Chapter 105
Viewers 12k

📽️ Chapter 105

Extra 11 : စန့်ရှန်းနှင့် ရန်ရှူတို့၏ ရသစုံအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှု (1)



အစောပိုင်းတွင် အချို့သူများက ထိုသူတို့က မည်သို့သောလူများ ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ သို့သော် ရသစုံလင်ရှိုးတစ်ခုလွှင့်ပြီးနောက် အဖြေရသွားကြလေပြီ။ 


သူတို့က အချက်နှစ်ချက်ဖြင့် အနှစ်ချုပ်လိုက်လေသည်။ 


ပထမအချက်မှာ မစ္စတာစန့် ဦးလေး(ရန်ရှူ)အား သဘောကျရသည့်အကြောင်းကို နားလည်ရန် ဖြစ်သည်။ အဆုံးတွင် ဦးလေး၏ဘဝက ထိုလူနှင့်သာ ပြည့်နေခဲ့သည်။ 


ဒုတိယအချက်မှာ သူ့တို့ခေါင်းကို မဆုံးရှုံးစေဘဲ ထိုသူတို့၏ ဆက်ဆံရေးကို နားလည်လာနိုင်စေရန်ပင်။ 


ကွန်မန့်များက အတော်လေး ပြောင်မြောက်လှသည်။ 


[နှစ်ဆယ့်သုံးမိနစ်တောင် ရှိသွားပြီလား... အိမ်လွမ်းရင် ခဏခဏ ဝင်လာကြည့်လို့ရပါတယ်…] 


[အမှန်ပဲ... ငါတောင် ရှူရှူက မစ္စတာစန့်ကို တကယ့်ကို တအား သဘောကျတဲ့အကြောင်း မြင်နေရတယ်... ဒါပေမယ့် သူတို့နှစ်ယောက်ကြားက အချစ်က ကြည့်ဖို့ပဲ... အတွေ့အကြုံယူဖို့ မဟုတ်ဘူး…]

  

"မင်းကို ငါ့ဘဝထဲ ခေါ်မယ်" ပထမဆုံး season၏ ကြည့်ရှုနှုန်းက မဆိုးလှပေ။ 


ကြည့်ရှုသူအများစုက အနုပညာရှင်၏ နေ့စဥ်ဘဝအကြောင်း သိချင်ကြသည်မှာ အမှန်ပင်။ လုယိယန်က ဧည့်သည်များထဲမှ တစ်ယောက် ဖြစ်နေသည်ဟူသောအချက်ကိုမူ ဆိုဖွယ်ရာပင် မရှိတော့။ ယင်းက သူ ပထမဆုံးအကြိမ် variety showတွင် ပါဝင်ခြင်းပင်။ 


အစပိုင်းတွင် စန့်ရှန်းက ဤရှိုး၌ ရင်းနှီးမြုပ်နှံရန် ရွေးရွယ်ချယ်ခဲ့ပြီး အကြီးဆုံးစပွန်ဆာလည်း ဖြစ်ကာ ငွေအမြောက်အများ ရရှိခဲ့သည်။ 


ရန်ရှူက နောက်ပိုင်းတွင် ကုမ္ပဏီ၏ ဘောစ့် ဖြစ်လာသဖြင့် ဝင်ငွေများမှာ ရန်ရှူ၏အိပ်ကပ်ထဲသို့ စီးဆင်းသွားလေတော့သည်။ 


ငွေပမာဏကို ကြည့်ပြီးနောက် ရှင်းမပြနိုင်အောင် စိတ်လှုပ်ရှားလာခဲ့ရသည်။ 


ပရိုဂရမ်အဖွဲ့က ရန်ရှူကို ပါဝင်ခိုင်းရန် စီစဥ်ထားပြီး ယင်းက တိုက်ရိုက်ထုတ်လွှင့်မှုဗားရှင်းဖြစ်သည်။ 


‘ငါ့ရဲ့ နေ့စဥ်ဘဝကို လိုက်ဖ်လွှင့်ပြီး ပြန်ကြည့်ရတဲ့အခါ ငါခံစားရတာ... ဒါက ဘယ်လို fandomမျိုးလဲဆိုတာပဲ…' 


Variety show များက ထုတ်လုပ်မှုနှောင်းပိုင်း တည်းဖြတ်ချက်များ ရှိနေဆဲ ဖြစ်သော်ငြား တိုက်ရိုက်ထုတ်လွှင့်မှုဗားရှင်းက လုံးစေ့ပတ်စေ့ ရိုက်ပြရသည်။ အမှားတစ်ခု လုပ်မိသည်နှင့် သေချာပေါက် ဝေဖန်ခံရပေတော့မည်။  


အခြားတစ်ယောက်ဆိုလျှင် အဆင်ပြေသော်ငြား ထိုသူက ရန်ရှူ ဖြစ်နေသည်။ 

သူ့နေ့စဥ်ဘဝက ဘယ်လိုမျိုးလဲဆိုတာ သူသိနေတယ်... 


