Chapter 53
Viewers 7k

Chapter - 53

(အိပ်မက်ဆိုးရယ်....လှပတဲ့အိပ်မက်ရယ်)

ရှောင်လဲ့သည် တံခါးအားဖွင့်လိုက်သောကြောင့် 
စီဆဲလ်သည် သူလောခ့်မချထားမိတာ ကံကောင်း သည်ဟု တွေးမိလိုက်သည်။

စီဆဲလ်သည် ရှောင်လဲ့အား သူ၏အခန်းထဲတွင် ပြန်အိပ်ခိုင်းလိုက်ပြီး သူ၏ စိုးရိမ်စိတ်ကြောင့် အိပ်လို့မရသဖြင့် ကျောင်းမြန်၏ အခန်းတံခါးအားအသားလေးတွန်းဖွင့်လိုက်သည်။

ကုတင်အစွန်းမှာဝင်ထိုင်ရင်း စီဆဲလ်သည် ကျောင်းမြန်အား သူ့နံဘေးမှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရပြီး မျက်ခုံးတွေ တွန့်ချိုးသွားကာ သူ၏(ကျောင်းမြန်)နဖူးတွင် ချွေးများဖြင့် ဖုံးလွှမ်း‌ နေသည်ကို တွေ့လိုက်ရသည်။

ထူးခြားသော အရိပ်အယောင်မရှိသော်လည်း အနီးကပ်ကြည့်လျှင် ကျောင်းမြန်ကောင်းကောင်းအိပ်လို့ မရသည်ကို မြင်နိုင်သည်။

စီဆဲလ်သည် သက်ပြင်းချလိုက်ပြီး သူ၏ကုတ်အင်္ကျီ နှင့် ဖိနပ်ကိုချွတ်ကာ ကျောင်းမြန်၏ဘေးတွင် ဝင်အိပ်လိုက်သည်။

"အင်းးးး"

ဘေးတွင် လူတစ်ယောက်ရောက်လာသောကြောင့် ကျောင်းမြန်သည် သတိအနေအထားဖြစ်သွားပြီး နိုးတော့မည့်အရိပ်အယောင်ပေါ်လာကာ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ချိန်တွင် သူ့အား စိုက်ကြည့်နေသည့် စီဆဲလ်အား မြင်လိုက်ရသည်။

"ဟိုင်း....မောနင်း.."

စီဆဲလ်သည် အပြုံးများဖြင့် ပြန်နှုတ်ဆက်ကာ သူ၏မျက်လုံးများသည်လည်း နူးညံ့နေလေသည်။

ကျောင်းမြန် အံ့ဩကာ....

"ခင်....ခင်ဗျား ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ!"

စီဆဲလ်သည် သူ၏လက်ကိုမြောက်ကာ ကျောင်းမြန်အား သူ့လက်မောင်းပေါ် ခေါင်းအုံး‌ စေလိုက်ပြီးတော့ပြောလိုက်သည်။

"ကိုယ် မင်းနဲ့ အတူသွားလို့ရလား.."

"ရ...ရပါတယ်...အခု ခင်ဗျားအရင်ဖယ်ဦး..."

ကျောင်းမြန် စီဆဲလ်အား တွန်းထုတ်လိုက်သည်။

စီဆဲလ်သည် ကျောင်းမြန်၏ပုခုံးအား ဆွဲဖက်လိုက်ပြီး အပြုံးလေးဖြင့်ဆက်ပြောလိုက်သည်။

"မြန်မြန်...ကိုယ် မှားခဲ့တာရှိရင်လည်း မင်းက ခွင့်လွှတ်ပေးလို့ မရဘူးလား....မင်းနဲ့ အတူတူ သွားခွင့်ပေးနော်..."

"ကျွန်တော်...!"

ကျောင်းမြန် ခဏရပ်ပြီးပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို စိတ်မတိုနေတော့ဘူး...ခင်ဗျားပဲ အတော်ဆုံး အတတ်ဆုံး..."

"ဟင်...!"

