Chapter 53
Viewers 7k

🤒အခန်း ၅၃




ကျိုးဆွေ့က ကျူးထုန်ကို အနိုင်ရသူလိုကြည့်လိုက်သည်။ ကျူးထုန်က သူနှင့်သူအစ်ကိုကြားမှ "ဆက်ဆံရေး" ကို အပြင်လူများရှေ့တွင် အဖတ်ဆယ်မည့်ပုံစံကို သူသိချင်နေမိသည်။


သူမော့ကြည့်လိုက်ရာ ကျူးထုန်ကသူ့ကို ဗလာသက်သက်မျက်လုံးများဖြင့် ကြည့်နေမှန်းတွေ့လိုက်ရလေ၏။


ထိုအကြည့်က မရယ်ရသည့်ဟာသကို ကြည့်နေသလိုပင်။


ကျိုးဆွေ့မျက်နှာထက်မှအပြုံးပင် အေးခဲသွားလေသည်။


ကျူးထုန်က ပါးစပ်ဟကာပြောလိုက်သည်။


 "သူကငါ့ကိုဂရုစိုက်တယ် ဟုတ်လား၊ ဒါဆို ငါ့ကို အဲဒီလက်ဆောင်တွေမပေးပါနဲ့လို့ မင်းကိုပြောထားတာကျတော့ သူက ငါ့ဆန္ဒကိုအလေးမထားတာလား..."


ကျိုးဆွေ့: "....."


ကျိုးဆွေ့ကပြုံးပြီးပြောလာသည်။ 


"အဲဒါကမင်းရဲ့အထင်သက်သက်လေကွာ၊ ငါက မင်းအစ်ကိုနဲ့ အဆင်ပြေအောင်လို့ပါ၊ မင်းတို့ညီအစ်ကိုသံယောဇဥ်နဲ့ဘယ်ယှဥ်နိုင်ပါ့မလဲ၊ ငါက မင်းကို ဒီတိုင်းဂရုစိုက်ပေးတာပါ၊ ငါကမင်းဘာကြိုက်တတ်မှန်းမသိတော့ အများကြီးဝယ်လာမိတာပေါ့၊ မင်းဒီလောက် နှလုံးသားမဲ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..."


ထို့နောက် သူကသက်ပြင်းချလိုက်ပြန်သည်။ 


"မင်းမိသားစုကိစ္စတွေကြောင့် မင်းအစ်ကိုအပေါ် အထင်လွဲနေတာရှိနေတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ သူ့ဘက်ကပေးတဲ့ ကြင်နာမှုကိုတော့ မပစ်ပယ်ထားသင့်ဘူးလေ..."


"အစ်ကိုကြီး" ဆိုသောစကားလုံးကိုပြောလိုက်ချိန်တွင် ထိုသူက အကူအညီမဲ့နေသောအသံကို တမင်ဖမ်းလိုက်သည်။


ယင်းကြောင့် လူအုပ်ကြီးအတွေးများက အထွဋ်အထိပ်ရောက်သွားလေသည်။ အိမ်တွင်းရေး အထင်လွဲမှုတွေကြောင့် သူတို့ဆက်ဆံရေးက မကောင်းတာလား။ ဘယ်လိုအထင်လွဲတာများလဲ။


မယားပါသားက မိသားစုရဲ့ မျှော်လင့်ချက်ကြီးကိုရနေတဲ့အချိန် သားအရင်းကတော့ အားနည်းလွန်းပြီး နေမကောင်းဖြစ်နေတယ်။ ကျူးထုန်က ဒီအတိုင်းဆက်မနေဘဲ သင့်မြတ်အောင်နေသင့်ပြီမလား။


ယင်းက ကျူးထုန်အတွက် ကောင်းကျိုးမရှိဘဲ ပြဿနာများကိုသာဖြစ်လာစေလိမ့်မည်။


လူအုပ်ကြီး၏ အတင်းပြောသံများက တိတ်ဆိတ်သွားခဲ့သည်။ သူတို့က ကျူးထုန်၏တုံ့ပြန်ချက်ကို ကြားချင်နေကြသေးသည်။


