Chapter 88
Viewers 12k

📽️Chapter 88

အခြေအနေ : ချစ်မိသွားခြင်း



သူတို့၏ ဆက်ဆံရေးကို လူသိရှင်ကြားထုတ်ပြပြီးနောက် ရန်ရှူ၏ ကျော်ကြားမှုက တိုးလာသော်လည်း ရန်ရှူကမူ လူမြင်ကွင်းမှ ပျောက်ကွယ်ရန် မစောင့်နိုင်သကဲ့သို့ ပို၍low key ဆန်လာခဲ့သည်။


ရန်ရှူ၏အချစ်ရေးကို ချပြခဲ့ခြင်းကြောင့် အချို့ဒရာမာအဖွဲ့များက ရန်ရှူကို ဆက်သုံးရန် တွန့်ဆုတ်လာခဲ့ကြသည်။


သို့သော် ထိုကိစ္စကြောင့်နှင့် ရန်ရှူ၏ စာချုပ်ကို ရပ်လိုက်မည်ဆိုပါက သူတို့အဖွဲ့သားကို ခွဲခြားဆက်ဆံသည်ဟု ထင်ခံရနိုင်ပြီး ရှိုး၏ ဂုဏ်သတင်းကို ထိခိုက်စေစေနိုင်သည်။


တုံ့ဆိုင်းမှုများ ရှိခဲ့သော်လည်း ရန်ရှူက အကောင်းဆုံးရွေးချယ်မှု ဖြစ်နေဆဲဖြစ်သည်။


ထို့ကြောင့် ရန်ရှူးက အဖွဲ့ထဲချောမွေ့စွာဝင်ခဲ့ရသည်။


ကံကောင်းထောက်မစွာပင် အဖွဲ့ထဲ၌ ရန်ရှူ၏ ဖျော်ဖြေမှုက ထူးခြားပြောင်မြောက်နေခဲ့သည်။ သူက သူ့ပုံရိပ်ကို ဂရုမစိုက်ကာ အဖွဲ့ကိုအရာအားလုံးစီစဉ်ရန် ခွင့်ပြုပေးထားခဲ့သည်။ သူ့က ဟိတ်ကြီးဟန်ကြီးမရှိသောကြောင့် အဖွဲ့သားများ၏ ရန်ရှူအပေါ်သဘောထားက တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။


သူက အခက်အခဲများကို တောင့်ခံနိုင်ပြီး သရုပ်ဆောင်ကြေးများများလည်းမတောင်းပေ။ သူ၏ အနည်းငယ်ထူးခြားသော အကျင့်စရိုက်မှလွဲပြီး မည်သည့်ပြဿနာမှမရှိချေ။


ဤဒရမ်မာရိုက်ကူးမှု ပြီးခါနီးတွင် ရန်ရှူနှင့် မုန့်ရှင်းယာတို့၏ ဒရမ်မာကလည်း အွန်လိုင်းပေါ်၌ ထုတ်လွှင့်လာခဲ့သည်။


အစောပိုင်းရက်များ၌ ကြည့်ရှုသူများက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့၏ န် သို့မဟုတ် မူရင်းဝတ္ထု၏ ဖန်များဖြစ်ကြသည်။ သို့သော် နောက်ပိုင်းရက်များတွင် ကြည့်ရှူသူများကမူ ဒရမ်မာ၏ ကျော်ကြားမှုကြောင့်ဖြစ်သည်။


အမျိုးသားဇာတ်လိုက် ရန်ရှူက ယုံမှားသံသယလွန်ကဲသူ ဖြစ်သော်လည်း အမျိုးသမီးဇာတ်လိုက်ကို ကြင်နာပြီး သူမကို နက်နက်ရှိုင်းရှိုင်းချစ်ပေသည်။ မုန့်ရှင်းယာ၏ အမျိုးသမီးကာရိုက်တာကလည်း ဇာတ်ကြောင်းကို နောက်ပြန်မဆွဲစေဘဲ အချို့တောက်ပသော အချက်များပင်ရှိခဲ့သည်။ ဇာတ်ကောင်များနှင့် ခိုင်မာသော ဇာတ်ကွက်ဖြင့်တို့၏ ပေါင်းစပ်မှုက ကောင်းမွန်သော ဒရမ်မာကို ဖြစ်စေခဲ့သည်။


