Chapter 66
Viewers 4k

📽️Chapter 66



ဖုန်းကို ကိုင်ထားချိန်တွင် ရန်ရှူ မုန့်ရှင်းယာထံမှ စာကိုမြင်လိုက်ရသည် : [အစ်ကိုရန် တကယ်လို့ ကျွန်မသာ ကိုယ်ဝန်မပျက်ကျဘူးဆိုရင် မွေးတဲ့အခါ ကလေးကို ရှင့်ရဲ့မျိုးရိုးနာမည် ပေးမယ်နော်...]


ရန်ရှူအတွက် စာသားမက်ဆေ့ချ်ပို့သည်မှာ ရှားလေသည်။ ယခုထိပင် ကျင့်သားမရသေးပေ။ သို့သော်ငြား သူ ရယ်ပြီး ဆူပူလိုက်သည်။

[လာစမ်းပါ...မင်းရဲ့သွေးကြောတွေထဲမှာ အဲ့လိုကြင်နာမှုမျိုးနဲ့ လက်တုံ့ပြန်မှုမျိုး မရှိပါဘူး...]


(T/N - ကိုယ့်စိတ်ထင်တော့ ရန်ရှူက သူနဲ့တော်တော်လေးရင်းနှီးတဲ့သူတွေ ဥပမာ - သူ့ဘဲဘဲစန့်ရှန်းရယ် အစ်ကိုယွီတို့ရယ်နဲ့ပဲ စာပို့တာထင်ပါတယ်၊ အရင်က လျို့ရွှမ်းစာပို့တာတွေကိုလည်း လျစ်လျူရှု့ထားဖူးတယ်လို့ ပြောထားလို့ပါ )


မုန့်ရှင်းယာ : [ဒီတစ်ခါ ကျွန်မ တကယ်ကြီး လှိုင်းကြမ်းတွေထဲ ရုန်းကန်လှုပ်ရှားခဲ့ပြီး သေခြင်းနှင့်ရှင်ခြင်းတွေကိုလည်း ဖြတ်ကျော်ပြီးသွားပြီ...အခုကစပြီး ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို ကျွန်မလောဘမကြီးတော့ဘူး...ငြိမ်းချမ်းမှုနဲ့ ရင့်ကျက်မှုကိုပဲ ပိုတန်ဖိုးထားတော့မယ်...]


ရန်ရှု : [ကိုယ်ဝန်ပျက်သွားတာလား...ခန္ဓာကိုယ်ရော သက်သာလာပြီလား...]


မုန်ု့ရှင်းယာ : [ ပွင့်ပွင့်လင်းလင်းပြောရရင် ခုထိမကောင်းသေးဘူး...ခွဲစိတ်ထားတာက သိပ်မကြာသေးဘူး... ကလေးအသက်က လပိုင်းလေးပဲရှိသေးတယ်ဆိုရင်တောင် စိတ်ဒဏ်ရာရနေတုန်းပဲ...ခွဲစိတ်ပြီး ရက်တော်တော်တော်ကြာတဲ့ထိ ကျွန်မငိုနေခဲ့တာ...အချိန်တစ်ခဏကြာအောင် အနားယူဖို့လိုအပ်မှာကို ကျွန်မကြောက်တယ်...ဒီတစ်ကြိမ် အခြေအနေကိုပြောင်းလဲလိုက်ပြီး နာမည်ကို ရှင်းလင်းနိုင်ရင်တောင်မှ ကျွန်မရဲ့ဂုဏ်နဲ့တန်ဖိုးက တော်တော်ကြီးကြီးမားမားကို ထိခိုက်လျော့ကျသွားပြီလေ...ကျွန်မ အချစ်နွံထဲ နစ်မြှုပ်နေခဲ့တာလို့ တစ်ယောက်ယောက်ပြောတာကို ကျွန်မမြင်ခဲ့တယ် ပြီးတော့ အဲ့အကြောင်းကို တွေးခဲ့တယ်...]


ရန်ရှူ : [လက်ရှိ လူထုအမြင်တွေကို သေသေချာ မဖတ်ကြည့်ရသေးဘူး...]


မုန့်ရှင်းယာ : [ ကိစ္စမရှိတော့ပါဘူး...အစပိုင်းတုန်းကထက်စာရင် တော်တော်လေး ညင်သာသွားကြပါပြီ...ကျွန်မက တကယ်ကို ရိုးစင်းနုံအခဲ့တယ်ဆိုတာကို ရုတ်ရက်ကြီး နားလည်သွားပြီ...ကျွန်မထင်ခဲ့တာက ရုပ်ချောတဲ့ကောင်လေးတစ်ယောက်ထက် ကျွန်မကို ကောင်းကောင်းဆက်ဆံပြီး အရည်အချင်းရှိတဲ့ စိတ်လုံခြုံမှုပေးနိုင်တဲ့ယောကျ်ားတစ်ယောက်ကိုပဲ ရှာမယ်ပေါ့ အဆုံးကျတော့ရော ဒီလိုယောကျ်ားမျိုးတွေကလည်း မကောင်းတဲ့အကောင်ပဲ...သူက ချောမောနေရင်တောင် ကျွန်မအခု မလိုချင်တော့ဘူး...]