ကျူးထုန်ကမူ စကားမပြောဘဲ တလျှောက်လုံးနားထောင်နေခဲ့သည်။


သူက မိသားစုအရေးများကို ဘယ်တော့မှကျောင်းတွင် ထုတ်မပြောခဲ့ဖူးသလို ကျိုးဆွေ့ကိစ္စကလည်း ကျောင်းနှင့်မသက်ဆိုင်ပေ။


သို့ရာတွင် သူက လျစ်လျူရှုထားဆဲပြီး ကျောင်းတွင်ပြဿနာမဖြစ်အောင် သည်းခံနေခဲ့သည်။


ဒီလိုဆိုမှတော့ သူ့ကို မျက်နှာသာမပေးရကောင်းလားဆိုပြီး အပြစ်မတင်နဲ့တော့။


သူစကားပြောတော့မည့်အချိန်မှာပင် သူ့ပုခုံးနှစ်ဖက်က အနည်းငယ်နိမ့်သွားပြီး လက်တစ်ဖက်က သူ့အနောက်မှတဆင့် သူ့ပုခုံးပေါ်သို့ရောက်လာလေသည်။


ရင်းနှီးပြီး အေးဆေးနေသောအသံက သူ့နားထဲသို့ရောက်လာခဲ့လေသည်။ 


"စီနီယာ၊ ကျွန်တော်ကတော့ အခြေအနေကိုနားမလည်တာ စီနီယာလို့ပဲထင်တယ်ဗျ.."


ရှောက်မင်က စက်ဘီးကိုအရှေ့အထိတွန်းသွားပြီး လက်တစ်ဖက်ဖြင့် ငြိမ်အောင်ထိန်းထားကာ ကျန်တစ်ဖက်ဖြင့် ကျူးထုန်ကိုကိုင်ထားပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော ကျိုးဆွေ့ကိုကြည့်လိုက်သည်။ 


သူပေါ်လာသည့်အခါ ကျိုးဆွေ့မျက်လုံးတို့ကမည်းမှောင်သွားလေတော့သည်။


ရှောက်မင်က ပြုံးပြီးပြောလိုက်သည်။


 "ကျူးထုန် စီနီယာကိုငြင်းနေတာက သူ့အစ်ကိုနဲ့ဘာမှမဆိုင်ဘူးဗျ.."


ကျူးထုန်က မထင်ထားသလိုမျိုး သူ့အားကြည့်လာပြီး သူရုတ်တရက်ပြောလာသည့်စကားကိုလည်း နားမလည်နိုင်တော့ပေ။


ကျိုးဆွေ့ကမူ စကားမပြောချေ။


ရှောက်မင်က ဗြုန်းစားကြီး သက်ပြင်းချလိုက်သည်။


 "တကယ်တော့ ကျွန်တော့်ကြောင့်ပါ..."


ကျူးထုန်: "?"


သူ ကျိုးဆွေ့ကိုငြင်းနေတာက လက်ဆောင်တွေကြောင့်မဟုတ်ဘဲ ရှောက်မင်ကြောင့်တဲ့လား။


လူအုပ်ကြီးက စပ်စုလိုမှုအပြည့်ဖြင့်လှမ်းကြည့်ကြသည်။


ရှောက်မင်ကပြောလာလေ၏။


 "ကျွန်တော်က အရမ်းသဝန်တိုတတ်တော့ ကျွန်တော့်အမှားဖြစ်သွားတာပါ၊ ကျူးထုန်က ကျွန်တော်စိတ်မကောက်အောင်ဆိုပြီး ပစ္စည်းတွေအကုန်လုံးကိုလွှင့်ပစ်နေရရှာတာ.."


ကျူးထုန်: "???"


လူအုပ်ကြီး: "!!"