ထို့အပြင် အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်တို့၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းသောကြောင့် ၎င်းက သဘာဝအတိုင်းပင်ကျော်ကြားသော ဒရမ်မာတစ်ခုဖြစ်လာခဲ့သည်။ 


ဒရာမာက အလွန်ရေပန်းစားလာပြီး တစ်ညအတွင်း ဖြစ်သွားသကဲ့သို့ အင်တာနက်တစ်ခွင်တွင် နာမည်ကြီးသွားခဲ့သည်။


 á€¤á€’ရမ်မဏကဟ္ဏငအ် ရန်ရှူ နှင့် မုန့်ရှင်းယာတို့၏ CP ကောလဟာလများ မထွက်လာခဲ့သော်လည်း ထိုအစားလူအများက သူတို့ကို “ညီအစ်ကိုများ” “ညီအစ်မများ” ဟုခေါ်ခဲ့ကြသည်။


တစ်မီတာခွဲ အကွာအဝေးကို ပြေးမယ်- [ငါ သူတို့ကို စုံတွဲတစ်တွဲလို့ မြင်ကြည့်ဖို့ကြိုးစားခဲ့သေးတယ်...ဒါပေမယ့် ငါသူတို့ကိုမြင်လိုက်တိုင်း သူတို့က တစ်ကယ့်ညီအစ်မတွေလိုပဲ မြင်မိတယ်...အဲဒါက အရမ်းနာကျင်စရာကောင်းတာပဲ...သေစမ်း ဒီညီအစ်မဆက်ဆံရေးကတော့...]


ဘဝတစ်သက်တာ အမြန်နှုန်းသတ်မှတ်ချက် - [ဒရာမာက တော်တော်ကောင်းပါတယ်...ဒါပဲ…မင်း အနမ်းခန်းကို မရိုက်ချင်ရင် အတင်းရိုက်စရာမလိုပါဘူး... ငါ လူနှစ်ယောက်ကြားက ကွာခြားချက်ကို အရိပ်ထဲမှာမြင်နေရတယ်...]


 â€Śâ€Śâ€Ś.


ရန်ရှူက ညနေခင်းတွင် အလုပ်ပြီးသည်နှင့် ဟိုတယ်ခန်းသို့ပြန်လာခဲ့ကာ မုန့်ရှင်းယာထံမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည်- [အစ်က်ိုရန်...သူတို့အားလုံးက ပြောနေကြတယ် အစ်ကို့ရဲ့ဆက်ဆံရေးကို အရင်ချပြပြီး ကျွန်မရဲ့ အရှုပ်တော်ပုံကို နောက်မှထုတ်ပြမယ်ဆိုရင် ကျွန်မတို့ဒရမ်မာက ပိုကျော်ကြားလိမ့်မယ်တဲ့...]


ရန်ရှူ : [အခု ဖန်တွေက ငါတို့ကိုမြင်ရင် စိတ်ပြန့်နေကြပြီ...မင်း ဒီလိုတွေးကြည့်လေ...ငါတို့က အခုညီအစ်မတွေလို့ သိထားကြပေမယ့် ငါတို့ဒရမ်မာက အရမ်းကျော်ကြားလာတယ်...အဲဒါက ငါတို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ထုတ်လုပ်မှုကို အသိအမှတ်ပြုတဲ့ သဘောပဲမဟုတ်ဘူးလား...]


မုန့်ရှင်းယာ : [အစ်က်ို ဒီလိုပြောတော့ ကျွန်မ ရုတ်တရက်ကြီး နားလည်လာသလိုပဲ...]


ရန်ရှူ: [ဒရာမာအသစ်က ဘယ်လိုလဲ...]


မုန့်ရှင်းယာ: [ဟီးဟီး... ကျွန်မဆီ ဆက်သွယ်လာတဲ့ အိုင်ဒေါဒရမ်မာတွေတော့ ရှိတယ်...သူတို့ ကျွန်မ ဒရမ်မာက နာမည်ကြီးတယ်ဆိုတာ တွေ့လို့ဖြစ်မယ် အဲဒါကြောင့် သူတို့က နောက်တစ်ကားရိုက်ဖို့ အဆင်သင့်ပြင်နေကြတာ...ခေါင်းဆောင်မင်းသား ဘယ်သူလို့ထင်လဲ...]


