Chapter 80
Viewers 12k

📽️ Chapter 80

အခြေအနေ : ချစ်မိသွားခြင်း



{ ဧပြီလ 30 ရက်နေ့မှာ ငါ ဒေါက်တာ ကျိအန်းနဲ့ စကားပြောခဲ့တယ်... မဟုတ်ရင် ငါ ရန်ရှူဆီပြန်မသွားနိုင်တော့မှာ ငါ စိတ်လွတ်ပြီး သူ့ကို နာကျင်အောင်လုပ်မိမှာစိုးတယ်...


ငါ ဒီအကြောင်းကို ဘယ်သူ့မှမပြောနိုင်ဘူး...မဟုတ်ရင် သူတို့က ရန်ရှူ နဲ့ ဟို့မော့ကို သွားပြောကြလိမ့်မယ်...ငါ ဟို့မော့ကို ဒုက္ခ‌ထပ်ပေးလို့မရဘူး...


ငါ့ရဲ့ရောဂါက လူတွေအများကြီးကို ဒုက္ခရောက်စေခဲ့တယ်...ပြီးတော့ ငါကိုယ်တိုင် တိတ်တဆိတ်ဖြေရှင်းနိုင်တယ်...


ဒေါက်တာကျိအန်းက ရန်ရှူနဲ့ ငါ့အခြေအနေက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောခဲ့တယ်... ငါတို့ရောဂါတွေက တကယ်လုံးဝလိုက်ဖက်ပြီးတော့ အချင်းချင်းကုသပေးနိုင်တယ်...


ရန်ရှူကလည်း စိတ်ဓာတ်ကျတာ ဒါမှမဟုတ် မှီခိုအားထားတာကို ဖုံးကွယ်ထားခဲ့တယ်...သူက ငါ့ရဲ့အာရုံစိုက်မှုရဖို့၊လုံခြုံတယ်လို့ခံစားရဖို့၊ ငါသူ့ကိုမထားခဲ့ဘူးဆိုတာသေချာစေဖို့ ငါနဲ့လမ်းခွဲဖို့ လိုအပ်တယ်... သူက သူ့သူငယ်ချင်းတွေကို ငါ သူ့ကိုချစ်တယ်ဆိုတာ ဆက်တိုက်ပြောနေဖို့လိုပြီး တခြားသူတွေရဲ့ သဘောတူညီချက်ကိုရဖို့လိုအပ်တယ်...


သူက ဂရုမစိုက်တဲ့ပုံရပေမယ့် တကယ်တော့ အမြဲစိုးရိမ်နေတတ်တဲ့ ကလေးပဲ...


သူကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင်က သူ့ကို စိတ်ဒဏ်ရာတွေအများကြီးရစေခဲ့တယ်ဆိုတာငါသိတယ်...


ဒါကြောင့် ငါ သူ့ကို အမြဲတမ်းချစ်ပြီးမြတ်နိုးတယ်...


ပြီးတော့ သူ့ရဲ့ ပြဿနာရှာတတ်တဲ့စွမ်းရည်ကြောင့် သူက ငါ့ရဲ့အာရုံကိုလွှဲပေးပြီး ငါ့ရောဂါကို သက်သာစေနိုင်တယ်... သူသာမရှိရင် ငါ အစွန်းရောက်တဲ့ကိုယ့်ကိုယ်ကိုယ်နာအောင်လုပ်တာတွေနဲ့ ကိုယ့်ကိုကိုယ်သတ်သေခြင်းတွေထဲ ပိတ်မိနေသေးမှာကို ကြောက်မိတယ်...


အဲ့ဒါကြောင့်ပဲ ငါ့မိဘတွေက သူ့ကို အရမ်းသဘောကျကြတယ်... ရန်ရှူကပဲ ငါ့ကို ကုသပေးနိုင်တယ်...