အခုရော ဘယ်သူကပိုပြီး မနာလိုနေပြန်တာလဲ။


ကျူးထုန်ကိုလက်ဆောင်ပေးတဲ့လူက အခြားတစ်ယောက်လေ။ ဘာလို့ မင်းကိုချော့တဲ့လူက ကျူးထုန်ဖြစ်နေရတာလဲ။


သူတို့နှစ်ယောက်က ဘာတွေလဲ။


အံ့ဩနေသောမျက်လုံးအစုံတို့က ထိုင်ခုံဖော်အတွဲရှိရာသို့ စုစည်းလာကြလေ၏။ ကျူးထုန်ကလည်း ရှောက်မင်ကို အံ့အားသင့်စွာဖြင့်ကြည့်နေမိသည်။


ထိုသူ၏ လျှပ်တပြက်ရိုက်ချက်က သိသာလွန်းနေ၏။ ကျိုးဆွေ့က တစ်ချက်ကြည့်ရုံနှင့်တင် သူအဓိပ္ပါယ်မရှိသည့်စကားမျိုးပြောနေမှန်းသိလိုက်ပြီး ရယ်လာလေ၏။ 


"ဂျူနီယာလေး၊ လာနောက်နေတာလား..."


ရှောက်မင်က ရုတ်တရက် သူ့လက်တွင်အားပိုထည့်လိုက်ပြီး ကျူးထုန်ပုခုံးပေါ်ကို ခေါင်းတင်ကာ ပြုံးပြရင်းမေးလိုက်လေသည်။ 


"စီနီယာရော ကျွန်တော်နောက်နေတယ်ထင်လို့လား..."


ကျိုးဆွေ့: "...."


ထိုစကားနှစ်ခွန်းကြောင့် ကျိုးဆွေ့မျက်နှာပေါ်မှအပြုံးက တဖြည်းဖြည်းတောင့်တင်းလာလေသည်။ အကြောင်းမှာ ကျူးထုန်ကငြင်းဆန်ခြင်းမရှိသောကြောင့်ပင်။


ကျူးထုန်က အခြားသူများနှင့်ထိတွေ့ရမည့်အရေးကို အလွန်အမင်းငြင်းဆန်တတ်သူဟု ချင်ကျွင်းဟုန်ကသူ့အားပြောပြခဲ့ဖူးသည်။ အိမ်တွင်ဆိုလျှင် သူ့ညီမမှလွဲပြီး မည်သူနှင့်မျှထိတွေ့ဆက်ဆံခြင်းမရှိသလို စကားလည်းနည်းခဲ့သည်။ အခုတော့ ရှောက်မင်ကသူ့ကိုဖက်ထားပြီး သူကလည်း လုံးဝငြင်းဆန်ချင်သည့်ပုံစံမရှိပေ။


ရှောက်မင်၏စကားက အမှန်ဟုတ်သည် မဟုတ်သည်ထား၊ သူ့အပြုအမူကြောင့် လူအုပ်ကြီးကတီးတိုးပြောလာကြလေသည်။


ကျူးထုန်ကျောင်းပြောင်းလာတည်းက ကျောင်းဖိုရမ်တွင် ရှောက်မင်နှင့်ကျူးထုန်တို့အတွက် CP ဖွဲ့ပေးထားခဲ့သည်။ သို့ရာတွင် မကြာခင်မှာပင် ဖိုရမ်အပိတ်ခံလိုက်ရသောကြောင့် CP လည်း "ပျက်စီး" သွားရလေတော့၏။


ပလက်ဖောင်းက ပြိုကျသွားသော်လည်း သင်္ဘောစီးသူတို့၏နှလုံးသားများကမူ မပျက်စီးသေးပေ။


ယခုတော့ ရှောက်မင်ဘက်မှ ယခုလိုစကားများကို ရုတ်တရက်ပြောလာကြသည့်အခါ ကမ္ဘာမြေကြီးနှစ်ခြမ်းကွဲသွားပြီဟုပြော၍ရသည်။ မိန်းကလေးအများစု၏ ဦးခေါင်းများထဲတွင် အံ့ဩဘနန်းဖြစ်သွားမှုတို့က အလွယ်တကူပေါ်ပေါက်လာလေတော့၏။