အနည်းဆုံး ဖန်အမြောက်အများ ဆုံးရှုံးရမည် ဖြစ်ကာ အဆိုးဆုံး သူ့ဆွေမျိုးများကို သစ္စာဖောက်ပြီး အနုပညာလောကမှ ထွက်သွားခိုင်းကြပေလိမ့်မည်။ 


သူကိုယ်တိုင်က မလုပ်ချင်ခဲ့ပေ။ 


မဟုတ်သေး။ အဆုံတွင် သူက တစ်ပုံစံတည်း ဖြစ်နေဆဲပင်။ 


မည်သည့်အရာအတွက်မှ မဟုတ်သော်ငြား ပရိုဂရမ်အဖွဲ့က သူ့အတွက် ကိတ်အကြီးကြီးတစ်လုံး ဆွဲလာပေးရန် ဖြစ်သည်။ 


တစ်ခုခု မှားသွားလျှင် ပရိုဂရမ်အဖွဲ့က အစပြုကာ သူတို့က ဇာတ်ညွှန်းရေးပေးပြီး ရန်ရှူက ပူးပေါင်းပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ပြောမည်ဖြစ်သည်။ ထို့နောက် ရန်ရှူ ပါဝင်ရန် ဆန္ဒရှိနေသရွေ့ အားလုံးထွက်လာပေးမည်ပင်။ 


ယင်းက အရေးမကြီးပေ။

 

ထို့အပြင် ပရိုဂရမ်အဖွဲ့က နေ့တိုင်း ရိုက်ကူးရသည်။ တင်ပြစရာရှိလျှင် ကုမ္ပဏီသို့ လာရပေမည်။ ဤသို့ဖြင့် ကုမ္ပဏီမှ လူသစ်လေးများကလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပါဝင်လာကြမည် ဖြစ်သည်။ 


ရန်ရှူက ဘောစ့်ဖြစ်လာခဲ့ပြီး သူ့လက်အောက်မှ လူသစ်လေးများက လူမြင်ကွင်းတွင် ထွက်ပေါ်လာရန် အခွင့်အရေးလိုအပ်သဖြင့် ယင်းက အခွင့်ရေးကောင်း တစ်ခုပင်။ 


ရန်ရှူ အနုပညာလောကမှ နှင်ထုတ်ခံရလျှင်ပင် သူ့လက်အောက်မှ အနုပညာရှင်များက အဆိုးကြီး ဖြစ်မည်မဟုတ်ပေ။ 


"ကောင်းပြီလေ…"

ရန်ရှူ လက်ခံလိုက်သည်။ 


ဒါရိုက်တာက စိတ်သက်သာရာရသွာဖြင့် သက်ပြင်းချလိုက်စဥ် ရန်ရှူ ထပ်ပြောလာခဲ့သည်။

"ဒါပေမယ့်... ငွေတော့ ထပ်မထည့်ချင်တော့ဘူးနော်…" 


"လိုချင်တဲ့ ငွေပမာဏသာ ပြောလိုက်ပါ..." 


ရန်ရှူ လက်ယမ်းပြလိုက်ရာ ကောင်းချင် ချက်ချင်း ရောက်လာပြီး ကိုယ်ရေးကိုယ်တာလိုအပ်ချက်များ၊ ကျသင့်ငွေများကို စတင်စာရင်းပြုစုပေးလိုက်သည်။ 


တိုက်ရိုက်ထုတ်လွှင့်မှု၏ ပထမရက်တွင် ရန်ရှူက ကင်မရာများ အိမ်ထဲဝင်လာပြီး အိမ်အနှံ့ တပ်ဆင်နေသည်ကို ကြည့်နေခဲ့သည်။ 