ကျောင်းမြန် ခပ်တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော်နဲ့ပဲ မကောင်းတာ...."

ကျောင်းမြန်၏ အသံသည် အလွန်တိုးညှင်းသော်လည်း စီဆဲလ်က ကြားနေရဆဲဖြစ်သည်။

စီဆဲလ်သည် ကျောင်းမြန်၏ ချွေးစို့နေသော မျက်နှာလေးကိုကြည့်ကာ နှဖူးမှ ချွေးစေးများကို လက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်ပြီး မေးလိုက်သည်။

"ဘာ အိပ်မက်တွေမက်နေလို့လဲ.."

ကျောင်းမြန် ဘာမှမပြောပေ။

စီဆဲလ်သည် စိတ်မညစ်သွားဘဲ လက်ကိုင်ပဝါအားသိမ်းကာ ကျောင်းမြန်အား လက်တစ်ဖက်ဖြင့် ဖက်ထားပြီး နောက်တစ်ဖက်ဖြင့် သူ၏ခေါင်းလေးအား ညင်သာစွာ ပွတ်ပေးကာ ပြော၏။

"အိပ်တော့....ကိုယ် ဒီမှာရှိတယ်.."

ကျောင်းမြန်သည် စီဆဲလ်၏ လက်မောင်းကို ခေါင်းအုံးထားရင်း စီဆဲလ်၏ တဖြေးဖြေး လေးလံလာသည့် ရင်ဘတ်ကို ကြည့်လိုက်ပြီး ခဏအကြာတွင် စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်သည်။

"နေဝင်ဆည်းဆာမြို့မှာ နေတုန်းက ချင်းယင်နဲ့တွေ့ခဲ့တာ...သူ့အဖေက အရင်က ပင်လယ်ဓားပြ ခေါင်းဆောင်လေ...မြို့ထဲက ရန်သူတွေလက်ကလွတ်ဖို့ ချင်းယင်က ပုန်းနေခဲ့တာ..."

စီဆဲလ် အံ့သြသွားသည်။

ကျောင်းမြန် : “အဲဒီတုန်းက သူ့ကို မိဘမဲ့တစ်ယောက်လို့ ထင်ပြီး သနားစရာလို့ မြင်ခဲ့တယ်...… အဲ့ဒါကြောင့် သူ့ကို တိတ်တိတ်လေး ခေါ်ပြီး စောင့်ရှောက်ပေးခဲ့မိတယ်.... နောက်တော့ ဆူပူမှုက ပင်လယ်ဓားပြတွေနဲ့အတူ ငြိမ်သက်သွားပြီး သူ့ကို လာခေါ်ဖို့ သူ့အဖေက တစ်ယောက်ယောက်ကို လွှတ်လိုက်တယ်...သူနဲ့ လိုက်ခဲ့ဖို့လည်း ပြောကြတယ်."

"အင်း..." 

စီဆဲလ်၏ အသံမှာ မပြောင်းလဲဘဲ သူ၏ နူးညံ့သော အသွင်အပြင်‌ကြောင့် ကျောင်းမြန်၏ သတိအနေအထားမှာ လုံးဝ လျော့ကျသွားသည်။ 

"ကျွန်‌တော်ဓါတ်ခွဲခန်းက လွတ်လာတဲ့အချိန်ကငယ်သေးတော့ ဘယ်ဟာကမှန်တယ်....ဘယ်အရာကမှားတယ်ဆိုတာကိုမသိခဲ့ဘူး....ကောင်းတာ ဆိုးတာကိုလည်း နားမလည်ခဲ့ဘူး...."

စီဆဲလ်က ခေါင်းငုံကာ....

"ကိုယ်နားလည်ပါတယ်..."

