Chapter 99
Viewers 12k

📽️Chapter 99

Extra 5 : ကုန်းရှီအန်းနှင့် လုယိယန် (4) 

 


လုယိယန်မှာ အမြဲတမ်း ကသိကအောက် ဖြစ်နေရသည်။ 


ဥပမာအားဖြင့် မနက်ခင်းတွင် မျက်လုံးဖွင့်လိုက်သောအခါ သူ့ခါးကို လက်မောင်းတစ်စုံက ပွေ့ဖက်ထားခဲ့သည်။ 


သူ လန့်သွားပြီး ချက်ချင်း စိတ်ငြိမ်အောင် လုပ်လိုက်ရသည်။ အတော်ကြာပြီးမှ အသိပြန်ဝင်လာလေသည်။ 

ဒီကောင်လေး ငါနဲ့ လာအိပ်နေတယ်... 


သူ့ခန္ဓာကိုယ်ကို အိပ်ရာထက်မှ ထွက်ကာ တံခါးဆီသို့ လျှောက်လာခဲ့သည်။ ကုန်းရှီအန်း မည်သို့ ဝင်လာသည်ကို သူ မတွေးတတ်တော့ပေ။ 


သူ စဥ်းစားနေရင်းပင် ကုန်းရှီအန်းက အိပ်ရာပေါ်မှ ထလာပြီး ပျင်းတိပျင်းရွဲပုံစံဖြင့် မေးလိုက်သည်။

"မနက်စာ ဘာစားမလဲ…" 


"မင်း ဘယ်လိုဝင်လာတာလဲ…" 


“မင်းက တံခါးမှ မပိတ်ထားတာ…" 


"မဖြစ်နိုင်တာ... ငါအကြိမ်တိုင်း လောခ့်ချပြီးတော့ ခဏခဏ စစ်ဆေးနေတာကို…" 


ကုန်းရှီအန်း ပြန်မဖြေပေ။ ရေချိုးခန်းသို့ ယိုင်တိုင်တိုင် လျှောက်သွားလိုက်ပြီး မျက်နှာသွားသစ်သည်။ 


လုယိယန်က ပဟေဠိ ဖြစ်နေဆဲပင်။ တံခါးဘုကို ထပ်ကာထပ်ကာလှည့်ပြီး တံခါးလောခ့်တွင် ပြဿနာ မရှိကြောင်း သေချာအောင်လုပ်ပြီးမှ မနက်စာ သွားပြင်သည်။ 


တစ်လျှောက်လုံး 'ကုန်းရှီအန်း ဘယ်လိုများ ဝင်လာခဲ့လဲ' ဟုသာ ဆက်တွေးနေမိသည်။ 


သူ မတွေးနိုင်ပေ။ 


လုယိယန်က အဖြေရရန်အတွက် နောက်တစ်နေ့တွင် တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်ခဲ့သည်။ 


သူ၏ အလုပ်နှင့် အနားယူမှု အချိန်ဇယားက အတော်လေး တည်ငြိမ်သဖြင့် သူ ညအိပ်သည့်အချိန်က လူအိုကြီးတစ်ယောက်၏ပုံစံမျိုးဟု ဆိုနိုင်သည်။ အထူးသဖြင့် ကျန်းမာရေးအတွက် ထိန်းသိမ်းမှုဟု ဆိုနိုင်ပေသည်။ 


အဆုံးတွင် အသံတစ်ခု ကြားလိုက်ရချိန်၌ မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နေခဲ့လေသည်။ 


အသံလာရာနေရာက တံခါးမဟုတ်ဘဲ ပြတင်းပေါက် ဖြစ်နေသဖြင့် လုယိယန်ကို ထိတ်လန့်သွားစေပြီး ချက်ချင်း ထထိုင်မိသွားစေခဲ့သည်။ 