သူက ကင်မရာရှေသို့ လျှောက်လာပြီး မေးလိုက်သည်။ 

"ငါ့အတွက် filter ဖွင့်ပေးနိုင်မလား…" 


ပရိုဂရမ်အဖွဲ့မှ တစ်ယောက်က ဖြေပေးလာသည်၊။

"ဖွင့်ပြီးပါပြီ…" 


ရန်ရှူက သူမည်သည့်ပုံ ဖြစ်နေမည်ကို သိချင်နေသဖြင့် ကင်မရာနောက်သို့ လျှောက်လာပြီး screen အသေးလေးကို ကြည့်လိုက်သည်။

"ဘာလို့ effectကို မမြင်ရတာလဲ…" 


"မစ္စတာရန်... မင်းက ကင်မရာမြင်ကွင်းနောက်မှာ ရောက်နေတာလေ... ဘယ်မြင်ရမလဲ…" 


ရန်ရှူ ကြောင်အသွားပြီး မကြာမီ သူ့ကိုယ်သူ တုံးလိုက်တာဟု တွေးမိသွားသည်။


ဝန်ထမ်းများစွာက ရန်ရှူနှင့် ပထမဆုံး အလုပ်လုပ်ကြရခြင်းဖြစ်ပြီး ရန်ရှူက ဒေါသထွက်လွယ်သူ ဖြစ်ကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့က မရယ်ရဲကြဘဲ ပစ္စည်းကိရိယာများကို ပြလိုက်သည်။

"ကြည့်ပါ... ဒါက တိုက်ရိုက်လွှင့်တာလေ…"


ရန်ရှူ ကွန်ပြူတာလေးကို ကြည့်ရင်း ချီးမွမ်းလိုက်သည်။ ထို့နောက် အံ့အားသင့်မိသွားလေသည်။

"စတောင်စနေပြီလား…" 


"ဟုတ်ကဲ့…" 


ဒါဆို ခုနက ငါ့ရဲ့ ခပ်တုံးတုံးပုံစံကို သူများတွေ မြင်သွားကြပြီပေါ့... 


သူက tabletလေးတွင် သူ့ကိုယ်သူ ကြည့်လိုက်ပြီးနောက် ကင်မရာကို ပြန်ကြည့်လိုက်သည်။ တစ်ခဏမျှ လှုပ်ရှားကြည့်ပြီးနောက် ရုပ်ထွက်ကို ကျေနပ်သွားသည်။ 


သူ့မျက်နှာက သေးလွန်းလှပြီး ကြောက်စရာ ဂြိုလ်သားကောင်ကြီးအဖြစ် အလွယ်တကူ ပြောင်းနိုင်သဖြင့် သတိပေးထားရန် လိုသည်။ သူပုံစံမပြောင်းသွားဘဲ ထူးဆန်းသည့်ပုံလည်း မပေါ်ကြောင်း သေချာပါမှ စိတ်အေးသွားလေသည်။ 


[ filter က ဘာပြောချင်တာလဲ... ရန်ရှူရဲ့ အသားအရေ အခြေအနေက ဆိုးဝါးနေလို့လား…] 


[ဖန်အဟောင်းတွေက ဦးလေးက သူ့ကိုယ်သူ ကြည့်ရင် သူက တကယ့်ကို အသားဖြူပြီး လှပနေတယ်လို့ ပြောကြတယ်... သူပြောတဲ့ ရုပ်ထွက်ဆိုတာက ပရိုဂရမ်အဖွဲ့က သူ့အလှကို ပုံကြီးချဲ့ပြီး ရိုက်ကွင်းကို ထင်းလင်းနေအောင် လုပ်မိမှာစိုးတယ်တဲ့…] 


[အခုတော့ ငါတို့ရဲ့ မျက်လုံးကြီးတွေကို ဖွင့်လိုက်ရအောင်…] 


ရန်ရှူက သူ့ရုပ်ထွက်ကို ကျေနပ်နေပုံရသဖြင့် ကွန်မန့်ပေးနေသူများကြားထဲမှ ထွက်မသွားသေးဘဲ မေးလိုက်သည်။ 

" filter ကို ပိတ်လိုက်ရင် ဘယ်လိုနေမလဲ…" 


filterကို ပြန်ဖျောက်လိုက်သောအခါ ရန်ရှူက တစ်ပုံစံတည်း ဖြစ်နေသေးသော်လည်း အခန်းက ကိုယ်တိုင်အလင်းပေးနေရသဖြင့် အတော်လေး မှောင်သွားလေရာ ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်ရသည်။  