ကျောင်းမြန် သည် အလုံပိတ်ထားသည့် ဓာတ်ခွဲခန်းတွင် ကြီးပြင်းခဲ့ရပြီး မရေမတွက်နိုင်သော စမ်းသပ်မှုများကို လုပ်ဆောင်ခံခဲ့ရ‌သော ကြောင့် သူ၏ ရုပ်ပိုင်းဆိုင်ရာမှာ အားကောင်းလာသော်လည်း သူ၏ဦးနှောက်မှာ‌တော့ များစွာ ယိုယွင်းလာပြီး စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်သည် အမြဲသွေဖည်နေတော့သည်။

"ဒါနဲ့ ကျွန်တော်... ပင်လယ်ဓားပြတွေနဲ့ ခဏလောက် အလုပ်လုပ်ခဲ့တယ်၊ ကျွန်တော်က သူတို့အတွက် မူးယစ်ဆေးဝါးရောင်းပေးခဲ့ရတယ်....ကျွန်တော့်ကို လူသတ်ဖို့ပြောတယ်...ဒါပေမယ့် ကျွန်တော် မလွန်ဆန်ရဲဘူး" 

ကျောင်းမြန် မျက်လွှာကိုချပြီး ဆက်ပြောလိုက်သည်။

“အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ဓားပြတွေရဲ့ အသတ်ခံရတဲ့သူတွေကို ကြည့်လိုက်တော့ ဟောင်လုလုကြောင့် ရူးသွပ်သွားတဲ့သူတွေ ဖြစ်နေတယ်.. တဖြည်းဖြည်းချင်း နားလည်လာပေမယ့် ပြန်လမ်းမရှိတော့ဘူး...ချင်းယင်က သူ့ကို သစ္စာဖောက်ရင် ကျွန်တော့်ကို သတ်လိမ့်မယ် ဒါမှမဟုတ်ရင် သေတာထက် ပိုဆိုးတဲ့ ကံကြမ္မာကို ခံစားစေလိမ့်တယ်”

"အင်း" 

စီဆဲလ်သည် သူ၏လက်မောင်းထဲရှိ ကျောင်းမြန်အား အလွန်တင်းကြပ်စွာ ဖက်ထားသည်မှာ အားများကို ထိန်း၍ မရတော့ပေ။

"ဒါပေမယ့် မစ်ရှင်တစ်ခုမှာ ကျွန်တော့်ရဲ့မွေးစားအဖေ မာရှယ်‌ကျောင်းနဲ့တွေ့ခဲ့တယ်" 

ကျောင်းမြန် က ပြုံးပြီးပြောလိုက်သည်။

"သူက ကျွန်တော့်ကို အသိအမှတ်ပြုပြီး သင်ပေးတယ်....နောက်တော့ ကျွန်တော်က ပင်လယ်ဓားပြတွေကြားက ရေခဲပြင်စနစ်ရဲ့ အရည်အချင်းရှိပြီး သစ္စာရှိတဲ့ အေးဂျင့်ဖြစ်လာခဲ့တယ်"

"နောက်တော့ရော...."

"ပြီးတော့..."

ကျောင်းမြန် အသက်ပြင်းပြင်းရှူလိုက်ချိန် သူ့နှာခေါင်းဝတွင် စီဆဲလ်၏ ကိုယ်မှ ကိုယ်သင်းနံ့များဖြင့်ပြည့်နေတော့သည်။

"နောက်ပိုင်း ကြီးမားတဲ့ စစ်ဆင်ရေးတစ်ခုမှာ၊ မာရှယ်‌ကျောင်းကို ကူညီပေးခဲ့လို့ ချင်းယင်က ကျွန်တော့်ကို လိုက်ဖမ်း‌တော့တာပဲ...မာရှယ်‌ကျောင်းက ကျွန်တော့်ကို ကာကွယ်ပေးခဲ့တယ်..! ပြီးတော့ ကျွန်တော်က ကျောင်းမိသားစုရဲ့ မွေးစားသားဖြစ်လာခဲ့တယ်"

"ဟင်း..." 

