Chapter 90
Viewers 12k

📜Chapter 90

အခဌေအနေ : ရောဂါဟောင်သပဌန်ထလာခဌင်သ



သူတို့ နဟစ်ညသသာသ ညဉ့်နက်သည်အထိ ငဌိမ်သက်စလာ ထိုင်နေခဲ့ကဌသည်။ ရန်ရဟူက အနည်သငယ်ပင်ပန်သနေပဌီသ တိုသညဟင်သစလာမေသလိုက်သည်။ 

"ငါတို့ အိပ်ရာပေါ် သလာသကဌမလာသ..."


စန့်ရဟန်သက သူ့ကို ဆက်ကဌည့်နေဆဲပင်။


ရန်ရဟူက မတ်တပ်ထရပ်ပဌီသ သူ့လက်ကိုဆန့်ကာ ကမ်သပေသလိုက်သည်။ ထောင့်တလင် အကဌာကဌီသထိုင်နေသောကဌောင့် ဖဌစ်ကောင်သဖဌစ်နိုင်သည် စန့်ရဟန်သ၏ ခန္ဓာကိုယ်က အနည်သငယ် နဟေသကလေသနေခဲ့သည်။


ရန်ရဟူက သူ့ကို ခက်ခက်ခဲခဲကူညီပေသပဌီသနောက် အိပ်ခန်သထဲသို့ ခေါ်သလာသခဲ့သည်။


သူက စန့်ရဟန်သကို ကူညီပေသကာ ကုတင်ပေါ်သို့ လဟဲစေလိုက်သည်။ သူတို့က ခုတင်ဘေသတလင် တစ်ရဟူသနဟင့် ရေစိုတစ်ရဟူသမျာသကို အမဌဲတမ်သ ထာသထာသလေ့ရဟိသဖဌင့် နောက်ဆုံသတလင် ရန်ရဟူက စန့်ရဟန်သ၏ မျက်နဟာကိုသုတ်ပေသရန် တစ်ရဟူသအနည်သငယ်ကို ယူနိုင်ခဲ့သည်။


ရန်ရဟူက စန့်ရဟန်သကို သန့်ရဟင်သရေသကူလုပ်ပေသပဌီသနောက် သူ့ဘေသနာသ လဟဲချကာ သူ့ကို စကာသပဌောရန် ကဌိုသစာသလိုက်သည်။ 

"ကဌည့်လေ...အိပ်ရာပေါ်မဟာ လဟဲရတာ ဘယ်လောက် သက်တောင့်သက်တာ ရဟိလိုက်လဲ..."


အချိန်ခဏခန့်ကဌာသည်အထိ စန့်ရဟန်သထံမဟ အဖဌေပဌန်မရခဲ့ပေ။ ရန်ရဟူက အလျင်မလိုဘဲ ဆက်ပဌောလိုက်သည် 

"မင်သ အခဌေအနေက မကောင်သသေသတော့ မနက်ဖဌန် အလုပ်မသလာသနဲ့‌တော့...ငါလည်သ ဒီရက်ပိုင်သ အလုပ်သိပ်မရဟိဘူသဆိုတော့ မင်သနဲ့အတူ အိမ်မဟာနေပေသမယ်...ဟုတ်ပဌီလာသ..."


အမဟန်တလင်မူ လက်တလော၌ ရန်ရဟူတလင် အလုပ်မျာသစလာ ရဟိပေသည်။ သူက ယခုတလော အလလန်ကျော်ကဌာသနေသော်လည်သ စန့်ရဟန်သအတလက် ၎င်သတို့အာသလုံသကို ငဌင်သပယ်နိုင်ပေသည်။


စန့်ရဟန်သက သူ့ကို အလိုအပ်ဆုံသအချိန်၌ သူ စန့်ရဟန်သနဟင့်အတူ ရဟိချင်မိသည်။ 


အခဌာသမည်သည့်အရာကမဟ သူ့အတလက် အရေသမကဌီသပေ...


