအား ဘယ်ချည်အမျိုးအစားနှင့်
ချုပ်ထားမှန်းမသိပေမယ့် တော်တော်လေး ဈေးကြီးလောက်မည်။ ၀တ်စုံက တော်တော်လေး ချောမွေ့ပြီး
အထူးသဖြင့် စကပ်မှ ပွင့်ချပ်များဖြစ်သည်။ နှင်းဆီပွင့်ချပ်တစ်ခုချင်းစီက ၀တ်စုံအား
ပို၍လှပစေသည်။ မိုးရွာပြီးနောက် ပွင့်လန်းလာတဲ့ အဖြူရောင်နှင်းဆီတစ်ပွင့်ကို မျက်မြင်တွေ့လိုက်ရသကဲ့သို့
ဖြစ်သည်။ ဆန္ဒကို ကောင်းမွန်စွာဖော်ပြနိုင်ပြီး
ပကတိဖြူစင်ခြင်းက
ဒီ၀တ်စုံမှာ ကိန်းအောင်းနေသည်။
အင်တာနက်သုံးသူတွေက
ရွှီယန်ယုအား တစ်ချက်ကြည့်လိုက်သည်နှင့် သူမ၀တ်စုံပေါ်က စိတ်ကူးယဉ်ဆန်မှုကို တွေ့လိုက်ရလေသည်။
ဆူးနှင်းဆီဒီဇိုင်း၀တ်စုံက တော်တော်လေးစိတ်ထဲစွဲကျန်စေ၏။ သူမ ရောက်လာတဲ့နောက် စက္ကန့်တိုင်း
မိနစ်တိုင်း တစ်ခြားသူများစိတ်ထဲ တဝဲလည်လည် ဖြစ်နေလေ၏။
လူတွေအားလုံး
အသိစိတ်၀င်လာတဲ့အခါ ဒါက အနုပညာတစ်ခုဆိုပြီး သက်ရှိထင်ရှားရှိနေတဲ့ ပန်းချီကားတစ်ချပ်လို
ဖြစ်သည်ဟု ခံစားလိုက်ရသည်။ လူတွေရဲ့ စိတ်ထဲမှာ နေရာယူထားတဲ့ တစ္ဆေလို ဖန်တီးမှုမျိုးဖြစ်သည်။
[
ဒီ၀တ်စုံက brandနာမည်နဲ့ လိုက်ဖက်ညီပါပေတယ်။
ငါ ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ လေးစားသွားပြီ။ ရွှီယန်ယုက အံ့ဖွယ်တွေကို ဖန်တီးတဲ့နတ်ဘုရားပဲ။
]
[
ဝိုး ဒီ၀တ်စုံက တော်တော်လှတာပဲ။ ငါ လိုချင်လိုက်တာ။ နတ်ဘုရားရဲ့ ဖန်တီးမှုကို ၀တ်ဆင်ရမယ်ဆိုရင်
တော်တော်ပျော်စရာကောင်းမှာပဲ။ ]
[
တကယ်လို့ ဒီ၀တ်စုံကို၀တ်ရင် ရွှီယန်ယုလို လှဖို့ဆိုတာ အဆတစ်သန်းမှ တစ်ခုလောက်ပဲ ဖြစ်နိုင်ချေရှိတာ။
တကယ်ကြီး ထိုက်တန်ပါပေတယ်။ ]
[
ငါ သိလိုက်ရတာက သူ့ရဲ့အသွင်အပြင်၊ လှပတဲ့၀တ်စုံ ပြီးတော့ တခြားကမ္ဘာကျော်တဲ့ ဒီဇိုင်းတွေ
အားလုံးက မိန်းကလေးတိုင်းရဲ့အိမ်မက်ဖြစ်လာမယ် ဆိုတာပဲ။ ငါ ဒဿနိကပညာကို မသိပေမယ့် ငါ့စိတ်ကတော့
ဒါအတွက် တော်တော်လေး စိတ်အားထက်သန်နေတယ်။ ဒါက ငါ့ရဲ့တကယ့် စိတ်ရင်းပဲ။ ]
ရွှီယန်ယုဟာ
မီဒီယာတွေရဲ့ကင်မရာရှေ့မှာ ယုံကြည်မှုရှိရှိ ရပ်နေခဲ့သည်။ ကင်မရာများအားလုံးဟာ သူမအလှတရားရဲ့ဆွဲခေါ်မှုနောက်