စီဆဲလ် ခေါင်းငုံ့ပြီး ကျောင်းမြန်၏ ဆံပင်ထိပ်ကို နမ်းလိုက်ပြီး ပြောလိုက်သည်။

"ဒါ မင်းအပြစ်မဟုတ်ဘူး၊ မင်းကိုယ့်ကိုကိုယ် အပြစ်တင်နေစရာ မလိုဘူး" 

ကျောင်းမြန်သည် စီဆဲလ်၏ ကော်လံစကို မသိစိတ်က ဆုပ်ကိုင်လိုက်ပြီး ဆက်ပြောလိုက်သည်။

"အရင်က ကျွန်တော်ကိုယ် ကျွန်တော် တကယ် နားမလည်ခဲ့ဘူး...ဘာလို့ ဒီလိုတွေလုပ်ခဲ့မှန်း..." 

"ရပါတယ်၊ ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီ ချင်းယင် သူက အရူးပဲ..."

စီဆဲလ်သည် ကျောင်းမြန်၏ကျောကို ပုတ်ပေးပြီး ပြုံးလိုက်သည်။

"မြန်မြန် ၊ ကိုယ် မင်းအတွက် သီချင်းဆိုပေးရမလား" 

ကျောင်းမြန် အံ့အားသင့်သွားသည်။

စီဆဲလ်က သံစဉ်တစ်ခုကို တိုးတိုးလေး ညည်းလိုက်သည်။

ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ ဒီသီချင်းသည် သူနှင့်အလွန်ရင်းနှီး‌‌ နေလေသည်။

စီဆဲလ်သည် သီချင်းကောင်းကောင်းမဆိုတတ်သော်လည်း သူ့အသံမှာ ဩရှရှဖြင့် အနိမ့်သံဖြစ်ပြီး ဆွဲဆောင်မှုရှိစွာဖြင့် ညအမှောင်ယံတွင် နားထောင်ရသည်မှာ အလွန် နားထောင်လို့ကောင်းပြီး နူးညံ့နေလေသည်။

ဒါက "လရောင်"ပဲ.....

ကျောင်းမြန် သူ့မျက်လုံးတွေကို အနည်းငယ်မှိတ်ထားပြီး တစ်ခါနားထောင်ပြီးသည်နှင့် မှတ်မိသည့် စီဆဲလ်၏မှတ်ဉာဏ်သည် အလွန်‌ကောင်းသည်ဟု စိတ်ထဲမှ ပြောလိုက်သည်။

အရမ်း နူးညံ့တာပဲ.....။

-စီဆဲလ်က ဒီလို နူးညံ့တတ်သေးတာလား....။

ကျောင်းမြန်သည် သူ့နှုတ်ခမ်းလေးကို တွန့်ကွေးကာ မျက်လုံးကိုမှိတ်ရင်း အိပ်ဖို့ပြင်ဆင်လိုက်ပြီးနောက် သူ့နှလုံးသားသည် တဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့သည်။

ထို့နောက် စီဆဲလ်သည် အစပိုင်းတွင် သီချင်းဆိုနေသော်လည်း သူက အရင်အိပ်ပျော်သွားသည်။

ကျောင်းမြန် အံ့အားသင့်သွားပြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် စီဆဲလ်သည် ခေါင်းစောင်းပြီး ဟောက်နေသည်ကိုပင် တွေ့လိုက်ရသည်။

-သူတကယ် ပင်ပန်းနေတာပဲ.....။

ကျောင်းမြန် ခဏကြာအောင် ရယ်မောလိုက်ပြီး အနည်းငယ်ကြွကာ စောင်ကို သူတို့နှစ်ယောက် အပေါ်သို့ ဆွဲတင်လိုက်သည်။

"ကောင်းသောညပါ....."

...................

နောက်နေ့မနက်ထိ သူတို့နှစ်ယောက်အိပ်ပျော်နေကြသည်။

စီဆဲလ်သည် အလွန်ပင်ပန်းနေပြီး ကျောင်းမြန် သည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။အဘယ့်ကြောင့်ဆိုသော် အရင်ရက်များတွင် သူသည်ကောင်းမွန်စွာမအိပ်ရဘဲ မနေ့ညကသာ နှစ်ခြိုက်စွာ အိပ်ပျော်သောညဖြစ်ခဲ့သည်။

