Chapter 54
Viewers 7k

🤒အခန်း ၅၄




ရှောက်မင်မှာ ကျောင်းဂိတ်အပြင်ဘက်သို့ရောက်သည်အထိ ကျူးထုန်ကိုခေါ်သွားခဲ့သည်။


ငှားနေသည့်အိမ်ကိုပြန်ရောက်ပြီး စက်ဘီးပေါ်မှဆင်းသည်နှင့် ကျူးထုန်မှာ ဒေါသတကြီးဖြင့် ဦးလေးလျိုကိုသွားရှာခဲ့သည်။ စောစောက ကစားကွင်း၌ ကျိုးဆွေ့က ချင်ကျွင်းဟုန်အမည်ကို အခေါက်ပေါင်းများစွာပြောခဲ့ပြီးနောက် ကျူးထုန်တွင်အကြံတစ်ခုရလာခဲ့သည်။


၎င်းက သူ့ကိုအနှောင့်အယှက်ပေးဖြစ်စေသော်လည်း တစ်ဖက်မှကြည့်လျှင် အခွင့်အရေးတစ်ခုဖြစ်သည်။


နှစ်သက်မှုရာခိုင်နှုန်းမှာ နည်းနေဆဲဖြစ်သောကြောင့် သူ့အနေဖြင့် အချိန်တစ်ခုအထိ A မြို့ကိုမပြန်နိုင်သေးသလို ချင်ကျွင်းဟုန်ကိုလည်း ဘာမှမလုပ်နိုင်ဖြစ်နေခဲ့သည်။


'ဒါပေမဲ့ ငါ့ရဲ့တံခါးဝကိုရောက်လာပြီဆိုမှတော့ အသုံးချရမှာပေါ့'


ချင်ကျွင်းဟုန်က ကျိုးဆွေ့ကို လူကိုယ်တိုင်ဆက်သွယ်ခဲ့သည်ဖြစ်ရာ ထိုသူတစ်ယောက်တည်းတော့ မဖြစ်နိုင်လောက်ပေ။ 


ကျူးထုန်က ဦးလေးလျိုကို ကျိုးဆွေ့မှ ချင်ကျွင်းဟုန်အားကိုးဖြင့် သူ့အားကျောင်းတွင် အရှက်ခွဲသည့်အကြောင်းပြောပြလိုက်သည်။ ထိုအကြောင်းကြားသည့်အခါ ဦးလေးလျိုက ဒေါသထွက်သွားပြီး ကျိုးဆွေ့အကြောင်းကိုချက်ချင်းစုံစမ်းလိုက်လေ၏။


ဦးလေးလျို၏တုံ့ပြန်ပုံက အလွန်တရာပြင်းထန်နေပြီး သူ့ဒေါသကလည်း ပေါက်ကွဲလုမတတ်ဖြစ်နေရာ ကျူးထုန်မှာ ဦးလေးလျိုက သူ့အဖေရင်းများလားဟူ၍ သံသယရှိလာမိလေသည်။


ဦးလေးလျိုအပြင်ထွက်သွားမှ ကျူးထုန်မှာ သူ၏ 'ယာယီအခန်း' သို့ပြန်လာခဲ့သည်။


ရှောက်မင်က ဆိုဖာတွင်ထိုင်ကာ ဂိမ်းကစားနေလေသည်။


ထိုသူက စာတော်သည့်ကျောင်းသားဟု ခေါ်ထိုက်ပေ၏။ ကျူးထုန်မှာ ထိုသူစာကျက်နေသည့်ပုံစံကိုတစ်ခါမှမမြင်ဖူးသော်လည်း ထိုသူက စာမေးပွဲဖြေတိုင်း အမြဲ အဆင့်တစ်ရနေလေသည်။


တံခါးတွင် ခဏခန့်ရပ်နေပြီး နောက်ဆုံးတွင် သူလည်းဧည့်ခန်းထဲသို့ဝင်သွားပြီး ဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။


ဂိမ်းဇာတ်ကောင်၏ နှစ်ထောင်းအားရဖွယ်အသံများကရှောက်မင်၏ဖုန်းမှ ထွက်ပေါ်နေခဲ့သည်။


သူက ဂိမ်းကိုပုံမှန်အတိုင်းကစားနေခြင်းဖြစ်လေ၏။ တံခါးမှလှုပ်ရှားသံကိုကြားရသည့်အခါ လှည့်ကြည့်လာသည်။


 "ပြန်လာပြီလား..."