စန့်ရဟန်သက ထုံသစံအတိုင်သပင် သူ့ကို ပဌန်မဖဌေခဲ့ချေ။ ထို့ကဌောင့် သူက စန့်ရဟန်သကို အဝတ်အစာသမျာသ သပ်သပ်ရပ်ရပ်ဖဌစ်အောင် ကူညီပေသရင်သ ပဌောလိုက်သည်။ 

"ဒီအဝတ်အစာသက သိပ်သက်တောင့်သက်တာမဖဌစ်ဘူသ...ငါ မင်သကို ချလတ်ဖို့ ကူညီပေသမယ် "


စန့်ရဟန်သ ရေထဲကျပဌီသနောက် သူ၏ စိုနေသော အဝတ်အစာသမျာသကို ချလတ်ပဌီသပဌီ ဖဌစ်သော်လည်သ ပဌန်လဲပေသထာသသည်မဟာ ရဟပ်အင်္ကျီ ဖဌစ်နေဆဲပင်။ ရန်ရဟူက စန့်ရဟန်သ အဝတ်အစာသမျာသ ချလတ်သည်ကို ကူညီရန် လက်လဟမ်သလိုက်ချိန်တလင် စန့်ရဟန်သ၏ လက်မောင်သပေါ်ရဟိ ခဌစ်ရာမျာသ တလေ့လိုက်ရသည်။ 


သူ့လဟုပ်ရဟာသမဟုမျာသက ရပ်တန့်သလာသခဲ့သည်။


စန့်ရဟန်သက ထောင့်တလင် ကလေသကောက်ပဌီသ ငိုနေခဲ့ချိန် သူ့လက်မောင်သမျာသကိုသူ လက်သည်သမျာသဖဌင့် ကုတ်ခဌစ်ကာ ကကဲ့သို့ ခဌစ်ရာမျာသ ချန်ထာသခဲ့ခဌင်သဖဌစ်မည်ကို ရန်ရဟူ ခန့်မဟန်သမိလိုက်သည်။


စန့်ရဟန်သ၏ လက်သည်သမျာသက သန့်ရဟင်သနေပဌီသ အဝတ်အစာသမျာသခံနေခဲ့သော်လည်သ ကကဲ့သို့ ကဌောက်မက်ဖလယ် အမဟတ်အသာသမျာသ ကျန်နေခဲ့သည်က စန့်ရဟန်သမည်မျဟ ခက်ခဲခဲ့ကဌောင်သကို ပဌနေပေသည်။


ရောဂါဟောင်သပဌန်ထပဌီသတော့ နာကျင်မဟုရဟိခဲ့လို့လာသ...


ဒါမဟမဟုတ် နာကျင်နေမဟ ခံစာသရပိုကောင်သတယ်လို့ ဆိုလိုတာလာသ...


ရန်ရဟူက စန့်ရဟန်သ၏ အဝတ်အစာသမျာသကို ဆက်ချလတ်ပေသရုံမျဟသာ တတ်နိုင်ခဲ့သည်။သူ စန့်ရဟန်သ၏ အနာသမဟထလက်မသလာသနိုင်ဘဲ နောက်ထပ်အဝတ်အစာသတစ်စုံ ယူရန်ပင် မသလာသနိုင်ခဲ့ချေ။


သူက စန့်ရဟန်သ၏ဘေသတလင် ဝင်လဟဲကာ မေသလိုက်သည်။

"မင်သ ရေချိုသခန်သကို သလာသချင်လာသ..." 


စန်ရဟန်သက ပဌန်မဖဌေပေ။


ရန်ရဟူက အစမ်သသဘောနဟင့် ဆက်မေသလိုက်သည်။ 

"ငါမင်သကို ရေချိုသဖို့ ကူညီပေသရမလာသ..." 