ရန်ရှူ : [တစ်ခါတစ်လေ ငါမင်းအတွက် စိတ်မကောင်းဘူး...မင်းက သိသိသာသာကို အချစ်ကိုယုံကြည်ချင်ပေမဲ့ မှားယွင်းတဲ့လူကိုမှတွေ့ပြီး မင်းရဲ့နှလုံးသားကို နင်းချခွင့်ပြုလိုက်မိခဲ့တာ...ငါလည်း စိတ်ပျက်စရာတွေ ကြုံဖူးတာပဲ ဒါပေမဲ့ အခုထိ ဆန်းစစ် အပြစ်ရှာနေတုန်းပဲ...]


မုန့်ရှင်းယာ : [ အစ်ကိုရန်ပြောတာ တကယ်ကျိုးကြောင်းညီညွတ်တယ်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မဒီစာကိုတွေ့ပြီး ပြောနေတဲ့သူက ရှင်လို့တွေးလိုက်တော့ ကျွန်မ စိတ်မကောင်းဖြစ်လာပြီ...ကျွန်မတို့နှစ်ယောက်လုံးက ဒီလို စိတ်ခံစားချက်ကြီးကြီးမားမား သယ်ပိုးထားရတဲ့ ခေါင်းစဥ်အကြီးကြီးပြောဖို့ မလိုက်ဖက်ဘူး...]


ရန်ရှု : [ကျိန်းသေပဲ...ငါလည်း နည်းနည်းရှက်တယ်...ဒါနဲ့ ကောင်းဟိုင်ယန်နဲ့ လန်ယင် မင်းကို ဆက်သွယ်သေးလား...သူတို့ ငါ့ကို ဆက်သွယ်ဖို့ ကြိုးစားနေလို့...]


မုန့်ရှင်းယာ : [အစ်ကိုရန် အဲ့အကြောင်းကို စဥ်းတောင်မစဥ်းစားလိုက်နဲ့...ကောင်းဟိုင်ယန်မှာ ကျွန်မကိုကြည့်ဖို့ မျက်နှာ ဘာလို့ရှိမှာလဲ...လန်ယင်ကတော့ ကျွန်မကိုတကယ်ကြီး ပုဂ္ဂိုလ်ရေးအရ လာတွေ့ခဲ့ပြီး စကားတွေအများကြီးပြောခဲ့တယ်...ပြီးတော့ သူ့သဘောထားကလည်း အရမ်းစစ်မှန်ပြီး စိတ်ရင်းနဲ့ပဲ...ကျွန်မတို့နှစ်ယောက်လုံး ငိုပြီး အချင်းချင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတာ...သူပြောတာ‌တော့ ကောင်းဟိုင်ယန်က သူ့ရှေ့ဒူးထောက်ပြီးတော့ ခါးခါးသီးသီးကို ငိုယိုပြီး သူ့ကိုယ်သူ ပါးတွေရိုက်ပြီး ယုံကြည်မှုအပြည့်နဲ့ သန္နိဋ္ဌာန်ချပြခဲ့တာတဲ့...ဒါပေမဲ့ အဲ့တော့ရော သူက လန်ယင်ကိုလိမ့်ခဲ့သေးတာပဲလေ...အဲ့ကြောင့်ပဲ လန်ယင်က အရက်နဲ့တမင်သက်သက် ဆွဲဆောင်မြူဆွယ်တဲ့သူက ကျွန်မလို့ယုံသွားပြီးတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတောင် ဘယ်လိုဖျက်ဆီးရမယ်ဆိုတာ ကျွန်မကသိတယ်လို့ လန်ယင်ကထင်သွားခဲ့တာ...အဲ့ကြောင့် အစတုန်းက လန်ယင်က ကျွန်မကို ပြင်းပြင်းထန်ထန် ဆဲဆိုခဲ့တာ အနုပညာလောကကနေ ကျွန်မနှုတ်ထွက်သွားပါစေဆိုပြီး ဘယ်တော့မှ ပြန်မလာပါစေနဲ့ဆိုပြီး ဆုတောင်းခဲ့တာတဲ့...]


ရန်ရှူ : [အခု သူတို့ တကယ်ကြီး ပြတ်သွားကြပြီလား..]