ဤနေရာက အပြည့်မပိတ်ထားသော လေသာဆောင်လေးတစ်ခုရှိနေသည့် ခေတ်နောက်ကျသည့် တိုက်ခန်းတစ်ခု ဖြစ်သည်။ ၎င်းက လုယိယန်နှင့် အတော်လေး နီးပေသည်။ ကုန်းရှီအန်းက လေသာဆောင်၏ အစွန်းတွင် ရပ်လိုက်ပြီး လုယိယန်အခန်း၏ ပြတင်းပေါက်ကို လှမ်းဖွင့်၍ ခုန်ဝင်လာခဲ့သည်။ 


ကုန်းရှီအန်းက တည်ငြိမ်စွာ ဆင်းလိုက်ပြီးနောက် ပြတင်းပေါက်ကို လှည့်ပိတ်လိုက်သည်။ အိပ်ရာဆီသို့ လျှောက်လာသောအခါ လုယိယန်က အိပ်ရာပေါ်တွင် ထိုင်နေပြီး သူ့အား ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ကုန်းရှီအန်း၏ ခြေလှမ်းများ ရပ်သွားသည်။ 


"ကုန်းရှီအန်း…"

လုယိယန်က အာခေါင်ခြစ် အော်လိုက်သည်။

"ဒါက လေးထပ်ကွ... သေချင်နေတာလား... ရူးနေပြီလား…" 


"ငါက မင်းနဲ့ တူတူအိပ်ချင်လို့လေ…"

ကုန်းရှီအန်းမှာ မှားယွင်းစွပ်စွဲခံနေရသည့်အလားပင်။ 


"တစ်ယောက်တည်း အိပ်ရင် ဦးနှောက်ကို ကြွက်စားသွားမှာမို့လား... ဘာလို့ ငါ့ဆီလာတာလဲ…" 


ကုန်းရှီအန်းက တင်းမာနေသော မျက်နှာဖြင့် ခုတင်ဘေးသို့ ရောက်လာခဲ့သည်။ 


ကုန်းရှီအန်းမှာ သူ့ခုတင်ဘေးသို့ ပါးလေးများဖောင်း၍ လျှောက်လာခဲ့သည်။ ထို့နောက် စောင်ကို မ'၍ဝင်လိုက်ပြီး လှဲချကာ အသက်ပြင်းပြင်း ရှူလိုက်သည်။

"ဂွတ်နိုက်…" 


လုယိယန်က ကုန်းရှီအန်းကို တွန်းလွှတ်နေဆဲပင်။ 

"အန္တရာယ်များတယ်ကွ... သိရဲ့လား…" 


"အင်း..."

ကုန်းရှီအန်းက မသဲမကွဲ ပြန်ဖြေလာသည်။ 


"နောက်တစ်ခါ မလုပ်နဲ့တော့…" 


"ဒါဆို တံခါးကို လောခ့်မချထားနဲ့လေ…" 


"နောက်ဆို တံခါးရော ပြတင်းရော လောခ့်ချထားမှာ…" 


"ဒါဆို ငါ ပြုတ်ကျသွားမှာပေါ့…" 


“…” 


လုယိယန်က အချိန်အတော်ကြာသည်အထိ အိပ်မပျော်နိုင်ခဲ့ပေ။ 


သို့သော်ငြား ကုန်းရှီအန်းကမူ အတော်လေး အိပ်ချင်နေပုံရပြီး သူ့ကို လှမ်းဖက်လာကာ ပြောလိုက်သည်။

"စောစောအိပ်…"


တစ်ခဏအကြာတွင် လုယိယန်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ 


*****


နောက်တစ်နေ့တွင် ကုန်းရှီအန်းက လုယိယန်၏ အခန်းတံခါးရှေ့သို့ ရောက်လာသည်။ သူ့ခါးကို ဆိတ်နေရင်း စိတ်အားငယ်မိသွားလေသည်။ 

‘ဒီတစ်ခါတော့ တံခါးရော ပြတင်းပေါက်ရော လောခ့်မချထားလောက်ပါဘူးနော်…' 


တံခါးကို လှည့်ဖွင့်လိုက်သောအခါ လောခ့်မချထားသည်ကို တွေ့လိုက်ရလေသည်။ ချက်ချင်းပင် ပြုံးရယ်မိသွားလေသည်။ 


သူ့ရဲ့ နှလုံးသားလေးက တကယ်နူးညံ့တာပဲ... 