ကျူးထုန်က 'အင်း' ဟုသာအသံပေးလိုက်သည်။


"ဘယ်သူပြန်လာတာလဲ၊ မင်ကော၊ ဒီနေ့ အိမ်ပြန်လို့လား..."


ရှောက်မင်နှင့်အတူကစားနေသူ၏အသံမှာ သူနှင့် အလွန်အမင်းရင်းနှီးနေလေသည်။ လော့ရှိုးပင်။


ရှောက်မင်က ပြန်ဖြေချင်စိတ်မရှိပေ။ သို့ရာတွင် ကစားနေရာမှခဏရပ်သွားပြီး ကျူးထုန်ကို ဖျတ်ခနဲလှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။


 "ဟင့်အင်း.."


"မပြန်ဘူးလား၊ ဒါဆိုဘယ်သူ့ကိုမေးလိုက်တာလဲ..." 

လော့ရှိုးကမေးလိုက်၏။


 "တစ်ယောက်ယောက်ကို အိမ်ခေါ်လာတာလား၊ ဖာ့ခ်၊ စင်ဂယ်မဟုတ်တော့ဘူးလို့လည်း ငါ့ကိုမပြောထားပါဘူး၊ မင်ကော ငါ့ကွယ်ရာမှာ အဝါရောင်စာအုပ်ဆောင်နေတာလား..."


ရှောက်မင်: "....."


ကျူးထုန်က သိချင်သွားလေ၏။ 


"အဝါရောင်စာအုပ်ဆိုတာဘာကြီးလဲ.."


အင်တာနက်တဖက်မှ လော့ရှိုးက ထိတ်လန့်သွားရလေသည်။ 


"ဖာ့ခ်၊ ယောကျ်ားလေးဟ၊ နေဦး၊ အသံကိုတော့သိနေတယ်.."


ရှောက်မင်က ပြုံးရုံသာပြုံးလေ၏။ "ကျူးထုန်ပါ..."


"မင်းနဲ့ကျူးထုန်က အဝါရောင်စာအုပ်ရေးနေကြတာလား..."


"....."


ဂိမ်းထဲမှအသံက တိတ်ဆိတ်သွားပြီး လော့ရှိုးကလည်းအသံတိတ်သွားသည်။ နောက်ဆုံးတွင်တော့ ချောင်းခြောက်ဟန့်လိုက်သည့်အသံဖြင့် တိတ်ဆိတ်မှုကိုဖျက်ဆီးလိုက်လေ၏။ 


"ကျူးထုန်၊ မင်းကဘာလို့ သူနဲ့နေတာလဲ..."


ရှောက်မင်ကပြန်ဖြေလိုက်သည်။ 


"ခဏပဲနေတာပါကွာ.."


"အော်..ဒါဆို..ဘာလို့ သူကမင်းနဲ့နေရတာလဲ၊ မင်း..."


လော့ရှိုး၏ အံ့ဩမှုက အကဲပိုနေပြီး ရှောက်မင်ကသည်းမခံနိုင်တော့၍ တိုက်ရိုက်ဖြတ်ပြောလိုက်လေသည်။


 "တော်ပြီ၊ ငါမဆော့တော့ဘူး၊ မင်းတစ်ယောက်တည်းပဲ ဆက်ပြီးကစားလိုက်တော့..."


"ဘာလဲ၊ မင်းပဲဒီနေ့ည ငါ့ကို အဆင့်တက်အောင်လုပ်ပေးမယ်ဆို၊ မင်းဘာလို့ ဒီလောက်တောင်လူမဆန်ရတာလဲ.."


သူ့စကားပင်မဆုံးသေးခင် ရှောက်မင်က ခလုတ်အချို့ကိုနှိပ်ပြီး ဖုန်းကိုတန်းပိတ်ပစ်လိုက်သည်။


ဧည့်ခန်းလေးက ခဏတွင်းချင်း ငြိမ်သက်သွားခဲ့လေ၏။


ကျူးထုန်: "...."