ယခုလိုအိပ်ပျော်သွားလိမ့်မည်ဟု နှစ်ယောက်လုံးဘယ်တုန်းကမှ မထင်ထားမိပါ။

စီဆဲလ် ဘေးသို့ကြည့်လိုက်ချိန်တွင် မြန်မြန်သည် သူ့ဘေးတွင်ရှိနေလေသည်။

'ငါအရင်ကလည်း အလုပ်ရှုပ်ခဲ့ပေမယ့် အခုကပိုပြီးရှုပ်လိမ့်မယ်လို့ တစ်ခါမှမထင်မိဘူး'

စီဆဲလ် ပြုံးကာ ခေါင်းယမ်းမိလိုက်သည်။

နှစ်ယောက်သား မနက်စာစားပြီးနောက် ရှောင်လဲ့အားနှုတ်ဆက်ကာ နယ်စပ်သို့ ထွက်လာခဲ့ကြသည်။

အယ်လန်သည် အရှက်မဲ့စွာဖြင့် သူတို့နောက်မှလိုက်လာခဲ့သည်။

ကျောင်းမြန် ဒဏ်ရာကို ကုသနေချိန် အယ်လန်သည်အခြားဆရာတစ်ဦးနှင့်သင်ကြားခဲ့ပြီး ကျောင်းမြန် စက်ရုံသို့ပြန်လာပြီးနောက် ကျောင်းမြန်နှင့်သာ ဆက်လက်သင်ကြားခဲ့ပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ယခင်ကထက် များစွာကောင်းမွန်လာကာ တိုးတက်မှုများစွာရရှိခဲ့သည်။ 

အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်လေပြီ။

ထိုအချိန်တွင် နယ်စပ်ဒေသသည် အလွန်အေးနေပြီဖြစ်ရာ စီဆဲလ်သည် ကျောင်းမြန်အတွက် အလွန်ထူထဲသောအဝတ်အစားများကို ပြင်ဆင်လာခဲ့သည်။

"စိတ်မပူပါနဲ့" 

ကျောင်းမြန်သည် ပြတင်းပေါက်အပြင်ဘက်မှ ကြယ်ရောင်စုံနေသော ကောင်းကင်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။

"ကျွန်တော်က နယ်စပ်မှာ တပ်စွဲဖူးတယ်.... ရေခဲမြစ်ရဲ့ ပတ်ဝန်းကျင်က ဖက်ဒရယ်နယ်စပ်ထက် ပိုဆိုးတယ်၊ ပြီးတော့ နှင်းကိုက်တာကိုလည်း ကြုံဖူးတယ်"


"အဲဒါနဲ့မတူဘူး မင်းကအခု ဒဏ်ရာတွေနဲ့..."

'အဲဒီအချိန်က ကိုယ်မရှိလို့ပါ...'ဟု စီဆဲလ်သည် စိတ်ထဲမှာပြောလိုက်သည်။

လေယာဉ်သည် ကြယ်ရောင်စုံနေသောကောင်းကင်ယံထက်တွင် ရှေ့သို့ မှန်မှန် ရွေ့လျားသွားသည်။

ရက်အနည်းငယ်ကြာတွင် တပ်ဖွဲ့သည် နယ်စပ်သို့ ရောက်လာခဲ့သည်။

ကုရှင်းချီသည် သူတို့အား လေဆိပ်တွင်စောင့်ကြိုနေသည်။

"မတွေ့တာတောင်ကြာပြီ..."

လေယာဉ်ပေါ်မှဆင်းပြီးနောက် စီဆဲလ်သည်ကုရှင်းချီအား ဖက်လိုက်ပြီး ကုရှင်းချီ၏နောက်ကျောအားပုတ်ကာ ပြုံးပြီးပြောလိုက်သည်။

"မင်းတော်တော်ပိန်သွားတာပဲ..."