ဒါပေါ့ သူက ဘာလို့တကယ်သဘောကျစရာကောင်းလဲဆိုတဲ့ အကြောင်းရင်းတွေလည်း ရှိတယ်...


ငါက သူ့ရောဂါကိုကုပေးနိုင်ပြီး သူက ငါ့ဘဝကို ကယ်တင်ပေးနိုင်တယ်...}


***


စန့်ရှန်း အစားအသောက်များဖြင့် အပေါ်ထပ်တက်လာစဥ်တွင် ရန်ရှူက ငိုနေခဲ့၏။


စန့်ရှန်း ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ သူက ပန်းကန်ပြားကို ချလိုက်ပြီး ရန်ရှူကို လေးလေးနက်နက်ကြည့်ကာ မေးလိုက်သည်။

" ဘာဖြစ်လို့လဲ.."


စန့်ရှန်းက ရန်ရှူ အဘယ်ကြောင့် ရုတ်တရက်ငိုနေရသည်ကို နားမလည်နိုင်ပေ။


ရန်ရှူက အမှန်အတိုင်း မပြောလိုက်ဘဲ ခေါင်းမာစွာ ရှိုက်လိုက်သည်။ သူက မေးစေ့ကို အနည်းငယ်ပင့်ပြီး ပြောလိုက်သည်။

"ငါ ဗိုက်ဆာတယ်..."


"မင်း ဗိုက်ဆာလို့ ငိုနေတာလား..."


"ငါ ဗိုက်ဆာပြီး စိတ်ရှုပ်တယ်..."


"ဘာက မင်းကိုစိတ်အနှောင့်အယှက်ပေးနေလို့လဲ..."


"ငါ အရမ်းစိတ်ရှုပ်တယ်... ငါရဲ့ ရည်းစားဟောင်းက ငါနဲ့လမ်းခွဲဖို့ သူ့အုတ်ဂူထဲကနေတောင် ခုန်ထွက်ခဲ့တယ်... သူ့ကို ဘယ်သူက အဲ့လိုလုပ်ဖို့သတ္တိပေးခဲ့တာလဲ..."


"…" 


စန့်ရှန်းက ဘာမှ ထပ်မပြောခဲ့ပေ။


ရန်ရှူက ပြဿနာစရှာသည့်လူမှန်း သိသာသော်လည်း သူ့အဖြေမှာ ရန်ရှူလိုချင်သောအရာမဟုတ်ပါက ရန်ရှူက သူ့ကို တစ်ပြန်ကြီးအပြစ်တင်ပေလိမ့်မည်။


စန့်ရှန်းက ရန်ရှူကို စားပွဲစီစဉ်ပေးကာ မနက်စာကို သူ့ရှေ့တွင်ချပေးပြီး တွေဝေစွာမေးလိုက်သည်။

"မင်း ဒီစကတ်ကို ပုံမှန်ထက်ပိုပြီး မကြိုက်လို့လား..."


သူ စကတ်ဝတ်ရတာ မကြိုက်လို့ ငိုနေတာများလား...


ရန်ရှူက သူ့မနက်စာကိုစားပြီး ရေရွတ်လာခဲ့သည်။ 

"အင်း... ဒီစကတ်မှာ ငါ့အလှကိုဖြည့်ပေးနိုင်တဲ့ဇာတွန့်လေးတွေ မပါနေဘူး... "


"ကောင်းပြီ ကိုယ် နောက်တစ်ခါကျ ပိုသတိထားပါ့မယ်..."


ရန်ရှူက ဆက်ပြီး ပွစိပွစိလုပ်လာခဲ့သည်။

"ဒါပေါ့ မင်း ပိုသတိထားသင့်တယ် မဟုတ်ရင် ငါ မင်းကို သတ်ပစ်မှာ..."


"မင်း ဘယ်လိုလုပ်မှာမို့လို့လဲ..."