မုန့်ရှင်းယာ : [သူတို့ အမှန်ကို ရှာတွေ့ကတည်းက ကွဲသွားကြပြီ...ကောင်းဟိုင်ယန်က ဒါကိုဘာလို့လုပ်ခဲ့တာလဲဆိုတော့ သူ့ဂုဏ်သိက္ခာနည်းနည်းလောက်ကို ထိန်းသိမ်းချင်လို့လေ...သူက ဖောက်ပြန်ဖို့ မရည်ရွယ်ခဲ့ပါဘူး ကျွန်မကသာ တမင်သက်သက် ဖြားယောင်းခဲ့တာ...သူကအပြစ်ကင်းပါတယ်လို့ ပြောခဲ့တာ...ကံမကောင်းစွာနဲ့ပဲ သူလုပ်တာတွေက ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ခဲ့ဘူးလေ...]


ရန်ရှူ : [ဒီအမှိုက်ကောင်က တကယ်စက်ဆုပ်စရာကြီးပဲ...]


မုန့်ရှင်းယာ : [ အတိုချုပ်ပြောရရင် ကျွန်မရဲ့ကျရှုံးမှုအတွေ့အကြုံတွေကို ထည့်ပေါင်းပြီး အနာဂတ်ကျရင်သေချောပေါက် တုံးအတော့မှာ မဟုတ်ဘူး...ကျွန်မရဲ့နှလုံးသားကိုပိတ်ပြီး ကိုယ့်ကိုယ်ကိုပဲ အားကိုးတော့မယ်...ကျွန်မက အမြဲတမ်းsingle တစ်ယောက်ပဲ ဖြစ်သွားလိမ့်မယ်...]


ရန်ရှူ : [ကောင်းပါပြီ...]


မုန့်ရှင်းယာ : [ဒါပေါ့...ကျေးဇူးတင်ပါတယ်...]


ရန်ရှူ ယခင်က မည်သည့်အရာများ ဖြစ်ခဲ့သည်ကို လျင်မြန်စွာ တွေးလိုက်သည်။

[ကျေးဇူးတင်စကား ပြောစရာမလိုပါဘူး...ငါအခုဒီမှာ ပြဿနာတစ်ခုရှိလို့ မင်းအကူအညီလိုတယ်...]


မုန့်ရှင်းယာ : [အစ်ကိုရန် အဲ့လိုပြောချိန်မှပဲ ကျွန်မစိတ်သက်သာရာ ရတော့တယ်...ကျွန်မ ကူညီနိုင်တာ ဖြစ်နေသ၍ ကျွန်မကျိန်းသေ ကူညီပါ့မယ် အဲ့တာမှ ပိုပြီး စိတ်သက်သာရာရမှာမလို့ပါ...]


ရန်ရှူ : [ဒီတစ်ခေါက်ကိစ္စကို ကူညီဖို့ ငါ့သူဌေးကို အကူအညီတောင်းခဲ့တာလေ..ကျေးဇူးတင်ကြောင်းပြရမယ်မလား...ဘယ်လိုလက်ဆောင်မျိုးက သင့်တော်တယ်လို့ ထင်လဲ..]


မုန့်ရှင်းယာ : [ဟုတ်ပြီ ကျွန်မနားလည်ပြီ...ကျွန်မအဲဒါကို စီစဥ်ထားလိုက်မယ်...]


ရန်ရှူ : [မင်းဘယ်လိုနားလည်သွားတာလဲ...]


မုန့်ရှင်းယာ : [အစ်ကိုတို့နှစ်ယောက်က ကားထဲမှာ တူတူရှိနေကြပြီးတော့ ရှောင်ချီကလည်း ကင်းထောက်တစ်ယောက်လို စောင့်ကြပ်နေသေးတယ်လေ...ကျွန်မလည်း အစ်ကို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့သေးတယ်...ပြီးတော့ တကယ်ကြီး နားလည်သွားတယ်...]


ရန်ရှူ : [...]


မုန့်ရှင်းယာ : [စိတ်မပူပါနဲ့ ကျွန်မ ရွေးပြီးပြီ...အဲဒါကို သုံးလအတွင်း ပို့လိုက်မယ်နော်...]


မုန့်ရှင်းယာက အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ဖွက်ထားပြီး ၎င်းက ဘာလဲဆိုသည်ကို ရန်ရှူ့အား မပြောပြပေ။


ရန်ရှူ နည်းနည်းလေး မရိုးမဖြောင့် မတွေးဘဲမနေနိုင်တော့ပေ။ သူ အမှန်တကယ်ပင် ၎င်းအား မျှော်လင့်နေမိတော့သည်။


***


ဤတစ်ခေါက် ဝရုန်းသုန်းကားအခြေအနေက တဖြည်းဖြည်းပင် လျော့ကျသွားခဲ့သည်။


မုန့်ရှင်းယာ၏ကုမ္ပဏီမှ အနုပညာရှင်နှစ်ယောက်လက်ထပ်လိုက်သည့်သတင်းက ထွက်ပေါ်လာခဲ့သည်။ နှစ်ဦးလုံးမှာ လူသိများသည့် အနုပညာရှင်များဖြစ်သည့်အတွက် သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ ဤကိစ္စအား ထပ်မံပြီး အာရုံမစိုက်ကြတော့ချေ။