ကုရှင်းချီလည်း စီဆဲလ်အား အလေးပြုကာ ကျောင်းမြန်ကို လည်းရင်းနှီးစွာ ပြန်နှုတ်ဆက်လိုက်သည်။

အယ်လန်တစ်ယောက်တည်းသာ အေးစက်နေသလို ခံစားနေရသောကြောင့် လေယာဉ်၏ အပူထိန်းစနစ်အား ဖွင့်လိုက်သည်။သူသည် တံခါးနားတွင်ရပ်နေသောကြောင့် ထိုသို့ပြုလုပ်နေစဉ်တွင် ပင်ဂွင်း‌လေးတစ်ကောင် လမ်းလျှောက်နေသလိုဖြစ်‌နေတော့သည်။

ကုရှင်းချီ တုန်လှုပ်သွားသည်။

"အရှင်မင်းသား...."

ကုရှင်းချီသည် ထိုလူကို ကူညီရန် ရှေ့သို့ လှမ်းပြီး တင်းမာသော အသံဖြင့် မေးလိုက်သည်။

"ဒီမှာ ဘာလုပ်နေတာလဲ!" 

သူအလွန် အံ့ဩနေသောကြောင့် အယ်လန့်ကိုမေးရာတွင် စစ်သားများကို အမိန့်ပေးနေကြဖြစ်သောကြောင့် အသံမာမိသွားသည်။ 

အယ်လန်၏ နှာခေါင်းသည် နီရဲနေပြီး သူ့မျက်နှာမှာ အလွန်ဖြူဖျော့နေသည်။

"ဘာဖြစ်လဲ..."

စီဆဲလ်သည် သူ့ခေါင်းအား ယမ်းကာ ဆို၏။

"သူ့ဦးနှောက်က အေးခဲလွန်းလို့ တုံးသွားတာနေမယ်..."

"မင်းပဲ အေးလွန်းလို့ တုံးနေတာ..."

အယ်လန်သည် စိတ်ဆိုးစွာဖြင့်.....

"ငါ မဟုတ်ဘူး..."

စီဆဲလ်နှင့်ကျောင်းမြန်တို့လည်း မရယ်ဘဲ မနေနိုင်တော့ပေ။

စီဆဲလ်သည် သူ့လက်ကို မြှောက်လိုက်ပြီး ကုရှင်းချီကို ပြောလိုက်သည်။

"မင်းငါ့ကို အပြစ်မတင်နဲ့ သူက လာဖို့ ခေါင်းမာနေတာ ပုံမှန်လိုဆိုရင်တော့ ဟောင်လုလု ကိစ္စကို တိုက်ရိုက်ထုတ်လွှင့်ပြီး ဖြေရှင်းဖို့ ဒီကို ရောက်နေတာ တပ်ဖွဲ့လည်းရှိတယ်ဆိုတော့ အန္တရာယ်မဖြစ်လောက်ပါဘူး...."

ကုရှင်းချီသည် သူ့ရှေ့တွင် သားမွေးအင်္ကျီတစ်ထည်ကို ဝတ်ဆင်ကာ ခက်ခက်ခဲခဲ မတ်မတ်ရပ်နေသူကို ကြည့်လိုက်ပြီး ခေါင်းကိုတစ်ချက်ခါကာ ကူကယ်ရာမဲ့စွာဖြင့် တွန့်ချိုးထားသည့် မျက်ခုံးမွှေးများ ဘယ်သောအခါမှ ပြေလျော့မသွားခြင်းမရှိပေ။

"ဟတ်ချိုး......ဘာလို့လဲ!" 

အယ်လန်က နှာချေလိုက်ပြီး....

"ဒါက မင်းရဲ့ ပိုင်နက်လား.... ငါ ဒီကို လာလို့မရဘူးလား!" 

အယ်လန် ဒေါသထွက်နေမိသည်။ ဒီအဖွဲ့ချုပ်သည် သူ့အိမ်ဖြစ်ရာ သူအိပ်ချင်တဲ့‌ နေရာအိပ်လို့ရသည်။ သူလာချင်လျှင် တခြားသူများက သူ့အားမလာရန် တွန်းအားပေး‌လို့မရပါ။

အယ်လန်သည် တစ်ချက်ညည်းကာ....

"ငါ့အဖေက ဘုရင်ပါနော်... မင်းမှတ်မိမယ်လို့ မျှော်လင့်ပါတယ်"

ကုရှင်းချီ : "......"