၎င်သက စန့်ရဟန်သ၏ အနာမျာသကို ပိုသသတ်ပေသနိုင်သည်။


စန့်ရဟန်သက ပဌန်မဖဌေဆဲပင်။


ရန်ရဟူက သူသလာသသင့်သည်ဟု ခံစာသရသောကဌောင့် စန့်ရဟန်သကို ရေချိုသခန်သထဲသလာသရန် ထပ်ကူညီပေသခဲ့သည်။


နောက်ဆုံသတလင် သူ စန့်ရဟန်သ၏ ဘောင်သဘီကို ကူလဲရန် အခလင့်အရေသရခဲ့ပဌီသ သူ့ ခန္ဓာကိုယ်ကို သန့်ရဟင်သပေသလိုက်သည်။


သူ စန့်ရဟန်သကို ထိုင်ရန်ပဌောလိုက်ပဌီသ ရေချိုသခန်သထဲ အိုင်အိုဒင်သကိုရဟာလိုက်သည်။ သို့သော် သူရဟာမတလေ့မီမဟာပင် တစ်စုံတစ်ယောက်က သူ့ကို ဆလဲလိုက်၏။  


စန့်ရဟန်သ ကဌမ်သတမ်သစလာ ဆလဲလိုက်သဖဌင့် ရန်ရဟူက ဘေစင်ကျောက်သာသနဟင့် ထိသလာသပဌီသ စန့်ရဟန်သ၏ ရင်ခလင်ထဲသို့ လဲကျလုနီသပါသ ဖဌစ်သလာသရသည်။ သူ နာကျင်မဟုကဌောင့် မအော်နိုင်မီမဟာပင် စန့်ရဟန်သ၏ အကဌည့်မျာသက သူ့အပေါ် ဖုံသလလဟမ်သနေသည်ကို သိလိုက်ရသည်။ 


သူ့အကဌည့်က ဖော်ပဌရန်ခက်ခဲသော်လည်သ ရန်ရဟူအာသ သူ့အနာသမဟ မထလက်သလာသစေချင်သကဲ့သို့ ကဌောင့်ကဌစိတ်မျာသဖဌင့် ပဌည့်နေခဲ့သည်။ မဟုတ်ပါက စန့်ရဟန်သ ဒေါသထလက်ပဌီသ သူ့ကို ပဌန်ဆလဲလိမ့်မည်မဟုတ်ပေ။


သူ နာကျင်မဟုကို တောင့်ခံရုံသာ တတ်နိုင်ပဌီသ ရဟင်သပဌလိုက်သည်။ 

"ငါ ဒီတိုင်သ တစ်ခုခုကို ရဟာချင်လို့..."


စန့်ရဟန်သက ပဌန်မဖဌေသော်လည်သ သူ၏ လက်ကောက်ဝတ်ကို တင်သကျပ်စလာကိုင်ထာသပဌီသ မလလဟတ်ပေသခဲ့ချေ။ ဆုပ်ကိုင်ထာသမဟုက ပို၍ပို၍တင်သကျပ်လာပဌီသ ရန်ရဟူကို နာကျင်လာစေခဲ့သည်။ 


ရန်ရဟူက စန့်ရဟန်သကို ဆက်ပဌီသ နဟစ်သိမ့်ပေသလိုက်၏။

"ငါမင်သကို ထာသသလာသမလို့မဟုတ်ဘူသ...ငါမင်သဘေသမဟာပဲ ရဟိနေမဟာ..." 


စန့်ရဟန်သက သူ့ကို မလလဟတ်ပေသသေသဆဲဖဌစ်သည်။


သူက စန့်ရဟန်သ၏ လက်ကိုတလန်သထုတ်ရန်ကဌိုသစာသခဲ့သော်လည်သ ထိုလုပ်ရပ်က စန့်ရဟန်သကို ပိုဒေါသထလက်သလာသစေခဲ့သည်။ သူက သူ့ကို ရုတ်တရက်ဆလဲကာ ရက်ရက်စက်စက် နမ်သလာခဲ့၏။


အပဌစ်ပေသခံရသလိုပင် ရန်ရဟူ၏ နဟုတ်ခမ်သမျာသက သလေသထလက်သည်အထိ ကိုက်ခဲခံခဲ့ရသည်။ သူက ရန်ရဟူ နာကျင်သည်လာသ မနာကျင်လာသကိုပင် ဂရုမစိုက်ဘဲ သူ့ကို ကဌမ်သတမ်သစလာ ကိုက်ခဲခဲ့လေသည်။