ရန်ရှူ: [ငါ သိတဲ့ တစ်ယောက်ယောက်လား...]


မုန့်ရှင်းယာ : [ကျွန်မအထင် အစ်က်ိုသတင်းတချို့ သိပြီးလို့ထင်တယ်...]


ရန်ရှူ: [လုယိယန်လား...]


မုန့်ရှင်းယာ: [ဟုတ်တယ်...အစ်ကိုလုက ရှေးခေတ် ဝတ်စုံတွေမှာ မိန်းကလေးတွေထက် ပိုလှလို့ မင်းသမီးတော်တော်များများက သူနဲ့ ဒရမ်မာအတူရိုက်ဖို့ ဝန်လေးနေကြတာ... နောက်ဆုံး ဒရာမာကားတုန်းက ခေါင်းဆောင်မင်းသမီးနဲ့ ခေါင်းဆောင်မင်းသားရဲ့ ခေါင်းဆိုဒ်ကို ယှဉ်ပြခဲ့တဲ့ မားကတ်တင်းအကောင့်တစ်ခုတောင် ရှိခဲ့သေးတော့ လူတော်တော်များများက သူနဲ့ဝေးဝေးနေချင်နေကြတာ...ဒီတော့ ဒီလိုကောင်းတဲ့အရာက ကျွန်မဆီကျလာတာပဲ... ကျွန်မက အယှဉ်ခံရမှာ မကြောက်ပါဘူး...ကျွန်မက ရုပ်ဆိုးတယ်ဆိုတာ သိတဲ့အထိ ရုပ်ဆိုးနေပြီးသား...ပြီးတော့ အစ်ကိုလုနဲ့ နှိုင်းယှဉ်ခံရမယ်ဆိုရင် လုံးဝမကျေမနပ်ဖြစ်မိမှာမဟုတ်ဘူး...]


ရန်ရှူက ၎င်းနှင့်ပတ်သက်သည့် သတင်းအချို့ကို ကြားခဲ့ပြီးသားဖြစ်သည်။ အစတွင် အဖွဲ့က ကျော်ကြားမှု ပိုရပြီး ဖန်များကို ဆွဲဆောင်နိုင်စေရန် ကြိုးစားခဲ့သည်ဟု ထင်ခဲ့သော်လည်း သူတို့ တကယ်ကြီး လုယိယန်နှင့် လက်မှတ်ထိုးခဲ့မည်ဟုမထင်ခဲ့ပေ။


မုန့်ရှင်းယာနှင့် လုယိယန်တို့ အလုပ်အတူလုပ်မည်ဆိုပါက သေချာပေါက်တော်တော်လေး ကောင်းလိမ့်မည်ဖြစ်သည်။ လုယိယန်၏ သရုပ်ဆောင်စွမ်းရည်များက တကယ့်ကို အံ့ဩစရာကောင်းလှသည်။ သူက ပရော်ဖက်ရှင်နယ်လေ့ကျင့်မှုများ မရှိခဲ့သော်လည်း ပါရမီပါပြီး ပရော်ဖက်ရှင်နယ်ကျောင်းများမှ ဘွဲ့ရလာခဲ့သူများကို အသာလေးရိုက်ချနိုင်ပေသည်။


မုန့်ရှင်းယာ - [ ဒါနဲ့ လုကောရဲ့ အနမ်းခန်းကလည်း ဟန်ဆောင်နမ်းရတယ်လို့ ကြားတယ်...နှမြောစရာပဲ...]


ရန်ရှူ: [ဒီလေသံက...မင်း ငါတို့ရဲ့ အနမ်းခန်းက ဟန်ဆောင်ရိုက်ရမှာလို့ ကြားတုန်းက ဖြစ်ခဲ့တဲ့လေသံလား...]