လိုက်ပါနေကြရသည်။ ဓာတ်ပုံတိုင်းက လှပနေပြီး လှုပ်ရှားမှုများတွင်တောင် အပြစ်ဆိုစရာမရှိပေ။
သတင်းထောက်တွေက
မသိလိုက်ခင်မှာပင် အရမ်းလှပတဲ့အနုပညာရှင်တစ်ယောက်ရဲ့ ပုံရိပ်ကို ရိုက်ယူလိုက်မိသည်။
ဒါက
ဓာတ်ပုံရိုက်ရမယ်ဆိုပြီး မတွေးမိခင်မှာပင် အလိုအလျောက် ရိုက်မိလိုက်ခြင်းမျိုးဖြစ်သည်။
ဒါက လူတိုင်းကြိုက်မယ့် အနုပညာဆန်ပြီး လှပတဲ့ပုံရိပ်ဖြစ်သည်။
ကင်မရာရှေ့မှ
ရွှီယန်ယုသည် အားလုံး၏ အာရုံကို ဖမ်းစားထားလေသည်။ တစ်ချို့သတင်းထောက်များသည် မြင်လိုက်သည်နှင့်
ကင်မရာပင်မရိုက်နိုင်တော့ဘဲ ငေးမိသွားကြသည်။
ချက်ချင်းပင်
ကင်မရာအား မလိုက်ကာ ဒီလှပတဲ့ပုံရိပ်လေးမလွတ်အောင် အမိအရ ရိုက်ကြတော့၏။
ရွှီယန်ယု၏
အလှက တည်ငြိမ်ပေမယ့်လို့ မြင်ရသူတွေမှာ မငြိမ်းချမ်းနိုင်တော့ပေ။ ပရိတ်သတ်များက မတည်ငြိမ်နိုင်ဘဲ
တော်တော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ ၀န်ထမ်းတစ်ချို့က ရွှီယန်ယုအား ဘောပင်ကမ်းပေးကြလေသည်။
သူမ၏
ဖြူသွယ်သောလက်နှင့် ကြောကြော့မော့မော့လက်မှတ်ထိုးလိုက်သည်က ပန်းချီဆွဲသည်နှင့်ပင် တူလှပါသည်။
ဒီလောက်ကြီး သိမ်မွေ့ပြီး လှူပ်ရှားမှုတိုင်းမှာ ပြီးပြည့်စုံနေသည့် လူမတွေ့ဖူးပေ။
သူမ၏ အရှိန်အဝါက ဒီရေအလား တိုးနေသည်ပင်။
အနုပညာရှင်တိုင်း၏
လက်မှတ်များက တစ်သမတ်တည်းဖြစ်ပေမယ့် ရွှီယန်ယုကတော့ ထူးခြားမှုရှိသည်။ စုတ်ချက်တစ်ခုစီတိုင်းက
ထင်ရှားပြီး စိတ်ထဲစွဲကျန်စေသည်။
လက်မှတ်ထိုးပြီးနောက်
၀န်ထမ်းများက ခေါ်သွားပြီး Gabriel ၏ "Infected pure love "ရေမွှေးကို မိတ်ဆက်လေသည်။
ရေမွှေးပုလင်းက အဖြူရောင်ဖြစ်ပြီး သလင်းကျောက်နှင့် ပြုလုပ်ထားလေသည်။ အလင်းများ ထိုးဖောက်၀င်နေသည့်အတွက်
ကျောက်မျက်ရတနာကဲ့သို့ တောက်ပနေပြီး ရေမွှေးပုလင်းအဖုံးများလည်း ထူးခြားလေသည်။ အဖုံးပုံစံမှာ
အဖြူရောင်နှင်းဆီဖြစ်ပြီး ပွင့်ချပ်တစ်ခုချင်းစီက အသက်၀င်လှသည်။
ရွှီယန်ယု
ရေမွှေးပုလင်အား ကိုင်ယူလိုက်သည့်အခါ ကြည့်ရှုသူတိုင်းက ရွှီယန်ယုကို ပထမဆုံးစတွေ့စဉ်က
မစ္စစတယ်လာ၏ ခံစားချက်ကို နားလည်သွားလေသည်။ မူလပညာရှင်က ဖြစ်နိုင်ချေကို သိသည်ပင်။