"မင်းရဲ့ ငါ့…ဆီ ဖြတ်ခွင့်ကိုပိတ်ပစ်မှာ... ဒါဆို မင်းဘယ်တော့မှ ထပ်ပျော်ရတော့မှာမဟုတ်ဘူး..."


"…"


စန့်ရှန်းက အစာစားနေရာမှ ခဏရပ်သွားပြီး ရေရွတ်လိုက်သည်။

"ငတုံးလေး..."


ရန်ရှူက အလွန်ဒေါသထွက်သွားပြီး သူ့ပန်းကန်လုံးနှင့်တူကိုချလိုက်သည်။

"မင်း ဘာလို့ဆဲနေသေးတာလဲ..."


"ကိုယ်က မင်းကို ချီးမွမ်းနေတာပါ...ကိုယ် ငတုံးလေးတွေကို သဘောကျတယ်လေ... "


"ရူးနေလား..."


"ကိုယ်သာမရူးရင် မင်းကို ဘယ်လိုလုပ်သဘောကျပါ့မလဲ..."


ရန်ရှူ ချက်ချင်းပင် အစားစားချင်စိတ် ပျောက်ဆုံးသွားခဲ့သည်။


စန့်ရှန်းက သူ့ကို သတိပေးလာခဲ့သည်။

"စားလေ... ဒီပန်းကန်ထဲမှာ နံရံဆေးမှုန့်တွေမရှိဘူး..."


ရန်ရှူက စန့်ရှန်းကို သံသယအကြည့်ဖြင့်ကြည့်လိုက်ပြီး စန့်ရှန်းက သူ၏ပြစ်မှုကို ရှာတွေ့ခဲ့ကြောင်း သဘောပေါက်သွားခဲ့သည်။ နောက်ဆုံးတွင် သူ တစ်ဖန်ပြန်စားလိုက်ပြီး ပိုနာခံလာခဲ့သည်။


သူတို့နှစ်ဦး မနက်စာစားပြီးနောက် အောက်ထပ်ရှိဥယျာဉ်သို့ အတူသွားခဲ့ကြသည်။


ရန်ရှူက ယနေ့မှ ထိုမှန်ချပ်အား ဥယျာဉ်ကို ပိုကြီးဟန်ရှိစေရန် အသုံးပြုထားကြောင်း သတိပြုမိသွားခဲ့သည်။ မှန်နောက်တွင် ဥယျာဉ်၏အလှကို မထိခိုက်စေဘဲ ပိတ်ဆို့နိုင်သော ရေတွင်းတစ်ခုရှိသည်။


မှန်တစ်ဝိုက်တွင် အခြားသော အလှဆင်ထားသည်များလည်းရှိပြီး ခြုံကြည့်ပါက အတော်လေး သဟဇာတဖြစ်နေပုံရသည်။


မှန်ရှေ့မှာ ထူးထူးဆန်းဆန်းအရာတွေ မလုပ်တဲ့အထိတော့ အဲဒါက ပုံမှန်ပါပဲ...


သူက ကိုယ်ကိုရှေ့သို့ကိုင်းလိုက်၍ ယမန်နေ့ညက ပွတ်ထားခဲ့သော လက်ဗွေရာများကို စကတ်စနှင့် သုတ်လိုက်သည်။ စကတ်ဝတ်ခြင်းက တကယ်အဆင်ပြေသည်ကိုမူ သူ လက်ခံရပေမည်။ သူ အ၀တ်စုတ်ပင် သွားယူစရာမလိုချေ။


မိန်းကလေးတွေ ဘာလို့စကတ်ဝတ်ရကြိုက်တာလဲဆိုတာ အံ့သြစရာမရှိတော့ဘူး....

