Chapter 54
Viewers 7k

Chapter - 54

(ချင်းယင်....)

တိုက်ရိုက်ထုတ်လွှင့်မှုသည် ချောမွေ့စွာ ပြီးသွားခဲ့ပြီး သီးခြားကုသရေးဝတ်စုံကို ဝတ်ဆင်ထားသည့် ကျောင်းမြန်သည် ကပ္ပတိန်ပေါ်မှ ပတ်တီးများကို ဖြည်လိုက်ကာ စစ်ဆေးဆရာဝန်နှင့် ပြည်ထောင်စုဆရာဝန်များရှေ့တွင် ဆေးလိမ်းပြခဲ့သည်။ 

စီဆဲလ်နှင့် အယ်လန် သည် မှန်နံရံအပြင်ဘက်မှ ကြည့်ကာ အထဲသို့ မဝင်ခဲ့ကြပေ။

တိုက်ရိုက်ထုတ်လွှင့်မှုသည် တစ်ရက်ကြာမြင့်ပြီး နောက်ဆုံးတွင် ကပ္ပတိန်သည် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ကာ ပြန်လည်ကောင်းမွန်လာသည်ကို ကြည့်ရှုသူများ မြင်တွေ့ခဲ့ရသည်။

ကုရှင်းချီက ကပ္ပတိန်အား သူဘယ်လိုခံစားရလဲ ဟု မေးလိုက်ချိန်တွင် ကပ္ပတိန်သည် စကားနည်းနည်းပြောကာ ပြန်ဖြေနိုင်နေပြီဖြစ်သည်။

အရာအားလုံးသည် အဆင်ပြေပြေဖြင့် ပြီးသွားခဲ့သည်။

စတားကွန်ရက်မှ တိုက်ရိုက်ထုတ်လွှင်မှုသည်လည်း နေရာစုံမှလူများ၏ ကြည့်ရှုမှုကြောင့် ကြည့်ရှုနှုန်း မြင့်တက်နေတော့သည်။

အခြေအနေများ ပိုကောင်းလာပြီး စီဆဲလ်သည် ကုရှင်းချီနှင့် တွေ့ဆိုကာ နယ်စပ်ဒေသရှိ စစ်ရေးအစီအမံတွေကို ဆွေးနွေးခဲ့ကြသည်။

ကျောင်းမြန်သည် ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် လေယာဉ်ငယ်တစ်စီးဖြင့် တောင်ပေါ်သို့ မောင်းနှင်ရန် ခွင့်တောင်းခဲ့သည်။ နယ်စပ်ဒေသရှိ နှင်းထူထပ်သော တောင်တန်းများတွင် ပွင့်သည့် ဟောင်လုလုသည် ပို၍ သန့်ရှင်းကြောင်း ကျောင်းမြန် ကြားရသဖြင့် ထိုအပင်များ များများစုဆောင်းမိပါက ဇာစ့်အဆိပ်ကို ဖယ်ရှားနိုင်သည့် ပါဝင်ပစ္စည်းများက ပိုထိရောက်နိုင်သောကြောင့် ကျောင်းမြန် ကိုယ်တိုင် အဲ့အရာကို မြင်ဖူးချင်နေသည်။

စီဆဲလ်သည် မူလက ခွင့်မပြုဘဲ ကျောင်းမြန်အား အစည်းအဝေးတက်ရန်သာ ခေါ်ခဲ့သော်လည်း ကျောင်းမြန်က ပြတ်သားစွာ ငြင်းလိုက်သည်။

ကျောင်းမြန်သည် ၎င်းတို့ကြားရှိတရားဝင်ကိစ္စများကို တိကျစွာ အမြဲတမ်း သတ်မှတ်ထားပြီး သူ့ကိုယ်သူ အဖွဲ့ချုပ်၏ စစ်ရေးကိစ္စများတွင် အလွန်အကျွံပါဝင်ရန် ခွင့်မပြုဘဲ လက်တွေ့မှာပင် သူ၏အထောက်အထားသည် ထိလွယ်ရှလွယ်ဖြစ် နေသည်။ ညီအစ်ကိုများသည် အကောင့်များကို ရှင်းလင်းပြတ်သားစွာ ဖြေရှင်းကြပြီး မိတ်ဖက်များကြားတွင် ထိုကိစ္စသည် ပို၍ပင် အရေးကြီးပါသည်။

