📽️Chapter 96
Extra 2 : ကုန်းရှီအန်းနှင့် လုယိယန် (1)
တိုင်းပြည်ပြင်ပတွင်...
ယင်းက ကုန်းရှီအန်းတစ်ယောက် လုယိယန်ကို တွေ့ပြီးနောက် ဖွင့်ဟမိသည့် ပထမဆုံးစကား ဖြစ်လေသည်။
ဆယ်နှစ်ကြာညောင်းလေပြီ။
ကုန်းမိသားစုနှင့် လုမိသားစုက မိသားစုချင်း မိတ်ဆွေများ ဖြစ်ကြသည်။ သို့သော်ငြား ကုန်းရှီအန်းက နိုင်ငံခြားတွင် မွေးဖွားခဲ့သဖြင့် ယင်းက သူပထမဆုံး အိမ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သူ ငါးနှစ်သား မတိုင်မီအထိ မပြန်ခဲ့ပေ။
ကုန်းရှီအန်းက မတ်မတ်ရပ်လျက် မော့ကြည့်လိုက်ရာ မနီးမဝေးမှ စကားလည်း မပြောဘဲ မျက်နှာထားတင်းတင်းဖြင့် ရှိနေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။
ယင်းက ထိုမျှလောက် နူးညံ့လှပသော အသွင်အပြင်ရှိသည့် ကောင်ငယ်လေးတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် မုင်တွေ့ဖူးခြင်း ဖြစ်သည်။ ထိုသူ၏ မျက်ခုံး၊ မျက်လုံးလေးများက ပြီးပြည့်စုံနေခဲ့ပြီး ကြွေထည်အလား ဖြူဝင်းသည့် အသားအရည်လေးက နေရောင်အောက်တွင် ဖောက်ထွင်းမြင်ရသည့်အလားပင်။ ထိုသူ၏ အမူအရာက မကောင်လှးသည့်တိုင် ကုန်းရှအန်း စိတ်ထိန်းမထားနိုင်ခဲ့ပေ။
သူက အရမ်းကြည့်ကောင်းတယ်... နတ်သားလေးလိုပဲ...
ကုန်းရှီအန်း စိတ်ထဲတွင် ထိုကဲ့သို့ အတွေးတစ်ခု ဝင်လာခဲ့သည်။
ထိုအခိုက်တွင် လူကြီးများက ကုန်းရှီအန်း အရိုက်ခံရမည်စိုးသဖြင့် မြန်မြန် ပြေးလာ၍ ဖျန်ဖြေပေးလာကြသည်။
"ဟုတ်တာပေါ့... သူက ပါးစပ်လေး ဆိုးပေမယ့် စိတ်ရင်းလေး ကောင်းရှာပါတယ်…"
"သားလည်း ညီလေးနဲ့ အဆင်ပြေအောင် နေရမယ်နော်... သားတို့နှစ်ယောက်က အနာဂတ်မှာ အချင်းချင်း ကူညီရိုင်းပင်းကြရမှာ... တစ်ယောက်ပေါ် တစ်ယောက် မှီခိုကြရမယ်နော်…"
"သားတို့နှစ်ယောက်က တစ်ဦးတည်းသောသားတွေပဲ... မောင်နှမလည်း မရှိတော့ အခု ညီအစ်ကိုတစ်ယောက် ရှိလာတာ ဘယ်လောက် ကောင်းလိုက်လဲ…"
လုယိယန်က အဆုံးတွင် ကုန်းရှီအန်းအနားနေရန် ဆန္ဒရှိလာပြီး ကုန်းရှီအန်းက သူ့ကို ချက်ချင်း ပြုံးပြလာခဲ့သည်။
လုယိယန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အဆုံးတွင် ပြောလာ၏။
"မင်းက အရမ်း စိတ်ရှုပ်စရာကောင်းတယ်…"
သူက ဤကောင်လေးနှင့် တည့်အောင်နေရန် ဆန္ဒမရှိပေ။