ရန်ရှူက ဤကိစ္စကို အလွန်အကျူး အမြတ်မထုတ်ခဲ့ပေ။ ဖြတ်သွားဖြတ်လာများထံမှ ကျော်ကြားမှုအချို့ရပြီးနောက် အမျှော်အမြင်ရှိစွာပင် ရပ်တန့်လိုက်သည်။


ရန်ရှူက ထိန်းထိန်းသိမ်းသိမ်းနှင့် ခပ်လျှိုလျှိုနေထိုင်ခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုလည်း မလုပ်သလို Weiboတွင်လည်း ပို့စ်မတင်ပေ။


ကောင်းဟိုင်ယန်အတွက်မူ သူ၏ဆိုးရွားလှသည့်အပြုအမူများကြောင့် ရိုးရှင်းစွာပင် သူ့အကောင့်ကပိတ်ခံလိုက်ရပြီး ပြန်ဖွင့်လာမည့် အရိပ်အယောင်လည်း ရှိပုံမပေါ်ပေ။ ယခုလတ်တလောတွင် သူ့ကြောင့်ဖြစ်ရသော ဆုံးရှုံးမှုများအတွက် လျော်ကြေားပေးနေရသည်ဟူသော သတင်းထွက်ပေါ်လာခဲ့သည်။ ပြောရလျှင် ယခင်ကြော်ငြာမှုထောက်ခံချက်များကို တူညီသည့် သဘောတူညီချက်များရှိသည့် ယခင်ကြောငြာထောက်ခံမှုများကို သူက လက်မှတ်ရေးထိုးထားခဲ့သည်။


လန်ယင်ကိုလည်း တစ်စုံတစ်ယောက်က ကာကွယ်ပေးထားခဲ့ပြီး နောက်ပိုင်းတွင် သူမက မည်သည်မှ မပြောတော့ပေ။ သူမကိုင်တွယ်ဖြေရှင်းပုံမှာ အမှန်တကယ်ပင် သင့်တင့်လျောက်ပတ်လှပြီး တဖြည်းဖြည်းနှင့် လူထု၏မျက်လုံးများအောက်မှ ပျောက်ကွယ်သွားခဲ့သည်။


စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ ပြည်သူအများစုက မုန့်ရှင်းယာ၏စာချုပ်ကို ဖျက်သိမ်းခဲ့သော ထောက်ခံချက်ပေးသည့် တစ်ဖက်ကုမ္ပဏီကို တိုက်ခိုက်ခဲ့ကြလေသည်။


ဤသည်က အတိတ်တွင် ဖြစ်လေ့ရှိသည့်ကိစ္စပင်။ အနုပညာရှင်တစ်ယောက်က မကောင်းသည့်သတင်းထွက်လာသည့်အချိန်တွင် ထောက်ခံချက်ပေးသည့်ဘက်က လူသိရှင်ကြား စာချုပ်ကို ပြန်ဖျက်သိမ်းခဲ့ပြီး ချီးကျူးမှုအမြောက်အများ ရရှိခဲ့ပေသည်။ ထို့နောက် လူသိများအောင် လှိုင်းလုံးကြီးတစ်ခုဖန်တီးကာ ၎င်းမှတစ်ဆင့် ကျော်ကြားမှုလည်း ရရှိနိုင်ပေသည်။


သို့သော်ငြား ဤတစ်ကြိမ်တွင် အခြေအနေများက ပြောင်းပြန်ဖြစ်သွားခဲ့ပြီး စာချုပ်ဖျက်သိမ်းမှုကို ပထမဆုံး ထုတ်ပြန်ကြောငြာသည့် သူများအားလုံးက တိုက်ခိုက်ခံခဲ့ရလေသည်။


ပြည်သူများ၏အတွေးများမှာ မုန့်ရှင်းယာ၏ကိစ္စအဖြစ်မှန်မပေါ်မီတွင် ထိုလူများက ဒုက္ခရောက်ခဲ့ကြပြီး ကိစ္စ၏အဖြစ်မှန်အား နားလည်သဘောပေါက်ရန်လုံးဝမကြိုးစားခဲ့ကြပေ။ သူတို့လုပ်ခဲ့သည့်အရာများမှာ အမှန်တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းလှပေသည်။


မင်းက မင်းတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်နဲ့ ဒီအနုပညာရှင်ကို ရွေးလိုက်တယ် ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ကျင့်စရိုက်ကိုကျ မယုံဘူး...အဲ့ဒါဘာလို့လဲဆိုတော့ လွယ်လွယ်ကူကူ စာချုပ်ကို ဖျက်သိမ်းလို့ရတဲ့ထောက်ခံချက်ကြော်ငြာကို အစကတည်းက ပေါ့ပေါ့ဆဆ ရွေးလိုက်တာကိုက မင်းတို့ရဲ့အမှားလို့ပြောချင်တာလား...