'ဆိုတော့ အဝါရောင်စာအုပ်ရေးတယ်ဆိုတာ ဘာကြီးလဲ'


သို့သော်လည်း အခြေအနေပေါ်မူတည်ပြီးအဓိပ္ပါယ်ကောက်ရသောစကားအချို့ရှိသေးကြောင်း မရေမရာနားလည်ထားသောကြောင့် သူလည်း ထပ်မမေးဖြစ်တော့ပေ။


ရှောက်မင်ကလည်းစကားမပြောသောကြောင့် ဧည့်ခန်းက နေရခက်လောက်အောင် ငြိမ်သက်နေလေသည်။


ရှောက်မင်က ကစားကွင်းတွင်ဖြစ်ပျက်ခဲ့သမျှနှင့်ပတ်သက်ပြီး မည်သည့်မေးခွန်းမှမမေးလာခဲ့ပေ။


ကျူးထုန်မှာလည်း ထိုစဥ်က သူမည်မျှအထိကြားခဲ့မှန်းမသိသလို ကျိုးဆွေ့စကားကိုကြားရသည့်အချိန်တွင် ထိုသူ၌ မည်သည့်အတွေးမျိုးရှိနေခဲ့သည်ကိုလည်း မသိပေ။ သို့ရာတွင် သူ့ဘက်မှပြောပေးခဲ့သည်ကိုကြည့်လျှင် ထိုသူက သူ့ဘက်တွင်ရှိနေကြောင်းသိနိုင်လေ၏။


သူက အချိန်အနည်းငယ်ကြာသည်အထိ ငြိမ်နေပြီးမှ လှည့်ပြီးပြောလိုက်သည်။ 


"ကျေးဇူးပါပဲ..."


ရှောက်မင်က လက်ထဲမှဖုန်းကိုလှည့်နေသည်။ သူ့အား ခွေးပေါက်မျက်လုံးလေးများဖြင့်ကြည့်လာပြီး ပြန်မေးလိုက်၏။


 "ဒီတခေါက်ရော ဘာကိုကျေးဇူးတင်တာလဲ.."


ကျူးထုန်: "ကျေးဇူးတင်တာက...ကစားကွင်းမှာပြောပေးခဲ့တာတွေအတွက်.."


ရှောက်မင်က တမင်တကာထပ်မေးလာပြန်သည်။ 


"ကိုယ်က ကစားကွင်းမှာဘာပြောခဲ့လို့လဲ.."


"....."


ကျူးထုန်က လှည့်ကာ ရှောက်မင်၏မျက်လုံးတို့ကိုတည့်တည့်ကြည့်လိုက်သည်။ ထိုသူ၏မျက်လုံးထဲတွင် ရင်းနှီးနေသော အပြုံးတစ်စရှိနေ၏။


ကျူးထုန်မှာ တခဏမျှမှင်သက်သွားပြီး အားကစားကွင်းတွင် ရှောက်မင်ပြောခဲ့သည့်စကားကိုပင် မပြောမိပေ။


ရှောက်မင်ကသူ့ကို သဝန်တိုပြီး အချော့ခံချင်တယ်ဆိုတာကိုလား၊ ဒါမှမဟုတ် အခြားတစ်ခုခု...။


ကျူးထုန်မှာ ချင့်ချိန်ပြီးဖြေလိုက်ရ၏။


 "မင်းက ငါမကောင်းပြောခံရမှာကို စိုးရိမ်နေမှန်းငါသိပါတယ်၊ ကျိုးဆွေ့ငါ့ကိုပို့ပေးလိုက်တဲ့ပစ္စည်းတွေအကုန်လုံးလည်း ငါတကယ်လွှင့်ပစ်လိုက်တာပါ၊ သူပြောခဲ့တာတွေပါ ထပ်ပေါင်းလိုက်တော့ ငါက မကောင်းဘူး ဖြစ်သွားရော .."


ကျိုးဆွေ့က သူ့မိသားစုအတွင်းရေးဖြစ်သည့် နေမကောင်းဖြစ်နေသော သားအရင်းနှင့် နောက်အိမ်ထောင်မှရလာသော မယားပါသား၏ ဆက်နွယ်မှုကို တိုက်ရိုက်ကြီး ထုတ်ပြောခဲ့ခြင်းပေ။ ထို့အပြင် သူ့အပေါ် ကျိုးဆွေ့၏သဘောထားက လူကုံထံမိသားစု၏ ရှုပ်ထွေးသော မိသားစုဒရမ်မာကို မြင်ယောင်စေခဲ့သည်။


ထိုအချိန်က သူမည်သို့ပင်ရှင်းပြပါစေ၊ နောက်ကွယ်တွင်အပြောခံရမည့်အရေးကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။


"တကယ်တော့ သူတို့ဘာပြောပြော ဂရုစိုက်စရာမဟုတ်ပါဘူး၊ ကျိုးဆွေ့ပြောတာတွေကိုရော ငါပြောတာတွေရောက ယုံချင်တဲ့သူယုံကြမှာပဲလေ၊ သူတို့ဘယ်လိုပဲ ခန့်မှန်းကြပါစေ၊ သူတို့ကိစ္စပဲ၊ ငါကတော့ဘာမှမဖြစ်ဘူး.."