သူက အိပ်ရာဘေးသို့ ခြေဖျားထောက် ဝင်လိုက်ရာ လုယိယန်တစ်ယောက် စောင်ကိုပိုက်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော်ငြား သူ့အတွက် အိပ်စရာနေရာချန်ပေးထားသည်ကို တွေ့လိုက်ရသည်။ 


သူချက်ချင်းပင် အိပ်ရာပေါ်တက်ကာ လုယိယန်ဘေးတွင် ဂရုတစိုက် ဝင်လှဲလိုက်သည်။ 


အခန်းက အလွန်တိတ်ဆိတ်နေပြီး အသက်ရှူသံ နှစ်ခုသာ ရှိလေသည်။ 


ကုန်းရှီအန်းက ခန္ဓာကိုယ်ကို တဖြည်းဖြည်း ရွှေ့လိုက်သဖြင့် အဝတ်ပွတ်တိုက်သံတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီး လုယိယန်၏ ကျောပြင်ထက်တွင် မှီထားလိုက်သည်။ သူက ညအိပ်အဝတ်များကို ဖြတ်၍ လုယိယန်၏ ခန္ဓာကိုယ်အပူချိန်ကို ခံစားမိနေလေသည်။ ကုန်းရှီအန်း ထိုခဏလေးတွင် သဘောတကျ ဖြစ်မိသည်။ 


သူလှိမ့်ကာ လက်ကိုဆန့်ထုတ်၍ လုယိယန်၏ ခါးလေးကို ပွေ့ဖက်ကာ လုယိယန်ကို ရင်ခွင်ထဲဆွဲသွင်း၍ အိပ်စက်လိုက်သည်။


သူ့ဘက်မှ ကြည့်လျှင် လုယိယန်က ခေါင်းအုံးအကြီးကြီးတစ်လုံးနှင့်တူနေပြီး အိပ်စက်သည့်အနေအထားကလည်း ကောင်းမွန်လေရာ သူ့ကို ဖက်အိပ်ရသည်က အလွန် သက်တောင့်သက်သာ ဖြစ်ရသည်။ 


*****


လုယိယန် အိပ်ချင်မူးတူးနှင့် နိုးလာသော်လည်း တစ်ခုခု ထူးဆန်းနေသည်ကို ခံစားနေရသည်။ 


သူခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်သည်။ 


"ရှောင်ရှီအန်း…"

လုယိယန် အထိတ်တလန့် ဖြစ်သွားသည်။ 


ကုန်းရှီအန်းက သူ့ကို လျစ်လျုရှုထားသည်။ အချိန်အတော်ကြာမှ သူ့ကို လွှတ်ပေးလိုက်ပြီး ထရပ်ကာ ပြောလိုက်သည်။

"မနက်ပိုင်းမှာ ငါ့ရဲ့အကူအညီ လိုနေတာ သိရတဲ့အတွက် ဝမ်းသာပါတယ်…" 


ထို့နောက် အခန်းထဲမှ ထွက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ 


လုယိယန်က အမြန်သန့်ရှင်းရေးလုပ်ပြီးနောက် သူ့အား မောင်းထုတ်လိုက်သည်။ 


"ကုန်းရှီအန်း…"

လုယိယန်က ရေချိုးခန်းရှိရာသို့ အော်ဟစ်လိုက်သည်။ 


"ဒီနေ့ ပေါ့တာလေး စားချင်တယ်..."