ဖြစ်နိုင်တာက
ဒါက " infection of pure love " နဲ့ အနီးစပ်ဆုံး အခိုက်အတန့်ပဲ။ သူက ကမ္ဘာပေါ်မှာ
ဒီရေမွှေးနဲ့ အသင့်လျာ်ဆုံး အနုပညာရှင်ပင်ဖြစ်သည်။ သူ့ထက် သင့်လျော်မယ့်သူ မရှိနိုင်ပေ။
ရွှီယန်ယုသည်
ရေမွှေးပုလင်းအားဖွင့်၍ သူ့လက်ကောက်၀န်ပေါ်ဖြန်းလိုက်လေသည်။ ဒီရှုထောင့်က သူမ၏ ဆူးနှင်းဆီဒီဇိုင်းအား
မြင်ရစေသည်။ ရေမွှေးက နှင်းဆီအနံ့သင်းသင်းရပြီး
လူတိုင်းအား လှပသိမ်မွေ့သော စိတ်ကူးယဉ်ဆန်မှုဆီကို ခေါ်ဆောင်သွားနိုင်သည်။
ရေမွှေးဖြန်းပြီးသည့်နောက်
နှင်းဆီရနံ့သင်းသင်းမှ အားကောင်းသည့် အချစ်အဖြစ် ပြောင်းလဲသွားသည်။ ထိုအချိန်က ဆွတ်ပျံ့ဖွယ်အချစ်အာရုံသို့
အဆုံးစွန်ထိရောက်ရှိသွားပြီး လူတိုင်းအား ထိုရနံ့၏ အကောင်းမွန်ဆုံးအခိုက်အတန့်ဆီသို့
ခေါ်ဆောင်သွားလေသည်။အဆုံး၌ သစ်သားရနံ့ဆွဲကျန်ခဲ့လေသည်။ အနံ့က မြက်နဲ့သစ်သားရနံ့ဘက်သွားပြီး
အနံ့က ပြယ်မသွားပေ။ ဒီလိုရနံ့မျိုးက ခါးသီးမှုကိုဖော်ဆောင်ပြီး အထီးကျန်လွန်းခြင်းကို
ပြီးပြည့်စုံအောင် ဖော်ဆောင်နိုင်လေသည်။
ရနံ့ဖြစ်စဉ်တစ်ခုလုံးက
အချစ်ဇာတ်လမ်းတစ်ခုကိုဖော်ကျူးပြထားပြီး အသုံးပြုသာ သေချာသိနိုင်သည့်ပုံစံမျိုးဖြစ်သည်။
ဒါပေမဲ့
ရွှီယန်ယုအသုံးပြုနေသည့်ပုံရိပ်က ကြည့်ရှုသူများစိတ်ခဲ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်သွားခဲ့သည်။
ဒီတဒင်္ဂက
ရုန်းထွက်နိုင်ဖို့ ကြည့်ရှုသူများတော်တော်လေး ကြိုးစားလိုက်ရသည်ပင်။
လူတော်တော်များများမှ
ချက်ချင်း ရေမွှေးအား ရှာကြည့်သည့်အခါ တရား၀င် website ၌ ရောင်းကုန်သွားပြီဖြစ်သည်။
ကြိုတင်မှာယူမှု
သန်းချီရှိပြီး ရောင်းကုန်သွားသည်က တော်တော်လေးမြန်ပေသည်။
[
ငါ၀ယ်တုန်းက screenshot ရိုက်ထားတယ်။ ရွှီယန်ယု ပွဲကိုရောက်လာပြီး မကြာသေးဘူး အရောင်းတွေချက်ချင်းတက်လာတာ။
သူ ဒီရေမွှေးလည်း စသုံးရော ရောင်းနှုန်းက ထိပ်ဆုံးရောက်နေပြီ။ မိနစ်တိုင်းကို ဗူးထောင်ချီကုန်နေတာ
ငါ့မှာ screenshot တွေအားလုံးရှိတယ်။ ဒါက သတင်းမှန်နော်။ ပစ္စည်းရောင်းတဲ့ အရည်အချင်းကတော့
တအားကောင်းပဲ။ ]