"....."


ရှောက်မင်ကသူ့အား ကြည့်ရုံသာကြည့်နေပြီး ဘာကိုမှမပြောပေ။


ကျူးထုန်က တခဏခန့် ငြိမ်ပြီးစောင့်နေလိုက်သေးသည်။ ထို့နောက် သူရှောက်မင်ကိုကြည့်ရန်လှည့်လိုက်သည့်အခါ ရှောက်မင်ကသူ့အား မခံမရပ်နိုင်ဖြစ်နေသောမျက်နှာဖြင့်ကြည့်နေလေသည်။ ယခုတော့ သူက ကြောင်အပြီး စိတ်ရှုပ်ထွေးသွားရလေ၏။ 


"ဘာဖြစ်လို့လဲ..."


"မင်းရဲ့အကောင်းမြင်တတ်တာကို ကိုယ်ဝမ်းသာပေမဲ့..." 


ရှောက်မင်က စတင်ပြောလာလေသည်။

 "ဒါပေမဲ့ မင်းကလူအများကြီးရှေ့မှာ ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုလျစ်လျူရှုခဲ့တယ်လေ၊ ကြည့်ရတာ မင်းကကိုယ့်ကိုအလိုလိုက်ရလည်း ကိစ္စမရှိပုံပဲနော်..."


ကျူးထုန်က ကြောင်အသွားလေ၏။ 


"ငါက...."


မှန်သည်။ ရှောက်မင်၏စကားများက အထင်လွဲစေနိုင်သည်။ ထိုအချိန်က သူဘာကိုမှမပြောခဲ့မိပေ။


ကျူးထုန်က တွေးကြည့်ပြီးနောက် အတည်ကြီးပြန်ပြောလိုက်သည်။


 "ငါမနက်ဖြန်မှ သူတို့ကိုရှင်းပြလိုက်ပါ့မယ်.."


ရှောက်မင်: "....."


ရှောက်မင်က သက်ပြင်းမောချလိုက်၏။ 


"ရှင်းပြစရာမလိုပါဘူး၊ ကိုယ်လည်းသူတို့ပြောတာကို စိတ်ထဲမထားဘူးလေ.."


ကျူးထုန်: "....."


"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းကိုကျေးဇူးတင်ပါတယ်.."


ရှောက်မင်: "ကျေးဇူးမတင်ပါနဲ့..."


'တကယ်ကြီး ကျေးဇူးမတင်ရဘူးလား'


- အထင်လွဲစရာစကားတွေပြောလိုက်တုန်းက သူသရုပ်ဆောင်နေခဲ့တာမဟုတ်ဘူးလား။


ကျိုးဆွေ့ဆီကလက်ဆောင်ကိုမြင်ပြီး ကျူးထုန်မုန်းတဲ့လူဖြစ်နေရင်တောင် သူကမနာလိုဖြစ်နေတယ်။


သူက ထိုလက်ဆောင်တို့ကိုလွှင့်ပစ်လိုက်ရန် လော့ရှိုးကိုပင်ပြောခဲ့သည်။ ကျူးထုန်ကိုကူညီပေးရုံတင်မက ၎င်းတို့ကို စိတ်ထဲကရောမျက်စိရှေ့ကပါ ပျောက်သွားစေချင်ခဲ့သည်။


ကစားကွင်းထဲမှစကားလုံးအချို့က တနည်းတဖုံ ရိုးသားနေခဲ့၏။


ရှောက်မင်က အသာလေး မျက်လွှာချလိုက်သည်။


ရုတ်တရက် သူ့ဖုန်းက တုန်ခါလာခဲ့သည်။ သူ ဖုန်းကိုဖွင့်ကြည့်ပြီး အသစ်တက်လာသောမက်ဆေ့ချ်ကိုကြည့်ကာ ရုတ်ချည်းပြုံးလိုက်လေ၏။


ရှောက်မင်က ပြောလာလေသည်။ 


"ကျိုးဆွေ့ကို ကျောင်းထုတ်ချင်လား.."


ကျူးထုန်: "?"


'ဘာလို့ ရုတ်တရက်ကြီး ဒီလိုမျိုးပြောရတာလဲ'


သို့ရာတွင် သူက ကြုံတောင့်ကြုံခဲ တွေဝေနေခဲ့လေ၏။ 


"မလိုပါဘူး..."


