Chapter 70
Viewers 12k

📽️ Chapter 70



နေ့လည်တွင် ရန်ရှူနှင့် ကောင်းချင်က စုအန်းရီ၏ ကုမ္ပဏီကို သွားခဲ့ကြသည်။


စုအန်းရီက မဂ္ဂဇင်းအကြီးပိုင်းတည်းဖြတ်သူ တစ်ယောက်ဖြစ်သော်လည်း ၎င်းက မျက်မှောက်ခေတ်မဂ္ဂဇင်းပိုင်းက နယ်ပယ်ကဏ္ဍတစ်ခုကိုလည်း ကိုယ်စားပြုလေသည်။ တစ်ခါတစ်ရံတွင် ယခုအခြေအနေကဲ့သို့ ပရိုမိုးရှင်းဗီဒီယိုများ ရိုက်ကူးရန် လိုအပ်ပေသည်။


သူတို့ရောက်သွားသည့်အချိန်တွင် စုအန်းရီက စတိတ်စင်ပေါ်က မော်ဒယ်တစ်အုပ်စုကို ပတ်ဝန်းကျင်နှင့် သူတို့ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်သွားစေရန် ဦးဆောင်ပေးနေသည်။


ဒေါက်မြင့်ဖိနပ်စီးထားသော စုအန်းရီက အရပ်ရှည်သွယ်နေပြီး ထူးချွန်ထက်မြက်သည့် အရောင်အဝါများ ဖြာထွက်နေ၏။ မော်ဒယ်အုပ်စု၏နောက်မှလိုက်လာသော်လည်း သူမအား နိမ့်ကျမသွားစေဘဤဲ ကိုယ်ရံတော်များ ဝန်းရံထားသည့် ဘုရင်မတစ်ပါး၏အရှိန်အဝါ အပြည့်ရှိနေဆဲပင်။


ဤသည်ကိုတွေ့လိုက်ပြီး ရန်ရှူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"အန်တီစုရေ...အန်တီက စူပါမော်ဒယ်တစ်ယောက်လုပ်ဖို့ သင့်တော်တယ်လို့ ငါ တကယ်ကြီးတွေးနေမိပြီနော်..."


စုအန်းရီ ကရန်ရှူနားကို လျှောက်လာပြီး ပြောလိုက်သည်။

"နိုင်ငံတကာ စူပါမော်ဒယ်တစ်ယောက်လုပ်ဖို့ ငါ့အရပ်က မမှီဘူး...သာမာန်မော်ဒယ်တစ်ယောက်ရဲ့တစ်နှစ်စာ ဝင်ငွေက ငါ့တစ်လဝင်ငွေလောက်တောင်မရှိတာ ငါဘာလို့လုပ်ရမှာလဲ..."


"ကောင်းလိုက်တဲ့ အကြောင်းပြချက်..."

ရန်ရှူ ချင်ချင်းပင် လက်ခံလိုက်သည်။


စုအန်းရီက သူတိူ့နှစ်ယောက်ကို လူသစ်အနည်းငယ်ကို ကြည့်ဖို့ရန် ခေါ်သွားကာ ပြောလိုက်သည်။

"ငါမိတ်ဆက်ပေးခဲ့တဲ့ လူသစ်နည်းနည်းကပဲ လူစုဆောင်းဖို့ ဖြစ်နိုင်မှာ...ကျန်တဲ့သူတွေမှာက ကုမ္ပဏီရှိပြီးသွားပြီ..."


ရန်ရှူက မုတ်ဆိတ်နှင့်ကောင်လေးတစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာကိစ္စရှိလို့များလဲ...ဒီအသက်အရွယ်ရောက်တာတောင် မင်းက အသစ်ကလေးရှိသေးတာလား..."


စုအန်းရီ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ငါးကြားတာတော့ ဒါက သူ့ရဲ့အချိန်ပိုင်းအလုပ်တစ်ခုလောက်ပဲတဲ့...ဒါပေမဲ့ အသက်ကတော့..."


စုအန်းရီ ကောင်လေးကို လက်ယပ်ခေါ်ကာ မေးလိုက်သည်။

"အသက်ဘယ်လောက်ရှိပြီလဲ..."


ကောင်လေးတွင် တည်ငြိမ်အေးဆေးသည့် စိတ်နေစိတ်ထားရှိပြီး ရန်ရှူလာသည်ကို မြင်ချိန်တွင်ပင် အံ့သြမသွားပေ။ သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"18 နှစ်..."