ကျောင်းမြန် အစည်းအဝေးဖိတ်ကြားချက်ကို ငြင်းဆန်ပြီး အစည်းအဝေးသို့သွားမည့်အစား တောင်တန်းများဆီသို့သာ သွားခဲ့သည်။

ကျောင်းမြန်သည် မူလက တစ်ယောက်တည်းသွားချင်သော်လည်း အယ်လန်၏ အကျပ်ကိုင်မှုကို မခံနိုင်‌သောကြောင့် ထိုမင်းသားကိုပါ သူနှင့်အတူ ခေါ်လာခဲ့ရသည်။

"ငါတို့အခုသွားမယ့်တောင်တွေက ဘယ်လိုမျိုးလဲ" 

အယ်လန်သည် သူ့လက်များကို ပွတ်သပ်ကာ လေယာဉ်ထောင့်ရှိ ထိုင်ခုံပေါ်၌ လှဲလျောင်းနေသည်။

ကျောင်းမြန် ပြုံးပြီးပြော၏။

"အဲ့နေရာက ခင်ဗျားနဲ့ အသင့်တော်ဆုံးပဲ...ခင်ဗျား အရမ်းပျင်းပြီး အေးနေတယ်မှတ်လား..."

"တောင်ပေါ်မှာ ပိုအေးလား...."

"မဟုတ်ဘူး" 

ကျောင်းမြန်က ခေါင်းယမ်းလိုက်ပြီး ဆက်ပြောပြသည်။

 "လေ့ကျင့်ခန်းလုပ်သလိုပဲ‌လေ....တောင်ပေါ်တက်ရင်း ချွေးတွေကထွက်‌နေမှာဆိုတော့ အေးတော့မှာ မဟုတ်ဘူး။ ရေခဲမြစ်ရဲ့ နယ်စပ်က ဖက်ဒရေးရှင်းနဲ့မတူဘူး၊ နေရာနဲ့ ပိုဝေးလေလေ ပိုပူလေလေပဲ..."

အယ်လန် မျက်တောင်ခတ်လိုက်ပြီး အဲ့လောက်တောင် အံ့ဩဖို့ ကောင်းတာလား...! 

ကျောင်းမြန်သည် သူ့နောက်မှလိုက်လာသော အစောင့်တပ်သားများဖြစ်သည့် ကုရှင်းချီ၏ ဖက်ဒရယ်စစ်တပ်နှင့် စီဆဲလ်၏ အမှတ်၁၂တပ်ဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ပြီး အယ်လန်၏ ပခုံးအား ပုတ်ပြီး ပြောလေသည်။

"လေယာဉ်ပေါ်က ဆင်းပြီးရင် အစောင့်တွေနောက်ကလိုက်ဖို့နဲ့ အဖွဲ့ဝင်တွေနဲ့ အရမ်းအဝေးကြီးကို မသွားပါနဲ့၊ ဘေးကင်းဖို့ကိုပဲ ဂရုစိုက်ပါ..."

"အင်းပါ..."

အယ်လန်လည်း နှုတ်ခမ်းစူကာ မကျေနပ်သည့် အသံဖြင့် ပြန်ဖြေလိုက်သည်။

လူတိုင်းက သူ့ကို ကလေးလေးလို ဆက်ဆံကြ‌နေကြသောကြောင့် သူ့ကိုယ်သူ အသုံးမဝင်သလို ခံစားရကာ တခြားသူများကိုလည်း အပြစ်မတင်နိုင်သလို သူကိုယ်တိုင်လည်း မပျော်မရွှင်ဖြစ်နေဆဲဖြစ်သည်။

ကျောင်းမြန် ပြုံးကာ အယ်လန်၏ ဆံပင်ထိပ်ကို ပွတ်သပ်ပြီး ပြောလိုက်သည်။

"ခင်ဗျားကို နှိမ်တာ မဟုတ်ဘူး၊ ခင်ဗျားက နယ်စပ်နဲ့ မရင်းနှီးဘူး၊ ဒီနေရာက မြို့တော်လို အေးချမ်းတဲ့ နေရာမျိုးမဟုတ်ဘူး၊ ပုံမှန်အတိုင်း ဂရုစိုက်တာ ပိုကောင်းတယ်...ပြီးတော့ သတိထားရမှာက ခင်ဗျားတင်မကဘူး ကျွန်တော်လည်း အဝေးကြီးသွားလို့မရဘူး....ကျွန်တော်တို့အားလုံး သတိထားမှရမယ်...."