ကုရှင်းချီလည်း ထိုလူအား ဘာပြောရမှန်းမသိတော့ဘဲ သူ့အပေါ်အင်္ကျီကို ချွတ်ကာ အပေါ်မှထပ်ဝတ်ပေးလိုက်ပြီး အယ်လန်၏ ပုခုံးများကို လှမ်းထိန်းကာ သူ့အားမှီပြီး ရပ်ထားစေလိုက်သည်။

စီဆဲလ် : "ကျွတ် ကျွတ်....ဒီတော်ဝင်မင်းသား‌လေးက ငယ်ငယ်လေးကတည်းက နူးညံ့သိမ်မွေ့တာ....သူဒီမှာ တစ်ညအိပ်ပြီးရင် မနက်ဖြန် သူ့ကို ပြန်ခေါ်သွားဖို့ အဖွဲ့ကို တောင်းဆိုလိမ့်မယ်" 

"ကျွန်တော်တော့ မထင်ဘူး" 

ကျောင်းမြန်က လက်မခံဘဲ ခွန်းတုံ့ပြန်လိုက်သည်။

"အယ်လန်က အခု လိုက်လျောညီထွေ မဖြစ်သေးလို့ပါ ကျွန်တော်လည်း နယ်စပ်ကို စရောက်တုန်းက ဘာမှ အသုံးမကျဘူး...သူလည်း ကြာလာရင် ကျင့်သားရသွားလိမ့်မယ်..."

စီဆဲလ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

ကျောင်းမြန် ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။

"ကျွန်တော်က သူ့ဆရာလေ...အဲ့တော့ သူ့အကြောင်းကို လေ့လာထားမိတာပေါ့....ဒါကြောင့် သူ့ခံနိုင်ရည်အားကို ဆုံးဖြတ်ပေးလို့ရနေတာ..."

"အင်း..."

စီဆဲလ် ကုရှင်းချီအား တစ်ချက်ကြည့်ကာ....

"ရှင်းချီလည်း ဖော်မပြတတ်လို့ပါ....ပြောမရဘူး သူလည်း ပျော်လွန်းလို့ စိတ်ထဲမှာ ငိုနေလောက်ပြီ..."

လူများစွာလည်း ကုရှင်းချီနောက်မှလိုက်လာကာ နယ်စပ်မှ ဖက်ဒရေးရှင်းတပ်ဖွဲ့ ခြေကုတ်ယူထားသည့် စခန်းသို့ ထွက်လာခဲ့ကြသည်။

နယ်စပ်ရှိ စစ်စခန်းများသည် အခြေခံအကျဆုံးဖြစ်ပြီး ၎င်းတို့အားလုံးသည် ရွက်ဖျင်တဲများဖြစ်ရာ ထိုတဲများသည် အလွန်ခိုင်ခံ့ပြီး၊ အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် အအေးဒဏ်ကို အလွန်ခံနိုင်ရည်ရှိသည်။

အယ်လန်သည် နယ်စပ်ရှိ စစ်စခန်းသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း ဖြစ်ရာ နေရာတိုင်းတွင် မီးခိုးများနှင့် ထူထပ်နေသော တဲများကို ကြည့်ရသည်မှာ အံ့သြစရာကောင်းသည်ဟု ခံစားမိသည်။

ယခု ကုရှင်းချီသည် စီဆဲလ်နှင့် ကျောင်းမြန်ကို ဒဏ်ရာရနေသော လူနာရှိသည့် တဲသို့ခေါ်ဆောင်သွားရန်မှာ အရေးကြီးနေသည်။

တဲကန့်လန့်ကာကိုဖွင့်လိုက်ချိန်တွင် ပတ်တီးထူထူပတ်ထားကာ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ကုရှင်းချီ : "သိပ်မကြာသေးခင်ကပဲ ကပ္ပတိန်အန်ဒိုက စုံစမ်းစရာရှိလို့ သူ့အဖွဲ့ကို ခေါ်သွားရာက ဇာစ့်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်...ကျန်တဲ့ အဖွဲ့ဝင်တွေကို ကာကွယ်ဖို့ ကပ္ပတိန်က ရင်ဘက်မှာ ဒဏ်ရာရသွားခဲ့တာ...."