သူ ရုတ်တရက် နားလည်သွားခဲ့သည်။


စန့်ရှန်းက ထိုင်ခုံပေါ်တွင် တစ်ယောက်တည်းထိုင်နေပြီး နေပူဆာလှုံနေကာ သူ့မျက်လုံးများက ရန်ရှူနောက်ကို တစ်ချိန်လုံးလိုက်နေခဲ့သည်။


ရန်ရှူက ယခုတွင် ကောက်ကွေးသောဆံပင်ရှည်အတုကို ၀တ်ထားပြီး အိမ်ဖော်ဝတ်စုံ ၀တ်ထားကာ ဥယျာဉ်ကို ရေလောင်းရန် ရေကရားကို ကိုင်ထားလျက်ရှိသည်။


သူက အချိန်ခဏမျှ ရေလောင်းပြီးနောက် စန့်ရှန်းကို ရုတ်တရက်ကြည့်ပြီး အကြံပြုလာခဲ့သည်။

"ငါတို့ ခွေးတွေကို ဒီကိုခေါ်လာသင့်လား... ဒီနေရာက ပိုအသက်ဝင်သွားလိမ့်မယ်ထင်တယ်...ဒီခြံကြီးက သူတို့ကစားဖို့ လုံလောက်အောင်ကြီးတယ်..."


စန့်ရှန်းက ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်၏။ 

"ကောင်းပြီလေ..."


စန့်ရှန်းက သူ့လက်ကိုင်ဖုန်းကိုထုတ်ပြီး မက်ဆေ့ချ်ပို့လိုက်သည်။ ခဏအကြာတွင် ရှန်းကျွင့်ကျင်းထံမှ အသံမက်ဆေ့ချ်ကို သူ ကြားလိုက်ရသည်။ ရန်ရှူက ပန်းများကို ရေလောင်းနေရင်းပင် ရှန်းကျွင့်ကျင်း၏ ဆူပူကြိမ်းမောင်းသံကို ကြားခဲ့ရသည်။ 


"မင်း ရုတ်တရက်ကြီး ခွင့်ယူသွားတော့ ငါ အမှိုက်တွေကို ငါကိုယ်တိုင် လိုက်ရှင်းနေရတယ်ကွ...အခု ငါက မင်းဆီ ခွေးပို့ဖို့ အချိန်ပါရှာရဦးမှာလား..."


"မြန်မြန်လာခဲ့စမ်းပါ..." 

စန့်ရှန်းက ပြန်ပြောပြီးနောက် ရှန်းကျွင့်ကျင်းထံသို့ ငွေလွှဲပေးလိုက်သည်။


"နောက်တစ်ခါကျ ငွေအရင်လွှဲပြီးမှ မင်းကိစ္စကိုပြောပေါ့ကွာ...ငါတို့ရဲ့ခင်မင်မှုက တစ်သက်လုံးတည်မြဲနေမှာပဲမလား..." 

ငွေလက်ခံရရှိပြီးနောက် ရှန်းကျွင့်ကျင်း၏သဘောထားက ပိုကောင်းလာခဲ့သည်။


နှစ်နာရီခန့်အကြာတွင် ရှန်းကျွင့်ကျင်းက ခွေးသုံးကောင်နှင့်အတူ အိမ်ကြီးထဲ၌ ပေါ်လာခဲ့သည်။


မူလတွင် ရှန်းကျွင့်ကျင်းက နှစ်နာရီကြာအောင် ကားမောင်းခဲ့ရသည့်အတွက် အထဲခဏဝင်ထိုင်ပြီး အနားယူရန် စီစဉ်ခဲ့သည်။ သို့သော် သူ အိမ်ဖော်ဝတ်စုံဝတ်ထားသည့်ရန်ရှုကို တွေ့လိုက်ရသည်။ သူ ခေတ္တရပ်သွားပြီးနောက် တစ်ဖက်ပြန်လှည့်ကာ ကားထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။

"ငါက အနားယူဖို့ မထိုက်တန်ပါဘူး..."


