Chapter 85
Viewers 12k

📽️Chapter 85



စုတျန့်တျန့်နှင့် ထူယွမ်ကျယ်တို့က စန့်ရှန်းတွင် စေ့စပ်ထားသူရှိကြောင်း သိပြီး ၎င်းအပေါ် အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။                     

                                                                                                                                                                                                                                                စုတျန့်တျန့်က အိပ်ရာပေါ်မှ အမြန်ထပြီး သူ့ဖုန်းကိုယူကာ refresh လုပ်လိုက်သည်။ ထို့နောက် ရန်ရှူကို ကြိမ်းမောင်းထားသော ကွန်မန့်များ ပိုမိုများပြားလာသည်ကို တွေ့လိုက်ရသည်။ ယခုတစ်ကြိမ်တွင် ကျော်ကြားမှု အလွန်အားကောင်းသောကြောင့် အင်တာနက်သုံးစွဲသူ တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖန်များ၏ တိုက်ခိုက်နိုင်စွမ်းက မလုံလောက်လုနီးပါး ဖြစ်ခဲ့သည်။ သူ မနေနိုင်ဘဲ ကျယ်လောင်စွာရယ်မောလိုက်မိသည်။


"ရန်ရှူ မင်းတော့ပြီးသွားပြီ…"


………


ကောင်းချင်က စန့်ရှန်း၏အိမ်ထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူမ၏ တက်ဘလက်ကွန်ပျူတာကို ပွတ်ဆွဲကာ သတင်းများကို စစ်ဆေးကြည့်ရှုနေသည်။ သူမက အလုပ်များစီစဉ်ရန် ဖုန်းကောများကိုလည်း ဖြေဆိုနေရပေသည်။ ထို့ကြောင့် သူမက ရိုးရှင်းစွာပင် ဘလူးတုစ်နားကြပ်ကို သူမ၏နားထဲ တစ်ချိန်လုံးတပ်ထားခဲ့သည်။


မနီးမဝေးတွင် ရှန်းကျွင့်ကျင်းက တက်ဘလက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လက်ချောင်းများဖြင့် ပွတ်ဆွဲပြီး ၎င်းကို ခဏလောက်ကြာအောင် ကြည့်နေခဲ့သည်။ ထို့နောက် နောက်တစ်ကြိမ် ထပ်ပွတ်ဆွဲကာ ခဏလောက်ထပ်ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ 

"ဖျော်ဖြေရေးနယ်ပယ်က တစ်ကယ့်ကို ကြမ်းတမ်းတာပဲ...ပေ့ချ်ကို refreshပြန်လုပ်လိုက်တိုင်း ရာနဲ့ချီတဲ့ ကွန်မန့်အသစ်တွေက ထပ်တက်တက်လာတယ်... ပြီးတော့ တော်တော်များများက ဆဲဆိုကြိမ်းမောင်းနေတဲ့ဟာတွေကြီးပဲ..."


" အဲဒါက ဘာများထူးဆန်းလို့လဲ..."

ကောင်းချင်က ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။


ထိုအချိန်တွင် ရန်ရှူက အတွင်းခန်းထဲမှ ထွက်လာခဲ့ပြီး နံရံကိုကိုင်ကာ ကောင်းချင်ကိုမေးလိုက်သည်။

"အစ်မကောင်း ကျွန်တော် ကူဆဲပေးရမလား ကျွန်တော်အခုလုပ်နိုင်တယ်..."


ကောင်းချင်နှင့် ရှန်းကျွင့်ကျင်းတို့က ရန်ရှူကို တပြိုင်တည်း ကြည့်လိုက်ကြသည်။


ပုံမှန်အားဖြင့် စွမ်းအင်အပြည့်နှင့် တက်ကြွမှုအပြည့်ရှိတတ်သူက ယခုတွင် မျက်တွင်းများကျနေပြီး သူ၏ခြေလှမ်းများမှာ မတည်မငြိမ်ဖြစ်နေကာ လည်ပင်းတွင်လည်း စတော်ဘယ်ရီရောင်အမှတ်အသားများ ရှိနေခဲ့သည်။


ကောင်းချင် : "…"


ရှန်းကျွင့်ကျင်းက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။ 

"မျက်လုံးပွင့်စရာပဲ...အရူးအတွဲ..."