အယ်လန် အံ့အားသင့်သွားပြီး ကြက်သွန်ဖြူကို ထောင်းနေသကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ...!"

တောင်တန်းများတွင် အကိုင်းအခက်များဖြင့် ပြည့်နှက်နေပြီး မြေပြင်ပေါ်ရှိ နှင်းများသည်လည်း ဒူးဆစ်‌လောက်ထိထူသဖြင့် တစ်လက်မပင် ရွှေ့ရန် သွားလာရခက်ခဲစေသည်။

"ဝူး! အေးတယ်ဟ....!" 

အယ်လန်သည် အော်ဟစ်ပြီး ပြောလေသည်။

"ဒီလိုမျိုးသာ ဆက်သွားနေရင် ငါ့ခြေထောက်တွေကို ဆုံးရှုံးရတော့မှာပဲ!!" 

ကျောင်းမြန် ထိုအရာအား မြင်ချိန်တွင် ရယ်ရငိုရခက်စွာဖြင့် လေယာဉ်ဆီပြန်သွားခိုင်းပြီး သူ့နောက်ကို ဆက်မလိုက်ရန် ပြောသော်လည်း အယ်လန်သည် ခေါင်းမာစွာဖြင့် သူ့နောက်ဆက်လိုက်ဖို့သာ ပြောလေသည်။

နှစ်ယောက်သား ရှေ့ကို တစ်လှမ်းချင်း လျှောက်လာကြပြီး ကျောင်းမြန်သည် လမ်းတစ်လျှောက်တွင် ဟောင်လုလုကို သယ်ရန် စစ်တပ်မှ ကွန်တိန်နာ တစ်စီးကို နောက်မှ လိုက်ပါစေခဲ့သည်။

နက်နဲသော နှင်းထုပေါ် ခြေတစ်လှမ်း ချလိုက်ပြီး ကျောင်းမြန်သည် နောက်သို့ လှည့်ကြည့်ကာ ခဏရပ်လိုက်သည်။

သူနဲ့ သူ့အကိုကြီးလည်း ယခုလိုမျိုး နှင်းတောထဲတွင် တစ်ယောက်နှင့်တစ်ယောက်ဖေးမရင်း သွားခဲ့ဖူးသည်။

ကျောင်းမြန်၏ စိတ်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားသည်။

အဲဒီလူက စီဆဲလ်များ ဖြစ်‌နေမလား...။

သူသည် အစက စီဆဲလ်အား လူဆိုးတစ်ယောက်ဟု ထင်မြင်ခဲ့ဖူးသော်လည်း သူသည် အလွန်အရေးကြီးသောအခိုက်အတန့်များတွင် အားကိုးအားထားပြုလို့ရသည့် ရဲရင့်ပြီး ပြတ်သားသော စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်နေခဲ့သည်။

သို့သော် မကြာသေးမီကပင် စီဆဲလ်သည် အလွန်နူးညံ့သိမ်မွေ့ပြီး နွေးထွေးသောလူဖြစ်ကြောင်းကိုလည်း သူသိလာခဲ့သည်။

-သူသာဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ...။

ကျောင်းမြန် အံ့အားသင့်သွားကာ သူ့မျက်နှာသူ ရိုက်လိုက်ပြီး အေးနေလို့ ပေါက်ကရတွေလျှောက်တွေးနေသည်ဟု ထင်လိုက်သည်။

"ဆက်သွားကြမယ်..."

နှစ်ယောက်သား တောင်ပေါ်သို့ တက်လာကြရာ လမ်းတစ်ဝက်အရောက်တွင် ကျောင်းမြန်ရော အယ်လန်ပါ ချွေးများ ထွက်လာသောကြောင့် သိပ်မအေးတော့‌ပေ။

"ဟေး...! ရေတံခွန်ပဲ....!" 

အယ်လန်သည် ရှေ့ကို ညွှန်ပြပြီး ပျော်ရွှင်စွာ အော်ပြောလိုက်သည်။

"ဒီနေရာမှာ ရေတံခွန် ဘယ်လိုလုပ်ရှိနေတာလဲ...သူတို့ရော‌ အေးနေလောက်လား...!"

"ဒါ‌ကြောင့် ကျွန်တော်‌ ပြောတာလေ မြင့်လေ ပူ‌လေလို့..."