*****
လုယိယန်က ကုန်းရှီအန်းထံမှ ပုန်းနေသော်ငြား မိသားစုနှစ်စုကမူ သူတို့နှစ်ယောက် ရင်းနှီးလာစေရန် တမင်တကာ စီစဥ်ပေးသည်။
လုယိယန်က အခန်းထဲတွင် စာလုပ်နေချိန်၌ ကုန်းရှီအန်းကလည်း တစ်ခန်းထဲမှာပင် တရုတ်စာလုံးများကို အလေးအနက် ရေးနေခဲ့သည်။ ကုန်းရှီအန်းမှာ လုယိယန် သူ့အား လျစ်လျူရှုထားပေလိမ့်မည်ဟု တွေးနေသဖြင့် အလွန် တိတ်ဆိတ်နေပေသည်။ သို့သော်ငြား လုယိယန်က သူ့ဘေးနားသို့ လျှောက်လာပြီး သူ့မှတ်စုစာအုပ်ကို ကြည့်၍ ပြောလာသည်ကို တွေ့လိုက်ရလေသည်။
"ဘာလို့ မင်းရေးတဲ့ စာလုံးတွေက ဝိုင်းနေရတာလဲ…"
"တရုတ် စာလုံးတွေက ရေးရခက်တယ်…"
သူက အသံတိုးတိုးဖြင့် ပြန်ဖြေလာခဲ့သည်။
လုယိယန်က သူရေးထားသော စာများကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် အဆုံးတွင် သက်ပြင်းချလိုက်သည်။
ကုန်းရှီအန်းမှာ သူ အငြင်းခံရတောမည်ဟု ခံစားလိုက်ရလေသည်။
လုယိယန်က ရုတ်တရက်ဆိုသလို သူ့လက်ကို အုပ်ကာ ထိန်းပေးလိုက်ရင်း ဆိုလာသည်။
"ဒီနားမှာ မင်းရဲ့ ဘောပင်နဲ့ ရပ်ထားရမှာ... ပြီးရင် ဆွဲတင်လိုက်…"
ကုန်းရှီအန်း ဂုဏ်ယူမိသွားပြီးနောက် အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
"အင်း..."
လုယိယန်က သူ့လက်ကို အမြန် လွှတ်ပေး၍ ပြောလိုက်သည်။
"ကိုယ့်ဘာသာ ရေးကြည့်…"
ကုန်းရှီအန်းလေးက ရေးပြလိုက်သည်။
လုယိယန်က စည်းကမ်းတင်းကြပ်သည့် ဆရာတစ်ယောက်လိုပင်။ သူက ဆက်တိုက် ဖတ်နေပြီး လက်ရေး ပိုလှလာသည်ကို မြင်ရမှ ကျေနပ်သွားသည်။
"အင်း... မတုံးစမ်းပါနဲ့... လက်ရေးလှကို တန်းမကျင့်နဲ့... စုတ်ချက်တွေကို အရင်လေ့ကျင့်... တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းပေါ့…"
" ဟုတ်…"
လုယိယန်မှာ မကြာမီ စာလုပ်ရန် တစ်ဖက်သို့ ပြန်သွားလိုက်ပြီး သိသာထင်ရှားစွာပင် မှုန်ကုပ်နေကာ ထိုကောင်စုတ်လေးနှင့် ဆက်ပြီး ပတ်သက်ချင်တော့ပုံမရပေ။ သို့သော်ငြား ကုန်းရှီအန်း တစ်ယောက်တည်း သူ့ဘာသာ တရုတ်စာလုံးများ လေ့ကျင့်နေမည် လွှတ်ထားမည်မဟုတ်ပေ။
ကုန်းရှီအန်းက လုယိယန်အား အကြိမ်ပေါင်းများစွာ ခိုးကြည့်လာသဖြင့် လုယိယန်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်သည်။
"ခိုးကြောင်ခိုးဝှက် မျက်လုံးတွေနဲ့... ဘာကိစ္စလဲ…"
"ကောကောက အရမ်းကြည့်ကောင်းတာပဲ…"
“…”