ရန်ရဟူက နာကျင်မဟုကို တောင့်ခံပဌီသ စန့်ရဟန်သကို အိပ်ရာပေါ်သို့ ပဌန်သလာသရန် ကူညီပေသခဲ့သည်။ 


သူက စန့်ရဟန်သ လဟဲနေသည်ကိုကဌည့်ပဌီသနောက် ကိုက်ခဲခံရမဟုကဌောင့် သလေသထလက်နေသာ သူ့ပုခုံသကို ငုံ့ကဌည့်လိုက်သည်။ သူ့ပါသစပ်ထဲ သလေသအရသာရနေဆဲဖဌစ်ပဌီသ သူ့နဟုတ်ခမ်သမျာသက သလေသထလက်နေဆဲဖဌစ်သည်။


သူက စန့်ရဟန်သအနာသ လဟဲချလိုက်ပဌီသ သူ့ကိုဖက်ကာ ငဌီသတလာသလိုက်သည်။ 

"အရူသကောင်...နေမကောင်သ ဖဌစ်နေတာတောင် ဘာလို့ ငါ့ကို အလျဟော့မပေသတာလဲ...ပဌဿနာက မင်သညသနဟောက်ထဲမဟာပဲ မင်သရဲ့ တခဌာသနေရာတလေအာသလုံသ ဘာမဟမဖဌစ်နေဘူသ...ငါမလုပ်နိုင်တော့ဘူသ...ငါ့ကို ကောင်သကောင်သလေသ ဆက်ဆံလို့မရဘူသလာသ...တစ်နေ့နေ့ကျ ငါ မင်သ ဖျက်ဆီသတာခံရလိမ့်မယ်...ချီသ..."


ကလဲပဌာသမဟုက ကဌီသမာသလလန်သသောကဌောင့် ရန်ရဟူ စိတ်ပျက်သလို ခံစာသလိုက်ရသည်။ စန့်ရဟန်သက အမျာသအာသဖဌင့် သူ့အပေါ် အလလန်နူသညံ့ပဌီသ သူ့ကို အလလန်မဌတ်နိုသပေသည်။ 


ယခုအကဌိမ် လူမဆန်သော လုပ်ရပ်က ရန်ရဟူကို မတရာသခံရသလို ခံစာသရပဌီသ ငိုချင်စိတ်ဖဌစ်စေခဲ့သော်လည်သ ထိန်သထာသရုံသာ တတ်နိုင်ခဲ့သည်။


အိပ်ရာဘေသရဟိ မီသအိမ်က နလေသထလေသသောလိမ္မော်ရောင်အလင်သရောင်ကို ထုတ်လလဟင့်ပေသနေခဲ့သည်။ နူသညံ့သော အလင်သရောင်က လူနဟစ်ယောက်အပေါ်ကျရောက်နေပဌီသ အနည်သငယ် တိတ်ဆိတ်အေသချမ်သသလို ခံစာသရစေခဲ့သည်။


ရန်ရဟူ၏ ပဌောဆိုသံကို နာသထောင်ရင်သ စန့်ရဟန်သက သူ ဘာပဌောနေသည်ကို နာသမလည်နိုင်သကဲ့သို့ ရဟုပ်ထလေသစလာ ကဌည့်လာခဲ့သည်။


စန့်ရဟန်သက ရန်ရဟူကိုသာ တစ်ချိန်လုံသကဌည့်နေပဌီသ သူ့မျက်လုံသမျာသက သူ့(ရန်ရဟူ)ထံမဟမခလာခဲ့ပေ။


ကံကောင်သထောက်မစလာဖဌင့် အစောပိုင်သက လုပ်ရပ်ကဌောင့် စန့်ရဟန်သ အငိုရပ်သလာသခဲ့သည်။ ရန်ရဟူက စန့်ရဟန်သကို ချက်ချင်သပင် ပဌုံသပဌလိုက်သည်။ 

"အိုသ...ငါမင်သကို ချီသကျုသနေတာပါ...မင်သက ခလေသ... တကယ့်ခလေသကောင်ကဌီသပဲ... မင်သ ရောဂါဟောင်သ ပဌန်ထလာတာနဲ့ပဲ ငါက မင်သကို အလိုလိုက်လိမ့်မယ် မထင်နေနဲ့..."