ရန်ရှူက သူ့လည်ပင်းကိုပွတ်၍ ဆိုဖာသို့ လျှောက်လာကာ လှဲချပြီး မေးလိုက်သည်။

"အခုအခြေအနေက ဘယ်လိုလဲ..."


"တစ်ယောက်ယောက်က မင်းကို အငယ်အနှောင်းဆိုတဲ့ သတင်းတွေဖြန့်ဖို့ ရေတပ်ဝယ်ခဲ့တဲ့ပုံပဲ..." 

ကောင်းချင်က ဘာမှမထူးခြားသလိုမျိုးပြောလိုက်သည်။


ရန်ရှူက အံ့အားသင့်မှုဖြင့် ထထိုင်ပြီး သူ့ကိုယ်သူ ညွှန်ပြကာ မေးလိုက်သည်။ 

"ကျွန်တော်လား...ကျွန်တော်ကအငယ်အနှောင်းတဲ့လား..."


ကောင်းချင်က သူမခါးကို ပျင်းတွဲ့စွာဆန့်တန်းပြီး ပြောလိုက်သည်။ 

"စိတ်မပူနဲ့...သူတို့ နာရီပိုင်းလောက် ထပ်ကြိမ်းမောင်းပါစေ... ငါသတင်းထုတ်ပြန်ဖို့ အရင်ပြင်ဆင်လိုက်ဦးမယ်...လူထုအမြင် ထိပ်ဆုံးရောက်လာတဲ့အချိန်ကျရင် ငါတို့ အဲ့ဒါကို ပြောင်းပြန်လှန်ပစ်ကြမယ်... ဒီနည်းနဲ့ဆို ငါတို့ ဒီီကိစ္စကိုအသုံးချပြီးတော့ မင်း ကောင်းကောင်း ချပြလို့ရလောက်တယ်..."


ရန်ရှူက ဆိုဖာပေါ် လဲကျသွားပြီး အားနည်းစွာရေရွတ်လိုက်သည်။ 

"အဲ့လို လုပ်မှရမှာလား..."


"ဖျော်ဖြေရေးနယ်ပယ်က ဒီလိုပဲအလုပ်လုပ်တာလေ...ဆက်ဆံရေးတွေဖော်ထုတ်တာ၊ လမ်းခွဲတာ၊ အိမ်ထောင်ပြုတာ ကွာရှင်းတာ၊ ကိုယ်ဝန်ဆောင်တာ၊ ကလေးမွေးတာ အဲ့တာတွေအားလုံးက အသေးအမွှားကိစ္စတွေဆိုပေမယ့် တချို့လူတွေက အဲ့ဒါတွေအကြောင်းပြောရတာသဘောကျကြတယ်လေ...ပြီးတော့ အဲ့နည်းက ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူး...နင် ဖွင့်ချပြခဲ့တဲ့ပုံက ဖျော်ဖြေရေးနယ်ပယ်ထဲ ရှားရှားပါးပါးမို့လို့ လူထု အာရုံစိုက်မှုကို ပိုဆွဲဆောင််နိုင်ခဲ့တာပဲ..."


"လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မီလဲ့လည်း ဒီလိုပဲ သူ့ဆက်ဆံရေးကို ထုတ်ပြခဲ့တယ် မဟုတ်ဘူးလား..."


"မီလဲ့က မင်းထက်စာရင် ပိုပြီး lowkey ဆန်တယ်လေ... သူ့မှာက သူ့ရဲ့အလုပ်ပဲရှိတာ...သူ့ရဲ့ ကိုယ်ပိုင်ဘဝကို ချပြတယ်ဆိုတာရှားတယ်...ပြီးတော့ သူက ဘယ်တော့မှ တိုက်ရိုက် မချပြဘူး အဲ့တာကြောင့် လူနည်းနည်းပဲ အဲ့အကြောင်းပြောကြတာ... ဒါပေမယ့် မင်းကတော့ ရည်းစားကို လောင်ကုန်းလို့ တိုက်ရိုက်ခေါ်ခဲ့တာလေ..."