ကျောင်းမြန်လည်း ပြုံးကာ ဆက်ပြော၏။

"ခင်ဗျား ရေဆော့ချင်ရင် သူတို့ကိုခေါ်သွားလေ....‌ ရေကလည်း နွေးနေမှာပါ...."

အယ်လန်သည် ရေတံခွန်သို့သွားကာ သူ့လက်ချောင်းထိပ်များဖြင့် အစမ်းကိုင်ကြည့်ရာ ၎င်းသည် တကယ်နွေးထွေးကြောင်း တွေ့ရှိပြီးနောက်တွင် သူသည် သူ၏လက်များ၊ ခြေထောက်များကို စိမ်ထားလိုက်သည်။

ကျောင်းမြန်လည်း ရယ်မောကာ ကျောက်နံရံပေါ်သို့ တက်ကာ ကျောက်နံရံများကြားမှ အက်ကွဲကြောင်းများပေါ်ရှိ ရှားပါးသော ဆေးဖက်ဝင်အပင်များကို နုတ်ယူလိုက်သည်။ 

ဖက်ဒရယ်နယ်စပ်၏ ဝေးလံခေါင်သီသောဒေသများတွင် အဖိုးတန်ဆေးဖက်ဝင်အပင်များစွာရှိကြောင်း သူကြားသိခဲ့ရပြီး ၎င်းတို့သည် ရှားပါးသည်ဟူ‌သောအမည်နှင့်အညီ အမှန်တကယ်ကို ရှိနေခဲ့သည်။

ကျောင်းမြန်သည် ခူးဆွတ်ထားသော အပင်များကို ၎င်း၏ ကျောပိုးအိတ်အတွင်းမှ အကန့်များထဲသို့ စာရင်းမှတ်ကာ ခွဲထည့်လိုက်ပြီး အမျိုးအစားတစ်ခါတည်း ခွဲပေးနေသောကြောင့် နောင်အခါ လူအများကို ဤနေရာသို့ လာခိုင်း၍ ဆေးဝါးများ စုဆောင်းကာ ဖက်ဒရယ်စက်ရုံသို့ တစ်ဆင့်ပြန်တင်ပို့ခိုင်းလို့ရ‌ပေလိမ့်မည်။

သူလိုအပ်သည့် အပင်များကို နုတ်ယူပြီး ပြန်ဆင်းခါနီးတွင် အောက်မှ အယ်လန်၏ ရုတ်တရက် အော်ခေါ်သံကို ကြားလိုက်ရသည်။ 

"အာ့မြန် ဒီကိုကြည့် ..!"

အယ်လန်က ကျောက်တုံးထိပ်ကို ညွှန်ပြပြီး မေးလေသည်။ 

"အဲဒါက ဘာလဲ...."

ကျောင်းမြန် အံ့ဩသွားသည်။

သူ လှမ်းကြည့်လိုက်ချိန်တွင် ကျောက်တုံးထိပ်တွင် ခရမ်းရောင်ပန်းများ ပွင့်နေပြီး ထိုပန်း၏ ပွင့်ချပ်များသည် အပြာနုရောင်နှင့် ခရမ်းရောင်ရောနှောနေပြီး ထိုခရမ်းရောင်သစ်ခွများသည် အလွန်လှပကာ အရောင်အစစ်အမှန်ကို မမြင်နိုင်လောက်သည်အထိ လှပနေပါသည်။

လေထုနှင့် ဆန့်ကျင်လျက် ဆီးနှင်းအနည်းငယ် ဖုံးလွှမ်းသွားသော်လည်း ပုံမပျက်သွားပေ။

ဥဒေါင်းမြီးပန်းပဲ....။

ကျောင်းမြန် : "အဲ့ဒါ ဆောင်းရာသီမှာ ပွင့်တဲ့ ပန်းတစ်မျိုးပဲ"

"အိုး..." 

အယ်လန်သည် သူစိတ်မဝင်စားကြောင်း အသံတစ်ချက်ပြုရင်း ခေါင်းငုံ့ကာ မျက်နှာကို ဆက်လက်ဆေးကြောနေလေသည်။

အယ်လန် တစ်ယောက် သူ့မျက်ခုံးပေါ်မှ ချွေးများ အေးခဲသွားသလို ခံစားလိုက်ရပြီး ရေချိုးရင်း သက်တောင့်သက်သာရှိသောကြောင့် တစ်ချက် ညည်းလိုက်သည်။

ကျောင်းမြန်လည်း ပန်းများကို ကြည့်နေသည်ကိုရပ်ကာ နွယ်ပင်များနှင့် ကျောက်ထစ်များကိုဆုပ်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ထလိုက်သည်။

အယ်လန် ထိတ်လန့်သွားပြီး.....