ကုန်းရှီအန်းက ပြောပြီးနောက် ခေါင်းပြူထွက်ကာ ကြည့်လိုက်သည်။

"မင်းမျက်နှာ နီနေတယ်... ဘာဖြစ်နေတာလဲ…" 


လုယိယန်က သူ့ကို တစ်ခဏမျှ ကြည့်လိုက်သော်လည်း မီးဖိုချောင်ထဲသို့သာ သွားလိုက်ရလေသည်။ 


မနက်စာ ပြင်နေစဥ် မနေနိုင်ဘဲ တွေးလိုက်မိသည်။

ဘာလို့ သူ့အတွက် အရမ်း သဘာဝကျနေရတာလ…


သူငယ်ချင်းတွေကြားမှာ ဒီလို ဖြစ်နေကျပဲလား…


ငါကပဲ သဘာဝမကျ ဖြစ်နေတာလား…


ငါတို့အတွက် နမ်းဖို့၊ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးဖို့၊ အတူတူအိပ်ဖို့က တကယ် သာမန်ပဲလား…


ထိုအခိုက် ကုန်းရှီအန်းက ရေချိုးခန်းထဲမှ ထွက်လာပြီး ထမင်းစားပွဲတွင် ဝင်ထိုင်ကာ ဖုန်းကိုလည်း ကြည့်နေသေးသည်။ 


ထမင်းစားပွဲပေါ်သို့ အစားအသောက်များ ချပေးလိုက်သောအခါ ကုန်းရှီအန်းက မထင်ထားသည့်အရာကို ပြောလာခဲ့သည်။

"မင်းနဲ့ အိပ်တာ အကြိမ်အများကြီး ရှိနေပြီကို မင်းရဲ့…က တစ်ကြိမ်ပဲ ရှိသေးတယ်... အရေအတွက်က နိမ့်များနေသလားလို့ ရှာကြည့်နေတာ... ဟုတ်တယ်မလား…" 


"မပူပါနဲ့…" 


"မင်းရဲ့ ကျန်းမာရေးကို စိတ်ပူတာ မဟုတ်ပါဘူးနော်... နေ့တိုင်း မဖြစ်မှာကို စိတ်ပူရုံပဲ…" 


"တိတ်စမ်း…" 


"ဟုတ်ပါပြီ…" 


*****


နွေရာသီအားလပ်ရက်များတွင် လုယိယန်က ပျားပန်းခတ်နေသော မြို့ပြအစား ကျေးလက်ခြံဝင်းများထံ သွားရသည်ကို သဘောကျသည်။ 


သူက ပစ္စည်းသေးသေးလေးများကို ပြုလုပ်နိုင်ပြီး သစ်သားများ ပိုသေးလျှင် စားပွဲများ၊ ထိုင်ခုံများ ပြုလုပ်နိုင်သည်။ ပုံသဏ္ဍာန်ကလည်း အတော်လေး ကောင်းသည်။ 


အဆုံးတွင် သူ့မိသားစုက ဆောက်လုပ်ရေးလုပ်ငန်းတွင် ခြေချခဲ့သဖြင့် ထိုအရာများ၌ အတော်လေး ပါရမီပါသည်။ 


ကုန်းရှီအန်းက လုယိယန်၏ အိမ်သို့သွားခဲ့ပြီး လုယိယန်က ခြံဝင်းထဲတွင် မြေတူးစက်ကို မောင်းနေသည်။ 


ကုန်းရှီအန်းက ကျောပေါ်တွင် အိတ်တစ်လုံး လွယ်ထားပြီး မြေတူးစက်ဖြင့် အားသွန်ခွန်စိုက် အလုပ်လုပ်နေသူ လုယိယန်ကိုကြည့်ကာ တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ သူ လုယိယန်ကို ကောင်းကောင်း လေ့ကျင့်ပေးခဲ့သည်ဟု ခံစားနေရသည်။ ယခုတွင် လုယိယန်က ကမ္ဘာကြီးက သူနှင့်မထိုက်တန်ဟု တွေးနေရုံသာမက ထူးဆန်းသော အရာများ လုပ်ရသည်ကိုလည်း သဘောကျနေသေးသည်။ 