ရန်ရှူက ပျင်းရိစွာ သက်ပြင်းချလိုက်သည်။ 

"မီလဲ့က ဒီဖျော်ဖြေရေးစက်ဝန်းထဲ ကျွန်တော်နဲ့ ဉာဏ်ရည်ချင်း ယှဉ်နိုင်တဲ့လူတွေထဲက တစ်ယောက်ပဲ..."


"…"


ကောင်းချင် မီလဲ့၏ IQ ကို တွေးမိသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

"မင်း မီလဲ့ထက် 1% လောက် ထက်မြက်ရင်တောင်မှ reality show မှာ အနိုင်ရဖို့ ကံကို အားကိုးနေစရာ လိုမှာမဟုတ်လောက်ဘူး..."


ရန်ရှူက ၎င်းကို ထပ်မပြောတော့ဘဲ အခြားအကြောင်းအရာကို ပြောင်းလိုက်သည်။

"စုတျန့်တျန့် က ဒီကိစ္စနောက်ကွယ်မှာ နည်းနည်းပါဝင်လောက်တယ်"


"အင်း သူ့ကို ခဏအနားမှာ ထားထားရဦးမယ်..."


ရန်ရှူက ရှုပ်ထွေးမှုဖြင့် ကြည့်လိုက်သည်။


ကောင်းချင်က တက်ဘလက်ကို ချပြီး ရန်ရှူကိုပြောလိုက်သည်။ 

"မစ္စတာစန့်က ငါ့ကို ဘာလို့ လစာမြင့်မြင့်နဲ့ အလုပ်ခန့်ထားလဲဆိုတာ သိလား..."                                                                                                                                                                                                                                    


"သန်မာလို့လား..."


"ပထမအချက်က မင်းကို ကျော်ကြားစေဖို့ ဒုတိယက မင်းနဲ့သူရဲ့ဆက်ဆံရေးကို ချောချောမွေ့မွေ့ ချပြနိုင်ဖို့ပဲ..."


ရန်ရှူက ခဏလောက်စဉ်းစားပြီး နောက်ဆုံးတွင် နားလည်သွားခဲ့သည်။


ကောင်းချင်က သူနှင့် စန့်ရှန်းတို့၏ မော်တော်ဆိုင်ကယ်ပေါ်က ဗီဒီယိုကို မြင်ခဲ့ရချိန် အဘယ်ကြောင့် မျက်လုံးများလင်းလက်သွားခဲ့ပြီး အဘယ်ကြောင့် သူတိုက်ရိုက်ထုတ်လွှင့်ပြီး ဖွင့်ချပြခြင်းအား မတားခဲ့သည်ကို နားလည်သွားခဲ့သည်။


သူမ၏ အလုပ်များထဲက တစ်ခုမှာ သူတို့၏ အချစ်ရေးအတွက် လမ်းဖောက်ပေးရန်ပင်ဖြစ်သည်။


စန့်ရှန်းက အချိန်အတော်ကြာအောင်ပင် သူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြားချပြရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။


စန့်ရှန်းက သူ၏ တရားဝင်ချစ်သူအဖြစ် ရာထူးလိုချင်ပြီး ထိုအကြောင်းအတွက် ဝမ်းနည်းသလို ခံစားနေခဲ့ရသည်။


ကောင်းချင်က ဆက်ပြောပြလိုက်သည်။

" မင်းရဲ့ မော်တော်ဆိုင်ကယ်ဗီဒီယိုက မင်း ဂေးဖြစ်နိုင်တယ်ဆိုတဲ့အချက်အတွက် အခြေခံအုတ်မြစ်ချပေးလိုက်တာပဲ...အဲ့ဒါကြောင့် မင်းရဲ့ဖန်တွေက စိတ်ပိုင်းဆိုင်ရာမျှော်လင့်ချက်တွေ ရှိလာကြတာ...စန့်ရှန်းက ဆွေ့ဟို့ယွီကိုတောင် ဆက်သွယ်ပြီးတော့ သူ့ကို မင်းမှာ ချစ်သူရှိတယ်ဆိုတာနဲ့ ခဏခဏ ပြတ်လိုက်ပြန်တွဲလိုက်လုပ်တယ်လို့ ပြောဖို့တောင် တောင်းဆိုခဲ့သေးတယ်..."