လုယိယန် ချက်ချင်း ရှက်သွေးဖြာသွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။
"မင်းက လက်ရေးလှကိုတောင် စိတ်မပါတပါနဲ့ လေ့လာနေတာ နောက်ဆို စာကောင်းကောင်း လုပ်ပါ့မလား…"
"အိုး... သားက လမ်းပျောက်သွားတာလေ…"
ကုန်းရှီအန်းနှင့် လုယိယန်က တစ်ကျောင်းတည်းတွင် တက်ခဲ့ကြသည်။
ကုန်းရှီအန်းမှာ သူ ဂျူနီယာအထက်တန်း ရောက်လျှင် သူက ဂျူနီယာအထက်တန်း၏ ပထမနှစ်တွင် ရှိနေမည် ဖြစ်ပြီး လုယိယန်က တတိယနှစ်တွင် ရှိလိမ့်မည် ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။
ထို့နောက် လုယိယန်က သူ ဂျူနီယာအထက်တန်း ဒုတိယနှစ်ရောက်လျှင် ကျောင်းပြီးသွားမည် ဖြစ်ကာ သူသည်လည်း လုယိယန်နှင့် အတူ မရှိနိုင်တော့ပေ။
ထိုအချိန်တည်းက ကုန်းရှီအန်းတစ်ယောက် အတန်းကျော်တက်လာခဲ့သည်။
ဂျူနီယာအထက်တန်း ပထမနှစ်တွင် ကုန်းရှီအန်းနှင့် လုယိယန်တို့ အတန်းဖော်များ ဖြစ်လာကြပြီး လုယိယန်မှာ သူ့အတန်းဖော်များထက် အရပ်ပိုပုသည့် ကုန်းရှီအန်းတစ်ယောက် သူနှင့်တစ်ခန်းတည်း အတူကျသည်ကို တွေ့လိုက်ရသောအခါ အံ့သြသွားလေသည်။
မိသားစုနှစ်စုက ကျောင်းတွင်လည်း အဆက်အသွယ် ရှိနေသည်ကြောင့် ဖြစ်မည်။ နှစ်ယောက်သားက တစ်ခုံတည်းထိုင်ခွင့် ရခဲ့သည်။
ထိုအချိန်က ကုန်းရှီအန်းမှာ အရပ်ပုလွန်းသဖြင့် လုယိယန်ဘေးနားတွင် ထိုင်သောအခါ ကလေးပေါက်စလေးနှင့် တူနေခဲ့သည်။
လုယိယန်က မဖော်ရွေတတ်ဘဲ သူငယ်ချင်းလည်း များများစားစား မရှိသဖြင့် ကုန်းရှီအန်းတစ်ယောက်တည်းကသာ သူ့ဘေးနားတွင် ရှိနေပေးခဲ့သည်။
နှစ်ယောက်သားက တဖြည်းဖြည်း မခွဲနိုင်မခွာရက် ဖြစ်လာခဲ့သည်။
ကုန်းရှီအန်းက အစပိုင်းတွင် အတော်လေး ပျော်နေခဲ့သည်။ အဆုံးတွင်မူ ကောကောလှလှလေးနှင့်အတူ တစ်ချိန်လုံး ရှိနေနိုင်ခဲ့လေပြီ။
သို့သော်လည်း တဖြည်းဖြည်း ထပ်ပြီး ပိုပျော်စရာ မကောင်းနိုင်တော့ပေ။
လုယိယန်၏ မျက်နှာလေးက ပြစ်ချက်မရှိ ပြီးပြည့်စုံနေပြီး နတ်သက်ကြွေလာသော နတ်သားလေးအလား စိတ်နေသဘောထားတို့က ထင်းထွက်နေခဲ့သည်။ ယင်းတို့မှာ ဖုံးကွယ်မထားနိုင်လေရာ လူတိုင်းက သူ့မျက်နှာလေးကို တွေ့နိုင်ကြပြီး အားလုံးကလည်း လုယိယန်၏ မျက်နှာကို မှတ်မိလာကြသည်။
ထို့အပြင် လုယိယန်က အဆင့်ကောင်းများလည်း ရှိပြီး အကလေ့ကျင့်ရန် ကျောင်းမှ အကခန်းမသို့ အမြဲတမ်း သွားတတ်လေရာ လူများစွာကို ကြည့်ချင်လာစေရန် ဆွဲဆောင်နိုင်ခဲ့သည်။