"သွားပြီ…"


စန့်ရှန်းက ခွေးများကို ကိုင်ထားပြီး ရှန်းကျွင့်ကျင်း ထွက်သွားသည်ကို ကြည့်နေခဲ့သည်။


ရန်ရှူက အမြန်ကားမောင်းသွားသော ရှန်းကျွင့်ကျင်းကိုကြည့်ပြီး ရှုပ်ထွေးမှုဖြင့် မေးလိုက်သည်။

"ဒီစကတ်က ငါနဲ့ ကြည့်မကောင်းဘူးလား...သူ့ကြည့်ရတာ သရဲမြင်လိုက်ရတာကျနေတာပဲ..."


"လှပါတယ်...ဒါပေမယ့် သူက ဘယ်လို အသိအမှတ်ပြုရမလဲမသိလို့ဖြစ်မယ်..."

စန့်ရှန်းက ပြန်ဖြေလိုက်သည်။


"ကျစ်..." 

ရန်ရှူက ရှန်းကျွင့်ကျင်း ယူလာသည့် အိတ်ကိုဖွင့်ပြီး ထိုအထဲမှ လေဝဲပစ်ပန်းကန်ပြားကို ထုတ်ယူလိုက်သည်။


စန့်ရှန်းက ခွေးလည်ပတ်ကြိုးကို ဖြေလျှော့ပြီး ခွေးသုံးကောင်ကိုခြံဝင်းအတွင်းသို့ လွတ်လပ်စွာပြေးခွင့်ပြုလိုက်သည်။


ရန်ရှူက လေဝဲပစ်ပန်းကန်ပြားကို ပစ်လိုက်ရာ ၎င်းက အဝေးသို့ ပျံသွားခဲ့သည်။


ဆာမိုရယ် နှင့် အလက်စကာတို့က ပန်ကန်ပြားကို ချက်ချင်းပင် လိုက်ဖမ်းခဲ့ကြသော်လည်း ဟက်စကီးကမူ မြေကြီးကိုသာ တူးဆွနေခဲ့သည်။ 


မြေပြင်ပေါ်ရှိမြက်များက ဟက်စကီး၏အာရုံကို အဘယ်ကြောင့်ပိုရသွားကြောင်း သူ မသိချေ။


ရန်ရှူက ခွေးနှစ်ကောင်နှင့် ပန်းကန်ပြားကို ခဏမျှကစားခဲ့ပြီးနောက် ဟက်စကီးက နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာဟန်ဖြင့် အိမ်ကြီးထဲ အရိုင်းဆန်စွာ ပြေးလွှားကာ ကြာကန်ထဲသို့ ဒိုင်ဗင်ထိုးချသွားခဲ့သည်။


ရန်ရှူက ဟက်စကီး၏ ထူးဆန်းသော အပြုအမူကို မြင်လိုက်ရစဉ် ခဏမျှရပ်သွားခဲ့ပြီး သူ့နောက်သို့ ပြေးသွားခဲ့သည်-

"ထွက်စမ်း...ထွက်လာခဲ့... သေလိုက်ပါတော့... မင်း ရူးနေတာလား...ဘာလို့ရေကန်ထဲခုန်ချတာလဲ...အခု အကုန်ရွှံ့တွေပေကုန်ပြီ...ငါ မင်းကို ဘယ်လို ရေချိုးပေးရမလဲ..."


စန့်ရှန်းက အလျင်မလိုနေပေ။ သူက ခြံဝင်းအတွင်းရှိ ပက်လက်ကုလားထိုင်ပေါ်တွင်လှဲကာ လက်ကိုင်ဖုန်းကို ထုတ်၍ ရန်ရှူ၏ စကတ်စကိုမပြီး ဆူငေါက်ရင်း အရိုင်းဆန်စွာ ပြေးလွှားနေသည့် မြင်ကွင်းကို မှတ်တမ်းတင်ထားခဲ့သည်။ သူ ဘယ်လိုပင်ကြည့်ကြည့် ၎င်းက ရယ်ရွှင်ဖွယ်ကောင်းနေပေသည်။


"ခွေးစုတ်လေး....မင်းနာမည်ဘယ်လိုခေါ်လဲ... ထွက်လာခဲ့စမ်း... မင်းဘာလို့ အဲ့မှာပတ်ပြေးနေတာလဲ... အဲ့ဒါတွေက ပန်းတွေကွ မဆွဲနဲ့..." 