သို့သော်ငြား စာချုပ်ကို မဖျက်သိမ်းခဲ့ကြသည့် များစွာသော ဘရန်းများက ဖဖြတ်သွားဖြတ်လာများထံမှ ချက်ချင်းပင် လူကြိုက်များကျော်ကြားမှု ရလာခဲ့ကြလေသည်။


အရာများစွာက တဖြည်းဖြည်းနှင့် တိမ်မြောပျောက်ကွယ်သွားပြီး အနည်းဆုံး ရန်ရှူ၏ဒရာမာက နောက်ပိုင်းတည်းဖြတ်မှုကို ဆက်လက်လုပ်နိုင်ခဲ့ပြီး ထုတ်လွှင့်မည်ကိုသာ စောင့်ဆိုင်းနေပေသည်။


ဤပရမ်းပတာအခြေအနေများကြောင့်ပင် မုန့်ရှင်းယာအတွက် ရန်ရှူတစ်ဦးတည်းကသာ ပြောပေးခဲ့သည့်အတွက် ဤဒရာမာက ပို၍ပင် နာမည်ကြီးလာခဲ့သည်။ လူအများကြီးက ဒရာမာထဲက ဇာတ်လိုက်မင်းသားနှင့် မင်းသမီးကြားက ရင်ထဲထိဖွယ် ညီအစ်ကိုဆက်ဆံရေးကို မျှော်လင့်စောင့်စားနေကြသည်။


ရန်ရှူက ဒရာမာအသစ်၏ရိုက်ကူးရေးအဖွဲ့တွင် အလွန်ပင်ဇိမ်ကျနေလေသည်။ ရိုက်ကူးနေသည့်အတောအတွင်း စန့်ရှန်းနှင့် ခွဲခွာရသည်ကလွဲ၍ သူ၏ဘဝက အလွန်ပင် သက်တောင့်သက်သာရှိလှပေသည်။


ဒရာမာအသစ်က နေရာပြောင်းလဲရိုက်ကူးရမှုမျိုး မရှိဘဲ တစ်နေရာတည်းတွင်သာ ရိုက်ကူးရသည့် ဒရာမာ အမျိုးအစားဖြစ်သည်။ ပထမ seasonအတွင်း စုစုပေါင်း အပိုင်း 15 ပိုင်းသာ ရိုက်ကူးခဲ့ပြီး တစ်လခွဲကြာအတွင်း ရိုက်ကူးပြီးစီးခဲ့သည်။


သူ ပြန်ရောက်သည့်အချိန်တွင် မုန့်ရှင်းယာ သူ့အတွက် စီစဥ်ထားသည့်လက်ဆောင်က ရောက်လာခဲ့သည်။ ပြောထားသည့်အချိန်ထက်ပင် ပိုစော၍ရောက်နေသေးသည်။


ရန်ရှူ ရှောင်ချီအား သွားယူရန်ပြောလိုက်သည်။


ထိုအချိန်အတွင်း သူက စန့်ရှန်းနှင့် လေပေါနေလိုက်သည်။

"ကောင်းဟိုင်ယန် လုံးဝမရပ်တည်နိုင်တော့ဘူး မလား ဟုတ်လား..."


"ကိုယ်တစ်ခုကြားခဲ့တယ်..."

စန့်ရှန်း၏အသံက အနည်းငယ် လေးတွဲပျင်းရိနေခဲ့သည်။


"ကိုယ့်သူငယ်ချင်းကုမ္ပဏီရဲ့ စီးပွားရေးကြော်ငြာတစ်ခုအတွက် သီချင်းကို ကောင်းဟိုင်ယန်က ရေးပေးခဲ့တာ...အဲ့တော့ သူလည်းငြိစွန်းသွားတယ်...သူ ကောင်းဟိုင်ယန်ဆီကနေ လျော်ကြေးတောင်းဖို့ ကြိုးစားနေတယ်...ကောင်းဟိုင်ယန်ရဲ့အဖွဲ့က ပျက်စီးကာစလေ အဆက်သွယ် လုံးဝမရှိတော့ဘူး...အဓိကကတော့ ကောင်းဟိုင်ယန်ကိုယ်တိုင်က နိုင်ငံခြားမှာ ခဏလောက် သွားပုန်းနေဖို့ စီစဥ်ထားတာပဲ...ဒါပေမဲ့ သူ့ visa က ငြင်းခံလိုက်ရတယ်...အခုလက်ရှိ သူ ဗီလာသေးသေးလေးထဲမှာပဲပုန်းနေပြီး အဲ့လိုမျိုး ဘယ်လောက်ကြာအောင် လုံလုံခြုံခြ နေနိုင်မလဲဆိုတာကို သူ မသိရှာဘူး... သိပ်မကြာခင်ရက်အတွင်းမှာပဲ ဗီလာက အပေါင်အနေနဲ့ ပိတ်ခံရတော့မှာ..."