ရန်ရှူ အလန့်တကြားဖြစ်သွားသည်။

"ဒါပေမဲ့ မင်း...မင်းကဘာလို့မုတ်ဆိတ်ကြီး ထားထားတာလဲ..."


ကောင်လေး၏အသံက အလွန်ပင် တည်ငြိမ်အေးဆေးနေသည်။

"ပိုရင့်ကျက်တဲ့ပုံ ပေါက်အောင်လို့..."


ရန်ရှူ ထိုကောင်လေးက အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ကို ရှာတွေ့လိုက်ပြီး သူ့ကို ဂရုတစိုက်သေသေချာချာ ကြည့်လိုက်သည်။


နက်မှောင်ထူထဲသည့် မျက်ခုံးများနှင့် သုံးဖက်မြင်ပုံရိပ်ရှိသည့် ကောင်လေးများက ဧကန်မုချ ဓါတ်ပုံဆရာများ အကြိုက်ဆုံး မော်ဒယ်အမျိုးအစားပင် ဖြစ်သည်။ ဤမျက်နှာသွင်ပြင်လက္ခဏာများက ခေတ်သစ်ဒရာမာကားများထဲက အာဏာရှင်မင်းသားနေရာနှင့် ရှေးခေတ်ဒရာမာကားများထဲက ဧကရာဇ်နေရာတွင် သရုပ်ဆောင်နိုင်ပေသည်။ ကိုယ်လုပ်တော်များကိုသာ နှစ်သက်သဘောကျသည့် ရက်စက်ကြမ်းပြုတ်ပြီး တုံးအသည့် ဧကရာဇ်နေရာတွင် သရုပ်ဆောင်ပါက ဖြစ်နိုင်သည်မှာ ပိုကောင်းသည့်ရလဒ်ပင် ထွက်လာနိုင်ပေသည်။


ရန်ရှူ မေးလိုက်သည်။

"မင်း အနုပညာလောကထဲဝင်ဖို့ အစီစဥ်ရှိလား...ငါဆိုလိုတာက သရုပ်ဆောင်တာ ဒါမှမဟုတ် အိုင်ဒေါလ်တစ်ယောက်အဖြစ် တရားဝင်ပွဲဦးထွက်တာကို ပြောတာ..."


ကောင်လေးက စုအန်းရီကို ကြည့်လိုက်သည်။ ထို့နောက် ရန်ရှူကိုကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

"ကျွန်တော့်ကို ဘာလို့ဒီမေးခွန်းမေးတာလဲ..."


"ငါ့ကုမ္ပဏီက အခု လူသစ်လေးတွေနဲ့ လက်မှတ်ထိုးနေတာလေ..."


"ခင်ဗျားကုမ္ပဏီက အရပ် 1.8 မီတာထက်မြင့်တဲ့အမျိုးသားအနုပညာရှင်တွေ မရှိဘူးလို့ နာမည်ကြီးနေတဲ့ ကုမ္ပဏီမဟုတ်ဘူးလား...ကျွန်တော့်အရပ်က 189 cm တောင်ရှိတာနော်...ခင်ဗျားသေချာရဲ့လား..."


ရန်ရှူ သူ့ကုမ္ပဏီတွင် ဤသတ်မှတ်ချက်ကြီး အမှန်တကယ် ရှိနေကြောင်း ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။


စုအန်းရီ ပြုံးပြီး ပြောလိုက်သည်။

"ငါတို့မျက်လုံးထဲမှာ နင့်ကုမ္ပဏီက အမျိုးသားအနုပညာရှင်တွေက တကယ်လူပုလေးတွေလေ..."


"ငါ မပုပါဘူးနော်...အဲ့လောက် ရက်ရက်စက်စက်ကြီး ပြောဖို့မလိုပါဘူး...တရုတ်နိုင်ငံက ပျမ်းမျှအရပ်ကို ငါကျော်ပြီးသား..."


"အဲ့လောက် မြင့်နေတာလည်း မဟုတ်ဘူးလေ..."


"..."

ရန်ရှူ အလွန်ပင် မပျော်မရွှင်ဖြစ်သွားသည်။ 


စန့်ရှန်းနဲ့ သူ့မိသားစုက ကြိုက်တယ်လေ..အရမ်းကို ကြိုက်တာပါနော်...