လူအုပ်ကြီးက ပွက်ပွက်ညံလာသည်။ အုပ်စုလိုက်အတင်းစကားများက မူလခေါင်းစဥ်မှ "ထိတ်လန့်စရာသတင်း" အဖြစ် စတင်ကူးပြောင်းသွားလေတော့သည်။


အခြေအနေမှာ တဖြည်းဖြည်းနှင့် ထိန်းရခက်လာပြီး ကျိုးဆွေ့မျက်နှာကလည်းပြောင်းလဲသွားလေသည်။ သူ့ခမျာ "မင်း.." ဆိုသည့် စကားတစ်လုံးတည်းသာပြောနိုင်တော့၏။


"ကျွန်တော်ကတော့ မနာလိုဖြစ်ရုံတင်မကဘူး၊ အစွဲကလည်းကြီးသေးတာဗျ.." 


ရှောက်မင်ကသူ့အား ပုံမှန်အတိုင်းဖြတ်ပြောလိုက်၏။ 

"ဒီတော့ စီနီယာ သူ့ကိုတစ်ခုခုပို့ပေးချင်တယ်ဆိုရင် ကျွန်တော်ငြိမ်နေမယ်လို့တော့ အာမမခံနိုင်ဘူးနော်..."


သူက ယဥ်ကျေးရည်မွန်သောအပြုံးလေးဖြင့် ထိုသို့သော ခြိမ်းခြောက်စကားမျိုးကိုဆိုနေပြီး အခြေအနေကိုပိုမိုကြီးထွားမလာစေချင်ကြောင်း အချက်ပြနေသည်။ သို့ရာတွင် ကစားကွင်းထဲမှအော်ဟစ်သံတို့က လွှမ်းမိုးထားပြီး အချို့သူများကမူ ဖုန်းများကို အမြန်ကိုင်မြှောက်လိုက်ကြသည်။ ကစားကွင်းထဲမှ ဖလက်ရှ်မီးရောင်တို့က သတင်းစာရှင်းလင်းပွဲရောက်နေသလိုပင်။


မည်သူကမှ လူချမ်းသာတို့၏အကြောင်းကို အတင်းပြောရန်စိတ်မဝင်စားကြပေ။


ယင်းအပြင် ထိုသို့သောအတင်းစကားမျိုးများက အခြေအမြစ်မရှိသောခန့်မှန်းချက်များအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ သို့ရာတွင် ရုတ်တရက်စားလိုက်ရသော သကြားလုံးကမူ အစစ်အမှန်ဖြစ်နေ၏။


ထို့အပြင် ထိုစကားကို ရှောက်မင်ကိုယ်တိုင်ပြောခဲ့ခြင်းဖြစ်ပေသည်။


အခြားသော CP များက စိတ်ကူးယဥ်မှုများမှတဆင့်ဖြစ်လာသော်လည်း ယခု CP ကမူ အစစ်အမှန်ဖြစ်နေသည်။


မင်ကောက တကယ်ကြီးကိုမိုက်တယ်။


ကျိုးဆွေ့က သွားကြားထဲမှဖျစ်ညှစ်ပြောလိုက်သည်။ 


"ဂျူနီယာလေး မင်းပြောလို့ပြီးပြီလား.."


သူ ကျူးထုန်ကို ကယ်တင်ပေးချင်နေသည်ကို ရှင်းရှင်းလင်းလင်းသိနိုင်သည်။


ကျူးထုန်ခေါင်းထဲမှ ဆားကစ်ပတ်လမ်းမှာ ခဏမျှရပ်သွားခဲ့ပြီး နောက်ဆုံးတွင် သူတုံ့ပြန်နိုင်ခဲ့သည်။ ရှောက်မင်က ငြင်းလိုက်မည်ကိုသာ သူစိုးရိမ်မိလေ၏။


သူ ရှောက်မင်ကိုပြုံးပြပြီး ပြောလိုက်လေသည်။


 "မပူပါနဲ့၊ ငါအဆင်ပြေပါတယ်..."


"....."