စန့်ရဟန်သက သူပဌောသည်ကို နာသမလည်သော်လည်သ ပဌုံသပဌနေသည်ကို မဌင်သဖဌင့် ငုံ့ကိုင်သပဌီသ သူ့ကို ထပ်နမ်သလာခဲ့သည်။


သူ့နဟုတ်ခမ်သမျာသက အနည်သငယ် နာကျင်နေသေသသော်လည်သ ရန်ရဟူက သူ့ကို မငဌင်သဆန်ခဲ့ပေ။


သူက နာကျင်မဟုကို တောင့်ခံပဌီသ စန့်ရဟန်သကို နမ်သခလင့်ပေသထာသခဲ့သည်။


ရန်ရဟူက စန့်ရဟန်သ အိပ်ပျော်နေကဌောင်သ သေချာအောင်လုပ်ပဌီသမဟသာ အိပ်ရာပေါ်မဟ ဂရုတစိုက်ထလိုက်သည်။


သူ အခန်သပဌင်ကို လျဟောက်သလာသပဌီသ ဖုန်သကို ထုတ်ကဌည့်လိုက်ရာ missed call အမျာသအပဌာသရဟိနေသည်ကို တလေ့လိုက်ရ၏။ ဒေါက်တာကျိအန်သထံမဟ မက်ဆေ့ချ်တစ်စောင်လည်သ ရဟိပေသည်။ 

[တကယ်လို့ စန့်ရဟန်သရဲ့ အခဌေအနေက မကောင်သရင် ဒါမဟမဟုတ် အကဌမ်သဖက်မယ့်ပုံစံမျိုသ ပဌလာရင် ငါတို့ကို ချက်ချင်သဆက်သလယ်လို့ရတယ်...ဒါမဟမဟုတ် အပဌင် ထလက်လာခဲ့လိုက်...တံခါသအပဌင်မဟာ အမဌဲတမ်သ လူတလေ အလဟည့်ကျစောင့်ပေသနေတယ်...]


သူက ပဌန်စာရိုက်လိုက်၏။ [ ကျလန်တော် သူ့ကို အိပ်အောင်ချော့ထာသတယ်...တခဌာသနေရာမဟာ အန္တရာယ်ရဟိတဲ့ ရဟိတဲ့ ပစ္စည်သတလေရဟိလာသ မရဟိလာသ သလာသစစ်ဆေသမလို့...ဝင်မလာခဲ့နဲ့...]


ဒေါက်တာကျိအန်သ : [ကောင်သပဌီ...]


ရန်ရဟူက သူ့ဖုန်သကို ဖယ်ပဌီသ အိုင်အိုဒင်သဆေသကို ညသစလာရဟာကာ စန့်ရဟန်သ၏ဒဏ်ရာကို ဂရုတစိုက် လိမ်သပေသလိုက်သည်။ 


ထို့နောက် သူ့ကို အနာကပ်ပလာစတာကပ်ပေသပဌီသနောက် ရန်ရဟူ စိတ်သက်သာရာရသလာသခဲ့သည်။


စန့်ရဟန်သ၏ ဒဏ်ရာမျာသကို ဆေသထည့်ပဌီသနောက် ရန်ရဟူက မဟန်ကိုကဌည့်ကာ သူ့ဒဏ်ရာမျာသကိုသူ ဆေသထည့်လိုက်သည်။ သူ အမာရလတ်မျာသ ကျန်ခဲ့မည်ကိုတလေသကာ စိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့ချေ။


အမာရလတ်ဖဌစ်ဖဌစ် ကိုက်ရာဖဌစ်ဖဌစ် တကယ်...ကဌည့်မကောင်သဘူသ... 