ရန်ရှူက အံ့အားသင့်သွားခဲ့သည်။ 

"ကျွန်တော့်အစ်ကိုယွီကိုရောလား..."


"အင်း" 

ကောင်းချင်က ပြုံးလိုက်သည်။


"မင်းကို စုတျန့်တျန့် စုံစမ်းချင်တုန်းကလည်း မစ္စတာစန့်က စုတျန့်တျန့်ကို အပြီးအပြတ်ရှင်းချင်ခဲ့တာ...ဒါပေမယ့် ငါက စုတျန့်တျန့်ကို ခဏလောက် ထိန်းသိမ်းဖို့ အကြံပေးခဲ့တာ...တစ်ဖက်မှာ ငါက စုတျန့်တျန့်ကို ဒီကနေ သင်ယူပြီးတော့ ပိုထက်မြက်လာဖို့ မျှော်လင့်ခဲ့တာ...အဲ့ဒါဆို မစ္စတာစန့်လည်း ဆုံးရှုံးမှုနည်းသွားတာပေါ့...ပြောရရင် မစ္စတာစန့်က စီးပွားရေးသမားတစ်ယောက်ဆိုတော့ စုတျန့်တျန့်ဆီကနေ ပိုက်ဆံတွေထပ်ရဖို့ လိုသေးတယ်လေ..."


"ဒါပေမယ့် စုတျန့်တျန့်က ထက်မြက်ဖို့ မသင်ယူခဲ့ဘူးလေ..." 

ရန်ရှူက ပြောလိုက်သည်။


"အဲ့ဒါကြောင့် သူ့ကို အနားမှာဆက်ထားရဦးမှာ...သူဆက်ခုန်ပါစေ...မီးထဲလောင်စာထပ်ထည့်ချင်လည်း ထည့်ပါစေ...ဒါမှ အရာအားလုံးကိုပြောင်းပြန်လှန်ပြီး အကောင်းဆုံး ချပြလို့ရမှာ...ပြီးတော့ အရေးကြီးတဲ့ အချိန်ကျ အာရုံလွှဲဖို့ သူ့ကို ထုတ်သုံးလို့ရတယ်လေ... မင်း သိပါတယ်... သတင်းကြီးတွေဆိုတာ လိုအပ်တဲ့အချိန်အတွက် သိမ်းထားရတယ်..."


ယခုအဖြစ်အပျက်က မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သောကြောင့် အင်တာနက်အသုံးပြုသူများက ၎င်းကိုဆန်းသစ်သည်ဟုထင်ပြီး ပျော်စရာများကြည့်ရန် ဆန္ဒရှိကြသည်။


သို့သော် အချိန်ကြာလာပြီးနောက်တွင် သူတို့က "ပင်ပန်းနွမ်းနယ်မှုနှင့် ပျင်းရိမှုများ" ရှိလာကြမည်ဖြစ်သည်။ သူတို့က hot search ကို ကြည့်ပြီးနောက် တွေးကြလိမ့်မည်။


သူက ဘာလို့ အဲ့မှာထပ်ရှိနေသေးတာလဲ...                                                                                                                                                                        

                                                                                                                                                                                                                                               á€Ąá€˛á€ˇá€’ဍက မပြီးသေးဘူးလား...

                                                                                                                                                                                                                                        ၎င်းက ရန်ရှူ၏ ကျော်ကြားမှုကိုထိခိုက်စေနိုင်သော အရာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။


ထိုသို့သောအချိန်မျိုးတွင် လူတိုင်း၏အာရုံကို လွှဲစေနိုင်မည့် အခြားကိစ္စကြီး တစ်ခုရှိရန်လိုအပ်ပေသည်။ ဤတစ်ကြိမ်တွင် စုတျန့်တျန့်က သူ၏ "အနည်းငယ်သော အင်အား" ဖြင့် ပံ့ပိုးပေးနိုင်သည်။


ရန်ရှူက ၎င်းကိုကြားပြီးနောက် အံ့အားသင့်သွားပြီး လျင်မြန်စွာ လက်ခုပ်တီးလိုက်သည်။ 

"အံ့ဩစရာပဲ..."