ရန်ရှူအေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"သူ့ သူငယ်ချင်းတွေကလည်း အခုဆိုရင် သူ့ကို ပုလိပ်ရောဂါတစ်ခုလို ရှောင်နေကြပြီ...သူ့ဆီက အမိခံရတဲ့ဘယ်သူမဆို ကံမကောင်းတာပဲ...သူသာ ဖောက်ပြန်တာကို တိုက်ရိုက်ဝန်ခံလိုက်ရင် ဒီလောက်ထိ ဖြစ်မလာလောက်ဘူး...သူက သူ့ကိုယ်သူကာကွယ်ဖို့ လုပ်ရင်းနဲ့ သူ့ဘဝသူ ဖျက်ဆီးလိုက်တာပဲ...တခြားလူတစ်ယောက်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးဖူးတဲ့လူတစ်ယောက်နဲ့ ဘယ်သူက သူငယ်ချင်းလုပ်ရဲပါ့မလဲ...ဘယ်သူ့မှ သူ့ကို ကူညီပေးမှာမဟုတ်ဘူး...သူ့လက်ကျန်ဘဝတစ်ခုလုံးကို အပြစ်ကြွေးဆပ်ရင်းပဲ ကုန်ဆုံးသွားသင့်တာ..."


"မှန်တယ်..."

စန့်ရှန်းက တိုးတိုးလေး ရယ်မောလိုက်သည်။

"သူတို့က ရန်ရှူ့လို ပေါင်ပေ့နဲ့ပဲ သူငယ်ချင်းဖြစ်သင့်တာပါကွာ..."


"ဟမ့်..."

ရန်ရှူ နူးညံ့စွာ နှာရှုံ့လိုက်သော်လည်း သူ့ရင်ဘတ်ကို ကော့ထားလိုက်လေသည်။


ရန်ရှူက ရှောင်ချီအိမ်ထဲသို့ယူလာခဲ့သော ဘူးများကို ကြည့်လိုက်သည်။ မီးသီးလေး(တတိယဘီး) မဖြစ်ချင်သောကြောင့်ထင်သည် ရှောင်ချီက ဘူးများထားခဲ့ပြီးနောက် အိမ်ထဲမှ မြန်မြန်ပင် ထွက်သွားခဲ့သည်။


မုန့်ရှင်းယာ ပြောသည့်တစ်ခုကို ရန်ရှူရှာတွေ့သွားပြီး ဖွင့်ကြည့်လိုက်ရာ လက်ဝတ်ရတနာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ကောက်ယူကြည့်လိုက်ပြီးနောက် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။


"ဒါက...လည်ဆွဲများလား..."

ရန်ရှူ စန့်ရှန်းကို ပြလိုက်ပြီး သူ့ခေါင်းထိပ်၌ တင်ကြည့်လိုက်ရာ အနည်းငယ် မသင့်တော်ပုံပင်။

"ဒါမှမဟုတ်...ခေါင်းစွပ်များလား...ဘာလို့ သူ့အရွယ်အစားက ထူးဆန်းနေတာလဲ..."


စန့်ရှန်းကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများမှေးလိုက်ကာ တစ်ခုခုပြောမည့်အချိန်တွင် ရန်ရှူက လည်ဆွဲကိုကိုင်ပြီး ဖုန်းကိုကောက်ကိုင်ကာ မုန့်ရှင်းယာထံ မက်ဆေ့ချ်ပို့ရန် ကြိုးစားနေသည်ကို မြင်လိုက်သည်။


စန့်ရှန်းက အလျင်မလိုပေ။ ရေခွက်ကိုကောက််ကိုင်ပြီး ရေတစ်ခွက်ထည့်ကာ တစ်ငုံသောက်လိုက်သည်။


ရန်ရှူ မုန့်ရှင်းယာထံ မက်ဆေ့ချ်ပို့လိုက်သည် :

[မင်းပို့လိုက်တဲ့ပစ္စည်း ရောက်လာပြီ...အဲ့ဒါ ဘယ်မှာ ဝတ်ရတာလဲ ကြည့်ရတာ ထူးဆန်းနေတယ်...]


မုန့်ရှင်းယာ : [အဲ့အတွင်းခံဘောင်းဘီတိုတွေက ကြည့်လို့ မကောင်းဘူးလား...]


ရန်ရှု : [ဒါက အတွင်းခံလား...လည်ဆွဲမဟုတ်ဘူးလား...]