ရှောက်မင်ကသူ့ကိုငုံ့ကြည့်လာသည်။ အဓိပ္ပါယ်မရှိသည့်စကားမျိုးထပ်မပြောတော့သော်လည်း သူ့လက်ကိုမူမလွှတ်ပေးချေ။ ၎င်းက ကျူးထုန်ကိုယ်ပေါ်တွင် တွယ်ချိတ်ထားဆဲရှိသေးသည်။


ကျူးထုန်က ထိုသူကို သူ့အားဖက်ထားခွင့်ပေးလိုက်ပြီး ကျိုးဆွေ့ကိုကြည့်ကာပြောလိုက်လေသည်။ 


"ဒီနေ့ မင်း ဒီစကားပြောဖို့လောက်နဲ့ ငါ့ကိုလှေကားအောက်မှာစောင့်နေပြီး မင်းဘာတွေကြံစည်နေမှန်းတော့ငါမသိဘူး၊ ချင်ကျွင်းဟုန်ကငါ့ကိုဂရုစိုက်ပေးဖို့ မင်းကိုပြောထားတယ်လို့ မင်းငါ့ကိုပြောခဲ့တယ်၊ ငါတို့ဆက်ဆံရေးက ဒီလိုဂရုစိုက်ပေးရတဲ့အထိ ကောင်းနေတယ်လို့ ငါတော့မထင်ဘူး..."


"......"


ကျူးထုန်ကဆက်ပြောလိုက်သည်။ 


"ငါနဲ့သူကြားမှာ အထင်လွဲနေတာမျိုးမရှိဘူး၊ ငါနေမကောင်းဖြစ်ပြီး နှစ်တွေအကြာကြီးဆေးရုံတက်ခဲ့ရတယ်၊ ဒါပေမဲ့ သူဆေးရုံကိုလာပြီး ငါ့ကိုလာတွေ့တဲ့အကြိမ်ရေက လက်ချိုးရေလို့တောင်ရတယ်၊ သူငါ့ကို ဘယ်လောက်အထိဂရုစိုက်ပေးခဲ့လဲဆိုတာ ငါမပြောတတ်ဘူး၊ အရင်ကငါ့ကိုဂရုစိုက်ပေးဖို့သူ့ကို မလိုခဲ့ဘူး၊ အခုလည်းမလိုဘူး၊ ကျောင်းမှာ ငါ့ကိုဂရုစိုက်ပေးဖို့ဆိုတာ ပိုတောင်မလိုသေးတယ်..."


ကျိုးဆွေ့မှာ ကျူးထုန်က ချင်ကျွင်းဟုန်နှင့်ဆက်ဆံရေးကို ယခုလိုတိုက်ရိုက် စည်းခြားပစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။


'ချင်ကျွင်းဟုန် သူ့ကိုဂရုစိုက်ပြနေတာက ရှိူးသက်သက်ပဲလို့ သူငါ့ကိုပြောဖူးတယ်၊ ချင်ကျွင်းဟုန်ရှေ့မှာ ဟန်ဆောင်မျက်ရည်ကျပြရမှာ ကြောက်လို့များလား'


ကျိုးဆွေ့က "လူချမ်းသာများကြားမှအငြင်းပွားမှု' တို့ကို ယခုလို အလွယ်တကူဖြေရှင်းပြီး ဝင်ရောက်ဖျန်ဖြေပေးတတ်သူမဟုတ်ပေ။ 


"ကျူးထုန်၊ မင်းအစ်ကိုက...."


"ပြီးတော့...." 


ကျူးထုန်က ရုတ်တရက် သူ့အားတည့်တည့်ကြည့်လာပြီး စကားပြောလိုက်သည့်အသံမှာလည်း အေးစက်နေ၏။ 


"သူသာငါ့ကိုတကယ်ဂရုစိုက်ရင် ငါ့ကို 'ဂရုစိုက်' ပေးဖို့ဆိုပြီး ငါ့ရှေ့တည့်တည့်ကို ခုန်ဝင်လာတဲ့မင်းလို အနှောင့်အယှက်ဖြစ်စရာလူမျိုးကို လွှတ်မှာမဟုတ်ဘူး..."


"......"


"......"