သူက ကင်မရာကို အနီးကပ်တိုးကြည့်လိုက်ရာ သူ့မျက်နှာက မှန်ဘီးလူးထက်၌ ပုံကြီးချဲ့ကာ ပေါ်နေခဲ့သည်။ filter မရှိသည့်တိုင် အသားအရေက ချောမွေ့နေဆဲ ဖြစ်ပြီး ကွာခြားချက် တစ်ခုလေးပင် မတွေ့ရပေ။ 


သူ ချက်ချင်းဆိုသလို ပြန်ဆုတ်ကာ ပရိုဂရမ်အဖွဲ့အား ပြောလိုက်သည်။

"ကိရိယာတွေပေး... ငါထပ်ပြီး ညှိလိုက်မယ်…" 


ရန်ရှူက တိုက်ရိုက်ထုတ်လွှင့်နေခိုက်မှာပင် အတိုင်းအတာများကို တစ်ထိုင်တည်း ချိန်ညှိလိုက်ကာ သင့်တော်သည့်အလင်းရောင်၊ ပျော်ဝင်မှု စသည်ဖြင့် ချိန်ညှိလိုက်သည်။ စောင့်ဆိုင်းပြီးနောက်  special effectများကို ဖွင့်လိုက်သည်။

"ဒီခြေထောက် ရှည်စေတယ်ဆိုတာကို ဖွင့်ကြည့်မယ်…" 


ချိန်ညှိနေဆဲမှာပင် တစ်အိမ်လုံးအနှံ့ လျှောက်သွားပြီး ပုံမှန်မျက်လုံးဖြင့်ပင် သူ့ခြေထောက်များက မြင်နိုင်သည့် အရှိန်ဖြင့် ရှည်ထွက်လာကာ ယင်းက အနည်းငယ် ရက်စက်သည့်ပုံပင်။ သူ အော်ရယ်လိုက်သည်။  


သူ ထပ်ငုံ့ကြည့်လိုက်ပြီး မျက်နှာအစိတ်အပိုင်းများကို ချိန်ညှိလိုက်သည်။ လူတိုင်းက ရန်ရှူတစ်ယောက် သူ့မျက်နှာကို ပို၍ ဖောင်းကားလာပြီး မျက်လုံးနှင့်ပါးစပ် ပိုသေးလာအောင် ခိုးလုပ်နေသည်ကို တွေ့လိုက်ကြရသည်။ 


ထို့နောက် ကင်မရာထဲမှလူကို မေးလိုက်သည်။

"ပိုကြည့်မကောင်းသွားဘူးလား…" 


[နိုးနိုး…] 


[ဒါက မင်း မဟုတ်ဘူး…] 


[ မျက်နှာကို ပြုပြင်တဲ့ထဲမှာ ဖောင်းနေတဲ့ မျက်နှာနဲ့ မျက်လုံးကျဥ်းတွေလည်း  ပါတာပဲလား... ဒီလူက ဘယ်လိုနတ်ဆိုးမျိုးလဲ…] 


ရန်ရှူက အဆုံးတွင် မျက်နှာပြင်ခြင်းကို ရပ်ကာ ထိုသူတို့ ကိရိယာများ ပြင်ဆင်နေကြသည်ကို အခန်းထဲတွင် ထိုင်စောင့်နေခဲ့သည်။ 


ပြင်ဆင်မှုများ ပြီးလုနီးပါး ဖြစ်သွားသောအခါ မနေနိုင်ဘဲ ရေရွတ်မိသွားသည်။

"ငါက တိရိစ္ဆာန်ရုံထဲက မျောက်လား... ကြည့်ရှုသူတွေက ကြည့်ရတာ ပျော်နေကြပြီးတော့ နည်းလမ်းတွေပါ ပေးလာကြသေးတယ်…"


တိုက်ရိုက်ထုတ်လွှင့်မှုက တရားဝင် စတင်ခဲ့လေပြီ။ 


သို့သော်ငြား ရိုက်ကူးရေးအဖွဲ့သားများက သူ့မေးခွန်းကို ဖြေရန် အလွယ်တကူ ငြင်းဆန်လာကြသည်။ 