မုန့်ရှင်းယာ : [ဟီးဟီးဟီး...ဒါကိုသာဝတ်ပြီးသွာရင် အစ်ကိုကြည့်ဖို့လိုအပ်တာအကုန် ကြည့်နိုင်သွားပြီ...အဲဒါက အစ်ကိုတို့ရဲ့'လေ့ကျင့်ခန်း'ကိုလည်း နှောင့်နှေးစေမှာ မဟုတ်ဘူး...အစ်ကိုလှုပ်ရှားနေသရွေ့ အဲ့ပေါ်ကကျောက်မျက်ရတနာလေးတွေက တိုက်မိပြီးတချွင်ချွင် မြည်နေမှာ...စိတ်ဝင်စားဖို့ကောင်းတယ်လို့ အစ်ကို မထင်ဘူးလား...]


ရန်ရှူ : [မင်းနဲ့ လုယန်ရှင်းက သူငယ်ချင်းဖြစ်ဖို့ သင့်လျော်တယ်လို့ ငါ ရုတ်တရက်ကြီး ခံစားလိုက်ရတယ်...]


မုန့်ရှင်းယာ : [ကျွန်မ လုယန်ရှင်းကို အရမ်းကြိုက်တယ်...သူမက အလှဘုရင်မလေ..]


ရန်ရှူ : [နောက်တတစ်ခေါက်ကျရင် မင်းတို့နှစ်ယောက်ကို မိတ်ဆတက်ပေးပါ့မယ်...]


မုန့်ရှင်းယာ : [ကောင်းပါပြီ...ထပ်ပြီး ကျေးဇူးတင်ပါတယ် အစ်ကိုရန်ရေ...]


ရန်ရှူ : [ဘာကြီးလဲ...အရမ်းလွန်တာပဲ...အဲ့ဒါကို ဝတ်နေကျအတိုင်း မဝတ်နိုင်ဘူးလေ...]


မုန့်ရှင်းယာ : [ အစ်ကိုရန်...အဲ့ဒါက ယွမ် 768,000တောင် ပေးရတာနော်...]


ရန်ရှူ : [ရုတ်တရက်ကြီး အဲ့အတွင်းခံက ပိုကြည့်ကောင်းသွားသလိုပဲ...အဲဒါဆို တော် မတော် သိရအောင် စမ်းဝတ်ကြည့်လိုက်ဦးမယ်...]


ရန်ရှူ အလျှင်အမြန်ပင် သူ့ခေါင်းပေါ်မှ လည်ဆွဲကို ဖယ်ပစ်လိုက်ပြီး အဝတ်လဲခန်းထဲသို့ ခိုးကြောင်ခိုးဝှက်ဝင်သွားကာ အချိန်အတော်ကြာအောင် လေ့လာနေလိုက်သည်။


ဘယ်လိုတောင် ပျံတံတံနန့်တန့်တန့်နဲ့ မြူဆွယ်လိုက်တဲ့အတွင်းခံလဲ...


ရန်ရှူ ဝတ်ကြည့်လိုက်သည်။ ၎င်းက သူနှင့်အံကိုက်ပင်ဖြစ်နေပြီး အမှန်တကယ်ပင် သူတို့ 'လေ့ကျင့်ခန်း' ကို မနှောင့်နှေးစေပေ။


သူငုံ့ကြည့်လိုက်ရာ သူ့ပေါင်ကိုချိတ်ထားနိုင်သည့် ချိန်းကြိုးနှစ်ခုပါသည်ကို တွေ့လိုက်ရသည်။


ဝတ်ပြီးနောက် မှန်ရှေ့ရပ်ပြီး တင်ပါးကိုလှုပ်ကြည့်လိုက်ရာ ကျောက်မျက်ရတနာများ တစ်ခုနှင့်တစ်ခုတိုက်မိပြီး တချွင်ချွင်မြည်သံလေးများ ထွက်ပေါ်လာလေသည်။


"အင်း မဆိုးပါဘူး..."

ရုတ်တရက် စန့်ရှန်းက အခန်းထဲပေါ်လာပြီး တံခါးဝအားမှီရပ်ကာ ရန်ရှူအား ကြည့်နေ၏။


ရန်ရှူ နှလုံးတစ်ချက် ဆောင့်ခုန်သွားပြီး ဘောင်းဘီဝတ်ရန် ပတ်ပတ်လည်ရှာသော်ငြား ကံမကောင်းစွာပင် မအောင်မြင်ခဲ့ချေ။ စန့်ရှန်းက သူ့နံဘေး လျှောက်လာပြီး ဖြစ်သည်။