"သတိထားနော်...."

"ရပါတယ်...."

ကျောင်းမြန်က ထိုပန်းအစုလိုက်ကို ခူးချင်နေခဲ့သည်။

ကျောင်းမြန် ဆက်တက်သွားသည်ကို မြင်လိုက်ရချိန်တွင် အနားယူနေသည့် အစောင့်များကလည်း သူနှင့်အတူ လိုက်တက်လာခဲ့သည်။

ကျောင်းမြန် တစ်ချက်ခုန်ပြီး တက်လိုက်ချိန်တွင်တော့ သူအပေါ်သို့ရောက်သွားခဲ့လေသည်။

သို့သော် ကျောင်းမြန်သည် ပန်းများကို တယုတယဖြင့်ခူးကာ သူ့ခါးမှ အိတ်ကပ်ထဲသို့ ထည့်လိုက်စဉ် သူ့မျက်လုံးထောင့်မှ အနီရောင်အလင်းတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရပြီး သိပ်မကြာခင် သူ့ရှေ့သို့အနီရောင်တောက်တောင် တစ်ခု ရောက်လာခဲ့သည်။

"ဒိုင်း ဒိုင်း...!"

ကျောင်းမြန်သည် သေနတ်အား သူ့လက်ဖြင့် မသိစိတ်မှ ဆွဲထုတ်လိုက်ပြီး ရှေ့ကို လှမ်းပစ်လိုက်သည်။

သူ့ရှေ့မှလူသည် ကျောင်းမြန်၏ ဖမ်းဆီးမှုကို လျင်မြန်စွာ ရှောင်တိမ်းသွား‌လေသည်။

အောက်မှ စစ်သားများကလည်း သေနတ်များဖြင့် ချိန်ကာ တညီတညွတ်တည်း တုံ့ပြန်ကြသည်။

ကျောင်းမြန်လည်း ခုခံသည့်အသွင်ဖြင့် နံဘေးတွင် ငုတ်တုတ်ထိုင်ကာ သေနတ်တစ်လက်ကို ကိုင်လျက် သူ့ရှေ့တွင် ရှိနေသည့် အနီရောင်ဖြင့်လူကို ချိန်ထားလိုက်သည်။

ချင်းယင်သည် သူ့ရှေ့တွင် ရပ်လိုက်ပြီး သူ၏(ချင်းယင်) ပါးပေါ်သို့ ဖရိုဖရဲ ကျနေသည့် ဆံပင်များကို ဖယ်ကာ ပြုံးလိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။

"ဘာလို့ ဒီလောက်တောင် ရက်စက်နေရတာလဲ..."

ကျောင်းမြန်သည် အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ..."

"ပင်လယ်ဓားပြတွေက နေရာတိုင်းကို သွားနေကြတာလေ....ပြီးတော့..."

ချင်းယင် ပြုံးလိုက်ပြီး သူ့လက်မဖြင့် သူ့ကိုယ်သူ ထိုးပြကာ ဆက်ပြောသည်။

"ဒီကပ္ပတိန်ရဲ့ နှလုံးသားကလည်း ဒီကို ရုတ်တရက် ရောက်နေတာကို..."

ကျောင်းမြန်သည် ချင်းယင်အား ဘာအမူအယာမှမပြဘဲ ကြည့်နေလေသည်။

ချင်းယင် ပခုံးကိုတွန့်ကာပြီး သူ့လက်ချောင်းများကို မြှောက်လိုက်သည်။

ထို့နောက် မရေမတွက်နိုင်သည့် ပင်လယ်ဓားပြများ နေရာအနှံ့မှ ပေါ်လာပြီး သူတို့ကို ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။

ချင်းယင်သည် သူ့ပခုံးပေါ်မှ နှင်းများကို ခါချရင်း ဆို၏။

"ဘယ်လိုပြောရမလဲ....မင်းသာ အသာတကြည်လိုက်မယ်ဆိုရင် ထိခိုက်မှု နည်းလိမ့်မယ်.... ဘယ်လိုလဲ"