သူ သက်ပြင်းချလိုက်သည်။ စဥ်းစားကြည့်ပြီးနောက် တစ်ချိန်လုံး ဆိုဖာပေါ်တွင် လှဲနေမည့် သူ့ပုံစံကလွဲ၍ ကြည့်စရာ မရှိကြမည် စိုးသဖြင့် ထရပ်ကာ ကူရှင်ပေါ်တွင် ရပ်၍ ပြောလိုက်သည်။

"မင်းတို့ကို တစ်ခုခု သင်ပေးမယ်... အိမ်တွင်းလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ကြရအောင်…" 


ရန်ရှူက ပြောသည့်အတိုင်း ဖျာပေါ်တွင် အခြေခံလေ့ကျင့်ခန်းအချို့ကို စတင်လုပ်ပြလိုက်သည်။ 


ရလဒ်အနေဖြင့် နှစ်မျိုးသာ လုပ်ရသေးသော်လည်း ဆိုဖာထံ ထပ်လျှောက်လာပြန်လေသည်။

"အိုး... အကြံပေးချင်တာကတော့... အလုံအလောက် စားပြီးသွားရင် ခါးတစ်ဝိုက်ကို အများကြီး မလုပ်မိစေနဲ့... အဲ့ဒါ အရမ်းနာလိမ့်မယ်…" 


ပြောပြီးနောက် ပြန်လှဲချလိုက်သည်။  


[ထင်ထားတဲ့အတိုင်းပဲ ဦးလေးရေ…] 


[အဟုတ်ပဲလား… ] 


[အသေးစိတ်ပြောကြမယ်လေ... ငါတို့က အပြင်လူမှ မဟုတ်ဘဲ…] 


[သုည ဖြစ်ရတာ မရှက်ဘူးလား... ဒါကြီးကို ကြွားပြနေတာ ရွံစရာကောင်းတယ်…] 


[နင်ကရော ဒါကိုtrollနေတဲ့အချိန် အောက်တန်းကျတယ်လို့ မခံစားရဘူးလား…] 


[ဦးလေးရေ... သမီးတို့က မိန်းကလေးတွေပါလို့…] 


[အား... နေ့တိုင်း သက်ပြင်းချနေရတယ်... မင်း မရင့်ကျက်နိုင်သေးဘူးလား... ဦးလေး *** ဖြစ်နေတဲ့ အချိန်ကို တကယ်လွမ်းတယ်…]


[ခရေပွင့် သင်္ကေတတွေကဘာလဲ... မကောင်းတာ တစ်ခုခု ပြောမလို့လား] 


[ဦးလေးက အဲ့ဒီအကြောင်း မတွေးနိုင်ဘူးလား... မင်းပြောချင်တာ ခါးသုံးတာ တအား များသွားတယ်လို့လား…] 


ရန်ရှူက ဆိုဖာပေါ်တွင်လှဲနေရင်း ဇာတ်ညွန်းဖတ်နေခဲ့သည်။ 


ရှောင်ချီနှင့် အခြားသူများက ရန်ရှူ တိုက်ရိုက်ထုတ်လွှင့်တော့မည်ကို သိနေခဲ့သည်။ အားလုံး မပေါ်သွားစေရန် ဇာတ်ညွှန်း၏အဖုံးကို နောက်ထပ် ပြန်ဖုံးထားသဖြင့် လျှို့ဝှက်သည့်ပုံစံက အတော်လေး ကောင်းနေသည်။ 


ရန်ရှူက ဆိုဖာပေါ်တွင် လှဲနေရင်း တစ်ခဏမျှ ဇာတ်ညွှန်း ဖတ်နေခဲ့သည်။ ထို့နောက် ဖုန်းထုတ်၍ ကြည့်လိုက်သည်။ 


တစ်ခဏမျှ ကြည့်ပြီးနောက် ဖုန်းကို ပြန်ကောက်ယူကာ ringtone ဖွင့်ထားမထား သေချာအောင် အတည်ပြုလိုက်ပြီး ဖွင့်ထားကြောင်း သေချာပါမှ ပြန်ချထားလိုက်သည်။ 


တစ်ခဏအကြာ ဖုန်းပြန်ကောက်ယူကာ စာပို့ရန် ပြင်လိုက်ပြီး စာရိုက်နေသည့် လက်ချောင်းများက အလွန်လျင်မြန်နေလေသည်။ 