အကမှလွဲ၍ အရာအားလုံးတွင် လက်ကျန်ဘဝတစ်ခုလုံးအတွက် မေတ္တာတရား ခေါင်းပါးစေခဲ့လေသည်။ 


"လုယိယန်…"

ကုန်းရှီအန်း အော်ခေါ်လိုက်သည်။ 


လုယိယန် အဆုံးတွင် ရပ်သွားပြီး တံခါးဖွင့်ကာ သူ့ကို ကြည့်၍ မေးလာသည်။

"ဘာလို့ ရောက်လာတာလဲ…" 


"မိသားစုက ငါတို့နှစ်ယောက်ကို ကျူတာတစ်ယောက် စီစဥ်ပေးထားတာလေ... အတန်းတွေ ရှိနေတာကို ဘာလုပ်နေတာလဲ…" 


"ငါးကန်တူးပြီး ငါးမွေးမလို့…" 


"အိုး... မိုက်လိုက်တာ…" 


ကုန်းရှီအန်းက အိတ်ကို ပြန်ချကာ ပန်းခြံထဲမှ ခွေးခြေလေးတစ်ခုပေါ်တွင် ထိုင်လိုက်ပြီး လုယိယန် မြေတူးစက်ကို အသာလေးမောင်းကာ ရေကန်တူးနေသည်ကို ကြည့်နေခဲ့သည်။ ပုံစံခွက်လေး ပေါ်လာချေပြီ။  


ထိုအခိုက် လုယိယန် ရောက်လာပြီး သူ့ဘေးတွင် ဝင်ထိုင်ကာ လက်ယမ်းပြလိုက်သည်။

"ဘေးမှာ ပန်းခြံလေး ဆောက်မလို့... ပြီးရင် ကျန်းစုကို သွားပြီး ကျောက်တုံးလှလှလေးတွေ သွားဝယ်မယ်... ပြီးရင် ထင်းရှူးပင်လေးတွေ စိုက်မယ်လေ... ဘယ်လိုထင်လဲ…" 


"ထင်းရှူးပင်က ဘာကြည့်ကောင်းလို့လဲ…" 


"အဲ့ဒါတော့ ရှာမကြည့်ရသေးဘူး…" 


"စာအုပ်များများ ဖတ်လေ…" 


“…”

ကြည့်ရတာ အငြင်းခံလိုက်ရသလိုပဲ... 


နှစ်ယောက်သားက အိမ်ထဲသို့ ဘေးချင်းယှဥ်၍ ဝင်သွားလိုက်ကြပြီး ကျူတာကို အင်တာဗျူးရန် အခန်းတစ်ခန်းရှာလိုက်သည်။ 


ဖြစ်စဥ်တစ်ခုလုံးတွင် လုယိယန်ကသာ မေးမြန်းသူ ဖြစ်ပြီး ကုန်းရှီအန်းက လုယိယန်ကိုသာ ထိုင်ကြည့်နေခဲ့သည်။ 


သင့်တော်သည့် ဆရာတစ်ယောက် ရွေးချယ်လိုက်ပြီးနောက် ကုန်းရှီအန်း မေးလိုက်သည်။ 

"ပင်ပန်းနေပြီလား…" 


"အဆင်ပြေပါတယ်…" 


"ဖရဲသီးစားကြမလား…" 


"ရတယ်လေ…" 


အိမ်ထဲမှ အိမ်အကူက ဖရဲသီးကို အတုံးလေးများ တုံးကာ အစေ့များဖယ်၍ ကလေးနှစ်ယောက်ထံ ပို့ပေးလာခဲ့သည်။ 