မုန့်ရှင်းယာ: [ ကျွန်မ အစက နောင်တရခဲ့ပေမယ့် မစ္စတာစန့်ကိုတွေ့ပြီးတော့ တွေးမိလိုက်တယ်... အနမ်းခန်းမရိုက်ရလည်း အဆင်ပြေပါတယ် ကျွန်မဘဝကို ကယ်ဖို့က ပိုအရေးကြီးတယ်ခံစားရတယ်လို့…]


ရန်ရှူက သူ့ဖုန်းကိုချလိုက်ပြီး စန့်ရှန်း၏ WeChat ကိုကြည့်လိုက်သည်။ သူက မက်ဆေ့ချ်တစ်ခုမှ မပို့ထားသေးသည့်အတွက် စိတ်အနှောင့်အယှက်မဖြစ်ဘဲ မနေနိုင်ခဲ့ပေ။


သူ စန့်ရှန်းကိုဖုန်းခေါ်ပြီး မေးခွန်းထုတ်တော့မည့်အချိန်မှာပင် ရှောင်ချီက သူ့ကတ်ဖြင့် အခန်းတံခါးကို ဖွင့်လာခဲ့သည်။သူက အထဲထိ မဝင်မိပဲ အော်ခေါ်လာခဲ့သည်။

" အစ်ကိုရန်..."


ရန်ရှူက ပျင်းရိစွာ မေးလိုက်သည်။

"ဘာလဲ..."


ရှောင်ချီက ပြန်မဖြေခဲ့ဘဲ အခန်းထဲသို့ တစ်စုံတစ်ဦးက ဝင်လာခဲ့သည်။


ရန်ရှူက နောက်ဆုံးတွင် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ သူ တံခါးပိတ်သံကြားလိုက်ရပြီးနောက် စောင်ကိုဖယ်ကာ ကြည့်ရန် ထွက်ခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း စန့်ရှန်းက သူ့အခန်းထဲသို့ ဝင်လာသည်ကိုမြင်လိုက်ရသည်။ သူက ရန်ရှူကို အချက်ပြလာခဲ့သည်။ 

"ခဏလေး စောင့်ဦး..."


ရန်ရှူက ကော်ဇောပေါ်တွင် ရပ်ပြီး သူ့ကိုကြည့်လိုက်သည်။ စန့်ရှန်းက သူ၏ကုတ်ကိုချွတ်ပြီး ဘေး၌ ချိတ်ဆွဲလိုက်သည်ကို မြင်ပြီးနောက် ရန်ရှူက သူ့ကိုပြောလိုက်သည်။ 

"ဒီကိုလာခဲ့..."


စန့်ရှန်း၏ အင်္ကျီက အေးစက်နေဆဲဖြစ်ပြီး ရန်ရှူ အအေးမိသွားမည်ကို စိုးရိမ်ခဲ့သည်။


ရန်ရှူက ချက်ချင်း ပြေးပြီး စန့်ရှန်းပေါ်သို့ ခုန်တက်ကာ နမ်းလိုက်သည်။

"မင်းဘယ်တုန်းကရောက်တာလဲ...ဘာလို့ ငါ့ကို ကြိုမပြောခဲ့တာလဲ..."


" Surpriseလေ...ကိုယ်မင်းနဲ့ ရက်ပိုင်းလောက်နေဖို့ စီစဉ်ထားတယ်..."


"အို...မင်းအခု အလုပ်ရှုပ်နေတာမဟုတ်ဘူးလား..."  

ရန်ရှူက ပျော်ရွှင်စွာပြောလိုက်သည်။


"ကိုယ်အလုပ်ရှုပ်နေပေမယ့် မင်းက ပိုအရေးကြီးတယ်..."


ရန်ရှူက ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။


ရန်ရှူ၏ မွေးနေ့က နိုဝင်ဘာ ၇ ဖြစ်ပြီး ယနေ့က နိုဝင်ဘာ ၅ဖြစ်သည်။ ရန်ရှူက စန့်ရှန်း အဘယ်ကြောင့် ဤနေရာအား ရောက်လာသည်ကို သိပေသည်။


ရန်ရှူက စန့်ရှန်းကို မြင်ချိန်တွင် မတည်ငြိမ်နိုင်တော့ချေ။ 

"မြန်မြန် ငါ့လောင်ကုန်းရဲ့ စွမ်းဆောင်ရည်ကိုကြည့်ရတာပေါ့..."


စန့်ရှန်းက ဂရုမစိုက်ဘဲ သူ့ကိုလုပ်ချင်ရာလုပ်ခွင့်ပေးထားကာ အိပ်ရာပေါ်သို့ သယ်သွားခဲ့သည်။


 â€Śâ€Śâ€Ś.