သူက ထိုကောင်လေးကိုစုံစမ်းရန်အတွက် ဦးလေးလျိုကိုအကူအညီတောင်းထားခဲ့ပြီး မကြာခင် အဖြေထွက်လာတော့မည်ဖြစ်သည်။


သူ့ဘေးရှိရှောက်မင်ကမူ ရုတ်တရက် ဖုန်းကိုကမ်းပေးလာပြီး လုကျစ်ယွီပို့ပေးလာသောမက်ဆေ့ချ်ကို ပြလိုက်သည်။


ကျူးထုန် လှည့်ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ့မျက်လုံးလေးများက တောက်ပသွားလေ၏။ 


"ကျိုးမျိုးရိုးက သူ့အဖေအတိုင်း အလောင်းအစားတွေလုပ်ပြီး ငွေချေးနေတယ်တဲ့လား..."


ရှောက်မင်ကခေါင်းညိတ်ပြလေသည်။ 


"သူ့အဖေတစ်ယောက်တည်း အလောင်းအစားလုပ်တာမဟုတ်ဘူး၊ ကျိုးမျိုးရိုးနဲ့သူ့ညီလည်း လုပ်ကြတယ်၊ အကြွေးတွေဆိုဆပ်လို့တောင်မကုန်ဘူး၊ အဲဒါကြောင့် ငွေတွေချေးယူထားခဲ့တာ၊ အခုဆို အကြွေးရှင်တွေကသူ့နောက်လိုက်နေပြီ၊ အစကတော့ သူ့အဖေက ညီအစ်ကိုနှစ်ယောက်ကို ကျောင်းကနေထုတ်ချင်တာလေ၊ သူကအချိန်ပိုင်းလုပ်ပြီး ပိုက်ဆံရှာချင်ပေမဲ့ ကျိုးဆွေ့က ဒီလထဲမှာတင် သူ့အဖေရဲ့အကြွေးတွေကို ဆပ်ပေးမယ်လို့ကတိပေးထားတယ်လေ၊ အဲဒါကြောင့် သူက ဒီကျောင်းမှာဆက်နေနိုင်တာ..."


ကျူးထုန်: "......."


ကျိုးဆွေ့က အရေးပေါ်ငွေလိုနေခဲ့ပုံရပြီး ယင်းကြောင့်ပင် ထိုသူက ချင်ကျွင်းဟုန်ကိုဆက်သွယ်ခဲ့ခြင်းဖြစ်မည်။


'ဒါပေမဲ့...'


"မင်းကဘယ်လိုသိတာလဲ.."


 á€žá€° ရှောက်မင်ကိုကြည့်လိုက်မိသည်။


ရှောက်မင်က အရေးမကြီးသလိုပြန်ဖြေလာ၏။ 


"အော်..လုကျစ်ယွီက ကျိုးဆွေ့တို့အိမ်အနားမှာ တစ်ခါအလုပ်လုပ်ခဲ့ဖူးတယ်၊ အဲဒါကြောင့် ကိုယ်မေးကြည့်ထားခဲ့ရုံပါ..."


ကျူးထုန်: "....."


သူက တဒင်္ဂခန့်ကြက်သေသေနေပြီးမှ အံ့ဩနေသည့်မျက်နှာဖြင့်ပြန်ပြောလိုက်၏။


"လုကျစ်ယွီက အရမ်းမိုက်တာပဲ..."

'သူအလုပ်လုပ်နေတာ ဘယ်နှနေရာတောင်ရှိတာလဲ၊ နားထောင်ရုံနဲ့တင် အရမ်းများနေပြီဆိုတာ သိနိုင်တယ်'


သူက တဖက်လူကို အရိုးခံအတိုင်းချီးမွမ်းမိသည့်အခါ ရှောက်မင်မှာရှင်းပြရခက်စွာဖြင့် လုကျစ်ယွီနည်းတူ ချီးမွမ်းခံချင်သည့်ဆန္ဒမျိုး ပေါ်ပေါက်လာလေ၏။ 


"တကယ်တော့ သိရဖို့ကမခက်ပါဘူး၊ မြို့ကသိပ်မကျယ်တော့ ဒီလိုကိစ္စမျိုးကို အနှေးနဲ့အမြန်သိနိုင်တယ်လေ..."


ကျူးထုန်က ခေါင်းလေးညိတ်ကာဖြင့် ချီးမွမ်းလိုက်သည်။ 


"အင်းပါ၊ မင်းလည်းအရမ်းတော်ပါတယ်..."