ရန်ရှူ ကောင်းချင်နှင့် အချိန်အကြာကြီး ဆွေးနွေးခဲ့ကြသည်။


လူသစ်တစ်ယောက်ကို ဦးဆောင်လေ့ကျင့်ပေးရာတွင် ဦးဆောင်သူ၏စွမ်းဆောင်နိုင်စွမ်း၊ အရည်အချင်းက အရေးကြီးပေသည်။ ကိုယ်ကိုင်တွယ်နိုင်သည်ထက် ပို၍ တာဝန်ယူရန် မသင့်တော်ပေ။ ဦးဆောင်သူကို ပံ့ပိုးကူညီရန်အတွက်လည်း ကောင်းချင်ကို လိုအပ်ပသေးသည်။ သူတို့နှစ်ယောက်၌ လူဘယ်လောက်ကို စုဆောင်းသင့်လဲဆိုသည်ကို ထိန်းချုပ်နိုင်ပေသည်။ မရွေးချယ်မီတွင် ဂရုတစိုက်အကဲဖြတ်ရန်လိုအပ်ပေသည်။


ထပ်ခါတလဲလဲ ဆန်းစစ်လေ့လာပြီးနောက်တွင် လူနှစ်ယောက်ကို ရွေးချယ်လိုက်ကြသညိ။


ထိုည၌ ရန်ရှူ စိတ်အားထက်သန်စွာနှင့် စန့်ရှန်းကို ဆွဲကာ သူစုဆောင်းထားသည့် လူသစ်လေးအကြောင်းကို ပြောပြလိုက်သည်။


"ငါ ဒီနှစ်ယောက်နဲ့ လက်မှတ်ထိုးဖို့စီစဥ်ထားတယ်..."

ရန်ရှူက လူနှစ်ယောက်၏ အချက်အလက်များကို စန့်ရှန်းရှေ့ ပစ်ပေးလိုက်သည်။


စန့်ရှန်း လက်ဆန့်ယူကာ တစ်ချက်ကြည့်လိုက်သော်လည်း ဂရုစိုက်ပုံမပေါ်ချေ။


ရန်ရှူ၏ကုမ္ပဏီကို ဝယ်လိုက်ခြင်းက အသေးအဖွဲကိစ္စလေးတစ်ခုမျှသာ ဖြစ်သည်။ ရန်ရှူ့ကို ကာကွယ်ပေးနိုင်သရွေ့ ကုမ္ပဏီထံမှ အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုကို စန့်ရှန်းဂရုမစိုက်ပေ။


သို့သော်ငြား ရန်ရှူက အလွန်အမင်း အလုပ်ကြိုးစားခဲ့ပြီး သူ့ကို ပိုက်ဆံအချို့ဝင်အောင် ကူညီပေးချင်ပါက တစ်ချက်လောက်ကြည့်ပေးရန် လိုအပ်ပေသေးသည်။


ရန်ရှူ ပထမစာရွက်ကိုညွှန်ပြပြီး ပြောလိုက်သည်။

"သူ့နာမည်က 'ကုချင်း' တဲ့...အသက်က 17 ကောလိပ်ပထမနှစ်ပဲ...သူက ယုံကြည်အားကိုးလို့မရတဲ့ ကုမ္ပဏီတစ်ခုနဲ့ လက်မှတ်ထိုးခဲ့တာ...အခု ကုမ္ပဏီက ရပ်ပြီး အပိတ်ခံရမလိုဖြစ်နေတော့ သူတို့အနုပညာရှင်တွေကို ရောင်းဖို့စီစဥ်နေကြတာ...သူက အဲ့ထဲကတစ်ယောက်ပဲ...ရုပ်လည်းကြည့်ကောင်းပြီး ကောင်းကောင်းလည်း ကတတ်တယ်...ဒါပေမဲ့သူ့စရိုက်ကတော့ နည်းနည်း တိုးတက်ဖို့ လိုအပ်နေတယ်...သူက လူချမ်းသာအမျိုးသမီး တစ်ယောက်ယောက်ကို ကြိုက်သွားမဲ့ လူစားမျိုးလို့ ငါအမြဲတမ်းခံစားချက်ရနေတယ်..."


"ဒါဆို မင်းဘာလို့ သူနဲ့လက်မှတ်ထိုးချင်တာလဲ..."