ရန်ရှူ၏ မွေးနေ့ကို ကျင်းပရခြင်းအတွက် အခက်အခဲမှာ နောင်နှစ်မွေးနေ့ရောက်ပါက သူ့ကို မည်သည့်လက်ဆောင် ပေးရမည်ဟူသည့် စိုးရိမ်မှုပင်ဖြစ်သည်။ လက်ဆောင်က ယခင်တစ်ကြိမ်ခန့် မကောင်းပါက ရန်ရှူက သေချာပေါက် ပြဿနာရှာပြီး သူတို့၏ ဆက်ဆံရေးက ယခင်ကလောက် မကောင်းတော့ဘူးဟု ပြောလိမ့်မည်ဖြစ်သည်။


ကံကောင်းစွာပင် စန့်ရှန်းက ယခုနှစ်အတွက် လက်ဆောင်ကို ပြင်ဆင်ထားပြီးဖြစ်သည်။


ရန်ရှူက ထိုနေ့ ဇာတ်ကွက်ကို ရိုက်ကူးပြီးနောက် သူ့အခန်းထဲသို့ ပြန်ခဲ့သည်။ ရှေ့နေရောက်နေသည်ကို မြင်ချိန်တွင် အနည်းငယ် အံ့ဩသွားခဲ့သည်။


စန့်ရှန်းက တည်ငြိမ်နေဆဲဖြစ်ပြီး ရန်ရှူကိုထိုင်ရန် ပြောခဲ့သည်။


ရန်ရှူက သူ့ရှေ့ရှိ စာချုပ်ကို ကောက်ကြည့်ပြီးနောက် ပြုံးလိုက်သည်။


စာချုပ်ကိုလွှဲပြောင်းလိုက်ပြီးနောက် ရန်ရှူတို့ဖျော်ဖြေရေးကုမ္ပဏီ၏ သူဌေးက စန့်ရှန်းမဟုတ်တော့ဘဲ ရန်ရှူဖြစ်သွားခဲ့သည်။


သူက စာချုပ်၏ အသေးစိတ်အချက်အလက်များကို ကြည့်ပြီးနောက်မေးလိုက်သည်။

"မင်းကျတော့ရော..."


"ကိုယ်က ရှယ်ယာရှင်လေ ရန်ပုံငွေ ထောက်ပံ့ပေးဖို့အတွက်ပဲ တာဝန်ရှိတယ်... အဓိက ဆုံးဖြတ်နိုင်တဲ့ အာဏာက မင်းလက်ထဲမှာပဲ"


စန့်ရှန်းက ထပ်ပြောလိုက်သည်။

"ကိုယ်က ကုမ္ပဏီတွေနဲ့ ပရောဂျက်တွေအများကြီး စီမံခန့်ခွဲနေတယ်ဆိုတာ မင်းလည်း သိတာပဲ...ကိုယ်တကယ် ဖျော်ဖြေရေးနယ်ပယ်နဲ့ ပတ်သက်ပြီးတော့ လုံလုံလောက်လောက်မသိဘူး...ဒါဆို ဘာလို့ မင်းကို မလွှဲပေးရမှာလဲ...အခုကစပြီး အသစ်ဝင်လာတဲ့ သူတွေဆီက ရတဲ့ဝင်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုပရောဂျက်တွေက ဝင်ငွေတွေအားလုံး မင်းရဲ့ ဝင်ငွေတွေဖြစ်လာတော့မှာ...ကောင်းချင်ကလည်း မင်းကို ကူညီပေးလိမ့်မယ်..."


၎င်းက ရန်ရှူအတွက် အပွင့်ကြီးဖဲကဒ်တစ်ခုပင်ဖြစ်သည်။ 


တခြားတစ်ယောက်ဖို့ အလုပ်လုပ်ပေးရတာထက် ကိုယ့်ကိုယ်ပိုင် သူဌေးဖြစ်တာက ပိုအဆင်ပြေတယ်လေ...