ရှောက်မင်: "....."


"မင်းလည်း" ဆိုသောစကားမျိုးက သူနှင့်လုကျစ်ယွီ နှစ်ယောက်ကြားမှ လုပ်ဆောင်ချက်ကို မကွာခြားသလို ခံစားရစေသည်။


ကျူးထုန်က ဖုန်းကိုယူကာ သတင်းတို့ကို ဂရုစိုက်ပြီးဖတ်ကြည့်လိုက်သည်။


ရှောက်မင်က ဘေးမှပြောလာခဲ့သည်။


 "ဘယ်လိုလဲ၊ အသုံးဝင်လား..."


"ဒါပေါ့၊ အသုံးဝင်တာပေါ့..." 


ကျူးထုန်က စကားပြန်လိုက်သည်။


ကျိုးဆွေ့၏မိသားစုနှင့် ထိုသူ၏စရိုက်လက္ခဏာ၊ ထိုသို့သောလူမျိုးနှင့်ပတ်သက်နေမှု နှစ်မျိုးလုံးက ချင်ကျွင်းဟုန် ထိုသူနှင့်သူငယ်ချင်းဖြစ်နေသည့်အတွက် ကျိုးရှို့ရှန်းကို စိတ်ပျက်သွားစေရန် လုံလောက်သည်။


ချင်ကျွင်းဟုန်၏ မျက်နှာဖုံးက အက်ကွဲလာနေပြီး သူက တစ်ဆင့်ချင်းစီဆုတ်ဖြဲပစ်လိုက်မည်။


သူ၏တက်ကြွလာသောပုံစံကြောင့် ရှောက်မင်က ပြုံးလိုက်လေသည်။ 


"အသုံးဝင်တယ်ဆိုလည်း ကောင်းတာပဲပေါ့..."


ကျူးထုန်က သူ့ကိုထပ်ကြည့်လိုက်ကာ မေးလိုက်လေသည်။ 


"မင်း ဒါတွေကိုရှာဖို့ လုကျစ်ယွီကို တကူးတကအကူအညီတောင်းလိုက်တာလား.."


'ခုနက အတန်းထဲမှာ "တစ်ခုခုဖြစ်တော့မယ်" လို့မင်းပြောခဲ့တယ်၊ အဲဒါက ဒါကိုပြောချင်တာလား'


ရှောက်မင်က ငြင်းဆိုလာခြင်းမရှိပေ။


ကျူးထုန်က စကားကိုခဏရပ်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။


 "မင်းဘာလို့ငါ့ကိုကူညီနေတာလဲ.."


ရှောက်မင်ကပြန်မေးလိုက်သည်။ 


"ဒါဆို မင်းကရော ဘာလို့ ကိုယ်ကြောင့်နဲ့ ယွမ်ရှောင်ကျိုးကို လူငှားပြီးရိုက်ခိုင်းရတာလဲ..."


"....."


သူ လူငှားပြီးယွမ်ရှောင်ကျိုးကို ရိုက်ခိုင်းမိခဲ့ခြင်းမှာ သူက လူရိုက်လေ့မရှိသောကြောင့်ပင်။


ကျူးထုန်မဖြေသည့်အခါ ရှောက်မင်ကပြုံးရုံသာပြုံးလေသည်။


 "ကိုယ်လည်းမင်းလိုပဲပေါ့.."


ကျူးထုန်: "....."


'ရတယ်' ကျူးထုန်က သူ့အပြုံးကြောင့် စိတ်ထဲမှသာပြောလိုက်သည်။ ထို့နောက် ရှောက်မင်ကို ကျေးဇူးတင်ကြောင်းပြောလိုက်၏။ သူက ရှောက်မင်ထံရောက်လာသော လုကျစ်ယွီ၏မက်ဆေ့ချ်ကို သူ့ထံပို့လိုက်ပြီး ဦးလေးလျိုကို တဆင့်ပြန်ပို့ပေးလိုက်သည်။


သူဖုန်းကိုကိုင်လိုက်သည်နှင့် ရုတ်တရက် မေးခွန်းတစ်ခုက စိတ်ထဲတွင် ပေါ်လာခဲ့သည်။


'ချင်ကျွင်းဟုန်က ဘာရည်ရွယ်ချက်နဲ့ ကျိုးဆွေ့ကို ငါ့ဆီချဥ်းကပ်ခိုင်းရတာလဲ၊ ငါ့ကိုအရှက်ခွဲဖို့လား'