လုယိယန်က တဖြည်းဖြည်း လူကြိုက်များလာခဲ့သည်။ အချို့လူများက လုယိယန်၏ ဖုန်းနံပါတ်ကို တောင်းလာကြကာ အချို့သော မိန်းကလေးများက လုယိယန်ကို လိုက်ပိုးခဲ့ကြသည်။
အချို့ကောင်လေးများသည်ပင် သူ့အား သဘောကျလာကြ၏။
ကုန်းရှီအန်းက တဖြည်းဖြည်း ထူးဆန်းသည့်ခံစားချက်များ ဝင်ရောက်လာခဲ့လေသည်။
လုယိယန်အနား တစ်ယောက်ယောက် ရှိလျှင် အခြားသူများက လုယိယန်နှင့် နီးနီးကပ်ကပ်နေလျှင် သူ စိတ်ဆိုးတတ်လာသည်။
လုယိယန်ကြောင့် ရင်သပ်ရှူမောဖြစ်ခဲ့ရသည့် ပထမဆုံးအခိုက်အတန့်ကတည်းက ခံစားချက်အချို့ကို မသိမိုက်မဲစွာဖြင့် ထုတ်လုပ်ထားပြီးသား ဖြစ်သော်ငြား ထိုအချိန်က သတိမပြုမိခဲ့ပေ။
နောက်ပိုင်းတွင် ထိုလူသားလေးကို သူတစ်ယောက်တည်း အပိုင်သိမ်းထားချင်နေကြောင်း တဖြည်းဖြည်း နားလည်လာခဲ့သည်။
သူ တစ်ယောက်တည်းကသာ လုယိယန်၏ ဘေးတွင် နေလိုပြီး မည်သူမှ အနားမကပ်နိုင်ဘဲ သူတစ်ယောက်တည်းကသာ လုယိယန်အနား ရှိနေရန် မျှော်လင့်ခဲ့သည်။
သူ့စိတ်ထဲ တိတ်တဆိတ် စတင်စိုးရိမ်နေခဲ့ပါသော်လည်း သူက လူတိုင်းထက်ပင် ပိုပုနေသဖြင့် လုံးဝ အဟန့်အတား ဖြစ်မနေခဲ့ပေ။
ထို့ကြောင့် နောက်ထပ်နည်းလမ်းများ အသုံးပြုရလေတော့သည်။
တစ်စုံတစ်ယောက်က လုယိယန်၏ ဆက်သွယ်ရန် အချက်အလက် တောင်းနေသည်ကို တွေ့လိုက်ရသဖြင့် တိုးတိတ်တိတ် မေးလိုက်သည်။
"ယိယန်ကောကော... အဲ့ဒီလူက ဘယ်သူလဲ…"
"စီနီယာအစ်မတစ်ယောက်ပါ... သူက အကကောင်းတော့ အနုပညာ စာမေးပွဲအတွက် အတွေ့အကြုံတွေ ပြောပြပေးနိုင်တယ်လေ…"
ကုန်းရှီအန်းက နို့ဘူးလေးကို တိတ်တဆိတ် သောက်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဒီအစ်မက ကောကောကို သဘောကျနေသလိုပဲ…"
လုယိယန်က ထိုကဲ့သို့ မတွေးမိပေ။
"ငါတို့က သူငယ်ချင်းတွေပါပဲ…"
ကုန်းရှီအန်းက တွေးတွေးဆဆဖြင့် ခေါင်းညိတ်
လိုက်ပြီးတောက် ဆက်ပြောလိုက်သည်။
"ဟုတ်ပါတယ်... ယိယန်ကောကောက အရမ်းကောင်းလွန်းတော့ လူတိုင်းနဲ့ မထိုက်တန်ဘူး…"
လုယိယန် အလျင်အမြန် ငြင်းဆိုလိုက်သည်။
"ဘာလို့ ဒီလောက်ကြီး ချဲ့ကားနေရတာလဲ…"
“ကျွန်တော့်အတွက်တော့ ကောကောက နတ်သားလေးလိုပဲ... ဘယ်သူမှ လက်လှမ်းမမှီတဲ့ နေရာမှာပဲ ရှိနေရမှာ…"
လုယိယန်က တိတ်တဆိတ် ရှက်သွေးဖြာသွားပြီးနောက် ပြန်ဖြေလိုက်သည်။