ချင်းယင်၏ အသံသည် အမြဲတမ်း ငြီးငွေ့ဖွယ်ကောင်းအောင် ဆွဲဆောင်မှုရှိပြီး ချစ်သူ၏ နားနားသို့ တိုးတိုးလေးကပ်ပြောနေသကဲ့သို့ဖြစ်ရာလှုပ်ရှားမှုတိုင်းသည်လည်း ဟန်ဆောင်မှုများဖြင့် ပြည့်နှက်နေသဖြင့် မူပိုသော်လည်း မိန်းမ မဆန်ပေ။

ကျောင်းမြန် လှောင်လိုက်ကာ....

"ငါတို့က တိုက်ပွဲကိုမကြောက်ဘူး.....မင်းကသာသတိထားရမယ့်သူပဲ!"

ထို့နောက် သူ၏ဓါးကို ဆွဲထုတ်ကာ ချင်းယင်အား ထိုးလိုက်သည်။

သူတို့နှစ်ဦးသည် မြင့်မားသော ချောက်ကမ်းပါးတစ်ခု၏ အစွန်းတွင် တိုက်ခိုက်နေကြရာ ဟန်ချက်ပျက်သည်နှင့် ပြုတ်ကျ‌နိုင်ချေများသော်လည်း မြေပြင်ပေါ်၌ နှင်းများသာကျဆင်းသွားလေသည်။

အဆိုပါ ပင်လယ်ဓားပြများသည် အယ်လန်အား ပြင်းထန်စွာ ချဉ်းကပ်ကြ‌သော်လည်း အယ်လန်သည် ယခင်က ကျောင်းမြန်နှင့် လေ့ကျင့်ခဲ့ပြီးဖြစ်ရာ ယခုအခါ ၎င်းတို့ ဝန်းရံထားချိန်တွင် ရင်ဆိုင်နိုင်ပြီဖြစ်သည်။

"ရွှမ်း....!"

ကျောင်းမြန်၏ ဓါးဦးသည် ချင်းယင်အား ဦးတည်ကာ ထိုးလိုက်သော်လည်း ချင်းယင်လှည့်ထွက်သွားသည်ကိုသာ မြင်လိုက်ရပြီး ကျောင်းမြန်၏ ဓါးအား သူ့လက်ဖြင့် နောက်ကျောဘက်တွင် တားဆီးလိုက်သည်အား တွေ့လိုက်ရသည်။

ချင်းယင်သည် တခစ်ခစ်ရယ်လိုက်ပြီး ပြောလေသည်။

"မင်းငါ့ကို ထိအောင်မရိုက်နိုင်ဘူး၊ ဘာဖြစ်လို့လဲ သိလား" 

ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ငါက မင်းရဲ့ တိုက်ကွက်တွေကို သိနေလို့လေ..."

"ချွင်...."

ကျောင်း၏ ဓါးကို ချင်းယင်မှ တားဆီးလိုက်သည်။

"ကောင်းတာပေါ့..."

ကျောင်းမြန်သည် အသက်ကို ပြင်းပြင်းရှူကာ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

ဒါပြီးရင်‌တော့.....ချင်းယင် ဘယ်တော့မှ ခန့်မှန်းလို့မရစေရဘူး...။ 

ဘန်း..-

ချင်းယင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျောင်းမြန်ကိုယ်တိုင် ချောက်ကမ်းပါးမှ ခုန်ဆင်းသွားသည်ကို မြင်လိုက်ရသည်...။

ချင်းယင် အသိစိတ်လွှတ်သွားပြီး သူခုန်ချသည်ကို တားဆီးလိုသည့်ဟန် လက်ကိုဆန့်ထုတ်လိုက်သော်လည်း လေဟာနယ်ကိုသာ ဖမ်းမိပြီး ကျောက်နံရံကိုသာ ကိုင်မိလိုက်သည်။

အခြား ဘက်တစ်ခြမ်းမှ ကျောင်းမြန်သည် စပျစ်နွယ်ပင် တစ်ခုကို လှမ်းဆွဲလိုက်ပြီး ကျောက်နံရံပေါ် ခြေထောက်ကို မှေးတင်ကာ ဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ချင်းယင်ဘက်သို့ ဦးတည်ကာ ထိုးလိုက်သည်။