ရန်ရှူက ဟက်စကီးကို ဥယျာဉ်ထဲ တစ်ဖန်လိုက်ဖမ်းနေရပြီး ရုတ်တရက် သူက ထအူလာခဲ့သည်။ သူ သွားကြည့်လိုက်ရာ ဟက်စကီးက ဆူးထူသော စပျစ်နွယ်ပင်ပေါ်တက်နင်းမိခဲ့ပြီး သူ၏ခြေဖဝါးက နာကျင်မှုနှင့်အတူ တုန်ရီနေသည်ကိုတွေ့လိုက်ရသည်။ ရန်ရှူ ချက်ချင်းပင် ရွှင်မြူးစွာဖြင့် အကျယ်ကြီးရယ်မောလိုက်သည်။


ရလဒ်အနေဖြင့် ဟက်စကီးက ရုတ်တရက်ကြီး သူ့ဆီသို့ ပြေးဝင်လာခဲ့ပြီး သူ့ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။


မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် ရန်ရှူက အံ့အားသင့်သွားပြီး သူ့ခေါင်းကိုလှည့်ကာ ခွေးနှင့် စတင်တိုက်ခိုက်ခဲ့သည်–

"ဟေ့ကောင် မင်း ငါ့စကတ်ကို ညစ်ပတ်အောင်လုပ်လိုက်ပြီ...မင်းက ရွှံ့တွေပေနေတာကွ..."


ရန်ရှူက တဖြည်းဖြည်းနှင့် ဟက်စကီးကို အနိုင်ရရန်ခက်ခဲ‌သည်ကို ရှာတွေ့ခဲ့သည်။ အထူးသဖြင့် တခြားခွေးနှစ်ကောင်က ရန်ရှူ သူတို့နှင့်အတူ ဆော့ကစားနေသည်ဟု ထင်ပြီး သူတို့ပါဝင်၍ ရန်ရှူကို တွန်းထိုးလာခဲ့သည်ကြောင့် ရန်ရှူ အကြာကြီးပင် မတ်တပ်မရပ်နိုင်ဖြစ်လာခဲ့သည်။


ရန်ရှူက စန့်ရှန်းကို အော်ခေါ်ရုံသာတတ်နိုင်ခဲ့သည်။

"ငါ့ကို လာကူဦး..."


စန့်ရှန်းက တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

"သေဆုံးသွားတဲ့ ရည်းစားဟောင်းက ငြိမ်းငြိမ်းချမ်းချမ်းပဲ သေဆုံးနေသင့်တယ်..." 


ရန်ရှူက အလွန်ဒေါသထွက်သွားခဲ့သည်။

"လောင်ကုန်း...ဒီကိုလာပြီး သူတို့ကိုကူရှင်းပေးပါဦး..."


စန့်ရှန်းက နှုတ်ခမ်းထောင့်ကို ကော့ညွှတ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ထရပ်လိုက်သည်။

"ကောင်းပြီ မင်းလောင်ကုန်းလာပြီ..."


စန့်ရှန်းက သူတို့အနားရောက်ပြီး ပြောလိုက်သည်။ 

"ထိုင်..."