တစ်ခဏမျှ စားပြီးနောက် လုယိယန် မေးလိုက်သည်။ 

"ကျူတာပါဆို သူတို့ရဲ့ အချစ်ရေးအကြောင်းမေးပြီး ဘာလုပ်ဖို့လဲ... သိလား... ယေဘုယျ နားလည်မှု ရှိဖို့လိုတယ်... သူတို့တွေ မချစ်မိသေးရင်EQ မှာ ပြဿနာ ရှိနေလို့ပဲ ဖြစ်ရမယ်…"


"ဒါမင်းရဲ့ မလိုမုန်းထား စိတ်ကြောင့်လေ…ကြည့်လေ... ငါတို့က အခုထိ ချစ်သူမထားဖူးတဲ့အပြင် နမ်းလည်း မနမ်းဖူးဘူးလေ…"

ကုန်းရှီအန်း ချက်ချင်း ချေပလိုက်သည်။


ထိုစကားကို ကြားသောအခါ လုယိယန် တန့်သွားပြီး ရုတ်တရက် တီးတိုးပြောလာသည်။

"ငါက ပထမဆုံးအနမ်း ရဖူးပြီးသား…" 


ကုန်းရှီအန်း ပြန်မဖြေမိဘဲ တစ်ခဏမျှ ကြက်သေသွားပြီးမှ မေးလိုက်သည်။

"မင်း... ရပြီးပြီလား... ဘယ်တုန်းကလဲ…" 


"လွန်ခဲ့တဲ့ နှစ်လက..." 


လွန်ခဲ့သည့် နှစ်လက ကုန်းရှီအန်းမှာ ဘတ်စကက်ဘောအသင်း၌ လေ့ကျင့်ရေး ဆင်းနေခဲ့ရသည်။ 

လုယိယန်က ငါ မသိဘဲ တိတ်တိတ်လေး ချစ်သူထားနေတာ များလား... 


ကုန်းရှီအန်းတစ်ကိုယ်လုံး နေရာမှာပင် အေးခဲသွားသည်။ အသံတစ်သံမှမထွက်ဘဲ လုယိယန်ကို ကြည့်မိနေပြီး မျက်လုံးများက တဖြည်းဖြည်း မဲမှောင်လာလေတော့သည်။ 


သူက ပြုံးရသည်ကို သဘောကျပြီး ပြုံးလိုက်လျှင် နွေဦးလေပြေလေးသဖွယ် နွေးထွေးနေတတ်သော်လည်း ယခုတွင်မူ မျက်နှာတစ်ခုလုံး မဲမှောင်နေကာ အသံကလည်း အေးစက်နေသည်။

"ဘယ်သူနဲ့လဲ…" 


လုယိယန်က ကုန်းရှီအန်းကို မော့ကြည့်လိုက်ပြီး ကုန်းရှီအန်းတစ်ယောက် မတရားသလို ခံစားနေရမည် ဖြစ်ကြောင်း နားလည်သွားလေသည်။ 


နေက်ထပ် ဖရဲသီးတစ်စိတ်ကို စားပြီးနောက် သူပြန်ဖြေလိုက်သည်။

"ထားလိုက်ပါတော့... မင်းသိစရာ မလိုပါဘူး…" 


ကုန်းရှီအန်း ခက်ရင်းကို ပြန်ချကာ ဆက်မစားမိတော့ပေ။ 


လုယိယန်ကသာ သူ့အတွက် ဝေစုကို တိတ်တဆိတ်စားနေခဲ့သည်။ 


ထိုအခိုက်တွင် ကုန်းရှီအန်း၏ ရင်ထဲ၌ စိတ်မကျေနပ်မှုများ ပြည့်နှက်နေခဲ့သည်။ ဒေါသများကိုလည်း မထိန်းထားနိုင်တော့။ 


သူ့ရှေ့မှ တုတ်ချောင်းကိုကြည့်ကာ ထိုအခိုက်တွင် တုတ်ချောင်းကို စားပွဲပေါ်သို့ ရိုက်ချိုးချလိုက်လျှင်ကောင်းမည်ဟု တွေးမိနေသည်။ 