"စည်းစိမ်ချမ်းသာဆိုတာ စွန့်စားမှုတွေကနေ ရလာတာလေ..."


ရန်ရှူ စန့်ရှန်း၏ စားပွဲခုံပေါ်တွင် ပျော်ပျော်ရွှင်ရွှင်ထိုင်ချကာ ပြောလိုက်သည်။

"စဥ်းစားကြည့်စမ်း...သူက လူချမ်းသာမိန်းမတစ်ယောက်ကို ရင်းနှီးချင်တယ်ဆိုရင် အဲဒါက သူက သူ့အကြောင်းသူ သိပြီး အရမ်းတက်ကြွတဲ့စိတ်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား..."


"မင်း ဒီလိုရှင်းပြတော့လည်း...ဟုတ်သလိုပဲ..."


"သူ ချောတယ်ဆိုတာ သူသိတယ် အဲ့တော့ အဲ့အချက်ကို သူသုံးလိမ့်မယ်...ဆိုလိုတာက...သူက အရင်းအမြစ်တွေကို ဘယ်လို အကျိုးရှိအောင် သုံးရမလဲဆိုတာကို သိတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ..."


"မင်းက ဒါကို အဲ့လိုတွေးလိုက်တယ်လား..."


ရန်ရှူက ဆက်လက် ဆန်းစစ်ဝေဖန်လိုက်ပြန်သည်။

"သူ့မှာ ပွဲဦးထွက်ချင်တဲ့ ဆန္ဒပြင်းပြင်းကလည်း ရှိသေးတယ်...အဲ့တော့ အခွင့်အရေးကို သေချာပေါက် လက်မလွှတ်တမ်း အသုံးချမှာပဲ..."


"ကုမ္ပဏီနဲ့ လက်မှတ်ထိုးတဲ့သူတွေထဲမှာ ပွဲဦးမထွက်ချင်တဲ့သူ ဘယ်လောက်ရှိလို့လဲ..."


"အရေးကြီးဆုံးအချက်က သူ့အရင်စာချုပ်က တော်တော်ကို မဆီလျော်ဘူး.. ငါတို့လွှဲယူပြီးတဲ့နောက်မှာ သူ့အတွက် အခြေအနေတွေကို လျှောပေါ့ပေးမယ်ဆိုရင်တောင်မှ အကျိုးအမြတ်တွေအများကြီး ရနေဦးမှာ...ငါတို့ သူ့ဆီကနေ ငွေအများကြီး ပြန်ဝင်နိုင်တာကို မပြောနဲ့ဦး သူ့ကိုခေါ်ပြီးလည်း ကယ်လိုက်သေးတယ်လေ..."


"အိုး...အံ့သြစရာကြီးပဲ..."


ရန်ရှူ သူ့ကိုယ်သူ အားရကျေနပ်စွာ အတန်ကြာအောင်ပြုံးလိုက်ပြီးနောက် နောက်ဖိုင်တစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဒီကောင်လေးကကျ 'ကျန်းလင်' တဲ့...အသက် 18 နှစ် ကောလိပ်ဒုတိယနှစ်ကျောင်းသား...အရပ်က 189 စင်တီမီတာရှိပြီးတော့ တစ်ခါတစ်ရံ အချိန်ပိုင်း မော်ဒယ်လ်လုပ်လေ့ရှိတယ်...သူ့ရဲ့ ရုပ်ရည်သွင်ပြင်က အနုပညာလောကထဲမှာဆို ထူးခြားတယ်...သူက အရပ်ရှည်ပြီး ရန်မူတတ်တဲ့ပုံရှိတယ်...ဒါက တကယ်ရှားပါးတဲ့ပုံစံမျိုးပဲ..."


"..."

စန့်ရှန်း ပုံကိုကြည့်လိုက်သော်လည်း ဘာမှမပြောပေ။


ရန်ရှူက သိချင်စိတ်နှင့် ကိုယ်ကိုကိုင်းပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ...သင့်တော်တယ်လို့ မထင်ဘူးလား..."


"သူ့ကို မင်းကိုယ်တိုင် ခေါ်မှရမှာလား..."


ရန်ရှူ လျင်မြန်စွာပင် တစ်ခုခုမှားနေမှန်း သဘောပေါက်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ခေါ်နိုင်ချေတော့နည်းပါတယ်...သူ့ဘေးမှာ ရပ်လိုက်ရင် ငါကပုသွားတဲ့ပုံ ပေါ်သွားတယ်လေ..."