"မင်းက ချဲ့ကားပြောနေတာပဲ…"
"ကောကောကလည်းနော်... ရှေးဟောင်း နတ်သမီးပုံပြင်တွေအားလုံးတော့ မဟုတ်ဘူး... နတ်သမီးတွေက သေမျိုးလောကထဲကို ဆွဲခေါ်ခံလိုက်ရရင် လောကီရေးရာတွေနဲ့ စွန်းထင်းသွားလိမ့်မယ်... ဒီလိုဆို မသေမျိုး ဆက်မဖြစ်နိုင်တော့ဘူး... ဒါကြောင့် ကျွန်တော့ကောကောလည်း အလွယ်တကူ ချစ်မိမသွားရဘူးနော် မဟုတ်ရင် အောက်ကို ဆွဲချခံလိုက်ရမှာ…"
လုယိယန် တစ်ခဏမျှ ပဟေဠိ ဖြစ်သွားသည်။
"အကြောင်းအရင်းက ဘာလဲ…"
"ကောကောရဲ့ မိသားစုက ကောကောကို အကောင်းဆုံးအရည်အချင်းတွေ ပျိုးထောင်ပေးဖို့ အလေးအနက်ထားနေတာလေ... ကောကောက တကယ့်ကို ထူးခြားပြောင်မြောက်တဲ့သူပဲလေ... တစ်ယောက်ယောက်နဲ့ အချစ်ရေးက လုံလုံလောက်ဘောက် မကောင်းခဲ့ရင် ကောကောရဲ့ အလေ့အကျင့်တွေ ဘဝရဲ့ အရည်အသွေးတွေကိုပါ သက်ရောက်သွားလိမ့်မယ်... ကောကောရဲ့ အတွေးတွေကိုပါ သိမ်မွေတဲ့ နည်းလမ်းနဲ့ လွှမ်းမိုးသွားပြီးတော့ အရင်လောက် ကောင်းတော့မှာ မဟုတ်ဘူး…"
"ဒီလောက်တောင် ပြင်းထန်တာလား…"
"ဒါပေါ့... သိပ်မကောင်းတဲ့လူကို ရှာတာက ကောကောရဲ့ တိုးတက်မှုတွေကို နိမ့်ကျစေရုံသာမကဘူး အန္တရယ်ပါ ဖြစ်စေနိုင်တယ်... ဒါကြောင့် လွယ်လွယ်နဲ ချစ်မိသွားလို့ မဖြစ်ဘူးနော်…"
လုယိယန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလာသည်။
"ငါတစ်ခါမှ အချစ်ရေးအကြောင်း မတွေးမိဘူး... ငါက ငယ်သေးတယ်လေ…"
"ဒီတိုင်း ပြောလိုက်တာပါ... အနာဂါတ်မှာ လွယ်လွယ်နဲ မချစ်မိသင့်ဘူး... ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ ကောကောနဲ့ မထိုက်တန်ဘူးလို့ ကျွန်တော် ထင်တယ်... ဘာလို့လဲဆိုတော့ ကောကောက အကောင်းဆုံးမို့... အမြဲ ဒီလိုပဲ ဖြစ်နေမှာ…"
လုယိယန်မှာ အမှန်ပင် ရင်ထဲထိသွားပုံရပြီး အသံများ တိတ်ဆိတ်သွားလေတော့သည်။
ကုန်းရှီအန်းမှာ သူဘေးတွင် တိတ်တဆိတ် ဝင်ထိုင်လာပြီး နို့တစ်ခွက်ကို သောက်လိုက်ပြီးနောက် စာအုပ်ထုတ်လိုက်သည်။
လုယိယန်က ရုတ်တရက် ခါးစောင်း၍ မေးလာသည်။
"မင်း ဘာလို့ အတန်းတွေ ကျော်တက်လာတာလဲ... အဆင့်တွေက တကယ်ရော ကောင်းလို့လား"
"ကျွန်တော်က ကောကောရဲ့ အရည်အချင်းမှီ သူငယ်ချင်း ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားမှာ... မဟုတ်ရင် ကောကောဘေးမှာ ထိုင်သင့်ပါ့မလား…"
"သြော်..."