[ဦးလေးက သူ့ဖုန်းကို ဆယ်မိနစ်တစ်ခါ ကြည့်နေတယ်…] 


[မစ္စတာစန့်ဆီ စာပို့နေတာပဲ ဖြစ်ရမယ်…] 


[ဦးလေးရေ မင်းမှာ ကိုယ်ပိုင်ဘဝ မရှိဘူးလား... မစ္စတာစန့်အကြောင်းပဲ စဥ်းစားနေဖို့ မလိုပါဘူး…] 


[ဖြတ်သွားသူလေး မေးပါရစေ... စန့်ဆိုတာ ဘယ်သူကြီးလဲ…] 


[စန့်က ဦးလေးရဲ့ လောင်ကုန်းပါ…] 


[စန့်က ရင်ဘတ်ကြွက်သားတွေရှိတဲ့ အမျိုးသားလေ... ဦးလေးက သူ့ဘောစ့်ဆီမှာ ပျော်ဝင်နေတာ…] 


[မစ္စတာစန့်... ဟီးဟီး ဒယ်ဒီရေ…] 


[ဒီအသုံးအနှုန်းက အရမ်း အန္တရာယ်များတယ်နော်…] 


ရန်ရှူ ဇာတ်ညွှန်းကို တစ်ခဏလောက် ကြည့်လိုက်ပြီးနောက် ဖုန်းထုတ်၍ ကြည့်လိုက်ရာ စန့်ရှန်းက ယခုထိ စာမပြန်သေးသည်ကို တွေ့လိုက်ရသည်။ 


သူအဆုံးတွင် ထထိုင်ကာ စန့်ရှန်းထံ စာထပ်ပို့လိုက်သည်။ 


[ငါ အရမ်းသိချင်နေပေမယ့် ဖုန်းမျက်နှာပြင်ကို မမြင်ရဘူး…] 


[စာတွေတတောက်တောက် ရိုက်ရင်း မျက်မှောင်ကြုတ်နေတာ... သံသယ ဖြစ်စရာမလိုဘူး... ဦးလေး ကျိန်ဆဲနေပြီ…] 


[ဒါ အချစ်မှာ ပျော်ဝင်နေတဲ့ ပုံစံပဲ…] 


[ကြည့်ရတာ ဦးလေးရဲ့ အချစ်ဆိုတာ ဒီလို အခြေအနေမျိုး ဖြစ်နေပုံပဲ…] 


မိနစ်လေးဆယ်ခန့်အကြာတွင် ရန်ရှူ ဇာတ်ညွှန်းကို ပြန်ချကာ စန့်ရှန်းထံ အသံမက်ချေ့်ပို့လိုက်သည်။

"မင်း ကောင်းကင်ဘုံကို တက်သွားတာလား... ဒါမှမဟုတ် ဘုရားကျောင်းထဲ ဝင်သွားလို့လား... မင်းက ဘောစ့်တစ်ယောက် ဖြစ်နေပြီကို ဒီလောက်တောင် အလုပ်များနေတာလား... ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်စမ်းပါဦး... ငါ မင်းဆီက တစ်နာရီနဲ့ ဆယ်မိနစ်လုံး ဘာမှမကြားရဘူး... ငါတို့ပထမဆုံး အတူရှိတုန်းက ဒီလိုပုံ မဟုတ်ပါဘူး... ဒီလို အလုပ်မဖြစ်ရင် ခွဲသာနေလိုက်ကြအောင်…" 


ရန်ရှူက အသံဖိုင်များ အဆက်မပြတ် ဆက်ပို့နေသည်။ စာများရောက်သွားသည်နှင့် အထွန့်တက်လိုက်သေးသည်။ 

"တစ်ခါမှာ စက္ကန့်ခြောက်ဆယ်ပဲ ပို့လို့ရတယ်... သေလောက်အောင် ပျင်းလိုက်တာ…" 


[…] 


[ဦးလေးရဲ့ စကားလုံးတိုင်းက ငါ့ကို ထိတ်လန့်သွားစေတယ်…] 


[ဘယ်လိုလူမျိုးကများ ဘောစ့်ကို ဆွဲဆောင်နိုင်မလဲ တွေးနေတာ... တကယ်တမ်းကျတော့... ကြည့်ရတာ ဒီဘဝမှာ တစ်ယောက်တည်းနေဖို့ လေ့လာထားရတော့မယ် ထင်တယ်…] 