"အိုး..."


စန့်ရှန်းကို ကောင်းကောင်းသိသည့် လူတစ်ယောက်အနေနှင့် သဘာဝကျစွာပင် ရန်ရှူ စန့်ရှန်း၏စကားလုံးများထဲမှ အဓိပ္ပါယ်ကိုသိလေသည်။

"သဝန်မတိုပါနဲ့...ငါက မင်းကို ပိုက်ဆံကူရှာပေးနေတာလေ..."


"အင်းး…"


"ခွေးကောင်စန့်..."


စန့်ရှန်း၏သဘောထားက ယခင်အတိုင်းရှိနေဆဲမြင်လိုက်ရာ ရန်ရှူ ချက်ချင်းပင် ဒေါသထွက်လာခဲ့သည်။ သူ စားပွဲပေါ်မှ ခုန်ဆင်းလိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။

"ငါ့မှာတော့ ကုမ္ပဏီရဲ့အကျိုးအမြတ်အတွက် အကောင်းဆုံး ကြိုးစားထားလိုက်ရတာ...လူသစ်လေးတွေတောင် မခေါ်စဖူး အရင်စခေါ်လိုက်ရတာကို...ဒါပေမဲ့ မင်းက ဒီမှာ လာချဥ်နေတယ်ပေါ့လေ...နည်းနည်းပါးပါး အကျိုးအကြောင်း ဆီလျော်အောင် မတွေးနိုင်ဘူးလားကွ..."


" သူက မင်းအကြိုက်နဲ့ လုံးဝကွဲထွက်နေတယ်လို့ ကိုယ် တွေးလိုက်ရုံလေးပါ...ပြီးတော့ သူက 18 နှစ်ပဲရှိသေးတာဆိုတော့လေ..."


"ငါက မင်းထက်ဆင်းရဲတဲ့သူတွေကို မကြိုက်ဘူး..."


"ပြီးတော့ရော ဘာရှိသေးလဲ..."

စန့်ရှန်း လက်ဆန့်ကာ ရန်ရှူကို သူ့ခုံဘက်ဆွဲကာ မော့ကြည့်လိုက်ပြီး မေးလိုက်သည်။


ရန်ရှူ ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းကာ စန့်ရှန်း၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

"မင်းတစ်ယောက်တည်းပဲ ငါ့ကိုငိုအောင် လုပ်နိုင်တာလေ..."


စန့်ရှန်း နောက်ဆုံး၌ ကျေနပ်သွားလေ၏။


ရန်ရှူ တင်ပြမှုပြီးသွားပြီးနောက် စန့်ရှန်း ပစ္စည်းများကို ဘေးသို့တွန်းဖယ်လိုက်ကာ ကွန်ပြူတာကို ဆက်ကြည့်လိုက်သည်။


ရန်ရှူ တစ်ဏကြာအောင် စောင့်ပြီးနောက် မမေးဘဲမနေနိုင်ဘဲ မေးလိုက်သည်။

"မင်း မှတ်ချက်ပေးစရာ တစ်ခုခုမရှိဘူးလား..."


"မင်းနဲ့ကောင်းချင်က ကိုယ့်ထက်ပိုပြီးတော့ အနုပညာလောကအကြောင်း သိတယ်လေ...ကိုယ်က နည်းနည်းလေးပဲ သိတာ..."


"ဒါဆို ထောက်ခံတယ်လား..."


"ကိုယ့်ပေါင်ပေ့လေးက အရမ်းအံ့သြစရာကောင်းတာပဲ..."


စန့်ရှန်း တစ်ခဏကြာအောင် စဥ်းစားပြီးနောက် ဖုန်းထုတ်ကာ ရှန်းကျွင့်ကျင်းကို မက်ဆေ့ချ်ပို့လိုက်သည်။ 

"ဒါက ကိစ္စအကြီးကြီးတစ်ခုပဲလေ...ကိုယ် ရှန်းကျွင့်ကျင်းကို မင်းအတွက် ဘတ်ဂျက်ထောက်ပံ့ဖို့ ပြောလိုက်တယ်...သူ ဒီကိစ္စကို အာရုံစိုက်ပေးလိမ့်မယ်..."


"ငါက အဲ့လိုဆိုလိုတာ မဟုတ်ဘူးလေ..."