ဂျူနီယာ အထက်တန်းကျောင်းအတွင်း လူအများစုက ကောင်စုတ်လေး ကုန်းရှီအန်းကို ဂရုမစိုက်ကြဘဲ လုယိယန်၏ နောက်လိုက်လေးဟုသာ သတ်မှတ်ထားကြသည်။
သို့သော်ငြား လုယိယန်ကို လိုက်မည်ကြံတိုင်း ထိုကောင်စုတ်လေးထံမှ ဖြတ်ချခံကြရပေသည်။
လုယိယန်မှာ ကုန်းရှီအန်းတစ်ယောက် မည်သည့်အချိန်ကစ၍ သူ့ထက်အရပ်ပိုရှည်လာပြီး တဖြည်းဖြည်း ထူးချွန်လာသည်ကို အတိအကျ မမှတ်မိတော့ပေ။
အထက်တန်းကျောင်း၏ ပထမနှစ်ကို သူတို့အတူတူ ဝင်ခဲ့သည့်နှစ်၌ ကုန်းရှီအန်းက ကျောင်းသားသစ်ကိုယ်စားပြုအဖြစ် စင်မြင့်ပေါ်တက်ကာ စကားပြောခဲ့ရသည်။ ထိုသူက လူတိုင်းထံမှ သတိပြုမိခံရရန် မွေးဖွားလာသည့်အလား တည်ငြိမ်အေးဆေးနေခဲ့သည်။ ထို့နောက် လူတိုင်းကို ဆွဲဆောင်နိုင်သည့် ကောင်ချောလေး ဖြစ်လာသည်။
လုယိယန်က ကုန်းရှီအန်း၏ နောက်မှ စကားပြောမည် ဖြစ်ပြီး စင်မြင့်ပေါ်တွင် ဘေးချင်းယှဥ် ရပ်နေသဖြင့် ပရိသတ်၏ တုံ့ပြန်မှုကို သေသေချာချာ ကြားနေရသည်။
မက်မောနေသည့် မျက်လုံးများစွာကိုလည်း တွေ့ခဲ့ရ၏။
ဘယ်အချိန်က စခဲ့တာများလဲ…
ကုန်းရှီအန်းမှာ နောက်လိုက်တစ်ယောက် မဟုတ်တော့ဘဲ တစ်ယောက်တည်း စတင် တောက်ပလာခဲ့ချေပြီ။
လူများစွာက ကုန်းရှီအန်း၏ ဆက်သွယ်ရန် အချက်အလက်များ တောင်းလာကြသည်ကိုလည်း တွေ့ရပြီး ကုန်းရှီအန်းက ထိုသူတို့ကို ပညာသားပါပါ ရှောင်ရှားလိမ့်မည် ဖြစ်သည်။
ဥပမာအားဖြင့် ထိုစဥ်က ကုန်းရှီအန်းကို သွားရှာသည့်အချိန်၌ ကုန်းရှီအန်းက တစ်ယောက်ယောက်ကို ငြင်းလွှတ်နေသည့် မြင်ကွင်းအား တွေ့ခဲ့ရလေသည်။
သူ့ဘေးသို့ လျှောက်လာပြီးနောက် ကုန်းရှီအန်း သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ့အတွက် ရေမယူပေးဘူးလား…"
"ငါတို့နှစ်ယောက်လုံး စစ်တပ်လေ့ကျင့်ရေးမှာ ရောက်နေတာကို ဘာလို့ မင်းအတွက် ရေယူပေးရမှာလဲ…"
လုယိယန်က မလိုလားဟန်ဖြင့် ဖြေလိုက်ပြီးနောက် မေးလိုက်သည်။
" ဒါနဲ့ အခုတလော ငါ့ကို ဘာလို့ ကောကောလို့ မခေါ်တော့တာလဲ…"
"ဒါက..."
ကုန်းရှီအန်း၏ မျက်လွှာချလိုက်သဖြင့် ထိုမြင်ကွင်းက လုယိယန်ကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။
လုယိယန် ချက်ချင်းဆိုသလို စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး လှည့်ထွက်သွားသည်။
ကုန်းရှီအန်းက အမြန်လိုက်သွားသည်။
"ငါတို့က သူငယ်ချင်းတွေလို့ မထင်ဘူးလား... ငါတို့က အတူတူပဲ... အခုကစပြီး မင်းကို ယန်ယန်လို့ ခေါ်မယ်... ငါ့ကို အန်းအန်း ဒါမှမဟုတ် ရှီအန်းလို့ ခေါ်မလား... ကုန်းကုန်းလို့ ခေါ်ရင်ရော…"
ထိုကောင်လေးက ကိုယ့်ကိုယ်ကိုယ် ကုန်းကုန်းဟု ပြောလိုက်သံကို ကြားသောအခါ လုယိယန်ချက်ချင်းဆိုသလို အော်ရယ်လိုက်လေသည်။
ကုန်းရှီအန်းက သူ့နောက်သို့ ဆက်လိုက်နေပြီး ပြောလိုက်သည်။
"အထက်တန်းကျရင် ထိုင်ခုံတစ်ခုတည်း ထိုင်ရမှာ မဟုတ်ဘူးဆိုတော့ ရှေ့ခုံနဲ့နောက်ခုံရအောင် လျှောက်လို့ရတယ်…"
"ကိစ္စမရှိဘူး…"
"မရပါဘူး... ငါက မင်းနားမှာ နေချင်တာကို…"
ကုန်းရှီအန်းက အခြားကိစ္စများကို ဆက်ပြောလာသည်။
"ငါ့မေမေက ငါတို့တွေ ကျောင်းအဆောင်မှာ မနေနိုင်မှာစိုးလို့ ဌာနအဆောင်မှာ အိမ်တစ်လုံး ဝယ်ထားတယ်... အိမ်ကို ပြန်ပြင်ဆင်ပြီးတာ ကြာပြီဆိုတော့ နှစ်ယောက် အတူတူနေလို့ရပြီ…"
"ကျောင်းကလက်ခံလား…"
"အင်းလေ... သူတို့ မပြောဘူးလား..."