၎င်းက အလွန်အမင်း ရိုင်းပြရာရောက်သွား၏။ ကျိုးဆွေ့မှာ ပြောရမည့်စကားကိုပင်မေ့ပြီး နင်သွားရကာ သူ့မျက်နှာပေါ်မှနောက်ဆုံးလက်ကျန်အပြုံးလေးလည်း ပျောက်သွားရလေသည်။


သူက စက်ဘီးကိုင်ထားသည့်လက်များကို တင်းလိုက်မိလေသည်။


'ကျူးထုန်ကငါ့ကိုဘယ်လိုပြောလိုက်တာလဲ၊ အနှောင့်အယှက်ဖြစ်စရာတဲ့လား'


သူ့က 'အနှောင့်အယှက်' ဆိုသောစကားလုံးဖြင့် အပြောခံလိမ့်ရမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။


လူအုပ်ထဲရှိအချို့သူများဆိုလျှင် တီးတိုးပြောလာကြလေသည်။ 


"ဘယ်လိုအခြေအနေပဲရောက်ရောက်၊ ဒီလိုမျိုးပြောတာကတော့ မလွန်ဘူးလား..."


"ကြည့်ရတာ ကျူးထုန်နဲ့ သူ့အစ်ကိုကြားက ဆက်ဆံရေးက တကယ်ဆိုးနေတာထင်တယ်၊ ပြောရရင် ကျိုးဆွေ့က သူ့အစ်ကိုရဲ့ သူငယ်ချင်းလေ..."


"ကျိုးဆွေ့ပြောတဲ့ ညီအစ်ကိုသံယောဇဥ်ဆိုတာကို နင်ယုံလား၊ ကျူးထုန်ကတော့ အစတည်းက ကျိုးဆွေ့စကားကိုငြင်းနေတာလေ၊ဒါကြောင့် ကျိုးဆွေ့က သူ့ကိုဆူဖို့ အပြေးလာခဲ့တာလား.."


"ငါကတော့ ကျူးထုန်ပြောတာကိုအဓိပ္ပါယ်ရှိတယ်လို့မြင်တယ်၊ ကျူးထုန်က ယွမ်ရှောင်ကျိုးကိုတောင် ဆေးရုံပို့ပစ်လိုက်နိုင်တဲ့သူလေ၊ သူဘာကိုမှလိုအပ်မနေဘူးမလား၊ သူ့ကိုကူညီပေးမယ့်သူကိုလိုအပ်နေလို့လား၊ ဒါက ရှိူးလုပ်နေတာပဲမလား..."


ဘေးပတ်လည်မှအတင်းစကားများကြောင့် ကျူးထုန်မျက်နှာကပိုပြီး ရှုံ့တွလာလေသည်။ သူ ဆက်ငြင်းချင်နေသေးသော်လည်း ရှောက်မင်ဘက်ကိုလှည့်၍သာပြောလိုက်၏။ 


"သွားရအောင်..."


ရှောက်မင်က သူ့ကိုဖျတ်ခနဲကြည့်ကာပြောလိုက်၏။ 


"အိုကေ..." 


ကျိုးဆွေ့က တစ်ခုခုပြောချင်နေသေးပုံရ၍ သူ ထပ်ပြီးပြုံးပြလိုက်သည်။ 


"စီနီယာ ခင်များရဲ့အနာဂတ်အတွက် ကြိုးစားအားထုတ်မှုတွေကို နည်းလမ်းလေးဘာလေးပြောင်းဖို့ အကြံပေးပါရစေ၊ အတုခိုးခံရတာနဲ့ပတ်သက်ပြီး ကျွန်တော်ဘာကိုမှ တားဆီးတာမျိုး မလုပ်ပေမယ့်လည်းလေ တစ်ယောက်ယောက်က ကျွန်တော့်လိုပုံစံ အတုခိုးနေတာမြင်ရရင် စိတ်အနှောင့်အယှက်ဖြစ်တယ်"