ချင်းယင် ဘေးသို့ကြည့်လိုက်သည်နှင့် ကျောင်းမြန်သည် နွယ်ပင်ကို တင်းကျပ်စွာကိုင်ထားသည်ကိုမြင်လိုက်ရချိန် ဓါးဦးသည် မတော်တဆ ကျောင်းမြန်ကိုင်ထားသည့် အပင်အား ခုတ်မိသွားသောကြောင့် သူ၏ဟန်ချက်ပျက်သွားရာ ချင်းယင်သည် ကျောင်းမြန်၏လက်ကို လှမ်းဆွဲကာ ကိုင်ထားပေးချင်မိခဲ့သည်။

သို့သော် ကျောင်းမြန်သည် အလွန်ရက်စက်စွာဖြင့် ချင်းယင်အား သူ၏ခြေထောက်များဖြင့် ကန်ထုတ်လိုက်ရာ အရှိန်အလွန်ပြင်းသဖြင့် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အနည်းငယ်ခြားသွားသည်။

တွန်းကန်အားကြောင့် ကျောင်းမြန် လက်ထဲမှ အကာအကွယ်လွတ်သွားပြီး လေဟာနယ်ထဲသို့ ပြုတ်ကျသွားသလို ချင်းယင်သည်လည်း ဘေးဘက်ရှိ ကျောက်နံရံနှင့် တိုက်မိကာ ပါးစပ်မှ သွေးများ ထွက်ကျလာသည်။

"အာ့မြန်..." 

အယ်လန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ကံကောင်းစွာဖြင့် အောက်ဘက်တွင် ရေရှိ‌နေကာ ကျောင်းမြန်သည်လည်း မှောက်လျက်အနေအထားဖြင့် မျက်နှာသည် အောက်ဘက်တွင်ရှိကာ ခြေထောက်နှစ်ချောင်းကို သက်တောင့်သက်သာရှိသည့်ဟန်ဖြင့် လက်နှစ်ချောင်းကိုကွေးကာ ရေသူမလေးတစ်ယောက် ဒိုင်ဗင်ထိုးချလိုက်သကဲ့သို့ ရေထဲသို့ လှပစွာ ကျသွားလေသည်။ 

"ဗွမ်း--!"

ဘေးသို့ ရေများစင်သွားသည်။

ကျောင်းမြန်၏ အခြေအနေသည် အကောင်းကြီးမဟုတ်သော်လည်း သူ၏ခေါင်းသည် မူးဝေလာကာ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေသည့်အသံတစ်ခုထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူ၏အမြင်အာရုံသည် မှုန်ဝါးလာခဲ့သည်။

သို့သော် ချင်းယင်၏ အခြေအနေသည် ပိုဆိုးရွားနေသည်။ ကျောက်နံရံသို့ ဆောင့်မိသည့်အရှိန်ဖြင့် ဒဏ်ရာရသွားပြီး နံရံမှချော်ကာ ရေထဲသို့ ပြုတ်ကျသွားပြီးနောက် မြစ်ရေမျက်နှာပြင်ပေါ်တွင် သွေးများ ရုတ်ချည်းပျံ့နှံ့သွားသည်။

ကျောင်းမြန် ခေါင်းကို အတင်းခါယမ်းကာ ခါးပတ်အတွင်းတွင် ဝှက်ထားသော ဓားမြှောင်လေးကို ဆွဲထုတ်ကာ ချင်းယင်အား အားကုန်ထိုးစိုက်ပြီး ရေထဲသို့ဆွဲချသွားသဖြင့် ဓားမြှောင်သည်လည်း ချင်းယင်၏ နှလုံးသားတည့်တည့်သို့ ထိုးစိုက်မိသွားသည်။

ချင်းယင်သည် နာကျင်နေရင်းနှင့်ပင် အတင်းရုန်းကန်ကာ ဘေးသို့ရှောင်လိုက်သောကြောင့် နဂိုက ထိုးမိရုံသာ ဖြစ်သည့်ဓားဒဏ်ရာအား ဆွဲဖြဲလိုက်သလို ဖြစ်သွား‌သောကြောင့် သနားစရာပင်‌ ကောင်းလှသည်။