သူက အဖြေရှာကြည့်နေစဥ် ရှောက်မင်ထံသို့ မက်ဆေ့ချ်တစ်စောင်ဝင်လာလေ၏။ သူက ဖွင့်ကြည့်လိုက်ပြီး ရုတ်တရက် သူ့မျက်လုံးတို့ကအေးစက်သွားခဲ့လေသည်။


<လောင်အာ့> : [ဓာတ်ပုံ] ကျိုးဆွေ့ရဲ့ဖုန်းထဲက စကားပြောထားတွေ ငါကော်ပီယူလာခဲ့တယ်။


<လောင်အာ့> : တခြားဟာတွေကိုတော့ ဖျက်ပစ်လိုက်ပြီ။ ဒါက သူ့ဖုန်းထဲကရလာတဲ့ screenshot တွေ။


စကားပြောထားသည့်မှတ်တမ်းမှာ ကျိုးဆွေ့နှင့်အမည်မသိလူတစ်ယောက်ကြား ဆက်သွယ်ထားမှုများပင်။


စကားပြောထားသည့်မှတ်တမ်းများကိုဖျက်ပစ်လိုက်သော်လည်း screenshot ကိုမူ ရိုက်ထားခဲ့သေးသည်။ ယင်းက ကျိုးဆွေ့ သူကိုယ်တိုင်အတွက် ချန်ထားသော "ညှိနှိုင်းသည့်ချပ်စ်" သာဖြစ်လေ၏။


Screenshot ကအလွန်တရာ ပွင့်လင်းနေလေသည်။


[မဆိုင်တာတွေကိုစိတ်ပူမနေနဲ့။ ကိစ္စတွေပြီးသွားရင် မင်းမိသားစုတင်နေတဲ့အကြွေးတွေကို လူတစ်ယောက်က ပုံမှန်အတိုင်း လာဆပ်ပေးလိမ့်မယ်။ ကျူးထုန်ရဲယုံကြည်မှုကိုလိုချင်ရင်တော့ မင်းလုပ်ချင်တာအကုန်သာလုပ်။]


"မင်းလုပ်ချင်တာအကုန်သာလုပ်..."


ရှောက်မင်က ထိုစကားလုံးများကိုကြည့်ပြီး အေးတိအေးစက်ဖြင့်အံကြိတ်လိုက်မိသည်။


"မင်းအဖေက...မင်းအပေါ်ကောင်းရဲ့လား..." 


ထိုသူက မျက်လွှာချကာ ပုံမှန်အတိုင်း မေးမြန်းလာလေသည်။


ကျူးထုန်က ရှောက်မင်ဘက်မှ ရုတ်တရက်ကြီးသူ့အဖေအကြောင်းမေးလာသည့်အကြောင်းအရင်းကိုမသိပေ။ သို့ရာတွင် ကျိုးဆွေ့၏ အဓိပ္ပါယ်မရှိသည့် စကားများကိုမြင်လိုက်ရပြီး ရှောက်မင်တစ်ယောက် သိချင်လာ၍ဖြစ်မည်ဟုတွေးလိုက်မိသည်။


 "သူကကောင်းလားဆိုးလားတော့ငါမသိဘူး၊ ဒါပေမဲ့ ငါ ငတ်တော့မငတ်ခဲ့ဘူး.."


ရှောက်မင်: "....."


"မငတ်ခဲ့ဘူး..."


ရှောက်မင်၏မျက်လုံးတို့ကနက်မှောင်သွားကာ လုကျစ်ယွီပို့ပေးလိုက်သော screenshot များကိုကြည့်လိုက်သည်။


Screenshot တွင် ၎င်းမက်ဆေ့ချ်များအားပို့ပေးလိုက်သူကို မသိရသောကြောင့် သက်သေအဖြစ်သုံး၍မရပေ။


သို့ထိတိုင် ခန့်မှန်းရန်မခဲယဥ်းချေ။


ယုတ်မာပြီးကြောက်စရာကောင်းသော သူ၏သွေးမတော်သားမစပ်သည့်အစ်ကိုပင်ဖြစ်လိမ့်မည်။ သူဆေးရုံတက်နေရစဥ်က ကျူးထုန်မှာ မိသားစုကိုမပြောပြရန်တားမြစ်ခဲ့သည်။ ရုတ်တရက် ရှင်းပြချက်တစ်ခု ထွက်လာခဲ့သည်ထင်၏။


'သူ ကုန်းရွှေစီရင်စုကိုပြောင်းလာခဲ့တာ သူ့ရဲ့ မိထွေးဘက်က အစ်ကိုနဲ့ပတ်သက်နေတာလား'


သူတွေးကြည့်နေစဥ် ကျူးထုန်က သူ့ဘေးကိုကပ်လာပြီး မေးလေ၏။ 


"မင်း ပုံမှန်ဆိုရင် ဘယ်အချိန် အိပ်ရာဝင်တာလဲ..."