ထို့အပြင် ကုမ္ပဏီလွှဲမပြောင်းပေးမီတွင် ကုမ္ပဏီရှိ ပြဿနာများအားလုံး ဖြေရှင်းပြီးဖြစ်ကာ ကောင်းချင်ကလည်း သူနှင့်အတူ ရှိမည်ဖြစ်သည်။


ထို့အပြင် အနာဂတ်တွင် ရန်ရှူက ရှိုးဆက်မရိုက်ချင်တော့လျှင်ပင် သူက သူဌေးဖြစ်နေဆဲဖြစ်ပြီး သူ့လက်အောက်၌ အနုပညာရှင်များစွာ ရှိသေးသောကြောင့် အနည်းဆုံး စိုးရိမ်စရာမလိုဘဲ အစားအသောက်နှင့် အဝတ်အစားများရနိုင်ပေသည်။


သူ၏ ကုမ္ပဏီနှင့် စာချုပ်ကလည်း ကုန်ဆုံးတော့မည်ဖြစ်ကာ သူ့ ဗားရှင်းကို မြှင့်လိုက်သည်က ပိုကောင်းပေသည်။


လက်အောက်ခံအနုပညာရှင်ကနေ ကုမ္ပဏီပိုင်ရှင်ကြီး...


၎င်းက အဆင့်မြင့်လှသော ရုတ်တရက်ပြောင်းလဲမှုဖြစ်သည်။


ရန်ရှူက စာချုပ်ကို ခဏခန့် ကျေနပ်စွာ ကြည့်ပြီးနောက် ရှေ့နေက အသေးစိတ်အချက်အလက်များ ပြောပြနေသည်ကို နားထောင်လိုက်သည်။ ထို့နောက် ရန်ရှူနှင့် စန့်ရှန်းတို့က လွှဲပြောင်းမှုကို လက်မှတ်ထိုးပြီး အပြီးသတ်ခဲ့ကြသည်။


ရန်ရှူက စာချုပ်ကို ထပ်ခါထပ်ခါ ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။


ယခင်က စန့်ရှန်း ရောဂါပြန်ဖောက်လာမည် သို့မဟုတ် သူ့ကို သဝန်တိုပြီး သူ့အလုပ်အား ဝင်ရောက်စွက်ဖက်မည်ကို စိုးရိမ်မိခဲ့သည်။


ယခုတွင် သူကသာ အလွန်စိုးရိမ်ခဲ့ပုံရသည်။ သူ စန့်ရှန်းကို နှလုံးသားတစ်ခုလုံးပုံအပ်ပြီး ချစ်နေသရွေ့ စန့်ရှန်းက သူ့ကို အလွန်ကန့်သတ်လိမ့်မည် မဟုတ်ချေ။


ထိုနောက် သူ သက်ပြင်းထပ်ချလိုက်သည်။ 

"ငါ ဒီလိုဖြစ်မယ်မှန်း စောစောကြိုသိခဲ့ရင် စုတျန့်တျန့်ကို ဒီတိုင်း လွှတ်ထားမှာမဟုတ်ဘူး... စုတျန့်တျန့်က လွန်ခဲ့တဲ့နှစ်တွေတုန်းက တော်တော်လေးငွေရှာပေးနိုင်ခဲ့တာကို..."


ထိုသို့တွေးကြည့်မှ သူ ငွေသန်းနှင့်ချီ ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရ၏။


"ကုချင်း နဲ့ ကျန်းလင်ရော ဘယ်လိုလဲ...သူတို့က မင်းဆီ အမြတ်ပိုယူလာပေးမှာပဲ..." 

စန့်ရှန်းက လူသစ်များကို ရည်ညွန်းလိုက်သည်။


ရန်ရှူက ပြန်ဖြေလိုက်သည်။ 

"ကုချင်းက အရမ်းအားတတ်သရော ရှိပြီးကောင်းကောင်းလုပ်နေတယ်... ကျန်းလင်ကတော့ ဗုဒ္ဓဘာသာ အရမ်းဆန်တာပဲ သူက အလုပ်လုပ်စရာရှိရင် လုပ်လိုက်ပြီးတော့ လုပ်စရာမရှိရင် အတန်းသွားတက်နေတာ... ငါ့ကုမ္ပဏီ ကောင်းကောင်းမလည်ပတ်နေမှန်း သူမြင်တဲ့ တစ်နေ့ကျ ငါ့ကို ရုတ်တရက်ကြီး ပိုက်ဆံပေးလာပြီး ရှယ်ယာရှင်တစ်ယောက် ဖြစ်လာမှာစိုးမိတယ်... ဝန်ထမ်းက သူဌေးထက် ပိုချမ်းသာတယ်ဆိုတဲ့ ဖိအားက...တော်တော်လေး ကြီးတယ်..."