အဆုံးတွင် သူ စိတ်ထိန်းထားလိုက်၏။ 


လုယိယန် စားပြီးသွားသောအခါ ထရပ်၍ ရေချိုးခန်းထံသို့ သွားလိုက်ပြီး ပလုတ်ကျင်းဆေးရည်ဖြင့် ဆေးကြောလိုက်သည်။ ထို့နောက် တံခါးမှ ထွက်လာချိန်မှာပင် ကုန်းရှီအန်း သူ့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရသည်။ သူက အသံနိမ့်နိမ့်ဖြင့် ထပ်မေးလာပြန်သည်။

"ဘယ်သူနဲ့လဲ…"


"မင်း သိစရာမလိုဘူးလို့ ပြောပြီးပြီလေ…" 


"လုယိယန် ငါတို့က အကောင်းဆုံး သူငယ်ချင်းတွေလို့ တွေးထားတာ... ဒါတောင် ငါ လေ့ကျင့်ရေး ဆင်းနေတုန်း ငါ့ကို မပြောဘဲ ကိစ္စအကြီးကြီး လုပ်ချလိုက်တယ်... ငါကပဲ ပြောပြဖို့ မတန်တာလား... ငါ့ကို တစ်ခွန်းမှတောင် မပြောပြဘူး…" 


"မင်းကို ပြောစရာမလိုဘူး... ဟုတ်ပြီလား…" 


"သြော်..."

ကုန်းရှီအန်းက လုယိယန် ထွက်မသွားနိုင်ရန် လမ်းပိတ်ထားလိုက်သည်။ လုယိယန်အား ခါးမှ ကိုင်ကာ သူ့ဘက်သို့ ဆွဲယူလိုက်သည်။ ထိုမှသာ နံရံသို့ ကျောကပ်မသွားမည် ဖြစ်သည်။

"ဒါဆို ဒီလောက်နှစ်တွေအကြာကြီး ငါတို့ကြားက သူငယ်ချင်းဆက်ဆံရေးကရော…" 


ယင်းက အတော်လေး ရှားပါးလှသည်။ သူက ကုန်းရှီအန်း၏ ဒေါသထွက်နေသည့် မျက်နှာကို မမြင်ဖူးသဖြင့် အနည်းငယ် အံ့သြသွားလေသည်။ 


သူ မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ပြန်မဖြေဘဲနှင့် လုယိယန်အား ကြည့်၍ မေးလိုက်သည်။

"ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်သွားတာလဲ…" 


"ဒါဆို မင်းကရော ဘာလို့ ရုတ်တရက်ကြီး ချစ်သူ ရသွားတာလဲ... ငါ့အမြင်ကိုတောင် မမေးဘဲနဲ့လေ…" 


လုယိယန် ရှင်းပြလိုက်ရလေသည်။

"ငါ့မှာ ချစ်သူ မရှိပါဘူး…" 


"ဒါဆို ပထမအနမ်းက ဘယ်လို ဖြစ်တာလဲ…" 


"မင်းက မူးနေတုန်း ငါ့ကို ရုတ်တရက်ကြီး နမ်းလာတာလေ... ဒါကို ဘာလို့ လာမေးနေတာလဲ... ဖယ်စမ်း…" 


“…”

ကုန်းရှီအန်း တစ်ခဏမျှ ကြက်သေသေသွားရလေတော့သည်။ 


လုယိယန်က သူ့လက်ကို ခါလိုက်သော်လည်း ထိုအရှိန်က ကုန်းရှီအန်းထက် ပိုသန်မာနေခဲ့သည်။

"ဘာလို့ လာအော်နေတာလဲ... မင်းအရက်သောက်တာကို မင်းအိမ်ကိုတောင် မတိုင်ခဲ့တာကို အခုကျ ငါ့ကို လာအော်နေတာလား... ငါ့ကို မင်းလို အပေအတေများ မှတ်နေလား... ငါစာလုပ်နေတဲ့အချိန် မင်းက ဘတ်စကက်ဘောသွားဆော့နေတာလေ…" 