[
ရွှီယန်ယုလက်ထဲ ဒီရေမွှေးကိုင်ထားတုန်းက ငါ့စိတ်ထဲမှာ ၀ယ်ချင်စိတ်ဖြစ်သေးတယ်။ ဒါပေမဲ့
ဒီရေမွှေးက သူနဲ့အလိုက်ဖက်ဆုံးပဲ ]
[
မစ္စစတယ်လာက ကောင်းကင်ပုံကလူကို ရွေးချယ်နိုင်တာ တကယ်ကြီး အမြင်ရှိတာပဲ။ ရွှီယန်ယုကို
ဒီပွဲဖိတ်တာ အမျှော်မြင်ရှိတဲ့ လုပ်ရပ်ပဲ။ ]
[
ရွှီယန်ယုကိုသာ ဒီပစ္စည်းသစ်မိတ်ဆက်ပွဲကို မဖိတ်ခဲ့ရင် ဒါက သာမန်ပွဲတစ်ခုဖြစ်နေမှာပဲ။
ဒါက တော်တော်လေး ခမ်းနားကြီးကျယ်ပြီးတော့ ဒီလောက်ထိ စိတ်ထဲရောက်လိမ့်မယ်လို့ ထင်မထားဘူး။
ငါ ဒီရေမွှေးကို တွေ့လိုက်တဲ့အခါ နတ်ဘုရားက ဖန်ဆင်းထားတားလားလို့ ထင်သွားတာ။ လူတိုင်းလိုချင်လောက်တယ်။
]
[
ဒီပူးပေါင်းမှုက တကယ့်ကိုbrandရဲ့မှတ်တိုင်တစ်ခုဖြစ်မှာပဲ။ တခြား brand တွေပါ လေ့လာရမယ့်
ဖတ်စာအုပ်တစ်ခုပဲ။ ပစ္စည်းတစ်ခုကြေငြာတော့မယ်ဆိုရင် အောင်မြင်မှုကို ယူဆောင်ပေးနိုင်မယ့်
သူမျိုးကို ရွေးချယ်ရမယ် ဆိုတာမျိုးပေါ့။ ]
"ရိုးသားမှု၌
ကျရှုံးခြင်း" ဒုတိယဒီဇိုင်းက တွေ့နေကျ ဇိမ်ခံပစ္စည်းမျိုးမဟုတ်ပေ။ အထူးသဖြင့်
ဒီလိုအကောင်းစား ရေမွှေးတွေက ပိုဈေးကြီးပြီး ဒီလိုနောက်ပုံစံတစ်မျိုး ထွက်တာမျိုးက
ရှားလေသည်။ အခြေအနေက အံ့ဩဖို့တော့ကောင်းလေသည်။
ဒီပွဲက
တော်တော်လေးအောင်မြင်ခဲ့ပြီး ရေမွှေးအရောင်းတိုးမြင့်ခြင်းကလည်း ကြောက်မက်ဖွယ်ဖြစ်လေသည်။အကြောင်းမှာ
ရောင်းချမှုနှုန်းက အမြင့်ဆုံးဆန်ချိန်တင်သွား၍ ဖြစ်လေသည်။
ပွဲပြီးတဲ့နောက်
ရွှီယန်ယုရဲ့ "same style"က ထိပ်ဆုံးရှာဖွေမှုဖြစ်သွားလေသည်။ "same
style"ဆိုတဲ့စကားလုံးက တော်တော်လေး မိုက်လေသည်။
ဖြစ်ရပ်ကို
သုံးသပ်ကြည့်မယ်ဆိုရင် same style ဆိုပြီးဖြစ်ရတာက တူညီတဲ့ရေမွှေး တူညီတဲ့အ၀တ်အစားဒီဇိုင်းပုံစံ
နှစ်ခုလုံးက ထိပ်ဆုံးရှာဖွေမှုထဲ နံပါတ်တစ်ဖြစ်နေ၍ဖြစ်သည်။
တော်တော်လေး
ရေပန်းစားသွားပြီး အကောင့်တော်တော်များများက ရွှီယန်ယု၏ အနီရောင်လျှောက်လမ်းပေါ်မှ
ပုံရိပ်များအား အနှေးကွက်ဖြင့် အသေးစိတ်ကျကျ တင်ကြလေသည်။
သူမ၏
အ၀တ်အစား လက်၀တ်ရတနာနဲ့ ရေမွှေးအသုံးပြုပုံ ဗီဒီယိုများ တင်ထားရာ ကြည့်ရှုသူများ လျစ်လျူရှု၍