ကျိုးဆွေ့စကားများက လည်ချောင်းထဲတွင် ထပ်ပြီးတစ်ဆို့သွားရပြန်သည်။


သူက အနောက်ဘက်တွင်ကျူးထုန်ကိုတင်ရင်း နင်းသွားသောစက်ဘီးကို ငေးနေကာ ပါးစပ်အပြည့်နှင့်သွေးများက ဆန်တက်လာပြီး ထွေးထုတ်မရနိုင်သလိုသာ ခံစားနေရလေ၏။


'ငါကဘယ်သူ့ကိုအတုလိုက်ခိုးနေလို့လဲ၊ ဒါကငါအမြဲစီးနေကျစက်ဘီးလေ'


သို့သော်လည်း ရပ်ကြည့်နေသူများက ရှောက်မင်ပြောသွားသောစကားကိုကြားသွားခဲ့ကြသည်။


ရပ်ကြည့်နေကြသူအများစုက ဒုတိယနှစ်မှကျောင်းသားများပင်ဖြစ်သည်။ ဤရက်များထဲတွင် ရှောက်မင်က ကျူးထုန်အား ကျောင်းအပြင်သို့ခေါ်သွားတတ်ပုံကို မကြာခဏမြင်နေရတတ်၏။ ယနေ့တွင် ကျိုးဆွေ့က ကျူးထုန်ကိုလာကြည့်ပြီး ကျူးထုန်ကို စက်ဘီးနှင့်ပြန်ခေါ်သွားပေးတော့မည့်အတိုင်း ပြုမူသွားခဲ့လေသည်။ ဒါက ဘယ်လိုအတုခိုးပုံမျိုးလဲ။


ကျိုးဆွေ့စကားကြောင့် ကောင်လေးတစ်ယောက်က ကျူးထုန်အပေါ်တွင် အဆိုးမြင်မိသွားသော်လည်း ယခုမူ သူအရှက်ရနေမိ၏။


'ဒီလိုသိသာနေတဲ့အကွက်ရွှေ့ပုံနဲ့ ကျိုးဆွေ့စကားက အကုန်ယုံလို့မရဘူး' 


သူက မကြာသေးခင်က သူ၏'တုံးအ'မှုကိုပြန်လည်အမှတ်ရမိလိုက်သည်။


ယခုတော့ ရှောက်မင်နှင့်အတူထွက်သွားပြီဖြစ်သော ကျူးထုန်ကိုထပ်မေးရန်မဖြစ်နိုင်တော့ပေ။


'ပြီးတော့ ကျူးထုန်အစ်ကိုရဲ့သူငယ်ချင်းကိုကြည့်ရင် ကျူးထုန်အစ်ကိုလည်း လူကောင်းမဖြစ်နိုင်ဘူး'


'လူချမ်းသာတွေရဲ့လောကကြီးက တကယ်နက်နဲတာပဲ၊ တဖက်ကပြောတဲ့စကားတွေကိုပဲ ယုံလို့မရဘူး'


ယနေ့ ဆွေးနွေးပွဲခေါင်းစဥ်က ကျူးထုန်နှင့်သူ့အစ်ကိုဖြစ်သူကြားရှိ "အစေးမကပ်သောဆက်ဆံရေး" မှ ရှောက်မင်နှင့်ရုတ်တရက်ဆန်သောချိုမြိန်မှုလေးအကြောင်းသို့ရောက်သွားပြီး အလွန်တရာ ရေပန်းစားနေလေသည်။ ယခုတော့ ကျူးထုန်ကရှောက်မင်နှင့်အတူထွက်သွားချိန်တွင် သူတို့အများစုကအော်ဟစ်နေကြလေ၏။


ကျိုးဆွေ့က ကြက်ကိုခိုးရန်ကြိုးစားသော်လည်း ဆန်ကုန်သွားသောအဖြစ်နှင့် ရင်ဆိုင်လိုက်ရလေသည်။


 á€Ąá€Źá€¸á€€á€…ဏးကွင်းထဲတွင်ရပ်န္ရင်း လူလယ်ခေါင်တွင်အပြစ်ပေးခံနေရသည့်ပမာ နေရာစုံမှလူတိုင်း၏အတင်းပြောသမျှကို နားထောင်နေရတော့သည်။



🤒