ခွေးသုံးကောင်က တစ်ချိန်တည်းပင် ငြိမ်သက်သွားခဲ့သည်။


ထိုမှသာ ရန်ရှူ အသိပြန်ဝင်လာခဲ့ပြီး သူလည်း အမိန့်ပေး၍ရနိုင်ခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။


သို့သော် စကားကပြောခဲ့ပြီးပြီဖြစ်သည်။ ယခု သူတို့နှစ်ယောက် တရားဝင်ပြန်ဖြစ်သွားခဲ့ကြပြီဖြစ်သည်။


စန့်ရှန်းက သူ့အနားရောက်လာခဲ့သည်။ ရန်ရှူက စန့်ရှန်း သူ့ကို ဆွဲထူလိမ့်မည်ဟု ထင်ခဲ့သော်လည်း စန့်ရှန်းက သူ့၏ ပေတလူးနေသော မျက်နှာကို ဖုန်းနှင့် အနီးကပ် ဓာတ်ပုံရိုက်ယူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။


ရန်ရှူ အလွန်ဒေါသထွက်ပြီး ထထိုင်ကာ သူ့ကိုရိုက်နှက်လိုက်သည်။


စန့်ရှန်းက နောက်ဆုံးတွင် သူ့ဖုန်းကိုချပြီး သူ့ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ခေါင်းငုံ့၍ သူ့ကိုနမ်းလာခဲ့သည်။


ရန်ရှူက ဆန္ဒမရှိစွာ အနမ်းခံခဲ့ရသော်လည်း ဖြည်းဖြည်းချင်း အနမ်းကို လက်ခံလာခဲ့သည်။ သူက စန့်ရှန်း၏ ကော်လံကို ဆွဲယူရန် လက်မြှောက်လိုက်သည်။


သူ့စကတ်ကို ဆက်ကိုက်နေသော ခွေးစုတ်များမရှိပါက ပိုပင်ပြီးပြည့်စုံသွားလိမ့်မည်ဖြစ်သည်။


အနမ်းပြီးဆုံးသွားချိန်တွင် ရန်ရှူက ဟက်စကီးကိုကိုင်ပြီး စန့်ရှန်းကိုပြောလိုက်သည်။

"သွား...ရေသွားချိုးပေးကြရအောင်..."


"ကောင်းပြီ..."


သူတို့နှစ်ဦးသား ဟက်စကီးကို ထိန်းချုပ်ပြီးနောက် ပန်းပင်များရေလောင်းသည့် ရေပိုက်ဆီသို့သွားကာ ဟက်စကီးကို သူ့ခန္ဓာကိုယ်ပေါ်မှရွှံ့များဆေးချရန် ကူညီပေးခဲ့သည်။


ဒါပေမယ့် သူတို့ ခွေးကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ပါ့မလဲ...


ဟက်စကီးက ဟစ်အူ၍ ရေများခါယမ်းရန် အပြင်းအထန်ကြိုးစားခဲ့သောကြောင့် ရန်ရှူ၏စကတ်ကို လုံးဝစိုရွှဲသွားစေပြီး သူ့ခန္ဓာကိုယ်၌ ကပ်နေစေခဲ့သည်။


စန့်ရှန်းက ဟက်စကီးကို ရေချိုးပေးနေသော်လည်း သူ့မျက်လုံးများကမူ ရန်ရှူပေါ်သာ ကျရောက်နေခဲ့သည်။


အိမ်ဖော်ဝတ်စုံက သူ့ခန္ဓာကိုယ်တွင် ကပ်နေပြီး သူ၏ခန္ဓာကိုယ်ကောက်ကြောင်းကို ပြသနေခဲ့သည်။ သူက ပိန်ပါးသွယ်လျပြီး အနိုင်ကျင့်ရန် အလွန်သင့်လျော်ပုံရနေသည်။


ရန်ရှူရဲ့ အကြည့်တွေကလည်း မဖြူစင်နေဘူးဆိုတာကို ဘယ်သူကသိမှာလဲ...