ရန်ရှူ၏အဝတ်လဲခန်းတွင်းတွင် မျက်နှာကျက်မှ ကြမ်းပြင်ထိရှည်သည့် ပြတင်းပေါက်ရှိပြီး ပါးလွှာသည့် အဖြူရောင်လိုက်ကာအား ပြတင်းပေါက်၌ ချိတ်ထားသည်။ ရန်ရှူ လိုက်ကာအား ဆွဲလိုက်ချိန်တွင် လိုက်ကာလေးက အလန့်တကြားဖြင့် အနည်းငယ်ပြုတ်ကျသွားကာ မနည်းပင် ပြတင်းပေါက်အား ချိတ်ဆွဲထားရရှာလေသည်။


ပါးလွှာသော လိုက်ကာလေးက ရွဲ့စောင်းကာ ချိတ်နေခဲ့သည်။


ညဥ့်နက်သန်းခေါင်ယံတွင် ရန်ရှူ ဤလက်ဆောင်အား ချွတ်ပစ်လိုက်ချင်သော်လည်း စန့်ရှန်းက ငြင်းပယ်ခဲ့လေသည်။


သူ့ဖုန်းလေးကိုသာ ထုတ်ပြီး မုန့်ရှင်းယာအား မကျေမနပ်ပြောဆိုရန်သာ တတ်နိုင်ပေသည်။

[ဒီလက်ဆောင်က အရမ်းကို ကောင်းလွန်းလို့ နောက်တစ်ခါ မပေးနဲ့တော့နော်...]


မုန့်ရှင်းယာ : [ကျွန်မသိပြီ...အစ်ကိုစာပြန်ဖို့ အချိန်အကြာကြီးယူခဲ့ရတာပဲ...ကြည့်ရတာ မစ္စတာစန့်က အဲ့ဒါကို အရမ်းအရမ်း ကြိုက်ပုံရတယ်...]


ရန်ရှူ : [ပါးစပ်ပိတ်ထား...မင်း...]


မုန့်ရှင်းယာ : [ဒါပေမဲ့ ကျွန်မ ကြားတာတော့ မစ္စတာစန့်မှာ စေ့စပ်ထားတဲ့သူရှိတယ်ဆို...အစ်ကို အဲဒါကို အာရုံမစိုက်သင့်ဘူးလား...]


ရန်ရှူ : [ငါက အငယ်အနှောင်းဖြစ်လိမ့်မယ်လို့ မင်းတကယ်ထင်လား...]


မုန့်ရှင်းယာ : [အဲဒါက...ဖြစ်နိုင်...]


ရန်ရှူ : [ငါ လက်ထပ်တော့မှာ...]


မုန့်ရှင်းယာ : [ဝါး...ကျွန်မအဲ့တာကို လျှို့ဝှက်ထားပါ့မယ်...]


ရန်ရှူ : [မင်းဥာဏ်ကောင်းသားပဲ...]


ရန်ရှူ တခဏမျှ ငြိမ်ငြိမ်လေး လှဲနေကာ စန့်ရှန်း ဖုန်းကြည့်နေစဥ်တွင် အလျှင်အမြန်ချွတ်ပြီး ဘေးကိုလွှင့်ပစ်လိုက်လေသည်။


ရိုးရိုးသားသားပြောရလျှင် လှဲနေချိန်တွင် ၎င်းကအလွန်နာကျင်ပေသည်။


သူ လက်ဆန့်ကာ စန့်ရှန်းကိုဖက်ပြီး သူဘာလုပ်နေသည်လဲဆိုသည်ကို ကြည့်ချင်နေသည်။ ထို့နောက် စန့်ရှန်းက ဤဘရန်းတံဆိပ်အောက်က ထူးဆန်းသည့် အတွင်းခံဘောင်းဘီအားလုံးကို ဝယ်လိုက်သည်ကို မြင်လိုက်ရလေသည်။


ရန်ရှူ ချက်ချင်းလက်ငင်းပင် စိတ်မချမ်းမသာဖြစ်စွာ မေးလိုက်သည်။

"စန့်ရှန်း မင်းက လူသားရောဖြစ်နိုင်ပါ့မလား..."


"ထပ်လုပ်မလား..."


အဓိက အချက်စကားလုံးကို ကြားလိုက်ချိန် စန့်ရှန်းမျက်ဝန်းများက ဝင်းလက်သွားသည်။


*........


ဘာဖြစ်သွားသည်ကိုပင် ရန်ရှူ နားမလည်လိုက်ပေ။ ဤည၌ ရုတ်တရက်ဆန်လှသည့် ကပ်ဘေးအကြီးကြီးတစ်ခုကို သူ ရင်ဆိုင်လိုက်ရသည်။


ဘာအမုန်းတရားလဲ..ဘာမကျေမချမ်းတာလဲ...


ဒါက ဆေးအာနိသင် မကုန်သေးတာ မဟုတ်ဘူးလား...



------------------------


စာရေးသူ၏မှတ်ချက် :


စိတ်ရှုပ်ထွေးနေသောရန်ရှု : ဘာတွေဖြစ်သွားတာလဲ...



📽️