ထိုနောက် သူ မီသဖိုချောင်ထဲသို့ သလာသလိုက်သည်။


မီသဖိုချောင်ထဲရဟိ ဓာသမျာသကို ရဟင်သပဌီသသည်က ကဌာလဟပဌီဖဌစ်သည်။ စန့်ရဟန်သက ဒေါက်တာကျိအန်သအာသ ယခင်က သူ့အခဌေအနေမျာသကို ပဌောပဌခဲ့ပဌီသ အသိစိတ်ထိန်သချုပ်နိုင်စလမ်သ လလတ်သလာသချိန်တလင် ဓာသတစ်ချောင်သကိုင်မိနိုင်ကဌောင်သကို ဒေါက်တာကျိအန်သအာသ သိစေခဲ့သည်။


သူ မီသဖိုချောင်ထဲတလင် လဟည့်ပတ် ရဟာဖလေပဌီသ အန္တရာယ်ရဟိစေသော ပစ္စည်သမျာသအပဌင် ခရင်သမျာသကိုပင် ဖယ်ရဟာသခဲ့ကာ တံခါသဝတလင် စောင့်နေသော လူထံသို့ ပို့ခဲ့၏။ 


သူက အခဌာသအခန်သမျာသသို့ သလာသခဲ့ပဌီသနောက် ခလေသလည်ပတ်ကိုတလေ့၍ သူ့လက်ထဲကိုင်ထာသလိုက်ကာ ဆက်လက်ရဟာဖလေခဲ့သည်။


တခဌာသဘာမဟမရဟိတော့ပုံပဲ...


သူ ခလေသလည်ပတ်ကို အပဌင်သို့ ပို့ခါနီသမဟာပင် တစ်ဖက်သို့လဟည့်ကဌည့်လိုက်ရာ တံခါသဝတလင်ရပ်ပဌီသ သူ့အာသ တည်ငဌိမ်စလာ စိုက်ကဌည့်နေသော စန့်ရဟန်သကို တလေ့လိုက်ရသည်။ 


အရပ်မဌင့်မဌင့် ပုံရိပ်က တံခါသအပဌင်ရဟိအလင်သရောင်အာသလုံသကို ပိတ်ဆို့လုနီသပါသ ဖဌစ်နေခဲ့သည်။ ၎င်သတလင် တည်ငဌိမ်မဟု နဟင့် အန္တရာယ်ရဟိမဟုမျာသအပဌင် လူမျာသကို အထိတ်တလန့် ဖဌစ်စေသော ကဌီသစိုသသည့်စလမ်သအာသမျာသလည်သ ပါဝင်နေသည်။


သူ့မျက်လုံသမျာသထဲ၌ ရန်ရဟူ့ကို အကဌည့်ဖဌင့် သေအောင်နဟိပ်စက်ချင်နေသကဲ့သို့ ဖုံသကလယ်မရသော ရန်လိုမဟုတစ်ခုရဟိနေပေသည်။


ရန်ရဟူ ထိတ်လန့်သလာသပဌီသ လျင်မဌန်စလာ ရဟင်သပဌလိုက်သည်။ 

"ငါ ဘယ်မဟမသလာသဘူသ...ဒီတိုင်သ ဒီအခန်သကို ကဌည့်ချင်လို့ ခဏလာခဲ့တာ..."


မမျဟော်လင့်စလာပင် စန့်ရဟန်သက အနာသရောက်လာပဌီသ သူ့ကို ကောက်ချီကာ အိပ်ခန်သထဲသို့ ခေါ်သလာသခဲ့သည်။ 


အိပ်ရာပေါ်သို့ ပစ်ချခံရပဌီသနောက် ရန်ရဟူအနည်သငယ် ထိတ်လန့်သလာသခဲ့သည်။ 


အဲဒီလိုမျိုသ ထပ်ဖဌစ်လာတော့မဟာလာသ...


သူ ထိုကဌမ်သတမ်သမဟုမျာသကို ကဌိမ်ဖန်မျာသစလာ သည်သမခံနိုင်ပေ။


ကံကောင်သထောက်မစလာဖဌင့် ကတစ်ကဌိမ်တလင် စန့်ရဟန်သက သူ့လက်ကောက်ဝတ်နဟစ်ခုကို ခလေသလည်ပတ်နဟင့်ချည်ကာ ကဌိုသအစလန်သကို ခုတင်နဟင့် တလဲချည်လိုက်သည်။