ရန်ရှူက ပြန်ပြောပြီးနောက် စတင်တွေးခဲ့ပြန်သည်။ 

"ငါ နောက်ထပ် လူသစ်တွေ ထပ်စုဆောင်းသင့်လား..."


"တစ်ဆင့်ပြီးတစ်ဆင့်လုပ်လေ... အလျင်မလိုနဲ့...အရမ်းလည်းမပင်ပန်းစေနဲ့ဦး... အိမ်မက်တွေရှိတဲ့ လူသစ်တွေကိုလည်း မနှောင့်နှေးစေနဲ့ဦး..."


"ကောင်းပြီ..."


ထိုညတွင် ကုမ္ပဏီ၏တရားဝင် Weibo အကောင့်၌ ကုမ္ပဏီ၏ လက်ရှိသူဌေးက ရန်ရှူဖြစ်သည်ကို တရားဝင်ကြေငြာခဲ့သည်။


[ဘော့စ်က သူ့ဇနီးလေးကို ကုမ္ပဏီပါ ပေးနေပြီလား...ဒါဆို ငါတို့ အခု ဘော့စ်ကိုဘယ်လိုခေါ်ရတော့မှာလဲ...မစ္စတာစန့်လား...]


[ဒီနေ့က ငါတို့ ရှူရှူရဲ့မွေးနေ့...ငါအရမ်းပျော်တာပဲ...]


[ချမ်းသာတဲ့ယောကျ်ား မွေးနေ့လက်ဆောင်ပေးတာကို ဒီဆင်းရဲသားက သက်သေခံနေရတယ်...]


[ငါတို့ ရှူရှူက ဖျော်ဖြေရေးလောကထဲကို ဒီတိုင်းအပျော်သက်သက် ဝင်လာခဲ့တယ်လို့ တကယ်ထင်နေပြီ...ပြီးတော့ သူ့မှာ သူ့ကိုထောက်ပံ့ပေးနိုင်တဲ့ ရည်းစားလည်း ရှိသေးတယ်...]


အင်တာနက်အသုံးပြုသူများက Weibo မှ သတင်းရခဲ့သော်လည်း ရန်ရှူ၏ သူငယ်ချင်းများကမူ ရန်ရှူထံမှ သတင်းရခဲ့ခြင်းဖြစ်သည်။


ရန်ရှူ: [ စန့်ရှန်းက ကျွန်တော့်ကို ကုမ္ပဏီ လွှဲပေးခဲ့တယ်...အဲဒါ သူ ကျွန်တော့်ကို အရမ်းချစ်လို့ပဲဖြစ်ရမယ်...]


အစ်ကိုယွီက ပန်းတစ်ပွင့်လိုပဲ လှတယ် : [1.]


ရန်ရှူ : [ကျွန်တော်က အရမ်းပြီးပြည့်စုံလို့ ကျွန်တော့်ကို အရမ်း စွဲလမ်းနေတာပဲဖြစ်ရမယ်...]


အစ်ကိုယွီက ပန်းတစ်ပွင့်လိုပဲ လှတယ် : [1.]


ရန်ရှူက ပျင်းလာသောကြောင့် အခြားလူဆီ ပြောင်းလိုက်သည်။ သူက အန်တီစုထံ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

[ငါ့ရဲ့ဆွဲဆောင်နိုင်မှုကတော့…]


အန်တီစု : [အလုပ်ရှုပ်နေတယ်...]


ရန်ရှူ: [ အခုထိ စင်ဂယ် ဖြစ်နေတုန်းပဲလား...စင်ဂယ်တွေက မွေးနေ့ပွဲကျင်းပဖို့ ယောကျ်ားရှိတဲ့ ပျော်ရွှင်မှုကို ခံစားနိုင်မှာမဟုတ်ဘူးပဲ...]


အန်တီစု - [88 ယွမ် လွှဲလိုက်သည်...]


ရန်ရှူက သူငယ်ချင်းစာရင်းကိုကြည့်လိုက်စဉ် ရှောင်ချီက သူ့အား လှမ်းခေါ်သည်ကို ကြားလိုက်ရသည်။ 

"အစ်ကိုရန်... အဖွဲ့က ကိတ်မုန့်ပြင်ပေးထားတယ်..."