သူက မှတ်ချက်အချို့ပင်ပေးခဲ့သေးသည်။

"ရှပ်အင်္ကျီ၊ ရေစိုနေတဲ့ခန္ဓာကိုယ်နဲ့ ရင်ဘတ်ကြွက်သားတွေ ... " 


စန့်ရှန်းက ၎င်းကိုကြားပြီးနောက် အသံလွင်လွင်ဖြင့်ရယ်မောခဲ့သည်။

"ဘာလဲ..."


"ဘာမှမဟုတ်ဘူး...ငါ့လောင်ကုန်းက ကြည့်ကောင်းသားပဲ..."


စန့်ရှန်းက ရေပိုက်ခေါင်းကိုပိတ်ပြီး ခွေးကို မျက်နှာသုတ်ပုဝါဖြင့်ပတ်ကာ သန့်စင်အောင်သုတ်ပေးလိုက်သည်။


ကံမကောင်းစွာပင် ဟက်စကီးက အနည်းငယ်စိတ်လှုပ်ရှားနေပြီး ဆက်ကစားချင်နေသေးသည်။ ထို့ကြောင့် သူက လျင်မြန်စွာ ပြေးထွက်သွားခဲ့ပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်မူ သူက ပတ်ပြေးရုံသာဖြစ်ပြီးက ကြာကန်ထဲသို့ ထပ်မဝင်ခဲ့ချေ။


ရန်ရှူက ဘေးသို့လှမ်းခဲ့ပြီး သူ့ဖုန်းဖြင့် စန့်ရှန်းကို ဓာတ်ပုံလှမ်းရိုက်ခဲ့သည်။ သူက ပုံထဲတွင် စန့်ရှန်း၏ မျက်နှာပါအောင်ပင်မရိုက်ခဲ့ချေ။ သူ့အတွက် ရင်ဘတ်ကြွက်သားနှင့်ပင် လုံလောက်သည်။


စန့်ရှန်းက ဂရုမစိုက်ဘဲ ရန်ရှူကို မှန်ဆီသို့ထပ်ပြီး ခေါ်သွားခဲ့သည်။

"ဒီနားမှာ ပိုရှင်းရှင်းလင်းလင်း မြင်ရတယ်..."


"အခုက နေ့ခင်းဘက်ကြီးလေ…"


"ဘယ်သူမှ မမြင်ဘူး..."


နေ့လည်ခင်း နေရောင်က နွေးထွေးနေခဲ့သည်။


မူလက တိတ်ဆိတ်နေခဲ့သော အိမ်ကြီးမှာ ပိုင်ရှင်နှင့် ခွေးများရောက်လာခြင်းကြောင့် ဆူညံလာခဲ့သည်။


ခွေးသုံးကောင်က သူတို့သခင်များ၏အဖော်ပြုခြင်းမပါဘဲ ကျယ်ပြောသော ခြံဝင်းထဲတွင် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေခဲ့ကြသည်။


ခွေးသုံးကောင်လုံး သူတို့၏သခင်က မင်းသမီးလေးကို ပွေ့ချီမလာမီအထိ အိမ်ထဲသို့မဝင်ခဲ့ကြပေ။


ဤနည်းအားဖြင့် သူက သူချစ်ရသောလူနှင့်အတူ နေရောင်ကိုခံစားခဲ့ပြီး ခွေးများကို ထိန်းကျောင်းကာ နေပူထဲ၌ တစ်ရေးတစ်မောအိပ်ရန်နှင့် တစ်နေ့လုံးပျင်းရိနေရန် အိမ်ကြီးဆီပြန်ခဲ့သည်။


အနည်းငယ် ဆူညံသော်လည်း ထူးခြားစွာပင် သက်တောင့်သက်သာခံစားခဲ့ရ၏။


သူ၏ရင်ခွင်ထဲ ထိုလူကို ပွေ့ဖက်ထားစဉ် သူ့ဘဝတစ်သက်သာလုံး ဤသို့နေထိုင်ရမည်ဆိုပါက ကောင်းလိမ့်မည်ဟုပင် တွေးမိခဲ့သည်။



📽️