မရအောင်ပင်ဖြစ်နေတော့သည်။
မကြာခင်မှာပင်
ရွှီယန်ယုရဲ့same style က အင်တာနက်ပေါ်မှာ နာမည်ကြီးလာခဲ့သည်။ ထိုရေမွှေးကလည်း ရောင်းကုန်သွားပြီဖြစ်သည်။
ကုန်သွားတယ်ဆိုပေမယ့် တခြားအာရှနိုင်ငံတွေရဲ့အရောင်းဆိုင်များမှ မှာယူ၍ရသေးသည်။ မင်း
အဆက်သွယ် ကောင်းကောင်းသိရင် ပိုပြီးအကြံကောင်းရနိုင်လေသည်။
ဒီနှင်းဆီရနံ့ရေမွှေးဖြန်းမယ်ဆိုရင်
မင်းက နှင်းဆီပန်း၀တ်စုံအား ၀တ်ထားသလို ခံစားရလိမ့်မည်။ ရွီယန်ယုခန္ဓာကိုယ်ပေါ်က အလှတရားများက
အင်တာနက်ပေါ်မှာ နာမည်ကြီးဆဲဖြစ်သည်။
ရေမွှေးရောင်းကုန်ပြီး
မကြာမီမှာပင် god's prophecy မှ ဆူးနှင်းဆီ၀တ်စုံမှာလည်း အထည်သုံးသောင်းကျော်ရောင်းရလေသည်။
၀တ်စုံမှာ အင်္ကျီနဲ့ စကပ်အား သပ်သပ်စီ ခွဲ၀ယ်၍လည်းရသလို တစ်စုံလုံး၀ယ်လို့လည်းရလေသည်။
ပြောရမယ်ဆိုရင်
၀တ်စုံရဲ့စိန်စီထားတဲ့ပုခုံးသိုင်းကြိုးနှင့် ဆူးနှင်းဆီပုံရင်ထိုးကို အင်တာနက်ပေါ်တွင်
လူချမ်းသာမိန်းမများ အလုအယက်ပင် ၀ယ်နေကြ၏။
God's
prophercyရဲ့ တရား၀င်အကောင့်မှ ရောင်းအားထိပ်ဆုံးဖြစ်လာမည်ကို မျှော်လင့်၍ ရပါသည်။
ရွှီယန်ယုမှ
အဖြူရောင်နှင်းဆီပုံအား စာတစ်ကြောင်းနှင့်တကွ တင်ထားလေသည်။
"ဒါက
ငါ့ရဲ့ထွေးပွေ့ရာပဲ" ဟူ၍ဖြစ်ပြီး ရှားပါးသည့်အသုံးဖြစ်တာကြောင့် ရှာဖွေမှုပင်
ဖြစ်လာတော့သည်။
[ရွှီယန်ယုလို
လူရှိလာမှာမဟုတ်ဘူး။ သူနဲ့ယှဉ်နိုင်မယ့်သူ ရှိမယ်မထင်ဘူး ]
[
အစက အင်တာနက်ကွန်ရက်တစ်ခုလုံးက ရွှီယန်ယုကိုလှောင်ခဲ့ကြပေမယ့်လို့ အခုတော့ god's
prophercyက အင်တာနက်တစ်ခွင်မှာ ရေပန်းစားလာခဲ့ပြီ။ ရွှီယန်ယုက ချက်ကျလက်ကျပြောတာ။ အောင်မြင်ရုံတင်မဟုတ်ဘူး
အလုပ်ပါ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာကိုပေါ့။ သူက အချိန်တိုလေးအတွင်း ဒီနယ်ပယ်မှာ
အောင်မြင်လာတယ်။ တစ်ခြားbrand တွေ နှစ်အတော်ကြာတောင် ဒီလောက်မအောင်မြင်ကြတာမဟုတ်ဘူး။
ဒီလိုအောင်မြင်ဖို့က စီးပွားရေးသမားတိုင်း ဖြစ်နိုင်တာမျိုးမှ မဟုတ်တာ။ ဒါက ရွှီယန်ယု
လုပ်နိုင်ကြောင်း ပြသွားတာ။ ကျန်းချင်ယွင် မင်း ခံစားမနေနဲ့ဦး။ ]