"ငါ... ငါနဲ့လား…" 


"မဟုတ်ရင် ငါက ဘယ်သူနဲ့ အဆက်အသွယ် ရှိသေးလို့လဲ…" 


လုယိယန် ဒေါသတကြီး လှည့်ထွက်သွားသည်။ သူ လှည့်ထွက်သွားသော်ငြား ကုန်းရှီအန်းက  သူ့ကို ပြန်ဆွဲဖက်ထားမည်ဟု မထင်ထားခဲ့ပေ။ 


လုယိယန်က ကုန်းရှီအန်းကို နောက်တစ်ကြိမ် ထပ်ဆူတော့မည်ပြင်လိုက်သော်လည်း အခွင့်အရေးပေးလိုက်သလို ဖြစ်သွားသည်။ 


ကုန်းရှီအန်း သူ့အား နံရံပေါ် ဖိကပ်ကာ နမ်းလိုက်ချိန်တွင် သူ့ခမျာ ဘာကိုမှ နားမလည်နိုင်တော့ပေ။

ငါတို့ရဲ့ ဆက်ဆံရေးက ဘာလို့ ဒီလိုအဆင့်ထိ ရောက်သွားရတာလဲ... 


သူတို့၏ ပထမဆုံးအနမ်းက ရေပြင်ပေါ် ခိုနားလာသော ပုစဥ်းလေးလိုပင် အလွန်ပေါ့ပါးခဲ့သည်။  ယခုကဲ့သို့ ကြမ်းကြုတ်ကာ အသက်ရှူရခက်သည်အထိ မဖြစ်ခဲ့ပေ။  


သူက တွန်းထိုးရုန်းကန်ကာ ကုန်းရှီအန်းကို တွန်းထုတ်လိုက်ပြီးနောက် မေးလိုက်သည်။

"ဘာလုပ်တာလဲ…" 


ကုန်းရှီအန်း၏ လေသံက အလွန် သဘာဝကျနေခဲ့သည်။ မျက်လုံးများက ခံစားချက်များ ဟုန်းဟုန်းတောက်နေပြီး လုယိယန်၏ တစ်ကိုယ်လုံးကို အုပ်မိုးထားသည်။ 

"တစ်ကြိမ် နမ်းပြီးပြီပဲ...နောက်တစ်ကြိမ် ထပ်နမ်းတော့ ဘာဖြစ်လဲ…"


ကုန်းရှီအန်းက သူ့ကို ပြင်းပြင်းပြပြ စိုက်ကြည့်နေပြီး  မျက်လုံးများက နှုတ်ခမ်းထက်တွင် ဝေ့ဝဲနေကာ ပြင်းပြသည့် ဆန္ဒများက သိသာထင်ရှားနေသည်။

"ငါတို့က အကောင်းဆုံးပဲ မဟုတ်ဘူးလား... မင်းမှာလည်း ချစ်သူ မရှိဘူး... ငါ့မှာလည်း မရှိဘူးဆိုတော့ ဘာအရေးလဲနော်... ဒါပေမယ့်..." 


သူက ကုန်းရှီအန်းကို ဆက်တွန်းထုတ်နေပြီး လွတ်မြောက်ချင်နေခဲ့သည်။ 


လုယိယန်တစ်ယောက် ကုန်းရှီအန်း၏ ခွန်အားကို မယှဥ်နိုင်သည်က စိတ်မကောင်းစရာပင်။ ကုန်းရှီအန်း၏ နှုတ်ဖျားမှ သူ့နာမည်ခေါ်သံကို ကြားလိုက်ရသည်။ 

"ဟုတ်တာပေါ့... မင်းက အရမ်းချိုတယ်လေ…" 


ထို့နောက် သူ့ကို ထပ်နမ်းလာပြန်သည်။



📽️