ထိုအချိန်တွင် စန့်ရှန်းက မီးဖိုချောင်ထဲမှထွက်လာပြီး သစ်သီးပန်းကန်ကို ယူလာကာ ရန်ရှူ၏ ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခုခွံ့ကျွေးခဲ့သည်။


ရန်ရှူက စိတ်အားထက်သန်စွာဖြင့် စားပြီးနောက် ကောင်းချင်နှင့် အခြားသူများ အလုပ်ရှုပ်နေပုံကို လိုက်ကြည့်ခဲ့သည်။


ရှန်းကျွင့်ကျင်းက သူ့ကိုတွေ့ပြီး‌ အံကြိတ်ကာ ပြောလိုက်သည်။ 

"သွား သွား ထွက်သွားကြပါတော့... ငါ့ကိုယ်ပိုင်အလုပ်ကိုပါ ရှုပ်ထွေးအောင်မလုပ်ပါနဲ့..."


ရန်ရှူက ချက်ချင်းပင် ရှန်းကျွင့်ကျင်းကို လက်ညှိုးထိုးပြပြီး စန့်ရှန်းအား ညည်းညူပြုလိုက်သည်။

"သူ့ကိုကြည့်ပါဦး..."


"သူ့ကိုဖြေရှင်းဖို့နည်းလမ်းက အရမ်းရိုးရှင်းတယ်..." 

စန့်ရှန်းက ထိုသို့ပြောပြီးနောက် ခေါင်းကိုငုံ့ကာ ရန်ရှူ၏နှုတ်ခမ်းကို နမ်းလိုက်သည်။


ရှန်းကျွင့်ကျင်းက ချက်ခြင်းထရပ်ပြီး တက်ဘလက်ကို ဆိုဖာပေါ်သို့ပစ်တင်လိုက်သည်။ 

"ငါ အလုပ်ထွက်ချင်တယ်..."


သူက ညည်းညူပြီးနောက် ဖုန်းကိုလှမ်းယူကာ စန့်ရှန်းက ဤတစ်ကြိမ်တွင်သူ့အား စာအိတ်အနီမည်မျှ လွှဲပေးမည်ကို ကြည့်ချင်ခဲ့သည်။


သို့သော် ထိုအချိန်တွင် စန့်ရှန်းက ရန်ရှူကိုနောက်ထပ် စပျစ်သီးတစ်လုံးကျွေးနေသည်ကို တွေ့လိုက်ရသည်။


ရှန်းကျွင့်ကျင်း နှလုံးသားလေး နာကျင်သွားပြီ သူ အလုပ်ထပ်မလုပ်ချင်တော့ပေ။


ထိုအချိန်တွင် စန့်ရှန်းက ပြောလိုက်သည်။

"မနက်ဖြန်ကျရင် ကုန်းရှီအန်းက စာချုပ်ကို လက်မှတ်ထိုးလိမ့်မယ်..."


ရှန်းကျွင့်ကျင်းက ချက်ချင်းပင် ပျော်ရွှင်သွားပြီး တက်ဘလက်ကိုပြန်ကောက်ယူလိုက်သည်။


ရန်ရှူ အနည်းငယ် သိချင်သွားခဲ့သည်။

"ဒီပရောဂျက်ကို အောင်မြင်သွားရင် ရှန်းကျွင့်ကျင်းရဲ့ လစာက ဘယ်လောက်ဖြစ်သွားမှာလဲ..."


စန့်ရှန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ 

"အဲဒါက မင်းရဲ့တစ်နှစ်တာ ၀င်ငွေနဲ့ အတူတူပဲ..."


သူက ရန်ရှူ၏ သူဌေးဖြစ်သောကြောင့် သဘာဝအတိုင်းပင် ရန်ရှူ၏ တစ်နှစ်ဝင်ငွေ မည်မျှရှိသည်ကို သိပေသည်။


ရန်ရှူက ချက်ချင်းဝမ်းနည်းသော မျက်နှာဖြစ်သွားသည်။ 

"ငါလည်း အလုပ်ထပ်မလုပ်ချင်တော့ဘူး…"


စန့်ရှန်းက ရန်ရှူကို ထပ်နမ်းလိုက်သည်။ 

"မင်းမှာက ကိုယ်ရှိတယ်လေ..."