"အစဦးရန်ပုံငွေက သန်းနှစ်ဆယ်..."


"အိုး..."

ရန်ရှူ၏လေသံလေးက နူးညံ့သွားသည်။

"အဲဒါက ငါ့လပ်ကီးပိုက်ဆံလောက် မများဘူး..."


"ယူရိုနဲ့..."


"ကောင်းပါပြီ..."


ရန်ရှူ အနားတွင်ရပ်ပြီး တစ်ခဏမျှကြာအောင်စောင့်လိုက်သည်။ သို့သော် စန့်ရှန်းက မည်သည့်လှုပ်ရှားမှုမှ ထပ်မလုပ်ဘဲ ရိုးရိုးရှင်းရှင်းပင် အလုပ်ပြန်လုပ်လိုက်သည်။


သူ စန့်ရှန်း၏အင်္ကျီလက်အစွန်းကို ဆောင့်ဆွဲလိုက်သည်။

"အိပ်ကြရအောင်..."


"မင်းအရင်နားလိုက်ပါ...ကိုယ် ဒီမှာအပြီးသတ်ဖို့ အလုပ်နည်းနည်းကျန်သေးတယ်..."


"မနက်ဖြန်မှ ဆက်လုပ်လို့မရဘူးလား..."


"ကိုယ်တကယ် အလျင်လိုနေလို့ပါကွာ..."


ရန်ရှူ အနည်းငယ် စိတ်ဆိုးသွားသည်။ သူ ခြေလှမ်းအနည်းငယ်လှမ်းပြီး နောက်ပြန်ဆုတ်ကာ ဟန်ဆောင်ပြီး ပြောလိုက်သည်။

"အု့...ငါကိုယ်ဝန်ရှိနေတာလားမသိဘူး...ငါ့ကိုဂရုစိုက်ပေးဖို့ တစ်ယောက်ယောက် လိုအပ်နေပြီ...ခွေးကောင်... မင်းတာဝန်ယူပေးရမယ်..."


စန့်ရှန်း ရန်ရှူကို ဘေးတိုက်ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

"ကိုယ့်မှာ လော်စရေပီကာ တစ်ခုရှိတယ်...ကိုယ်ရဲ့သုတ်ရည်အရည်အသွေးကလည်း တအားနိမ့်တာ...ကလေးက ဘယ်သူ့ဟာလဲ..."


(T/N- လော်စပီကာနဲ့ သူ့သုတ်အရည်အသွေးကဘာမှမဆိုင်ပါဘူး အဲ့လိုပဲ ရန်ရှူနဲ့ကိုယ်ဝန်ရှိတယ်ဆိုတာကလည်း ဆိုင်မနေပါဘူးလို့ ရွဲ့ပြောတာပါ)


ရန်ရှူ၏ မျက်ဝန်းများက ထိတ်လန့်မှုဖြင့် ပြူးကျယ်သွားသည်။

"စန့်ရှန်း မင်းတကယ်ကြီး အဲ့လိုပြောတယ်ပေါ့..."


"ကိုယ်လည်း မင်းအဲ့လိုပြောနိုင်လိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး..."


ရန်ရှူ မရမကပြောဆိုနေသည်ကို ရပ်လိုက်ပြီး အိပ်ခန်းထဲကို ပြန်သွားလိုက်သည်။


စန့်ရှန်းက ရန်ရှူကို ဆက်အာရုံမစိုက်တော့ဘဲ အလုပ်ဆက်လုပ်လိုက်သည်။


ဆယ်မိနစ်ကြာပြီးနောက် အဖြူရောင်ရှပ်လေးဝတ်ကာ အပြာနုနှင့်ခရင်ရောင်ရောစပ်ထားသော စကပ်လေးနှင့် အဖြူရောင်စတော့ကင် ဝတ်ထားသော ရန်ရှူက စန့်ရှန်းရှေ့ပတ်ပတ်လည်တွင် လမ်းလျှောက်နေလေသည်။


ကြည့်ရသည်မှာ မီးဖိုချောင်ထဲသို့ ရေသွားသောက်ကာ သူ့အခန်းသို့ ပြန်သွားသည့်ပုံ ပေါ်လေသည်။