မြစ်ရေမျက်နှာပြင်ပေါ်တွင် သွေး‌ရောင်များ လွှမ်းလာခဲ့သည်။

ချင်းယင်၏ ဓားမြှောင်သည်လည်း ကျောင်းမြန်၏ လက်ကောက်ဝတ်သို့ လှီးဖြတ်မိထားရာ နှစ်ယောက်သား ရေအောက်မှာပဲ ရှိနေဆဲဖြစ်ပြီး ကျောင်းမြန်၏ ရှည်လျားသည့် ဆံပင်များသည် သွေးများဖြင့် ပေကျံနေကာ အရောင်ခွဲခြားရန်ပင် ခက်ခဲလှသည်။

အဆုံး၌ ကျောင်းမြန် အရင် လက်လျော့လိုက်ရသည်။

ကျောင်းမြန်၏ဒဏ်ရာသည် အလွန်နည်းသော် လည်း ချင်းယင်၏ ဓား‌ကြောင့်ရသည့် ဒဏ်ရာသည် အလွန်ပြင်းထန်ကာ Dark Phoenixမှရသည့် အစွမ်းဖြင့် ပြန်လည် ကောင်းမွန်လာသည့်တိုင်အောင် ရေတံခွန်ထိပ်မှ အရှိန်ဖြင့် ခုန်ဆင်းလာခဲ့သည့်အတွက် သူ၏ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ဒဏ်မခံနိုင်တော့ပေ။

ကျောင်းမြန်သည် အအေးဒဏ်ကို မခံနိုင်တော့သဖြင့် မျက်လုံးများကို မှိတ်ချလိုက်ကာ ဓားမြှောင်ကိုင်ထားသည့် လက်ကိုလည်း ဖြေလျော့လိုက်သည်။

ချင်းယင် သွေးထွက်လွန်မှုကြောင့် မူးဝေနေမှုကို ခံနိုင်ရန် သူ့နှုတ်ခမ်းကို ကိုက်ကာ တောင့်ခံရင်း သူ့ရှေ့တွင် ပက်လက်မျောနေသည့် ကျောင်းမြန်အား လှမ်းဆွဲရန် ကြိုးစားလိုက်သည်။

အယ်လန်သည် သူ့သေနတ်ကိုကိုင်ကာ ရေထဲသို့ ခုန်ဆင်းလာပြီး အသက်ကိုပြင်းပြင်းရှူကာ ကျောင်းမြန်ကို ကာကွယ်ဖို့ ကြိုးစားပြီး ချင်းယင်အား ပစ်လိုက်သည်။

ပင်လယ်ဓားပြများနှင့် အစောင့်တပ်များသည် ၎င်းတို့၏ခေါင်းဆောင်များကို ကာကွယ်ရန် ရေထဲသို့ခုန်ဆင်းလာခဲ့ကြသည်။

ကျောင်းမြန်နှင့် ချင်းယင်အား ဆယ်ထုတ်ခဲ့ကြပြီးနောက် ကျောင်းမြန် မှိန်းနေရာမှ မျက်လုံးများဖွင့်ကြည့်လိုက်ချိန်တွင် ဖက်ဒရယ်စစ်တပ်နှင့် ပင်လယ်ဓားပြများ အချင်းချင်း တိုက်ခိုက်နေကြရာ နေရာတိုင်းတွင် မငြိမ်မသက်မှုများ ဖြစ်ပွားနေသည်။  

ချင်းယင်သည် ပင်လယ်ဓားပြများက သူ့အားတွဲခေါ်ထားရင်း ဆန့်ကျင်ဘက်အရပ်တွင် ရပ်ကာ လှောင်ရယ်ကာ အော်ပြောလိုက်သည်။

"ကျောင်းမြန်....! အဟွတ်....ဒီတစ်ခါ ငါမင်းကို ခေါ်သွားလို့မရနိုင်ရင်‌တောင်....ငါ ဒီကိုလာရတဲ့ ရည်ရွယ်ချက်နဲ့ လျှို့ဝှက်ချက်ကို မင်းသိသွားတဲ့အချိန်ကျရင် မင်းခြေထောက်နဲ့ မင်း .....အဟွတ် အဟွတ် ငါ့ဆီရောက် လာရလိမ့်မယ်..." 

ကျောင်းမြန် လုံးဝသတိမလွတ်ခင် နောက်ဆုံးမြင်လိုက်ရသည်မှာ ချင်းယင်က သူ့ကိုပြုံးပြနေသည်ကိုပင် ဖြစ်သည်။

------------------------------------------------------------------------