ရှောက်မင်က တွေးနေသည်ကိုရပ်လိုက်သည်။


 "ဆယ့်နှစ်နာရီမထိုးခင်ပေါ့.."


ကျူးထုန်: "ဒါဆို အခုရော အချိန်ရသေးလား.."


"....."


ရှောက်မင်က ရုတ်တရက်ပြုံးရင်းပြောလိုက်လေသည်။


 "ရပါတယ် သခင်လေး ဘာလုပ်ချင်လို့လဲဗျ.."


ကျူးထုန် သူ့စကားထဲမှ လှောင်ရိပ်သန်းနေပုံကို မကြားမိပေ။ တကယ်ကြီးပြောလိုက်သည်။


 "ငါမတွက်တတ်တဲ့ပုစ္ဆာတွေရှိတယ်၊ ငါမင်းကိုမေးချင်နေလို့.."


ရှောက်မင်: "...."


ဤပုဂ္ဂိုလ်လေးက စာလေ့လာရန်အတွက် ပြောင်းလာခဲ့သည်ကို သူမေ့သွားခဲ့သည်ဖြစ်ရာ ရုတ်တရက်ရယ်လိုက်မိလေ၏။


 "မင်းစာလေ့လာတာကို ဘာလို့ဒီလောက်တောင်ကြိုက်ရတာလဲ.."


ကျူးထုန်က သူ့မေးခွန်းကြောင့် မှင်သက်သွားလေသည်။


- ဘာလို့လဲဆိုတော့ စာလေ့လာတာက နှစ်သက်မှုရာခိုင်နှုန်းတိုးလာဖို့ အဓိကလိုအပ်တာမှန်း သူသဘောပေါက်သွားလို့လေ။ ဒါကြောင့် သူ စာကြိုးစားနေရတာ။


သို့ရာတွင် သူမတွက်တတ်သည့် ပုစ္ဆာအချို့ရှိနေပြီး ယင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။


သူသေချာစဥ်းစားကြည့်လိုက်သည်။ သူသာ ဝီရိယရှိတဲ့ကျောင်းသားဖြစ်လို့ နှစ်သက်မှုရာခိုင်နှုန်းရတာဆိုရင် သူအဆင့်ထိုးကျသွားရင်လည်း နှစ်သက်မှုရာခိုင်နှုန်းပါကျသွားမှာလား။


လက်ရှိနှစ်သက်မှုရာခိုင်နှုန်းကို ဆက်ထိန်းထားသည်က ပိုကောင်းလိမ့်မည်။


စနစ် 666 မှာ သူ၏အကောင်းဘက်မှတွေးသည့်အတွေးကြောင့် သူ၏နံပါတ်ကိုပင်ပေးပစ်ချင်သွားရလေသည်။

ဟာကွက်မရှိသော လော့ဂျစ်အတွက် အမှတ်အပြည့်ပေးရပေမည်။


ကျူးထုန်မှာ အဖြေရသွားပြီးသည့်နောက် ရှောက်မင်ထံမှအကြံတောင်းသည့်အခါ ပိုပြီး သေချာလာလိမ့်သည်။


ထိုသူထံမှ ယခုကဲ့သို့စိုက်ကြည့်ခံနေရသည့်အခါ ရှောက်မင်၏ အတွေးတို့က လမ်းခုလတ်တွင်ရပ်သွားခဲ့သည်။


သူက ကယ်ရာမဲ့စွာပြုံးလိုက်လေ၏။ 


"ပြလေ၊ ဘယ်အပုဒ်ကိုမတွက်တတ်တာလဲ..."


တချိန်တည်းမှာပင် စနစ်မှနှစ်သက်မှုရာခိုင်နှုန်းမှာ တက်လိုက်ကျလိုက်ဖြင့် အခါခါဖြစ်နေပြီးနောက် သုံးဆယ့်ခြောက်ရာခိုင်နှုန်းတွင်ရပ်သွားလေသည်။


စနစ်: ......


ဒါ လုံးဝကို ဗိုင်းရပ်စ်ကိုက်နေတာပဲ။




🤒