စန့်ရှန်း သက်ပြင်းရှည်ရှည်ချလိုက်ကာ ဖိုင်များကိုသိမ်းပြီး ဖုန်းကိုပိတ်လိုက်သညိ။ ထို့နောက် ရန်ရှူ့နောက်လိုက်ကာ အိပ်ခန်းတွင်း ဝင်သွားလိုက်လေသည်။


***


လူသစ်စုဆောင်းရာတွင် ရန်ရှူနှင့်ကောင်းချင်အား ပိုပြီး ယုံကြည်ချက်ရှိသွားစေရန် ဖြစ်နိုင်ပေသည်။ စမန့်ရှန်းနှင့် ရှန်းကျွင့်ကျင်းက ကုမ္ပဏီကို လူကိုယ်တိုင်ရောက်လာကြလေ၏။


သူတို့က ပိုင်ရှင်အသစ်များဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကုမ္ပဏီလာသည့်အခါ သဘာဝကျစွာပင် ဧည့်သည်များနှင့် ကွဲပြားနေလေသည်။


အမြဲလိုလိုပင် ဟူရုံချီနှင့်အခြားသူများက သူ့ကိုလူကိုယ်တိုင် လာကြိုဆိုလေ့ရှိသော်လည်း လတ်တလောတွင် ဟူရုံချီအား တဖြည်းဖြည်းချင်း ရာထူးမှ ဖြုတ်ချခဲ့၍ စန့်ရှန်းအပေါ် သူ့သဘောထားက ယခင်ကခန့် ကြိုဆိုမှုမရှိတော့ပေ။


ဤတစ်ကြိမ် စန့်ရှန်းလာသည့်အခါတွင်လည်း ရှင်းရှင်းပင် ဟူရုံချီက ထွက်မလာခဲ့ချေ။


ဤနည်းဖြင့် ကုမ္ပဏီ၏ နဂိုစီနီယာအလုပ်အမှုဆောင်များက ပိုင်ရှင်အသစ်၏သဘောထားကို မြင်နိုင်သွားပြီး အနာဂတ်တွင် မည်သို့ပြုမူရမည်ကိုလည်း သိသွားကြချေ၏။


သဘာဝတကျပင် ကောင်းချင်က သူတို့ကိုကြိုဆိုရန်ထွက်လာခဲ့ပြီး ကုမ္ပဏီအတွင်းပိုင်းကို လည်ပတ်ရန်ခေါ်ဆောင်သွားကာ နောက်ဆုံး၌ လူသစ်များကို လေ့ကျင့်ပေးနေသည်ကို ကြည့်ရန် သွားခဲ့ကြသည်။


ကုချင်းနှင့်ကျန်းလင် နှစ်ယောက်လုံးက မျက်နှာအမူအရာအနေအထားကဲ့သို့သော အခြေခံအကွက်များကို သင်ယူနေကြပြီး သူတို့အတန်းထဲတွင် ကောင်ကောင်းပြုမူနေသရွေ့ စန့်ရှန်း၊ အခြားသူများနှင့် ရင်းရင်းနှီးနှီးဆက်ဆံဖို့ရန် မလိုအပ်ပေ။


ကျန်းလင်က အရပ်ရှည်ပြီး အတန်းထဲတွင် ထိုင်၍ အချိန်နှင့်အမျှ မှတ်စုများရေးမှတ်နေကာ အလွန်ပင် တည်ငြိမ်အေးဆေးနေပေသည်။


သို့သော်ငြား ကုချင်းကမူ စန့်ရှန်းအား ခိုးကြောင်ခိုးဝှက်နှင့် အကြိမ်အနည်းငယ်ခန့် ခိုးကြည့်လိုက်သည်။


ယခုလာသည်က ဥက္ကဌအသစ်ဖြစ်ကြောင်း သူ မသိခဲ့ပေ။ သူက အနုပညာရှင်အသစ်လေးတစ်ယောက်ဟုသာ ထင်နေခဲ့ရှာ၏။


ဒီအသစ်လေးက suit ဝတ်စုံကို သေသေသပ်သပ်ဝတ်ထားတာပဲ...ဘယ်လမ်းကိုများ ယူထားပါလိမ့်...


အရပ်ကလည်း လုံးဝအမြင့်ကြီးပဲ မော်ဒယ်လ်များလား...


သူ့မျက်နှာကို ကြည့်ရသလောက်တော့ ကြယ်ပွင့်တစ်ယောက်တော့ မဟုတ်လောက်ပါဘူးနော်...ဟုတ်တယ်မလား...



📽️