[ဒါက ဘောစ့်ရဲ့ ဇနီးငယ်လေးလို့ ငါ စဥ်းစားထားတာနဲ့ ကွဲပြားနေတယ်…] 


[‌တစ်ယောက်ယောက်သာ ငါ့ကို ဒီလိုလာပြောရင် ပါးရိုက်ပြီး လမ်းခွဲလိုက်မှာ…] 


[ဒါက အရမ်းအရေးကြီးလို့လား... ရုတ်တရက်ကြီး ငါလည်း ငါ့ကောင်လေးအပေါ်မှာ အရမ်းရက်စက်ခဲ့မိလားလို့ စတွေးနေပြီ…] 


ရန်ရှူ စာပို့ပြီးသွားသောအခါ ဖုန်းကိုင်ထားလိုက်ပြီး စန့်ရှန်း စာပြန်လာသည်ကို စောင့်နေခဲ့သည်။ 


သူ တစ်ခဏမျှ မြှောက်ကြည့်ပြီးနောက် စတင်ရေရွတ်ပြန်လေသည်။

"ငါပြောလိုက်တာ တအား ရက်စက်လွန်းသွားပြီလား... ပြန်ဖျက်လိုက်ရအောင်ပါ..." 


"ကျွတ်... အချိန်ပြည့်သွားပြီ... ပြန်ဖျက်လို့မရတော့ဘူး…" 


သူက ရှန်းကျွင့်ကျင်းက ဖုန်းခေါ်လိုက်သည်။ ရှန်းကျွင့်ကျင်းက ဖုန်းအမြန်ပြန်ဖြေလာသည်။

"ဟယ်လို…" 


ရန်ရှူက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"စန့်ရှန်း ဖုန်းကို မင်းယူထားတာလား…" 


"ဟေး... ဘာဖြစ်တာလဲ…အိုး... မင်းသူ့ဆီ ပို့ထားတဲ့ အသံမက်ဆေချ့်တွေကို ဖျက်ထားတာပဲ…" 


"ကျွတ်... မင်း လာစားနေတာလား... ငါအကြိမ် သုံးဆယ်တောင် ဖျက်ခဲ့ရတာ…မင်းအတွက် စာအိတ်နီ ပို့ပေးမယ်…" 


"ဒါဆိုရင် သွားကြည့်ပေးမယ်…" 


ရန်ရှူက ဖုန်းကိုင်ထားလျက် တစ်ခဏမျှ စောင့်ပြီးနောက် မေးလိုက်သည်။

"စန့်ရှန်း ဘာလုပ်နေတာလဲ…" 


"အစည်းအဝေး လုပ်နေတာပေါ့... မဟုတ်ရင် ဘာလုပ်ရမှာလဲ…" 


"အိုး... ဒါဆို ဗီဒီယိုရိုက်ပြီး ပို့ပေးစမ်းပါ…" 


"ငါပြောတာ ဟုတ်မဟုတ် စစ်ဆေးမလို့လား…" 


"မဟုတ်ပါဘူး... ငါသူ့ကို လွမ်းလို့…" 


"ဖာခ့် ရူးနေတဲ့အတွဲတွေက တကယ် စိတ်ရှုပ်စရာပဲ…" 


ဖုန်းချပြီးတောက် ရန်ရှူ တစ်ခဏမျှ စောင့်နေခဲ့သည်။ ရှန်းကျွင့်ကျင်းက စန့်ရှန်း အစည်းအဝေးလုပ်နေသည့် ပုံတစ်ပုံ ပို့ပေးလာခဲ့သည်။ 


၎င်းကို မြင်သောအခါ ရန်ရှူ၏ နှုတ်ခမ်းထောင့်လေးများ ကွေးတက်လာခဲ့သည်။  


[ဦးလေး လေးကြိမ်မြောက် ကြည့်တာပဲ…] 


[သူအခု ပြုံးနေတယ်…] 


[အချစ်က ချဥ်တူးတူး အနံ့ရတယ်နော်…]


[ဦးလေးရဲ့ အချစ်က နည်းနည်း ဟန်ဆောင်ပန်ဆောင် နိုင်တယ်နော်.... ဒါပေမယ့် သူက မစ္စတာစန့်ရဲ့ အသွင်အပြင်ကို တကယ်သဘောကျတာပဲ...]



📽️