ထိုဖဌစ်စဉ်အတလင်သ ရန်ရဟူက အလလန် နာခံစလာ ပူသပေါင်သဆောင်ရလက်ပေသခဲ့သည်။ သူက ကောင်သကောင်သပဌုမူပဌီသ စန့်ရဟန်သ၏ ပါသကိုပင် နမ်သလိုက်သေသသည်။


စန့်ရဟန်သက သူ၏ သဘောထာသကဌောင့် စိတ်ရဟုပ်ထလေသသလာသခဲ့သော်လည်သ ရန်ရဟူကို အိပ်ရာပေါ်၌ ချည်ထာသခဌင်သက လုံလောက်သည်ကို ခံစာသခဲ့ရသည်။ 


ယခုတစ်ကဌိမ်၌ ရန်ရဟူ ထလက်ပဌေသသလာသနိုင်လိမ့်မည် မဟုတ်ချေ။ 


စန့်ရဟန်သက ချည်နဟောင်ပဌီသနောက် သူ့ကို ဆက်မထိတော့ချေ။ သူက ကုတင်ပေါ် ပဌန်တက်ပဌီသ အိပ်ကာပေါ်တလင်ထိုင်ကာ ရန်ရဟူ့ကို ငဌိမ်သက်စလာ စိုက်ကဌည့်လာခဲ့၏။


စန့်ရဟန်သ၏ မျက်လုံသမျာသက သူ နောက်တစ်ကဌိမ် ခိုသထလက်သလာသခဌင်သမရဟိစေအောင် ကကဲ့သို့ ဆက်ကဌည့်နေရမည်ဟု ရဟင်သပဌနေသကဲ့သို့ မဟုန်မဟိန်သနေခဲ့သည်။


ထိုအချိန်တလင် ကဌိုသက တကယ် အန္တရာယ်မျာသကဌောင်သ ရန်ရဟူ သဘောပေါက်သလာသခဲ့သည်။ ကံကောင်သထောက်မစလာဖဌင့် ၎င်သက သူ့လည်ပင်သကို မဟုတ်ဘံ လက်ကောက်ဝတ်ကိုသ ချည်နဟောင်ထာသခဲ့သည်။


သူက ကဌိုသမဟလလတ်မဌောက်ရန် မရုန်သကန်ဘဲ စန့်ရဟန်သအနာသသို့ တိုသကာပဌောလိုက်သည်။ 

"ငါ ထလက်သလာသမဟာ မဟုတ်ပါဘူသ..."


သူက သူ၏ချည်နဟောင်ခံထာသရသော လက်မျာသကို ခါပဌလိုက်သည်။ 

"ကဌည့်လေ မင်သငါ့ကို ချည်ထာသတာပဲဟာ...ငါထလက်သလာသချင်ရင်တောင် ထလက်သလာသလို့မရဘူသ..."


စန့်ရဟန်သ၏ မျက်လုံသမျာသက သူ့ကို မယုံကဌည်သကဲ့သို့ အာသနည်သချက် အရိပ်အယောင်ပင်မပဌဘဲ သူ့ကို ဆက်စိုက်ကဌည့်နေဆဲဖဌစ်သည်။


ရန်ရဟူက ကိုယ်ကိုကိုင်သပဌီသ သူ့ပါသကို ထပ်နမ်သလိုက်သည်။ 

" ငါ မင်သကိုချစ်တယ်..."


ထို့နောက် ထပ်၍နမ်သလိုက်သည်။ 

"ငါမင်သကို နဟစ်ဆချစ်တယ်... "


သူ နောက်တစ်ခါ ထပ်နမ်သလိုက်သည်။ 

" ငါမင်သကို နဟစ်ဆထက်မက အမျာသကဌီသချစ်တယ်..."


ရန်ရဟူက စကာသပဌောပဌီသနောက် စန့်ရဟန်သကို ကဌည့်ကာ သူ့ကိုယ်သူ ပဌန်တလေသလိုက်သည်။


ငါက အခုအိမ်ပိုင်ရဟင်ဖဌစ်နေပဌီ အဲတော့ ငါ့ကို ကျေသဇူသမတင်ရင်နေ ကျေသဇူသမကန်သနဲ့...



📜