ရှန်းကျွင့်ကျင်း အလုပ်စီစဉ်ရန် မက်ဆေ့ခ်ျပို့နေရင်း ရေရွတ်လိုက်သည်။

"ပိုက်ဆံအတွက်ပဲ...ပိုက်ဆံလိုတယ်...ငါအလုပ်ကိုချစ်တယ်...အလုပ်က ပိုက်ဆံကိုချစ်တယ်...မဟုတ်ဘူး အလုပ်က ငါ့ကိုချစ်တယ်..."


သူတို့ကို ကြည့်နေသော ကောင်းချင် : "…"


ကြည့်ရတာ ငါက ဒီလူအုပ်စုနဲ့ ကွဲထွက်နေတဲ့ပုံပဲ...


………..


ထိုညတွင် ရန်ရှူက နောက်ဆုံး၌ သူ၏ Weiboကို updateလုပ်ခဲ့ပြီး ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် ပထမဆုံးအကြိမ် ပြန်တုံ့ပြန်ခဲ့သည်။


ရန်ရှူ : [ဟုတ်တယ် အမှန်ပဲ ငါအဲ့လူနဲ့ ဆယ်နှစ်ကြာအောင် တွဲနေခဲ့တာ... ဗီဒီယို]


ဗီဒီယိုက လွန်ခဲ့သောဆယ်နှစ်ခန့်က ရန်ရှူ နှင့် စန့်ရှန်းတို့၏ တင်းနစ်ပြိုင်ပွဲဖြစ်သည်။ ရန်ရှူက ထင်ရှားစွာပင် တင်းနစ်အကြောင်း မသိပေ။ ပြိုင်ပွဲကို ပြောင်းလဲရန်နှင့် ပရိသတ်များကို ပေါက်ကွဲစေရန်က စန့်ရှန်းအပေါ်သို့ ကျရောက်ခဲ့သည်။


ထိုပြိုင်ပွဲ၏ တရားဝင်ဗီဒီယို တစ်ခုရှိပြီး သူတို့ ဆုံတွေ့ခဲ့သော အချိန်ကိုအတည်ပြုရန် သတင်းအချက်အလက်များရရှိနိုင်ပေသည်။


ပြန်လည်မျှဝေခြင်းများ နောက်တွင် လိုက်လာသည်က...


ဆွေ့ဟို့ယွီ : [ဟုတ်တယ်... အဲ့ဒါက အမှန်ပဲ...ငါ ဒီလူနှစ်ယောက်ရဲ့ နှောင့်ယှက်မှုကို ဆယ်နှစ်ကြာအောင် ခံခဲ့ရတာ...//ရန်ရှူ: ဟုတ်တယ် အမှန်ပဲ…]


ဟို့မော့ : [နောက်တစ်ခါကျ မင်းတို့ လမ်းခွဲကြရင် ငါ့ကိုလာမနှောင့်ယှက်ကြပါနဲ့... // ရန်ရှူ: ဟုတ်တယ် အမှန်ပဲ…]


မုန့်ရှင်းယာ - [နောက်ဆုံးတစ်ခေါက်က စကားပြောခန်း မှတ်တမ်းကို ပြန်ယူပေးခဲ့လို့ မစ္စတာစန့်ကို ကျေးဇူးတင်ပါတယ်... // ရန်ရှူ: ဟုတ်တယ် အမှန်ပဲ…]


လုယန်ရှင်း : [သူတို့က အရမ်းလိုက်ဖက်တယ်... ကောင်းကင်ဘုံက တွဲစပ်ပေးထားတဲ့ အတွဲပဲ... သူတို့ လမ်းခွဲရင် တခြားသူတွေအတွက် ပျက်စီးမှုဖြစ်စေမှာ...သူတို့ တစ်သက်လုံး တွဲသွားသင့်တယ် // ရန်ရှူ: ဟုတ်တယ် အမှန်ပဲ….]



📽️