ရိုက်ကွင်းတွင် ဤနည်းဖြင့် မွေးနေ့ပွဲ ကျင်းပလေ့ရှိကြသည်။ သူတို့က မင်းသားများ၏ မွေးနေ့များအတွက် အမြဲတမ်း surpriseများ ပြင်ဆင်ပေးလေ့ရှိသည်။


ရန်ရှူက နောက်လူကို စိတ်ဒုက္ခပေးရန် အစီအစဉ်အား စွန့်လွှတ်ပြီး သူ့ဖုန်းကိုချကာ ကားထဲမှထွက်ခဲ့လိုက်သည်။ သူအပြင်ထွက်လာချိန်၌ နေရာတိုင်းတွင် ပန်းပင်လယ်ကြီးကို မြင်လိုက်ရသည်။ မသိပါက တစ်စုံတစ်ဦးက လက်ထပ်တော့မည်ကဲ့သို့ပင်။


ရန်ရှူက လမ်းတစ်လျှောက်ရှိ ပန်းများကို ကြည့်ပြီးနောက် ဟိုသည်ဝေ့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင်ရပ်၍ သူ့အားအမြင်ကတ်သော အကြည့်များပေးနေသည့် ဆွေ့ဟို့ယွီ၊ အန်တီစုနှင့် အခြားသူများကို မြင်လိုက်ရသည်။ သူချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။


"ကျွန်တော်က ဘယ်သူမှမလာဘူးလို့ ထင်နေတာ..." 

ရန်ရှူက ပန်းခင်းလမ်းပေါ်သို့ လျင်မြန်စွာလျှောက်သွားခဲ့သည်။


ဆွေ့ဟို့ယွီက ပျင်းရိစွာ ပြန်ပြောခဲ့သည်။ 

"ငါတို့ မင်း မွေးနေ့ကို လာမကျင်းပပေးရင် ငါတို့ကို နောက်တစ်နှစ်လုံး ပြဿနာရှာနေတော့မှာ မဟုတ်ဘူးလား..."


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ကျွန်တော်က အခု အရွယ်ရောက်နေပါပြီနော်... " 

ရန်ရှူက ချက်ချင်း ပြန်ချေပလိုက်သည်။


ဆွေ့ဟို့ယွီက သူ့နှုတ်ခမ်းကို တွန့်လိုက်သည်။ 

"ငါတော့ မမြင်မိပါဘူး..."


ရန်ရှူက တောက်ပြောင်သော အရာများကို အနှစ်သက်ဆုံးဖြစ်သည်။ အရောင်တောက်တောက်နှင့် ကုန်ကျစရိတ်ပိုသက်သာလေ သူက ၎င်းတို့ကို ပိုကြိုက်လေဖြစ်သည်။ 


နေရာတိုင်းတွင် ပူဖောင်းများ ရှိနေပြီး သူ့သူငယ်ချင်းများကလည်း ရောက်လာခဲ့ကြသည်။


သူ လက်ဆောင်များစွာကို ရရှိခဲ့ပြီး ရှောင်ချီက ရန်ရှူ ၎င်းတို့ကို မဖွင့်မီအထိစောင့်ရန် ကားထဲသို့ သယ်သွားခဲ့သည်။


ရန်ရှူက ကိတ်မုန့်အကြီးကြီးကိုကြည့်ပြီး ကိတ်မုန့်ခွဲဓားဖြင့် အနားသို့ လျှောက်သွားခဲ့သည်။ သူက လမ်းတွင် ဟို့မော့ကို ကြည့်ပြီး မေးလိုက်သည်။ 

" ဒီလိုကောင်းတဲ့ရက်လေးမှာ မင်းက ဒီမှာ ဘာလာလုပ်နေတာလဲ..."


ဟို့မော့ : “…”


ရန်ရှူက သူ့ကို ဆက်ကြိမ်းမောင်းခဲ့သည်။

" ဒါက ငါ့မွေးနေ့လေ ငါ့ကို တစ်ရက်လောက် လွှတ်မပေးနိုင်ဘူးလား..." 


ဟို့မော့ : "မဟုတ်ပါဘူး...ငါက အစ်ကိုယွီနောက်လိုက်လာတာ..."


"စိတ်အနှောင့်အယှက်ဖြစ်စရာပဲ..."


" မင်းရောပဲ..."



📽️