စစ်ဆေးဆရာဝန်ကလည်း ရှင်းပြလေသည်။

"ဒဏ်ရာက စပြီး ပျက်စီးလာပြီ တခြားနေရာတွေကို ကူးသွားမှာကို ကျွန်တော်တို့ စိုးရိမ်မိတယ်...အပြင်က ပိုးတွေမဝင်အောင်တော့ ပတ်တီးကို ထူထူ စည်းပေးထားတယ်..."

ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။

စီဆဲလ်သည် သူ့လူတွေကို တိုက်ရိုက်ထုတ်လွှင်မှုစရန် ပြင်ဆင်ခိုင်းလိုက်ပြီး စစ်ဆေးဆရာဝန်အား ကပ္ပတိန်ကို မကာ ပင်မစစ်သင်္ဘောပေါ်ရှိ ကုသရေး ကုတင်ပေါ်သို့ ရွှေ့ပေးရန် အမိန့်ပေးလိုက်သည်။

စီဆဲလ် ကျောင်းမြန်၏ ပုခုံးအား ပုတ်ကာ....

"အဆင်သင့်ပဲလား...."

ကျောင်းမြန် ခေါင်းညိတ်ပြလိုက်သည်။

အယ်လန်သည် ဘေးမှ ကပ္ပတိန်အား ဗလာသက်သက် ကြည့်နေလိုက်သည်။

ကုရှင်းချီ : "ဒဏ်ရာက တော်တော်ဆိုးလို့ မင်း....မကြည့်ပါနဲ့လား...ကိုယ့်တဲကို အရင်ပြန်ပြီး နားလိုက်လေ....အကုန်လုံးပြီးရင် လာခေါ်လိုက်မယ်... ဘယ်လိုလဲ"

အယ်လန် : "ငါ မကြောက်ပါဘူး....ဒါကို ဂရုစိုက်ပေးဖို့ လိုက်လာခဲ့တာကို...ငါ ပြဿနာမရှာဘူး..."

သူသည် ကျောင်းမြန်ဘက်သို့ လှည့်ကြည့်ကာ ပြော၏။

"အဲ့လို အဆင်ပြေတယ်မလား....ငါ ပြီးတဲ့အထိ ပြဿနာမရှာဘူးလေ..."

ကျောင်းမြန် ပြုံးပြကာ ပြောလိုက်သည်။

"ပြဿနာ မဖြစ်ရုံတင်မကဘူး အရှင်မင်းသားရှိနေတာ အကူအညီတောင်ရသေးတယ်..."

အယ်လန် ကုရှင်းချီအား နှာခေါင်းရှုံ့ပြလိုက်သည်။

ကပ္ပတိန်အန်ဒိုအား ပင်မစစ်သင်္ဘောပေါ်သို့ ရွှေ့လာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုသည်လည်း ပြင်ဆင်ပြီးဖြစ်ရာ ကျောင်းမြန်သည် သူ၏ ဟောင်လုလုနှင့် ကုသရန် နေရာယူလိုက်သည်။

ကုရှင်းချီသည် ကုသရေးအခန်းတွင် ဘာအမှားအယွင်းမဖြစ်အောင် သေချာစေရန် စီဆဲလ် ခေါ်ဆောင်လာသော ဖက်ဒရယ်စစ်တပ် နှင့် နယ်စပ်မှ တပ်ဖွဲ့များကို ပူးပေါင်းရန် တောင်းဆိုခဲ့သည်။

အဖွဲ့ချုပ်မှ ပြည်သူအားလုံးနီးပါးသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည်။

ယနေ့သည် နည်းပညာခေတ်သစ်၏အစ နှင့် မျှော်လင့်ချက်အသစ်၏လမ်းစ ဖြစ်လာလိမ့်မည်။

------------------------------------------------------------------------