ကုန်းရှီအန်းက မနီးမဝေးနေရာမှ ဆောက်လုပ်ဆဲ အားကစားကွင်းကို လက်ညှိုး ထိုးပြလိုက်သည်။
"ဒါအတွက် အိမ်က ပေးထားတာလေ…"
စစ်လေကျင့်ရေးပြီးနောက် လူတိုင်းက အဆောင်ပြန်ကြပြီး ဆေးကြောသန့်ရှင်းရန် တိုးဝှေ့ကြရလေသည်။
သို့သော်ငြား လုယိယန်နှင့် ကုန်းရှီအန်းတို့ကမူ သူတို့၏ အိမ်သို့ ပြန်သွားနိုင်ကြသည်။ ကုန်းရှီအန်းက မီးဖိုဆောင်ထဲတွင် ဟင်းချက်ရန် လေ့လာနေခိုက် လုယိယန်က ရေချိုးပြီးနောက် ထွက်လာကာ ခေါင်းသုတ်လိုက်ပြီးနောက် ကုန်းရှီအန်းကို ပတ်တီးစည်းပေးရန် တိတ်တဆိတ် သွားလိုက်သည်။
သူ့လက်ကို ဆန့်ကာ ကုန်းရှီအန်း၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဘာလို့ ဒီလောက် တုံးရတာလဲ…"
"ပထမဆုံးအကြိမ်မို့ပါ... နောက်ဆို ကောင်းကောင်း လုပ်နိုင်မှာ…"
"ရေချိုးခတော့... ငါလုပ်လိုက်မယ်…"
"အန္တရာယ်များတယ်... ငါ ရေချိုးပြီးမှ ဆက်လုပ်လိုက်မယ်…"
"ငါက မင်းလို မတုံးဘူး…"
ကုန်းရှီအန်းက ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေချိုးခန်းထဲမှ စိုစွတ်မှုကို ခံစားလိုက်ရကာ ရုတ်တရက်ဆိုသလို ခံစားချက်တစ်ခုက နှလုံးသားကို ဆောင့်ခုန်လာစေခဲ့သည်။
သူ အသက်ပြင်းပြင်းရှူကာ ရှပ်အင်္ကျီကို ချွတ်လိုက်သည်။ အဝတ်များကို လှမ်းလိုက်စဥ် အခြောက်ခံထားသော ရေချိုးတဘက်များကို သတိပြုမိသွားသဖြင့် တန့်သွားသည်။
သူနှင့် လုယိယန်တို့က ကိုယ်ပိုင်ရေချိုးတဘက်များ ရှိကြပြီး ထိုအပြာဖျော့ဖျော့လေးမှာ လုယိယန် အပိုင်ဖြစ်သည်။
ခုနတုန်းက ဒီတဘက်နဲ့ လုယိယန်ရဲ့ ကိုယ်ကို ပတ်ထားခဲ့တဲ့အကြောင်း စဥ်းစားမိလိုက်ရင်...
ကုန်းရှီအန်းက အလိုအလျောက် ခေါင်းလှည့်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် တဘက်ကို ကောက်ယူကာ အပေါ်မှ စိုစွတ်မှုဘေးကို ထိတွေ့လိုက်ပြီးနောက် တဘက်ကို ဆွဲယူ၍ နမ်းရှုံ့လိုက်သည်။
သူ့လည်စေ့ လှုပ်ရှားသွားလေသည်။ ထိုတဘက်ကို ယူကာ မျက်နှာတစ်ခုလုံးကို ခပ်စိုစို တဘက်လေးထံ နှစ်မြုပ်ထားလိုက်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
ဒါက... လုယိယန်ရဲ့ အနံ့လေးပဲ...
[T/N နှာဘူးလေး ကုန်းကုန်း]
📽️